မဟာအပြစ်ဒဏ်
Vol. 86 Ch. 1204
မြေပြင်သည် စီစဥ်မကျဖြစ်ကာ ကောင်းကင်မှာ အရောင်စုံလျက် အရိပ်မည်းများ သွားလာလှုပ်ရှားနေသော အရပ်တွင် သံစဥ်တမျိုးလည်း ပျံ့လွင့်နေသည်။
အဝေးတွင် အရိုးများဖြင့် တည်ဆောက်ထားသော နန်းတော်ကြီးတစ်ခု ရှိပေသည်။
ရောင်စဥ်ငါးသွယ် အကျိအချွဲများဖြင့် လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုဝင် တစ်ဦးသည် ပုလ္လင်ပေါ်ထိုင်ကာ ၎င်း၏မျက်ဝန်းများမှာ တောက်ပနေသည်။
တစ်ဖက်တချပ်စီတွင်လည်း အင်အားကြီးသော လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုဝင်များ ရှိနေပြီး ၎င်းတို့သည် လူသားသဏ္ဍာန် ကျောက်အရိုးစုအား ကြည့်ရှုနေကြသည်။
“ဉာဏ်ရည်မြင့် သက်ရှိတွေကို မျိုးတုန်းပြီး ကမ္ဘာသိမ်းမယ့် အစီအစဉ်က ဘယ်လိုရှိလဲ။”
ပုလ္လင်ပေါ်မှ ပုဂ္ဂိုလ် မေးမြန်းလာသည်။
“ဟုတ်ကဲ့ပါ လဟာပြင်စိတ်ဝိဥာဥ်ဘုရင် ကျွန်တော်တို့ လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စု ပိုင်နက်က မနှစ်က သုံးသန်းငါးသိန်း စတုရန်း ကီလိုမီတာကနေ အခု သုံးသန်း သုံးသိန်း ငါးသောင်း စတုရန်း ကီလိုမီတာပဲ ရှိပါတော့တယ်။ လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုဝင် စစ်သည်တော် ငါးသောင်းသုံးထောင်လည်း ကျဆုံးသွားပါပြီ။”
ကျောက်အရိုးစု တင်ပြလာသည်။
လဟာပြင်စိတ်ဝိဥာဥ်ဘုရင် အမူအရာ ပြောင်းလဲသွားရသည်။
“ဘုရားရေ....”
“နတ်ဘုရားမက ကောင်းချီးပေးနေတာပဲ။ အောင်ပွဲခံသင့်တယ်။”
“မနှစ်က ငါတို့ပိုင်နက် သုံးသန်းခုနစ်သိန်းကနေ သုံးသိန်းငါးသိန်းအထိ လျော့သွားခဲ့တယ်။ အဲ့ဒါ စတုရန်း ကီလိုမီတာ နှစ်သိန်းတောင်လေ။ ဒီနှစ်တော့ စတုရန်း ကီလိုမီတာ တစ်သိန်းခွဲပဲ လက်လွှတ်ရတယ်။ တကယ်ကို မျှော်လင့်ချက် ရှိသေးတာပဲ။”
“ကျဆုံးစစ်သည်တော် အရေအတွက်လည်း နည်းသွားတယ်။ မနှစ်က စစ်သည်တော် ခြောက်သောင်းကျတာလေ။ ဒီနှစ်က သုံးသောင်းခွဲတည်းရယ်။ တခြားမျိုးနွယ်စုတွေတော့ ဖင်တုန်နေလောက်ပြီ။”
“နတ်ဘုရားမ ကောင်းချီးပေးတာပဲ။”
လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုများ စိတ်လှုပ်ရှားကုန်သည်။
လဟာပြင်စိတ်ဝိဥာဥ်ဘုရင် ရယ်မောလိုက်သည်။
“ဉာဏ်ရည်မြင့် မျိုးနွယ်စုတွေကို ဖျက်စီးဖို့က ငါတို့ တာဝန်ပဲ။ အခု အောင်မြင်ဖို့ ခြေတစ်လှမ်း နီးစပ်လာပြီ။ နတ်ဘုရားမက ကောင်းချီးပေးနေတာပဲ။”
ကျောက်အရိုးစု ပြုံးကာပြောလာသည်။
“နတ်ဘုရားမရဲ့ ဆန္ဒအရဆိုပြီး လာလာနေတဲ့ ဝေ့ကျိတောင် ကျွန်တော်တို့နား မကပ်ရဲတော့ပါဘူး။”
လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုများ ရယ်မောလိုက်ကြသည်။
ဝုန်း.....
ရုတ်တရတ် ကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။
ထို့နောက် လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုဝင်များ အော်ဟစ်ကြတော့သည်။
ဝုန်း.... ဝုန်း.... ဝုန်း....
ရွှေရောင်စွမ်းအင်များ ပေါက်ကွဲသွားလေသည်။
ထိုသည်မှာ လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စု၏ အဓိကမြို့တော်ဖြစ်ကာ သိန်းနှင့်ချီသော လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုဝင်များမှာ မီးခိုးတလူလူ ထနေသော နန်းတော်ကြီးအား လှမ်းကြည့်လိုက်ကြသည်။
သြဇာအာဏာ ပြည့်ဝသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
“ငါက တမာန်တော် အန်လင်းပဲ။ လဟာပြင်စိတ်ဝိဥာဥ်ဘုရင် အခုထွက်လာစမ်း။”
ဒဏ္ဍာရီလာ တမာန်တော် အန်လင်းလား....
လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုများ အမူအရာ ပြောင်းလဲသွားရသည်။
၎င်းတို့သည် တမာန်တော် အန်လင်းအကြောင်း ကြားဖူးပါသော်လည်း တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးကြပေ။
ကျယ်လောင်သော ပေါက်ကွဲသံအား ကြားလိုက်ကြရသည်။
နန်းတော်ပတ်လည်ရှိ ဝင်္ကပါမှာ ပျက်စီးသွားလေပြီ။
အံ့ဖွယ်မီးတောက်များ ဝန်းရံထားသော အမျိုးသားမှာ နန်းတော်ထံ ဦးတည်သွားသည်။
မီးတောက်များသည် နေရောင်ထက်ပင် ပိုမိုတောက်ပကာ အလင်းကြောက်သူ အချို့မှာ တုန်လှုပ်နေကြပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အန်လင်းအား မကြောက်ရွံ့သော လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စု စစ်သည်တော်များလည်း ရှိသည်။
“ခင်ဗျားက ဘယ်လို သောက်ကျိုးနည်း တမာန်တော်လဲ။ သေသာသေလိုက်တော့။”
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စု စစ်သည်တော်မှာ အန်လင်းထံ ခုန်ဝင်လာသည်။
အန်လင်းသည် လက်တစ်ချက်ယမ်းကာ အံ့ဖွယ်မီးတောက်ဖြင့် ရိုက်ချလိုက်သည်။
ဘန်း...
စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စု စစ်သည်တော်မှာ အံ့ဖွယ်မီးတောက် လက်ချက်ကြောင့် သွေးပျက်မတတ် အော်ဟစ်နေရင်း အငွေ့ပျံသွားရသည်။
“နတ်ဘုရားမရဲ့ တမာန်တော်ကို စော်ကားတဲ့သူ မှန်သမျှ သေရမယ်။”
အန်လင်း အေးစက်စွာ ပြောလိုက်သည်။
သူသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် စစ်သည်တော်အား တစ်ချက်တည်း သတ်လိုက်သည်ပင်။
လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုများမှာ အန်လင်းအား ကြောက်ရွံ့ကုန်ကြပြီ ဖြစ်သည်။
“ငါက ကြီးမြတ်တဲ့ နတ်ဘုရားမကိုပဲ လေးစားတာ။ ဝေ့ကျိကိုတောင် ငါတို့သတ်လိုက်သေးတာပဲ။ မင်းကိုရော ယုံမယ်ထင်နေလား။ အဆိပ်နဂါးလွန်ပူ....”
အဆိပ်ငွေ့များ ဝန်းရံနေသော ဝိဥာဥ်ခန္ဓာ တစ်ခုမှာ အနက်ရောင် လွန်ပူအဖြစ် ပြောင်းလဲသွားပြီးနောက် အန်လင်းထံ ပျံဝဲလာသည်။
“အဆိပ်ဝိဥာဥ်ဘုရင်ပဲ။ သူက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်လေ။ အဆိပ်နဂါးလွန်ပူက ခန္ဓာကိုယ်တင် မကပဲ သိစိတ်အာရုံပါ ထိခိုက်စေနိုင်တယ်။ အဲ့ဒါက အရမ်းကြောက်ဖို့ကောင်းတာ။ ဝေ့ကျိကိုလည်း အဆိပ်နဂါးလွန်ပူနဲ့ အပိုင်းပိုင်းအစစ လုပ်ခဲ့တာပဲ။”
အန်လင်း လက်တစ်ချက်သာ လှုပ်လိုက်သည်။
ရွှေရောင် အံ့ဖွယ်မီးတောက် ကျဆင်းလာကာ အဆိပ်နဂါးလွန်ပူအား လွှမ်းခြုံသွားလေသည်။
မီးတောက်များ ပျောက်ကွယ်သွားသောအခါ အဆိပ်ဝိဥာဥ်ဘုရင်ကို မတွေ့ရတော့ပေ။
၎င်းလည်း အနိစ္စ ရောက်သွားလေပြီ။
“နားမလည်သေးဘူးလား။ ငါက နတ်ဘုရားမရဲ့ တမာန်တော်ပဲ။ ငါ့ကို စော်ကားတာက နတ်ဘုရားမကို စော်ကားတာပဲ။ အဲ့ဒါကိုတောင် လာစမ်းချင်နေသေးတာလား။”
ထိုစကားမှာ ကောင်းကင်နှင့်မြေပြင်တွင် ပဲ့တင်ထပ်သွားသည်။
အန်လင်း၏ အံ့ဖွယ်မီးတောက်များမှာ ကောင်းကင်ထက် တက်သွားပြီးနောက် မြို့တော်တစ်ခုလုံးကို ပြာချပစ်တော့မည့်အလား ပူလောင်လာသည်။
လဟာပြင်စိတ်ဝိဥာဥ်ဘုရင်မှာ နန်းတော်ထဲမှ ထွက်လာခဲ့လေပြီ။
“ခင်ဗျားက တမာန်တော် အန်လင်းလား။”
၎င်းမှာ မျက်လုံးများစွာဖြင့် ကြည့်ရှုလာသည်။
“ဟုတ်တယ်။ ငါ့ကို တွေ့ရတာ ဖန်ဆင်းရှင် နတ်ဘုရားမကို မြင်ရသလိုပဲ။ အခုချက်ချင်း အရိုအသေ မပေးသေးဘူးလား။”
အန်လင်း မာန်မဲလိုက်သည်။
“ဟားဟားဟား ကျုပ်တို့က ကောင်းကင်ဘုံနဲ့ နတ်ဘုရားမကိုပဲ လေးစားပါ။ ခင်ဗျားက သူမ တမာန်တော်ဆိုရင်တောင် အစားမထိုးနိုင်ဘူး။”
လဟာပြင်စိတ်ဝိဥာဥ်ဘုရင် စကားဆိုလိုက်သည်။
“ခင်ဗျား ကျုပ်ကို သတ်လိုက်ရင်တောင် စိတ်ပြောင်းမယ် မထင်နဲ့။”
“သူမကိုယ်တိုင် ပေါ်လာရင်တော့ တစ်မျိုးပေါ့။”
လဟာပြင်စိတ်ဝိဥာဥ်ဘုရင် စကားဆက်လိုက်သည်။
“ကြည့်ရတာ နားလည်မှု လွဲနေပုံပဲ။”
အန်လင်း ခက်ထန်စွာ ပြောလာသည်။
“ဟမ်....”
လဟာပြင်စိတ်ဝိဥာဥ်ဘုရင် ကြောင်တောင်တောင် ဖြစ်သွားရသည်။
ထိုအချိန်တွင် အန်လင်း လက်မြှောက်လိုက်သည်နှင့် နေတစ်စင်း ထွက်ပေါ်လာသည်။
ထိုနေသည် မီးတောက်များအား စုပ်ယူကာ တစ်ကမ္ဘာလုံးကို အလင်းပေးနေသည်။
လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စု ပိုင်နက်တွင် နေနှစ်စင်း မရှိခဲ့ဖူးပေ။
လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုများအားလုံး ငေးငေးကြောင်ကြောင် ဖြစ်ကုန်သည်။
“ငါက တမာန်တော်ဆိုတာ သက်သေပြပေးဖို့ လာတာမဟုတ်ဘူး။”
လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုများ အမူအရာ ပြောင်းလဲသွားကြသည်။
“နတ်ဘုရားမရဲ့ ခေါ်ဆောင်မှုကို ငြင်းပယ်တာ အပြစ်မပြောပါဘူး။ နတ်ဘုရားမက ငြိမ်းချမ်းရေး လိုချင်တာတောင် မင်းတို့က တခြားမျိုးနွယ်စုတွေကို လိုက်တိုက်ခိုက်နေတယ်။ နတ်ဘုရားမ လွှတ်လိုက်တဲ့ ဝေ့ကျိကိုလည်း ကိုးဆယ့်ကိုးခါတောင် နှိပ်စက်သတ်ဖြတ်ခဲ့တာမလား။”
“အဲ့ဒါကြောင့် မဟာအပြစ်ဒဏ် လာပေးတာပဲ။”
အန်လင်း လက်တစ်ချက် လှုပ်လိုက်သည်နှင့် ကောင်းကင်ထက်ရှိ နေမင်းသည် အလင်းအစက်အပြောက်များအသွင် ပြောင်းလဲကာ မြေပြင်ပေါ် ကျဆင်းပျောက်ကွယ်သွားသည်။
ရုတ်ချည်းဆိုသလို လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုများ၏ နှလုံးသားတွင် ရွှေရောင်မီးတောက်များ ဖြစ်ပေါ်လာသည်။
“မဟာအပြစ်ဒဏ်ကို လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုဝင် ၈၉,၆၅၇,၇၂၉ယောက်လုံး ခံရမယ်။”