ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်သို့ မြှင့်တင်ခြင်း
Vol. 62 Ch. 849
ရက်အနည်းငယ်ကြာ လှည့်လည်ပြီးနောက် သူ့ရဲ့အရင်းမြစ်တွေက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဘယ်လောက်ထိုက်တန်သလဲကို လီဖူချန်းက နောက်ဆုံးတော့ သိလိုက်ရတယ်။
တောက်ပသစ်သီးနဲ့အရိပ်သစ်သီးကို ဖယ်ထုတ်ပြီးနောက် လီဖူချန်းရဲ့အရင်းမြစ်တွေက အကြမ်းဖျင်းအားဖြင့် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၅၀၀၀ထိုက်တန်တယ်။ အတက်အကျရှိရင်လည်း အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၂၀၀၀ထက်တော့ မပိုပါဘူး။
"တစ်ပိုင်းလောက်ပဲ အရင် ရောင်းဝယ်ကြည့်ရတာပေါ့" လီဖူချန်းက သူတို့အားလုံးကို မရောင်းဝယ်ခဲ့ပါဘူး။
ဒါက ဒီနေရာကိုလာတဲ့သူ့ရဲ့ပထမဆုံးအကြိမ်ပါပဲ။ သူက အရင်းအမြစ်များစွာကို ရောင်းဝယ်ခဲ့ရင် မလိုအပ်တဲ့အာရုံတွေကို ဆွဲဆောင်မိသွားပါလိမ့်မယ်။
ဒါကြောင့် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၃၀၀၀ပိုင်ဆိုင်တဲ့အချိန်မှာ သူက ရောင်းဝယ်တာကို ရပ်လိုက်တယ်၊ သူနေဖို့ တည်းခိုခန်းတစ်ခုကို ရှာဖွေခဲ့တယ်။
အခန်းထဲမှာ လီဖူချန်းရဲ့ခန္ဓာကိုယ်က သေးငယ်သွားပြီး သူက တင်ပျဉ်ခွေလျက် ရှိနေတယ်။
"အကြိုသူတော်စင်နှောင်းပိုင်းအဆင့်ကို ရောက်ရှိဖို့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်လိုမလဲကို ငါ သိချင်မိတယ်"
အသက်ကို ရှုသွင်းပြီးနောက် လီဖူချန်းက မူလအဆုံးစွန်းဓားနည်းလမ်းကို လှည့်ပတ်စေကာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေအတ္ငင်းမှာရှိတဲ့စိတ်ဝိညာဉ်ချီကို စုပ်ယူလိုက်တယ်။
တစ်၊ နှစ်၊ ငါး၊ တစ်ဆယ်.......
အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေ ဖုန်မှုန့်အဖြစ် ပြောင်းနေသလို လီဖူချန်းရဲ့ချီတည်ရှိမှုကလည်း လျင်မြန်စွာ တိုးလာနေတယ်။
၇၉၊၈၀........
လီဖူချန်းက မှားယွင်းစွာ ခန့်မှန်းမိခဲ့တာပဲ။ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၈၀တောင် သူ့အနေနဲ့ အကြိုသူတော်စင်နှောင်းပိုင်းအဆင့်ကို ရောက်ရှိဖို့ မလုံလောက်ခဲ့ဘူး။
၈၆......
၉၀.....
နောက်ဆုံးမှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၉၀ကို စုပ်ယူပြီးနောက် လီဖူချန်းရဲ့ကျင့်ကြံခြင်းက အကြိုသူတော်စင်နှောင်းပိုင်းအဆင့်ကို ရောက်ရှိသွားတော့တယ်။
လီဖူချန်းက မျက်လုံးဖ္ငင့်ကာ ခါးသီးစွာပြုံးလိုက်တယ်"ကျင့်ကြံခြင်းနည်းလမ်းအဆင့်မြင့်လေလေ၊ အရင်အမြစ်တွေသုံးစွဲမှုကလည်း ပိုများလေလေပဲ။ ကောင်းကင်အရှင်တွေက သူတို့ရဲ့အဆင့်ကို ရောက်ရှိဖို့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်တောင် သုံးစွဲခဲ့သလဲကို ငါ သိချင်မိတယ်"
ကောင်းကင်အရှင်တစ်ယောက်ဖြစ်ဖို့ဆိုရင် ပထမအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို လိုအပ်တယ်။ ဒါပေမယ့် လီဖူချန်းရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက တတိယအဆင့်အထွတ်အထိပ်သာ ဖြစ်တယ်။
မူလအဆုံးစွန်းဓားနည်းလမ်းက ပထမအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်ရင် သူ့အနေနဲ့ အကြိုသူတော်စင်နှောင်းပိုင်းအဆင့်ကို ရောက်ရှိဖို့က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၉၀က မလုံလောက်ဘူးလို့ လီဖူချန်းက ယူဆထားတယ်။ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၉၀၀ကတောင် မလုံလောက်နိုင်ပါဘူး။
ခိုကိုးရာအမဲ့ဆုံးနည်းလမ်းကတော့ ကျင့်ကြံခြင်းတိုးလာစေဖို့ ကောင်းကင်မြေကြီးစွမ်းအင်စုပ်ယူခြင်းကိုသာ မှီခိုနေရခြင်းဖြစ်တယ်။
အကြောင်းကတော့ ကောင်းကင်မြေကြီးစွမ်းအင်တွေရဲ့မသန့်စင်မှုနဲ့ဆိုရင် စုပ်ယူထားတဲ့ချီကို သန့်စင်ဖို့က အချိန်လိုအပ်တယ်။ အချိန်တိုတိုလေးက မသိသာပေမယ့် ဆက်သွားနေပြီးတော့ သူတို့က မသန့်စင်ရင် အခြေခံအုတ်မြစ်ကို ထိခိုက်စေလိမ့်မယ်။ အဲဒါက အနာဂတ်ကျင့်ကြံခြင်းကို သက်ရောက်စေလိမ့်မယ်။
ဒါပေမယ့် ဘာပဲပြောပြော ကျင့်ကြံခြင်းအဆင့်မြင့်လေလေ ပိုကောင်းလေလေပါပဲ။ သူတော်စင်တွေက အချိန်မကင်းမဲ့ပါဘူး၊ ကျင့်ကြံခြင်းနည်းလမ်းမြင့်လာတာနဲ့အမျှ အရင်းမြစ်မရှိရင်တောင် ကျင့်ကြံခြင်းက သေချာပေါက် တိုးတက်လာပါလိမ့်မယ်။
အကြိုသူတော်စင်နှောင်းပိုင်းအဆင့်ကို ရောက်ရှိပြီးနောက် အခုဆိုရင် လီဖူချန်းက အကြိုသူတော်စင်အထွတ်အထိပ်မှာ ရှိနေပါတယ်။
အကြိုသူတော်စင်အထွတ်အထိပ်က အဆင့်တစ်ခုမဟုတ်ပါဘူး။ အကြိုသူတော်စင်နှောင်းပိုင်းအဆင့်မှာ ချီကို အဆုံးစွန်းထိ စုဆောင်းပြီးတော့နဲ့ အဲဒါက အကြိုသူတော်စင်အထွတ်အထိပ်ဖြစ်လာလိမ့်မယ်။ ဒါကြောင့် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၅၀ကို သုံးရုံမျှနဲ့ လီဖူချန်းက အကြိုသူတော်စင်အထွတ်အထိပ်ကို အောင်မြင်စွာ ရောက်ရှိခဲ့တယ်။
အခုဆိုရင် လီဖူချန်းက ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်အဆင့်၁မှ ခြေတစ်လှမ်းသာ ကွာဝေးတော့တယ်။
ဒါပေမယ့် လူမြောက်များစွာကို ဒီတစ်လှမ်းမှာပဲ ပိတ်ဆို့ဟန့်တားထားတယ်။ လုံလောက်တဲ့ပါရမီမပါတဲ့သူတွေ ရှိတယ်၊ ကျင့်ကြံခြင်းနည်းလမ်းကောင်းတစ်ခုမရှိတဲ့သူတွေ ရှိတယ်၊ လုံလောက်တဲ့အရင်းအမြစ်မရှိလို့ ချီစုဆောင်းခြင်းအပေါ်ကိုသာမှီခိုနေရတဲ့သူတွေလည်း ရှိတယ်။
"ငါ့မှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၂၈၀၀ကျော် ကျန်ရှိသေးတယ်။ အဲဒါက လုံလောက်သင့်တယ်မလား"
လီဖူချန်းက မသေချာပါဘူး။ နက်ပြာပလိန်းထဲမှာ အထွတ်အထိပ်အဆင့်နဲ့နီးကပ်ရုံသာဖြစ်ပြီးလီဖူချန်းရဲ့မူလအဆုံးစွန်းဓားနည်းလမ်းထက်နိမ့်ကျတဲ့ကျင့်ကြံခြင်းနည်းလမ်းတွေရှိတဲ့သူတော်စင်တွေများကြီးရှိတယ်။ လီဖူချန်းရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက လက်ရှိအချိန်မှာ တတိယအဆင့်အထွတ်အထိပ်မှာ ရှိတယ်။
စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ကို ချက်ချင်း တစ်ဟုန်ထိုးတက်ဖို့မရွေးချယ်ဘဲ လီဖူချန်းက လဝက်ခန့်အနားယူကာ သူ့ကျင့်ကြံခြင်းကို တည်ငြိမ်စေလိုက်တယ်။
ဒါပေမယ့် ချိးဖျက်ဖို့တည်နေရာက တည်းခိုခန်းထဲမှာ ဖြစ်လို့မရပါဘူး။ စိတ်ဝိညာဉ်တစ်သောင်းမြို့ကို အစီအရင်က ကာကွယ်ထားတယ်။ နေရာအများစုက ကောင်းကင်ဘုံကပ်ဘေးကို ကျဆင်းခွင့်မပြုပါဘူး။ ကောင်းကင်ဘုံကပ်ဘေးရဲ့သန့်စင်ဆေးကြောခြင်းမရှိဘဲနဲ့ ချိုးဖျက်ဖို့က မဖြစ်နိုင်ဆုံးပါပဲ။
စိတ်ဝိညာဉ်တစ်သောင်းမြို့ထဲမှာ သူတော်စင်အဆင့်ချိုးဖျက်ဖို့အတွက်နေရာတစ်ခု ရှိတယ်။ အဲဒါကို ကောင်းကင်ဘုံကပ်ဘေးတောင်လို့ ခေါ်တယ်။
ကောင်းကင်ဘုံကပ်ဘေးတောင်က တစ်ခုတည်းရှိတာမဟုတ်ပါဘူး၊ မျိုးစုံရှိပါတယ်။ အနီးဆုံးရှိကောင်းကင်ဘုံကပ်ဘေးတောင်ကို ရောက်ရှိပြီးနောက် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ပေးချေကာ လီဖူချန်းကို တောင်ရဲ့အလယ်ပိုင်းရှိပလက်ဖောင်းသို့ ခေါ်ဆောင်သွားတယ်။
"ဒီပလက်ဖောင်းမှာ အတားအဆီးတစ်ခု ရှိတယ်။ မင်းကလွဲပြီး တစ်ယောက်မှ မဝင်နိုင်ဘူး၊ ဒါကြောင့် မင်း အေးအေးဆေးဆေး အဆင့်ချိုးဖြတ်နိုင်တယ်"
"ကျေးဇူးအများကြီးတင်ပါတယ်"
အစောင့်ထွက်သွားပြီးတာနဲ့ လီဖူချန်းက ကြည့်လိုက်ရာ အစီအရင်ကို မြင်လိုက်ရတယ်။ ဒါပေမယ့် ဒီအစီအရင်က ကောင်းကင်ကပ်ဘေးကို မ ဖြတ်တောက်ပါဘူး။ အဲအစား ၎င်းက ကောင်းကပ်ကပ်ဘေးကို ဆွဲဆောင်ပါလိမ့်မယ်။
"ချိုးဖျက်ဖို့ စကြတာပေါ့"
လီဖူချန်းက ပလက်ဖောင်းရဲ့အလယ်မှာ တင်ပျဉ်ခွေထိုင်ပြီး အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေအတွင်းရှိစိတ်ဝိညာဉ်ချီကို စတင်စုပ်ယူလိုက်တယ်။
…
တစ်ရက်၊ နှစ်ရက်.......
မကြာမီမှာပဲ တစ်ပတ်က ကုန်ဆုံးသွားတော့တယ်။
အုမ်း........
လီဖူချန်းရဲ့ဦးခေါင်းအထက်အစီအရင်အပြင်ဘက်မှာ ထူထပ်တဲ့အနက်ရောင်တိမ်တစ်ခုက စုစည်းလာပြီး အစီမ်းရောင်မိုးကြိုးတွေက လင်းလက်လာနေတယ်။
"အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၂၅၀၀။ အဲဒါက မျှော်မှန်းထားတာထက် ပိုကောင်းနေတာပဲ"
အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို သိမ်းပြီးနောက် လီဖူချန်းက အနက်ရောင်တိမ်ကို မော့ကြည့်လိုက်တယ်။
ဘယ်လိုစွမ်းအားမျိုးက အနက်ရောင်တိမ်ထဲမှာ စုစည်းနေတာကို သူက ခံစားနိုင်တယ်။
ဝုန်း.......
ပုံဆောင်ခဲနဲ့တူတဲ့အစိမ်းရောင်မိုးကြိုးတစ်ခုကညကျဆင်းလာပြီး ပလက်ဖောင်းတစ်ဝက်ကို ဖုံးအုပ်သွားတယ်။
လီဖူချန်းရဲ့ခန္ဓာကိုယ်က နာကျင်မှုအနည်းငယ်ခံစားခဲ့ရတယ်၊ သူက မလှုပ်မရှားနိုင်ထုံထိုင်သလို ဖြစ်သွားခဲ့တယ်။ သူ့ခန္ဓာကိုယ်ရဲ့အနက်ဆုံးအပိုင်းမှ တစ်စုံတစ်ခုက စိမ့်ထွက်လာသလို ခံစားရတယ်။
ဒုတိယမိုးကြိုး၊ တတိယမိုးကြိုး........
အစိမ်းရောင်မိုးကြိုးတစ်ရာက ကျဆင်းလာတယ်။ ပလက်ဖောင်းတစ်ခုလုံးက မိုးကြိုးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်၊ တကယ်ကို ထိတ်လန့်တုန်လှုပ်စရာမြင်ကွင်းတစ်ခုပါပဲ။
"ဒီလိုရွံ့စရာကောင်းတဲ့အနံအသက်တွေ။ ငါ့ခန္ဓာကိုယ်ထဲမှာ မသန့်စင်မှုအညစ်အကြေးတွေ ရှိသေးလိမ့်မယ်လို့ ငါ မထင်ထားဘူး"
အရောင်မျိုးစုံတဲ့အညစ်အကြေးတွေက လီဖူချန်းရဲ့အရေပြားအပေါ်မှာ ထွက်ပေါ်လာတယ်။ အညစ်အကြေးတွေ စိမ့်ထွက်လာတာနဲ့ သူတို့က မိုးကြိုးတွေကြောင့် လောင်ကျွမ်းပျက်ဆီးသွားခဲ့တော့တယ်။
မိုးကြိုးတစ်ထောင်၊ မိုးကြိုးနှစ်ထောင်.......
စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်သို့ တိုးမြှင့်တဲ့အခါ လီဖူချန်းရဲ့ကောင်းကင်ဘုံကပ်ဘေးက အခြားသူတွေနဲ့ လုံးဝခြားနားတယ်။ မိုးကြိုးတွေက မိုးနဲ့တူပြီး အလွန်အမင်း သိပ်သည်းတယ်။ သူ့နေရာမှာ အခြားတစ်ယောက်သာဆိုရင် သူတို့တွေက အကြိမ်၁၀၀အထိ သေသွားလောက်ပါပြီ။
"သွေးမျိုးဆက်နဲ့ချီသွေးအရင်းအမြစ်နှစ်ခုစလုံးက အားအင်ပြည့်ဝပြီးသန့်စင်လာနေတယ်။ ကြည့်ရတာ အညစ်အကြေးတွေက သွေးမျိုးဆက်နဲ့ချီသွေးအရင်းမြစ်မှ လာပုံရတယ်။ ပုံမှန်ကျင့်ကြံမှုအတွင်း သူတို့ကို ဖယ်ရှားဖို့က မဖြစ်နိုင်ဘူး။ စကြာဝဠာရဲ့ကောင်းကင်ဘုံကပ်ဘေးစွမ်းအားကသာ အဲလိုလုပ်နိုင်တာ"
အစိမ်းရောင်မိုးကြိုးတွေက တဖြည်းဖြည်း အားနည်းလာပြီး နောက်မှာတော့ အပြာရောင်မိုးကြိုးတွေက အစပျိုးလာတယ်။
အပြာရောင်မိုးကြိုးတွေက သာမန်အပြာရောင်မိုးကြိုးတွေနဲ့ မတူဘူး။ သူတို့က ခြိမ်းခြောက်နိုင်တဲ့စွမ်းပကားကို ပေးစွမ်းနေပြီး သူတို့ကို ကြည့်ရတာ ဒီကမ္ဘာက မဟုတ်ပုံပေါ်တယ်။
အပြာရောင်မိုးကြိုးတွေ ထောင်ပေါင်းများစွာ ထွက်လာပြီးနောက် ခရမ်းရောင်မိုးကြိုးတွေက လိုက်ပါလာတယ်။
"အစိမ်း၊ အပြာ၊ ခရမ်း......အဲလို ဖြစ်နိုင်လား"
လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်ကို အမှတ်ရသွားတယ်။ သူ့ရဲ့စိတ်ဝိညာဉ်က မီးခိုးမှအစိမ်း၊ အပြာ၊ပြီးနောက် ခရမ်းရောင်သို့ ပြောင်းလဲခဲ့တယ်။ မိုးကြိုးတွေက စိတ်ဝိညာဉ်နဲ့ ဆက်စပ်နေတာ ဖြစ်နိုင်မလား။
အဲဒါတွေကို အသေးစိတ်တွေးနေဖို့ အချိန်မရှိပါဘူး။ ခရမ်းရောင်မိုးကြိုးတွေက ကျဆင်းလာတဲ့အခါ လီဖူချန်းရဲ့ခန္ဓာကိုယ်က စတင်တုန်ခါနေပြီး အက်ရာတွေ၊ တူးခြစ်နေတဲ့အမှတ်အသားတွေ ထွက်ပေါ်လာတယ်။
အစိမ်းရောင်မိုးကြိုးတွေက တည်ငြိမ်လျှပ်စီးနဲ့ တူပြီး အပြာရောင်မိုးကြိုးက သူ့ကို အနည်းငယ်သာ နာကျင်စေခဲ့တယ်။ ဒါပေမယ့် ခရမ်းရောင်မိုးကြိုးတွေက လီဖူချန်းကို ခြိမ်းခြိမ်းတဲ့ခံစားချက် ပေး နေတယ်။ သူကသာ အလေးနက်ထားကာ မပြုမူရင် သူက သေသွားနိုင်ပါတယ်။
သူ့ရဲ့ချိုးဖြတ်မှုက ဒီကောင်းကင်ဘုံကပ်ဘေးတောင်ကိုကြီးကြပ်နေတဲ့ပင်လယ်နက်သူတော်စင်ရဲ့အာရုံကို ဆွဲဆောင်ခဲ့မယ်လို့ လီဖူချန်းက မထင်ခဲ့ပါဘူး။
ပင်လယ်နက်သူတော်စင်က အထွတ်အထိပ်အဆင့်သူတော်စင်ဖြစ်ပြီး သူ ကောင်းကင်ဘုံကပ်ဘေးတောင်ကို ကြီးကြပ်ခဲ့တဲ့နှစ်များတစ်လျှောက် လီဖူချန်းရဲ့ချိုးဖြတ်ခြင်းလောက် ပြင်းထန်တဲ့အဆင့်ချိုးဖြတ်မှုကို သူ ဘယ်တော့မှ မမြင်ခဲ့ပါဘူး။ တစ်ရာမှာ တစ်ယောက်တောင် မဖြစ်နိုင်ပါဘူး။ ပင်လယ်နက်သူတော်စင်က အရူးမဟုတ်ရင် လီဖူချန်းက ရှားပါးတဲ့ပါရမီရှင်တစ်ယောက်ဆိုတာကို သူ သေချာပေါက် သိမှာပါ။ ဒီလိုပါရမီရှင်မျိုးတွေမှာ ကောင်းကင်ကိုတောင်ဆန့်ကျင့်နိုင်တဲ့အရင်းမြစ်တွေ သေချာပေါက် ရှိပါလိမ့်မယ်။
"ကြည့်ရတာ ငါက ဒိုဂရက်ကလန်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်ပုံပဲ"
ပင်လယ်နက်သူတော်စင်က ဆက်သွယ်ရေးတိုကင်ကို ထုတ်ပြီး တစ်စုံတစ်ယောက်ကို လျှို့ဝှက်ဆက်သွယ်လိုက်တယ်။
ခရမ်းရောင်မိုးကြိုးထောင်ကျော်ပြီးနောက် လီဖူချန်းက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့ပထမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ အခုဆိုရင် သူ့ရဲ့သွေးမျိုးဆက်က အဆမရေမတွက်နိုင်စွာ ပိုသန့်စင်လာတယ်၊ သူ့ရဲ့ချီသွေးအရင်းအမြစ်ရောပါပဲ။ သူ့ရဲ့သွေးမျိုးဆက်ဖြစ်စေ သူ့ရဲ့ချီသွေးအရင်းအမြစ်ဖြစ်စေ သူတို့က အဆုံးမရှိတဲ့ထာဝရအရှိန်အဝါအရိပ်အယောင်တစ်ခုကို ထုတ်လွှတ်နေတယ်။
လီဖူချန်းက ကောင်းကင်ဘုံကပ်ဘေးပြီးဆုံးပြီလို့ တွေးနေစဉ်မှာ မှိန်ဖျော့ဖျောအနီရောင်မိုးကြိုးတစ်ခုက ရုတ်တရက် ဆင်းသက်လာပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်အပေါ် ဆိုက်ရောက်လာတယ်။
ဒီတစ်ကြိမ်မှာတော့ ကောင်းကင်ဘုံကပ်ဘေးက လီဖူချန်းရဲ့သွေးမျိုးဆက်နဲ့ချီသွေးအရင်းမြစ်ကို မပြုပြင်ပေးပါဘူး။ အဲဒါက သူ့ရဲ့အရိုးတည်ဆောက်ပုံကို ပြုပြင်ပေးခဲ့တယ်။
ဒိုင်း.......ဝုန်း.......
လီဖူချန်းရဲ့အရိုးတည်ဆောက်ပုံက ကြယ်၈လုံးမှ ကြယ်၉လုံးနဲ့ကြယ်၉လုံးအထွတ်အထိပ်သို့ မြင့်တက်သွားခဲ့တယ်။ ဒါ့အပြင် ပြုပြင်ထားတဲ့အရိုးတည်ဆောက်ပုံက အလွန်သန့်စင်ပြီး အညစ်အကြေးအရိပ်အယောင်တစ်ခုမှ မရှိဘူး။မူလမီးလျှံစွမ်းရည်ကိုလည်း ဖယ်ရှားခဲ့တယ်။
***