← Chapters

တတိယမြောက် စက်မှုတော်လှန်ရေး

Vol. 86 Ch. 1201

တတိယမြောက် စက်မှုတော်လှန်ရေး

Vol. 86 Ch. 1201

“ဘယ်သူ ပုန်ကန်နေတာလဲ။”

အန်လင်း ထိတ်လန့်သွားရသည်။

တီနာ သက်ပြင်းချလိုက်သည်။

“လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုလေ။”

အန်လင်း တွေဝေသွားမိသည်။

“လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုက ထိုက်ချူကုန်းမြေမှာ တာဝန်မထမ်းဆောင်ချင်တဲ့ တစ်ခုတည်းသော မျိုးနွယ်စုပဲ။ ဒါပေမယ့် သူတို့ဆီ ဝေ့ကျိကို လွှတ်ခဲ့တယ်မလား။”

တီနာ ခေါင်းခါပြလာသည်။

“ဝေ့ကျိကို မီးရှို့သတ်လိုက်ကြပြီ။”

အန်လင်း : “.....”

ဝေ့ကျိက သေပြီလား.....

“သူ့ကို ဘယ်တော့မှ မသေအောင် လုပ်ပေးထားတယ်မလား။”

အန်လင်းမှာ တီနာသည် ဝေ့ကျိအား အနန္တအသက် ပေးထားသည်ကို အမှတ်ရလာသည်။

“အင်းလေ။ ဝေ့ကျိလည်း တခြားနေရာမှာ ပြန်လည်ရှင်သန်ပြီး လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုဆီ ပြန်သွားခဲ့တယ်။ ဒါပေမယ့် သူတို့က ဝေ့ကျိကို ဆီပူအိုးထဲ ထည့်ကြော်လိုက်ကြတယ်။”

တီနာ စကားဆိုလိုက်သည်။

အန်လင်း တုန်လှုပ်သွားရ၏။

“ဝေ့ကျိလည်း ပြန်ရှင်လာပြီး သူတို့ဆီ ပြန်သွားခဲ့ပေမယ့် တစ်စစီ ခုတ်သတ်ခံလိုက်ရတယ်။ လေးကြိမ်မြောက်မှာ အရှင်လတ်လတ် အရေခွံ ခွာခံရတယ်။ ငါးကြိမ်မြောက်မှာ သူ့ရဲ့ ဝိဥာဥ်ကို လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုတွေက စုပ်ယူခဲ့တယ်။ အဲ့လိုနဲ့ ကိုးဆယ့်ကိုးကြိမ် အပြီးမှာတော့ သူလည်း ခံနိုင်ရည် မရှိတော့ပဲ သူ့ကိုယ်သူ သတ်သေသွားတာပဲ။”

တီနာမှာ အနည်းငယ် ဒေါသထွက်နေသည်။

အန်လင်းမှာ အံ့အားသင့်ကာ လေးစားသွားမိသည်။

“စစ်သည်တော် ဝေ့ကျိက တကယ်သန်မာတာပဲ။”

တီနာ သက်ပြင်းချလိုက်သည်။

“အခု ဝေ့ကျိက လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုကို အရမ်းကြောက်သွားပြီ။ သူတို့ဆီ ထပ်သွားနိုင်တော့မယ် မထင်ဘူး။”

အန်လင်း : “......”

ဝေ့ကျိသည် ပြင်းထန်သော စိတ်ဒဏ်ရာများ ရရှိသွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ လူမဆန်သော ညှင်းပန်းနှိပ်စက်မှုများ အကြိမ်ကြိမ်အခါခါ ကြုံတွေ့ခဲ့ရသောကြောင့် ဝေ့ကျိအား အပြစ်မတင်သင့်ပေ။

အခြားသူများသာ ဆိုပါက ဆယ်ကြိမ်မျှပင် သည်းမခံနိုင်လောက်ပေ။

အကြိမ်တစ်ရာထိ ကြိုးစားခဲ့သော ဝေ့ကျိမှာ သူရဲကောင်းတစ်ဦးပင်။

တီနာ လက်သီးဆုပ်လိုက်သည်။

“ဝေ့ကျိက ငါ့ဆန္ဒကို ကိုယ်စားပြုတဲ့သူပဲ။ လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုက ကြီးမြတ်တဲ့ နတ်ဘုရားမ တီနာကို အထင်သေးလို့ ဝေ့ကျိကို နှိပ်စက်ရဲနေတာ။ ဒါကို ငါခွင့်မပြုနိုင်ဘူး။”

အန်လင်း တီနာအား ကြည့်ရှုလိုက်သည်။

“မင်းဘာလုပ်ချင်လို့လဲ။”

“သူတို့ကို ပညာပေးရမှာပေါ့။ မဟုတ်ရင် နတ်ဘုရားမ ရှိတယ်လို့ ထင်ကြတော့မှာ မဟုတ်ဘူး။”

တီနာ ခါးထောက်ကာ ပြောလာသည်။

ထိုသည်မှာ ကျိုးကြောင်းဆီလျော်သည်ဟု အန်လင်း ခံစားမိသည်။

“အဲ့ဒါဆိုလည်း သမလိုက်တော့လေ။ ဘာလို့ လာပြောနေသေးတာလဲ။”

တီနာမှာ အန်လင်း၏ လက်မအား ဆုပ်ကိုင်လိုက်သည်။

“နတ်ဘုရားမဆိုတာ လွယ်လွယ်စိတ်မတိုသင့်ဘူးလေ။”

အန်လင်း သဘောပေါက်သွားကာ ရယ်မောလိုက်သည်။

“ငါ့ကို လူဆိုးလုပ်စေချင်နေတာပေါ့။”

တီနာ ချိုမြိန်စွာ ပြောလိုက်သည်။

“နင်က နတ်ဘုရားမရဲ့ တမာန်တော်လေ။ ဒီကိစ္စအတွက် အသင့်တော်ဆုံးပဲမလား။”

“ကောင်းပါပြီ။”

အန်လင်း မတ်တပ်ထရပ်လိုက်သည်။

ပျင်းနေတာနဲ့ အတော်ပဲ.....

“သွားရအောင် ရှဲ့လေး...”

အန်လင်း လှမ်းခေါ်လိုက်သည်။

ရှဲ့လေးမှာ မိစ္ဆာရှင်းဓားထဲ ခုန်ဝင်သွားသည်။

အန်လင်း မိစ္ဆာရှင်းဓားအားသိမ်းကာ တီနာ၏လက်အား ဆုပ်ကိုင်လိုက်ပြီးနောက် ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

၎င်းတို့မှာ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာသို့ ရောက်လာခဲ့ကြသည်။

“လှလိုက်တဲ့မြို့ပဲ။”

အန်လင်း စိတ်လှုပ်ရှားသွားသည်။

ထိုသည်မှာ လူသားမျိုးနွယ်၏ အဓိကမြို့တော်ဖြစ်သော ရှာ့ယာမြို့တော် ဖြစ်သည်။

မိုးမျှော်တိုက်များ မျက်စိတဆုံး ရှိနေကာ သယ်ယူပို့ဆောင်းရေး ယာဥ်အမျိုးမျိုးကိုလည်း တွေ့မြင်နိုင်သည်။ လူသွားလမ်းများတွင်လည်း လမ်းသွားလမ်းလာများ ရှိနေကြသည်။

၎င်းတို့သည် အရောင်တောက်သော်လည်း တင့်တယ်လှပသော အဝတ်အစားများ ဆင်မြန်းထားကြသည်။ ပေါ့ပါးသော အင်္ကျီစများမှာ လေတိုက်တိုင်း ကခုန်လျက် မတူညီသော ပုံစံများ ဖြစ်ပေါ်လာစေသည်။

ဤကမ္ဘာတွင် ထိုကဲ့သို့သော ဖက်ရှင်ဒီဇိုင်းမှာ နောက်ဆုံးပေါ်ပင်။

၎င်းတို့သည် ဖက်ရှင်အမြင်မှာ ကမ္ဘာမြေထက်ပင် သာလွန်နေသေးသည်။

အပူစွမ်းအင်နှင့် လျှပ်စစ်စွမ်းအင်ပေး သယ်ယူပို့ဆောင်ရေးယာဥ်များလည်း တိုးတက်လာခဲ့သည်။ ကျင့်ကြံရေးနှင့် သိပ္ပံပညာ ပေါင်းစပ်ထားသော ယာဥ်ပျံများမှာ နေရာအနှံ့ တည်ရှိနေကြသည်။

ကောင်းကင်နှင့်မြေပြင်တွင် စီစဥ်တကျ သွားလာနေသော ယာဥ်များမှာ ထူးခြားသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေသည်။

အန်လင်းသည်ပင် ထိုသည်ကို ငေးမောမိသွားသည်။

ဒါက အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာက လူသားမျိုးနွယ်လား.....

သူ၏ဘေးတွင် တီနာသာ ရှိမနေပါက အနာဂတ်သို့ ရောက်ရှိလာသလို ထင်မိသွားပေလိမ့်မည်။

“အံ့သြသွားလား။ ရိုးရိုးသားသား ပြောရရင် လူသားမျိုးနွယ်ကို အပျော်အပါး ခုံမင်သွားမှာ စိုးရိမ်ခဲ့ရတာ။ ဒါပေမယ့် ဆူပူအုံကြွမှုတွေ ဖြစ်ပြီးတဲ့နောက် သူတို့တွေ လမ်းမှန်ပေါ် ပြန်ရောက်ခဲ့ကြတယ်။”

“အခုဆို တတိယမြောက် စက်မှုတော်လှန်ရေး စတင်နေပြီလေ။ ကျင့်ကြံရေးနဲ့ နည်းပညာကို ပြီးပြည့်စုံအောင် ပေါင်းစပ်ပြီး လူသားမျိုးနွယ်ကို နောက်ထပ်အဆင့်တစ်ခု မြင့်သွားစေတော့မှာ။”

“နေ့တိုင်းနေ့တိုင်း တီထွင်ဖန်တီးနိုင်လွန်းလို့ ငါတောင် လိုက်မမှီတော့ဘူး။”

တီနာမှာ ငြီးငြူနေပါသော်လည်း ဂုဏ်ယူနေကြောင်း သိသာလှသည်။

“ဉာဏ်ရည်မြင့် မျိုးနွယ်စု ဆယ့်တစ်ခုမှာ သူတို့က တိုးတက်နှုန်း အမြင့်ဆုံးပဲ။ ကျင့်ကြံရေးအတွက် လွယ်ကူအောင် ဆေးတောင်ထွင်ထားသေးတယ်။ မွေးတည်းက ကျင့်ကြံရေး ပါရမီ မပါခဲ့ရင်တောင် ကျင့်ကြံရေးလမ်းကို လျှောက်လို့ရပြီလေ။”

“အရင်တုန်းက လူသားမျိုးနွယ် ဆယ်ရာခိုင်နှုန်းလောက်ပဲ ကျင့်ကြံသူတွေ ဖြစ်ခဲ့တာ။ အခုတော့ သုံးဆယ်ရာခိုင်နှုန်းထိ ရှိလာပြီလေ။ ကျင့်ကြံရေး မလုပ်နိုင်ရင်တောင် ဆေးဝါးတွေနဲ့ သက်တမ်းဆွဲဆန့်လို့ရတယ်။ အခုဆို လူသားမျိုးနွယ်ရဲ့ ပျမ်းမျှသက်တမ်းက နှစ်ရာ့ငါးဆယ်ဝန်းကျင် ရှိတယ်။”

အန်လင်း အံ့အားသင့်သွားသည်။

“နှစ်ရာ့ငါးဆယ်တောင်လား။”

“လူသားမျိုးနွယ်မှာ ကျင့်ကြံသူ၊ သိပ္ပံပညာရှင်နဲ့ နာမည်ကျော်ကြားသူတွေက စိတ်ဝင်စားခံရဆုံးပဲ။”

တီနာမှာ လူသားမျိုးနွယ်အကြောင်း ခရေစေ့တွင်းကျ သိရှိနေသည်။

“ကျင့်ကြံသူနဲ့ သိပ္ပံပညာရှင်က ထားပါတော့။ နာမည်ကြီးတဲ့သူတွေက ဘာဆိုင်လို့လဲ။”

အန်လင်းမှာ နာမည်ကြီးသူများအား ထိုနှစ်ခုနှင့် နှိုင်းယှဥ်နေသည်ကို မည်သို့မှ နားမလည်နိုင်ပေ။

တီနာ ပြုံးကာပြောလာသည်။

“နင်သိရအောင် နေရာတစ်ခုစီ ခေါ်သွားပေးမယ်လေ။”

ထိုအချိန်တွင် မြို့လယ်ခေါင်ရှိ အဆောက်အဦးမှ ပုံရိပ်နှစ်ခု ပျံသန်းထွက်ခွာလာသည်။

“နတ်ဘုရားမ တီနာ၊ တမာန်တော် အန်လင်း ရှာ့ယာမြို့တော်ကနေ ကြိုဆိုပါတယ်။”

လူသားနှစ်ဦးမှာ ၎င်းတို့အား အရိုအသေ ပေးလာသည်။

အန်လင်းနှင့် တီနာမှာ တည်ရှိမှုအား ဖုံးကွယ်မထားသောကြောင့် ယခုကဲ့သို့ နှုတ်ဆက်လာသည်မှာ မထူးဆန်းပေ။

ထိုလူသားနှစ်ဦးသည် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာ၏ ပထမဆုံး လူသားများဖြစ်သော အာဒမ်နှင့်ဧဝ ဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် ၎င်းတို့သည် မွေးဖွားစဥ်တည်းက ဝတ်ဆင်လာသော အစိမ်းရောင်ဝတ်စုံကိုသာ ဆင်မြန်းထားကြသည်။

အဝတ်အစားများသည် ခန္ဓာကိုယ်နှင့်လိုက်ကာ ပြောင်းလဲနိုင်သောကြောင့် မတော်စရာ မရှိပေ။ ထို့အပြင် နတ်ဘုရားမ တီနာကိုယ်တိုင် ပေးအပ်ထားခြင်း ဖြစ်သောကြောင့် ၎င်းတို့မှာ အဝတ်အစားများအား ရတနာလိုပင် တန်ဖိုးထားကြသည်။ မူစကူဒူးချိန်မှလွဲ၍ ထိုအဝတ်များအား ကိုယ်နှင့်မကွာ ဝတ်ထားကြသည်ပင်။

“ကြိုနေစရာ မလိုပါဘူး။ ငါတို့က ဟိုဟိုသည်သည် လာကြည့်ရုံပါပဲ။”

အန်လင်း ပြုံးကာပြောလာသည်။

“မတွေ့ရတာကြာပြီ။ မင်းတို့ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ် အဆင့်တောင် ရောက်နေကြပြီပဲ။ ဘယ်လိုခံစားရလဲ။”

အာဒမ် ယဥ်ကျေးစွာ တုံ့ပြန်လာသည်။

“ဒီထက်ပိုပြီး အဆင့်တက်ဖို့ လမ်းရှာမရဘူး ဖြစ်နေပါတယ်။”

“တူနှစ်ကိုယ် ကျင့်ကြံတာမှာ အနေအထား မှားနေလို့များလား။”

ဧဝ မေးဖျားကိုပွတ်ကာ ပြောလာသည်။

တီနာ ရှက်သွေးဖြာသွားရသည်။

အန်လင်း အသက်ရှူသံများပင် စူးရှသွားသည်။

“ဘာ... တူနှစ်ကိုယ် ကျင့်ကြံတယ်။ အနေအထား မှားနေတယ်။ မင်း..... မင်းတို့က တူနှစ်ကိုယ် ကျင့်ကြံပြီး အဆင့်တက်မလို့လား။”

“ဘာဖြစ်လို့လဲ အာဒမ်နဲ့ ကျွန်မက ယင်းနယ်ပယ်နဲ့ ယန်နယ်ပယ် ရှိကြတာလေ။ ကျွန်မတို့ရဲ့ ယင်းယန်စွမ်းအင်က စည်းချက်ကျကျ လည်ပတ်နိုင်တယ်။ အဲ့လောက်တောင် လိုက်ဖက်နေမှတော့ အဆင့်တက်ဖို့လည်း တူတူကျင့်ကြံသင့်တာပေါ့။”

ဧဝ အေးအေးဆေးဆေး ရှင်းပြလိုက်သည်။

အန်လင်း ဘာမှမပြောနိုင်တော့ပေ။

ထိုအချိန်တွင် ဧဝ မေးမြန်းလာသည်။

“တမာန်တော် အန်လင်းက ဗဟုသုတ ကြွယ်ဝတယ်ဆိုတော့ တူနှစ်ကိုယ် ကျင့်ကြံရေးနဲ့ ပက်သတ်ပြီး နည်းလမ်းတချို့ သင်ပေးနိုင်မလား။”

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

တူနှစ်ကိုယ် ကျင့်ကြံရေးရဲ့ နည်လမ်းတချို့လား....

အဲ့တော့ လိုအပ်တာတွေ အကြံမပေးခင် သူတို့ကို ထိုင်ကြည့်ရမှာလား.....

သူမက ဘာလို့ အဲ့လောက်တောင် တဲ့တိုးဆန်ရတာလဲ.....

All Chapters