အခန်း (၆၆၄)
Vol. 45 Ch. 664
“မင်းရဲ့ကူညီမှုအတွက် ငါ့တို့လန်မိသားစုကမင်းကို ကျေးဇူးအများကြီးတင်ပါတယ်.. မင်း ရှစ်ဖုန့်ဟာ ငါတို့လန်မိသားစုရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ဦးအဖြစ် ထာဝရရှိနေမှာပါ”
စီနီယာအကျဆုံးအဘိုးအိုက ရှစ်ဖုန့်အားပြောလိုက်သည်။
“အင်း”
ရှစ်ဖုန့်က ကြည့်လိုက်ပြီး အနည်းငယ်ခေါင်းဆတ်ပြလိုက်သည်။
အရှေ့ပိုင်းဒေသကြီး၏ မြောက်ပိုင်း ကန္တာပြင် ဒေသ မြွေလူသားမျိုးနွယ်စု နယ်မြေ၌ဖြစ်သည်။
ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ ခရမ်းရောင်အကြေးခွံများရှိနေကာ ဦးခေါင်းထက်၌ချွန်မြသော ဦးချိုတစ်ခုပါရှိပြီး ရှည်လျားသည့် ဧရာမခရမ်းရောင်မြွေကြီးတစ်ကောင်က လေထဲ၌ ဧရာမခရမ်းရောင်နဂါးကြီးတစ်ကောင်ကဲ့သို့ရစ်ခွေနေသည်။ ၎င်း ၏ကြီးမားသော ကိုယ်ကြီးက အရမ်းကို ငြိမ်သက်နေ၏။ရံဖန်ရံခါ၎င်း၏ရှည်လျားသော ခရမ်းရောင်အမြှီးအားဖြည်းညှင်း
စွာလွှဲယမ်းတတ်၏။ ၎င်း၏ကြီးမားသော မြွေဦးခေါင်းကြီးအားငုံ့ထားကာ ကိုယ်ပေါ်၌ မှီပြီး ဆိတ်ငြိမ်အေးချမ်းစွာဖြင့် အိပ်စက်နေသည်။
အောက်ဘက်ရှိ မြွေလူသားနယ်မြေအတွင်းရှိ ကျောက်ခေါင်မိုးထက်တွင် ခရမ်းဝတ်ရုံကိုဝတ်ဆင်ထားသော လှပသည့်မြွေလူသားမိန်းမငယ်လေး
တစ်ဦးက သူမ၏ခန္ဓာကိုယ်ဝန်းကျင်၌ ခရမ်းရောင်မြွေမြှီးအား ရစ်ခွေ လျက် ထိုင်နေသည်။
ကောင်မလေးက ခေါင်းအားမော့ထားကာ မျက်လုံးတို့ကိုမှိတ်ထားသည်။ နေ၏အလောင်းရောင်အောက်တွင် နေပူဆာလှုံရခြင်းအား သူမအနေဖြင့် နှစ်ခြိုက်သဘောကျပုံပေါ်၏။အဝေးမှကြည့်လိုက်လျှင် သူမက မြင့်မြတ်သန့်စင်ကာ အိမ်မက်ထဲမှ မိန်းကလေးတစ်ဦးနှယ်ဖြစ်သည်။
“ရွှီး”
ဤအချိန်တွင် လေထဲ၌ရစ်ခွေနေသော ခရမ်းရောင်မြွေကြီးက ရုတ်တရက်၎င်း၏မျက်လုံးတို့အားဖွင့်လိုက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ကျယ်လောင်သောအော်သံက မြွေလူသားနယ်မြေအတွင်းရှိ များပြားလှသော မြွေလူသားများအား အလန့်တကြားဖြစ်သွားစေသည်။
နေပူဆာလှုံနေသော မိန်းကလေးပင် လန့်ဖျပ်သွားသည်။
လေထဲရှိ ခရမ်းရောင်မြွေထံသို့ကြည့်၍ ကောင်မလေးက ၎င်းအားစိုက်ကြည့်ကာတီးတိုး
ရေရွတ်လိုက်သည်။
“ကြီးမြတ်တဲ့ ခရမ်းရောင်မြွေနတ်ဘုရား”
“ရွှီး”
ဤအချိန်တွင် ခရမ်းရောင်မြွေကြီးက မိန်းကလေးထံတစ်ဟုန်ထိုးဦး
တည်လာသကဲ့သို့ မြွေလူသားနယ်မြေထဲသို့တစ်ဟုန်ထိုး ရောက်လာပြီး နောက်ထပ်ကျယ်လောင်စွာ
အော်ဟစ်လိုက်သည်။
မြွေလူသားနယ်မြေအတွင်း များပြားလှသော ပုံရိပ်များက ဟင်းလင်းပြင်ထဲသို့ ရွှတ်ခနဲရောက်ရှိလာပြီး ဧရာမခရမ်းရောင်မြွေကြီး၏
အောက်၌ရပ်လိုက်ကြသည်။ မြွေလူသားမျိုးနွယ်တစ်ယောက်စီတိုင်းက သူတို့၏အထက်ရှိ ခရမ်းရောင်မြွေကြီးထံသို့ တည်ကြည်လေးနက်သော
မျက်နှာများဖြင့်ကြည့်နေကြသည်။
ဤလူများကြားထဲတွင် အဖြူရောင်ဝတ်ရုံပွတစ်ခုအား
ဝတ်ဆင်ထားသော အပြာရောင်မြွေအမြှီးရှည်တစ်ခုရှိသည့် အဘွားအိုတစ်ဦးရှိသည်။ သူမက ခေါင်းအားလှည့်လိုက်ပြီး မြွေလူသားပိုင်နက်အတွင်းမှ ကျောက်တုံးအိမ်ပေါ်သို့စိုက်ကြည့်လိုက်သည်။ ထိုနေရာ၌ ကျောက်ပြားချက်တစ်ခုပေါ်တွင် မိန်းမငယ်လေးတစ်ဦးရပ်နေသည်။
ဤဝတ်ရုံဖြူနှင့်အဘွားအိုမှာ မြွေလူသားမျိုးနွယ်၏နတ်ဆရာမကြီး ခါလဲ့ပင်ဖြစ်သည်။
ခါလဲ့ကဇီယာအားကြည့်၍မေးလိုက်သည်။
“ဇီယာ မြွေနတ်ဘုရားကိုယ်ပွားက အကျယ်ကြီးအော်ခဲ့တယ်. အဲ့တာကငါတို့မြွေလူသားမျိုး
နွယ်အတွက်ဘာအဓိပ္ပါယ်လဲ”
နတ်ဆရာမကြီးခါလဲ့၏စကား
တို့ထွက်ပေါ်လာသည်နှင့် မြွေလူသာများအားလုံးတစ်
ယောက်ပြီးတစ်ယောက်နိုးထလာသည်။
လွန်ခဲ့သောနှစ်ဝက်ခန့်က မြွေနတ်ဘုရား၏လမ်းညွှန်ပြသမှုဖြင့် ရှစ်ဖုန့်ဟုခေါ်သောတမန်တော်က မြွေလူသားများ၏နယ်မြေသို့ရောက်ရှိလာပြီး မင်းသမီးဇီယာ၏ကိုယ်ထဲမှ
ခရမ်းရောင်မြွေခန္ဓာအားထုတ်ပေးခဲ့သည်။
နောက်ပိုင်းတွင် မြွေနတ်ဘုရားလမ်းညွှန်ပြသခံရသော တမန်တော်က မြွေလူသားနယ်မြေထဲမှထွက်ခွာသွားပြီး ခရမ်းရောင်မြွေခန္ဓာအား မြွေလူသားနယ်မြေမှလူများအတွက်ချန်ရစ်ထားပေးခဲ့သည်။သို့သော်နောက်ပိုင်းတွင် မြွေလူသားမင်းသမီးဖြစ်သူ ဇီယာမှလွဲပြီး မည်သူကမှ မြွေနတ်ဘုရားကိုယ်ပွား၏စကား
အားနားလည်ခြင်းမရှိသည်ကို မြွေလူသားမျိုးနွယ်တစ်ခုလုံးရှာတွေ့လာသည်။
ထိုသည်သာမကသေးဘဲ ညတိုင်းတွင် ခရမ်းရောင်မြွေခန္ဓာမှ ဆန်းကြယ်ပြီးသိမ်မွေ့သော ခရမ်းရောင်အလင်းတစ်ခုထုတ်လွှတ်သည်ဖြစ်သည်။ အခြားသော မြွေလူသားများက ဘာထူးဆန်းမှုကိုမှခံစားရခြင်းမရှိသော်လည်း မင်းသမီးဇီယာတစ်ဦးတည်းကသာ ခရမ်းရောင်အလင်းအား သူမ၏ ကိုယ်အတွင်းသို့ စုပ်ယူပြီး သူမ၏ကိုယ်ပိုင်စွမ်းအားအဖြစ်
ပြောင်းလဲနိုင်လေသည်။
ထို့နောက်ညတိုင်းတွင် ဇီယာက ခရမ်းရောင်မြွေခန္ဓာမှ ထုတ်လွှတ်သော ခရမ်းရောင်အလင်းအားစုပ်ယူပြီး ကျင့်ကြံခြင်းကိုပြုလုပ်သည်ဖြစ်သည်။ နှစ်ဝက်အတွင်း သူမမှာ ဘုရင်နယ်ပယ် စဦးအဆင့်မှနေ၍ လက်ရှိ ကြယ်ငါးပွင့် အင်ပါဘာနယ်ပယ်အဆင့်အထိ အဆင့်တက်လှမ်းနိုင်ခဲ့သည်။
ယင်းကနှစ်ဝက်သာရှိသေးသည်ဖြစ်သည်။
နတ်ဆရာမကြီးခါလဲ့၏ စကားတို့အား ကြားပြီးနောက် ဟင်းလ်းပြင်ထဲ၌လွင့်မျောရပ်တည်နေကြသော မြွေလူသားများအားလုံးက သူတို့၏အကြည့်များအား မြွေလူသားပိုင်နက် ကျောက်တုံးအိမ်ပေါ်ရှိ ခရမ်းရောင်ပုံရိပ်ထံသို့ စူးစိုက်လိုက်ကြသည်။
ဇီယာကခေါင်းမော့လိုက်သောအခါတွင် မြွေလူသားများကသူမအား
ကြည့်နေသည်ကိုတွေ့ရသည်။ ထို့နောက်သူမက ဖြည်းညှင်းစွာပြောလိုက်၏။
“မြွေနတ်ဘုရားကိုယ်ပွားက ပြောတာက အပြာရောင်မြွေခန္ဓာကို သူအာရုံခံမိတယ်တဲ့”
“ဘာ..ဘာ”
“ဘာ”
“ဘာ”
ဇီယာ၏စကားများအားကြားရပြီးနောက် မြွေလူသားများ၏အမူအယာက
သိသိသာသာပြောင်းလဲသွားပြီး အံ့အားသင့်စွာ အာမေဋိတ်ပြုလိုက်ကြသည်။
ထို့နောက်ချက်ချင်း သက်လတ်ပိုင်းအရွယ် မြွေလူသားအမျိုးသမီး၏မျက်နှာထက်၌ စိတ်လှုပ်ရှားမှုတို့ပြည့်နှက်လာ၏။သူမ၏ကိုယ်ကအနည်းငယ်တုန်ယင်နေပြီး စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
“ဒါ..ဒါက အမှန်ပဲလား”
“အမှန်ပဲ.. ဒါအမှန်ပဲဖြစ်ရမယ်. မင်းသမီးဇီယာကဘယ်တုံးကမှမလိမ်ဘူး..”
သက်လတ်ပိုင်းအရွယ် မြွေလူသား အမျိုးသားတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့်ရယ်မောပြီးပြောလိုက်သည်။
“ခန္ဓာရှစ်ပါးမြွေနတ်ဘုရားမှာ ကိုယ်ပွားကခုနှစ်ခုရှိတယ်. ..ခရမ်းရောင်မြွေခန္ဓာနဲ့ အပြာရောင်မြွေခန္ဓာ ဒီခန္ဓာနှစ်ခုကိုသာစုစည်းမိရင် ငါတို့မြွေလူသားမျိုးနွယ်မှာ မြွေနတ်ဘုရားကိုယ်ပွားနှစ်ခု
တောင်ဖြစ်လာလိမ့်မယ်.. ငါတို့အတွက်အဲ့တာဆို မြွေနတ်ဘုရားရဲ့ကိုယ်ပွား ငါးခုပဲကျန်မယ်..ကိုယ်ပွားခုနှစ်ခုလုံးသာ စုစည်းနိုင်တာနဲ့ မြွေနတ်ဘုရားက ကမ္ဘာပေါ်မှာ ပြန်လည်မွေးဖွားလာပြီး ရှေး ခေတ်အချိန်ကာလက ငါတို့ မြွေလူသားမျိုးနွယ်ရဲ့ ဂုဏ်ကျတ်သရေထွန်းပြောင် မှုဆီကိုဦးဆောင်ခေါ်သွားပေးလိမ့်မယ်”
“ကောင်းတယ်.ဒါက ကောင်းလိုက်တာ”
ဇီဘာ၏စကားတို့အားကြားပြီးနောက် မြွေလူသားများအားလုံးမှာ ပို၍ စိတ်လှုပ်ရှားလာကြပြီး စိတ်အားတက်ကြွစွာဖြင့်ပြောလိုက်သည်။အကယ်၍ ခရမ်းရောင်မြွေခန္ဓာကသာ အပြာရောင်မြွေခန္ဓာအားအာ
ရုံခံနိုင်သည်ဆိုလျှင် မြွေနတ်ဘုရားကမ္ဘာပေါ်သို့ပြန်လာရန်အတွက် အပိုင်းအစတစ်ခုပို၍တိုးလာလိမ့်မည်ဖြစ်သည်။
“ဇီယာ..ငါတို့မြွေလူသားမျိုးနွယ်အတွက် ခရမ်းရောင်မြွေခန္ဓာနဲ့အတူ အပြာရောင်မြွေခန္ဓာကိုသွားပြီးရှာချင်လား”
ဤအချိန်တွင် နတ်ဆရာမကြီးခါလဲ့က ဇီယာအားမေးလိုက်သည်။
“သမီးဆန္ဒရှိပါတယ်နတ်ဆရာမကြီး”
ဇီယာက တုန့်ဆိုင်းခြင်းမရှိပြန်ဖြေလိုက်သည်။ သူမ၏ချိုသာသော ငယ်ရွယ်သည့်မိန်းမငယ်လေးအသံက ကောင်းကင်နှင့်မြေပြင်၌ပဲ့တင်ထပ်သွားသည်။
ထို့နောက်တွင် ဇီယာကသူမ၏ခေါင်းအားမော့လိုက်ပြီး ကောင်းကင်ထဲမှလွန်စွာကြီးမားသော ခရမ်းရောင်မြွေကြီးကိုကြည့်လိုက်သည်။သူမကအော်ပြောလိုက်၏။
“ခရမ်းရောင်မြွေနတ်ဘုရား အတူတူသွားပြီးတော့ အပြာရောင်မြွေနတ်ဘုရား
ကိုရှာရအောင်”
“ရွှီး”
ဇီယာ၏စကားဆုံးသွားသောအခါတွင် ဟင်းလင်းပြင်ထဲမှခရမ်းရောင်မြွေခန္ဓာက တုန့်ပြန်သည့်အနေဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ထျန်းလျန်အင်ပါဘာတော်ဝင်မြို့တော် တော်ဝင်နန်းတော်၌ဖြစ်သည်။
အချိန်ကာလနှစ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ပြီးဖြစ်ပုံရသော ရှေးဆန်သော ရွှေရောင် ကွပ်လပ်တစ်ခုထဲတွင် မြင့်မားသော ရွှေရောင်ပလ္လင်တစ်ခုရှိနေသည်။
ဤရွှေရောင်ပလ္လင်မှာ ရှစ်ဖုန့် လန်မိသားစုထံမှငှားယမ်းထားသော တိုက်ကြီးအချင်းချင်း ကူးပြောင်းသည့်အစီအရင်ဖြစ်သည်။
ရွှေရောင်ကွပ်လပ် ၏အလယ်တွင်ပုံရိပ်နှစ်ခုကရပ်နေပြီးတစ်ခုကအနက်တစ်ခုကအဖြူဖြစ်သည်။ အနက်ရောင်ပုံရိပ်က လူငယ်တစ်ဦးဖြစ်ပြီး ဓားသွားကဲ့သို့သောမျက်ခုံးရှိကာ သွေးအေးသောမျက်နှာကိုပိုင်ဆိုင်ထားသည်။ သူက အရှေ့ပိုင်းဒေသကြီး၏ နံပါတ်တစ်ပါရမီရှင်ဖြစ်ပြီး အရှေ့ပိုင်းဒေသကြီး၏ အစွမ်းအထက်ဆုံးသူအဖြစ်သိကြသည့် ရှစ်ဖုန့်ပင်ဖြစ်သည်။
အဖြူရောင်ပုံရိပ်မှာမူ သူမက ခြောက်ပြစ်ကင်းသဲလဲစင်လှပသည့် သေမျိုးကမ္ဘာသို့ဆင်းသက်လာ
သောနတ်သမီးလေးနှယ်ထင်
ရသည့်သူဖြစ်သည်။ ဤအချိန်တွင်သူတို့နှစ်ဦးတစ်ယောက်ကိုယ်တစ်ယောက်ကြည့်နေကြသည်။
သူတို့နှစ်ဦး၏အဝေးတွင် ရွှေရောင်ပုံရိပ်တစ်ခုက တစ်ယောက်တည်းရပ်နေပြီး တစ်ယောက်ကိုယ်တစ်ယောက်
ကြည့်နေကြသူနှစ်ဦးကိုကြည့်နေသည်။ သူက အဖြူရောင်ပုံရိပ်၏ဖခင်လန်ယွမ်ဖြစ်ပြီး ၎င်းတို့အား နှောက်ယှက်ခြင်းမရှိပေ။
“အရွယ်ရောက်လာတဲ့မိန်းကလေးတစ်ဦးကို အိမ်မှာ ပဲထိန်းထားလို့မရဘူးပဲ”
မနေ့ညက ဤကဲ့သို့မြင်ကွင်းမျိုးတွန် လန်ယွမ် သက်ပြင်းမည်မျှချခဲ့သည်ကို
ပင်မှတ်မိနိုင်ခြင်းမရှိပေ။
မနေ့ညကတည်းကစတင်၍ ကျိမို့မှာ အချစ်အားမာန်တို့ပြည့်နှက်နေမှုကြောင့် ယခင်ကထက်များစွာ ပို၍ ကောင်းမွန်လာသည်ဖြစ်သည်။ သူမကအေးစက်ပြီးငယ်ရွယ်သောသူမရှေ့ရှိမျက်နှာအား စိုက်ကြည့်၍ တိုးဖျော့ညင်သာစွာပြောလိုက်သည်။
“ရှင်လုံလံခြုံခြုံနဲ့ မကြာခင်ပြန်လာရမယ်နော.. ကျ..ကျ.ကျွန်မ ရှင့်ကိုလွမ်းနေမှာ”
နောက်ဆုံးစကားအားပြောချိန်
တွင်သူမ၏လှပသာမျက်နှာလေးထက်၌ ရှက်သွေးဖြာလာပြီး နီမြန်းလာ၏။ ထို့နောက်သူမကရှက်ရွံ့စွာ ခေါင်းလေးကိုငုံ့လိုက်သည်။
“မင်းအတွက် ..ငါအဲ့လိုလုပ်မှာပါ.. မင်း.ငါ့ကိုစောင့်နေပေးပါ”
သူ့ရှေ့ရှိလှပရက်လွန်းသော မိန်းကလေးအားစိုက်ကြည့်ရင်း ရှစ်ဖုန့်ကခေါင်းညိမ့်၍ ပြောလိုက်သည်။
ထို့နောက် ကျိမို့ကသူမ၏ညာလက်အား
ဖျက်ခနဲလုပ်လိုက်ပြီး အဖြူရောင်ဝတ်ရုံတစ်ခုကသူ၏မ လက်ထဲ၌ပေါ်လာသည်။ ထိုနောက် ကျိမို့ကရှစ်ဖုန့်အား ညင်သာစွာထပ်မံပြောဆိုလိုက်သည်။
“ဒါကရှင့်အတွက် ကျွန်မကိုယ်တိုင်ချုပ်ပေးခဲ့တဲ့ ဝတ်ရုံ.. အရင်ကြည့်လိုက်ပါအုံး. ရှင်ကအမြဲတမ်းအနကရောင်ကိုဝတ်ပေမဲ့. အဖြူရောင်နဲ့ဆိုရင်ပိုကြည့်ကောင်းတယ်လို့ ကျွန်မထင်တယ်”
“ငါကြည့်ပါရစေ”
ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်ပြီး မိန်းမလှလေး၏လက်ထဲမှ အဝတ်တို့ကိုယူလိုက်သည်။