← Chapters

ခြေလေးချောင်းဝေလငါးမိစ္ဆာ

Vol. 86 Ch. 1208

ခြေလေးချောင်းဝေလငါးမိစ္ဆာ

Vol. 86 Ch. 1208

မကောင်းဆိုးဝါး ရောက်ရှိလာမှုကြောင့် ကျောင်းတော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။

အတန်းမစရသေးသဖြင့် ဆရာ၊ ဆရာမများရော၊ ကျောင်းသူကျောင်းသားများပါ တဖွဲဖွဲ ရောက်ရှိလာသည်။

“ဘုရားရေ ကြီးလိုက်တာ။ ဒါက ငါးကြီးလား။”

ကျောင်းသားအချို့မှာ ခန့်မှန်းကြည့်နေကြသည်။

ခြေတိုတိုနှင့် နှုတ်ခမ်းထူထူများ ဖယ်လိုက်ပါက ၎င်းသည် ဝေလငါးကြီးတစ်ကောင်နှင့် ဆင်တူလွန်းနေသည်။

ဝေလငါးမှာ ဆယ်ကီလိုမီတာခန့် ရှိသည်။

“ကျောင်းသားတွေ အရမ်းမကပ်ကြနဲ့။”

ဆရာအချို့ အော်ဟစ်သတိပေးနေသည်။

မည်သို့ပင်ဆိုစေကာမူ သောင်းနှင့်ချီသော ကျောင်းသားများမှာ ဆရာများ၏ သတိပေးစကားကို မကြားကြပေ။

ထိုသတ္တဝါသည် ကျောင်းတော်၏ ဝင်္ကပါထဲ ဝင်လာနိုင်သည့်အပြင် နေရာလွတ်သို့သာ ဆင်းသက်လာသောကြောင့် ရန်သူတစ်ဦး မဖြစ်နိုင်ပေ။

“ဝါး.....”

ဝေလငါးကြီး ရုတ်တရက် အော်ဟစ်လိုက်သောကြောင့် အနက်ရောင် စွမ်းအင်လှိုင်းများ ဖြာထွက်လာကာ ကီလိုမီတာ ငါးဆယ်ကျော်အထိ ပျံ့နှံ့သွားသည်။ ၎င်း၏ အရှိန်အဝါမှာလည်း ဆယ်ကီလိုမီတာကျော်အား လွှမ်းခြုံထားလေသည်။

၎င်း၏အရှိန်အဝါ စက်ကွင်းထဲ ဝင်ရောက်မိသော ကျောင်းသားကျောင်းသူတိုင်း လမ်းမလျှောက်နိုင်ပဲ လဲကျကုန်သည်။

“ကြောက်စရာကောင်းလိုက်တာ။”

“ဝါး.... ကယ်ကြပါဦး။”

ကျောင်းသားအချို့ အော်ဟစ်ကာ အကူအညီ တောင်းလာသည်။

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ဆရာ၊ ဆရာမများသည်လည်း ဝေလငါး၏ တစ်ကီလိုမီတာ အကွာအဝေး ရောက်လာသည်နှင့် ဖိနှိပ်မှုများကြောင့် ကောင်းကင်ထက်မှ ပြုတ်ကျကုန်သည်။

“ခင်ဗျားက ဘယ်သူလဲ။ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်ကို ဘာလာလုပ်တာလဲ။”

ဓားအင်မော်တယ် မင်ယွမ် မေးမြန်းလိုက်သည်။

ဝေလငါးကြီးမှာ အနားတွင် ရှိနေသူများအား မထီမဲ့မြင် ကြည့်ရှုလာသည်။

ဓားအင်မော်တယ် မင်ယွမ်မှာ ဓားထုတ်ကာ တိုက်ခိုက်ရန် ကြံရွယ်လိုက်ပါသော်လည်း ထိုဝေလငါးအား မည်သို့မှ ယှဥ်နိုင်မည် မဟုတ်ကြောင်း ခန့်မှန်းမိလိုက်သည်။

၎င်းသည် ဘာမှမလှုပ်ရှားပါသော်လည်း အခြားသော ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများမှာ ပေါက်ကွဲမတက် ဖြစ်နေလေပြီ။

ဝေလငါးကြီး၏ အမူအရာမှာ မောက်မာလွန်းလှသည် မဟုတ်လော။

“သောက်ကျိုးနည်း ဒင်းက ငါတို့ကို စော်ကားနေတာပဲ။”

“ငါတို့ကို ငတုံးတွေလို ကြည့်နေတာ။”

“မထီမဲ့မြင် လုပ်နေတာ။ သောက်ဂရု မစိုက်နေတာပဲ။”

“ဒီဝေလငါးကြောင့် ကျောင်းတော် သိက္ခာအကျမခံနိုင်ဘူး။ ငါတို့ တိုက်ခိုက်မှဖြစ်မယ်။”

ကျောင်းသားကျောင်းသူများမှာ ဝေလငါးထံ ပြေးဝင်လာကြပါသော်လည်း ၎င်း၏အရှိန်အဝါကြောင့် လှုပ်မရတော့ပေ။

ဝေလငါးကြီးသည် ၎င်းတို့ကို အထင်သေးနေသည့်အလား မထီမဲ့မြင် အမူအရာမှာ ပိုမိုဆိုးရွားလာသည်။

“ငါတို့ကို အကြည့်နဲ့ လှောင်နေတာပဲ။”

“သွေးတွေတောင် ဆူပွက်လာပြီ။ ဒင်းကို ဘယ်လိုလုပ်ရပါ့မလဲ။”

“ဟူး.... ဆရာတွေတောင် ဘာမှမလုပ်နိုင်တာကို...”

ကျောင်းသားကျောင်းသူများ သက်ပြင်းချနေစဥ်မှာပင် အုတ်ခဲနက် ရောက်ရှိလာသည်။

ကျောင်းသားအချို့ အော်ဟစ်လိုက်ကြသည်။

“စီနီယာကျောင်းသား အန်လင်းပဲ။”

“နတ်ဘုရားအန်၊ စီနီယာကျောင်းသူ စုရှောင်လန်၊ စီနီယာကျောင်းသား ရွှမ်းယွမ်ချန်နဲ့ စီနီယာကျောင်းသူ စုချန်းရန်တို့ပဲ။”

၎င်းတို့ ဝမ်းသာသွားကြသည်။

အဖြူရောင်ဝတ်စုံနှင့် အန်လင်းမှာ အာရုံစိုက် အခံရဆုံးပင်။

ကျောင်းတော်၏ ဒုတိယမြောက် နာမည်အကြီးဆုံး စုရှောင်လန်ကိုလည်း အားလုံး သိရှိနေကြသည်။

ရွှမ်းယွမ်ချန်နှင့် စုချန်းရန်သည်လည်း ကျောင်းတော်၏ အချောဆုံးများ ဖြစ်သောကြောင့် မသိသူ

၎င်းတို့လေးဦးမှာ ဝေလငါး၏ အရှိန်အဝါ စက်ကွင်းထဲ ဝင်ရောက်လာကြသည်။

“ကျွတ်..... မောက်မာလိုက်တဲ့ ဝေလငါးပဲ။”

အန်လင်း ခေါင်းခါလိုက်သည်။

“ဘယ်သူကများ ကျောင်းတော်နဲ့ ကစားချင်တာလဲ။”

စုရှောင်လန် ရေရွတ်လိုက်သည်။

ရွှမ်းယွမ်ချန် ကြောင်တောင်တောင် ဖြစ်နေသည်။

“ဒီလိုအခြေအနေမှာ ဒုကျောင်းအုပ် ယွီဟွားက ဘယ်ရောက်နေတာလဲ။”

“ကျောင်းတော်မှာ ရှိမနေဘူးထင်တယ်။”

စုချန်းရန် သုံးသပ်ကြည့်လိုက်သည်။

၎င်းတို့မှာ ဝေလငါးအနီးသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။

အနားသို့ ရောက်လာသည်နှင့်အမျှ ဖိအားမှာ ပိုမိုပြင်းထန်လာပြီး အသက်ရှူရန်ပင် ခက်ခဲလာရသည်။

တစ်ကီလိုမီတာ အဝေးသို့ ရောက်ပြီးနောက် စုချန်းရန်နှင့် ရွှမ်းယွမ်ချန်မှာ ရပ်တန့်လိုက်ကြသည်။

“ကျောင်းသား အန်လင်းနဲ့ ကျောင်းသူ စုရှောင်လန် မင်းတို့ သတိထားမှရမယ်။”

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင် သတိပေးလာသည်။

“စိတ်မပူပါနဲ့။ ကျွန်တော်က ဒါမျိုးတွေ ကျွမ်းတယ်။”

အန်လင်း ပြုံးကာပြောလိုက်သည်။

“စီနီယာကျောင်းသူ စုရှောင်လန်နဲ့ စီနီယာကျောင်းသား အန်လင်းက ဝေလငါးကြီးနဲ့ ပိုပိုနီးလာပြီ။”

“သူတို့က ဆရာတွေထက်တောင် ပိုသွားနိုင်တာပဲ။”

“နတ်ဘုရားအန်ကတော့ နတ်ဘုရားအန်ပါပဲ။ ဘယ်လို မိစ္ဆာဖြစ်ဖြစ် သမနိုင်လိမ့်မယ်။”

အားလုံးမှာ အန်လင်းနှင့် စုရှောင်လန်အား စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြသည်။

ဝေလငါးကြီးမှာလည်း အန်လင်းနှင့် စုရှောင်လန်အား စတင်ကြည့်ရှုလာလေပြီ။

“ဝါး....”

၎င်းထံမှ ခပ်နိမ့်နိမ့်အော်သံ ထွက်ပေါ်လာပြန်သည်။

အန်လင်းနှင့် စုရှောင်လန်မှာ တောင်တန်းကြီးနှင့် ဖိနှိပ်ခံရသလို ခံစားလိုက်ရသည်။

“ဟမ့်.... ဒီလိုနည်းနဲ့ တားချင်တာလား။”

အန်လင်း၏ မျက်ဝန်းမှာ ရွှေရောင်ပြောင်းလဲသွားပြီးနောက် ရွှေရောင်အလင်းများ ဖြာထွက်ကာ ဝေလငါး၏ အနက်ရောင် အရှိန်အဝါအား ထိုးဖောက်ဝင်ရောက်သွားသည်။

အံ့ဖွယ်ခွန်အားနည်းစနစ်.....

အန်လင်းမှာ ပြိုင်ဘက်ကင်း စစ်နတ်ဘုရားအလား ဝေလငါးထံ ဆက်လက်ချည်းကပ်နေသည်။

သူ၏ အံ့ဖွယ်ခွန်အားနည်းစနစ်သည် စုရှောင်လန်ကိုပါ လွှမ်းခြုံသွား၏။

ထိုနည်းစနစ်သည် တာအိုလက်တွဲဖော်ကိုပါ ကာကွယ်ပေးပုံရသည်။

ဝေလငါးကြီး အနည်းငယ် အံ့အားသင့်သွားသည်။

မကြာမီပင် အန်လင်းတို့မှာ ဝေလငါးရှေ့ ရောက်ရှိသွားကြသည်။

“စီနီယာက ကျောင်းတော်ကို ဘာကိစ္စနဲ့ အလည်လာတာလဲ မသိဘူး။”

ဝေလငါးကြီးမှာ မျက်စောင်းသာ ထိုးလာသည်။

ကျောင်းသားကျောင်းသူများရော ဆရာ၊ ဆရာမများပါ ဒေါသထွက်သွားရသည်။

မောက်မာလှချည်လား....

ဒင်းက အန်လင်းတို့ကိုတောင် လုံးဝအလေးမထားဘူးပဲ.....

စုရှောင်လန် : “.....”

အန်လင်း ပေါက်ကွဲကာ လက်ညှိုးငေါက်ငေါက် ထိုးလိုက်သည်။

“ဒီကျောင်းတော်က ကျုပ်စောင့်ရှောက်မှု အောက်မှာပဲ။ ခင်ဗျား ဘာမှလုပ်ဖို့ မစဥ်းစားနဲ့။ မဟုတ်ရင် သင်ခန်းစာ ပေးပစ်မယ်။”

ဝေလငါးမှာ အန်လင်းအား စိတ်ဝင်စားသွားသည်။

အဆုံးတွင် ၎င်းပါးစပ်ဟလာလေပြီ။

“အဟမ်း....ထွီ...”

ထို့နောက် အန်လင်းအား တံထွေးဖြင့် ထွေးလိုက်တော့သည်။

All Chapters