← Chapters

အခန်း (၆၆၁)

Vol. 45 Ch. 661

အခန်း (၆၆၁)

Vol. 45 Ch. 661

ရှစ်ဖုန့်နှင့်အခြားသော လန်မိသားစုဝင်တို့မှာ သာယာသောအသံလေးအားကြား

လိုက်ရသောအခါတွင် သူတို့၏ ခေါင်းများအားငုံ့လိုက်ကြသည်။ အသံလာရာဆီသို့လိုက်ပါကြည့်လိုက်ကြ၏။ ဤအချိန်တွင် သူတို့၏အောက်၌ အဖြူရောင်ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်းမြင့်တက်လာသည်။

အဖြူရောင်ပုံရိပ်၏ ခြေထောက်အောက်တွင် ခက်ထန်သော ကျားဖြူတစ်ကောင်က ညကောင်းကင်ယံထဲ၌ ဒုန်းဆိုင်းပြေးလာ၏။

“လင်လုံ”

လန်ယွမ်က သူ၏သမီးဖြစ်သူအားတွေ့လိုက်ရ

သောအခါတွင် အော်ပြောလိုက်သည်။

“ဒီနေရာကိုဘာလို့လာတာလဲ”

“ကျိမို့”

အဖြူရောင်နှင့်လှပသောပုံရိပ်လေးကချဉ်းကပ်လာသည်အားတွေ့ရသောအခါတွင် ရှစ်ဖုန့်ကအသံတိုးတိုးဖြင့်ခေါ်လိုက်သည်။

“ခမည်းတော်”

“ရှစ်ဖုန့်လေး”

ကျိမို့က သူမ၏ဖခင်ဖြစ်သူနှင့် ရှစ်ဖုန့်တို့အားခေါ်လိုက်သည်။ သူမအနေဖြင့်အခြားသော လန်မိသားစုဝင်များအား ဂရုစိုက်ခြင်းမရှိပေ။

လန်မိသားစုမှအဘိုးအိုများမှာ မြေအောက်နန်းတော်ထဲ၌ နှစ်ပတ်လည်ကျင့်ကြံနေခဲ့ကြသောသူများ

ဖြစ်ကြသည်။ဤသည်မှာ သူတို့အတွက် ကောလဟာလများအရ အရှေ့ပိုင်းဒေသကြီး၏နံပါတ်တစ်

အလှပိုင်ရှင်ဖြစ်သည်ဆိုသော လင်လုံအား ပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းဖြစ်သည်။

သို့သော် သူတို့၏နှစ်ပေါင်းများစွာသော

အတွေ့အကြုံများအရ ဤကောင်မလေးက ရှစ်ဖုန့်ဟုခေါ်သောလူငယ်လေးနှင့်ကွဲပြားသည်ကို သူတို့ပြောနိုင်သည်ဖြစ်သည်။

လန်မိသားစု က ကြင်ယာတော်သတို့သား ရွေးချယ်ပြိုင်ပွဲကိုကျင်းပခဲ့ပြီး ဤရှစ်ဖုန့်ဟုခေါ်သောလူငယ်က ကျွမ်းကျင်သူအားလုံးအားအနိုင်ယူကာ ချန်ပံယံတစ်ဦးဖြစ်ခဲ့သည်။ ပင်ကိုယ်အားဖြင့် သူဤအလှလေးအားသိမ်း

ပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အစောပိုင်းကလူငယ်က အရှေ့ပိုင်းဒေသကြီးအတွင်း

မှထွက်ခွာသွားလိုသည်ဟု ပြောခဲ့သည်ကိုကြားခဲ့ရပြီး ဤကောင်မလေး၏ နာကြည်းမှုတို့အားလည်းသူတို့မြင်နိုင်သည်ဖြစ်ရာ တစ်စုံတစ်ခုကို ပင်ကိုယ်အားဖြင့်သူတို့ တွေးမိကြသည်ဖြစ်သည်။

ဤအချိန်တွင် စီနီယာအကျဆုံးအဘိုးအိုက အခြားသူများကိုပြောလိုက်သည်။

“ပြန်သွားကြစို့. ဒီနေရာကိုလူငယ်တွေဆီပဲလွှဲထားလိုက်ပါ”

“ကောင်းပါပြီ”

အဘိုးအို၏စကားများအားကြားပြီနောက် သူတို့အားလုံးက ခေါင်းညိမ့်လိုက်ကြသည်။

အကယ်၍ လန်မိသားစု ၏အခြားသောမည်သည့်ဂျူနီယာမဆိုကသာသူတို့အား ရိုင်းပျပြီးလျစ်လျူရှုခဲ့လျှင် ဤအဘိုးအိုများအနေဖြင့် အဆင်မပြေမှုကိုခံစားရခြင်းသို့မဟုတ် ၎င်းတို့အားပြစ်တင်ဝေဖန်ခြင်းတို့ကိုပြုလုပ်လိမ့်မည်သာဖြစ်သည်။ သူတို့အနေဖြင့်လည်းယဉ်ကျေး

နေလိမ့်မည်မဟုတ်ပေ။

သို့သော် ဤကောင်မလေးက ဤမွန်းစတားဆန်သောလူငယ်ရှစ်ဖုန့်နှင့်ပက်သက်ဆက်နွယ်နေသည်ဖြစ်သည်။

သူတို့အနေဖြင့်ဘာမှပြောခြင်းမရှိပေ။ သူတို့ဘာမှပြောရခြင်းမရှိဆိုလျှင်

ပို၍မှန်မည်ဖြစ်သည်။

ဤနတ်ဆိုးဆန်သောလူငယ်က ပြတ်သားသည်ဖြစ်သည်။ အကယ်၍သူတို့သာ၎င်းအား

ဒေါသထွက်စေလျှင် ဖြစ်လာမည့်အကျိုးဆက်က စိတ်ကူးကြည့်၍ပင်ရလိမ့်မည်မဟုတ်ပေ။

အခြားသူများကိုမပြောနဲ့အုံး လန်ကျဲ့ နာမ်ဝိညာည်ကျောက်တုံး

ကွဲကြေသွားခြင်းကပင် အသက်ဝင်နေဆဲဖြစ်သော ဥပမာတစ်ခုဖြစ်သည်။ သူကလန်မိသားစုအားလုံး

ဝဂရုစိုက်ခြင်းမရှိပေ။

ထို့နောက်အဘိုးအိုများနှင့်လန်ကွမ်းတို့က ရွှေရောင်အလင်းတန်းများအဖြစ်

ပြောင်းလဲသွားပြီး ကောင်းကင်ထဲသို့ ကြယ်ပျံများကဲ့သိုထိုးခွင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့ ညကောင်းကင်ယံထဲမှထွက်ခွာသွား၏။

ညကောင်းကင်ယံထဲတွင် ရှစ်ဖုန့်၊လန်ယွမ်နှင့် ကျိမို့တို့သားကျန်ရစ်ခဲ့သည်။ ကျိမို့၏အောက်ရှိကျားဖြူဖြစ်သောအဖြူလေးလည်းကျန်ရစ်ခဲ့သည်ဖြစ်သည်။

ကျိမို့နှင့်အဖြူလေးတို့ရောက်ရှိလာပြီးနောက် အဖြူလေးကရှစ်ဖုန့်အားမြင်တွေ့

သောအခါတွင် ကျယ်လောင်စွာဟစ်အော်လိုက်သည်။

“ဝေါင်း”

“ဒါ..ဒါက . အရှေ့ပိုင်းဒေသကြီးရဲ့နံပါတ်တစ်အလှပိုင်ရှင်ဖြစ်တဲ့ ထျန်းလျန်အင်ပါယာရဲမင်းသမီးလင်လုံပဲ”

ညကောင်းကင်ယံထဲမှ အ ဘိုးအိုများထွက်ခွာသွားသော်လည်း ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ထဲ၌ စုစည်းနေကြသော လူအုပ်ကြီးမှာ ပျောက်ကွယ်မသွားသေးပေ။သူတို့က ညကောင်းကင်ယံထဲရှိနတ်ဆိုးဆန်သောလူငယ်အားစိုက်ကြည့်နေကြသည်။

ဤအချိန်တွင် ညကောင်းကင်ယံထဲ၌ လှပသောအဖြူရောင်ပုံရိပ်လေး

တစ်ခုပေါ်လာသောအခါ တစ်စုံတစ်ယောက်က အံ့အားသင့်စွာဖြင့်အလျှင်အမြန်

အော်ပြောလိုက်သည်။

“မင်းသမီးလင်လုံ.. ငါတို့အရှေ့ပို်ငးဒေသကြီးရဲ့နံပါတ်တစ်အလှပိုင်ရှင် မင်းသမီးလင်လုံကရှစ်ဖုန့်နဲ့

စေ့စပ်ထားတာပဲ”

အခြားသူတစ်ဦးကလည်းနောက်မှလိုက်ပါပြောဆိုလိုက်သည်။

“အလှလေးတစ်ဦးနဲ့ သူရဲကောင်းတစ်ဦး.. အရှေ့ပိုင်းဒေသကြီးရဲ့နံပါတ်တစ်အလှပိုင်ရှင်နဲ့ အရှေ့ပိုင်းဒေသကြီးရဲ့နံပါတ်တစ်ပါရမီရှင်. လုံးဝကို လိုက်ဖက်လွန်းတယ်”

“ရှစ်ဖုန့်..ငါ့ဘက်မှာသာ ဒီလိုမျိုးလှပတဲ့ အမျိုးသမီးတစ်ဦးရှိနေခဲ့ရင် ငါအရမ်းပျော်မှာ. အကယ်၍ ငါသာရှစ်ဖုန့်ဆိုရင်.အဲ့တာက

ဘယ်လိုများနေလိုက်မလဲ..”

“ရှင်ကြားလား”

ညကောင်းကင်ယံထဲတွင် ကျိမို့က အဖြူလေး၏အပေါ်၌ ဝင့်ကြွားစွာရပ်နေပြီး ရှစ်ဖုန့်၏ဆန့်ကျင်ဘက်၌ရှိနေသည်။ အောက်ဘက်ရှိထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်အတွင်းမှ လူများ၏ မှတ်ချက်များအားကြားပြီးနောက် သူမက ပြောလိုက်သည်။

တစ်လလောက်မြင်တွေ့ခဲ့ရခြင်းမရှိသော အလှလေးအားကြည့်ရင်း ရှစ်ဖုန့် နာကျင်မှုကိုခံစားရသည်။အလှလေးမှာ ယခုအခါပို၍ပို၍များစွာဖြူဖပ်ဖြူရော်ဖြစ်လာသည်။သူမ၏မျက်နှာကဖြူဖျော့နေပြီး၊ချူချာကာ အားနည်းနေသည်။သူမအား

သူကာကွယ်ပေးချင်စိတ်ပေါက်လောက်အောင်သူမကသနားဖို့ကောင်းနေ၏။

“ငါကြားပါတယ်”

အလှလေး၏မေးခွန်းအားရှစ်ဖုန့်

ခေါင်းညိမ့်ဖြေလိုက်သည်။

ကျိမို့ကရှစ်ဖုန့်အား စိုက်ကြည့်ပြီး သူအားဘက်ပေါင်းစုံမှ ရင်ဆိုင်နေသည်။ သူမကစတင်မေးလိုက်သည်။

“ အခု ထျန်းလျန်အင်ပါယာတစ်ခုလုံးရော သိပ်မကြာခင်မှာ အရှေ့ပိုင်းဒေသကြီးတစ်ခုလုံးမှာရှိတဲ့ နိုင်ငံအများအပြားကပါ ကျွန်မမင်သမီးလင်လုံက ရှင့်ရဲ့အမျိုးသမီးပါဆိုတာသိသွားကြမယ်လို့ ကျွန်မယုံတယ်…အကယ်၍ ရှင်သာ ကျွန်မကို ချန်ထားခဲ့ရင် အနာဂတ်မှာ အခြားသူတွေကို ကျွန်မဘယ်လိုမျိုးမျက်နှာပြရမလဲ”

“ငါ..”

အမျိုးသမီး၏မေးခွန်းအားကြားလိုက်ရသောအခါတွင် ဘဝနှစ်ခု၌နေထိုင်ခဲ့သော သူပင် ပြောစရာစကားမဲ့သွားသည်။ မည်သို့ဖြေရမည်မှန်းကိုသူမသိချေ။

ခဏမျှစဉ်းစားပြီးနောက် ရှစ်ဖုန့်၏မျက်နှာကပြက်သားလာသည်။ သူ့ရှေ့ရှိ ဖြူဖျော့နေသော အလှလေးအားကြည့်၍ သူကပြောလိုက်သည်။

“ မင်းငါ့စောင့်ဖို့ဆန္ဒရှိလား”

“ကျွန်မဆန္ဒရှိတယ်”

ရှစ်ဖုန့်၏စကားအားကြားရသောအခါတွင် ကျိမို့က တုန့်ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေသည်။

ရှစ်ဖုန့်ကပြောသည်။

“ငါ့ရဲ့လမ်းခရီးက အန္တရာယ်တွေနဲ့ပြည့်နေပေမဲ့ ငါ့မှာလည်းအကြောင်းပြချက်တွေရှိတယ်.. ငါ့မှာရွေးချယ်စရာမရှိဘဲ ဆက်လျှောက်ရမှာပဲ..ဆယ်နှစ်..ဆယ်နှစ်အတွင်းမှာ အရာအားလုံးကိုကိုင်တွယ်ပြီးသွားရင်.. ငါမင်းဆီလာပြီးတော့မင်းကိုတင့်တောင့်တင့်တယ် လပ်ထပ်မယ်”

ယခင်ဘဝအတွက်သူလက်စား

ချေခြင်းကိုပြုလုပ်ရမည်ဖြစ်သည်။ သိုင်းပညာလမ်းစဉ်၏အထွတ်အထိပ်က သူ၏ဘဝနှစ်ခုလုံးပန်းတိုင်ဖြစ်သည်။ တကယ်တော့ သူ၏လမ်းခရီးက အန္တရာယ်များဖြင့်ပြည့်နှက်နေသည်ကို ရှစ်ဖုန့်သိသည်ဖြစ်၏။ သိ့သော် ဤကဲ့သိုအန္တရာယ်များလှသောခရီး၌သူမအားသူနှင့်အတူမည်ကဲ့သို့လိုက်ပါခိုင်းနိုင်ပါမည်နည်း။

“ကျွန်..ကျွန်မရှင့်ကိုစောင့်မယ်..”

သူ၏ကတိစကားအားကြားရသောအခါတွင် ဖြူဖျော့နေသောအလှလေး၏မျက်နှာက နှင်းဆီပန်းကဲ့သို့ပွင့်လန်းလာသည်။သူမလန်းဆန်းတက်ကြွပြီး လှပလာ၏။

“သူ့အတွက်ငါဆယ်နှစ်စောင့်မယ်.. ငါလုံးဝနောင်တမရဘူး”

ဤအချိန်တွင် ပါးနပ်သောအဖြူလေး၏ ခြေလေးချောင်းက ရှေ့သို့ ဖြည်းဖြည်းချင်းတိုးသွားပြီး သူကျောပေါ်မှလှပသောအဖြူရောင်ပုံရိပ်လေးအားရှစ်ဖုန့်အနီးသို့ခေါ်သွားသည်။

သူတို့နှစ်ဦးသားတစ်ယောက်ကိုယ်

တစ်ယောက်ကြည့်နေကြရင်းတစ်ယောက်နှင့်တစ်ယောက်နီးကပ်သည်ထက်နီးကပ်လာသည်ကို သဘောပေါက်လိုက်သည်။ တစ်ယောက်နှင့်တစ်ယောက်ထိတွေ့နိုင်သောအနေအထားရောက်လာသောအခါတွင် ရင်ခုန်သံတွေမြန်လာပြီးအသက်ရှူနှုန်းတွေမြန်လာသည်။နှစ်ဦးသားတစ်ယောက်ကိုယ်တစ်ယောက်ထွေးပွေ့ဖက်လိုက်ကြသည်။

“အား..အား.အား..အား..ရှစ်ဖုန့် တိရစ္ဆာန်ကောင်.. သူတကယ်ပဲငါ့ရဲ့နှလုံးသားထဲက

နတ်ဘုရားမလေးမင်းသမီးလင်လုံကိုပွေ့ဖက်ရဲတယ်.အား.အား..အား..အား.အား. ငါ့ရဲ့မင်းသမီးလင်လုံလေး”

ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ထဲတွင် ယောက်ျားတစ်ဦးမှာ ညကောင်းကင်ယံထဲ၌သူတို့နှစ်ဦးသား ပွေ့ဖက်လိုက်ကြသည်ကိုတွေ့လိုက်ရသည်။သူကထိုအရာအားလက်သင့်ခံနိုင်ခြင်းမရှိဘဲ အော်ပြောလိုက်၏။ ယင်းမှာ တစ်စုံတစ်ယောက်ကသူ၏ဇနီးမယားအား ထိလိုက်သကဲ့သို့ပင်ဖြစ်သည်။

ထိုသူဘေး၌ရှိနေသောတစ်စုံတစ်ဦးကသူ့အားသတိပေးလိုက်သည်။

“ရှူး.မင်းအသံကိုတိုးစမ်း.. ရှစ်ဖုန့်ကိုဘယ်လိုတောင်ဒီလိုမျိုးပြောရဲတာလဲ. မင်းအသက်ရှင်ရတာပင်ပန်းနေပြီလား”

“ငါထပ်ပြီးအသက်မရှင်ချင်တော့ဘူး. ငါထပ်ပြီးအသက်မရှင်ချင်တော့ဘူးကွ.. ငါ့ရဲ့နတ်ဘုရားမလေးက အဖက်ခံထားရတာ.. ငါသေချင်တယ်. ငါရှစ်ဖုန့်ကိုတစ်ယောက်ချင်းစိန်ခေါ်ချင်တယ်.. ငါရှစ်ဖုန့်ကိုတစ်ယောက်ချင်းတိုက်ဖို့စိန်ခေါ်တယ်ကွ..”

ထိုလူကရူးသွပ်စွာအော်ပြောလိုက်သည်။

သူ့ဘေး၌ရှိသောလူကသာသူ့အားမဆွဲထားလျှင် သူ့အနေဖြင့် ရှုံ့တွသောအလောင်းအပိုင်း

အစနှစ်ခုဖြစ်ပြီးအရိုးတောင်ကျန်နေလိမ့်မည်မဟုတ်ပေ။

ယခုရှစ်ဖုန့်၏လက်အတွင်း၌ သူတို့သေရလိမ့်မည်ကိုတွေ့ခဲ့ရသောအခါတွင် သူတို့၌ဤရွေးချယ်စရာသာရှိသည်ဖြစ်သည်။

ညကောင်းကင်ယံထဲတွင် သူရဲကောင်းနှင့်အလှပိုင်ရှင်လေးတို့ကတစ်ဦးကိုတစ်ဦးတင်းကျပ်စွာဖက်ထားကြပြီး တစ်ယောက်ကိုယ်တစ်ယောက်

စိုက်ကြည့်နေကြသည်။ ထို့နောက်မိန်းမလှလေး၏လှပသောမျက်နှာထက်ရှိမျက်လုံးတို့က ဖြည်းညှင်းစွာပိတ်သွား၏။

ရှစ်ဖုန့်ကထိုလှပသောမျက်နှာလေးအား စိုက်ကြည့်နေပြီးသူ၏အေးစက်သောမျက်နှာကသူမထံသို့ဖြည်းဖြည်းချင်းနီးကပ်စွာရွေ့

လျားလာသည်။လှပသော မျက်နှာလေး၌ပြည့်နှက်နေသည့် မွေးရနံ့တို့အား ရှူရှိုက်လိုက်သည်။ သူ၏နှုတ်ခမ်းက ထိုနီရဲသောနှုတ်ခမ်းဖူးလေးထံသို့ ဖြည်းညှင်းစွာချဉ်းကပ်သွား၏။

ဤအခိုက်အတန့်တွင်ပင် နှုတ်ခမ်းနှစ်ခုကထိကပ်သွားသည်။

သူတို့နှစ်ဦးသာလုံးဝဘဝင်စိုက်သောအခြေအနေသို့ လျှင်မြန်စွာ ဝင်ရောက်သွားသည်။ထျန်းလျန်

အင်ပါယာတော်ဝင်မြို့တော်ထဲမှလူများ၏ မနာလိုမှု၊ အေးစက်မှု၊ခက်ထန်မှုနှင့် ဂုဏ်ယူအားကျသောအကြည့်အားလုံးအားသူတို့လျစ်လျူရှုထားပြီး တစ်ယောက်ကိုယ်တစ်ယောက်ဤကဲ့သို့သာ တရှိုက်မက်မက်အနမ်းချင်းဖလှယ်နေကြ၏။တစ်ယောက်ကိုယ်တစ်ယောက်တင်းကျပ်စွာ ထွေးဖက်ထားကြပြီး သူတို့၏ကိုယ်များကတစ်ယောက်ကိုယ်အတွင်းတစ်ယောက်ဝင်တော့မည့်နှယ်ပင်ဖြစ်သည်။

သူမ၏လှပလွန်းသောမျက်နှာလေးထက်မှ မျက်ရည်ပုလဲစီးကြောင်းလေးနှစ်ခုက ဆိတ်ငြိမ်စွာစီးကျလာသည်။သူမစောင့်စားနေခဲ့ရသောဤအခိုက်အတန့်ကနောက်ဆုံး၌ရောက်ရှိလာခဲ့ပြီဖြစ်သည်။

“ဟူး”

ဤအချိန်တွင် ညကောင်းကင်ယံထဲမှ သက်ပြင်းချသံတစ်ခုထွက်ပေါ်လာသည်။ ဧကရာဇ်မင်းလန်ယွမ်မှာ လူနှစ်ဦးနှင့်သိပ်မဝေးသောနေရာ၌ ရပ်နေဆဲဖြစ်သည်။သူက၎င်းတို့အားကြည့်၍ တီးတိုးပြောဆိုလိုက်သည်။

“အမျိုးသမီးတွေက ထိန်းမရဘူးဆိုတာသိပ်မှန်တာပဲ. ငါ့သမီးကြီးလာတဲ့အခါမှာဒါမျိုး

ငါကြည့်နေရတယ်. သူကငါ့ကိုတောင် ဒီလိုမျိုးဆက်ဆံနေပြီ.. အဖေဖြစ်တဲ့သူကိုတောင်မှ လုံးဝမေ့သွားပါရောလား”

All Chapters