ကောင်းကင်ဆန့်ကျင်ထိုးထွင်သိမြင်မှု
Vol. 62 Ch. 850
အရိုးတည်ဆောက်ပုံက ကြယ်ကိုးလုံးအထွတ်အထိပ်ကို ရောက်တဲ့အခါ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်လာတယ်။
ပထမကတော့ ကျင့်ကြံခြင်းအရှိန်က အဆများစွာ ပိုတိုးလာတယ်။
ဒုတိယကတော့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ပိုကောင်းလာတယ်။
တတိယကတော့ ထိုးထွင်းသိမြင်မှုက ကြီးမားတဲ့တိုးတက်မှုတစ်ခု ဖြစ်လာတယ်။
အတိုချုပ်အားဖြင့် အရိုးတည်ဆောက်ပုံက လူတစ်ယောက်ရဲ့အလားအလာအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိတယ်။
လီဖူချန်းရဲ့အလားအလာက ကောင်းကင်ကိုဆန့်ကျင်နေပြီးသားပါပဲ။ အခု သူ့ရဲ့အရိုးတည်ဆောက်ပုံက ကြယ်၉လုံးအထွတ်အထိပ်မှာ ရှိလာတာကြောင့် ကျားကိုအတောင်ပံတပ်ပေးလိုက်သလိုပါပဲ။
"ငါ့မှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၃၀၀ပဲကျန်တယ်။ ကြည့်ရတာ ငါက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေအတွက် နောက်ထပ်ရောင်းဝယ်ဖို့လိုတယ်"
ကြယ်၉လုံးအရိုးတည်ဆောက်ပုံနဲ့ဆိုရင် စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အလယ်ဆင့်ကိုမရောက်ခင် သူ့အတွက် ဘာအတားအဆီးပိတ်ဆို့မှုတစ်ခုမှ မရှိတော့ဘူး။
လီဖူချန်းက သူ့ရဲ့အရင်းအမြစ်တွေအားလုံးကို ရောင်းဝယ်ပြီး အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၃၀၀၀ကို ရရှိလာတယ်။
သူက နစ်နာမှုရှိတာကို လီဖူချန်းက သိပါတယ်။ သူက ဒီအရင်းအမြစ်တွေကို ဖြည်းဖြည်းချင်းရောင်းရင် သူက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀၀၀ဒါမှမဟုတ်၂၀၀၀လောက် ပိုရနိုင်တယ်။ ဒါပေမယ့် လီဖူချန်းက ဒီလိုအသေးအဖွဲ့တွေအပေါ် အချိန်ဖြုန်းလိုစိတ် မရှိပါဘူး။
"ငါ သူ့ကို လျော့တွက်မိတာပဲ"
လီဖူချန်းရဲ့လုပ်ဆောင်မှုအားလုံးက ပင်လယ်နက်သူတော်စင်ရဲ့မျက်လုံးထဲမှာ ရှိနေတယ်။ လီဖူချန်းက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀၀၀၀ကျော်တန်တဲ့အရင်းမြစ်တွေကို ရောင်းဝယ်နိုင်တာကို မြင်ပြီး သူက ငါးကြီးတစ်ကောင်ဖမ်းမိတယ်ဆိုတာကို ပင်လယ်နက်သူတော်စင်က သိလိုက်ပါပြီ။
ပင်လယ်နက်သူတော်စင်အပြင် အခြားဂိုဏ်းအချို့ကလည်း လီဖူချန်းကို ပစ်မှတ်ထားနေတယ်။
စကြာဝဠာမြို့တစ်မြို့အနေနဲ့ စိတ်ဝိညာဉ်တစ်သောင်းမြို့က ကောင်းတာရောဆိုးတာရော ရောထွေးနေတယ်။ လီဖူချန်းလိုလွယ်ကူတဲ့ပစ်မှတ်တစ်ယောက်ကို လက်လွတ်လို့မရဘူးလေ။ တကယ်တော့ ဆိုင်အမျိုးမျိုးမှာ ဂိုဏ်းအချို့ရဲ့သတင်းပေးတွေ ရှိတယ်လေ။
သူက ပစ်မှတ်ထားခံနေရတယ်လို့ လီဖူချန်းက မရေမရာခံစားချက်တစ်ခုရှိပေမယ့် သူက စိတ်မရှိပါဘူး။ စိတ်ဝိညာဉ်တစ်သောင်းမြို့က သတ်ဖြတ်ခြင်းကို တားမြစ်ထားတယ်၊ လီဖူချန်း အထဲမှာ နေနေသရွေ့ တစ်ယောက်မှ သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။
အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၃၀၀၀နဲ့ လီဖူချန်းက ကျင့်ကြံခြင်းကို ဆက်သွားနေတယ်။
စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့ဒုတိယအဆင့်.....စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့တတိယအဆင့်.......စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့စတုတ္ထအဆင့်။
အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၂၀၀၀ကို သုံးကာ လီဖူချန်းက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့စတုတ္ထအဆင့်ကို ချိုးဖြတ်နိုင်ခဲ့တယ်။
ထိုအချိန်အထိ သူ့ဓားတာအိုခွန်အားက ဘယ်အဆင့်ရောက်နေသလဲကို လီဖူချန်းက မသိပါဘူး။ ဒါပေမယ့် သူ့ရဲ့ဓားတာအိုခွန်အားက ခန္ဓာကိုယ်အပြင်အားခွန်အားကို ကျော်ဖြတ်ခဲ့ပြီးဆိုတာကိုတော့ သူ သေချာပါတယ်။
ဒါပေမယ့် စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၄က အကန့်အသတ်ပါပဲ။ ဒီလောက်အချိန်တိုလေးအတွင်းမှာ လီဖူချန်းက အကြိုသူတော်စင်မှ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၄ထိ တိုးမြှင့်နိုင်ခဲ့တာက တကယ်ကို ကြီးမားတဲ့ခုန်ပျံကျော်လွှားမှုတစ်ခုပါပဲ။ လီဖူချန်းရဲ့စိတ်ဝိညာဉ်က ကောင်းကင်ဆန့်ကျင်တယ်ဆိုရင်တောင် စွမ်းအားအားဖြင့်ကြီးမားတဲ့တိုးတက်လာမှုကို သူက မထိန်းချုပ်နိုင်ဘူးလို့ ခံစားရတယ်။
ပြီးနောက် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကလည်း မလုံလောက်ဘူး။ သူက သူ့ရဲ့ကျင့်ကြံခြင်းအဆင့် ဆက်လက်တိုးတက်စေဖို့အတွက် သူ့ရဲ့ဓားစွမ်းအင်ကို အဆက်မပြတ်ပြုပြင်ပြီး အလွန်ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို တည်ဆောက်နေခဲ့တယ်။
"ငါ့ရဲ့ထိုးထွင်သိမြင်မှုအဆင့်ကို ငါ သိချင်တယ်"
စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်အဆင့်၄နဲ့အထွတ်အထိပ်ကြယ်ကိုးလုံးအရိုးတည်ဆောက်ပုံအရ လီဖူချန်းက ကိုယ်တိုင်မစစ်ဆေးဘူးဆိုရင် သူက သူ့ရဲ့ထိုးထွင်းသိမြင်မှုတိုးတက်လာတာကို သိနိုင်လိမ့်မှာ မဟုတ်ဘူး။အဲဒါကို ရေဝဲနက်သစ်သီးကိုသုံးစွဲပြီးနောက်ရရှိလာတဲ့ထိုးထွင်းသိမြင်မှုနဲ့ ဘယ်လိုနှိုင်းယှဉ်နိုင်မလဲ။
နောက်သုံးရက်ကြာပြီးနောက် လီဖူချန်းက သူ့မျက်လုံးတွေကို ဖွင့်လိုက်တယ်၊ ကြောက်မက်ဖွယ်ကောင်းတဲ့ဓားဆန္ဒတစ်ခုက ထွက်ပေါ်လာတယ်။
သုံးရက်အတွင်းမှာ သူက ကောင်းကင်မျဉ်းဓားပညာရဲ့ခုနှစ်ကွက်လုံးကို ပထမအဆင့်အထွတ်အထိပ်သို့ တွန်းပို့နိုင်ခဲ့တယ်။ အထူးသဖြင့် ခုနှစ်ကွက်မြောက်ဖြစ်တဲ့ကောင်းကင်ပြောင်းလဲလှည့်လည်နဂါးထိုးဖောက်ခြင်းရဲ့စွမ်းအားက အခုဆိုရင် စိတ်ကူးမယဉ်နိုင်လောက်တဲ့အခြေအနေကို ရောက်ရှိနေပါပြီ။ အဖျက်အဆီးစွမ်းအားကလည်း ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကို ကျော်လွန်သွားပါပြီ။
ဒါပေမယ့် ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက အဖျက်အဆီးစွမ်းအားကို မရှာဖွေပါဘူး၊ အဲဒါက ဓားကမ္ဘာဖြစ်တယ်။ ဓားကမ္ဘာရဲ့အဆင့်က လုံလုံလောက်လောက်မြင့်မားရင် ပိုပြည့်စုံတဲ့ဓားကမ္ဘာတစ်ခုကို ဖန်တီးနိုင်ပါလိမ့်မယ်။ ရန်သူက ခွန်အားပိုသာလွန်ရင်တောင် ဓားကမ္ဘာထဲမှာ ပိတ်မိပြီးနောက် ရန်သူက ဓားကမ္ဘာရဲ့စွမ်းအားကြောင့် ပျောက်ကွယ်သွားရပါလိမ့်မယ်။
"ငါ့ရဲ့လက်ရှိထိုးထွင်းသိမြင်မှုက ငါ ရေဝဲနက်သစ်သီးကိုသုံးတဲ့အချိန်ကထက် ပိုမြင့်နေပြီ။ ဆိုလိုတာက ငါ့ရဲ့ထိုးထွင်းသိမြင်မှုက ဆယ်ဆတိုးလာပြီးပေါ့"
သူတော်စင်တစ်ယောက်မဖြစ်လာခင် သူ့ရဲ့ထိုးသွင်းသိမြင်မှုက ဘယ်သူတော်စင်ထက်မဆို ပိုမြင့်တယ်လို့ လီဖူချန်းက ယုံကြည်ထားတယ်။ သို့မဟုတ်ရင် ဓားပညာတစ်ခုကို ပထမအဆင့်အထွတ်အထိပ်အထိ သူက တွန်းပို့နိုင်မှာ မဟုတ်ဘူး။ ပုံမှန်အားဖြင့် အထွတ်အထိပ်သူတော်စင်တစ်ယောက်ကသာ ပထမအဆင့်အထွတ်အထိပ်သိုင်းပညာတစ်ခုကို နားလည်နိုင်တယ်။ ဒါ့ပြင် အဲဒါက နှစ်ပေါင်းမရေတွက်နိုင်စွာအားထုတ်ကြိုးပမ်းရလိမ့်မယ်။ ဆိုလိုတာက လီဖူချန်းရဲ့ထိုးထွင်သိမြင်မှုက သူတော်စင်အရှင် ဒါမှမဟုတ် ကောင်းကင်အရှင်တစ်ယောက်ရဲ့အဆင့်ကို အရင်ကတည်းက ရောက်ရှိပြီးသားပေါ့။
လက်ရှိ ထိုးထွင်းသိမြင်မှုဆယ်ဆတိုးလာပုံနဲ့ဆိုရင် လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက အနည်းဆုံးကောင်းကင်သူတော်စင်အဆင့်မှာ ရှိပြီး အကြိုနတ်ဘုရားတစ်ယောက်ထက် ပိုချင်ပိုနိုင်ပါတယ်။
လဝက်ခန့်ကြာပြီးနောက် လီဖူချန်းက မူလအဆုံးစွန်းဓညးပညာနဲ့ထွန်းတောက်ဓားပညာတို့ကို ပထမအဆင့်အထွတ်အထိပ်သို့ တွန်းပို့နိုင်ခဲ့တယ်။
ထွန်းတောက်ဓားပညာကို ဘေးမှာ ထားလိုက်အုံး၊ မူလအဆုံးစွန်းဓားပညာရဲ့ပထမကွက်က ပထမအဆင့်အထွတ်အထိပ်မှာ ရှိနေခဲ့ပြီးသာပဲ။ နောက်ထပ်တိုးတက်လာမှုနဲ့ဆိုရင် ဓားကမ္ဘာက ပိုပြီးတော့တောင် ပြီးပြည့်စုံလာတယ်။ ဒါပေမယ့် ဒုတိယကွက်မူလဘူတဓားနဲ့တတိယကွက်ဓားချီမူလပြန်သွားခြင်းတို့နဲ့ နှိုင်းယှဉ်ရင် ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက အလွန်နိမ့်ကျတယ်။
(အင်္ဂလိပ်ဘာသာပြန်သူ၏မှတ်စု: မူရင်းစာရေးဆရာ မူလအဆုံးစွန်းဓားပညာရဲ့တတိယဓားကွက်ကို ဘယ်အချိန်တုန်းက ဖန်တီးခဲ့သလဲကို ငါ မမှတ်မိဘူး။ တစ်ယောက်ယောက် မှတ်မိရင် အောက်မှာ မှတ်ချက်ရေးခဲ့ပေးပါ)
(မြန်မာဘာသာပြန်သူ၏မှတ်စု: တူတူပါပဲ၊ ကျွန်တော်လည်း မမှတ်မိဘူး။ မူရင်းစာရေးဆရာ လုံးဝမရေးခဲ့ဘူးလို့ဆိုရင် ပိုမှန်မယ်)
"အချိန်တိုအတွင်းမှာ ငါက ဓားပညာတွေကို ပထမအဆင့်အထွတ်အထိပ်အထိသာ တွန်းပို့နိုင်တယ်"
လီဖူချန်းက ဓားပညာတွေကို လေ့လာတဲ့နေရာမှာ အချိန်အများကြီး သုံးစွဲလိမ့်မှာမဟုတ်ပါဘူး။
ထိက်တန်းအဆင့်အထွတ်အထိပ်ဓားပညာတစ်ခုကို အလွယ်တကူ မရောက်ရှိနိုင်ပါဘူး။
သူတော်စင်အရှင်တစ်ယောက်ရဲ့သိုင်းပညာက ထိပ်တန်းအဆင့်အထွတ်အထိပ်ဖြစ်တယ်။ ဒါ့အပြင် သူတို့ရဲ့သိုင်းပညာ ထိပ်တန်းအဆင့်အထွတ်အထိပ်ကို ရောက်ရှိဖို့ သူတော်စင်အရှင်တွေက နှစ်ပေါင်းမရေမတွက်နိုင်စွာ အသုံးချခဲ့ရတယ်။ တွက်ကြည့်မယ်ဆိုရင် လီဖူချန်းက အသက်၁၀၀ရောက်ရှိဖို့တောင် အဝေးကြီးလိုပါသေးတယ်။
ဒါကြောင့် ကောင်းကင်ဆန့်ကျင်ထိုးထွင်သိမြင်မှုနဲ့ဆိုရင်တောင် အချိန်တိုလေးအတွင်းမှာ သူတော်စင်အရှင်တစ်ယောက်ရဲ့နှစ်ပေါင်းမရေမတွက်များစွာအားထုတ်မှုကို မကျော်ဖြတ်နိုင်ပါဘူး။
"ငါ့ရဲ့ဓားပညာက လုံလုံလောက်လောက် တိုးတက်လာပြီ။ အခုဆိုရင် ငါက စွမ်းအားကောင်းတဲ့ဓားတစ်လက်ပဲ ကင်းမဲ့နေတော့တယ်"
ဆောင်းဦးမိုးဓားက အဆင့်သတ်မှတ်မထားတဲ့အထွတ်အထိပ်ဓားတစ်လက်သာ ဖြစ်ပြီး ဓားပညာတွေနဲ့ ကြီးမားတဲ့ကွာဟချက်တစ်ခု ရှိနေတယ်။ ဓားပညာကို ဖော်ထုတ်နိုင်ရုံကလွဲပြီး အဲဒါက စွမ်းအားကို မတိုးမြင့်စေနိုင်ပါဘူး။
လီဖူချန်းသိထားတာအရ သာမှန်သူတော်စင်အရှင်တစ်ယောက်မှာ ထိပ်တန်းအဆင့်အထွတ်အထိပ်သိုင်းပညာတွေ၊ ဒုတိယအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတွေနဲ့ ပထမအဆင့်အထွတ်အထိပ်လက်နက်တွေ ရှိကြတယ်။
ဒါပေမယ့် ပထမအဆင့်အထွတ်အထိပ်လက်နက်တစ်ခုက ဈေးကြီးလွန်းတယ်။ အနာဂတ်အဆင့်ချိုးဖြတ်ဖို့အတွက် လီဖူချန်းက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးအားလုံးကို အတော်လေး ချွေတာဖို့လိုတယ်။
"ကောင်းကင်ဆက်ဓားမှာရှိတဲ့ဓားအင်းကွက်ကို အရင်နားလည်အောင်လုပ်တာပေါ့"
ဓားအင်းကွက်ကိုနားလည်စေခြင်းက ဓားပညာကိုနားလည်စေခြင်းထက် ပိုလွယ်ကူတယ်။ ကောင်းကင်ဆက်ဓားထဲချိတ်ပိတ်ထားတဲ့ဓားအင်းကွက်က ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားအင်းကွက်တစ်ခုသာဆိုရင် လီဖူချန်းက အဲဒါကို နားလည်ဖို့အခွင့်အရေးတွေ ရှိပါလိမ့်မယ်။
လီဖူချန်းမျှော်မှန်းထားတဲ့အတိုင်းပဲ၊ သူ့ရဲ့လက်ရှိထိုးထွင်းသိမြင်မှုက ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားအင်းကွက်ကို နားလည်ဖို့ လုံလောက်တယ်။ အစကတော့ သူက ဓားအင်းကွက်ရဲ့၄၀ရာခိုင်နှုန်းကိုသာ နားလည်နိုင်ခဲ့တယ်။ အခုဆိုရင် သူက နောက်ဆုံးတော့ ချိုးဖြတ်နိုင်သွားကာ ၅၀ရာခိုင်နှုန်းထိ ရောက်ရှိလာပါပြီ။
အချိန်က စီးဆင်းနေတဲ့ရေပမာ ကုန်ဆုံးနေတယ်၊ လီဖူချန်းရဲ့ဓားအင်းကွက်ကျွမ်းကျင်မှုက ပိုပိုကောင်းလာတယ်။
၆၀ရာခိုင်နှုန်း၊ ၇၀ရာခိုင်နှုန်း၊ ၇၅ရာခိုင်နှုန်း.....
မသိလိုက်မသိဘာသာနဲ့ လီဖူချန်းက ဓားအင်းကွက်ရဲ့၉၀ကို နားလည်နိုင်ခဲ့ပြီး အပြည့်အဝနားလည်ဖို့အတွက် ၁၀ရာခိုင်နှုန်းသာ ကျန်တော့တယ်။
၉၁ရာခိုင်နှုန်း၊ ၉၂ရာခိုင်နှုန်း၊ ၉၃ရာခိုင်နှုန်း....
ဒါပေမယ့် ၉၀ရာခိုင်နှုန်းမှာ နားလည်မှုအခက်အခဲက အလွန်အမင်းတိုးလာတယ်။ ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားအင်းကွက်တွေရဲ့အနှစ်သာရအများစုက နောက်ဆုံး၁၀ရာခိုင်နှုန်းထဲမှာ စုစည်းနေပုံရတယ်။ အရှေ့၉၀ရာခိုင်နှုန်းက အခြေခံပဲ ဖြစ်ပုံပေါ်တယ်။
လီဖူချန်းက စိတ်ဝိညာဉ်တစ်သောင်းမြို့ထဲမှာ ရှိနေတာ လေးလကြာပါပြီ၊ အချိန်တွေရဲ့တစ်ဝက်ကျော်ကို ဓားအင်းကွက်ကိုနားလည်ဖို့အတွက်သာ အသုံးပြုခဲ့တယ်။
ဒါပေမယ့် လီဖူချန်း ဘယ်လောက်ပဲ ကြိုးကြိုးစားစား၊ ဓားအင်းကွက်နားလည်မှုက ၉၅ရာခိုင်နှုန်းမှာ တစ်နေပြီး နောက်ထပ်တိုးတက်မှုမရှိလာတော့ပါဘူး။
"မင်းရဲ့ဓားအင်းကွက်အခြေခံက အတော်လေးအားနည်းနေသေးတယ်။ မင်းက အခြားဓားအင်းကွက်တွေကို လေ့လာဖို့ လိုတယ်၊ ကောင်းကင်ဆက်ဓားအင်းကွက်တစ်ခုကိုပဲ လေ့လာရုံနဲ့ မရဘူး" ဓားစိတ်ဝိညာဉ်က အကြံပေးလိုက်တယ်။
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ အဲဒါက မှန်ပါတယ်၊ ကောင်းကင်ဆက်ဓားအင်းကွက်ကလွဲပြီး လီဖူချန်းက အခြားဓားအင်းကွက်တွေနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိပါဘူး။
တာအိုအားလုံးလိုပဲ ဓားအင်းကွက်က မူရင်းဇစ်မြစ်ကို ပြန်လာရလိမ့်မယ်၊ ဒါပေမယ့် ထိုအဆင့်ကို မရောက်ခင် သူက အခြားဓားအင်းကွက်တွေကို လေ့လာပြီး နှိုင်းယှဉ်ဆင်ခြင်နားလည်ရပါမယ်။
***
တည်းခိုခန်းမှ ထွက်လာပြီးနောက် လီဖူချန်းက အဓိကလမ်းမကြီးပေါ် ရောက်ရှိလာတယ်။
"မင်း ကြားပြီးပြီးလား။ နံနက်ကြယ်အဆင့်လေလံပွဲတစ်ခုကို ကျင်းပလိမ့်မယ်"
"နံနက်ကြယ်အဆင့်လေလံပွဲလား။ ဒီလိုကြီးမားတဲ့လေလံပွဲကို မကျင်းပတာ ရာစုနှစ်အနည်းငယ် ရှိနေပြီ"
လမ်းပေါ်မှာ အခြားမျိုးနွယ်စုသူနော်စင်နှစ်ယောက်က အချင်းချင်း တီးတိုးပြောနေတယ်။
"ဒါ အခွင့်အရေးကောင်းတစ်ခုပဲ" စကားသံတွေကို ကြားပြီး လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
သူက တောက်ပသစ်သီးနဲ့အရိပ်သစ်သီးကို ဘယ်လိုရောင်းရမလဲကိုပဲ စဉ်းစားနေတာ၊ အခု အခွင့်အရေးက ရောက်ရှိလာပြီ။
စိတ်ဝိညာဉ်တစ်သောင်းမြို့ရဲ့လေလံပွဲက အဆင့်၇ဆင့် ရှိတယ်။ အဆင့်နိမ့်၊ အလယ်ဆင့်၊ အဆင့်မြင့်၊ အထွတ်အထိပ်အဆင့်၊ မနက်ကြယ်အဆင့်၊ တောက်ပလအဆင့်နဲ့ ခမ်းနားနေအဆင့်တို့ပါပဲ။အဆင့်မြင့်လေလံပွဲတစ်ခုက သူတော်စင်တွေကို အနည်းငယ် ဆွဲဆောင်နိုင်တယ်။ အထွတ်အထိပ်အဆင့်လေလံပွဲတစ်ခုက သူတော်စင်တွေကို အပြည့်အဝဆွဲဆောင်နိုင်ပြီး နံနက်ကြယ်အဆင့်လေလံပွဲတစ်ခုက သူတော်စင်အရှင်တွေကို ဆွဲဆောင်နိုင်လိမ့်မယ်။
တောက်ပလအဆင့်နဲ့ခမ်းနားနေအဆင့်တို့အတွက်ကတော့ သူတို့က နှစ်ပေါင်းသောင်းကျော်ရင်တောင် မကျင်းပကြပါဘူး။ အဲလိုလေလံပွဲအသီးသီးက စကြာဝဠာရဲ့လွှမ်းမိုးချုပ်ကိုင်သူတွေကိုတောင် ဆွဲဆောင်နိုင်ပါလိမ့်မယ်။
တောက်ပသစ်သီးနဲ့အရိပ်သစ်သီးတို့က အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်သောင်း အသီးအသီးထိုက်တန်တယ်။ လီဖူချန်းက သူတို့ကို ကြုံသလိုမရောင်းချင်ပါဘူး။ လေလံပွဲတွေကသာ အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။
***