← Chapters

ထင်မှတ်မထားသော နှင်းတောင်တန်း

Vol. 86 Ch. 1206

ထင်မှတ်မထားသော နှင်းတောင်တန်း

Vol. 86 Ch. 1206

ဘယ်လို ကြောက်စရာကောင်းတဲ့ခွေးလဲ.....

စုရှောင်လန်ကို ထိခိုက်စေတဲ့သူ မှန်သမျှ သေအောင်ကိုက်မယ့်ခွေးပေါ့.....

စုရှောင်လန်မှာ အန်လင်း၏လက်အား ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

“စကားဆိုတာ ပြောရင်ပေါတယ်။ လုပ်ရပ်နဲ့ သက်သေပြလေ။”

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

သူသည် အချိန်နှင့်အတူ သူမအား သက်သေပြသွားမည်ပင်။

ထိုသို့ဖြင့် ၎င်းတို့၏ ပဉ္စမမြောက် စာသင်နှစ်မှာ စတင်ခဲ့သည်။

နောက်ဆုံးနှစ် ဖြစ်သောကြောင့် ရှင်သန်လွတ်မြောက်ရေး စွမ်းရည်များ၊ တိုက်ခိုက်ရေး စွမ်းရည်များနှင့် တာအိုတရားတို့ကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားလာသည်။

အန်လင်းသည် အတွေ့အကြုံ ရင့်သန်သော သူရဲကောင်း ဖြစ်သဖြင် တိုက်ခိုက်ရေးသင်တန်းများမှာ အသုံးမဝင်ပေ။

သူသည် ကောင်းကင်ဘုံခုံရုံး၏ စစ်နတ်ဘုရားငယ်ဟုပင် သတ်မှတ်ခံထားရသည် မဟုတ်လော။

တာအိုဝါဒမှာ သူ့အတွက် ပို၍ပင် ခက်ခဲသည်။

အန်လင်းသည် ကိုယ်ပိုင်ကျင့်ကြံခြင်းကိုပင် နားမလည်သောကြောင့် သူ၏တာအိုကိုလည်း မသိပေ။

မည်သို့ပင်ဆိုစေကာမူ သူ၏အနာဂတ်မှာ လမ်းပွင့်နေလေပြီ။

အံ့ဖွယ်လက်နက်နှင့် အံ့ဖွယ်ဆေးလုံး ရရှိပါက ကျောင်းမပြီးခင် ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ တက်နိုင်မည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဘွဲ့ယူရန် ရှက်စရာ ကောင်းနေပေလိမ့်မည်။

နံနက်ခင်း ရောင်ခြည်မှာ ပြတင်းပေါက်မှတဆင့် ဖြာကျနေသည်။

ရှောင်ဟုန်၏ တေးသံသာမှာလည်း စတင်လေပြီ။

“သခင် နေ့သစ်ရောက်ပြီ။ လေ့ကျင့်ခန်း တူတူလုပ်ရအောင်။”

သူမ ဟိုဟိုသည်သည် ယိမ်းထိုးနေသည်။

အန်လင်း မျက်လုံးဖွင့်ကာ ရှောင်ဟုန်အား ကြည့်ရှုလိုက်သည်။

“အစ်ကိုကြီးအန် ကောင်းကင်ဘုံ မက်မွန်ပွဲတော်ကို ဘယ်သူတွေ သွားရမှာလဲ ဆုံးဖြတ်ပြီးပြီလား။”

တပိုင် မေးမြန်းလာသည်။

သူသည် ထိုပွဲတော်အား စိတ်ဝင်စားနေသည်ပင်။

“အင်း ဖတ်ပြမယ်လေ။”

အန်လင်း ပြုံးကာပြောလိုက်သည်။

တပိုင် လိလိမ္မာမ္မာ ထိုင်ချလိုက်သည်။

နှစ်နေရာစာသာ ရလျှင်ပင် အစ်ကိုကြီးအန်သည် သူ့အား တစ်နေရာ ပေးပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူ၏စိတ်ထဲ မသက်မသာ ဖြစ်နေမိ၏။

ကောင်းကင်နတ်မိမယ် ခုနစ်ပါးသည် ကောင်းကင်အရှင်သခင်အား နည်းလမ်းပေါင်းစုံ ကိုင်တွယ်ကာ စုကျိုးအင်မော်တယ်ဂိုဏ်းအတွက် အယောက်နှစ်ဆယ်စာ ရှာပေးခဲ့သည်။

ကောင်းကင်အရှင်သခင်သည် အသံဖြင့် ဆက်သွယ်ကာ ဂုဏ်ပြုကြောင်း ပြောလာသဖြင့် အန်လင်းသည်ပင် ချွေးပျံခဲ့ရသည်။

အန်လင်း ချောင်းဟန့်လိုက်သည်။

“စုကျိုးအင်မော်တယ်ဂိုဏ်းကနေ ကောင်းကင်ဘုံ မက်မွန်ပွဲတော်အတွက် အယောက်နှစ်ဆယ်စာ ရထားတယ်။ အန်လင်း၊ စုရှောင်လန်၊ ရွှမ်းယွမ်ချန်၊ စုချန်းရန်၊ လျှိုချင်းဟွမ်၊ ပိုင်လင်၊ ရှောင်ဇယ်၊ ရှောင်တု၊ ထျန်းရှီမန်၊ လုံအော့ထျန်း၊ ရှောင်ဟုန်၊ ထျန်းလေး၊ ရှောင်ချိုး၊ ပိုင်ယောင်၊ နာလေး၊ ကုလေး၊ ရဲ့လင်၊ လန်လေး၊ ဘရိုင့်စ်....”

“ဂလု....”

တစ်နေရာစာသာ ကျန်တော့သဖြင့် တပိုင် တံထွေးမြိုချမိလိုက်သည်။

အန်လင်း တပိုင်အားကြည့်ကာ ပြုံးလိုက်သည်။

“ကျောက်ဟွိုက်ရင်”

ဝုန်း.....

တပိုင် မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။

“ကျောက်ဟွိုက်ရင်ရဲ့ ဆရာဟောင်း တပိုင်...”

အန်လင်း ပြုံးကာပြောလာသည်။

တပိုင် မျက်ရည်ကျကာ အန်လင်းပေါ် ခုန်တက်လိုက်သည်။

“အစ်ကိုကြီးအန် တမင်ခြောက်နေတာပဲ... ဝုတ်။”

စာရင်းမှာ အတည်ပြုပြီးပြီပင်။

အားလုံးမှာ ကောင်းကင်ဘုံ မက်မွန်ပွဲတော်အား မျှော်လင့်စောင့်စားနေကြသည်။

.......

ရေခဲကုန်းမြေ၌

နှင်းပျိုမဒီများနှင့် မိစ္ဆာနဂါးများမှာ ဤနေရာအား စွန့်ခွာခဲ့ကြသည်။

ရေခဲကုန်းမြေ ဗဟိုဒေသမှ လေအေးများမှာ နေရာအနှံ့သို့ တိုက်ခတ်နေလေသည်။

လေဟာပြင်ပြည်နယ်တွင် ဆောင်းရာသီ မရောက်သေးပါသော်လည်း နှင်းများရုတ်တရက် ကျဆင်းလာသည်။

ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ အနောက်ဘက် နှင်းပျိုမဒီများ နေထိုင်ရာ အရပ်တွင် နှင်းများ ကျဆင်းလာသောကြောင့် ၎င်းတို့ ဝမ်းသာသွားကြသည်။

အသစ်တည်ဆောက်ထားသော နှင်းနတ်ဘုရား နန်းတော်၌...

ရှန့်ကွမ်းယီ ရှေ့တွင်ရှိနေသော အနက်ရောင် ရေခဲကျောက်မှာ လောင်ကျွမ်းပျက်စီးနေရာမှ အလိုအလျောက် ပြန်လည်ကောင်းမွန်လာသည်။

မုန့်ကျီ ခပ်ဖွဖွ ပြုံးလိုက်သည်။

“တော်လိုက်တဲ့ တပည့်လေး ရေခဲမျိုးနွယ်စုသခင်မရဲ့ ဝိဥာဥ်စွမ်းအင်ကို ဆယ်ရာခိုင်နှုန်းတောင် စုပ်ယူပြီးပြီပဲ။ ဟင်းလင်းပြင်သို့အပြန် အဆင့်လည်း ရောက်နေပြီဆိုတော့ ရေခဲမျိုးနွယ်စုသခင်မရဲ့ မှော်ကျင့်စဥ်ကို ကျင့်လို့ရနေပြီ။”

ရှန့်ကွမ်းယီ အရိုအသေပေးကာ အရှေ့မြောက်ဘက်သို့ ကြည့်ရှုလိုက်သည်။

“ဘိုးဘေးမြေမှာ တစ်ခုခု ဖြစ်နေသလိုပဲ။ အန္တရာယ် ခံစားချက်ကို ရနေတယ်။”

မုန့်ကျီ ပြုံးကာပြောလာသည်။

“ဘာမှမဖြစ်ပါဘူး။ အခု ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေထိ အအေးဓာတ် ရောက်လာမှာမှ မဟုတ်တာ။ ဒီနေရာက....”

ဝုန်း.....

ကျယ်လောင်လှသော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။

ကောင်းကင်နှင့်မြေပြင်မှာ တုန်ခါသွားရသည်။

“မကောင်းတော့ဘူး။ ကောင်းကင်ပေါ်ကနေ နှင်းတောင်ကြီး ပြုတ်ကျလာလို့ အကာအရံ ပျက်စီးသွားပြီ။”

နှင်းပျိုမဒီများ အော်ဟစ်လိုက်ကြသည်။

မုန့်ကျီ : “.....”

နန်းတော်ထဲတွင် ရှိနေသူများမှာ အပြင်သို့ ပြေးထွက်လာကြသည်။

ဒီနှင်းတောင်ကြီးကို ဘယ်သူက ပစ်ချလိုက်တာလဲ....

နန်းဝတ်နန်းစားနှင့် အမျိုးသမီး တစ်ဦးမှာ နှင်းတောင်ကြီးအား ကြည့်ရှုလိုက်သည်။

မုန့်ကျီ၏ အမူအရာမှာ ခက်ထန်နေ၏။

“ဘာတွေဖြစ်နေတာလဲ။”

ကြီးမြတ်ဧကရီ မျက်မှောင်ကျုံ့လိုက်သည်။

“ယုံမယ်တော့ မထင်ဘူး။ ဒါပေမယ့် ဒီနှင်းတောင်က ရေခဲကုန်းမြေရဲ့ လေကြမ်းတွေကြောင့် လွင့်ထွက်လာတာ။”

နှင်းပျိုမဒီများအားလုံး အသက်ရှူသံများပင် ပြင်းသွားရသည်။

လေကြောင့် တောင်ပါလွင့်လာတာလား....

ဘယ်လိုဟာသလဲ....

ဘယ်လိုလေက တောင်ကိုရွေ့စေနိုင်မှာလဲ......

“ဒီလေက ထူးခြားတဲ့ စွမ်းအင်ကို ပိုင်ဆိုင်ထားတယ်။ အဲ့ဒါကြောင့် အကာအရံတောင် ပျက်စီးသွားတာ။”

“သဘာဝကပ်ဘေးလား။ ဒါမှမဟုတ် နောက်ကွယ်က တစ်ခုခုလား။”

ကြီးမြတ်ဧကရီမှာ အေးခဲယင်းစွမ်းအင်အား နှင်းတောင်တန်းထံ မှုတ်ထုတ်လိုက်သည်။ ငါးကီလိုမီတာ ပတ်ဝန်းကျင်မှာ ပို၍ပင် အေးခဲသွားလေသည်။

“နှင်းတောင်တန်းနဲ့ ပေါင်းစည်းနေတဲ့ စွမ်းအင်က ပျောက်သွားတာလား။ သဘာဝကပ်ဆိုရင်တော့ ကိစ္စမရှိဘူး။ ငါတို့ ကံဆိုးတာပေါ့။ ဒါပေမယ့် နောက်ကွက်မှာ လက်မည်းကြီး ရှိနေရင် မဟန်တော့ဘူး။”

“အဲ့လိုစွမ်းအင်ကို ငါတောင် မဖော်ထုတ်နိုင်ဘူး။ တကယ်သာ ပစ်မှတ်ထားခံရတာဆိုရင် စိုးရိမ်စရာပဲ။”

ကြီးမြတ်ဧကရီ ရေရွတ်လိုက်သည်။

“အဲ့ဒါဆို ဘာလို့ နှင်းတောင်ကြီးနဲ့ ပစ်ရတာလဲ။”

မုန့်ကျီ ကြောင်တောင်တောင် ဖြစ်သွားရသည်။

ထိုအချိန်တွင် ကြီးမြတ်ဧကရီ အမူအရာ ပြောင်းလဲသွားသည်။

“သတိထား...”

နှင်းပျိုမဒီများ ကောင်းကင်အား မော့ကြည့်လိုက်ကြသည်။

နှင်းတောင်တန်းတစ်ခု ထပ်ပြုတ်ကျလာသည်။

“ထပ်ပြီးတော့လား။”

ကြီးမြတ်ဧကရီ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

သူမသည် အံ့ဖွယ်တာအို အစွမ်းဖြင့် နှင်းတောင်အား ရိုက်ထုတ်လိုခြင်းပင်။

သို့သော် နှင်းတောင်တန်းမှာ သူမ၏ စွမ်းအင်ကိုပင် ကျော်ဖြတ်လာသည်။

ဝုန်း....

နှင်းပျိုမဒီများ၏ ပိုင်နက်သို့ ပြင်းထန်စွာ ပြုတ်ကျလာ၏။

ထွက်မပြေးနိုင်သော နှင်းပျိုမဒီအချို့ ပိပြားသွားရသည်။

နှင်းပျိုမဒီများ ငေးငေးကြောင်ကြောင် ဖြစ်ကုန်သည်။

ကောင်းကင်ထက်တွင် အပေါက်များ ဖြစ်ပေါ်ကာ နှင်းတောင်များ ပေါ်ထွက်လာသည်။

“ပြေးတော့....”

ကြီးမြတ်ဧကရီ အော်ဟစ်လိုက်သည်။

နှင်းပျိုမဒီများမှာ အသက်လုကာ ပြေးရတော့သည်။

၎င်းတို့မှာ ရွေးချယ်စရာ မရှိပဲ ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေထဲ ဝင်လာခဲ့ရလေသည်။

All Chapters