← Chapters

မူလဘူတဓားရဲ့ခွန်အား

Vol. 62 Ch. 855

မူလဘူတဓားရဲ့ခွန်အား

Vol. 62 Ch. 855

‌ရွှေရောင်အလင်းတစ်ခု လက်သွားပြီး လီဖူချန်းက အရိုးနက်လက်သည်းဒဏ်ရာတစ်ခုကို ခံစားခဲ့ရတယ်။

မျက်စိတစ်မှိတ်အတွင်း လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ လက်သည်းဒဏ်ရာတွေဒါဇင်ကျော် ရှိလာတယ်။ အနက်ဆုံးဒဏ်ရာက အရိုးအပိုင်းအစတစ်ခုကို ဖြတ်တောက်ခဲ့တယ်။

မာရီနဲ့နှိုင်းယှဉ်ရင် အာရွန်လို့ခေါ်တဲ့ရွှေရောင်သမန်းဝံပုလွေက ပိုမြန်ပြီးပိုသန်မာတယ်။

အာရွန်က မာရီထက် ၁.၅ဆ ပိုမြန်ပြီး မာရီထက် ၅ဆ ပိုသန်မာတယ်။

အာရွန်နဲ့တိုက်ပွဲမှာ လီဖူချန်းက လုံးဝကို အခွင့်မသာဖြစ်နေတယ်၊ သူက ခေါင်းတောင် မဖော်နိုင်ဖြစ်နေရတယ်။

ဒါပေမယ့် လီဖူချန်းရဲ့ဒဏ်ရာတွေက ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ချက်ချင်း သက်သာပျောက်ကင်းသွားတာကြောင့် သမန်းဝံပုလွေလေးယောက်က ‌ပြောစရာစကားမရှိဖြစ်နေရှာတယ်။ သူ့ရဲ့အသက်စွမ်းအားဆုံးရှုံးမှုကလည်း မပြောပလောက်ပါဘူး။

"သူ့မှာ ဒီလိူကြောက်စရာကောင်းတဲ့ပျောက်ကင်းနိုင်စွမ်းရှိတာပဲ" အာရွန်က မျက်မှောင်ကြုတ်လိုက်တယ်။

သမန်းဝံပုလွေမျိုးနွယ်ရဲ့လက်သည်းတွေမှာ ဆုတ်ဖြဲခြင်းဥပဒေသ ပါဝင်တယ်။ သမန်းဝံပုလွေလက်သည်းထိမှန်တဲ့ဘယ်သူမဆို ပြန်လည်သက်သာဖို့က အလွန်ခက်ခဲပြီး အသက်စွမ်းအားကို ချက်ချင်း ဆုံးရှုံးသွားရလိမ့်မယ်။

ရွှေရောင်သမန်းဝံပုလွေအနေနဲ့ အာရွန်ရဲ့လက်သည်းက သာမန်သမန်းဝံပုလွေတွေနဲ့ နှိုင်းယှဉ်ရင် ဆုတ်ဖြဲခြင်းဥပဒေသနှစ်ဆပိုများတယ်။ အကျိုးသင့်အကြောင်းသင့်ပြောရရင် လီဖူချန်းရဲ့သက်သာနိုင်စွမ်းက ဘယ်လောက်ပဲ မယုံနိုင်စရာဖြစ်နေပါစေ၊ သူက အချိန်တိုအတွင်းမှာ မသက်သာသင့်ပါဘူး။

အာရွန်ရဲ့မျက်လုံးတွေမှာ လေးနက်ခြင်းတွေ လင်းလက်လာတယ်၊ သူက လီဖူချန်းကို လျှော့တွက်မိတာကို သူ သိခဲ့တယ်။

သူတော်စင်တွေကြားခွန်အားခြားနားချက်က အများကြီးမရှိရင် တိုက်ပွဲက တစ်စတစ်စအားလျော့ဆုတ်ယုတ်တဲ့တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်။ ဘယ်သူက ပိုပြီး ခံနိုင်ရည်ရှိမှာလဲ၊ ဘယ်သူက ပိုသက်သာတာ မြန်မှာလဲ။

လီဖူချန်းရဲ့သက်သာနိုင်စွမ်းက အထွတ်အထိပ်အဆင့်နတ်ဆိုးအရှင်သခင်တွေထက်တောင် ပိုကောင်းတယ်။

"ငါ့ရဲ့ကြယ်အင်မော်တယ်ခန္ဓာကိုယ်ကို ချိုးဖြတ်ဖို့က ဒီလောက်မလွယ်ဘူး"

လီဖူချန်းရဲ့မျက်လုံးတွေက ဦးတည်ဘက်တိုင်းကို ကြည့်နေတယ်၊ သူက အာရွန်ရဲ့ပျော့ကွက်ကို အဆက်မပြတ် ရှာဖွေနေတယ်။

တိုးတက်လာတဲ့ကြယ်အင်မော်တယ်ခန္ဓာကိုယ်က တကယ်ကို ကြောက်စရာကောင်းတယ်။ သမန်းဝံပုလွေတွေရဲ့လက်သည်းက သားရဲနဲ့နတ်ဆိးအရှင်သခင်တွေကိုတောင် သက်ရောက်နိုင်ပေမယ့် သူ့ကိုတော့ ဘာမှမလုပ်နိုင်ဘူးဖြစ်နေတယ်။

ဝုန်း.......

လီဖူချန်းရဲ့လေ့လာတဲ့ကျွမ်းကျင်မှုက သံသယမရှိကြောက်မက်ဖွယ်ကောင်းတယ်။ အာရွန်ရဲ့မြန်နှုန်းက မာရီထက် ပိုမြန်ပေမယ့် လီဖူချန်းရဲ့ခန့်မှန်းချက်အရ အားနည်းချက်တစ်ခုတော့ ရှိနေသေးတယ်။ လက်သီးတစ်ချက်နဲ့အတူ လီဖူချန်းက အာရွန်ရဲ့ရင်ဘက်အလယ်ကို ထိုးနှက်လိုက်တယ်။

လီဖူချန်းရဲ့လက်က ထုံသွားပြီး သူက နောက်သို့ လွင့်ထွက်သွားတယ်။

တစ်ဘက်မှာတော့ အာရွန်က အနာတရမရှိပါဘူး။

သူ့ရင်ဘက်ပေါ်ရှိရွှေရောင်အမွေးတွေကို ပွတ်ရင်း အာရွန်က ခေါင်းမော့ကာ တည်ငြိမ်စွာ ပြောလိုက်တယ်"မင်းရဲ့သက်သာနိုင်စွမ်းက မယုံနိုင်စရာဆိုတာ ငါ လက်ခံတယ်။ အဲလိုဆိုတော့ရော ဘာဖြစ်လဲ။ မင်းက ငါ့ရဲ့ခံစစ်ကို မချိုးဖြတ်နိုင်ရင် မင်းက ငါ့ကို ဘယ်လိုလုပ်ပြီးတိုက်ခိုက်နိုင်မှာလဲ"

"သန်းဝံလွေမျိုးနွယ်ဝင်တွေက သမန်းဝံပုလွေပုံစံကို ပြောင်းလဲပြီးနောက် ခံနိုင်ရည်ကုန်ဆုံးခြင်းက ဆယ်ဆပိုမြန်လာတယ်လို့ ငါ ကြားဖူးတယ်" လီဖူချန်းက ပြောလိုက်တယ်။

မာရီက လှောင်ပြုံးပြုံးကာ ပြောလိုက်တယ်"နင်က သမန်ဝံပုလွေမျိုးနွယ်အကြောင်းကို ကောင်းကောင်းနားမလည်သေးပုံပဲ။ ငါတို့သမန်းဝံပုလွေက အခြားမျိုးနွယ်တွေထက် ခံနိင်ရည်ဆယ်ဆပိုများတယ်။ ခံနိုင်ရည်ကုန်ဆုံးခြင်းဆယ်ဆပိုမြန်လာတာက ငါတို့အတွက် ပြဿနာမရှိဘူး"

"ငါ သိပြီ၊ တိုက်ပွဲဝင်မျိုးနွယ်တစ်ခုက တကယ်ကို ပြောင်မြောက်ပါတယ်"

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ သမန်းဝံပုလွေမျိုးနွယ်က နတ်ဆိုးမျိုးနွယ်နဲ့ အတူတူပါပဲ၊ သူတို့နှစ်ခုလုံးက တိုက်ပွဲမျိုးနွယ်တွေပါပဲ။ တိုက်ပွဲမျိုးနွယ်တွေအနေနဲ့ သူတို့ရဲ့စွမ်းရည်အချို့က အလွန်အမင်းထူးခြား‌ကောင်းမွန်တယ်။

"မင်း အညံခံဖို့ ငါ အကြံပေးချင်တယ်၊ အဲဒါဆိုရင် ငါက မင်းအသက်ကို ချမ်းသာပေးမှာပါ" ရာမို့စ်က ရက်စက်စွာ ပြုံးလိုက်တယ်။

လီဖူချန်းက ရယ်လိုက်တယ်"အဲလောက်ထိတော့ မလိုပါဘူးလေ"

"ခေါင်းမာတယ်" ဒွင်းက အေးစက်စွာ အော်လိုက်တယ်။

"သူနဲ့ စကားများအချိန်ဖြုန်းနေတာ ရပ်လိုက်ပါ။ အခုပဲ သူ့ကို သတ်ရအောင်" မာရီက လျှာသပ်လိုက်ကာ စေးကပ်တဲ့အရည်တစ်ခုက စီးကျလာတယ်။

သမန်းဝံပုလွေလေးယောက်က လီဖူချန်းကို ဦးတည်ဘက်လေးခုမှ ချဉ်းကပ်လာနေတယ်။ သူတို့အသီးသီးရဲ့မျက်လုံးတွေက ရေခဲပမာအေးစက်ပြီး ဂရုဏာကင်းမဲ့တယ်။

"ကြည့်ရတာ ငါက ငါ့ရဲ့ဓားတာအိုခွန်အားကို ထုတ်ပြရမယ့်ပုံပဲ"

လက်ကို ဝှေ့ယမ်းလိုက်ရာ ပြောင်းလဲခြင်းအသစ်ဓားက သူ့ရဲ့လက်ထဲမှာ ထွက်ပေါ်လာတယ်။

"ဓားသမားတစ်ယောက်လား" အာရွန်က မျက်မှောင်ကြုတ်ကာ ဆိုးရွားတဲ့နိမိတ်တစ်ခုကို ခံစားနေရသလို ဖြစ်နေတယ်။

ပထမအဆင့်အထွတ်အထိပ်ဓားတစ်လက်က ငါတို့ကို အနိုင်ယူဖို့လုံလောက်တယ်လို့ မင်း ထင်နေတာလား" ရာမို့စ်က အထင်သေးစွာ ပြောလိုက်တယ်။

"ရား......." ဒွင်းက လီဖူချန်းထံ ပထမဆုံးပြေးဝင်လာတယ်။

ဓားဆန္ဒက လေးယောက်လုံးကို လွှမ်းခြုံထားပြီး လီဖူချန်းရဲ့ဓားကို ရုတ်တရက် ဝှေ့ယမ်းလိုက်တယ်။

"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း"

ဗွမ်း.........

ဓားပင်လယ်က လေးယောက်လုံးကို ချက်ချင်း ဝါးမျိုသွားတယ်။ အာရွန်က ဓားပင်လယ်ထဲမှာ ပေါလောပေါဖို့ ကြိုးစားနေတယ်။ သူ ဓားပင်လယ်မှ လွတ်‌မြောက်ဖို့လက္ခဏာတွေ ရှိလာပေမယ့် အဆုံးမှာတော့ ဆွဲချခံလိုက်ရတယ်။

"ဘာလဲ"

တ‌စ္ဆေသင်္ဘောပေါ်မှာ အခြားသမန်းဝံပုလွေတွေက အလွန်အံ့အားသင့်နေကြတယ်။

ဓားပညာကို ဖော်ထုတ်လိုက်တဲ့အခါ လီဖူချန်းက အရင်ကထက် အများကြီးပိုသန်မာလာတယ်။ ဒိုဂရက်ကလန်က အန္တရာယ်ထဲမှာရှိနေတယ်လို့ ဆိုလိုတာမလား"

"တစ်ခုခု ထူးဆန်းနေပုံပဲ။ စိတ်ဝိညာဉ်တစ်သောင်းမြို့ဆီ ပြန်ကြရအောင်" သမန်းဝံပုလွေတွေထဲကတစ်ယောက်က ပြောလိုက်တယ်။

အား........

ဓားပင်လယ်က ‌ပျောက်ကွယ်သွားပြီး ပုံရိပ်တစ်ခုက ပြုတ်ကျလာတယ်။

နီးကပ်စွာ ကြည့်လိုက်ရာ ထိုပုံရိပ်က အာရွန်ကလွဲပြီး တစ်ခြားသူမဟုတ်ပါဘူး။

အခုဆိုရင် သူက သနားစရာကောင်းတဲ့အခြေအနေမှာ ရှိနေတယ်။ သူ့ခန္ဓာကိုယ်က ဓားဒဏ်ရာ‌တွေနဲ့ ပြည့်နေတယ်။ သူ့ကို ကြည့်ရတာ စိုရွဲနေတဲ့ခွေးတစ်ကောင်နဲ့ တူတယ်။

သူ့မျက်လုံးက တဖျတ်ဖျတ်လက်လျက် အာရွန်က ပြောလိုက်တယ်"မင်း ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ မင်းက မာရီနဲ့အခြားသူတွေကို သတ်ခဲ့မှတော့ မင်းက သေရမယ်"

လီဖူချန်းရဲ့ဓားကွက်က ကြောက်စရာကောင်းပြီး သူတို့ကို ဓားကမ္ဘာထဲသို့ ဆွဲခေါ်နိုင်သွားခဲ့ပေမယ့် အာရွန်က ‌ရွေရောင်ဝံပုလွေဖြစ်နေတာကြောင့် အလွယ်တကူမသတ်နိုင်ခဲ့ပါဘူး။

"သူက သမန်းဝံပုလွေတွေကြားထဲမှာ အသန်မာဆုံးဖြစ်နေတာ အံ့ဩစရာမရှိဘူးပဲ" အာရွန်ရဲ့ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာတွေက သေစေနိုင်တဲ့အထိ မရှိဘဲ ပြင်းထန်တဲ့ဒဏ်ရာတွေလို့သာပြောနိုင်တာကို လီဖူချန်းက မြင်နိုင်ပါတယ်။

အရင်ကထက် အာရွန်ရဲ့ချီတည်ရှိမှုက ပိုသန်မာလာတာကို သတိပြုမိတာက ထိုက်တန်လှပါတယ်။

ဒဏ်ရာပြင်းထန်တာက သူ့ရဲ့တိုက်ပွဲစွမ်းအားကို တိုးလာစေပုံပဲ။

"ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက အားကောင်းတဲ့ခံစစ်နဲ့ကြမ်းတမ်းတဲ့အသက်စွမ်းရည်ရှိတဲ့သူကို ချက်ချင်းမသတ်နိုင်ဘူးပဲ"

လီဖူချန်းက စိတ်အနှောင့်အယှက်မဖြစ်ပါဘူး၊ သူ့ဓားကွက်တွေရဲ့လက္ခဏာကို သူက ရှင်းလင်းစွာ သိတယ်လေ။

"သေစမ်း"

အာရွန်ရဲ့မြန်နှုန်းက အဆုံးစွန်းထိ ပေါက်ကွဲထွက်လာတယ်။ ချွန်ထက်ခိုင်မာတဲ့လက်သည်းတွေက လီဖူချန်းရဲ့ဦးခေါင်းထံ ဝှေ့ယမ်းလာတယ်။ အာရွန်က ဟိန်းဟောက်လိုက်ပြီး ဒီလက်သည်းတိုက်ကွက်နဲ့ လီဖူချန်းရဲ့ဦးခေါင်းကို ဆုတ်ဖြဲကာ ချက်ချင်းသတ်ဖြတ်ဖို့ သူက စဉ်းစားထားခဲ့တယ်။

လီဖူချန်းက မရွေ့ပါဘူး၊ ဒီအတိုင်းသာ ရပ်နေတယ်။

"ဒါက အဆုံးသတ်ဖို့ အချိန်ပဲ" လီဖူချန်းရဲ့စိတ်ထဲမှာ ထိုအတွေးဖြစ်လာပြီး သူ့ပါးစပ်က အပြုံးကြောင့် တစ်မျိုးဖြစ်သွားတယ်။

ဝုန်း........

ထိတ်လန့်တုန်လှုပ်စရာဓားအလင်းတစ်ခုက စကြာဝဠာကို ထွန်းလင်းတောက်ပသွားစေတယ်။ ဓားဆန္ဒတစ်သောင်းက ရုတ်တရက် တစ်ခုတည်း ဖြစ်တည်လာတယ်။

"မဖြစ်နိုင်ဘူး"

အာရွန်ရဲ့ခန္ဓာကိုယ်က ရပ်တန့်နေပြီး နောက်အခိုက်မှာတော့ သူ့ရဲ့မျက်နှာမှာ သွေးဒဏ်ရာတစ်ခု ဖြစ်လာကာ သွေးတွေက တလဟောစီးကျနေတယ်။

"မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မင်း ငါနဲ့ တွေ့ဆုံမှတော့ မင်းရဲ့ကံကြမ္မာကို ဆုံးဖြတ်ပြီးသားပဲ" လီဖူချန်းက သာမန်အတိုင်းသာ ပြောလိုက်တယ်။

"ငါ ဒါကို လက်မခံနိုင်ဘူး" အာရွန်က ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး လီဖူချန်းကို ဆက်လက်တိုက်ခိုက်ချင်‌နေခဲ့တယ်။

ဒါပေမယ့် အာရွန်က လုံးဝမလှုပ်ရှားနိုင်ပါဘူး။ ဓားအလင်းမျိုးစုံက သူ့ရဲ့ခန္ဓာကိုယ်မှ ထွက်လာပြီး သွေးဒဏ်ရာများစွာ ပေါ်ပေါက်လာတယ်။

‌ဝုန်း........

နောက်အခိုက်အတန့်မှာတော့ အာရွန်က အပိုင်းအစတွေအဖြစ် ပေါက်ကွဲခဲ့ပြီး အသားအစတွေအဖြစ် ဆက်လက်ပေါက်ကွဲသွားနေ‌တော့တယ်။

"မူလဘူတဓားက ငါ့ရဲ့ဓားကွက်တွေအားလုံးကြားမှာ အပြီးပြည့်စုံဓားကွက်ပဲ။ အဲဒါက ချို့ယွင်းချက်မဲ့တယ်၊ အာဏာရှင်ဆန်တယ်၊ မူရင်းဇာစ်မြစ်နဲ့ အနီးကပ်ဆုံးဖြစ်တယ်"

လီဖူချန်းက မူလဘူတဓားကို ဖန်တီးခဲ့သူဖြစ်ပေမယ့် မူလဘူတဓားက ဆက်လက်ပြီးပြည့်စုံလာနေ‌တာကြောင့် သူက ထိတ်လန့်နေရတုန်းပါပဲ။

ဒီဓားကွက်က ပြီးပြည့်စုံလွန်းတယ်။

ဓားဆန္ဒက သူ့ရဲ့နှလုံးသားထဲမှာ ရှိနေသရွေ့ ရန်သူတွေက သူ့ကို ဘယ်လိုပဲ တိုက်ခိုက်နေပါစေ၊ သူတို့ကို မူလဘူတဓားရဲ့ဓားချီက တုံ့ပြန်လိမ့်မှာပါပဲ။

ဆိုလိုတာက လီဖူချန်းက မရှောင်ရင်တောင် ရန်သူက သူ့ရဲ့ခန္ဓာကိုယ်ကို ဘယ်‌‌တော့မှ မထိတွေ့နိုင်ပါဘူး။

စောစောတုန်းက သမန်းဝံပုလွေလေးယောက်နဲ့ တိုက်ခိုက်ဖို့ လီဖူချန်းက သူ့ရဲ့ခန္ဓာကိုယ်အပြင်အားကိုသာ အသုံးပြုခဲ့တယ်။ သူက မူလဘူတဓားကို အသုံးပြုခဲ့ရင် သူတို့က ပိုမြန်နေရင်တောင် အမျိုးသမီးသမန်းဝံပုလွေနဲ့ရွှေရောင်သမန်းဝံပုလွေတို့က သူ့ရဲ့ခန္ဓာကိုယ်ကို ဘယ်‌တော့မှ ထိတွေ့နိုင်မှာ မဟုတ်ပါဘူး။

***

All Chapters