ကြွယ်ဝမှုတွေ တစ်လဟောဝင်လာခြင်း
Vol. 62 Ch. 851
လေလံပွဲမကျင်းပခင် အချိန်ရှိပါသေးတယ်၊ လီဖူချန်းက စိတ်ဝိညာဉ်တစ်သောင်းမြို့ကို အရင် လှည့်ပတ်ကြည့်ရှုနေခဲ့တယ်။
ပစ္စည်းအမျိုးမျိူးကို ရောင်းတဲ့ အတော်လေးကြီးမားတဲ့ဆိုင်တစ်ဆိုင်ထဲမှာ လီဖူချန်းက ဓားအင်းကွက်ခွဲခြမ်းစိတ်ဖြာခြင်းလို့ခေါ်တဲ့စာအုပ်တစ်အုပ်ကို တွေ့လိုက်ရတယ်။
မိတ်ဆက်ကို ကြည့်ရုံနဲ့ စာအုပ်ထဲရှိဓားအင်းကွက်က အထွတ်အထိပ်ကို ရောက်ရှိပြီးသားကို လီဖူချန်းက သိလိုက်တယ်။ အဲဒါက ကောင်းကင်ဆက်ဓားအင်းကွက်ကို နားလည်ဖို့ သူ့အတွက် ကြိီးမားတဲ့အကူအညီတစ်ခု သေချာပေါက် ဖြစ်လာပါလိမ့်မယ်။
တစ်ဆက်တည်းမှာပဲ လီဖူချန်းက ဓားလက်မှုပညာ၊ ဓားလက်နက်နည်းလမ်းအမျိုးမျိုးနဲ့ ကောင်းကင်ဓားတို့ဆိုတဲ့ စာအုပ်သုံးအုပ်ကို အခြားဆိုင်တွေမှာ တွေ့ခဲ့တယ်။
စာအုပ်သုံးအုပ်လုံးက ဓားအင်းကွက်တွေနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ကာ ဆက်စပ်နေတယ်။ ဆက်စပ်မှုရှိနေသရွေ့ လီဖူချန်းက သူတို့အားလုံးကို ဝယ်ရမှာပေါ့။
"ဒီလောက်ဆို လုံလောက်သင့်ပြီ" လီဖူချန်းက တည်းခိုခန်းထဲကို ပြန်လာတယ်။
ရက်အနည်းငယ်အတွင်း လီဖူချန်းက စာအုပ်အားလုံးကို ဖတ်ခဲ့တယ်။ သူ့ရဲ့လက်ရှိထိုးထွင်သိမြင်မှုအရ သူက နက်နက်သိမ်မွေ့ခြင်းသိပ်မရှိတဲ့အချက်အလက်ကို ချက်ချင်း နားလည်နိုင်ပါလိမ့်မယ်။
ဒါပေမယ့် ဒီကျဉ်းမြောင်းတဲ့အချက်အလက်ကို ဖတ်လိုက်တာနဲ့ အဲဒါက လီဖူချန်းရဲ့ဓားအင်းကွက်ဗဟုသုတကို ကြီးမားကျယ်ပြန့်စေခဲ့တယ်။
သိုင်းပညာရှင်တစ်ယောက်ရဲ့ထိုးထွင်သိမြင်မှုက အခြေခံထက် ပိုအရေးကြီးတယ်။
အရင်က လီဖူချန်းရဲ့ဓားအင်းကွက်အခြေခံက အနည်းငယ်ကင်းမဲ့နေတယ်၊ အဲဒါကြောင့် သူက ကောင်းကင်ဆက်ဓားအင်းကွက်ရဲ့နောက်ဆုံးအပိုင်းတွေကို နားမလည်နိုင်ခဲ့ဘူး။
"ဒါက ထိရောက်မှတော့ ငါ နောက်ထပ် ဝယ်ရမှာပေါ့"
ဓားအင်းကွက်တွေက ဓားသမားတွေအတွက် အလွန်အမင်းအရေးကြီးတယ်၊ ကောင်းကင်ဆက်ဓားကို ချိတ်ပိတ်ဖို့အတွက်သာ မဟုတ်ပါဘူးလို့ ဓားစိတ်ဝိညာဉ်က ဖော်ပြခဲ့တယ်။
ဒီလိုဆိုတော့ လီဖူချန်းက ခိုင်မာတဲ့ဓားအင်းကွက်အခြေခံကို တည်ဆောက်ဖို့ စီစဉ်ခဲ့တယ်။
စိတ်ဝိညာဉ်တစ်သောင်းမြို့က အလွန်ကြီးမားတယ်၊ နှစ်အနည်းငယ်ထိတောင် သူက တစ်မြို့လုံးကို မလှည့်ပတ်နိုင်ဘူးလို့ လီဖူချန်းက ယူဆခဲ့တယ်။
တစ်ပတ်ခန့်အသုံးချပြီးနောက် လီဖူချန်းက ဓားအင်းကွက်စာအုပ်တစ်ရာကျော်ကို တွေ့ရှိခဲ့တယ်။ အချက်အလက်အရ အနည်းငယ်က ဓားအင်းကွက်တွေနဲ့ မဆက်စပ်ပေမယ့် လုံးဝမဆက်စပ်သော်ငြား အဲဒါက သူ့ရဲ့ဓားအင်းကွက်ဗဟုသုတကို တိုးချဲ့နိုင်သေးတယ်လို့ လီဖူချန်းက ခံစားရတယ်။
ဒီတစ်ကြိမ်မှာတော့ ဓားအင်းကွက်စာအုပ်အားလုံးကို ဖတ်ဖို့ လီဖူချန်းက လဝက်ခန့် အသုံးချခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့အဲဒီလိုဖတ်ခြင်းက သူတို့ကို အပြည့်အဝနားလည်စေဖို့အတွက်ပါပဲ။
"ဒီလောက်ဆို အဆင်ပြေသင့်ပြီ"
အရင်တစ်လနဲ့နှိုင်းယှဉ်ရင် သူ့ရဲ့ဓားအင်းကွက်အခြေခံနဲ့ဗဟုသုတက အဆများစွာ တိုးလာတယ်လို့ လီဖူချန်းက ခံစားရတယ်။
လီဖူချန်းက ကောင်းကင်ဆက်ဓားထဲရှိချိတ်ပိတ်ထားတဲ့ဓားအင်းကွက်ကို စတင်နားလည်စေလိုက်တယ်။
နောက်ထပ်သုံးရက်ကြာပြီးနောက် နားလည်မှုဖြစ်စဉ်က ၉၆ရာခိုင်နှုန်း ဖြစ်လာတယ်။
နောက်တစ်ပတ်ကြာတော့ ၉၇ရာခိုင်နှုန်း ရှိလာတယ်။
နောက်နှစ်ပတ်ကြာတော့ ၉၈ရာခိုင်နှုန်း....
ဒိအချိန်မှာ လေလံပွဲက စတင်တော့မှာပါ။
သူက ဆက်သွားနိုင်ပေမယ့် ရွေးချယ်စရာမရှိဘဲ လီဖူချန်းက ရပ်တန့်ခဲ့ရတယ်။
လီဖူချန်းက နံနက်ကြယ်အဆင့်လေလံပွဲကို လက်မလွှတ်ချင်ပါဘူး။
ဒါ့ပြင် သူက တောက်ပသစ်သီးနဲ့အရိပ်သစ်သီးတို့ကို လေလံပွဲမှာ ရောင်းချဖို့ လေလံအိမ်ထံ အပ်ထားတယ်။ သူက သေချာပေါက် အဲဒါတွေကို ကြည့်ရမှာပါ။
စိတ်ဝိညာဉ်တစ်သောင်းမြို့ရဲ့အထက်မှာ မြို့ကို လှည့်ပတ်နေတဲ့နေတစ်စင်းရှိကာ အဲဒါက စိတ်ဝိညာဥ်တစ်သောင်းမြို့မှာ နေ့နဲ့ညစက်ဝန်းတစ်ခုကို ရှိလာစေတယ်။
မနက်မှာတော့ နေရောင်က စိတ်ဝိညာဉ်တစ်သောင်းမြို့ကို ဖုံးလွှမ်းသွားပြီး မရေမတွက်နိုင်တဲ့ပုံရိပ်တွေက လေလံခန်းမမှာ စုရုံးလာတယ်။
အဆင့်နိမ့်လေလံခန်းမတွေနဲ့ ကွဲပြားစွာ သူတော်စင်တွေကသာ နံနက်ကြယ်အဆင့်လေလံပွဲတွေမှာ ပါဝင်နိုင်တယ်။ သူတော်စင်တွေကတောင် အခြားဘယ်သူကိုမှ မခေါ်ဆောင်လာနိုင်ပါဘူး။
ဒီလိုဆိုပေမယ့် သူတော်စင်တစ်ယောက်က မိတ်ဆွေတစ်ယောက်ကို ခေါ်လာရင် တော်တော်များများက သူတို့ကို တားဆီးရဲမှာ မဟုတ်ဘူးလေ။ အချို့သောအားကောင်းတဲ့ဂိုဏ်းတွေရဲ့မျိုးဆက်တွေ၊ တပည့်တွေလည်း ဝင်နိုင်ပါတယ်။
ဒီကမ္ဘာက အားနည်းတဲ့သူတွေက စည်းမျဉ်းကို လိုက်နာရပြီး အားကြီးတဲ့သူတွေက စည်းမျဉ်းအထက်မှာ ရပ်နေတဲ့ နေရာတစ်ခုပါပဲ။
လေလံခန်းမက လူသိန်းပေါင်းများစွာနဲ့ လျင်မြန်စွာ ပြည့်သွားတယ်။
လေလံအိမ်နဲ့ အလုပ်ကိစ္စဆက်ဆံရေးကြောင့် လီဖူချန်းက အထူးလျှို့ဝှက်ခန်းတစ်ခုကို ရရှိထားတယ်။
လျှို့ဝှက်ခန်းရဲ့သုံးဖက်လုံးက ဖောက်ထွင်းမြင်နိုင်တဲ့ပုံဆောင်ခဲနဲ့ ပြုလုပ်ထားတယ်။ တစ်ယောက်က အပြင်ဘက်ကို အတွင်းဘက်မှ မြင်နိုင်ပေမယ့် အပြင်ဘက်က အတွင်းဘက်ကို မမြင်နိုင်ပါဘူး။
ဖောက်ထွင်းမြင်ပုံဆောင်ခဲကနေ ကြည့်လိုက်ရာ လေလံခန်းမတစ်ခုလုံးက သူတော်စင်တွေနဲ့ပြည့်နေတာကို လီဖူချန်းက မြင်လိုက်တယ်။ နက်ပြာပလိန်းရဲ့အထင်ကြီးလေးစားရတဲ့သူတော်စင်တွေက ဒီနေရာမှာ သာန်လူသာသာပါပဲ။ ဒါ့ပြင် လျှို့ဝှက်ခန်းတွေမှာတော့ သူတို့က ကျွမ်းကျင်သူတွေ မဟုတ်ရင်တောင် ကြယ်ဝချမ်းသာသူတွေဒါမှမဟုတ်မြင့်မြတ်သူတွေ ဖြစ်နိုင်တယ်။ ကြောက်စရာကောင်းတဲ့ချီတည်ရှိမှုကို ထုတ်လွှတ်နေတဲ့ ထိပ်တန်းအဆင့်လျှို့ဝှက်ခန်းအနည်းငယ် ရှိတယ်။ လီဖူချန်း ခန့်မှန်းတာ မမှားရင် အထဲရှိသူတွေက သူတော်စင်အရှင်နဲ့အဆင့်တူတွေ ဖြစ်မယ်။
"ကြည့်ရတာ စိတ်ဝိညာဉ်တစ်သောင်းမြို့မှာ သူတော်စင်အရှင်အဆင့်ကျွမ်းကျင်သူတွေ အများကြီးမရှိပါဘူး"
ကောင်းကင်အရှင်အဆင့်ကတော့ နည်းလွန်းပါတယ်။ ပလိန်းတစ်ခုက ကောင်းကင်အရှင်ဆယ်ယောက်ကျော်ကို ထုတ်လုပ်နိုင်ရင် အဲဒါက တကယ်ကို ထူးခြားလှတယ်။ သမိုင်းစတင်ကတည်းက နက်ပြာပလိန်းက ကောင်းကင်အရှင်ဆယ်ယောက်အောက်ကိုသာ ထုတ်လုပ်နိုင်ခဲ့တယ်။ လက်ရှိအချိန်မှာ ထိုကောင်းကင်အရှင်တွေက မထွက်ပေါ်လာသေးဘူး၊ သူတို့က သေသလား ရှင်သလားတောင် မသိနိုင်ပါဘူး။ ဖြစ်နိုင်တာက သူတို့က အသက်ကြီးလို့ သေသွားတယ် ဒါမှမဟုတ် တိုက်ပွဲတွေမှာ ပျောက်ကွယ်သွားတာ များလား။ အဲဒီလိုနဲ့ ထိုကောင်းကင်အရှင်တွေ ပျောက်ဆုံးနေချိန်မှာ သူတော်စင်အရှင်တွေက ပြောင်းလဲမှုတွေကို ဖြစ်ပျက်စေနေတဲ့သူတွေပါပဲ။ ကြီးမားတဲ့အဖြစ်အပျက်များစွာက သူတော်စင်အရှင်တွေကြောင့်ပါပဲ။
မကြာမီမှာပဲ လေလံပွဲက စတင်ခဲ့တယ်....
နံနက်ကြယ်အဆင့်လေလံပွဲက တကယ်ကို မယုံနိုင်စရာပဲ။ ပထမဆုံးလေလံပစ္စည်းက သူတေယ်စင်တွေအတွက် အတော်လေးအသုံးဝင်ပြီး ဈေးကလည်း အတော်လေးမြင့်တယ်။
ဒုတိယပစ္စည်း၊ တတိယပစ္စည်း........
လေလံပွဲအတွင်း ပထမအဆင့်အထွတ်အထိပ်လက်နက်တွေနဲ့ချပ်ဝတ်များစွာက ထွက်ပေါ်လာတယ်။
လီဖူချန်းက သူ့ရဲ့လေလဲဆွဲလိုစိတ်ကို ပြန်ထိန်းထားရတယ်။ သူ့ရဲ့ခွန်အားက လျင်မြန်စွာ တိုးလာနေတယ်၊ ပထမအဆင့်အထွတ်အထိပ်ပစ္စည်းတွေက အချိန်တိုအတွင်းသာ အသုံးဝင်လိမ့်မယ်။ နောက်ပိုင်းကျရင် သူတို့က အသုံးမဝင်ဖြစ်လာပြီး ပိုက်ဆံဖြန်းတီးခြင်းတစ်ခုသာ ဖြစ်ပေလိမ့်မယ်။
ပြီးတော့ ပထမအဆင့်အထွတ်အထိပ်ချပ်ဝတ်တစ်ခုက သူတော်စင်အရှင်တစ်ယောက်ရဲ့တိုက်ခိုက်မှုကို မတားဆီးနိုင်ပါဘူး။ လီဖူချန်းရဲ့လက်ရှိခွန်အားအရ ပထမအဆင့်အထွတ်အထိပ်ချပ်ဝတ်တစ်ခုမရှိရင်တောင် အထွတ်အထိပ်သူတော်စင်အနည်းငယ်ကသာ သူ့ရဲ့ခံစစ်ကို ချိုးဖျက်နိုင်လိမ့်မယ်။
ထိပ်တန်းအဆင့်အထွတ်အထိပ်လက်နက်တွေကသာ သူ့အတွက် အသုံးဝင်နိုင်လိမ့်မယ်။
အချိန်အတော်ကြာပြီးနောက် လီဖူချန်းက ပထမအဆင့်အထွတ်အထိပ်ဓားတစ်လက်ဖြစ်တဲ့ ပြောင်းလဲခြင်းအသစ်ဓားကို ဝယ်ခဲ့တယ်။
အဲဒါက အလွန်အသုံးမဝင်နိုင်ပေမယ့် ရုပ်ဖျက်ဖို့အတွက် အတော်လေးကောင်းပါတယ်။
ကောင်းကင်ဆက်ဓားက ချိတ်ပိတ်ဖွင့်ပြီးတာနဲ့ အဆုံးစွန်းအဆင့်ဓားတစ်လက်ဖြစ်လာလိမ့်မယ်။ အဆုံးစွန်းအဆင့်လက်နက်တွေက ကြယ်ပိုင်နက်မှာတောင် ရှားပါးတယ်။ ထိပ်တန်းအဆင့်သူတော်စင်အရှင်ဒါမှမဟုတ်ကောင်းကင်အရှင်ဘယ်သူက လီဖူချန်းအား ပစ်မှတ်ထားမလားကို သိဖို့ခက်ခဲတယ်။
အကြွင်းမဲ့သေရေးရှင်ရေးအခြအနေမဟုတ်ရင် လီဖူချန်းက ကောင်းကင်ဆက်ဓားကို ဖော်ထုတ်လိမ့်မှာမဟုတ်ဘူး။
လီဖူချန်းရဲ့တောက်ပသစ်သီးနဲ့အရိပ်သစ်သီးတို့ကို လေလံပွဲရဲ့နောက်ပိုင်းအတွက် စီစဉ်ထားတယ်။ ပြီးတော့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀၀၀၀ကနေစတင်လေလံဆွဲရမယ့်ပစ္စည်းတွေ ရှိလာပါလိမ့်မယ်။ အထွတ်အထိပ်အဆင့်သူတော်စင်တွေနဲ့သူတော်စင်အရှင်တို့လိုအနည်းငယ်ကသာ သူတို့ကို တတ်နိုင်လိမ့်မယ်။
မျှော်လင့်ထားသလိုပဲ တောက်ပသစ်သီးနဲ့အရိပ်သစ်သီးထွက်ပေါ်လာချင်းချင်း ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့တယ်။
အဆုံးမှာတော့ တောက်ပသစ်သီးက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၂၈၀၀၀နဲ့ အရိပ်သစ်သီးကို အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၃၅၀၀၀နဲ့ ရောင်းချနိုင်ခဲ့တယ်။
တောက်ပသစ်သီးနဲ့အရိပ်သစ်သီးတို့ရဲ့လေလံပွဲပြီးနောက် အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတွေရဲ့လေလံပွဲ စတင်လာတော့တယ်။
လီဖူချန်းကို အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတွေက အလွန်ဆွဲဆောင်ခဲ့ပေမယ့် ဒီအထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတွေက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၅၀၀၀၀နဲ့ ဈေးစတင်ခဲ့တာပါ။ လီဖူချန်းက ဝယ်ချင်ရင်တောင် သူက မတတ်နိုင်ပါဘူး။
နောက်ဆုံးလေလံပစ္စည်းက ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်တစ်ခုပါပဲ။ မိတ်ဆက်အရ အဲဒါကသာလွန်ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။ လေလံက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၅သိန်းအထိ ရောက်ရှိသွားခဲ့တယ်။
လေလံပွဲပြီးဆုံးပြီးနောက် လီဖူချန်းမှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၆သောင်း ရှိလာပါပြီ။ ပြောင်းလဲခြင်းအသစ်ဓားက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသုံးထောင်ကျော်သာ ကျသင့်တာလေ။
အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၆သောင်းနဲ့ဆိုရင် လီဖူချန်းက အလွန်ချမ်းသာတယ်လို့ ပြောလို့ရပါတယ်။
***