← Chapters

လူသားမျိုးနွယ်၏နံပါတ်တစ်ဂီတအင်မော်တယ်

Vol. 86 Ch. 1202

လူသားမျိုးနွယ်၏နံပါတ်တစ်ဂီတအင်မော်တယ်

Vol. 86 Ch. 1202

“ကိုယ့်ဘာသာ လေ့လာကြပါ။ ငါတော့ လုပ်စရာရှိလို့ သွားတော့မယ်။”

အန်လင်းမှာ တီနာ့လက်အား ဆွဲလိုက်သည်။

“နာလေး အာ.... နတ်ဘုရားမ တီနာ သွားရအောင်။”

တီနာ ကြောင်တောင်တောင် ဖြစ်သွားကာ နေရာတစ်ခုသို့ ခုန်ကူးလိုက်သည်။

အာဒမ် တိုးညင်းစွာ ရေရွတ်လိုက်သည်။

“သူတို့ကို စော်ကားလိုက်မိတာများလား။ မင်းက စကားပြောတာ တဲ့တိုးဆန်လွန်းတယ်။ နတ်ဘုရားမ တီနာနဲ့ တမာန်တော် အန်လင်သာ စိတ်အဆင်မပြေ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။”

ဧဝ နှုတ်ခမ်းစူလိုက်သည်။

“အဲ့လို ဖြစ်မယ်လို့ ဘယ်သိမှာလဲ။ တမာန်တော် အန်လင်းက အမြဲခင်ဖို့ကောင်းတယ်လေ။ တူနှစ်ကိုယ် ကျင့်ကြံရေးအကြောင်း စာအုပ်လေး ပြမလို့ကို အလျင်စလို ထွက်သွားမယ် မထင်ထားဘူး။”

အာဒမ် တွေးတောလိုက်သည်။

“တမာန်တော် အန်လင်းမှာ အကြောင်းပြချက်တော့ ရှိရမယ်။ ကြည့်ရတာ အခက်အခဲတွေကို ကိုယ်တိုင်ကျော်ဖြတ်စေချင်ပုံပဲ။ အဲ့ဒါကမှ စစ်မှန်တဲ့ တာအိုလမ်းစဥ် ဖြစ်မယ်။”

“အဲ့ဒါဆို ငါတို့ ပိုကြိုးစားသင့်လား။”

ဧဝ၏ မျက်ဝန်းများမှာ ရမ္မက်ခိုးဝေနေသည်။

“ဟမ် နောက်ထပ်လား။”

အာဒမ် ခြေထောက်များ တုန်လာသည်။

“ဒီနေ့ လုပ်ပြီးပြီလေ။”

“တာအိုလမ်းစဥ်က ရှည်လျားခက်ခဲတယ်။ ငါတို့ အနားမယူပဲ အပက်တကုပ် ကြိုးစားသင့်တယ်။”

ဧဝ စကားဆိုလာသည်။

အာဒမ် အခက်ကြုံသွားပါသော်လည်း ဧဝမှ လက်မောင်းအား ဖက်တွယ်လာသည်။

“အာဒမ်ကလည်း လုပ်စမ်းပါ။”

“ကောင်း.... ကောင်းပါပြီ ဧဝရယ်...”

အာဒမ်မှာ တွန့်ဆုတ်နေပါသော်လည်း မျှော်စင်ထဲ ပါသွားခဲ့သည်။

ကောင်းကင်ထက်တွင် ရှိနေသော အန်လင်းနှင့် တီနာမှာ ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

“အရင်တုန်းက နတ်ဖတ်တဲ့ဖူးစာဆိုတာ မယုံခဲ့ဘူး။ အခုတော့ ယုံကိုယုံရတော့မယ်။”

အန်လင်း ရေရွတ်လိုက်သည်။

“သူတို့ဖူးစာကို မဖတ်ခဲ့ပါဘူးနော်။”

တီနာ တုံ့ပြန်လာသည်။

အန်လင်း စကားဆိုလိုက်သည်။

“တွေးကြည့်လေ။ အာဒမ်က ယောက်ျား၊ ဧဝက မိန်းမ သူတို့မွေးလာတုန်းက တခြားမူစကူဒူးစရာလည်း မရှိဘူး။ အဲ့တော့ လူသားမျိုးနွယ် ပြန့်ပွားရေးအတွက် သူတို့အချင်းချင်း ဒူးလိုက်ရတာပဲမလား။ အဲ့ဒါ နတ်ဖတ်တဲ့ဖူးစာပဲပေါ့။”

“အာ....”

တီနာ ပြန်မပြောနိုင်ပေ။

“ပြီးတော့ တစ်ယောက်က ယင်းနယ်ပယ်၊ တစ်ယောက်က ယန်နယ်ပယ်လေ။ အဲ့ဒါကြောင့် တူနှစ်ကိုယ် ကျင့်ကြံရေးကတောင် အလုပ်ဖြစ်နေတယ်။ သူတို့လို ဘယ်သူရှိလို့လဲ။ အိပ်ရာပေါ် လူးလှိမ့်နေရုံနဲ့တင် ကျင့်ကြံရေး တိုးတက်နေတာ။”

“တကယ်ကို နတ်ဖတ်တဲ့ဖူးစာပဲ။ ငါ့လို ခွေးFAက မနာလို ဖြစ်ရုံပဲ တတ်နိုင်တယ်။”

“ခွေးFAတဲ့လား။ နင့်မှာ ကောင်းကင်နတ်မိမယ် ရှောင်လန် ရှိတယ်လေ။”

တီနာ တုံ့ပြန်လာသည်။

“ရှောင်လန်က ငါနဲ့ တူနှစ်ကိုယ် ကျင့်ကြံချင်တယ် ထင်နေလား။”

အန်လင်း မေးခွန်းထုတ်လိုက်သည်။

“ဟုတ်သားပဲ။”

“အဲ့ဒါကြောင့် ငါမနာလိုနေတာပေါ့။”

အန်လင်း သက်ပြင်းချမိသည်။

“သူတို့က မိုးကြိုးကပ်ဘေးတောင် တူတူခံယူလို့ရတယ်။ အဲ့ဒါတင် မကဘူး။ မိုးကြိုးကပ်ဘေး ခံယူနေတုန်း ငါတို့ကိုပါ ခွေးစာကျွေးလိုက်သေးတယ်။ အဲ့ဒါတောင်မှ နတ်ဖတ်တဲ့ဖူးစာ မဟုတ်ဘူးတဲ့လား။”

“နင်မှန်ပါတယ်။”

တီနာ စကားဆိုလာသည်။

“ငါက ရန်သူတွေကို အနိုင်ယူနိုင်တဲ့ ပြိုင်ဘက်ကင်း ကျင့်ကြံသူဆိုပေမယ့် အာဒမ်နဲ့ ဧဝဆီကနေ သင်ယူစရာတွေ ရှိသေးတယ်။”

အန်လင်း မကျေမနပ် ဖြစ်နေသည်။

“ငါသူတို့ကို ခွဲပစ်ချင်လာပြီ။”

တီနာ ရေရွတ်လိုက်သည်။

“ဟုတ်တယ်မလား။”

အန်လင်း ခေါင်းညိတ်လိုက်သည်။

“နေပါဦး။”

သူကြောင်တောင်တောင်ဖြစ်ကာ တီနာအား ကြည့်ရှုလာသည်။

“မင်းဘာပြောလိုက်တာလဲ။”

တီနာ ခပ်ဖွဖွ ပြုံးလိုက်သည်။

“ချစ်သူတွေကို ခွဲပစ်ရတာ ပျော်စရာ မကောင်းဘူးလား။”

အန်လင်း တီနာ၏နဖူးပေါ် လက်တင်လိုက်သည်။

“နာလေး မင်းမဖျားပါဘူးနော်။”

နာလေးမှာ ဘာလို့ ရက်စက်တဲ့စိတ်တွေ ရှိနေရတာလဲ.....

“ငါဘာမှမဖြစ်ပါဘူး။ အာဒမ်နဲ့ဧဝက ကောင်းကင်နဲ့မြေပြင် အလိုရှိတဲ့ စုံတွဲဖြစ်မယ်။ ဒီကမ္ဘာက သိစိတ်ရှိတယ်လေ။ သူတို့ကို ခွဲပစ်ရင် ကောင်းကင်နဲ့မြေပြင်ကို ရန်စတာနဲ့ မတူဘူးလား။ ဘယ်လောက်တောင် ပျော်စရာကောင်းလဲ။”

“အား.... ငါတကယ်ကြီး သိချင်လာပြီ။”

တီနာ မျှော်လင့်မိသွားသည်။

အန်လင်း တံထွေးမြိုချလိုက်မိသည်။

“နာလေး မင်းစိတ်ဆရာဝန်နဲ့ ပြသင့်တယ်။”

“အဲ့အကြောင်းကို မပြောနဲ့တော့။ နေဝင်တော့မယ်။ ဒီကမ္ဘာရဲ့ နာမည်ကျော်ကို နင့်ကိုပြရဦးမယ်။”

တီနာ စကားလမ်းကြောင်းပြောင်းကာ အန်လင်းအား နေရာတစ်ခုထံ ခေါ်သွားသည်။

အန်လင်းတို့မှာ ဖျော်ဖြေမှုအား အကောင်းဆုံး မြင်နိုင်မည့် နေရာကို ရွေးချယ်လိုက်ကြသည်။

၎င်းတို့ပတ်ပတ်လည်တွင် လူပေါင်းများစွာ ရှိနေလေသည်။

အကြမ်းဖျဥ်းအားဖြင့် လူတစ်သိန်းကျော် ရှိနိုင်သည်။

၎င်းတို့အားလုံးသည် အလင်းချောင်းများကိုင်ကာ 'ရှီယန်းဇယ်'ဟုလည်း အော်နေကြသည်။

“ရှီယန်းဇယ်က ဘယ်သူလဲ။”

အန်လင်း သိချင်မိသွားသည်။

“သူမက လူသားမျိုးနွယ် တစ်ခုလုံးမှာ အကောင်းဆုံး ဂီတအင်မော်တယ်ပဲ။”

တီနာ ဆိုဖာပေါ်ထိုင်ကာ အလင်းချောင်းအား ထုတ်လိုက်သည်။

လူသားအရွယ် တီနာသည် အစိမ်းရောင်ဝတ်စုံအား ဆင်မြန်းထားကာ အလွန်ပင် လှပတင့်တယ်နေသည်။

အခမ်းအနားမှ မီးရောင်စုံများမှာ တောက်ပနေပြီး ကောင်းကင်နှင့်မြေပြင်မှ အလင်းရောင်များသည် တီနာအတွက် လင်းလက်နေသယောင် သူမအနားတွင် အရောင်အဝါများ ထွန်းတောက်နေသည်။

သို့သော် လူသားများသည် ထိုသည်ကို မမြင်နိုင်ကြပေ။

အန်လင်းမှာ ငေးမောသွားမိရသည်။

“ဂီတအင်မော်တယ်တဲ့လား။”

“သူမ ထွက်လာရင် သိပါလိမ့်မယ်။”

တီနာ ဆန်းကြယ်စွာ ပြောလာသည်။

မကြာမီပင် အလင်းများအားလုံး မှိန်ကျသွားသည်။

လူအုပ်ကြီးလည်း တိတ်ဆိတ်သွားလေသည်။

အမှောင်ထုထဲ ကြည်လင်အေးမြသော အသံတစ်ခု ပျံ့လွင့်လာသည်။ ထိုအသံသည် မျက်နှာနှင့် ရင်ဘတ်အား ပွတ်သပ်နေသော ချစ်ရသူ၏ လက်ချောင်းလေးများလို စိတ်ပျော်စေသည်။

အန်လင်း အံ့သြသွားရသည်။

သာမန်အဆိုတော် မဟုတ်ဘူးပဲ....

လှပသော သီချင်းစာသားများနောက်တွင် မှော်ဆန်သော စိတ်ဆန္ဒနယ်ပယ် ရှိနေ၏။

ထိုမိန်းမငယ်လေးအား ကြည့်ရသည်မှာ တက်ကြွလှသော စိတ်နေစိတ်ထားဖြင့် တောတောင်ရေပြင်များ ဖြတ်ကျော်လာသလိုပင်။

တေးသီချင်း၏ စိတ်ဆန္ဒနယ်ပယ်ကြောင့် အားလုံး၏ သီချင်းထဲ ရောက်သွားသလို ခံစားကြရသည်။

ပျံသန်းနေသော ငါးထက်တွင် မိုးစက်မိုးပေါက်များ ရှိနေခဲ့သည်။ နှင်းတောင်ထက်မှ ကြိုးကြာဖြူကိုလည်း တွေ့ခဲ့ရသည်။ ကန္တာရထဲ ရောက်နေသည့်တိုင် ဂီတသံစဥ်အား စီးမျောနိုင်ခဲ့ကြသည်။ သီချင်းနှင့်အတူ ၎င်းတို့၏ အတားအဆီးများအား ကျော်ဖြတ်လိုက်နိုင်သလိုပင်။

အန်လင်းသည်ပင် ဉာဏ်အလင်းပွင့်သလို ခံစားလိုက်ရသည်။

သီချင်းအဆုံးတွင် အနီရောင်ဆံနွယ်နှင့် မိန်းမပျိုအား တောင်ကုန်းတစ်ခု၏ အစွန်း၌ တွေ့လိုက်ရသည်။

သူမသည် နေဝင်ချိန်အားကြည့်ကာ သံစဥ်ညည်းနေခဲ့သည်။

ပုစွန်ဆီရောင် ကောင်းကင်အောက် သူမ၏ သံစဥ်မှာ ပျော်ရွှင်ဖွယ်ကောင်းနေလေသည်။

ထို့နောက် သီချင်းပြီးဆုံးသွားသည်။

လှပသော မိန်းမပျိုလေးသည် စင်မြင့်ထက်မှ ချိုမြိန်စွာ ပြုံးပြလာ၏။

အန်လင်းလည်း အသိစိတ် ပြန်ဝင်လာရသည်။

“ငါ ဉာဏ်အလင်းရသွားသလိုပဲ။ ထူးခြားလိုက်တာ။”

“မဆိုးဘူးမလား။”

တီနာ ပြုံးကာပြောလာသည်။

“အဲ့ဒါက ဂီတအင်မော်တယ် အစွမ်းပဲ။”

အားလုံးမှာ ရှီယန်းဇယ်ဟု အော်ဟစ်နေကြပြန်သည်။

၎င်းတို့အားလုံးမှာ သူမအား အရူးအမူး နှစ်သက်ကြသည်။

“နာမည်ကျော်တွေက စိတ်ဝင်စားခံရတာ မထူးဆန်းတော့ပါဘူး။ အဆိုတော် တစ်ယောက်ကတောင် လူတွေကို ဉာဏ်အလင်း ရစေနိုင်တာပဲ။”

အန်လင်း ရေရွတ်လိုက်သည်။

“ဒါတင်မကသေးဘူး။ သေမျိုးတွေ လာနားထောင်ရင်လည်း ခန္ဓာကိုယ် အခြေအနေ ပိုကောင်းလာပြီး ဒဏ်ရာအသေးစားတွေ ပျောက်သွားနိုင်တယ်။ ဥာဏ်အလင်း ရသွားရင်တော့ ဆိုးဆိုးရွားရွား အခြေအနေကတောင် ပြန်ကောင်းသွားလိမ့်မယ်။”

တီနာ ရှင်းပြလိုက်သည်။

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

သီချင်းနားထောင်ရုံနဲ့ အဲ့လိုတောင် ဖြစ်နိုင်တာလား....

မထင်ထားမိဘူး.....

“ဒီလို နာမည်ကျော် ဖြစ်လာဖို့ အနည်းဆုံးတော့ ကျင့်ကြံရေး ထူးချွန်ရမှာပေါ့။”

အန်လင်း မေးမြန်းလိုက်သည်။

တီနာ လက်ခါပြလာသည်။

“မဟုတ်ဘူး။ ရှီယန်းဇယ်က မကျင့်ကြံနိုင်တဲ့ သေမျိုးလူသားပဲ။”

အန်လင်း : “...”

All Chapters