← Chapters

စိတ်ဝိညာဉ်တစ်သောင်းမြို့

Vol. 62 Ch. 848

စိတ်ဝိညာဉ်တစ်သောင်းမြို့

Vol. 62 Ch. 848

သန်မာတဲ့စိတ်ဝိညာဉ်တစ်ခုရှိတာက တကယ်ကို အကျိုးကျေးဇူးများတယ်။ ခရီးအတွင်း လီဖူချန်းက သူ့ရဲ့စိတ်ကို ခွဲထုတ်နိုင်တယ်၊ တစ်ချိန်တည်းမှာပဲ ခရီးသွားရင်းနဲ့ နားလည်မှုတွေ ပြုလုပ်နိုင်တာပေါ့။

နှစ်တစ်ဝက်ခန့်ခရီးသွားပြီးနောက် လီဖူချန်းက ကြယ်တွေ မရေမတွက်နိုင်လောက်အောင် လေ့လာခဲ့တယ်။ ကြယ်တွေမှထုတ်လွှတ်တဲ့ကြယ်ဥပဒေသမှာ ခြားနားချက်တွေ ရှိတယ်၊ လီဖူချန်းကို ကြယ်ဥပဒေသအား ပို၍နားလည်လာစေတယ်။ အခုဆိုရင် နေလက်က အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပါပြီ။

နေလက်က အထွတ်အထိပ်အဆင့်မှာ ရှိလာသလို လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားကလည်း သိသိသာသာ တိုးတက်လာတယ်။ အရင်ကတော့ လီဖူချန်းက သာမန်အထွတ်အထိပ်သူတော်စင်တစ်ယောက်သာ ဖြစ်ပေမယ့် အခုဆိုရင် သူက ပျှမ်းမျှအထွတ်အထိပ်အဆင့်သူတော်စင်အထက်မှာ ရှိတယ်။

စကြာဝဠာက မဖောက်မပြန်ထာဝရတည်မြဲလှတယ်၊ တစ်နှစ်ပတ်လုံး ခရီးနှင်ပြီးနောက် လီဖူချန်းက အနီးဆုံးတည်နေရာရွှေ့ပြောင်းရေးကြယ်ကို နောက်ဆုံးတော့ ရောက်ရှိလာတယ်။

ဒီတည်နေရာရွှေ့ပြောင်းရေးကြယ်က လူတစ်ယောက်ပြုလုပ်ထားတဲ့ကြယ်တစ်ခုဖြစ်တာ သိသာလှတယ်။ အပြင်ဘက်ကနေကြည့်ရင် သတ္တုကြယ်တစ်လုံးနဲ့ တူတယ်။

တည်နေရာရွှေ့ပြောင်းရေးကြယ်က ကြီးမားခြင်းမရှိဘူး၊ မိုင်၄၅၀လောက်သာ ရှိတယ်။ မြင့်မားတဲ့တည်နေရာရွှေ့ပြောင်းရေးပလက်‌ဖောင်းက လွဲပြီး အခြားဘာတစ်ခုမှမရှိပါဘူး။

အခြားမျိုးနွယ်စုသူ‌တော်စင်တွေကလည်း ဒီနေရာမှာ စောင့်ဆိုင်းနေတယ်။

အခြားမျိုးနွယ်သူတော်စင်တွေကို မြင်ပြီးနောက် လီဖူချန်းက ဗဟုသုတအချို့ကို ရရှိခဲ့တယ်။ သူတို့မှာ ဆန်းပြားတဲ့မျက်နှာပေါက်တွေ၊ ပုံသဏ္ဍာန်လေးတွေ ရှိတယ်။ တစ်ယောက်က လူသားပုံသဏ္ဍာန်ထယ်ရနက်ဆော(ဒိုင်‌နိုဆောတစ်ကောင်ရဲ့နာမည်ပါ)တစ်ကောင်ဖြစ်ပြီး နောက်ကျောမှာ ရှည်လျားတဲ့အမြီးတစ်ခုက တွဲကျနေတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက ကျောက်တုံးတွေနဲ့တစ်‌ယောက်လည်း ရှိတယ်။ စွမ်းအင်သက်ရှိအချို့လည်း ရှိတယ်။

"အမ်" လီဖူချန်းက ထိုရောင်ခြည်စက်ဝန်းသူတော်စင်ကို မြင်လိုက်တယ်။

ရောင်ခြည်စက်ဝန်းမျိုးနွယ်‌တွေက တစ်ယောက်နဲ့တစ်ယောက် တူညီကြပြီး အပြင်လူတွေက ခွဲခြားရန် ခက်ခဲတယ်။ ဒါပေမယ့် သူက ရောင်ခြည်စက်ဝန်းသူတော်စင်ကို အမှတ်မမှားတာ သေချာတယ်။ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားက အသေးငယ်ဆုံးခြားနားချက်ကိုတောင် ရှာ‌တွေ့နိုင်တယ်လေ။

ရောင်ခြည်စက်ဝန်းသူတော်စင်က လီဖူချန်းထက် ပိုမြန်တာ အလွန်သိသာတယ်။

"ငါတို့က နှစ်ယောက်လိုသေးတယ်၊ အားလုံးပဲသည်းခံပြီး စောင့်ဆိုင်းပေးကြပါအုံး" ကြယ်ရဲ့မျက်နှာပြင်ပေါ်မှာ သတ္တုလူသားတစ်ယောက်က ထွက်လာကာ ပြောလိုက်တယ်။

အဲဒါကို စောင့်နေတာ တစ်လကျော်ကြာသွားခဲ့တယ်၊ နောက်ဆုံးမှာတော့ သူတော်စင်နှစ်ယောက်က တစ်ချိန်တည်း ရောက်ရှိလာတော့တယ်။ သူတော်စင်နှစ်ယောက်ကို ဖယောင်းနဲ့တူတဲ့အဖြူရောင်အရေပြားအလွှာတစ်ခုနဲ့ ဖုံးအုပ်ထားတယ်။ သူတို့မှာ အဖြူရောင်ဦးချိုတစ်စုံရှိပြီး အလွန်ခြိမ်းခြောက်နိုင်စွမ်းက တည်ရှိနေတယ်။

"အဖြူရောင်အဝတ်စမျိုးနွယ်" လီဖူချန်းက သူတို့ရဲ့မျိုးနွယ်ကို ချက်ချင်း ခွဲခြားနိုင်တယ်။

(အဖြူရောင်အဝတ်စဆိုတာ လူသေအလောင်းတွေမှာပတ်လေ့ရှိတဲ့အဖြူရောင်အဝတ်စကို ဆိုလိုတာပါ)

ဒိီမျိုးနွယ်က သေမင်းကို ကြောက်ရွံ့ခြင်းမရှိလို့ လူသိများတယ်၊ သူတို့ကို ရန်စရဲတဲ့သူတွေက ရှားပါးတယ်။

"လူစုံပြီးဆိုတော့ အားလုံးပဲ တည်နေရာရွှေ့‌ပြာင်းရေးပလက်ဖောင်းပေါ် တက်ပေးကြပါ"

သတ္တုလူက စကားပြောဆိုပြီးနောက် မှိန်ဖျောဖျောအလင်းတန်းတစ်ခုက တည်နေရာရွှေ့‌ပြာင်းရေးပလက်ဖောင်းပေါ်မှာ လင်းလက်လာတယ်။

ရွှမ်း ရွှမ်း ရွှမ်း.........

သူတော်စင်အယောက်နှစ်ဆယ်က တည်နေရာရွှေ့‌ပြာင်းရေးပလက်ဖောင်းအပေါ် တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်ခဲ့ကြတယ်။

ဝီ ဝီ........

ပြီးနောက် အလင်းတန်းတစ်ခုက စကြာဝဠာကို ထိုးဖောက်ကာ ပျောက်ကွယ်သွားတော့တယ်။

စိတ်ဝိညာဉ်တစ်သောင်းကြယ်က စိတ်ဝိညာဉ်တစ်သောင်းမြို့ကို လှည့်ပတ်နေတဲ့ ကြယ်တစ်လုံးဖြစ်တယ်။

စိတ်ဝိညာဉ်တစ်သောင်းကြယ်ရဲ့တည်နေရာရွှေ့ပြောင်းရေးရင်ပြင်ပေါ်မှာ တည်နေရာရွှေ့‌ပြာင်းရေးပလက်ဖောင်းပေါင်းစုံရှိတယ်။ အလင်းတန်းတစ်ခုက တည်နေရာရွှေ့‌ပြာင်းရေးပလက်ဖောင်းတွေထဲကတစ်ခုအပေါ် ဆင်းသက်လာတယ်။ လီဖူချန်းနဲ့အခြားသူတော်စင်တွေက အလင်းတန်းမှ ထွက်ပေါ်လာတယ်။

"ဒါက စိတ်ဝိညာဉ်တစ်သောင်းမြို့ပေါ့" ကြည့်နေရင်း လီဖူချန်းက အတော်လေးအံ့ဩတုန်လှုပ်နေမိတယ်။

စိတ်ဝိညာဉ်တစ်သောင်းမြို့မှာ မြို့ဝင်ပေါက်တစ်ခုသာ ရှိပြီး ကြီးမားတဲ့ရွှေရောင်စာလုံးသုံးလုံးနဲ့ 'စိတ်ဝိညာဉ်တစ်သောင်းမြို့'ဆိုပြီး ရေးသားထားတယ်။

မြို့ဝင်ပေါက်ရဲ့အပြင်ဘက်မှာ စကြာဝဠာရဲ့အနက်ပိုင်းတွေအထိ သွယ်တန်းထားတဲ့ ရွှေရောင်လမ်းကြောင်းတစ်ခု ရှိတယ်။

ရွှေရောင်လမ်းကြောင်းပေါ်မှာ ကြီးကြီးသေးသေးပုံရိပ်တွေက မြို့ဝင်ပေါက်ဆီသို့ စီတန်းနေတယ်။

"စကြာဝဠာမြို့တစ်ခုက တကယ်ကို အံ့အားသင့်စရာပဲ"

သူ‌တော်စင်တွေကြားမှာ စကြာဝဠာမြို့ကို အခုမှ ပထမဆုံးအကြိမ်ရောက်ဖူးတဲ့သူတွေ အများကြီးရှိတယ်။ သူတို့က ပါးစပ်‌တွေဟလျက် မျက်နှာတွေက အံ့ဩတုန်လှုပ်မှုအပြည့် ဖြစ်နေတယ်။

မကြာမီမှာပဲ လီဖူချန်းနဲ့သူတော်စင်အုပ်စုတို့ကလည်း တန်းစီခဲ့ကြတယ်။ သူတို့က မြို့ဝင်ပေါက်ဆီ ဖြည်းဖြည်းချင်း လျှောက်လမ်းနေကြတယ်။

"ဒါက နှေးလွန်းတယ်၊ ဘယ်အချိန်မှ ငါတို့အလှည့်ရောက်မှာလဲ" လူသားပုံသဏ္ဍာန်ထယ်ရနက်ဆောသူတော်စင်က ငြီးတွားလိုက်တယ်။

ဒါပေမယ့် ဒါက သူ့အိမ်မဟုတ်တာကြောင့် သူက ညည်းညူရုံသာ တတ်နိုင်တယ်။ သူက ဒီနေရာမှာ မဆင်မခြင်ပြုမူရဲရင်တော့ သူ့အတွက်က သေခြင်းတရားပေါ့လေ။

အချိန်အတော်ကြာတန်းစီပြီးနောက် နောက်ဆုံးတော့ လီဖူချန်းရဲ့အလှည့်ပါပဲ။

"လူတစ်ယောက်စီက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်တုံး ဒါမှမဟုတ် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတစ်ဆယ်မီလီယံ လိုတယ်။ သတိရပါ၊ မြို့ဝင်ခွင့်အဆောင်ကို မဆုံးရှုံးစေပါနဲ့။ အဲဒါနဲ့ဆိုရင် မင်းတို့က ဆယ်နှစ်အတွင်း ဝင်ကြေးထပ်မံပေးချေစရာမလိုတော့ဘူး" မြို့ဝင်ပေါက်ရှိအစောင့်တွေက သူတော်စင်တွေဖြစ်ပြီး အစောင့်ခေါင်းဆောင်က ကျယ်လောင်စွာ အော်ပြောနေတယ်။

"မြို့ဝင်ကြေးက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်တုံး........ ။ နှစ်ပေါင်းမရေမတွက်နိုင်စွာကြာရှိပြီးဆိုတော့ စိတ်ဝိညာဉ်တစ်သောင်းမြို့အရှင်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး‌တွေ ဘယ်လောက်တောင် စုဆောင်းမိနေမှာလဲ........"

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်မိတယ်။

စကြာဝ‌ဠာထဲမှာ ကောင်းကင်အရှင်တွေကြားမှာတောင် ကြီးမားတဲ့ခြားနားချက်တစ်ခု ရှိတယ်။ မြို့အရှင်တစ်ယောက်က သာမန်ကောင်းကင်အရှင်တစ်ယောက်ထက် အဆ၁၀၀ဒါမှမဟုတ်၁၀၀၀ ပိုချမ်းသာတာ ပုံမှန်ပါပဲ။ အရိုးသားဆုံးပြောရရင် လီဖူချန်းအနေနဲ့ စိတ်ဝိညာဉ်တစ်သောင်းမြို့အရှင်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်တောင်ပိုင်ဆိုင်နေမလဲကို စိတ်ကူးတောင်မယဉ်နိုင်လောက်ပါဘူး။

လီဖူချန်းမှာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတွေ ကြီးမားတဲ့ပမာဏတစ်ခု ရှိတယ်၊ ဒါကြောင့်၊ သူက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်တုံးအစား အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတစ်ဆယ်မီလီယံကို ပေးချေဖို့ရွေးချယ်လိုက်တယ်။

ပေးချေပြီးနောက် လီဖူချန်းက အဆောင်တစ်ခုကို ရရှိခဲ့တယ်။ အဆောင်မှာ စိတ်ဝိညာဉ်တစ်‌သောင်းမြို့နဲ့တူညီတဲ့ချီတည်ရှိမှု ပါရှိတယ်။ လီဖူချန်း အဆောင်ကို ရရှိတာနဲ့ ချီတည်ရှိမှုက အလွန်အမင်းနှေးကွေးတဲ့အရှိန်နဲ့ လျော့ကျနေတယ်၊ အဲဒါကို ထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။

"ဝင်ခွင့်အဆောင်က စိတ်ဝိညာဉ်တစ်သောင်းကောင်းကင်အရှင်ရဲ့ချီတည်ရှိမှုကို ပိုင်ဆိုင်တယ်။ အတုလုပ်ဖို့က မဖြစ်နိုင်ဘူး"

လီဖူချန်းက ဝင်ခွင့်အဆောင်ကို သိမ်းပြီးနောက် မြို့ထဲကို လမ်းလျှောက်လာတယ်။

ကြိီးမားကျယ်ပြန့်လွန်းလှတယ်........

စိတ်ဝိညာဉ်တစ်သောင်းမြို့ရဲ့လမ်းတွေက စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားပြီး အနည်းဆုံး အကျယ်အားဖြင့် မိုင်တစ်‌ထောင်ခန့် ရှိတယ်။ ဘေးနှစ်ဖက်ရှိအဆောက်အဦးတွေက အမြင့်အားဖြင့် မိုင်တစ်ရာရှိပြီး အချို့ကတော့ အမြင့်မိုင်တစ်ထောင် ရှိတယ်။

လီဖူချန်းက အရူးတစ်ယောက်မဟုတ်ပါဘူး၊ ကြီးမားကျယ်ပြန့်တဲ့လမ်းတွေက ပို၍သက်သောင့်သက်သာအဆင်ပြေစေမှုကို သယ်ဆောင်ပေးမှန်း သူ သိပါတယ်။

တကယ်တော့ မျိုးနွယ်စုအသီးအသီးရဲ့သက်ရှိတွေက အရွယ်အစားမတူညီကြဘူးလေ၊ အဲတော့ စံသတ်မှတ်ချက်တစ်ခု မရှိဘူးပေါ့။ လူသားတွေကို စံသတ်မှတ်ချက်တစ်ခုအနေနဲ့ ထားရှိဖို့လည်း မဖြစ်နိုင်ပါဘူး၊ စိတ်ဝိညာဉ်တစ်သောင်းမြို့အရှင်က လူသားတစ်ယောက်မဟုတ်တာကို အသာထားရင်တောင်မှပေါ့။

ဒါပေမယ့် ကြီးလွန်းရင်လည်း လုံးဝအဆင်မပြေနိုင်ပါဘူး။ သားရဲအရှင်သခင်တစ်ယောက်က သူ့ရဲ့မူလခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်တစ်သောင်းမြို့ကို ဝင်ရောက်ရင် လမ်းတွေက မိုင်ထောင်ကျော်တဲ့သား‌ရဲတွေနဲ့ မသင့်လျှော်လှပါဘူး။ သူတို့နဲ့သင့်တော်‌တဲ့အိမ်တွေလည်း ရှိလိမ့်မှာမဟုတ်ပါဘူး။

တစ်ချို့အရွယ်အစားကြီးမားတဲ့မျိုးနွယ်စုတွေက သူတို့ရဲ့ခန္ဓာကိုယ်ကို ပိုသေးငယ်အောင် ပြုလုပ်ရပါလိမ့်မယ်။ ပျှမ်းမျအရွယ်အစားရှိတဲ့ခန္ဓာကိုယ်တွေအတွက်ကတော့ ပြောင်းလဲစရာမလိုပါဘူး၊ မြို့ထဲကို သူတို့ရဲ့အစစ်အမှန်ခန္ဓာကိုယ်နဲ့ ရိုးရိုးစင်းစင်း ဝင်ရောက်နိုင်ပါတယ်။

မြို့အတွင်းမှာ သူတော်စင်တွေတင်မကပါဘူး၊ သူတော်စင်အောက်ရှိသူတွေလည်း အများကြီး ရှိတယ်။

"သေးလွန်းတယ်၊ အနည်းငယ် ပိုကြီးစမ်း"

လီဖူချန်းရဲ့ခန္ဓာကိုယ်က ကြီးမားလာပြီး အမြင့်မီတာတစ်သောင်းရှိတဲ့ဧရာမလူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။

ခန္ဓာကိုယ်အပြင်အားသူ‌တော်စင်တစ်ယောက်အနေနဲ့ သူ့ရဲ့တိုက်ခိုက်ရေးခွန်အားမှာ အကျိုးဆက်တစ်ခုမှမရှိစေဘဲနဲ့ လီဖူချန်းက သူ့ရဲ့အရွယ်အစားကို  မကြာခဏ ပြောင်းလဲနိုင်တယ်။

"ဆိုင်တစ်ဆိုင်ကို တစ်ချက်သွားကြည့်ရတာပေါ့"

စိတ်ဝိညာဉ်တစ်သောင်းမြို့ကို လီဖူချန်းလာရတဲ့ရည်ရွယ်ချက်ကတော့ သူ့ရဲ့အရင်းမြစ်တွေကို အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးအဖြစ် ပြောင်းလဲဖို့ပါပဲ။

လီဖူချန်းက အမြင့်မိုင်၂၀၀ရှိပြီးအထပ်နှစ်ထပ်ရှိတဲ့ဆိုင်တစ်ဆိုင်အရှေ့မှာ ရပ်လိုက်တယ်။

***

All Chapters