ရွှေရောင်သမန်းဝံပုလွေ
Vol. 62 Ch. 854
သမန်းဝံပုလွေတွေက အတော်လေးကြောက်စရာကောင်းတဲ့မျိုးနွယ်တစ်ခုပါပဲ။ မှတ်တမ်းတွေအရ သမန်းဝံပုလွေ၊ လူသားနဲ့ နတ်ဆိုးသားရဲတွေက နီးကပ်တဲ့ဆက်ဆံရေးတစ်ခု ရှိတယ်။ ရှေးခေတ်တုန်းက သမန်းဝံပုလွေတစ်ကောင်ကို လူသားနဲ့ဝံ ပုလွေတို့ရဲ့ပေါင်းစပ်မှုကြောင့် မွေးဖွားလာတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် အဲဒါက မှတ်တမ်းတစ်ခုပါပဲ။ စကြာဝဠာရှိမျိုးနွယ်တစ်စုရဲ့အရင်းမြစ်ကို သိဖို့က ခက်ခဲတယ်။
သမန်းဝံပုလွေတွေမှာ ပုံစံနှစ်မျိုးရှိတယ်။ လူသားပုံစံဖြစ်တဲ့သာမန်ပုံစံတစ်ခုနဲ့ သမန်းဝံပုလွေပုံစံဖြစ်တဲ့တိုက်ပွဲဝင်ပုံစံတစ်ခုတို့ ရှိတယ်။
သမန်းဝံပုလွေပုံစံနဲ့ဆိုရင် သမန်းဝံပုလွေရဲ့ခွန်အားက ဆယ်ဆတိုးလာပြီး စွမ်းအင်ကုန်ဆုံးမှုကလည်း ဆယ်ဆပိုများလာတယ်။
"နောက်တစ်ကြိမ်"
အခု သမန်းဝံပုလွေက ဆယ်ဆပိုကြီးလာပြီး လီဖူချန်းထံ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တယ်။
ဇွက်........
ဟင်းလင်းပြင်က ဆုတ်ပြဲသွားတယ်။ သမန်းဝံပုလွေရဲ့လက်သည်းတွေမှာ မရပ်တန့်နိုင်တဲ့စွမ်းအားတွေ ပါရှိပြီး အရာအားလုံးကို ဆုတ်ဖြဲနိုင်သလို ခံစားရတယ်။
ဒီလက်သည်းကို တုံ့ပြန်ဖို့အတွက် လီဖူချန်းက သူ့ရဲ့ကိုယ်ပိုင်လက်သီးတစ်ချက်နဲ့ တည်ငြိမ်စွာ တန်ပြန်တိုက်ခိုက်လိုက်တယ်။
ခန္ဓာကိုယ်အပြင်အားသိုင်းပညာရှင်တွေကြားတိုက်ပွဲက အမြဲတမ်းရိုးရှင်းပြီးအားမာန်ပါတယ်။ ပထမဆုံးလဲကျသူက ရှုံးနိမ့်သူ ဖြစ်လာပါလိမ့်မယ်။
ဝုန်း.......
နှစ်ယောက်ကြားဟင်းလင်းပြင်က ပေါက်ကွဲသွားတယ်။ ဒီတစ်ကြိမ်မှာ သူတို့နှစ်ယောက်လုံးက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရတယ်။
"ခွန်အားဆယ်ဆတိုးလာပြီး လက်သည်းမှာ ဆုတ်ဖြဲခြင်းဥပဒေသ ရှိတယ်"
အရင်ကတော့ သမန်းဝံပုလွေက သာမန်အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ရဲ့ခွန်အားသာ ရှိတယ်။ အခုဆိုရင် သမန်းဝံပုလွေက အလယ်အလတ်အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ရဲ့ခွန်အား ရှိတယ်။
ဝုန်း ဝုန်း ဝုန်း ဝုန်း.......
သူတို့နှစ်ယောက်က အလွန်မြင့်မားတဲ့အရှိန်နဲ့ တိုက်ခိုက်နေကြတယ်။ လက်သီးတွေ၊ လက်သည်းတွေက ကောင်းကင်တစ်လျှောက်ပေါက်ကွဲထွက်နေတယ်။
တိုက်ကွက်ဒါဇင်အနည်းငယ်အတွင်း တိုက်ပွဲက တစ်ဖက်စောင်းနင်းဖြစ်လာတယ်။
သမန်းဝံပုလွေက ကြမ်းတမ်းတဲ့ခံစစ်ရှိရင်တောင် လီဖူချန်းရဲ့လက်သီးနဲ့ရင်ဆိုင်ရတဲ့အခါ အဲဒါက မလုံလောက်သေးပါဘူး။ လက်သီးသုံးချက်ကို လက်ခံပြီးနောက် သမန်းဝံပုလွေရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်လုနီးပါးဖြစ်သွားခဲ့တယ်။
"ရာမို့စ်က လဲကျတော့မယ်၊ ဒွင်း၊ သွားကူညီလိုက်" သမန်းဝံပုလွေရဲ့ခေါင်းဆောင်က ဘေးနားရှိ အခြားသမန်းဝံပုလွေသူတော်စင်ကို ပြောလိုက်တယ်။
"နားလည်ပါပြီ" ဒွင်းလို့ခေါ်တဲ့သမန်းဝံပုလွေသူတော်စင်က အနက်ရောင်ဝတ်စုံကို ချွတ်ကာ ကြီးမားတဲ့သမန်းဝံပုလွေတစ်ကောင်အဖြစ်သို့ ကူးပြောင်းသွားပြီး လီဖူချန်းထံ တိုးဝင်တယ်။
နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရတဲ့အခါ လီဖူချန်းက အခွင့်မသာမှုတွေ ရှိလာတယ်။
တကယ်တော့ သမန်းဝံပုလွေနှစ်ယောက်လုံးရဲ့အရှိန်နဲ့တိုက်ခိုက်ရေးစွမ်းအားက လီဖူချန်းနဲ့ နှိုင်းယှဉ်နိုင်တယ်။ သူတို့ရဲ့ခံစစ်နဲ့အစစ်အမှန်တိုက်ပွဲစွမ်းရည်ကသာ ပိုအားနည်းတယ်။
အစစ်အမှန်တိုက်ပွဲစွမ်းရည်မှာ အရာများစွာ ပါဝင်တယ်။ တုံ့ပြန်တဲ့မြန်နှုန်း၊ တိုက်ပွဲအတွေ့အကြုံနဲ့ တိုက်ပွဲပါရမီတို့ပါဝင်တာပေါ့။
အစစ်အမှန်တိုက်ပွဲစွမ်းရည်အရဆိုရင် လီဖူချန်းထက်သာလွန်တဲ့သူတွေက အများကြီးမရှိနိုင်ပါဘူး။
အကြောင်းကတော့ လီဖူချန်းထက်စိတ်ဝိညာဉ်စွမ်းအားပိုသန်မာတဲ့သူက ရှားပါးတယ်လေ။
ဂျိုင်း........
အကွက်ဒါဇင်ကျော်ပြီးနောက် လီဖူချန်းက လက်သည်းတိုက်ခိုက်မှုတစ်ခုကို ထိမှန်ခဲ့တယ်။ ကံမကောင်းတာကတော့ လက်သည်းခုတ်ချက်တွေက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ခုတ်ပိုင်းတဲ့အခါ အဲဒါက တိုင်တေးနီယမ်ဒြပ်စင်ကို ခုတ်ပိုင်းတာနဲ့ အတူတူဖြစ်ပြီး မှိန်ဖျော့ဖျော့အဖြူရောင်အမှတ်အသားတစ်ခုကိုသာ ချန်ထားနိုင်ခဲ့တယ်။
ဂျိန်း ဂျိန်း ဂျိန်း.......
လီဖူချန်းကို လက်သည်းမုန်တိုင်းတစ်ခုက ဖုံးလွှမ်းသွားပြီး မီးပွားတွေက နေရာအနှံ့ထွက်လာတယ်။
"မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ်ပြီး သူ့ရဲ့ခံစစ်က ဒီလောက်တောင် ကြမ်းတမ်းရတာလဲ"
ရာမို့စ်က ဦးမှင်မီးအိမ်နဲ့မြူခိုးသူတော်စင်တွေရဲ့အကူအညီမဲ့မှုကို နောက်ဆုံးတော့ ခံစားနိုင်ပါပြီ။ လီဖူချန်းက မဖျက်ဆီးနိုင်၊ မထိုးဖောက်နိုင်တဲ့လိပ်ခွံတစ်ခုနဲ့ တူလှတယ်။
ဝုန်း........
အခွင့်အရေးကို ဆုပ်ကိုင်လျက် လီဖူချန်းက သူ့ရဲ့လက်သီးကို ဒွင်းလို့ခေါ်တဲ့သမန်းဝံပုလွေရဲ့ဦးခေါင်းအပေါ် တင်ပေးလိုက်တယ်။ သွေးတွေက ဦးခေါင်းမှ စတင်စီးဆင်းလာပြီး ကြီးမားတဲ့ခန္ဓာကိုယ်က အရက်မူးနေတဲ့ပမာ ယိမ်းထိုးနေကာ တိုက်ပွဲခွန်အားကလည်း လျော့ကျလာတယ်။
သေစမ်း"
ရာမို့စ်လို့ခေါ်တဲ့သမန်းဝံပုလွေက လီဖူချန်းကို အနောက်မှ တိုက်ခိုက်လာတယ်။
လီဖူချန်းက နှာခေါင်းရှုံ့ကာ လှည့်လိုက်တယ်။ သူ့ရဲ့တံတောင်က ရာမို့စ်ရဲ့နားထင်အပေါ် ကျရောက်သွားပြီး ကြောက်စရာကောင်းတဲ့အားတစ်ခုက ရာမို့စ်ရဲ့ဦးခေါင်းကို ပုံသဏ္ဍာန်ပြောင်းလဲသွားစေခဲ့တယ်။
"မင်းတို့နှစ်ယောက်က သူ့ကို မဖိနှိပ်နိုင်ဘူးပဲ။ ငါ သူ့ကို လျော့တွက်မိတာပဲ။ မာရီ၊ မင်းလည်း သွားလိုက်" သမန်းဝံပုလွေခေါင်းဆောင်က အမျိုးသမီးသမန်းဝံပုလွေသူတော်စင်ကို အမိန့်ပေးလိုက်တယ်။
"ငါ သူ့ကို ဘယ်လိုသတ်မလဲကို ကြည့်ထားကြ"
အမျိုးသမီးက သေးသွယ်ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ် ရှိတယ်။ သူမရဲ့ခန္ဓာကိုယ်က ကြီးမားလာပြီး ကြည့်ရတာ ချီတာတစ်ကောင်နဲ့တောင် တူတယ်။ သူမက ကိုင်းညွတ်ပြီး လီဖူချန်းရဲ့အနောက်မှာ ရုတ်တရက် ထွက်ပေါ်လာတယ်။
သွေးတစ်စက် ပန်းထွက်သွားတယ်။
"ဒီလိုမြန်ဆန်တဲ့အရှိန်" လီဖူချန်းက အတော်လေးအံ့အားသင့်သွားတယ်။
အမျိုးသမီးသမန်းဝံပုလွေရဲ့မြန်နှုန်းက ရာမို့စ်နဲ့ဒွင်းတို့ထက် နှစ်ဆပိုမြန်တယ်။
အကြွင်းမဲ့မြန်နှုန်းလည်း အကြွင်းမဲ့တိုက်ခိုက်ရေးစွမ်းအားဆိုတာကို သိပြီးသားပါပဲ။ ဒါ့ပြင် အဲဒါက ရိုးရှင်းတဲ့ပေါင်းထည့်မှုတစ်ခု မဟုတ်ပါဘူး။ မြန်နှုန်းနှစ်ဆဆိုတာက တိုက်ခိုက်ရေးစွမ်းအားကို အဆများစွာ တိုးလာစေပါတယ်။
လီဖူချန်းရဲ့ခန္ဓာကိုယ်က သွေးဒဏ်ရာတွေ ပွထလာတယ်။
သူ့ရဲ့ခံစစ်က မြင့်မားပေမယ့် တိုက်ခိုက်မှုတွေကို လစ်လျူရှုဖို့အထိတော့ မလုံလောက်ပါဘူး။
သို့သော် လီဖူချန်းက သနားစရာပုံပေါက်နေပေမယ့် ဒီလိုဒဏ်ရာတွေက ကလိနေထိုးတာနဲ့ အတူတူပါပဲ။
သွေးတွေက နေရာအနှံ့ ပေါက်ထွက်လာနေတယ်။
"မာရီရှိနေမှတော့ ငါတို့က သူ့ကို သတ်နိုင်မှာပါ" ရာမို့စ်နဲ့ဒွင်းက အလွန်ယုံကြည်ချက်ရှိနေတယ်။
မာရီရဲ့မြန်နှုန်းက ဒိုဂရက်ကလန်ထဲမှာတောင် ထိပ်ပိုင်းမှာ ရှိတယ်။ တစ်ယောက်ယောက်က သူမထက် ပိုမမြန်မချင်း အသက်ရှင်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ပါဘူး။
"သူမက တကယ်ကို မဖြစ်နိုင်လောက်အောင်မြန်တယ်၊ ငါက သူမရဲ့လှုပ်ရှားမှုကို အမှီမလိုက်နိုင်ဘူး ဖြစ်နေတယ်" လီဖူချန်းက စိတ်ထဲမှာ ချီးကျူးလိုက်တယ်။
သမန်းဝံပုလွေက မြန်နှုန်းနဲ့ပေါက်ကွဲအားမှာ ပင်ကိုယ်အားဖြင့် ကြောက်စရာကောင်းတယ်။ ဒါပေမယ့် လီဖူချန်းကိုအတော်လေးနိမ့်ကျတဲ့အဆင့်တစ်ခုအထိ မာရီက သူမရဲ့မြန်နှုန်းနဲ့ပေါက်ကွဲအားကို တွန်းပို့ခဲ့တယ်။ ကြယ်ဥပဒေသကတောင် မာရီကို မပိတ်လှောင်နိုင်ပါဘူး။ ဒါ့အပြင် ဆုတ်ဖြဲခြင်းဥပဒေသက ကြယ်ဥပဒေသအတွက် ဆန့်ကျင်ဘက်ဖြစ်တယ်။ ကြယ်ဥပဒေသကို အလွယ်တကူ ဆုတ်ဖြဲပြီး အပေါက်တွေ ဖြစ်လာစေနိုင်တယ်။
"ဒါပေမယ့် ဒီကမ္ဘာက ခန့်မှန်းခြင်းလို့ခေါ်တဲ့တစ်စုံတစ်ခု ရှိသေးတယ်"
လီဖူချန်းရဲ့မြန်နှုန်းက တကယ်ကို နိမ့်ကျတယ်၊ ဒါပေမယ့် သူ့ရဲ့ရူးနှမ်းတဲ့ခံစစ်ကြောင့် သူ့မှာ ပြန်ပြင်ဖို့ အခွင့်အရေးတွေအဆုံးမဲ့ရှိတယ်။ အခွင့်အရေးအသီးသီးနဲ့အတူတူ သူက မာရီရဲ့လှုပ်ရှားမှုပုံစံတွေကို စောင့်ကြည့်နိုင်ခဲ့တယ်။
အရိပ်ပမာမရေမရာပုံရိပ်တစ်ခုက ဟင်းလင်းပြင်ကို ကျော်ဖြတ်ပြီး ရုတ်တရက် မထင်မရှားမှုန်ဝါးဝါးဖြစ်လာတယ်။
"ငါ မင်းကို စောင့်နေတာပဲ" သူ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း လီဖူချန်းက သူ့ရဲ့ညာလက်ကို ဆန့်ထုတ်ကာ မာရီရဲ့လည်ပင်းကို ဆုတ်ကိုင်လိုက်တယ်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
မာရီရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။ လီဖူချန်းက သူမကို မြန်နှုန်းအရ လိုက်မဖမ်းနိုင်သလို ကံကောင်းတာလည်း မဟုတ်ဆိုတာကို သူမက သေချာတယ်။ ဒါကို ခန့်မှန်းမှုဖြင့် ပြုလုပ်ခဲ့တာပဲ။
ဒါပေမယ့် သူမက သူမရဲ့အားနည်းချက်အားလုံးကို သိပြီး ဘယ်အလေ့အထကိုမဆို ဖယ်ရှားခဲ့ထားတယ်။ သူမက စနစ်တကျမဖြစ်ဖို့ အကောင်းဆုံး ကြိုးစားခဲ့တယ်။အကျိုးသင့်အကြောင်းသင့်ပြောရရင် သူမရဲ့နောက်လှုပ်ရှားကွက်တွေကို ခန့်မှန်းဖို့က မဖြစ်နိုင်ပါဘူး။
"မင်း ဘယ်လိုလုပ်ခဲ့တာလဲ" မာရီက နားမလည်နိုင်ပါဘူး။
လီဖူချန်းက ပြောလိုက်တယ်"မင်းရဲ့လှုပ်ရှားကွက်တွေက တကယ်ကို စနစ်တကျမရှိဘူး၊ပြီးတော့ ပုံစံတစ်ခုလည်း မရှိဘူး။ ဒါပေမယ့် မင်း ငါ့ကို တိုက်ခိုက်နေတဲ့အခါတိုင်း သေချာတဲ့အစီအစဉ်တစ်ခုအတိုင်း ရွေ့လျားနေတုန်းပဲ။ ပြီးတော့ စနစ်မကျတဲ့တိုက်ခိုက်မှုတစ်ခုက ထိရောက်နိုင်စွမ်းပိုနိမ့်ကျတယ်"
"ဒီလိုလား" မာရီက သဘောပေါက်သွားပေမယ့် သူမက ချက်ချင်း လှောင်ပြုံးပြုံးလိုက်တယ်"ငါ့ရဲ့လှုပ်ရှားမှုတွေကို ခန့်မှန်းရုံမျှနဲ့ မင်းက ငါ့ကို အနိုင်ယူနိုင်လိမ့်မယ်လို့ ထင်နေတာလား"
သူမရဲ့လည်ပင်းက ပိုထူလာပြီး သူမက လီဖူချန်းရဲ့ဆုပ်ကိုင်မှုမှ အပြည့်အဝ ရုန်းထွက်နိုင်ခဲ့တယ်။
"သွေးအနံရောင်ခြည်တော်စက်ဝန်း"
မာရီရဲ့ခန္ဓာကိုယ်က သွေးနီရောင်ရောင်ခြည်တော်စက်ဝန်းတစ်ခုနဲ့အတူ လှိုင်းဂယက်ထားသွားတယ်။ တူနဲ့တူတဲ့လက်သည်းတွေနဲ့အတူ သူမက လီဖူချန်းရဲ့ရင်ဘက်ကို တင်းမာစွာ ထိုးဖောက်သွားတယ်။
အား.........
လက်သည်းက အထဲကို ထိုးဖောက်သွားပေမယ့် အထဲမှာ ညှပ်နေတယ်။
"မကောင်းတော့ဘူး" မာရီက သူမရဲ့လက်တွေကို ပြန်ဆွဲထုတ်ချင်ခဲ့တယ်။
"ထွက်သွားဖို့ စဉ်းစားနေတာလား။ နောက်ကျသွားပြီ" လီဖူချန်းက လက်သီးတစ်လုံးထုတ်ဖော်လိုက်ရာ မာရီရဲ့ဦးခေါင်းကို လက်သီးတစ်ချက် ထိမှန်သွားတယ်။
အား........
လက်သီးက ကြမ်းတမ်းလွန်းပြီး မာရီရဲ့ဦးခေါင်းက အက်ကွဲသွားတယ်။
ခံစစ်အရ သူမက ရာမို့စ်နဲ့ဒွင်းတို့နဲ့ နှိုင်းယှဉ်ရင် အများကြီးမနိမ့်ကျပါဘူး။
"စိတ်ဝင်စားစရာပဲ။ ငါတို့အားလုံးက သူ့ကို လျှော့တွက်မိထားတာပဲ။ ငါသာ မရှိရင် ငါတို့ရဲ့ဒိုဂရက်ကလန်က ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုကို သေချာပေါက် ခံစားရလိမ့်မယ်" သမန်းဝံပုလွေခေါင်းဆောင်က ညည်းညူလိုက်တယ်။
"အရှင်အာရွန်က လှုပ်ရှားရင်တော့ ဒီလူသားက ပြီးပြီပဲ"
အားနည်းတဲ့သမန်းဝံပုလွေသူတော်စင်တွေက ယုံကြည်မှုအပြည့်ဖြစ်နေတယ်။ အာရွန်ကို သမန်းဝံပုလွေတွေကြားမှာ ရွှေရောင်သမန်းဝံပုလွေအဖြစ် ဖော်ပြကြပြီး အသန်မာဆုံးတွေထဲကတစ်ယောက်ပါပဲ။
"ငါက ဒီနေရာကို ခေတ္တအနားယူဖို့အတွက် လာခဲ့တာ။ ငါက လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒီလိုဆိုတော့ ငါက လက်နွှေးရတာပေါ့လေ"
အာရွန်က သူ့ရဲ့အနက်ရောင်ဝတ်ရုံကို ရုတ်သိမ်းပြီး သူရဲ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ ရွှေရောင်သမန်းဝံပုလွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့တယ်။ သူ့မျက်လုံးတွေကတောင် ရွှေရောင်ရှိပြီး မြင့်မြတ်တဲ့အာဏာရှင်တစ်ယောက်ရဲ့အရှိန်အဝါတွေနဲ့ ပြည့်နှက်နေတယ်။
***