နက်ပြာပလိန်းရဲ့အနေအထား
Vol. 62 Ch. 856
"မျိုးနွယ်စုအကြီးအကဲကို သတင်းပြန်ပို့ကြရအောင်"
တစ္ဆေသင်္ဘောပေါ်ရှိသမန်းဝံပုလွေတွေက သင်္ဘောကို ဟင်းလင်းပြင်ထဲသို့ ချက်ချင်း ဦးတည်လိုက်ပြီး တည်နေရာရွှေ့ပြောင်းရေးကြယ်ဆီသို့ ပျံသန်းသွားတော့တယ်။
"မင်းတို့ လွတ်မြောက်မယ်လို့ ထင်နေထားတား"
ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားပင်လယ်တစ်ခုက တစ္တေသင်္ဘောကို ဝါးမျိုသွားတော့တယ်။
မျက်စိတစ်မှိတ်အတွင်း တစ္ဆေသင်္ဘောက ဟင်းလင်းပြင်မှ ပြုတ်ကျလာတယ်။ တစ္တေသင်္ဘောအတွင်းရှိသမန်းဝံပုလွေအားလုံးက ဓားချီကြောင့် အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့တယ်။
တိုက်ပွဲပြင်ကို မွှေနောက်ပြီးနောက် လီဖူချန်းက သူ့လက်ထဲရှိနေရာလပ်လက်စွပ်တွေကို ကြည့်ကာ ပြုံးလိုက်တယ်။
"ဒီလူတွေက ငါ့အတွက် ကြယ်ဝချမ်းသာမှုတွေ သယ်လာပေးတာပဲ"
သူတော်စင်တစ်ယောက်ချင်းစီရဲ့ကြွယ်ဝမှုက အံအားသင့်စရာပဲ။ နေရာလပ်လက်စွပ်တွေအတွင်းရှိ အရင်းမြစ်တွေအားလုံးကို စုပေါင်းလိုက်ရာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀၀၀၀၀က်မနည်းဘူးဆိုတာကို လီဖူချန်းက ယူဆထားတယ်။ ပိုတောင် ပိုအုံးမှာပါ။
"ဒါပေမယ့်အကြီးမားဆုံးဆုလာဒ်က ဒီသင်္ဘောပဲ" လီဖူချန်းက တစ္ဆေသင်္ဘောကို ကြည့်လိုက်တယ်။
သံသယဖြစ်စရာမလိုဘဲ တစ္တေသင်္ဘောက အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။ ကြည့်လိုက်ရာ အဲဒါက လူသားတွေရဲ့အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတွေနဲ့မတူပါပဲ။ အဲဒါမှာ အလွန်ရှေးကျတဲ့စွမ်းအားတစ်ခု ပါဝင်တယ်။
အချိန်တစ်ချို့သုံးစွဲပြီးနောက် လီဖူချန်းက တစ္တေသင်္ဘောပေါ်ရှိအမှတ်အသားကို ဖယ်ရှားပြီး သင်္ဘောပေါ် တက်လိုက်တယ်။
လီဖူချန်းက တစ္ဆေသင်္ဘောကို အသက်သွင်းပြီးတာနဲ့ အဲဒါက အသံတစ်စက်မှ မထွက်ဘဲ ဟင်းလင်းပြင်ထဲ ရွေ့လျားသွားတော့တယ်။
အလင်းမြန်နှုန်း၊ အလင်းမြန်နှုန်းနှစ်ဆ၊ အလင်းမြန်နှုန်းသုံးဆ..........
"အလင်းမြန်နှုန်းရဲ့၁၅ဆရှိနေတာပဲ"
သူက သူ့ရဲ့ခန္ဓာကိုယ်အပြင်အားခွန်အားနဲ့အလင်းမြန်နှုန်းလေးဆထိသာ ရောက်ရှိနိုင်တာကြောင့် လီဖူချန်းက အံ့အားသင့်သွားတယ်။
တစ္ဆေသင်္ဘောက ပထမအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုဆိုတာ သေချာတယ်။ ဒါ့ပြင် ဒါက သင်္ဘောအမျိုးအစားအသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။ ၎င်းရဲ့တန်ဖိုးက ပထမအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းအများစုထက် သေချာပေါက် ပိုမြင့်မားတယ်။ အဲဒါက ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုရဲ့တန်ဖိုးနဲ့ နီးကပ်လိမ့်မယ်။
တစ္ဆေသင်္ဘောနဲ့ဆိုရင် လီဖူချန်းက နက်ပြာကြယ်ကို ရောက်ရှိဖို့ လအနည်းငယ်သာ အချိန်ယူခဲ့ရတယ်။
ကံမကောင်းတာကတော့ နက်ပြာကြယ်သို့သွားရာ နက်ပြာပလိန်းရဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်က တစ်လမ်းသာ ရှိတယ်။ တစ္ဆေသင်္ဘောနဲ့တောင် နက်ပြာပလိန်းကို ပြန်ရောက်ဖို့ လီဖူချန်းက အချိန်နှစ်နှစ်လိုသေးတယ်။
နှစ်နှစ်က လီဖူချန်းအတွက် ကြာလွန်းတယ်၊ အချိန်တိုင်းခရီးသွားနေရတာက တကယ်ကို ဖြုန်းတီးမှုတစ်ခုပါပဲ။
သူ့ခန္ဓာကိုယ်ကို ဓားနဲ့ပေါင်းစပ်လျက် လီဖူချန်းက ဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းကာ ပျံသန်းခဲ့တယ်။
စကြာဝဠာထဲမှာ ဓားအလင်းတစ်ခုက ကူးသန်းသွားလာနေတာကို မြင်ရမှာပါ။ အဲဒါက မြန်လွန်းတာကြောင့် အချိန်ကတောင် နောက်ပြန်စီးဆင်းနေသလို ခံစားရတယ်။
"အလင်းမြန်နှုန်းအဆ၅၀။ ကောင်းကင်မျဉ်းဓားပညာက တကယ်ကို မယုံနိုင်စရာပဲ" လီဖူချန်းက ရေရွတ်လိုက်တယ်။
လီဖူချန်းက ကောင်းကင်မျဉ်းဓားပညာက်ု ပထမအဆင့်အထွတ်အထိပ်သအထိသာ ကျင့်ကြံထားခဲ့တယ်။ ထိပ်တန်းအဆင့်အထွတ်အထိပ်ဆိုရင် မြန်နှုန်းက အဆတစ်ရာဒါမှမဟုတ်အဆတစ်ထောင်ထက်တောင် ဖြစ်လိမ့်မယ်။
ဒါက ဘာကြောင့် ကောင်းကင်မျဉ်းဓားပညာက နက်ပြာပလိန်းပေါ်ရှိထိပ်တန်းအဆင့်အထွတ်အထိပ်ဓားပညာတွေအားလုံးကြားထဲမှာ အမြန်ဆုံးဓားပညာလို့ လူသိများတဲ့အကြောင်းပြချက်တစ်ခုပါပဲ။ ကောင်းကင်မျဉ်းဓားပညာက ဒီကြယ်ပိုင်နက်ထဲမှာ အမြန်ဆုံးထိပ်တန်းအဆင့်အထွတ်အထိပ်ဓားပညာတွေထဲကတစ်ခုဖြစ်လိမ့်မယ်လို့ ယူဆထားတယ်။
အလင်းမြန်နှုန်းအဆ၅၀နဲ့ဆိုရင် အချိန်နဲ့အာကာသတောင် ခွဲခြားဖို့မလွယ်ကူသလို လီဖူချန်းက ခံစားရတယ်။ အရာတိုင်းက အရည်ပုံစံဖြင့် ရှိသလို ခံစားရတယ်။
…
နက်ပြာပလိန်း.........
ကြီးမားကျယ်ပြန့်တဲ့အထက်ကောင်းကင်က ကြည်လင်နေတယ်။
ဟော......
ပုံရိပ်တစ်ခုက လျှပ်တစ်ပြက်ပေါ်လာပြီး အဲဒါက လူသားသူတော်စင်တစ်ယောက် ဖြစ်နေတယ်။
ဟော.....ဟဲ......ဟော......
နတ်ဆိုးအလင်းစီးကြောင်းတစ်ခုက အနောက်မှနီးကပ်စွာ လိုက်လာနေတယ်။
သူတို့အားလုံးက သားရဲအရှင်သခင်တွေပါပဲ။
"နက်ပြာပလိန်းက ပြီးဆုံးသွားပြီလား။ ငါတို့လူသားသူတော်စင်တွေကို ဘယ်အချိန်တုန်းကများ သားရဲအရှင်သခင်တွေက အမဲလိုက်ခွင့်ရသွားတာလဲ"
စိတ်ဝိညာဉ်မီးသူတော်စင်က ဒေါသထွက်နေတယ်။ သူက နက်ပြာပလိန်းရဲ့ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းထဲကတစ်ခုဖြစ်တဲ့သူတော်စင်မီးခန်းမမှအကြီးအကဲတစ်ယောက်ပါပဲ။ အတိတ်တုန်းက နက်ပြာပလိန်းရှိသူ့ရဲ့သူတော်စင်မီးခန်းမရဲ့အဆင့်အတန်းအရ လူသားနဲ့နတ်ဆိုးသားရဲတွေက သူတို့ကို ရိုသေလေးစားကြရလိမ့်မယ်။ သူတော်စင်မီးခန်းမရဲ့အကြီးအကဲတစ်ယောက်နောက်ကို လိုက်ဖို့အသာထား၊ သူတော်စင်မီးခန်းမရဲ့တပည့်တစ်ယောက်နောက်ကို လိုက်ဖို့ကတောင် မဖြစ်နိုင်ပါဘူး။
"ခွေးမသား......နတ်ဆိုးသားရဲတွေ။ နတ်ဆိုးတွေ ကျူးကျော်တဲ့အချိန်တုန်းက သူတို့က ဘေးကနေ ကြည့်ရှုခဲ့ပြီး ဘာတစ်ခုမှ မပါဝင်ခဲ့ဘူး။ အခု လူသားတွေ အကြီးအကျယ်ထိခိုက်ပျက်စီးနေတဲ့အခါမှ သူတို့က ကိစ္စတွေကို ဖိအားပေးပြီး စစ်ပွဲတစ်ခုကို ရည်ရွယ်ချက်ရှိရှိ စတင်နေတယ်။ ငါတို့လူသားတွေရဲ့အကြွင်းမဲ့ကျွမ်းကျင်သူတွေ ပြန်ရောက်လာတာနဲ့ ဒင်းတို့အားလုံးကို အမြစ်ကနေ ဖယ်ရှားပစ်ရမယ်"
သူက အဆင့်၁နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ဖြတ်ခဲ့တယ်လို့ ယူဆထားတာကြောင့် စိတ်ဝိညာဉ်မီးသူတော်စင်ကို သားရဲအရှင်သခင်တွေက လိုက်ဖမ်းနေကြတာပါ။
အကြောင်းပြချက်က အဓိပ္ပါယ်မရှိလှပါဘူး။
သူ့က အဆင့်၁နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ခဲ့တာကို ဘေးဖယ်ထားပါ။ သူက လူသားသူတော်စင်တစ်ယောက်ဖြစ်ပြီး အဆင့်၁နတ်ဆိုးသားရဲတစ်သောင်းကို သတ်ခဲ့ရင်တောင် အဲဒါက ကြီးမားတဲ့ကိစ္စတစ်ခု ဖြစ်လိမ့်မှာ မဟုတ်ပါဘူး။
အခြားတစ်ဘက်မှာတော့ သားရဲအရှင်သခင်တစ်ယောက်က သာမန်လူသားတစ်ယောက်ကို သတ်ခဲ့ရင် သူတော်စင်တစ်ယောက်က ထိုသားရဲအရှင်သခင်ကို လိုက်ဖမ်းမှာလား။
ဒါက လုံးဝကို မဖြစ်နိုင်ပါဘူး။
နတ်ဆိုးသားရဲတွေက စစ်ပွဲတစ်ခုကို စတင်ဖို့ အဆုံးစွန်းနည်းလမ်းတွေကို အသုံးပြုနေတယ်၊ လူသားတွေကို ရန်စဖို့ အကြောင်းပြချက်မျိုးစုံကို အသုံးပြုနေတယ်ဆိုတာကို မည်သူမဆို ပြောနိုင်ပါတယ်။
အကြောင်းပြချက်က အဓိပ္ပါယ်ရှိမရှိ သူတို့က ဂရုမစိုက်ပါဘူး။
ဒါပေမယ့် စိတ်ဝိညာဉ်မီးသူတော်စင်ကသာ ပြောနေတာပါ။ လူသားတွေက အခုထိ ပြန်မရောက်လာသေးတဲ့ကျွမ်းကျင်သူတွေ ရှိသလို အဲဒါက နတ်ဆိုးသားရဲတွေအတွက်လည်း အတူတူပါပဲ။
ရှေးခေတ်ကတည်းက လူသားတွေနဲ့နတ်ဆိုးသားရဲတွေက အမြဲတမ်း တန်းတူညီခဲ့ကြတယ်။ ခွန်အားမှာ သိသာတဲ့ခြားနားချက်တစ်ခုရှိတာ ရှားပါးတယ်။
ဒါပေမယ့် လူသားတွေမှာ သံတိမ်သူတော်စင်အရှင်သာ ရှိပြီး နတ်ဆိုးသားရဲတွေမှာ သားရဲအာဏာရှင်နှစ်ကောင် ရှိပါတယ်။
အရင်ကတော့ သံတိမ်သူတော်စင်က သူတို့ကို ပြဿနာမရှာဖို့ နတ်ဆိုးသားရဲတွေကို သတိပေးခဲ့ပါတယ်။ ကံမကောင်းတာကတော့ နတ်ဆိုးသားရဲတွေက နက်ပြာပလိန်းကို အုပ်စိုးဖို့ ဆုံးဖြတ်ထားခဲ့ကြတာပဲ။ သူတို့က သံတိမ်သူတော်စင်ရဲ့သတိပေးချက်ကို မထီမဲ့မြင်ပြုခဲ့ပြီး ပြဿနာတွေကို ဆက်လက်ဖြစ်ပေါ်စေခဲ့တယ်။ သံတိမ်သူတော်စင်က သူ့ရဲ့စွမ်းပကားကို ပြတော့မယ့်အခိုက် သားရဲအာဏာရှင်နှစ်ယောက်က ထွက်ပေါ်လာတယ်။
နဆ်ဆိုးအာဏာရှင်တွေထဲကတစ်ကောင်က အဆင့်မြင့်တိုင်ယန်သားရဲတစ်ကောင်ရဲ့ခန္ဓာကိုယ်ရှိပြီး အခြားတစ်ကောင်ကတော့ အလယ်ဆင့်တိုင်ယန်သားရဲတစ်ကောင်ဖြစ်တယ်။ သူတို့က အလွန်အမင်းအားကောင်းပြီး သံတိမ်သူတော်စင်အရှင်မှာ ထိပ်တန်းအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုရှိပေမယ့် နှစ်ယောက်လုံးကို မဖိနှိပ်နိုင်ခဲ့ဘဲ ဒဏ်ရာရသွားခဲ့တယ်။
သံတိမ်သူတော်စင်အရှင်က ဒဏ်ရာရသွားတာကြောင့် နတ်ဆိုးသားရဲတွေက ပိုပြီးတော့တောင်ကြောက်စရာကောင်းတယ်။ မကြာသေးတဲ့အချိန်အတွင်း အနည်းဆုံးလူသားသူတော်စင်အယောက်နှစ်ဆယ်ခန့်က သူတို့ရဲ့လက်ထဲမှာ ပျောက်ကွယ်သွားခဲ့တယ်။
"စိတ်ဝိညာဉ်မီးသူတော်စင်၊ သေဖို့ပြင်ထားပေတော့"
ပင်လယ်မျက်နှာပြင်ပေါ်မှာ ရေသံကြိုးတွေက စိတ်ဝိညာဉ်မီးသူတော်စင်အရှင်ကို ရစ်ပတ်နေခဲ့တယ်။
ခဏတာစိတ်ပျံ့လွင့်ခြင်းတစ်ခုက စိတ်ဝိညာဉ်မီးသူတော်စင်ကို ရေချိန်းကြိုးတွေထဲကတစ်ခုက ဖမ်းမိသွားစေခဲ့တယ်။ သူက ချက်ချင်းလွတ်မြောက်နိုင်ပေမယ့် အပြာရောင်အလင်းအကာအကွယ်တစ်ခုက ကျဆင်းလာပြီး သူ့ကို ဝန်းရံသွားတယ်။
"ချိုးဖြတ်စမ်း"
စိတ်ဝိညာဉ်မီးသူတော်စင်ရဲ့ညာဘက်လက်မှ လောင်ကျွမ်းစိတ်ဝိညာဉ်မီးတစ်ခု ထွက်လာတယ်။ လက်ကို ဝှေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်မီးက မီးနဂါးတစ်ကောင်အဖြစ်ပြောင်းသွားပြီး အပြာရောင်အလင်းအကာအကွယ်အထံ ပြေးဝင်လာတယ်။
ဝုန်း......
အပြာရောင်အလင်းအကာအကွယ်က အနည်းငယ်တုန်ခါသွားပေမယ့် မချိုးဖြတ်နိုင်ခဲ့ပါဘူး။
"စိတ်ဝိညာဉ်မီးသူတော်စင်၊ မြန်မြန်ဒူးထောက်ပြီး သနားညှာတာဖို့အတွက် တောင်းပန်လိုက်ပါ"
မျက်စိတစ်မှိတ်အတွင်း သားရဲအရှင်သခင်တစ်စုက စိတ်ဝိညာဉ်မီးသူတော်စင်ကို ဝန်းရံလာတယ်။
စိတ်ဝိညာဉ်မီးသူတော်စင်က နက်ရှိုင်းတဲ့လေသံနဲ့ ပြောလိုက်တယ်"အမှိုက်တစ်အုပ်က ငါ့ကို ဒူးထောက်တောင်းပန်ခိုင်းနေတာလား။ အိမ်မက်သာ မက်နေစမ်း......စိတ်ဝိညာဉ်မီးတိုက်ပွဲချပ်ဝတ်"
တိုက်ပွဲချပ်ဝတ်တစ်ခုက စိတ်ဝိညာဉ်မီးသူတော်စင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာပြီး မီးတောက်တွေက ပျံ့နှံ့သွားတော့တယ်။
"တိုက်ကြ"
သားရဲအရှင်သခင်အုပ်စုက အချိန်မဖြုန်းပါဘူး၊ သူတို့က စိတ်ဝိညာဉ်မီးသူတော်စင်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်။
ဖြောက်.......
စိတ်ဝိညာဉ်မီးသူတော်စင်ရဲ့လက်မောင်းတစ်ဖက်က ပျက်ဆီးသွားပြီး သွေးတွေ ပန်းထွက်လာတယ်။
"လူသားတွေက ဒီလိုအခြေအနေတွေအထိ ကျဆင်းသွားတာလား"
နှစ်ဝက်ခန့်ကြာပြီးနောက် လီဖူချန်းက နက်ပြာပလိန်းကို နောက်ဆုံးတော့ ပြန်လည်ရောက်ရှိလာပါပြီ။
လီဖူချန်းက ခေါင်းခါယမ်းလိုက်တယ်၊ နက်ပြာပလိန်းပေါ်ရှိလူသားတွေက အတော်လေးသနားစရာကောင်းလှပါလားလို့ ခံစားမိတယ်။ နတ်ဆိုးတွေ ကျူးကျော်လာခဲ့ပြီး လူသားတွေက ဒုက္ခခံကာ တိုက်ထုတ်ခဲ့ရတယ်။ ဒါပေမယ့် အခု နတ်ဆိုးသားရဲတွေက အနေအထားကို အခွင့်ကောင်းယူလာခဲ့ကြတယ်။
လီဖူချန်းက ဆင်းသက်လာပြီး အလင်းပြာအကာအကွယ်အတွင်းမှာ ထွက်ပေါ်လာတယ်။
"ဒါ ဘယ်သူလဲ"
"ကိစ္စမရှိဘူး။ ဒါက လူသားသူတော်စင်တစ်ယောက်ဆိုမှတော့ သနားညှာတာစရာမလိုဘူး"
လီဖူချန်းရဲ့ရုတ်တရက်ထွက်ပေါ်လာမှုက သားရဲအရှင်သခင်တွေကို တုန်လှုပ်သွားစေပေမယ့် သူတို့က ချက်ချင်း ရက်စက်စွာ စတင်ရယ်မောလိုက်ကြတယ်။
***