← Chapters

အခန်း (၆၆၃)

Vol. 45 Ch. 663

အခန်း (၆၆၃)

Vol. 45 Ch. 663

ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ရှိ ရေကန်ငယ်ရှိ ကမ္ဘာတွင်ဖြစ်သည်။

အရာ ခပ်သိမ်းရဲ့မူလဇစ်မြစ်၏ ရွှေရောင်အလင်းအောက်တွင် ရွှေရောင် နဂါးကျောက်ပြားကြီးကပေါက်ကွဲထွက်သွားပြီး နေရာတစ်ခုလုံး တုန်ခါလာကာ ခက်ထန်သောသားရဲတစ်ကောင်နိုးထလာသည်။ အပြာရောင်အလင်းက လင်းလက်တောက်ပလာပြီး ခက်ထန်သောသားရဲ၏အော်သံက ကောင်းကင်ထဲ၌မြင့်တက်လာသည်။

လန်မိသားစုဝင်အားလုံး၏ အိုမင်းသောမျက်နှာများ၌ သူတို၏မျက်လုံးများကတုန်လှုပ်မှုများဖြင့်ပြူးကျယ်နေကြသည်။

အဘိုးအိုတစ်ဦးက ရှစ်ဖုန့်အား အော်ဟစ်လိုက်သ်ည။

“ရှစ်ဖုန့်..မင်းဘာလုပ်နေတာလဲ. ဘာလို့ အဲ့ သတ္တဝါကို မင်းလွှတ်ပေးလိုက်တာလဲ. မင်းယုတ်မာတဲ့နတ်ဆိုးကောင်. မင်းက အရှေ့ပိုင်းဒေသကြီးထဲက အားလုံးကိုသတ်ပစ်ချင်နေတာလား”

“ရှစ်ဖုန့်က . မင်းဘာလို့ဒီလိုလုပ်ရတာလဲ”

ဧကရာဇ်မင်းလန်ကွမ်းပင် ရှစ်ဖုန့် အားအော်ပြောလိုက်သည်။

ရှစ်ဖုန့် ၏ဦးခေါင်းထက်၌ ရှိနေသော ရွှေရောင်အလင်းကရှစ်ဖုန့်နှင့်တစ်စုံတစ်ခုသက်ဆိုင်သည်ကို လန်မိသားစုဝင်များ ခန့်မှန်းရန်မလိုအပ်ပေ။ ပင်ကိုယ်အားဖြင့် ရွှေရောင်နဂါးကျောက်ပြားအား ဖျက်ဆီးခဲ့သော ရွှေရောင်အလင်း ကရှစ်ဖုန့်၏ ပြုလုပ်မှုကြောင့်ဖြစ်သည်ဟုသူတို့ တွေးကြသည်ဖြစ်သည်။

မူလက ဤသတ္တဝါအားဆီးလ်ခတ်ရန်အတွက်ရှစ်ဖုန့် ၏ အကူအညီကို သူတို့လိုချင်ခဲ့သော်လည်း ၎င်းကသူတို့အား မကူညီရုံသာမက ရွှေရောင်နဂါးကျောက်ပြားအားဖျက်ဆီးပစ်လိမ့်မည်ဟု သူတို့ မျှော်လင့်ထားခြင်းမရှိပေ။

“ရှစ်ဖုန့် ငါတို့လန်မိသားစုက မင်းကို ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲကိုဝင်ခွင့်ပေးခဲ့တယ်. မင်းအဲ့တာကြောင့်မို့လို့ သန်မာလာတာ. ဒါကမင်းငါတို့ရဲ့လန်မိသားစု

အပေါ်ကိုပြန်ပီးပေးတဲ့အရာလား”

နောက်ထပ်အဘိုးအိုတစ်ဦးကလည်း ရှစ်ဖုန့်အားဒေါသတကြီးပြောဆိုလိုက်သည်။

ရှစ်ဖုန့်က ဤအော်သံများအား လျစ်လျူရှုထားသည်။ သူ၏ မျက်လုံးတို့က ကျိုးပျက်သွားသော ရွှေရောင်နဂါးကျောက်ပြားပေါ်သို့ ကျရောက်နေသည်။ရွှေရောင်ကျောက်တုံး

ပုံ၏အောက်တွင် အပြာရောင်အလင်းတို့ကလျှံထွက်လာပြီး ပို၍ ပို၍ တောက်ပသည်ထက်တောက်ပလာသည်။

“ဝုန်း”

ရွှေရောင်ကျောက်တုံးပုံထဲရှိ ရွှေရောင်ကျောက်တုံးများက နေရာအနှံ့သို့လွင့်ပျံထွက်သွားသည်။ ရှစ်ဖုန့်နှင့် လန်မိသားစုဝင်များအားလုံး ပေါက်ကွဲမှုဖြစ်ပေါ်ရာအရင်းအမြစ်ထံသို့ ကြည့်လိုက်ကြသည်။ ထို့နောက်တွင် သူတို့၏မျက်နှာထက်ရှိ တုန်လှုပ်မှုများက ပို၍ ပို၍ ပြင်းထန်လာသည်။

ကြီးမားခက်ထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အပြာရောင်ဦးခေါင်းကြီးက ကျောက်တုံများအောက်မှ ချိုးဖျက်ထွက်လာသည်ကို သူတို့မြင်တွေ့လိုက်ရသည်။

အပြာရောင်ဦးခေါင်းအား မရေတွက်နိုင်သော ဓားအရိပ်များက ဖုံးအုပ်ထားသည်။ ၎င်းက လက်သီးဆုပ်တစ်လုံးအရွယ်အစားရှိပြီး တောက်ပသော အပြာရောင်အလင်းကိုထုတ်လွှတ်နေသည်။ ၎င်း၏ဦးခေါင်းထက်၌ တစ်ခုတည်းသော ကြမ်းကြုတ်သည့်အပြာရောင်ဦးချို

တစ်ချောင်းပါရှိသည်။

ဤဦးခေါင်းမျာ ဧရာမမြွေကြီးတစ်ကောင်၏

ဦးခေါင်းကဲ့သို့ဖြစ်သည်။

ဧရာမမြွေဦးခေါင်းကြီးပေါ်ပေါ်

လာချင်းလန်မိသားစုဝင်များမှာ ဧရာမအပြာရောင်မြွေဦးခေါင်းကြီးထံမှ မြင့်တက်လာသော သူတို့၏နှလုံးသားများအား တဆက်ဆက်တုန်ယင်ကာ ထိတ်လန့်ကြောက်ရွံ့စေသည့် နှိုင်းယှဉ်ဖော်ပြ၍မရနိုင်သော ခမ်းနားပြီးစွမ်းအားကြီးမားသည့် စွမ်းအင်တစ်ခုကို ရတ်ခြည်းအာရုံခံမိလိုက်သည်။

“မိစ္ဆာသတ္တဝါ.. ဒါက လန်မိသားစုကဘိုးဘေးတွေ

နှစ်ထောင်ပေါင်းများစွာအကြာတုံးက ဒီနေရာမှာ ဖိနှိပ်ထားခဲ့တဲ့ မိစ္ဆာသတ္တဝါပဲ. ဒီတော့ဒါကသူ့ရဲ့ပုံစံပေါ့. .ဒါကအရမ်းစွမ်းအားကြီးတာပဲ”

“သွားစို့.သွားကြစို့ .. ဒီသတ္တဝါရဲ့စွမ်းအားက ငါတို့တွေ ရင်ဆိုင်ထိတွေ့နိုင်တဲ့အရာမျိုးမဟုတ်ဘူး. “

ဤအချိန်တွင် မျက်နှာထက်၌ အရေးအကြောင်းများနှင့်ပြည့်နှက်နေသော အဘိုးအိုက ထိတ်လန့်တုန်လှုပ်စွာဖြင့်ပြောလိုက်သည်။ လန်မိသားစု၏စီနီယာအကျဆုံးသော အဘိုးအိုက အခြားသော လန်မိသားစုဝင်များကိုအော်ဟစ်လိုက်၏။

သူကဲ့သို့ အထွတ်အထိပ်ကြယ်ကိုးပွင့်မဟာ

သူတော်စင်နယ်ပယ်တစ်ယောက်ပင် ဤအပြာရောင်မြွေဦးခေါင်းကြီးအား ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်းမရှိဟုခံစားရသည်။

အဘိုးအို၏ အသံထွက်ပေါ်လာပြီးနောက် လန်မိသားစု ၏ရွှေရောင်ပုံရိပ်များက အလျှင်အမြန်အပေါ်သို့ထိုးတက်လိုက်ကြသည်။

သို့သော် ဤအချိန်တွင် အပေါ်သို့ပျံတက်နေသော ဧကရာဇ်မင်းလန်ယွမ်က သူချန်ရစ်ထားခဲ့သော ရေကန်ကမ္ဘာအားစိတ်ရှုပ်ထွေး

စွာဖြင့်ငုံ့ကြည့်လိုက်သည်။ ရှစ်ဖုန့်ဘာကြောင့်ဤကဲ့သို့ လုပ်ရသည်ကိုသူနားမလည်

နိုင်ဖြစ်နေဆဲဖြစ်သည်။

အဘယ်ကြောင့် ဤ သတ္တဝါအားလွှတ်ပေးပြီး ကောင်းကင်ဘုံအောက်မှအသက်များ

အားအရေးမထားရပါသနည်း။

သို့သော်ထို့နောက်တွင် ရှစ်ဖန့်၏ဦးခေါင်းထက်၌ရှိနေသော လက်သီးဆုပ်အရွယ်ရွှေရောင်အလင်းလုံးက ရှစ်ဖုန့်ရှေ့ရှိ ဧရာမအပြာရောင်ဦးခေါင်းကြီးထံသို့ တောက်ပဦးတည်သွားသည်ကို လန်ယွမ်မြင်တွေ့လိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်း ရွှေရောင်အလင်းက အပြာရောင်ဦးခေါင်းကြီးအား

လွှမ်းခြုံသွားသည်။

“ဖြစ်နိုင်တာ..သူက…”

ဤမြင်ကွင်းအားတွေ့ရသောအခါတွင် လန်ယွမ်ရုတ်တရက်တစ်စုံတစ်ခုအား တွေးမိလိုက်သည်။ ဤအခိုက်အတန့်တွင် သူက လန်မိသားစုမှအကြီးအကဲများအား အလျှင်အမြန်အော်ဟစ်လိုက်သည်။

“ဘိုးဘေးတို့ ခဏလေးနေပြီး ကြည့်လိုက်ပါအုံး”

စကားပြောရင်း လန်မိသားစု၏အကြီးအကဲများအား အောက်သို့ထိုးညွှန်ပြလိုက်သည်။

“ဟမ်”

လန်ယွမ်၏စကားအားကြားပြီးနောက် လန်မိသားစု ၏ အကြီးအကဲများက အပေါ်သို့တက်နေခြင်းအား

ရပ်တန့်လိုက်ပြီးလန်ယွမ်ထံသို့ စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်ကြသ်ည။ ထို့နောက်တွင် လန်ယွမ်၏လက်ချောင်းနောက်သို့လိုက်ပါ ၍အောက်သို့ငုံ့ကြည့်လိုက်၏။

ရှစ်ဖုန့်၏ဦးခေါင်းထက်ရှိရွှေရောင်အလင်းလုံးက လင်းလက်တောက်ပနေပြီး

ဧရာမအပြာရောင်မြွေဦးခေါင်းကြီးအားလွှမ်းခြုံထားသည်ကို လန်မိသားစုဝင်များတွေ့လိုက်ရသည်။ ထို့နောက်တွင် ရွှေရောင်အလင်းအတွင်းလွှမ်းခြုံခံထားရသော အပြာရောင်မြွေဦးခေါင်းကြီးမှာ ခက်ထန်သောသားရဲတစ်ကောင်ကဲ့သို့အော်ဟစ်ပြီးစတင်တစ်ဟုန်ထိုး ကျုံ့ဝင်လာသည်။

ဟုတ်ပါသည်။ ၎င်းက ကျုံ့ဝင်လာခြင်းဖြစ်သည်။မူလက တောင်ငယ်လေးတစ်လုံးအရွယ်အစားရှိသော အပြာရောင်မြွေဦးခေါင်းကြီးမှာ ယခုအခါ၌ အိမ်တစ်လုံးစာအရွယ်ကျုံ့လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက တံခါးအရွယ်အထိကျုံးဝင်လာပြီးနောက် လက်ဖဝါးတစ်ခုစာအရွယ်အထိကျုံ့လာသည်။ သို့သော်၎င်းက ဆက်လက်ကျုံ့ဝင်နေဆဲဖြစ်သည်။

နောက်ဆုံးတွင် အပြာရောင်မြွေဦးခေါင်းမှာဖားလောင်းတစ်ခုအရွယ်သို့ရောက်သွားပြီး လန်မိသားစုဝင်များအားလုံးမှာ နောက်ဆုံး၌ စိတ်သက်သာရာရစွာဖြင့် သူတို့၏တင်းမာနေသော အကြောများကိုဖြေလျော့၍ တစ်ယောက်ကိုယ်တစ်ယောက်ကြည့်ကာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

“ဒါက…ဘာတွေဖြစ်ပျက်သွားတာလဲ”

ထို့နောက်တွင် ဖားလောင်းအရွယ်မြွေဦးခေါင်း

အားလွှမ်းခြုံထားသည့် ရွှေရောင်အလင်းကမှေးမှိန်ပျောက်ကွယ်သွားပြီးမြေပြင်မှ ငါးအသေးတစ်ကောင်အရွယ်ရှိသော သေးငယ်သည့်အပြာရောင်မြွေတစ်ကောင်ပျံသန်းထွက်လာကာ ရှစ်ဖုန့်ထံသို့ဦးတည်ပျံသန်းသွားသည်ကို သူတို့အားလုံးတွေ့လိုက်ကြရသည်။

ရှစ်ဖုန့်က အရာခတ်သိမ်းရဲ့မူလဇစ်မြစ်အောက်ရှိ ခန္ဓာရှစ်ပါးနတ်ဘုရားမြွေ၏ကိုယ်ပွားဖြစ်သော အပြာရောင်မြွေခန္ဓာဟုခေါ်သည့်အရာက သူ၏သခင်နှင့်အစေခံစာချုပ်

ချုပ်ဆိုပြီးဖြစ်သည်ကို အာရုံခံမိခဲ့ပြီးဖြစ်သည်။ အရာအားလုံးကသူ၏ထိန်း

ချုပ်မှုအောက်၌သာရှိနေခဲ့၏။

ရှစ်ဖုန့်ကသူ၏ညာလက်ဖဝါးအားဆန့်ထုတ်လိုက်ပြီး အပြာရောင်မြွေလေးက သူလက်ဖဝါးထံသို့ လျှင်မြန်စွာပျံသန်းလာသည်။၎င်းက သူ၏လက်ဖဝါးထက်၌ လွင့်မျောနေကာ စက်ဝိုင်းသဏ္ဍန်ဖြည်းညှင်းစွာကူးလူးနေသည်။

ဤမြင်ကွင်းအားကြည့်နေရင်း လန်မိသားစုဝင်အားလုံးမှာအ

ရမ်းကိုတုန်လှုပ်အံ့အားသင့်နေကြကာ ဆွံ့အနေကြသည်။ ဤလူ၏လက်ဖဝါးထဲ၌ရှိနေ

သည့်မြွေလေးက သူတို့လန်မိသားစုမှဘိုးဘေး

တွေဆီးလ်ခတ်ခဲ့ကြသည့် မိစ္ဆာသတ္တဝါတဲ့လား။

ယခင်ကသူတို့အား ထိတ်လန့်ကြောက်ရွံ့အောင်လုပ်ခဲ့သော ဤသတ္တဝါက၎င်းဆီးလ်အတွင်း

မှချိုးဖျက်ထွက်လာသည်နှင့် ကမ္ဘာကြီးအားပရမ်းပတာဖြစ်

သွားစေနိုင်သည်အထိသူတို့ကို ကြောက်လန့်စေခဲ့သည်မဟုတ်လော။

ယခုအခါ၌၎င်းကအရမ်းသေး

ငယ်ကာအပြာရောင်ရှိပြီး ဤလူ၏လက်ဖဝါးအတွင်း

၌ဖြည်းညှင်းစွာကူးလူးနေ၏။ ဤအရာကြည့်နေရင်း ၎င်းကချစ်ဖို့ကောင်းသည်ဟု

ပင်သူတို့ခံစားလာရသည်။

“ကျုပ်တို့သူ့ကိုအရင်ကနား

လည်မှုလွဲသွားတဲ့ပုံပဲ.”

ဤအချိန်တွင် ရွှေရောင်နဂါးကျောက်ပြား

ကွဲသွားသောအခါ၌ သူနှင့်အဘိုးအိုအချို့က ရှစ်ဖုန့်အားဒေါသတကြီးအော်ဟစ်ခဲ့သည်ကို လန်ယွမ်သတိရသွားသည်။သူ၏မျက်နှာထက်၌ အဆင်မပြေသောအမူအယာ

တစ်ခုဖြစ်ပေါ်လာသည်။

ထို့နောက်တွင် လူငယ်၏ဦးခေါင်းထက်၌လွင့်မျောနေသော ရွှေရောင်အလင်းလုံးက ဖြည်းဖြည်းချင်းလူငယ်၏ဦးခေါင်းထိပ်၌နစ်ဝင်သွားပြီးပျောက်ကွယ်သွား

သည်ကိုသူတို့တွေ့လိုက်ရသည်။

ရွှေရောင်အလင်းလုံးပေါ်လာကတည်းက ၎င်းက သာမန်အရာတစ်ခုမဟုတ်

သည်ကိုသူတို့သိကြသည်ဖြစ်သည်။ သူတို့ ဤလူငယ်နှ့င်ပိုမိုပက်သက်လာမိလေ ဤလူငယ်အားထွင်းဖောက်မြင်၍မရလေကိုသူတို့ သဘောပေါ်လာကြသည်။

သူက မကြုံစဖူးအံ့ဖွယ်တစ်ခုကိုဖန်တီးခဲ့ပြီး ကောင်းကင်ဘုံသိုင်းမျှော်စင်

၏ကိုးလွှာမြောက်ကို ဝင်ရောက်ခဲ့သည်။

သူတစ်ယောက်တည်းဖြင့် မြင့်မြတ်ကုန်းမြေနှစ်ခုဖြစ်သော ထျန်းခွန်းဂိုဏ်းနှင့်နေလဂိုဏ်း

တို့အားသုတ်သင်ဖြစ်ခဲ့သည်။

လန်မိသားစုအမြဲတစ်စေ စိတ်ပူပန်စိုးရိမ်ခဲ့ရသော ထိုသတ္တဝါက ယခုအခါ၌သူ၏ သားရဲဖြစ်လာပြီး သူ၏လက်ဖဝါးအတွင်း၌ကူးလူးနေသည်။

ဤအချိန်တွင်အရာခပ်သိမ်း

ရဲ့မူလဇစ်မြစ်ပျောက်ကွယ်သွားသည်ကို ရှစ်ဖုန့်လည်းအာရုံခံမိလိုက်သည်။ သူကခေါင်းမော့လိုက်ပြီး သူ့အထက်၌လွင့်မျောရပ်တည်နေသာ လန်မိသားစုမှလူများကိုကြည့်လိုက်၏။

“ခင်ဗျားတို့လန်မိသားစုရဲ့ဘိုးဘေးတွေဆီးလ်ခတ်ထားခဲ့တဲ့ ဒီသတ္တဝါက ဒီသခင်လေးနဲ့ သခင်နဲ့အစေခံစာချုပ်ချုပ်ဆိုပြီးပြီ.. အခုကစပြီး ခင်ဗျားတို့ထျန်းလျန်အင်ပါယာ ဘာဒုက္ခပြဿနာမှရှိတော့မှာမဟုတ်ဘူး. ခင်ဗျားတို့က ဒီသခင်လေးကို ကောင်းကင်ဘုံသိုင်းမျှော်စင်ထဲကိုဝင်ခွင့်ပေးခဲ့တယ်.. ဒီသခင်လေးကလည်း ဒီသတ္တဝါကိုကိုင်တွယ်ဖြေရှင်း

ပေးမယ်လို့ကတိပေးခဲ့တယ်.. ဒီသခင်လေးနဲ့ ခင်ဗျားတို့လန်မိသားစုဟာ ကိုယ့်ဝတ္တရားကိုယ်ဖြည့်ဆည်း

ပေးပြီးသွားကြပြီ. ဟုတ်တယ်မလား”

All Chapters