← Chapters

ကြယ်တွေဆီ ဦးတည်ခြင်း

Vol. 62 Ch. 846

ကြယ်တွေဆီ ဦးတည်ခြင်း

Vol. 62 Ch. 846

  "နတ်ဆိုးတွေက အကြောင်းတစ်ခုမရှိဘဲနဲ့ ဆုတ်ခွာမှာ မဟုတ်ဘူး။ ကြည့်ရတာ နောက်ထပ်ပလိန်းတစ်ခုက ဒုက္ခရောက်နေပြီးထင်တယ်"

သံတိမ်သူ‌တော်စင်အရှင်က ကြယ်ပိုင်နက်ကို ပုံမှန် လှည့်လည်နေတာဖြစ်တဲ့အတွက် ဗဟုသုတနှံ့စပ်တယ်။ သူက နတ်ဆိုးတွေပြန်ဆုတ်ရတဲ့အကြောင်းရင်းကို ချက်ချင်း ခန့်မှန်းလိုက်တယ်။

သူ‌‌တော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ဓားသမားအစည်းအရုံးဌာနချုပ်မှာ လေးလံတဲ့ဖိအားတစ်ခု တည်ရှိနေတယ်။

ဒီစစ်ပွဲမှာ သာမန်လူတွေရဲ့သေကြေပျက်စီးခြင်းက တကယ်ကို စိတ်မချမ်းမြေ့စရာပဲ၊ သူ‌တော်စင်တွေအတွက်လည်း အတူတူပါပဲ။ သူ‌‌တော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ဓားသမားအစည်းအရုံးဌာနချုပ်ရဲ့သူ‌တော်စင်နှစ်ယောက်က သေဆုံးသွားခဲ့တယ်။ လူသားသူတော်စင်တွေဘယ်လောက်များများသေဆုံးသွားသလဲကို စိတ်ကူးမယဉ်နိုင်လောက်အောင်ပဲ။

"ကျားစွယ်ဓားသူတော်စင်က နတ်ဆိုးအရှင်သခင်တစ်ယောက်ရဲ့လက်ထဲမှာ သေသွားတယ်။ ပန်းတစ်ရာဓားသူတော်စင်က ကြံစည်မှုတစ်ခုကြောင့် သေသွားတယ်" ဆန်းကြယ်နက်နဲဓားသူတော်စင်က လေးလံတဲ့လေသံနဲ့ ပြောလိုက်တယ်။

"ဘယ်သူလဲ" လီဖူချန်းက မေးလိုက်တယ်။

"ဒါကို နားထောင်ကြည့်" ဆန်းကြယ်နက်နဲဓားသူတော်စင်က အကြီးအကဲတုံကင်တစ်ခုကို ထုတ်ကာ သူ့ရဲ့ချီကို ထည့်သွင်းလိုက်တယ်။

"ကျူး......."

ပန်းတစ်ရာဓားသူတော်စင်က စကားလုံးတစ်လုံးသာ ပြောခဲ့တယ်၊ ပြိီးနောက် သူမရဲ့အသံက တိုးလျကာ အဆက်ပြတ်သွားတော့တယ်။

"ကျူးကလန်........."အံ့ဖွယ်သဘာဝဓားသူတော်စင်က ဒေါသနဲ့ အော်လိုက်တယ်။

"ကျူးကလန်ပြန်ပဲလား" လီဖူချန်းရဲ့မျက်လုံးတွေက အေးစက်သွားတော့တယ်။

ဒီစစ်ပွဲအတွင်းမှာ ကျူးကလန်က ဘာတစ်ခုမှ မပါဝင်ခဲ့ပါဘူး။

"အခုလောလောဆယ်တော့ ကျူးကလန်ကို ဖယ်ရှားဖို့ အချိန်မဟုတ်သေးဘူး၊ အစည်းအရုံးခေါင်းဆောင်ပြန်လာမှ ဆွေးနွေးကြ‌တာပေါ့" အံ့ဖွယ်သဘာဝဓားသူတော်စင်က ဖြည်းညင်းစွာ ပြောလိုက်တယ်။

ကျူးကလန်ရှိအခြားသူတွေက ကြောက်စရာမကောင်းပေမယ့် ကျူးကလန်ရဲ့နံပါတ်၁ဘိုးဘေးက မတိုင်းတာနိုင်တဲ့ခွန်အား ရှိတယ်။ သူက အဆုံးစွန်းအဆင့်လက်နက်ဖြစ်တဲ့မီးနတ်ဘုရားပုဆိန်နဲ့အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို ပိုင်ဆိုင်တယ်။ အထွတ်အထိပ်သူတော်စင်တစ်ယောက်ကို အသာထား၊ သူတော်စင်အရှင်တစ်ယောက်ကတောင် ကျူးကလန်ရဲ့နံပါတ်၁ဘိုးဘေးကို မဖိနှိပ်နိုင်ဘူး။

ဒါက ကျူးကလန်အနေနဲ့ နှစ်ပေါင်းများစွာကြာ နက်ပြာပလိန်းရဲ့ထိပ်ဆုံးမှာ ရပ်တည်နေနိုင်တဲ့အကြောင်းရင်းပဲ။

ဆန်းကြယ်နက်နဲဓားသူတော်စင်နဲ့လီဖူချန်းက တိတ်ဆိတ်နေခဲ့တယ်။

ဆန်းကြယ်နက်နဲဓားသူတော်စင်က ဘာတွေးနေသလဲကို လီဖူချန်း မသိဘူး၊ ဒါပေမယ့် သူသိတာက‌တော့ သူ့မှာ အခွင့်အရေးရှိလာရင် ကျူးကလန်ရဲ့သူတော်စင်တွေကို မတုံ့ဆိုင်းဘဲ သတ်ပစ်မှာသေချာတယ်။

ဒါပေမယ့် ဒီမတိုင်းခင်တော့ သူက သူ့ရဲ့မိသားစုနဲ့သူငယ်ချင်းတွေကို သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးဆီ ခေါ်လာလို့ မရပါဘူး။

တိုက်ကြီးစိတ်တန်ခိုးစွမ်းအားကို လှည့်စားဖို့နည်းလမ်းကလွဲပြီး သူတော်စင်တွေက အလယ်ဆင့်တိုက်ကြီး‌တွေကို မဝင်နိုင်ပါဘူး။ ဒုက္ခကို ရှာဖွေဖို့ ဧကရာဇ်ကောင်းကင်တိုက်ကြီးဆီ ဝင်မယ့် ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တွေအတွက်ကတော့ သေမင်းကို ဖိတ်ခေါ်နေတာပဲ။လီဖူချန်း ချန်ထားတဲ့စိတ်တန်ခိုးစွမ်းအားရုပ်တုက ဟန်ပြသက်သက်မဟုတ်ပါဘူး။

အရှေ့ယူနီကွန်တိုက်ကြီးက ရွေးချယ်မှုကောင်းတစ်ခုဆိုပေမယ့် အဲဒါက အနာဂတ်မှာ အဆင့်မြင့်တိုက်ကြီးတစ်ခုဆီ တိုးမြင့်သွားမှာကို လီဖူချန်းက စိုးရိမ်တယ်။ ပြီးတော့ သူတော်စင်တွေကလည်း လွတ်လွတ်လပ်လပ်ဝင်နိုင်သွားပြီလေ။

…

နတ်ဆိုးတွေ နောက်ဆုတ်သွားပြီးနောက် နက်ပြာပလိန်းရဲ့အခြေအနေက မတည်ငြိမ်သေးပါဘူး။ အမှောင်ထဲမှာ လှိုင်းလုံးတွေက တလိပ်လိပ်တက်လာနေတုန်းပါပဲ။

လူသားတွေက ဆုံးရှုံးမှုကြီးကြီးမားမားခံစားခဲ့ရတယ်။ နက်ပြာပလိန်းရဲ့ထိပ်ဆုံးဂိုဏ်းဆယ်ဂိုဏ်းရဲ့အောက်ဆုံးမှာရှိတဲ့ ရေကောင်းကင်ဘုံဂိုဏ်းက စစ်ပွဲအတွင်း သူတို့ရဲ့သူတော်စင်ဆယ်ယောက်စလုံးကို ဆုံးရှုံးခဲ့ရတယ်။ အကြီးအကဲနဲ့တပည့်တွေတစ်ဝက်ကျော်ကျော်က သေတဲ့သူသေ၊ ဒဏ်ရာရတဲ့သူ ဒဏ်ရာရပေါ့လေ။ သူတို့က ထိပ်ဆုံးဆယ်ဂိုဏ်းရဲ့စာရင်းထဲက ဖယ်ရှားခံလိုက်ရတယ်။ သူတော်စင်တစ်ယောက်မရှိတဲ့ဂိုဏ်းတစ်ခုက မတည်ရှိနိုင်တော့ဘူးလေ။

ရေကောင်းကင်ဘုံဂိုဏ်းက သူတော်စင်ယန်တိုက်ကြီးအနီးရှိရေကောင်းကင်ကျွန်းပေါ်မှာ တည်ရှိတယ်။ သူတော်စင်တွေ ပျောက်ကွယ်သွား‌တာနဲ့ ဂိုဏ်းရဲ့အရင်းအမြစ်တွေကို အခြားဂိုဏ်းတွေအားလုံးက ပစ်မှတ်ထားလာကြပြီးပေါ့။ သူတို့ကြားထဲမှာ နတ်ဆိုးသားရဲဂိုဏ်းတွေက အရှက်မရှိမျက်နှာပြောင်အတိုက်ဆုံးဖြစ်ပြီး ရေကောင်းကင်ဘုံဂိုဏ်းရဲ့တပည့်တွေထံမှ ပြောင်ပြောင်တင်းတင်း လုယက်နေကြတာပေါ့။

နောက်ဆုံးမှာတော့ သံတိမ်သူတော်စင်အရှင်ရဲ့အကူအညီနဲ့အတူ ရေကောင်းကင်ဘုံဂိုဏ်းက သူတို့ရဲ့အခြေခံကို ကာကွယ်နိုင်ခဲ့တယ်။

အချက်အလက်အရ သံတိမ်သူတော်စင်က ဒေါသအမျက်ခြောင်းခြောင်းထွက်ပြီး နတ်ဆိုးသားရဲဂိုဏ်းတွေကို ဆန္ဒရှိသလို သတ်ဖြတ်နိုင်တယ်။

ဒါပေမယ့် သူ သိထားတာအရ ပင်လယ်ပြင်ထဲမှာ ပုန်းကွယ်နေတဲ့သားရဲအာဏာရှင်နှစ်ကောင်ရှိတယ်။ သူတို့က စစ်ပွဲအတွင်း မထွက်ပေါ်လာပေမယ့် သူက သားရဲဂိုဏ်းတွေကို သတ်ဖြတ်တဲ့အချိန်မှာ မထွက်ပေါ်လာဘူးလို့ မဆိုလိုပါဘူး။ ပြီးနောက် နောက်ထပ်စစ်ပွဲတစ်ခုဖြစ်လာပါလိမ့်မယ်။

(အင်္ဂလိပ်ဘာသာပြန်သူ၏မှတ်စု: လူသားတွေအတွက် သူတော်စင်- သူတော်စင်အရှင်- ကောင်းကင်အရှင်။ နတ်ဆိုးတွေအတွက် အရှင်သခင်-ရှင်ဘုရင်- ငရဲရှင်ဘုရင်။ နတ်ဆိုးသားရဲတွေအတွက် အရှင်သခင်-အာဏာရှင်-ငရဲအာဏာရှင်)

…

"စစ်ပွဲက ပြီးသွားပြီ။ အခုက ငါ စကြာဝ‌ဠာကို လှည့်လည်သွားလာဖို့ အချိန်ပဲ" လီဖူချန်းက ရေရွတ်လိုက်တယ်။

လီဖူချန်းမှာ အရင်းမြစ်တွေ ပမာဏများစွာ ရှိတယ်၊ သူက အဲဒါတွေကို အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေအဖြစ် ပြောင်းလဲရင် သူတို့က အရေအတွက်အားဖြင့် သောင်းဂဏန်းရှိပါလိမ့်မယ်။ ဒါပေမယ့် နက်ပြာပလိန်းထဲမှာ ဒီအရင်းမြစ်ပမာဏလောက်က သိသာတဲ့ပြောင်းလဲမှုတစ်ခုမှ မပြုလုပ်နိုင်ပါဘူး။ သူက သူ့အတွက် အသုံးဝင်တဲ့အရင်းအမြစ်အချို့အတွက်သာ လဲလှယ်နိုင်လိမ့်မယ်။

လီဖူချန်းရဲ့အမြင်အရ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေ ရှိတာက ပိုပြီးသင့်‌တော်တယ်။ အခြားအရင်းမြစ်တွေအတွက် ဖလှယ်တာက ဒုက္ခများလွန်းပါတယ်။

အဆင့်မြင့်တိုက်ကြီးကိုးခုစလုံးမှာ နက်ပြာကြယ်ကို ဦးတည်တဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုစီ ရှိတယ်။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်က သူတော်စင်စိတ်ဝိညာဉ်တောင်ပေါ်မှာ တည်ရှိတယ်။

ဒီနေ့မှာတော့ လီဖူချန်းက သူတော်စင်စိတ်ဝိညာဉ်တောင်ပေါ်ကို ရောက်ရှိလာတယ်။

တောင်ထိပ်ပေါ်မှာ တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခု ရှိတယ်။

"တည်နေရာရွှေ့ပြောင်းဖို့အတွက် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးတုံးလိုတယ်။ အဲဒါက သာမန်သူတော်စင်တွေ တတ်နိုင်တဲ့အရာမဟုတ်ဘူး"

လီဖူချန်းက အထွတ်အထိပ်အဆင့်ဝိညာဉ်‌ကျောက်တုံးငါးတုံးကို ထုတ်လိုက်တယ်။ ဒီအထွတ်အထိပ်အဆင့်ဝိညာဉ်‌ကျောက်တုံးငါးတုံးက အံ့ဖွယ်သဘာဝဓားသူတော်စင်နဲ့ဆန်းကြယ်နက်နဲဓားသူ‌တော်စင်တို့က လက်ဆောင်ပေးထားတာပါ။ လီဖူချန်းက သူတို့နှစ်ယောက်ကို အခွင့်အရေးမယူပါဘူး၊ သူက သူတော်စင်တွေအတွက်အလွန်တန်ဖိုးရှိတဲ့အရင်းအမြစ်တွေနဲ့ လဲလှယ်ပေးခဲ့တယ်။

အထွတ်အထိပ်အဆင့်ဝိညာဉ်‌ကျောက်တုံးငါးတုံးကို ထည့်သွင်းပြီးနောက် အလင်းတန်းတစ်ခုက ကောင်းကင်ကို ထိုးတက်သွားတော့တယ်။

…

နက်ပြာကြယ်က နက်ပြာပလိန်းမှ အလင်းနှစ်၃၀အကွာမှ တည်ရှိတယ်။

အလင်းနှစ်ဆိုတာက တစ်နှစ်မှာ အလင်းခရီးသွားခဲ့တဲ့အကွာအဝေးကို ဆိုလိုတယ်။ ရိုးရှင်းစွာတွက်ချက်ရရင် အလင်းနှစ်တစ်နှစ်က မိုင်၁၉ထရီလီယံနဲ့ နီးကပ်တယ်။ အဲဒါက တကယ်ကို ကြောက်စရာကောင်းတဲ့အရေအတွက်တစ်ခုဖြစ်ပြီး သူတော်စင်တွေကတောင် ဒိီအကွာအဝေးကို ပြီးမြောက်နိုင်ဖို့ နှစ်အလွန်ကြာရှည်စွာ လိုအပ်တယ်။

နက်ပြာကြယ်ရဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်ပေါ်မှာ အလင်းတန်းတစ်ခုက ဆင်းသက်လာပြီး လီဖူချန်းရဲ့ပုံရိပ်က ထွက်ပေါ်လာတယ်။

"ကြယ်တွေ ရှိတာလား"

နက်ပြာကြယ်‌အပေါ် ဆင်းသက်ပြီးနောက် စကြာဝဠာရှိကြယ်ဥပဒေသကို လီဖူချန်းက ခံစားရတယ်။

ပလိန်းပေါ်မှာ ကြယ်ဥပဒေသကို ခံစားဖို့က မဖြစ်နိုင်ဘူး၊ ကြယ်တွေအတွင်းမှာသာ ဖြစ်နိုင်တယ်။

လီဖူချန်းက ကြယ်တွေအပေါ်မှာ ကျင့်ကြံနိုင်ရင် သူက နေလက်ကို ရောက်ရှိဖို့ ကြယ်ကျောက်တုံးနဲ့ရက်စက်နေပုတီးစေ့ကိုတောင် မလိုပါဘူး။

"တည်နေရာရွှေ့ပြောင်းရေးအစီအရင်မရှိရင် ငါက ကြယ်မြေပုံကို သုံးပြီးတော့သာ ခရီးသွားနိုင်မယ်"

စကြာဝ‌ဠာရဲ့တိုးတက်ဖွံ့ဖြိုးတဲ့ဇုန်တွေမှာ တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုကို တည်ဆောက်တာ အန္တရာယ်များလွန်းတယ်။ ပလိန်းအသီးသီးမှာ လျှို့ဝှက်ချက်တစ်ခု ရှိပြီး ပလိန်းရဲ့လူသားတွေက လွဲပြီး အခြားပလိန်းတွေမှသိရှိသူတွေက ရှားရှားပါးပါးအနည်းငယ်သာ ရှိတယ်။ ပလိန်းတစ်ခုက ဖော်ထုတ်ခံရရင် သန်မာတဲ့မျိုးနွယ်စုတွေရဲ့ပစ်မှတ်ထားခြင်းကို ခံရပါလိမ့်မယ်။

နက်ပြာကြယ်မှ ပျံသန်းလာရင်း လီဖူချန်းက သူ့ရဲ့ခရီးကို စတင်ခဲ့တယ်။

ကြယ်မြေပုံအရ အလင်းနှစ်ငါးနှစ်အကွာမှာ တည်နေရာရွှေ့ပြောင်းရေးကြယ်တစ်လုံးရှိတယ်။ ဒီကြယ်ကို သုံးပြီး သူက စကြာဝဠာမြို့တစ်မြို့ဖြစ်တဲ့စိတ်ဝိညာဉ်တစ်သောင်းမြို့ကို တည်နေရာရွှေ့ပြောင်းနိုင်တယ်။

စကြာဝဠာထဲရှိ စကြာဝဠာမြို့အသီးသီးမှာ ကြီးကျယ်ထင်ရှားတဲ့ပုဂ္ဂိုလ်တစ်ယောက်စီ ရှိတယ်။ စိတ်ဝိညာဉ်တစ်သောင်းမြို့အရှင်ဖြစ်တဲ့စိတ်ဝိညာဉ်တစ်သောင်းကောင်းကင်အရှင်က စကြာဝဠာရှိထိပ်တန်းအဆင့်ကောင်းကင်အရှင်တွေထဲကတစ်ယောက် ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်ဆယ်မီလီယံကတည်းက စိတ်ဝိညာဉ်တစ်သောင်းကောင်းကင်အရှင်က တည်ရှိခဲ့ပြီး အခုထိလည်း ဆက်လက်တည်ရှိနေဆဲပါပဲ။

စိတ်ဝိညာဉ်တစ်သောင်းမြို့မှာ မျိုးနွယ်စုမျိူးစုံနဲ့တကယ်ကို စည်ကားသိုက်မြိုက်လှပါတယ်။ လီဖူချန်းက သူ့ရဲ့အရင်းအမြစ်အားလုံးကို အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲနိုင်လောက်ပါတယ်။

မြန်နှုန်းတိုးလားတာနဲ့အမျှ လီဖူချန်းက အလင်းရဲ့မြန်နှုန်းကို လျင်မြန်စွာ ကျော်ဖြတ်သွားခဲ့တယ်။

စကြာဝဠာမှာ ခရီးသွားခြင်းက ပလိန်းတွေထဲမှာ ခရီးသွားရတာထက် ပိုမြန်တယ်။ ကန့်သတ်မှုတွေများစွာ မရှိဘူး၊ တစ်ယောက်ယောက်က လုံလုံလောက်လောက်စွမ်းဆောင်နိုင်ရင် မြန်နှုန်းကို ဆက်လက်တိုးမြင့်နိုင်ပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ရွေ့လျားရေးနည်းလမ်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ကောင်းကင်မျဉ်းဓားပညာရဲ့ပထမဓားကွက်ဖြစ်တဲ့ကောင်းကင်မြေကြီးလှည့်လည်ခြင်းကို ဥပမာယူပါ၊ အဲဒါက လီဖူချန်းရဲ့မြန်နှုန်းကို အဆုံးစွန်းအကန့်အသတ်ထိ ရောက်ရှိစေတယ်။ သနားစရာတစ်ခုကတော့ လီဖူချန်းရဲ့ကျင့်ကြံခြင်းက နိမ့်ကျနေသေးတာပဲ။ သူက သူတော်စင်တစ်ယောက်ရဲ့အဆင့်ကို ရောက်လာရင် သူက ဒီဓားကွက်ကို သုံးကာ ခရီးနှင်နိုင်တယ်။

(မြန်မာဘာသာပြန်သူ၏မှတ်စု: ကောင်းကင်မြေကြီးလည်ပတ်ခြင်းအစား ကောင်းကင်မြေကြီးလှည့်လည်ခြင်းလို့ ပြောင်းသုံးပါ့မယ် )

***

All Chapters