← Chapters

ရောင်ခြည်စက်ဝန်းမျိုးနွယ်

Vol. 62 Ch. 847

ရောင်ခြည်စက်ဝန်းမျိုးနွယ်

Vol. 62 Ch. 847

အလင်းနှစ်ငါးနှစ်က ဝေးကွာလွန်း၊ကြာရှည်လွန်းလှတယ်။ အစကတော့ လီဖူချန်းက အသစ်အဆန်းလေးနဲ့ တက်တက်ကြွကြွဖြစ်ပေမယ့် အချိန်တစ်ခုကြာတော့ ငြီးငွေ့လာသလို ခံစားရတယ်။

"အမ်.......ဒီကြယ်က အသက်စွမ်းအားတွေနဲ့ ပြည့်နှက်နေတာပဲ"

အဝေးမှ လီဖူချန်းက အစိမ်းရောင်ကြယ်တစ်လုံးကို မြင်လိုက်ရတယ်။

အရှိန်ကို တိုးကာ လီဖူချန်းက အစိမ်းရောင်ကြယ်ရဲ့လေထုထဲကို ဝင်ရောက်ခဲ့တယ်။

"ဒီလိုလွှမ်းမိုးတဲ့အဆိပ်စွမ်းအင်"

လေထုထဲမှာ လီဖူချန်းက သူ့ခန္ဓာကိုယ်အပြင်ဘက်မှအထိအတွေ့တစ်ခုကို ခံစားရတယ်။အဆိပ်စွမ်းအင်က နေလက်ချီစွမ်းအားကို တိုက်စားဖို့ကြိုးစားနေပေမယ့် နေလက်ချီစွမ်းအားကြောင့် အငွေ့ပျံသွားခဲ့ရတယ်။

လေထုကို ထိုးဖောက်ပြီးနောက် လီဖူချန်းက ကြယ်ရဲ့မျက်နှာပြင်ပေါ်ကို ရောက်ရှိလာတယ်။

ဒီနေရာရှိလေထဲမှာ လွှမ်းမိုးကြီးစိုးနေတဲ့အဆိပ်ဓာတ်ငွေ့ပါရှိသလို အလွန်အမင်းပြင်းထန်တဲ့အသက်စွမ်းအင်လည်း ပါရှိတယ်။ လုံးဝခြားနားနေတဲ့စွမ်းအင်နှစ်ခုက ချို့ယွင်းချက်မရှိ တစ်ခုနဲ့တစ်ခု ရောစပ်နေတယ်။

ဝိန်း........

ဧရာမအစိမ်းရောင်ဖွတ်ပုတက်တစ်ကောင်က လီဖူချန်းထံ ရက်စက်စွာ တိုက်ခိုက်လာတယ်။

ဝုန်း.........

အစိမ်းရောင်ဖွတ်ပုတက်က လီဖူချန်းထံ မချဉ်းကပ်နိုင်ခင် လီဖူချန်းရဲ့ချီတည်ရှိမှုကြောင့် ကြေမွသွားတယ်။

"ကြုံရာဖွတ်ပုတက်တစ်ကောင်က ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တစ်ယောက်ရဲ့ခွန်အား ရှိနေတယ်။ စကြာဝဠာက အံ့အားသင့်စရာတွေ၊ အန္တရာယ်တွေနဲ့ တကယ်ကို ပြည့်နေတာပဲ"

သက်ပြင်းတစ်ချက်ချကာ လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို ထုတ်လွှတ်လိုက်တယ်။

ကြယ်စိတ်တန်ခိုးစွမ်းအားရဲ့အနှောင့်အယှက်ရှိရင်တောင် အတွေးတစ်ချက်တည်းနဲ့ လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက အစိမ်းရောင်ကြယ်တစ်ခုလုံးကို လွှမ်းခြုံသွားတယ်။ ဒါပေမယ့် အစိမ်းရောင်ကြယ်ရဲ့အတွင်းပိုင်းက နက်ရှိုင်းလွန်းပြီး လီဖူချန်းက မြေအောက်မိုင်သောင်းအနည်းငယ်အထိသာ စစ်ဆေးကြည့်ရှုနိုင်တယ်။

"အဆိပ်နဲ့အသက်စွမ်းအင်တွေကို ကြယ်အတွင်းမှ ထုတ်လွှတ်‌နေတယ်။ ကြယ်အတွင်းမှာ ရတနာတစ်ခုခုရှိနေတာ ဖြစ်နိုင်မလား"

လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို စုစည်းကာ စီးကြောင်းတစ်ခုအဖြစ် ပျစ်ခဲစေပြီးနောက် ကြယ်ထဲသို့ ထိုးဖောက်လိုက်တယ်။

မိုင်တစ်သောင်း.........

မိုင်တစ်သောင်းငါးထောင်.......

ဒီကြယ်က အရွယ်အစားအားဖြင့် မိုင်တစ်သိန်းကိုအနည်းငယ်ကျော်တယ်။

မိုင်နှစ်သောင်း......

ရုတ်တရက် တင်းကြပ်စွာမှိတ်ထားတဲ့မျက်လုံးတစ်စုံကို လီဖူချန်းက မြင်လိုက်ရတယ်။

ဒီမျက်လုံးတစ်စုံက ကြီးလွန်းပြီး အရွယ်အစားအားဖြင့် မိုင်ထောင်အနည်းငယ် ရှိတယ်။

"မကောင်းတော့ဘူး" ချီစွမ်းအားပေါက်ကွဲထွက်လာမှုနဲ့အတူ လီဖူချန်းက အစိမ်းရောင်ကြယ်မှ ပျံသန်းထွက်လိုက်တယ်။

မျက်လုံးအရွယ်အစားက မိုင်ထောင်အနည်းငယ်ရှိရင် ခန္ဓာကိုယ်က မိုင်တစ်သိန်းပတ်ပတ်လည် ရှိမယ်။

လီဖူချန်း ထွက်သွားပြီး မကြာခင်မှာပဲ မျက်လုံးတွေက ပွင့်သွားတယ်။ အစိမ်းရာင့်ရောင်သူငယ်အိမ်တွေက အေးစက်ကာ ဂရုဏာကင်းမဲ့တယ်၊ သူတို့က စိတ်ဝိညာဉ်ကို သေချာပေါက် ချမ်းစိမ့်စမ့်ဖြစ်စေနိုင်တယ်။

…

"ဒါက နက္ခက်တာရာသားရဲတစ်ကောင် ဖြစ်သင့်တယ်"

အဝေးရှိ မိုင်ဆယ်ဘီလီယံအကွာမှ လီဖူချန်းက စိတ်သက်သာရာရစွာ အသက်ရှုထုတ်လိုက်တယ်။

နက္ခက်တာရာသားရဲတွေက နတ်ဆိုးသားရဲ‌တွေနဲ့ မတူပါဘူး။ ‌မွေးခါစနက္ခက်တာရာသားရဲတစ်ကောင်မှာ သူတော်စင်တစ်ယောက်ရဲ့ခွန်အား ရှိတယ်။ သူတို့တွေက စကြာဝဠာရဲ့ထိပ်မှာ ရပ်တည်နေတဲ့သားရဲမျိုးနွယ်စုပဲ။ နက္ခက်တာရာသားရဲတွေအပေါ်  လီဖူချန်းရဲ့နားလည်မှုအရ အရွယ်အစားတစ်သိန်းရှိတဲ့ဘယ်အကောင်မဆို သူတော်စင်အရှင်တစ်ယောက်ရဲ့ခွန်အားရှိတယ်။ ဧရာမခန္ဓာကိုယ်ကြောင့် သူတို့ရဲ့အသက်စွမ်းအားက သာမန်သူတော်စင်အရှင်တစ်ယောက်ထက် အနည်းဆုံးအဆ၁၀၀၀ဒါမှမဟုတ်အဆ၁၀၀၀၀ ပိုတယ်။ လီဖူချန်းက အဲဒါကို ဘယ်တော့မှ ရင်ဆိုင်နိုင်လိမ့်မှာ မဟုတ်ဘူး။

"မေ့လိုက်တော့။ ကွေ့ဝိုက်မနေဘဲ ငါ့ရာငါ ခရီးဆက်သွားတာပဲ ပိုကောင်းတယ်" လီဖူချန်းက သိလိုစိတ်မရှိတော့ပါဘူး။

သူ့ရဲ့လက်ရှိခွန်အားအရ စကြာဝဠာထဲမှာ စူးစမ်းလိုစိတ်များတာက သေမင်းကို ရှာဖွေနေတဲ့အလေ့အထတစ်ခုပါပဲ။

မသိလိုက်မသိဘာသာနဲ့ နှစ်တစ်ဝက်က ကုန်ဆုံးသွားပြီး လီဖူချန်းကလည်း အလင်းနှစ်၂နှစ်ခန့် ခရီးနှင်ပြီးလေပြီ။ တည်နေရာရွှေ့ပြောင်းရေးကြယ်ကို ရောက်ရှိဖို့ သူက အလင်းနှစ်သုံးနှစ် ကျန်ရှိသေးတယ်။

"ကံကောင်းတာကတော့ သူတော်စင်တွေမှာ အနည်းဆုံးနှစ်တစ်သိန်းသက်တမ်းရှိနေတာပဲ။ အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်မှာ အနည်းဆုံးနှစ်၁မီလီယံသက်တမ်း ရှိတယ်။ ဒါပေမယ့် သက်တမ်းအများစုက စကြာဝဠာထဲမှာ ခရီးသွားနေရင်းနဲ့ပဲ ကုန်ဆုံးသွားရလိမ့်မယ်"

လီဖူချန်းရဲ့အမြင်အရ အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ဖြစ်လာပြီးနောက် အချိန်က ၎င်းရဲ့အဓိပ္ပါယ်ကို ဆုံးရှုံးသွားခဲ့ပါပြီးလေ။

နှစ်ဒါဇင်များစွာ ခရီးသွားရတာက ဘာမှ မဟုတ်တော့ပါဘူး။

ဘွတ်အဲ.......

ဝုန်း ဝုန်း ဝုန်း........

ဒုံး ဒုံး......

သေဆုံးနေတဲ့အလား တိတ်ဆိတ်ငြိမ်သက်နေတဲ့စကြာဝဠာက ရုတ်တရက် အသံတွေနဲ့  ပဲ့တင်ထပ်လာတယ်။ ပြီးနောက်ချက်ချင်းပဲ အားကောင်းတဲ့အလင်းတွေက ပေါက်ကွဲထွက်လာပြီး မိုင်မီလီယံအထိ ဖြာထွက်သွားတော့တယ်။

"တိုက်ပွဲတစ်ခု ဖြစ်နေတယ်။ အနေအထားအရ အနည်းဆုံး အဆင့်မြင့်သူတော်စင်တစ်ယောက်ရဲ့အဆင့်မှာ ရှိနေတယ်" သူက စူးစမ်းချင်စိတ်မရှိဘူးလို့ လီဖူချန်းက ပြောရင် သူက လိမ်နေတာသာ ဖြစ်လိမ့်မယ်။

"ငါ တစ်ချက်သွားကြည့်လိုက်အုံးမယ်"

အရင်ကနဲ့ မတူတာက လီဖူချန်းက ဒီအချိန်မှာ ကြိုတင်ပြင်ဆင်ထားတယ်။ ဒါ့ပြင် တိုက်ပွဲအနေအထားက သူ့ကို ထိတ်လန့်တုန်လှုပ်စေဖို့ မလုံလောက်ဘူး။ တစ်ချက်လောက်ကြည့်တာက ဘာအန္တရာယ်မှ မရှိနိုင်ပါဘူးလေ။

လျင်မြန်စွာ ချဉ်းကပ်ရင်း လီဖူချန်းက တိုက်ပွဲမြင်ကွင်းကို မြင်နိုင်လာတယ်။

တိုက်ပွဲကွင်းပြင်ကတော့ ဖုန်တွေနဲ့ ပြည့်နေပြီး အလင်းထုတ်လွှတ်နေတဲ့ဆယ်မီတာရှည်တဲ့ပုံရိပ်တစ်ခု ရှိတယ်။ အရွယ်အစားအားဖြင့် မိုင်တစ်သောင်းရှိတဲ့နက္ခက်တာရာသားရဲတစ်ကောင် ပါဝင်တဲ့တိုက်ပွဲကြီးတစ်ခုပါပဲ။

"ဒါ ရောင်ခြည်စက်ဝန်းမျိုးနွယ်ပဲ"

စွန့်စားခရီးမထွက်လာခင် လီဖူချန်းက ဓားသမားအစည်းအရုံးရဲ့စာကြည့်တိုက်ရှိစာအုပ်တွေမှတစ်ဆင့် စကြာဝဠာရဲ့ဗဟုသုတတွေနဲ့မျိုးနွယ်စုအမျိုးမျိုးရဲ့မိတ်ဆက်တွေကို ဖတ်ရှုခဲ့တယ်။ ရောင်ခြည်စက်ဝန်းမျိုးနွယ်က ရေကြည်ရာမျက်နုရာလှည်လည်နေထိုင်တဲ့မျိုးနွယ်စုတစ်စုဖြစ်တယ်လို့ မှတ်တမ်းတင်ထားတယ်။ သူတို့က စွမ်းအင်သက်ရှိတွေနဲ့တူတယ် ဒါပေမယ့် သူတို့မှာ အစစ်အမှန်ခန္ဓာကိုယ်မရှိဘူး။ သူတို့က ဟင်းလင်းပြင်နဲ့ဒြပ်ဝတ္ထုတွေကို ကျော်ဖြတ်နိုင်တဲ့ မွေးရာပါစွမ်းရည်ရှိတယ်။ သူတို့ရဲ့တစ်ဦးချင်းစီခွန်အားက အားကောင်းတယ်၊ အရေအတွက်သာ မကင်းမဲ့ရင် သူတို့က ဘယ်မျိုးနွယ်စုထက်မှ နိမ့်ကျမှာ မဟုတ်ဘူး။

"ဒီရောင်ခြည်စက်ဝန်းသူတော်စင်က အထွတ်အထိပ်သူတော်စင်တစ်ယောက်ရဲ့ခွန်အား ရှိတယ်။ နက္ခက်တာရာသားရဲက သာမန်အဆင့်မြင့်သူတော်စင်တစ်ယောက်နဲ့သာ နှိုင်းယှဉ်နိုင်တယ်"

လီဖူချန်းက အကြည့်တစ်ချက်နဲ့ နှစ်ဖက်လုံးရဲ့ခွန်အားကို ခွဲခြမ်းစိတ်ဖြာနိုင်တယ်။

"ချိုးဖြတ်စမ်း"

ရောင်ခြည်စက်ဝန်းသူတော်စင်မှာ လက်နက်တစ်ခုမှ မရှိပါဘူး။ သူ့အတွက်ကတော့ သူ့ခန္ဓာကိုယ်က လက်နက်တစ်ခုပါပဲ။ သူ့ရဲ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ရောင်ခြည်စက်ဝန်းခုတ်ပိုင်းချက်တစ်ခုက နက္ခက်တာရာသားရဲကို ခုတ်ဖြတ်သွားခဲ့တယ်။

နက္ခက်တာရာသားရဲက ရေကျွဲတစ်ကောင်နဲ့ အနည်းငယ်တူပေမယ့် ခြေဆယ့်နှစ်ဖက်နဲ့မျက်လုံးရှစ်လုံး ရှိတယ်။

ရောင်ခြည်စက်ဝန်းခုတ်ပိုင်းချက်က ထိုးဖောက်သွားတဲ့အခါ နက္ခက်တာရာသားရဲမှာ သွေးထွက်ဒဏ်ရာတစ်ခု ရှိသွားတယ်။

"ဒဏ်ရာတစ်ခုလောက်ပဲ ခုတ်ဖြတ်ခဲ့တာလား"

လီဖူချန်းက နက္ခက်တာရာသားရဲတစ်ကောင်ရဲ့ကြောက်မက်ဖွယ်ရာကို နောက်ဆုံးတော့ မျက်မြင်တွေ့ခဲ့ပါပြီ။

နက္ခက်တာရာသားရဲမှာ သာမန်အဆင့်မြင့်သူတော်စင်တစ်ယောက်ရဲ့ခွန်အားသာ ရှိတယ်။ သူ့နေရာမှာ နတ်ဆိုးအရှင်သခင်တစ်ယောက်ဆိုရင်တောင် အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မှာ မဟုတ်ဘူး။

ဘွတ်အဲ.......

ဒဏ်ရာက လျင်မြန်စွာ ပျောက်ကင်းသွားတယ်၊ နက္ခက်တာရာသားရဲက ဟိန်းသံတစ်ချက်ပေးလိုက်တယ်။ မျက်လုံးရှစ်လုံးက အလင်းဖြာထွက်သွားပြီး မျက်လုံးတစ်လုံးစီက စွမ်းအင်ရောင်ခြည်တန်းတစ်ခုကို ပစ်လွှတ်လိုက်တယ်။

အနေအထားကို မြင်ပြီး ရောင်ခြည်စက်ဝန်းသူတော်စင်က နှာခေါင်းရှုံ့လိုက်တယ်။ သူက မရှောင်ပါဘူး၊ ‌စွမ်းအင်ရောင်ခြည်တန်းကို သူ့ခန္ဓာကိုယ်အား ဖြတ်ကျော်ခွင့်ပေးလိုက်တယ်။

"ရောင်ခြည်စက်ဝန်းမျိုးနွယ်က တကယ် ပြောင်မြောက်လှတယ်" လီဖူချန်းက တိတ်တဆိတ် ချီးကျူးလိုက်တယ်။

ရောင်ခြည်စက်ဝန်းမျိုးနွယ်တွေနဲ့တိုက်ခိုက်ရတာက တကယ် ခေါင်းကိုက်စရာပဲ။ သာမန်တိုက်ခိုက်မှုတွေက သူတို့ရဲ့ခန္ဓာကိုယ်ကို မထိတွေ့နိုင်ဘူးလေ။ အလွန်အမင်းအားကောင်းတဲ့ဥပဒေသနဲ့ဆန်းကြယ်မှုတွေပါရှိတဲ့လှုပ်ရှားကွက်တွေအများစုကတောင် အချည်းအနှီးဖြစ်သွားရလိမ့်မယ်။

"ရောင်ခြည်စက်ဝန်းလှုပ်ရှားချက်"

ရုတ်တရက် ရောင်ခြည်စက်ဝန်းလှိုင်းဂယက်တစ်ခုက ပျံ့နှံ့လာတယ်။

နက္ခက်တာရာသားရဲကို ရောင်ခြည်စက်ဝန်းလှိုင်းဂယက်က သက်ရောက်သွားပြီး ၎င်းက တောင့်တင်းသွားခဲ့ရတယ်။ ၎င်းခန္ဓာကိုယ်ရဲ့မျက်နှာပြင်က လှိုင်းတစ်ခုနဲ့ တူနေတယ်။

"မကောင်းတော့ဘူး"

လီဖူချန်းက တိုက်ပွဲပြင်ကို ချဉ်းကပ်ရဲတဲ့အကြောင်းရင်းကတော့ သူ့မှာ သူ့ရဲ့ချီတည်ရှိမှုကို ဖုံးကွယ်ဖို့စိတ်ဝိညာဉ်စွမ်းရည် ရှိလို့ပါပဲ။ ဒါပေမယ့် ရောင်ခြည်စက်ဝန်းလှိုင်းဂယက်ကြောင့် သူ့ခန္ဓာကိုယ်က ဆတ်ခနဲလှုပ်သွားပြီး သူ့ရဲ့ချီတည်ရှိမှုက ပေါ်ထွက်သွားရတယ်။

"အဲမှာ ဘယ်သူရှိနေတာလဲ" ရောင်ခြည်စက်ဝန်းသူတော်စင်ရဲ့မျက်လုံးတွေက ကြည့်ရှုစစ်ဆေးလိုက်တယ်။

"လူသားတစ်ယောက်လား" ရောင်ခြည်စက်ဝန်းသူတော်စင်က မျက်မှောင်ကြုတ်လိုက်တယ်။

လူသားတွေက စကြာဝဠာရှိအဓိကမျိုးနွယ်စုတစ်ခု ဖြစ်တယ်။ အားနည်းတဲ့လူသားတွေက အလွန်အားနည်းသလို သန်မာတဲ့လူသားတွေက အလွန်သန်မာတယ်။ စကြာဝဠာထဲမှာ လူသားကောင်းကင်အရှင်တွေဖြစ်တဲ့အာဏာရှင်တွေများစွာ ရှိတယ်။

"ငါ မတော်တဆ ဖြတ်သန်းမိတာတာပါ။ တောင်းပန်ပါတယ်" လီဖူချန်းက တောင်းပန်စကားပြောပြီးနောက် ချက်ချင်း လှည့်ကာ ထွက်ခွာလိုက်တယ်။

ရောင်ခြည်စက်ဝန်းသူတော်စင်က လီဖူချန်းကို မတားဆီးခဲ့ပါဘူး။ သူက လီဖူချန်းရဲ့ခွန်အားကို နားမလည်ဘူး၊ သူက လီဖူချန်းကို မဆင်မခြင် တားဆီးခဲ့မိရင် သူက ပြောင်မြောက်တဲ့ရန်သူတစ်ယောက်ကို ရန်စသလိုဖြစ်သွားနိုင်ပါတယ်။

နက္ခက်တာရာသားရဲတစ်ကောင်ကို ဖယ်ရှားနေတဲ့အချိန်မှာ နောက်ထပ်ဒုက္ခတစ်ခုကို ဖိတ်ခေါ်ဖို့ မလိုအပ်ပါဘူး။

ဒါပေမယ့် လီဖူချန်းမှာ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်တွေ ရှိရင်တော့ ရောင်ခြည်စက်ဝန်းသူတော်စင်က နက္ခက်တာရာသားရဲကို လက်လျော့ကာ လီဖူချန်းကို တန်ဖိုး‌တစ်ခုပေးဆပ်စေခိုင်းမှာပါ။

"နက္ခက်တာရာသားရဲတွေမှာ နက္ခတာရာပုံဆောင်ခဲ ပါရှိပြီး အဲဒါတွေက ရောင်ခြည်စက်ဝန်းမျိုးနွယ်တွေအတွက် ကျင့်ကြံခြင်းအရင်းအမြစ်တွေပဲ"

ရောင်ခြည်စက်ဝန်းသူတော်စင်က လိုက်မဖမ်းတာကြောင့် လီဖူချန်းက စိတ်သက်သာရာရသွားတော့တယ်။

***

All Chapters