အခန်း (၆၆၂)
Vol. 45 Ch. 662
ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်မှာ ဖြည်းဖြည်းချင်း ၎င်း၏ငြိမ်းချမ်းမှုအားပြန်လည်၍ရရှိလာသည်။
သို့သော် အရှေ့ပိုင်းအတွင်း ထင်ပေါ်ကျော်ကြားလာသော မွန်းစတားဆန်သည့်လူငယ်လေးက ထျန်းခွန်းဂိုဏ်းနှင့် နေလဂိုဏ်းတို့မှ ကျွမ်းကျင်သူနှစ်ဆယ့်ငါးယောက်တို့အား တစ်ယောက်တည်းသတ်ဖြတ်သည့် ယနေ့ညကို မည်သူကမျှမေ့လိမ့်မည်မဟုတ်ပေ။ ထျန်းခွန်းဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ ခွန်းထျန်းယွီ၊ နေလဂိုဏ်း၏အရှင်သခင် ရီချန်ရွှယ်နှင့် ဘုရင်မ ယွဲ့ရှီဟန်တို့အားလုံးပင် ဤမွန်းစတား၏သတ်ဖြတ်ခြင်း
အားခံခဲ့ရသည်ဖြစ်သည်။
နောက်ပြီး ဤလူငယ်က အရှေ့ပိုင်းဒေသကြီး၏နံပါတ်တစ်
အလှပိုင်ရှင်ဖြစ်သောမင်းသမီးလင်လုံအား ထွေးဖက်ကာ ညကောင်းကင်ယံထဲ၌ အကြင်နာအနမ်းကို ပေးခဲ့သည်ဖြစ်သည်။
ဤညက အံ့ဖွယ်ထူးခြားလွန်းသော ညအဖြစ်ညွှန်းဆိုရသည့်ညတစ်ည
ပင်ဖြစ်လေသည်။
မွန်းစတားဆန်သောလူငယ်၏အမည်ရှစ်ဖုန့်က အရှေ့ပိုင်းဒေသကြီးတစ်ခွင်ဖြတ်သန်းရိုက်ခတ်သွားသည်ဖြစ်သည်။
နောက်တစ်နေ့နံနက်စောစောအချိန်တွင် ရှစ်ဖုန့်မှာ ထျန်းလျန်အင်ပါယာအတွင်းအမြင့်မား
ဆုံးအဆောက်ဦးဖြစ်သော တော်ဝင်နန်းတော်၏ ထိပ်ဖျားသို့ရောက်ရှိလာသည.
နံနက်စောစောတွင် တော်ဝင်နန်းတော်၏ထိပ်ဖျား၌တိမ်တိုက်တို့က ဝန်းရံနေဆဲဖြစ်သည်။ တိမ်တိုက်အတွင်း၌ ပုံရိပ်ဆယ့်တစ်ခုတို့ခပ်ရေးရေးထွက်ပေါ်နေ၏။
ဧကရာဇ်မင်းလန်ယွမ် မင်းသားလန်ကွမ်းနှင့် လန်မိသားစု မှအဘိုးအိုကိုးယောက်တို့က ဤနေရာရောက်နှင့်ကာစောင့်ဆိုင်းနေကြသည်။
ယနေ့မှာဆီးလ်အတွင်းမှ သားရဲအား ရင်ဆိုင်တိုက်ခိုက်ရန်လန်မိသားစုအားကူညီပေးမည်ဟု ရှစ်ဖုန့်ကတိပေးထားသောနေ့ဖြစ်သည်။
“မင်းရောက်လာပြီပဲ”
လန်ယွမ်က ယမန်နေ့ညက သူ၏သမီးဖြစ်သူအားထွေးဖက်ကာ အကြင်နာအနမ်းခြွေခဲ့သည့် လူငယ်ကို နှုတ်ဆတ်လိုက်သည်။
“အင်း”
ရှစ်ဖုန့်က လန်ယွမ်အားခေါင်းညိမ့်ပြလိုက်ပြီးနောက် ပြောလိုက်သည်။
“သွားစို့”
“သွားကြစို့”
ထို့နောက်တွင် နန်းတော်၏ထိပ်ဖျားမှပုံရိပ်များ
ကပျံသန်းထိုးဆင်းလာသည်။ ရှစ််ဖုန့်ကသူတို့၏နောက်မှလိုက်ပါလာပြီး ကန်တစ်ခုအတွင်းဆင်းသက်ကာ ကန်၏အခြေဆီသို့တည့်တည့်ဦး
တည်လိုက်သည်။
ထို့နောက်တွင် ရှစ်ဖုန့်က ဧရာမရေဝဲကြီးအတွင်းသူရောက်
သကဲ့သို့ဖြစ်နေသည့် သူ့ရှေ့မှတစ်ဟုန်ထိုးပြောင်းလဲလာ
သောမြင်ကွင်းအား သူတွေ့လိုက်ရသည်။
အထက်ပိုင်းတွင် ဤကန်ကာ သာမန်ရေကန်တစ်ခုသာဖြစ်သည်။သို့သော် ကန်၏အလယ်၌အစီအရင်တစ်ခုအားတပ်ဆင်ထားပြီး ၎င်းအတွင်း ကမ္ဘာငယ်တစ်ခုအားထည့်သွင်းထား၏။
ဤအချိန်တွင် ရှစ်ဖုန့်မှာလေ့ကျင့်ရေးကွင်းတစ်ခုစာ
အရွယ်အစားရှိသောလွတ်လပ်သည့်နေရာလွတ်တစ်ခုအတွင်း၌ရှိနေသည်။နေရာလွတ်၏ဘေးလေးဘက်လေးတန်လုံးနှင့်အထက်တို့တွင် ကန်၏ရေများ ရှိနေဆဲဖြစ်သည်။ရေအတွင်း၌ကူးခတ်နေသော ငါးများကိုပင်သူမြင်နိုင်သည်ဖြစ်၏။
ဤနေရာ၏အလယ်ဗဟိုတွင်ရွှေရောင်နဂါးတစ်ကောင်ရပ်နေသည့်ပုံသဏ္ဍန်ရှိသော ကျောက်ပြားတစ်ခုရှိနေသည်။ရွှေရောင်နဂါးကျောက်ပြားထံမှ ကန့်သတ်ချက်စွမ်းအားတစ်ခုအား ရှစ်ဖုန့်ခံစားမိသည်ဖြစ်သည်။
သို့သော် ကန့်သတ်ချက်၏စွမ်းအားက အရမ်းကိုမတည်မငြိမ်ဖြစ်နေခဲ့ပြီဖြစ်၏။
ထိုရွှေရောင်နဂါးကျောက်ပြားမှာ လန်မိသားစု၏ဘိုးဘေးများဤနေရာ၌ တပ်ဆင်ထားခဲ့သောဆီးလ်၏
စွမ်းအားဖြစ်ပုံရသည်။လန်မိသားစုပြောသော ထိုသက်ရှိမှာ ရွေရောင်နဂါးကျောက်ပြား
၏အောက်၌ဆီးလ်ခတ်ခံထားရခြင်းဖြစ်သည်။
“အဲ့သတ္တဝါ.. ခင်ဗျားတို့အဲ့တာကဘာလဲဆိုတာကိုသိလား.. ဘယ်ကျင့်ကြံမှုနယ်ပယ်လဲဆိုတာရောသိလား”
ရွှေရောင်နဂါးကျောက်ပြားအားစိုက်ကြည့်ရင်းရှစ်ဖုန့်က လန်မိသားစုဝင်များအား မေးလိုက်သည်။
“အဲ့သတ္တဝါကို ငါတို့လန်မိသားစုကဘိုးဘေးတွေချိတ်ပိတ်ထားခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ.. ဘယ်လုအမျိုးအစားလဲဆိုတာအတွက် က နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ငါတို့ လန်မိသားစုမှ ကြိုခန့်မှန်းမရတဲ့ ဖြစ်ရပ်အချို့ဖြစ်ခဲ့တာမလို့. အခုအဲ့တာကဘာလဲဆိုတာ
ကိုငါတို့မသိကြဘူး.. “
လန်မိသားစု၏စီနီယာအကျဆုံးအဘိုးအိုကပြောလိုက်သည်။
ထို့နောက် အဘိုးအိုက ရှစ်ဖုန့်ကိုပြောလိုက်သည်။
“မင်းရဲ့လက်ရှိစွမ်းအားနဲ့ ငါတို့ရဲ့စွမ်းအားကိုပေါင်းစပ်လိုက်ပြီးအဲ့တာကို ဒီရွှေရောင်နဂါးကျောက်ပြား
ထဲပေါင်းထည့်လိုက်မယ်ဆိုရင် ငါတို့တွေကန့်သတ်ချက်စွမ်းအားကိုပြန်ပြီးတည်ငြိမ်အောင်လုပ်နိုင်လောက်တယ်”
“ကြိုးစားကြည့်ရမှာပေါ့”
ရှစ်ဖုန့်ကအဘိုးအိုအားခေါင်းညိမ့်ပြီးပြောသည်။ထို့နောက် ငွေရောင်အလင်းတစ်ခုက ရှစ်ဖုန့်၏ဘယ်လက်၌လင်းလက်လာပြီး ငွေရောင်တံစဉ်က ရှစ်ဖုန့်၏လက်ထဲ၌ပေါ်လာသည်။
သို့သော်ဤအချိန်တွင် နေရာလွတ်တစ်ခုလုံးရုတ်တရက်ပြင်း
ထန်စွာတုန်ခါလာပြီး ပြင်းထန်စွာစတင်ယိမ်းထိုးလာသည်။
ရှစ်ဖုန့်နှင့်အခြားသူများမှာတုန်ခါမှု၏အလယ်၌ရှိနေသည်။ အဘိုးအိုများထဲမှတစ်ဦးကအလန့်တကြားပြောလိုက်သည်။
“အဲ့ သတ္တဝါကဆီးလ်ကိုထပ်ပြီးတိုက်ခိုက်နေတယ်”
ရွှေရောင်နဂါးကျောက်ပြား၏အောက်ခြေတွင် အပြာရောင်အလင်းတစ်ခုလင်းလက်နေသည်။ အပြာရောင်အလင်းက ရွှေရောင်နဂါးကျောက်ပြားအားတိုက်ခိုက်နေ၏။
ထို့နောက် ရှေးခေတ်အချိန်ကာလကလာပုံရသောအော်ရာတစ်ခု ရွှေရောင် နဂါးကျောက်ပြား၏အခြေမှလျှံထွက်လာသည်။
“ဒီအော်ရာ”
ကျောက်ပြားမှလျှံထွက်လာသောအော်ရာအားအာရုံခံမိသောအခါတွင် ရှစ်ဖုန့်၏အမူအယာအနည်းငယ်ပြောင်းလဲသွားသည်။ ဤအော်ရာကသူ့အားရင်းနီးမှုအသိအာရုံကိုပေးနေသည်။
“ငါဘာလို့ဒီလိုခံစားနေရတာလဲ. အဲ့တာကဘာမို့လို့လဲ’
ရှစ်ဖုန့်တုန်ခါနေသော နေရာလွတ်အတွင်း၌ မျက်မှောင်ကြုတ်လိုက်သည်။ အော်ရာ၏အရင်းအမြစ်အား
သူပုံဖော်ကြည့်ရန်ကြိုးစားနေသည်။
ထို့နောက် ရွှေရောင်နဂါးကျောက်ပြား၏အောက်ခြေမှ အပြာရောင်အလင်းကပျောက်ကွယ်သွားပြီး နေရာလွတ်တစ်ခုလုံး ပုံမှန်ပြန်ဖြစ်လာသည်.
“ရပ်သွားပြီ”
နေရာလွတ်ပြန်လည်တည်ငြိမ်သွားချိန်တွင်တစ်စုံတစ်ယောက်ကပြောလိုက်သည်။
သို့သော်ရှစ်ဖုန့်၏အကြည့် ရွှေရောင်နဂါးကျောက်ပြား၏အောက်ခြေအားစူးစိုက်ထားဆဲဖြစ်သည်။ အစောပိုင်းကအော်ရာအကြောင်းကို သူစဉ်းစားနေသည်။
ဤအချိန်တွင် လန်မိသားစုမှကျွမ်းကျင်သူများမှာလည်း ဤလူငယ် ၏အကြည့်နှင့်လေးနက်စွာမျက်မှောင်ကြုတ်ထားမှုကို သတိပြုမိကြသည်။ အဘိုးအိုများထဲမှတစ်ဦးကစကားပြောလိုသော်လည်း စီနီယာအကျဆုံးအဘိုးအိုက တိတ်တိတ်နေရန်သူ၏လက်အားဝေ့ယမ်းလိုက်သ်ည။ ထို့နောက်တွင် လန်မိသားစုကမည်သူကမျှ စကားပြောခြင်းမရှိဘဲ လူငယ်အားတိတ်တဆိတ်ကြည့်နေကြသည်။
သူတစ်စုံတစ်ခုကိုများ ရှာတွေ့သွားသည်လော။
ထို့နောက်တွင် ရှစ်ဖုန့်၏ဦးခေါင်းအထက်၌ ရွှေရောင်အလင်းတစ်ခု ရုတ်တရက်မြင့်တက်လာသည်။ထို့နောက် ထိုအော်ရာကဘာဆိုသည်ကို ရှစ်ဖုန့် ရုတ်တရက်သဘောပေါက်လိုက်သည်။
“ခန္ဓာရှစ်ပါးနတ်ဘုရားမြွေ.. ဟုတ်တယ်..အဲ့တာက မြွေလူသားမျိုးနွယ်စုရဲ့ကြီးမြတ်တဲ့
မြွေနတ်ဘုရား ခန္ဓာရှစ်ပါးနတ်ဘုရားမြွေပဲ. ရွှေရောင်ကျောက်ပြားအောက်ခြေကနေ လျှံထွက်လာတဲ့ အော်ရာက မြွေလူသားမျိုးနွယ်မှာ ငါမြင်တွေခဲ့ရတဲ့ ခရမ်းရောင်မြွေခန္ဓာနဲ့ ထပ်တူညီလုနီးပါးပဲ”
“ဒီနေရာမှဖိနှိပ်ခံထားရတာက ခန္ဓာရှစ်ပါးနတ်ဘုရားမြွေရဲ့နောက်ထပ် ကိုယ်ပွားတစ်ခုများလား”
ရှစ်ဖုန့်ကပြောလိုက်သည်။ ထို့နောက်သူ၏ခေါင်းအားမော့၍ ကြည့်လိုက်သည်။ သူ၏ခေါင်းထက်တွင် လက်သီးဆုပ်အရွှယ်ရှိသော ရွှေရောင် အလင်းလုံးတစ်ခုရှိနေသည်။ ၎င်းမှာအရာခပ်သိမ်းရဲ့မူလဇစ်မြစ်ပင်ဖြစ်သည်။
“ဒါ.. ဒါကဘာလဲ”
လန်မိသားစုမှကျွမ်းကျင်သူများမှာ ရှစ်ဖုန့်၏ခေါင်းထက်၌ရုတ်တရက်ပေါ်လာသောရွှေရောင်အလင်းအားမြင်တွေ့လိုက်ရသောအခါတွင် အံ့အားသင့်စွာရေရွတ်မိလိုက်ကြသည်။
ရွှေရောင်အလင်းအားသူတို့မြင်တွေ့သောအခါတွင် လက်သီးဆုပ်အရွယ်ရွှေရောင်
အလင်းလုံးမှလာသော ထူးဆန်းသည့် အာရုံခံစားမှုတစ်ခုကိုသူတို့ခံစားကြရသည်ဖြစ်သည်။ယင်းမှာနတ်ဘုရားတစ်ပါး
ရုတ်တရက်ဆင်းသက်လာသကဲ့သို့ပင်ဖြစ်၏။ သူတို့အားလုံးအံ့အားသင့်နေကြပြီး ရွှေရောင်အလင်းအား ရှိခိုးချင်စိတ်များပင်ပေါက်နေကြသည်။
“ဒါ.. ဒါကလည်းမင်းရဲရတနာပဲလး. ဘယ်လိုတောင်စွမ်းအားကြီးတဲ့ရတနာလဲ”
လန်မိသားစုမှလန်ယွမ်က ရှစ်ဖုန့်၏ဦးခေါင်းထက်မှ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အားကြည့်၍ မေးလိုက်သည်။
ရှစ်ဖုန့်ကလန်ယွမ်နှင့်လန်မိသားစုမှ အခြားအဘိုးအိုများအားလျစ်လျူရှုထားသည်။ သူ၏ခေါင်းအားမော့ထားဆဲဖြစ်ပြီး သူ၏ အကြည့် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှ ရွှေရောင်အလင်းပေါ်ကျရောက်နေသည်။
ဤသည်ကား လုံးဝမှားယွမ်းခြင်းရှိလိမ့်မည်မဟုတ်ပေ။ နောက်ဆုံးအကြိမ် သူ ခရမ်းရောင်မြွေခန္ဓာနှင့်ရင်ဆိုင်ရတုံးက အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကထွက်လာပြီး ခရမ်းရောင်မြွေခန္ဓာအားသူနှင့်အတင်းအကျပ် သခင်နှင့်အစေခံစာချုပ်အားချုပ်
ဆိုစေခဲ့သည်ဖြစ်သည်။ထို့နောက်
ခရမ်းရောင်မြွေခန္ဓာအားအကျဉ်းချထားရန် သူ၏ညာလက်သန်း၌ ထူးဆန်းသောနေရာလွတ်တစ်ခုကို ပွင့်စေခဲ့သ်ည။
ယခုသူခန္ဓာရှစ်ပါးနတ်ဘုရားမြွေ၏ ကိုယ်ပွားတစ်ခုအားမြင်တွေ့ချိန်တွင် ၎င်းကထပ်မံထွက်လာပြန်သည်။
ထို့နောက်တွင် ရွှေရောင်အလင်းတန်းကြီးတစ်ခုက ရှစ်ဖနု့်၏ခေါင်းထက်ရှိ ရွှေရောင်အလင်းလုံးမှ ရုတ်ခြည်းတောက်ပလင်းလက်လာသည်ကို အားလုံးတွေ့လိုက်ကြရသည်။ ၎င်းက လန်မိသားစု၏ဘိုးဘေးများ စိုက်ထူထားသော ရွှေရောင်နဂါးကျောက်ပြားပေါ်၌လင်းလက်လာတောက်ပလာ၏။
“ဒါ.. အဲ့တာကဘာလုပ်နေတာလဲ”
“အဲ့တာက ဘိုးဘေးတွေချိတ်ပိတ်ထားတဲ့
ဆီးလ်ကိုဖျက်ဆီးပြီးတော့ အဲ့သတ္တဝါကိုလွှတ်ပေးဖို့ကြိုးစားနေတာပဲ”
လန်မိသားစုဝင်များအားလုံးသူ
တို့၏မျက်လုံးများပြူးကျယ်သွားသည်။ ထိုနောက်သူတို့၏အမူအယာများသိသိသာသာကိုပြောင်းလဲသွား၏။
“မဟုတ်ဘူး..မလုပ်နဲ့”
“ဝုန်း”
ကျယ်လောင်သောပေါက်ကွဲသံတစ်ခု
ထွက်ပေါ်ပြီးဤသေးငယ်သောနေရာ
လွတ်မှာပေါက်ကွဲသွားသည်။နေရာလွတ်တစ်ခုလုံးလှုပ်ခါသွား၏. ကန်ရေတို့က ဆူပွက်ထလာသည်။
အားလုံး၏တုန်လှုပ်အံ့အားသင့်နေ
သောအကြည့်များအောက်၌ပင် ရွှေရောင်နဂါးကျောက်ပြားပေါ်၌ လင်းလက်တောက်ပနေသော ရွှေရောင်အလင်းတန်းကြီးက ရွှေရောင်နဂါးကျောက်ပြားအား
ရုတ်ခြည်းပေါက်ကွဲသွားစေသည်။
“ရွှီး..”
ခက်ထန်သော သားရဲတစ်ကောင်နိုးထလာသကဲ့သို့အော်သံတစ်ခုက ပဲ့တင်ထွက်ပေါ်လာသည်။