← Chapters

သမန်းဝံပုလွေ

Vol. 62 Ch. 853

သမန်းဝံပုလွေ

Vol. 62 Ch. 853

ဦးမှင်မီးအိမ်သူတော်စင်တွေနဲ့မြူခိုးသူတော်စင်တွေက အတူတူပူးပေါင်းမဆောင်ရွက်ခင် လီဖူချန်းက ရုတ်တရက် ထိုးဖောက်လိုက်တယ်။ သူ့ကို ကြည့်ရတာ အလင်းစီးကြောင်းတစ်ခုနဲ့ တူပြီး ဦးမှင်မီးအိမ်သူတော်စင်တစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားတယ်။

ဝုန်း.......

ဦးမှင်မီးအိမ်သူတော်စင်ရဲ့ခန္ဓာကိုယ်က ပြာအဖြစ် ချက်ချင်း ပေါက်ကွဲထွက်သွားတော့တယ်။

"မကောင်း‌တော့ဘူး၊ မြန်မြန် ခွဲကြ"

လီဖူချန်းရဲ့အရှိန်က မြန်လွန်းပြီး သူ အရင်ပြသခဲ့တုန်းကထက် နှစ်ဆပိုမြန်လာတယ်။ တစ်ခဏအတွင်း သူ့ကို တစ်ယောက်မှ ထိန်းသိမ်းလို့မရဖြစ်နေတယ်။

ဝုန်း.......

နောက်ထပ်ဦးမှင်မီးအိမ်သူတော်စင်တစ်ယောက်က ပေါက်ကွဲထွက်သွားတယ်။

"ဟင်းလင်းပြင်ပိုက်ကွန်"

နောက်ဆုံးမှာတော့ ဦးမှင်မီးအိမ်မျိုးနွယ်မှ အထွတ်အထိပ်သူတော်စင်တစ်ယောက်က လီဖူချန်းရဲ့ချီတည်ရှိမှုကို ထိန်းချုပ်ရန်ကြိုးစားလိုက်တယ်။ လက်ဝှေ့ယမ်းချက်တစ်ချက်နဲ့အတူ ဖောက်ထွင်းမြင်နိုင်တဲ့ပိုက်ကွန်တစ်ခုက လီဖူချန်းကို လွှမ်းခြုံသွားတယ်။

"အချိန်ကျပြီ"

လီဖူချန်းက သူ့ရဲ့ဘယ်လက်နဲ့ စုပ်အားတစ်ခုကို ထုတ်ဖော်ပြီး ပိုက်ကွန်ကို အထုပ်အစည်းတစ်ခုအဖြစ် ကွေးလိပ်သွားစေတယ်။ ပိုက်ကွန်ကို သူ့ရဲ့ဘယ်လက်ဖဝါးဆီ ဆွဲယူပြီးနောက် သူ့ရဲ့ညာလက်နဲ့ ကြီးမားတဲ့ရွှေရောင်လက်ဝါးရိုက်ချက်တစ်ချက်ကို သူက ထုတ်ဖော်လိုက်တယ်။

အား........

ကြက်ဥကို ရိုက်ခွဲလိုက်သလို ပိုက်ကွန်က ပေါက်ကွဲထွက်သွားပြီး ‌ရွှေရောင်လက်ဝါးက ပိုကြီးမားလာကာ နေတစ်စင်းနဲ့တောင် တူလာတယ်။ အဲဒါမှာ အားကောင်းတဲ့ကမ္ဘာဆွဲအားတစ်ခုလည်း ရှိတယ်။ မြူခိုးသူတော်စင်တစ်ယောက်နဲ့ဦးမှင်မီးအိမ်သူတော်စင်တစ်ယောက်ကို လက်ဝါးရိုက်ချက်က သတ်ဖြတ်ခဲ့တယ်။

မျက်စိတစ်မှိတ်အတွင်း လီဖူချန်းက သူတော်စင်ငါးယောက်ကို သတ်ဖြတ်ခဲ့ပြီး အခြားမျိုးနွယ်စုနှစ်စုကို ထိတ်လန့်ကြောက်ရွံ့သွားစေတော့တယ်။

"မြူဓားသွား"

ထက်ရှတဲ့မြူဓားသွားတစ်ခုက ဖြစ်တည်လာပြီး လီဖူချန်းကို ထိုးဖောက်သွားတယ်။

တိုက်ခိုက်သူက မြူခိုးမျိူးနွယ်စုမှ အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ပါပဲ။ သူက အလွန်စိတ်ရှည်ပြီး ဟင်းလင်းပြင်ထဲမှာ ပုန်းကွယ်နေတယ်။ သူ့ရဲ့မျိုးနွယ်စုနှစ်ယောက် အသတ်ခံရတောင်မှ သူက ကြားဝင်မစွက်ဖက်ခဲ့ပါဘူး။

"သေစမ်း"

ထက်ရှတဲ့ဓားသွားက လီဖူချန်းရဲ့ခန္ဓာကိုယ်နဲ့ ထိတွေ့သွားတာနဲ့ အထွတ်အထိပ်အဆင့်မြူခိုးသူတော်စင်က အားနဲ့ တွန်းထုတ်လိုက်တယ်။ လီဖူချန်းထိုးဖောက်ခံရတာကို သူ မြင်ရာကနေ တဖြည်းဖြည်း လွှဲမှား‌နေသလို သူ ခံစားရတယ်။

ဂျိုင်း.......

ဧရာမအားတစ်ခုက အထွတ်အထိပ်အဆင့်မြူခိုးသူတော်စင်ရဲ့လက်မောင်းကို မလှုပ်မရှားနိုင်ဖြစ်စေခဲ့တယ်။

"ဘာလဲ"

မြူဓားသွားက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ခဲ့တာကြောင့် သူ့ မျက်လုံးတွေက ပြူးကျယ်သွားရတယ်။ တကယ်တော့ အဲဒါက အရေပြားကိုတောင် မထိုးဖောက်နိုင်ခဲ့တာပါ။

"ထွက်သွားဖို့စဉ်းစားနေတာလား"

လီဖူချန်းက ဟင်းလင်းပြင်ကို တွန့်လိမ်သွားစေတဲ့လက်သီးအားတစ်ခုကို ထုတ်ဖော်လိုက်တယ်။ အထွတ်အထိပ်အဆင့်မြူသူတော်စင်က သွေးတွေ ပြင်းထန်စွာ ပန်းထွက်သွားပြီး သူ့ရဲ့ခန္ဓာကိုယ်တစ်ဝက်က ပေါက်ကွဲထွက်သွားရတယ်။

"သတ်စမ်း"

ဒီအခြေအနေရောက်မှ အခြားမျိုးနွယ်သူတော်စင်တွေက လီဖူချန်းကို ပူးပေါင်းတိုက်ခိုက်ဖို့အခွင့်အရေးတစ်ခုကို ရှာတွေ့ခဲ့တယ်။

ဂျိုင်း ဂျိုင်း ဂျိုင်း ဂျိုင်း.......

စိတ်မကောင်းစရာကတော့ လီဖူချန်းရဲ့ခန္ဓာကိုယ်က မဖျက်ဆီးနိုင်ဖြစ်နေတာပါပဲ။ အခြားမျိုးနွယ်စုသူတော်စင်ခြောက်ယောက်ရဲ့တိုက်ခိုက်မှုက ကျရောက်လာပေမယ့် အရေပြားကိုတောင် မချိုးဖြတ်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် တိုက်ခိုက်သူတွေကြားမှာ အထွတ်အထိပ်အဆင့်ဦးမှင်မီးအိမ်သူတော်စင်နှစ်ယောက်လည်း ပါရှိတယ်။

"မင်းတို့အားလုံး ဒိနေရာကို ရောက်မှတော့ ထွက်သွားဖို့မစဉ်းစားနဲ့တော့"

လီဖူချန်းရဲ့ခန္ဓာကိုယ်က ရွှေရောင်ဖြာထွက်တောက်ပသွားပြီး အခြားမျိုးနွယ်စုသူတော်စင်တွေအားလုံးကို အုပ်မိုးသွားတယ်။

ဝုန်း ဝုန်း ဝုန်း......

အနီးကပ်တည်ရှိနေမှုကြောင့် အထွတ်အထိပ်အဆင့်သူတော်စင်တွေကလွဲပြီး အခြားသူတော်စင်တွေအားလုံးက ပြာဖြစ်သွားတော့တယ်။

"ဒီလူက အားကောင်းလွန်းတယ်၊ ပြေးတော့"

ကျန်ရှိနေတဲ့ဦးမှင်မီးအိမ်သူတော်စင်နှစ်ယောက်က ကြောက်ရွံ့သွားတယ်။ လီဖူချန်းရဲ့ခွန်အားက အားကောင်းရင်တောင် အဆင်ပြေပါတယ်၊ ဒါပေမယ့် သူ့ရဲ့ခံစစ်ကလည်း ရူးသွပ်စရာပဲ။ ဘယ်လိုလုပ်ပြီး သူတို့ နိုင်နိုင်မှာလဲ။ မြူခိုမျိုးနွယ်ရဲ့အထွတ်အထိပ်သူတော်စင်ကတောင် လက်သီးတစ်ချက်နဲ့ သေအံ့ဆဲဆဲဖြစ်နေရတယ်။

သူတို့နှစ်ယောက်က ထွက်သွားချင်ပေမယ့် မဖြစ်နိုင်ခဲ့ပါဘူး။

အလယ်ဗဟိုမှာ လီဖူချန်းနဲ့အတူ အားကောင်းတဲ့ကမ္ဘာဆွဲအားတစ်ခုက ဒီနေရာရဲ့ဟင်းလင်းပြင်ကို ပိတ်လှောင်ထားတယ်။ တစ်ယောက်ယောက်က ဒီနေရာမှ ထွက်သွားချင်ရင် သူတို့က ဆယ်ဆဒါမှမဟုတ်အဆ၁၀၀အားထုတ်ဖို့ လိုအပ်တယ်။ ဒါ့အပြင် သူတို့ရဲ့အရှိန်က အလွန်နှေးကွေးနေပါလိမ့်မယ်။

ဝုန်း......

ပထမဆုံးသေသွားတဲ့သူကတော့ မြူခိုးမျိုးနွယ်ရဲ့အထွတ်အထိပ်အဆင့်သူတော်စင်ပါပဲ။ လီဖူချန်းရဲ့လက်သီးတစ်ချက်ကို လက်ခံပြီးနောက် သူက အသက်ရှုဖို့တောင် အချိန်မရှိခဲ့ဘဲ လီဖူချန်းရဲ့ဒုတိယလက်သီးကြောင့် သူက ပြာဖြစ်သွားတော့တယ်။

"ငါတို့ရှုံးတာ ဝန်ခံပါတယ်။ ပြောပါ၊ မင်း ငါတို့ကို သွင်းခွင့်ပေးဖို့ ငါတို့ ဘာလုပ်ရမလဲ။ ဒါပေမယ့် မင်း တရားမလွန်ဖို့တော့ ငါတို့ အကြံပေးချင်တယ်၊ ငါတို့ဦးမှင်မီးအိမ်မျိုးနွယ်က အသေးအမွှားမဟုတ်ဘူး" သူတို့မလွတ်မြောက်နိုင်တော့တာကို မြင်ပြီး အထွတ်အထိပ်အဆင့်ဦးမှင်မီးအိမ်သူတော်စင်နှစ်ယောက်က တင်းမာတဲ့လေသံနဲ့ ပြောလိုက်တယ်။

"သွားခွင့်ပေးရမယ်။ အဲဒါ ဖြစ်နိုင်မယ်လို့ မင်း ထင်နေတာလား" လီဖူချန်းက ထိုနှစ်ယောက်လွတ်မြောက်သွားမှာနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်။

ကြယ်ဥပဒေသကို ကြောက်စရာအကောင်းဆုံးဥပဒေသတွေထဲကတစ်ခုလို့ မပြောနိုင်ပါဘူး။ ဒီဥပဒေသနဲ့ရင်ဆိုင်ရတဲ့အခါ လွတ်မြောက်ဖို့မျှော်လင့်ချက်အားလုံးက ရိုးရှင်းစွာ ပျက်စီးသွားခဲ့တယ်။

"မင်း ငါတို့ကို သတ်ရင် ဦးမှင်မီးအိမ်မျိုးနွယ်က မင်းကို လိုက်ဖမ်းတာကို ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး"

အထွတ်အထိပ်အဆင့်ဦးမှင်မီးအိမ်သူတော်စင်နှစ်ယောက်က အနီးဆုံးရှိဦးမှင်မီးအိမ်သူတော်စင်တွေထံ အကြောင်းကြားခဲ့တယ်။ သူတို့ဦးမှင်တွေရဲ့ထိပ်ဖျားပေါ်ရှိ အလင်းလုံးတွေက ချက်ချင်း အရောင်လက်သွားတယ်။

"ငါ စောင့်နေမှာပါ" အလင်းလက်သီးတစ်ချက်နဲ့အတူ လီဖူချန်းက သူ့ရဲ့တိုက်ခိုက်မှုကို ဖော်ထုတ်လိုက်တယ်။

သူတို့နှစ်ယောက်က အဆက်မပြတ် ငြီးတွားနေရတယ်။ လီဖူချန်းရဲ့လက်သီးက ရှောင်တိမ်ဖို့ခက်ခဲတယ်။ အဲဒါက မြန်လွန်းရုံတင်မက အားကောင်းတဲ့ကမ္ဘာဆွဲအားကတောင် ပါဝင်တယ်။

ဝုန်း......

ဦးမှင်မီးအိမ်သူတော်စင်တစ်ယောက်ရဲ့ဦးခေါင်းက ပြုတ်ထွက်ပြီး တစ်ဆက်တည်းမှာပဲ သူ့ရဲ့ခန္ဓာကိုယ်က အပိုင်းပိုင်းဖြစ်သွားတော့တယ်။

"မဟုတ်ဘူး"

နောက်ဆုံးဦးမှင်မီးအိမ်သူတော်စင်က စိတ်ပျက်သွားတယ်။ သူ့ဦးခေါင်းပေါ်ရှိဦးမှင်တွေက သက်တံတစ်ခုကို ထုတ်လွှတ်နေပြီး လီဖူချန်းရဲ့မှုန်ဝါးဝါးပုံရိပ်တစ်ခုကို မြင်နိုင်တယ်။

ထို့နောက် လက်သီးတစ်လုံးက သူ့ရဲ့ခန္ဓာကိုယ်အပေါ် ကျရောက်လာတော့တယ်။

"နတ်ဆိုးသားရဲနဲ့နတ်ဆိုးတွေနဲ့ နှိုင်းယှဉ်ရင် မြူခိုမျိုးနွယ်နဲ့ဦးမှင်မီးအိမ်မျိုးနွယ်တို့က ရင်ဆိုင်ရတာ ပို လွယ်တယ်"

လီဖူချန်းက နှိုင်းယှဉ်ချက်တစ်ခု ပြုလုပ်ပြီးနောက် ဦးမှင်မီးအိမ်မျိုးနွယ်နဲ့မြူခိုးမျိုးနွယ်ရဲ့တိုက်ခိုက်ရေးခွန်အားက လူသားတွေထက် အများကြီးနိမ့်ကျတယ်လို့ ခံစားမိတယ်။ မြူခိုးမျိုးနွယ်ရဲ့အကြီးမားဆုံးအားသာချက်က သူတို့ရဲ့မွေးရာပါစွမ်းရည်ဖြစ်တဲ့မြူအတိဖုံးလွှမ်းခြင်းပဲ ဖြစ်တယ်။ သူတို့ရဲ့မွေးရာပါစွမ်းရည်ကို ဆုံးရှုံးပြီးနောက် သူတို့ရဲ့တိုက်ခိုက်ရေးခွန်အားက အဆင့်တစ်ခုလုံး လျော့ကျသွားလိမ့်မယ်။ ဦးမှင်မီးအိမ်မျိုးနွယ်ရဲ့အားသာချက်က သူတို့ရဲ့ကိုယ်ပိုင်မျိုးနွယ်အဖွဲ့ဝင်တွေနဲ့ ဆက်သွယ်နိုင်တဲ့စွမ်းရည် ဖြစ်တယ်။ ဒါက ဆက်သွယ်ရေးတုံကင်ကိုသာ အသုံးပြုနိုင်တဲ့လူသားတွေနဲ့ မတူပါဘူး။ ဒါပေမယ့် ဦးမှင်မီးအိမ်မျိုးနွယ်က တိုက်ခိုက်ရေးမှာတော့ မကျွမ်းကျင်ပါဘူး။

"မြူခိုးမျိုးနွယ်က လုပ်ကြံသတ်ဖြတ်ရာမှာ အဆင့်မြင့်ပေမယ့် တိုက်ပွဲဝင်မျိုးနွယ်တွေထဲမှာတော့ မြူခိုးမျိုးနွယ်က စာရင်းမဝင်ပါဘူး။ စကြာဝဠာထဲမှာ တိုက်ပွဲဝင်မျိုးနွယ်လို့အသိအမှတ်ပြုရမယ့်မျိုးနွယ်က အနည်းငယ်သာ ရှိတယ်။ နတ်ဆိုးသားရဲ၊ နတ်ဆိုးတွေနဲ့ လူသားတွေက ထိုမျိုးနွယ်တွေထဲကတစ်ခုပဲ"

လူသားတွေက အလွန်အမင်အားကောင်းနေတုန်းပါပဲ။ နတ်ဆိုးသားရဲတွေ၊ နတ်ဆိုးတွေနဲ့ အဆင့်မြင့်မျိုးနွယ်အနည်းငယ်အပြင် တိုက်ခိုက်ရာမှာ လူသားတွေကို ဖိနှိပ်နိုင်တဲ့မျိုးနွယ်တွေက အများကြီးမရှိပါဘူး။

လက်ကို ဝှေ့ယမ်းလိုက်ရာ ပြန့်ကျဲနေတဲ့နေရာလပ်လက်စွပ်အားလူံးက လီဖူချန်းရဲ့လက်ထဲ ရောက်ရှိလာတယ်။

တိုက်ပွဲဆုလာဒ်တွေကို မစစ်ဆေးဘဲနဲ့ လီဖူချန်းက နေရာလပ်လက်စွပ်တွေကို သိမ်းပြီး ဟင်းလင်းပြင်ကို ကြည့်လိုက်တယ်" ဒီလောက်အကြာကြီး ကြည့်ပြီးမှတော့ မင်းတို့တွေ အခု ထွက်လာသင့်ပြီးလို့ မထင်ဘူးလား"

အမှောင်ထဲမှ တစ်ယောက်ယောက်က စောင့်ကြည့်နေတာကို ဦးမှင်မီးအိမ်မျိုးနွယ်နဲ့မြူခိုးမျိုးနွယ်တို့က မသိပါဘူး။

သနားစရာတစ်ခုကတော့ တစ်ယောက်မှ လီဖူချန်းကို မဖုံးကွယ်နိုင်ပါဘူး။

"မယုံနိင်စရာပဲ။ တကယ်ကို မယုံနိုင်စရာပဲ။ တစ္ဆေသင်္ဘောတောင် မင်းကို မဖုံးကွယ်နိုင်ဘူးပဲ"

ဟင်းလင်းပြင်မှ သင်္ဘောတစ်စင်းရဲ့အရိပ်က ဖြည်းဖြည်းချင်း ပေါ်လာနေတယ်။

သင်္ဘောဦးပိုင်းမှာ အနက်ရောင်ဝတ်ရုံတွေကို ဝတ်ဆင်ထားတဲ့ပုံရိပ်‌တွေ ထွက်ပေါ်လာတယ်။

လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံတွေနဲ့ ဝေ့ကြည့်လိုက်ရာ ဒီအခြားမျိုးနွယ်သူတော်စင်အုပ်စုတွေကြားမှာ အထွတ်အထိပ်အဆင့်သူတော်စင်လေးယောက်ရှိတာကို သိလိုက်ရတယ်။ ချီလှိုင်းတွေအရ ဦးမှင်မီးအိမ်နဲ့မြူခိုးမျိုးနွယ်ထက် အများကြီး ပိုသန်မာတယ်။

"မင်းမှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေသောင်းအနည်းငယ် ရှိရမယ်။ မင်းက အချို့ကို ပဏ္ဍာမဆက်သချင်ဘူးလား" အနက်ရောင်ဝတ်ရုံပုံရိပ်တစ်ခုက ပြောလိုက်တယ်။

"မင်းတို့က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေ လိုချင်ရင် မင်းတို့က အရည်အချင်းရှိသလားကို ပြသဖို့ လိုတာပေါ့" လီဖူချန်းက ပြုံးလိုက်တယ်။

"မင်းက ဦးမှင်မီးအိမ်နဲ့မြူခိုးမျိုးနွယ်တို့အားလုံးကို သတ်ဖို့ တကယ်ကို မယုံနိုင်စရာကောင်းပါတယ်။ ဒီလိုဆိုမှတော့ မင်းရဲ့အရည်အချင်းကို ကည့်ရ‌အောင်" အနက်ဝတ်ပုံရိပ်က လီဖူချန်းထံ တစ်ဟုန်ထိုးပြေးဝင်လာတယ်။

ဝုန်း.......

လက်သီးနှစ်လုံးက ချက်ချင်း ထိပ်တိုက်တွေ့သွားတယ်။

လီဖူချန်းရဲ့ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားပေမယ့် သူက ခြေတစ်လှမ်းတောင် နောက်မဆုတ်လိုက်ရပါဘူး။

အခြားတစ်ဘက်မှာတော့ အနက်ဝတ်ပုံရိပ်က နောက်ပြန်လွင့်ထွက်သွားပြီး လက်မောင်းက လိမ်ကောက်သွားတော့တယ်။

"ဘယ်လိုလဲဟ"

အနက်ရောင်ဝတ်ရုံက ပေါက်ကွဲထွက်သွားပြီး ကြွက်သားတုတ်တုတ်ခိုင်ခိုင်နဲ့လူတစ်ယောက်က လီဖူချန်းရဲ့မြင်ကွင်းထဲမှာ ထွက်ပေါ်လာတယ်။ ကြီးမားတဲ့ကြွက်သားခန္ဓာကိုယ်က ဖောင်းကားသွားပြီး အပေါ်ပိုင်းခန္ဓာကိုယ်က ဝံပုလွေတစ်ကောင်အဖြစ်သို့ ပြောင်းသွားတယ်၊ အောက်ပိုင်းခန္ဓာကိုယ်က လူသားတစ်ယောက်ဖြစ်နေတုန်းပါပဲ။ ချီတည်ရှိမှုက ပြင်းထန်ပြီးရက်စက်ကြမ်းကြုတ်တယ်။

"သမန်းဝံပုလွေမျိုးနွယ်လား" လီဖူချန်းက ရန်သူရဲ့မျိုးနွယ်ကို ချက်ချင်း ဖော်ထုတ်နိုင်ခဲ့တယ်။

***

All Chapters