ဦးမှင်မီးအိမ်မျိုးနွယ်နဲ့မြူခိုးမျိုးနွယ်
Vol. 62 Ch. 852
လေလံပွဲပြီးပြီနောက် လီဖူချန်းက တည်းခိုခန်းကို ပြန်လာပြီး ဓားအင်းကွက်ကို ဆက်လက်နားလည်စေလိုက်တယ်။။
အချိန်တွေ ကုန်ဆုံးနေတယ်.......
ကောင်းကင်ဆက်ဓားထဲရှိချိတ်ပိတ်ထားတဲ့ဓားအင်းကွက်က တိုးတက်လာသောကြောင့် နားလည်ဖို့ခက်ခဲလာတယ်။
၉၈မှ၉၉ရာခိုင်နှုန်းအထိ လီဖူချန်းက တစ်လအချိန်ယူခဲ့တယ်။
၉၉မှ၉၉.၉ရာခိုင်နှုန်းအထိ တိုးတက်လာဖို့ သူက နှစ်လအချိန်ယူခဲ့တယ်။
နောက်ဆုံး၀.၁ရာခိုင်နှုန်းက ၃လတိတိ ကြာခဲ့တယ်။
ကောင်းကင်ဆက်ဓားကို ချိတ်ပိတ်ဖွင့်လိုက်တဲ့အခါ ကြောက်စရာကောင်းတဲ့ဓားချီတစ်ခုက ဓားအိမ်မှ ထွက်လာတယ်။ သူက အခု အဲဒါကို ဆွဲထုတ်လိုက်ရင် စိတ်ဝိညာဉ်တစ်သောင်းမြို့ရှိလူတိုင်းက ကောင်းကင်ဆက်ဓားကို ခံစားမိလိမ့်မယ်လို့ လီဖူချန်းက အလိုလိုသိစိတ်တစ်ခု ရှိနေတယ်။
"မင်းက ချိတ်ပိတ်ထားတဲ့ဓားအင်းကွက်ကို ဒီလောက်မြန်မြန်နားလည်လိမ့်မယ်လို့ ငါ မထင်ထားဘူး"
ဓားစိတ်ဝိညာဉ်က အတော်လေးအံ့အားသင့်သွားတယ်။
လီဖူချန်းက ပြန်မဖြေပါဘူး၊ သူက ဓားအင်းကွက်ရဲ့ကမ္ဘာထဲမှာ လုံးဝနစ်မြုပ်သွားခဲ့တယ်။
ကောင်းကင်ဆက်ဓားရဲ့နောက်ဆုံးချိတ်ပိတ်က ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားအင်းကွက်တစ်ခုပါပဲ။ တစ်ကြိမ် နားလည်ပြီးတာနဲ့ အနာဂတ်မှာ သူက ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားပညာတစ်ခုကို နားလည်စေတဲ့အချိန်မှာ လီဖူချန်းအတွက် အလွန်အကျိုးရှိစေတယ်။ အဲဒါက လီဖူချန်းရဲခွန်အားကိုလည်း အကြီးအကျယ်တိုးလာစေတယ်။ ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားအင်းကွက်တစ်ခုကို သယ်ဆောင်ထားတဲ့ဓားတစ်လက်ကို လီဖူချန်းက ရှာတွေ့နိုင်မယ်ဆိုရင် အဲဒါက ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားတစ်လက်ကို ရရှိတာနဲ့ အတူတူပါပဲ။
ကောင်းကင်ဆက်ဓားကို အသုံးမပြုနိုင်ရင်တောင် ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားအင်းကွက်က လီဖူချန်းရဲ့အသန်မာဆုံးဝှက်ဖဲ သေချာပေါက်ဖြစ်လာလိမ့်မယ်။
နောက်ထပ်သုံးရက်ကြာပြီးနောက် လီဖူချန်းက မြို့ဂိတ်ဆီ ဖြည်းဖြည်းချင်း လျှောက်သွားတယ်။
သူက စိတ်ဝိညာဉ်တစ်သောင်းမြို့မှာ သူ့ရဲ့ရည်ရွယ်ချက်ကို အောင်မြင်ခဲ့တာကြောင့် အခုက သူ့အတွက် ပြန်ဖို့အချိန်ပါပဲ။
အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၆၀၀၀၀နဲ့ဆိုရင် စိတ်ဝိညာဉ်တစ်သောင်းမြို့ဒါမှမဟုတ်နက်ပြာပလိန်းထဲမှာ ကျင့်ကြံတာက သူ့အတွက် ခြားနားချက်ရှိမှာမဟုတ်ဘူးလို့ လီဖူချန်းက ခံစားရတယ်။
"ဒီကောင်လေးက နောက်ဆုံးတော့ မြို့က ထွက်တော့မှာပေါ့"
"ဟမ့်၊ သူ မြို့ကနေ ခြေတစ်လှမ်းလှမ်းတာနဲ့ ငါ သူ့ကို ဝါးမျိုရလိမ့်မယ်"
လမ်းပေါ်မှာ၊ လက်ဖက်ရည်ဆိုင်မှာ၊ စားသောက်ဆိုင်မှာ၊ ဈေးဆိုင်တွေမှာ ဟိုလိုလိုသည်လိုလိုမျက်လုံးတွေက လီဖူချန်းကို ကြည့်နေကြတယ်။
"ကြည့်ရတာ လူများစွာက သူ့ကို ပစ်မှတ်ထားနေပုံပဲ"
အဆောက်အဦးတစ်ခုရဲ့ထိပ်ဆုံးအထပ်မှာ ပြတင်းပေါက်အားလုံးကို ဖွင့်ထားတယ်။ အုပ်စုတစ်ခုက အပေါ်ကနေ လီဖူချန်းကို စောင့်ကြည့်နေတယ်။
"အခြားသူတွေကို သူ့ခွန်အားစမ်းသပ်ခွင့်ပြုလ်ိုက်တာ မကောင်းဘူးလား။ ဘယ်သူပဲ ဖြစ်ဖြစ် ကိစ္စမရှိဘူး၊ ဒိုဂရက်ကလန်မှာ အဲ့လူရဲ့ချီတည်ရှိမှုရှိသရွေ့ ထိုလူက အခြားပလိန်းကို လွတ်မြောက်သွားရင်တောင် ငါတို့က သူ့ကို ရှာတွေ့နိုင်တယ်"
ဒိုဂရက်ကလန်က စိတ်ဝိညာဉ်တစ်သောင်းမြို့မှာ အတော်လေးကျော်ကြားတဲ့မုဆိုးကလန်တစ်ခု ဖြစ်ပြီး သူတို့က ခြေရာခံရာမှာ အတော်လေးကျွမ်းကျင်တယ်။ သူတို့ကို ဒိုဂရက်ကလန်က တစ်ကြိမ် ပစ်မှတ်ထားတာနဲ့ တစ်ယောက်မှ လွတ်မြောက်နိုင်လိမ့်မှာ မဟုတ်ဘူး။
"သူတော်စင်အရှင်တွေက ငါ့ကို ပစ်မှတ်မထားလောက်ဘူး။ အများဆုံး အထွတ်အထိပ်အဆင့်သူတော်စင်တွေလောက်ပေါ့။ ဒီလိုဆိုတော့လည်း ငါက ငါ့ခွန်အားကို စမ်းသပ်နိုင်တာပေါ့လေ"
လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားက ပြောင်မြောက်ပြီး သူ့ကို သတိမပြုမိစေဘဲနဲ့ ထောက်လှမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
လီဖူချန်းရဲ့အမြင်အရ သူတော်စင်အရှင်တစ်ယောက်က သူ့ကို ပစ်မှတ်မထားလောက်ပါဘူး။ တကယ်လို့ သူတော်စင်အရှင်တစ်ယောက်က ပစ်မှတ်ထားရင်တောင် သူက ပြန်တိုက်ခိုက်ဖို့စွမ်းရည် ရှိပါတယ်။
သူတော်စင်အရှင်တွေမှာလည်း အဆင့်တွေအမျိုးမျိုးရှိတယ်။ သာမန်သူတော်စင်အရှင်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကောင်းကင်ဆက်ဓားနဲ့အတူ သူက တိုက်ပွဲတစ်ခုကို ရေးထိုးနိုင်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။
မြို့မှ ထွက်လာပြီးနောက် လီဖူချန်းက စိတ်ဝိညာဉ်တစ်သောင်းကြယ်ကို အမြန်ပြေးသွားတယ်။
စိတ်ဝိညာဉ်တစ်သောင်းကြယ်ရဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို သုံးပြီးနောက် လီဖူချန်းက တည်နေရာရွှေ့ပြောင်းရေးကြယ်ဆီ ပြန်ရောက်လာတယ်။
"မလှုပ်ရှားကြသေးဘူးလား" လီဖူချန်းက ထိုလူတွေရဲ့စိတ်ရှည်မှုအပေါ် တိတ်တဆိတ် ချီးကျူးလိုက်တယ်။
ရွှမ်း.......
အရှိန်ကို တစ်ဟုန်ထိုးတင်လိုက်ရာ လီဖူချန်းက အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းသွားပြီး စကြာဝဠာရဲ့အနက်ပိုင်းရှိရာသို့ ပျံသန်းသွားခဲ့တယ်။
"မြန်မြန်လိုက်ကြ၊ သူ ထွက်ပြေးဖို့ ကြိုးစားနေတယ်"
ပုံရိပ်များစွာက တည်နေရာရွှေ့ပြောင်းရေးကြယ်မှ ပျံသန်းထွက်လာပြီး လီဖူချန်းနောက်ကို လိုက်သွားကြတယ်။
"ဒီလောက်ဆို လုံလောက်ပြီးထင်တယ်"
လီဖူချန်းက သူ့ရဲ့အရှိန်ကို အမြန်ဆုံးလိုက်ဖမ်းသူနဲ့ ကိုက်ညီအောင် ထိန်းချုပ်ထားတယ်။ နှစ်နာရီခန့်ပျံသန်းပြီးနောက် သူက ရပ်တန့်ကာ ပြောလိုက်တယ်"ဒီလောက် အကြာကြီးလိုက်နေပြီးတောင်မှ မင်းတို့ကိုယ်မင်းတို့ မထွက်ပြသေးဘူးလား"
"မင်းက ငါတို့ကို ရှာတွေ့ပြီးဆိုမှတော့ ကိစ္စတွေကို ရိုးရိုးရှင်းရှင်း လုပ်ကြတာပေါ့။ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀၀၀၀ကို ချန်ထားခဲ့၊အဲဒါဆိုရင် ငါတို့ ချက်ချင်းထွက်သွားမယ်" ပုံရိပ်ခုနှစ်ခုက ထွက်လာပြီး သူတို့က လူသားပုံစံနဲ့အခြားမျိုးနွယ်စုသူတော်စင်တွေပါပဲ။
စကြာဝဠာထဲမှာ လူသားတွေရဲ့အသွင်အပြင်က အတော်လေးလူသိများတယ်၊ ဒါကြောင့် မျိုးနွယ်စုများစွာက လူသားပုံစံတွေကို ပြောင်းလဲကြလေ့ရှိတယ်။
ခြားနားချက်ကတော့ အခြားမျိုးနွယ်သူတော်စင်ခုနှစ်ယောက်ရဲ့ဦးခေါင်းတွေထက်ရှိဦးမှင်နှစ်ခုပါပဲ။ ထိုဦးမှင်တွေက ထူးဆန်းပြီး တစ်ချိန်တည်းမှာပဲ အန္တရာယ်များလှတယ်။
"အထွတ်အထိပ်သူတော်စင်နှစ်ယောက်လား"
ချီတည်ရှိမှုအရ အဆင့်မြင့်သူတော်စင်ငါးယောက်နဲ့အထွတ်အထိပ်သူတော်စင်နှစ်ယောက်ဆိုတာ လီဖူချန်းက သိလိုက်တယ်။
အုပ်စုက အတော်လေးအားကောင်းတယ်၊ ပြီးတော့ လီဖူချန်းက အကြိုပြီးပြည့်စုံခြင်းအဆင့်ခန္ဓာကိုယ်အပြင်အားသူတော်စင်တစ်ယောက် ဒါမှမဟုတ် အဆင့်၄သူတော်စင်တစ်ယောက်ပုံစံသာ ပေါက်နေတာလေ။
"မင်းတို့ခုနှစ်ယောက်နဲ့ မလုံလောက်မှာကို ငါ စိုးရိမ်မိတယ်။ အခြားသူတွေကိုပါ ထွက်လာဖို့ မေးလိုက်ပါ" လီဖူချန်းက ဟင်းလင်းပြင်ကို ကြည့်လိုက်တယ်။
"အံ့ဩစရာကောင်းတယ်။ မင်းက ငါတို့မြူခိုးမျိုးနွယ်စုကို တကယ်ရှာတွေ့နိုင်တာပဲ"
ဟင်းလင်းပြင်မှ မြူတစ်ခုက ထွက်ပေါ်လာတယ်။ မြူမှ မြူဆိုင်းနေတဲ့ပုံရိပ်ငါးခုက ထွက်လာတယ်။
ဦးခေါင်းမှာဦးမှင်နှစ်ခုပါတဲ့အခြားမျိုးနွယ်သူ တော်စင်တွေက လေးနက်တဲ့အမူအရာ ဖြစ်သွားတယ်။ မြူခိုးမျိုးနွယ်က အလွန်အန္တရာယ်များတဲ့မျိုးနွယ်တစ်ခုဖြစ်ပြီး လုပ်ကြံသတ်ဖြတ်ရာမှာ အစစ်အမှန်ကျွမ်းကျင်သူတွေ ဖြစ်တယ်။ ဒါပေမယ့် သူတို့ရဲ့အံဩသွားတဲ့အမူအရာက မြူခိုးမျိုးနွယ်ထွက်ပေါ်လာတာကြောင့် မဟုတ်ပါဘူး၊ လီဖူချန်းက မြူခိုးမျိုးနွယ်ကို ရှာတွေ့နိုင်ပေမယ့် သူတို့က ရှာမတွေ့နိုင်တာကြောင့်ပါပဲ။ လီဖူချန်းက သူတို့မျှော်လင့်ထားတာထက် ပိုသန်မာတယ်လို့ ဆိုလိုတာများလား။
"အခုမှ ရပ်ဖို့က မဖြစ်နိုင်ဘူး။ ဒီလူက အလွန်အမင်းအားကောင်းရင်တောင် ဒီလောက်လူအများကြီးနဲ့ဆိုရင် သူက ဘာတတ်နိုင်မှာလဲ" နက်မှောင်တဲ့ဦးမှင်တွေနဲ့အခြားမျိုးနွယ်စုသူတော်စင်တစ်ယောက်က ရက်စက်စွာပြုံးလိုက်တယ်။
"ဦးမှင်မီးအိမ်မျိုးနွယ်၊ အတူတူပူပေါင်းကြရအောင်။ နောက်မှ ငါတို့တွေ ဆုလာဒ်ကို ခွဲဝေယူကြတာပေါ့" မြူခိုးမျိုးနွယ်သူတော်စင်တစ်ယောက်က ပြောလိုက်တယ်။
ဒီမျိုးနွယ်သူတော်စင်တွေ ဘာပိုင်ဆိုင်သလဲကို လီဖူချန်းက မသိပါဘူး၊ ဒါပေမယ့် မြူခိုးမျိုးနွယ်က ချက်ချင်းသိတယ်။ ဦးမှင်မီးအိမ်မျိုးနွယ်က သူတို့ရဲ့ဦးမှင်တွေကို သုံးပြီး ဘယ်အရာကိုမဆို အာရုံခံနိုင်တယ်။ ဒါ့ပြင် ဦးမှင်မီးအိမ်မျိုးနွယ်က သူတို့ရဲ့ဦးမှင်တွေနဲ့ အဆက်သွယ်ပြုလုပ်နိုင်တယ်။ ဒါက လူသားတွေတီထွင်ထားတဲ့ဆက်သွယ်ရေးတုံကင်ထက် ပိုကောင်းတယ်။
"ကောင်းပြီ" ဦးမှင်မီးအိမ်မျိုးနွယ်သူတော်စင်တွေက သဘောတူလိုက်တယ်။
"ကဲ အခြားမျိုးနွယ်အထွတ်အထိပ်အဆင့်သူတော်စင်တွေရဲ့ခွန်အားကို ကြည့်ရတာပေါ့" လီဖူချန်းက အတော်လေးစိတ်လှုပ်ရှားနေတယ်။
ဦးမှင်မီးအိမ်သူတော်စင်ခုနှစ်ယောက်၊ မြူခိုးသူတော်စင်ငါးယောက်။ စုစုပေါင်းဆယ့်နှစ်ယောက်၊ မြူခိုးမျိုးနွယ်ထဲမှာ အထွတ်အထိပ်အဆင့်သူတော်စင်သုံးယောက် ရှိတယ်။
အခုလိုအနေအထားနဲ့ ရင်ဆိုင်ရရင် မည်သည့်အထွတ်အထိပ်အဆင့်သူတော်စင်မဆို ခက်ခဲတဲ့အချိန်တစ်ခု ရှိလိမ့်မှာပါ။
သူတော်စင်၁၂ယောက်ကို တစ်ချက်တည်းနဲ့ မဖယ်ရှားနိုင်ရင် ၁၂ယောက်လုံးရဲ့ပူးပေါင်းတိုက်ခိုက်မှုကို လက်ခံရလိမ့်မယ်။ အဲဒါက အလွန်အမင်းအန္တရာယ်များတဲ့အနေအထားပဲ။
မြူခိုးသူတော်စင်တွေထဲကတစ်ယောက်က ပျောက်ကွယ်သွားပြီး လီဖူချန်းအနောက်မှာ ထွက်ပေါ်လာတယ်၊ မြူတစ်ခုက အုပ်ဆိုင်းလာတယ်။
"ငါ မင်းကို စောင့်နေတာ ကြာပြီ"
နေလက်ချီစွမ်းအားကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ရာနေဥပဒေသက ဟင်းလင်းပြင်ကိုသာမက မြူကိုပါ တွန့်လိမ်ရှုံ့တွသွားစေတယ်။ ဒုန်းခနဲမြည်သံ ထွက်ပေါ်လာပြီး မြူခိုးသူတော်စင်ရဲ့ခန္ဓာကိုယ်က ထွက်ပေါ်လာတယ်။ ခန္ဓာကိုယ်က အရောင်တစ်ချက်လက်သွားပြီး ပြာအဖြစ် ပေါက်ကွဲထွက်သွားတော့တယ်။
"ဒီလူက အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ပဲ၊ အားလုံး ဂရုစိုက်ကြ"
မြူခိုးသူတော်စင်တစ်ယောက်ကို သတ်ဖို့ ချီစွမ်းအားအကာအကွယ်ကို အသုံးပြုရုံမျှနဲ့ လီဖူချန်းက အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ဆိုတာကို အခြားသူတော်စင်တွေက သိသွားခဲ့တယ်။ ဒါ့အပြင် သူက အထွတ်အထိပ်အဆင့်သူတော်စင်တွေကြားမှာတောင် အထက်ပိုင်း ဖြစ်လောက်တယ်။
***