အခန်း (၆၆၅)
Vol. 45 Ch. 665
ရှစ်ဖုန့်က မိန်းမလှလေးသူ့အတွက် ချုပ်ပေးထားသည့်ဝတ်ရုံအား သူ၏ကိုယ်ပေါ်တွင်ဝတ်ဆင်လိုက်သည်။ သူက မိန်းမလှလေးထံသို့ပြုံးပြလိုက်ပြီး ပြောလိုက်၏။
“ဒါက ကိုယ်နဲ့ အတော်ပဲ”
သူမသူ့အတွက်ချုပ်ပေးထားသော ဝတ်ရုံအားသူဝတ်ဆင်လိုက်သည်
ကိုတွေ့ရသောအခါတွင်ပျော်ရွှင်မှုတို့ဖြင့်နွေးထွေးသော ခံစားချက်တစ်ခုက သူမ၏နှလုံးသားထဲ၌ပြည့်နှက်နေသည် သူကမသူ့အားသူမ၏မျက်နှာထက်ရှိ ပျော်ရွှင်သောအပြုံးတစ်ခုနှင့်အ
တူကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကြည့်လို့ကောင်းလိုက်တာ”
“ဒီမှာ ဒါကို ယူထားလိုက်ပါ”
ထို့နောက် ရှစ်ဖုန့်က သူ၏ သိုလှောင်လက်စွပ်အတွင်းမှ အဖြူရောင်ကျောက်ပုတီးစေ့တို့ဖြင့် ပြုလုပ်ထားသည့် လက်ကောက်တစ်ခုကို ထုတ်ယူလိုက်ပြီး သူ၏ရှေ့ရှိနေသော မိန်းမလှလေးထံသို့လွှဲပေးလိုက်သည်။
လက်ကောက်တွင် စုစုပေါင်းပုတီးစေ့ ဆယ့်ရှစ်စေ့ပါရှိသည်။ ပုတီးစေ့တစ်လုံးစီတိုင်းအား အဆင့်ရှစ် မဟာသူတော်စင်နယ်ပယ် ပစ္စည်းဖြစ်သော ကောင်းကင်ဘုံအဖြူရောင်
ကျောက်ဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။
ရှစ်ကျင်းရွှိုက်မှာ ကောင်းကင်ဘုံအဖြူရောင်
ကျောက်အားလက်လွှဲပေးရချိန်တွင် သူ၏နှလုံးသားတို့ပင်နာကျင်ခဲ့ရသည်ဖြစ်သည်။
ရှစ်ဖုန့်က ကောင်းကင်ဘုံအဖြူရောင်ကျောက်ပုတီးစေ့တစ်စေ့စီတိုင်းတွင် ကန့်သတ်ချက်တစ်ခုစီ ထည့်သွင်းထားသည်ဖြစ်သည်။ ကောင်းကင်ဘုံကျောက်ပုတီးစေ့
ဆယ့်ရှစ်စေ့က တစ်ခုနှင့်တစ်ခုဆက်စပ်နေပြီး ကန့်သတ်ချက်စွမ်းအားကိုအ
သက်သွင်းနိုင်သည်ဖြစ်၏။ ၎င်းက ဧကရာဇ်နယ်ပယ် အော်ကက မည်သည့်တိုက်ခိုက်မှုကိုမဆို ခုခံနိုင်စွမ်းရှိသည်ဖြစ်သည်။
၎င်းအားဆယ့်ရှစ်ကြိမ်အထိအသုံးပြုနိုင်၏။
ရှစ်ဖုန့်မှာ ဤအရာအားပြုလုပ်ရန်အတွက်
သူ၏ဒန်တန်အတွင်းမှ စွမ်းအင်တို့ကိုအသုံးပြု၍ တော်တော်လေးကြိုးပမ်းအား
ထုတ်ခဲ့ရသည်ဖြစ်သည်။
သို့သော် ရှစ်ဖုန့်ကထိုလက်ကော်ကအား မိန်းမလှလေးအားကာကွယ်ရန်
အတွက်သာပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍သူမတိုက်ခိုက်ခံခဲ့ရလျှင် သူအဝေး၌ရှိနေခဲ့လျှင်တောင် သူ့အနေဖြင့်၎င်းအား အာရုံခံမိလိမ့်မည်ဖြစ်သည်။
အဖြူရောင်အလင်းတို့လင်းလက်
တောက်ပနေသော လက်ကောက်အားကြည့်၍ မိန်းမလှလေးက ချိုသာစွာပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဒါကလှလိုက်တာ..ကျွန်မအရမ်း
သဘောကျတယ်”
“ကိုယ်မင်းကိုဝတ်ပေးမယ်.. ဒါနဲ့ဆိုရင် မင်းကိုမင်းကာကွယ်ဖို့အတွက်အ
သုံးပြုနိုင်လိမ့်မယ်”
ရှစ်ဖုန့်က မိန်းမလှလေးအား ကြင်နာစွာပြောလိုက်သည်။
“ကောင်းပြီ”
ရှစ်ဖုန့်၏စကားများအားကြား
ရသောအခါတွင် မိန်းမလှလေးကနာခံစွာဖြင့်ခေါင်းညိမ့်လိုက်ပြီး သူမ၏လက်အားရှစ်ဖုန့်ထံသို့လှမ်းလိုက်သည်။
ရှစ်ဖုန့်က လက်ကောက်အားသူမ၏
လက်ကောက်ဝတ်တွင် ဂရုတစိုက် ဝတ်ဆင်ပေးလိုက်သည်။ မူလကကျောက်စိမ်းကဲ့သို့လှသော သူမ၏လက်လေး၌ သန့်စင်မြင့်မြတ်သော အဖြူရောင်အလင်းကိုထုတ်လွှတ်နေပြီး ၎င်းက သူမအားပို၍ လှပအောင်ပြုလုပ်နေသည်။
“ဒါကရမ်းလှတာပဲ”
ကျိမို့ကသူမ၏လက်ကောက်ဝတ်ပေါ်ရှိ လက်ကောက်အားကြည့်၍ ရေရွတ်ပြောဆိုလိုက်သည်။ ထို့နောက် သူမက သူမ၏ရှေ့၌ရှိနေသော ရှစ်ဖုန့်ထံသို့ကြည့်၍ ပြောလိုက်သည်။
“ဒါကလှလိုက်တာ ..ဟုတ်တယ်မလား”
“မင်းသဘောကျရင်ပဲအဆင်ပြေပါပြီ”
ရှစ်ဖုန့်ကခေါင်းညိမ့်၍ ပြောလိုက်သည်။
ထို့နောက်ရှစ်ဖုန့်က သိပ်မဝေးသောနေရာ၌ရှိနေသည့် ရွှေရောင်ပုံရိပ်အားကြည့်လိုက်သည်။ ဤအချိန်တွင် ရွှေရောင်ပုံရိပ်ဖြစ်သူ
လန်ယွမ်က သူတို့ကိုကြည့်နေသည်ဖြစ်သည်။
ရှစ်ဖုန့် ရုတ်တရက်တစ်စုံတစ်ခုအား
တွေးလိုက်သည်။
“ထန်”
ကြွပ်ဆပ်သောအသံနှစ်ခုထွက်ပေါ်လာပြီး ရှစ်ဖုန့်၏သိုလှောင်လက်စွပ်အတွင်းမှ အလင်းတန်းနှစ်ခုထွက်ပေါ်လာသည်။
ဤအလင်းတန်းနှစ်ခုမှာ နေနှင့်လကဲ့သို့ဖြစ်ပြီးတစ်ခုက အပူ အတစ်ခုအအေးဖြစ်သည်။ အလင်းတန်းများပေါ်ပေါ်လာခြင်း ၎င်းတို့က ရွှေရောင်ပုံရိပ်ဖြစ်သူလန်ယွမ်ထံသို့ ပျံသန်းသွားသည်။
ဤအလင်းတန်းနှစ်ခုအားကြည့်၍ လန်ယွမ်က ရုတ်တရက်အံ့အားသင့်စွာ ပြောဆိုလိုက်သည်။
“နေလနတ်ဘုရားဓား”
ရှစ်ဖုန့် လန်ယွမ်ထံသို့ပစ်လွှတ်လိုက်သော
အလင်းတန်းနှစ်ခုက နေလဂိုဏ်း၏နေလနတ်ဘုရားဓား
နှစ်လက်ပင်ဖြစ်သည်။ ၎င်းတို့က အဆင့်ရှစ် မဟာသူတော်စင်နယ်ပယ်အထွတ်အထိပ် လက်နက်များဖြစ်ကြ၏။
ရှစ်ဖုန့်က နေလနတ်ဘုရားဓားနှစ်လက်ထံသို့
ထိုးညွှန်ပြီးလန်ယွမ်ကိုပြောလိုက်သည်။
“ဒီဓားနှစ်လက်က ခင်ဗျားအတွက်ပဲ . ဒီဓားနှစ်လက်ကိုအသုံးပြုပြီးတော့သူမကို ခင်ဗျားကာကွယ်မယ်လို့ဒီသခင်လေး
မျှော်လင့်ပါတယ်”
ရှစ်ဖုန့်၏စကားများအားကြားရသောအခါတွင် လန်ယွမ်က အလျှင်အမြန်ပြောဆိုလိုက်သည်။
“ငါ့မှာဒီဓားနှစ်လက်ရှိမနေရင်တောင်. ငါသူမကိုကာကွယ်နေအုံးမှာပဲ. ငါအသက်ရှင်နေသ၍ ဘယ်သူကမှသူမကိုထိခိုက်နာကျင်
အောင်လုပ်ခွင့်မပြုဘူး”
ကမ္ဘာပေါ်၌ သူမအတွက် အရေးအကြီးဆုံးဖြစ်သော ယောက်ျားနှစ်ဦး၏ ကြားထဲမှစကားများအား ကြားရသောအခါတွင် ကျိမို့တစ်ယောက် နှစ်လုံးသားထဲ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ ဤနှစ်ယောက်က သူမအားဖူးဖူးမှုတ်ထားခြင်းခံရသည့်ခံစားချက်တို့ဖြင့်ပြည့်နှက်နေ၏။
ရှစ်ဖုန့်က သိပ်မဝေးသောနေရာမှလန်ယွမ်အား ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် ရှစ်ဖုန့်ကခေါင်းကိုဖြည်းညှင်းစွာလှည့်လိုက်ပြီး သူ၏မျက်လုံးတို့က သူ့ရှေ့ရှိ မိန်းမလှလေးပေါ်သို့ကျရောက်လာသည်။ သူကဖြည်းညှင်းစွာပြောလိုက်သည်။
“ကိုယ်သွားတော့မယ်”
ဤအခိုက်အတန့်သို့ရောက်ရှိလာ
မည်ကိုသူမသိနေခဲ့သည်တောင် တကယ်တမ်းဖြစ်လာပြီးသူ့ထံမှ
ဤစကားအားသူမကြားရချိန်တွင် မူလကပျော်ရွှင်မှုတို့ပြည့်နှက်နေသောကျိမို့၏ နှလုံးသားထဲ၌ တွန့်ဆုတ်မှု၊ ခါးသီးမှုနှင့်ဖော်ပြ၍မရနိုင်သော
စိတ်ဓာတ်ကျမှုတို့ပြည့်နှက်နေသည်။
သို့သော် သူမအနေဖြင့် သူမ၏အားနည်းသည့်ဘက်ခြင်း
အားသူ့ကိုပြသလိုခြင်းမရှိပေ။ သူမအနေဖြင့်သူ့အား ဘာဝမ်းနည်းမှုမှမဖြစ်စေလိုပေ။ သူထွက်သွားမည်ဖြစ်သောကြောင့် သူမသူ့အားအေးအေးချမ်းချမ်းသာ ထွက်ခွာသွားစေလိုသည်။
ထို့နောက်သူမသူ့အား ပြုံးပြလိုက်ပြီးပြောလိုက်သည်။
“အားလုံးကလုံလုံခြုံခြုံနဲ့ဘေး
ကင်းရမယ်ဆိုတာကိုရှင်သတိရနေရမယ်နော်. ကျွန်မရှင်ပြန်လာမှာကိုစောင့်နေမယ်”
“မင်းကိုယ်မင်းဂရုစိုက်ပါ. အနာဂတ်မှာပြောရဆိုရမခက်ပါနဲ့ ပြီးတော့ အိမ်ကလည်းထပ်ပြီးထွက်မပြေးပါနဲ့”
ရှစ်ဖုန့်ကမိန်းမလှလေးအားပြောလိုက်သည်။
“အင်း”
မိန်းမလှလေးကသူ့အားမျက်နှာမူလျှက် နာခံသောအကြည့်ဖြင့် ခေါင်းညိမ့်ပြသည်။
“ကိုယ်သွားတော့မယ်”
ဤအရာအားပြောပြီးနောက် ရှစ်ဖုန့်လှုပ်ရှားလိုက်ပြီး မြေကွပ်လပ်အလယ်၌ရှိနေသည့် ရွှေရောင်ပလ္လင်ထက်သို့ ပျံသန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းသူက ရွှေရောင် ပလ္လင်ပေါ်သို့သက်ဆင်းလိုက်၏။
သူကခေါင်းကိုငုံ့၍ အဖြူရောင်နှင့်မိန်းမလှလေးထံသို့ကြည့်လိုက်သည်။ သူ့မနှင့်ပက်သက်၍သူတွန့်ဆုတ်မှုတို့ဖြစ်သော်လည်း သူထွက်သွားရမည်သာဖြစ်သည်။
အဖြူရောင်နှင့်လှပသောမိန်း
ကလေးကလည်း သူမ၏ခေါင်းအားမော့လိုက်ပြီး သူမ၏လက်တို့ဖြင့်ချုပ်ထားသောအဝတ်အစားတို့ကိုပြောင်းလဲဝတ်ဆင်ထားသည့် အဖြူရောင်ပုံရိပ်အားကြည့်လိုက်သည်။
သူမအနေဖြင့်သူ့အားသူမ၏မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုသည်။
အစမှအဆုံးအထိမိန်းမလှလေး
ကသူမ၏မျက်နှာထက်မှအပြုံး
ကိုထိန်းထားသည်။
“ထွက်လာခဲ့ တိုက်ကြီးအချင်းချင်းနေရာကူးပြောင်း
အစီအရင်ကို အသက်သွင်းကြ”
ဤအချိန်တွင် သိပ်မဝေးသောနေရာ၌ရှိနေသည့် လန်ယွမ်က ရှစ်ဖုန့်က တိုက်ကြီးအချင်းချင်းနေရာကူး
ပြောင်းအစီအရင် ထက်၌ရပ်နေသည်ကို တွေ့ရပြီး သူကကောင်းကင်ထဲသို့အော်
ပြောလိုက်သည်။ သူ၏အသံက ကောင်းကင်ထဲ၌ရိုက်ခက်ထွက်ပေါ်လာသည်။
“ဟုတ်”
“ဟုတ်”
“ဟုတ်”
“ဟုတ်”
ဤအချိန်တွင် ဟင်းလင်းပြင်ထဲမှာ အော်သံများအစီအရီထွက်ပေါ်လာသည်။ ထို့နောက်တွင် တိုက်ကြီးအချင်းချင်းနေရာကူး
ပြောင်းအစီအရင်၏ ထိပ်၌ ရွှေရောင်ပုံရိပ်ရှစ်ခုပေါ်လာ၏။
ဤပုံရိပ်ရှစ်ခုလုံးက ရွှေရောင်ချပ်ဝတ်တို့အားဝတ်ဆင်ထားပြီးပုံစံကခမ်းနားကာ ရွှေရောင်ချပ်ဝတ်စစ်နတ်ဘုရားများ ကမ္ဘာပေါ်သို့သက်ဆင်းလာသည့်နှယ်ဖြစ်သည်။
ဤလူရှစ်ယောက်လုံးက တိုက်ကြီးအချင်းချင်းနေရာကူးပြောင်းအစီအရင်၏ အစောင့်များဖြစ်ကြသည်။ သူတို့အားလုံးက တော်ဝင်လန်မိသားစုမှ ခန့်အပ်ထားသောရွှေရောင်ချပ်ဝတ်ဗိုလ်ချုပ်ရှစ်ဦးဖြစ်သည်။ သူတို့၏တာဝန်က မျိုးဆက်အဆက်ဆက် နေရာကူးပြောင်းအစီအရင်အား
စောင့်ကြပ်ရန်ဖြစ်သည်။
ရွှေရောင်ချပ်ဝတ်ဗိုလ်ချုပ် ရှစ်ဦးပေါ်ပေါ်လာပြီးချင်း သူတို့က ရွှေရောင်အလင်းတန်းများ
အဖြစ်ပြောင်းလဲသွားပြီး ရွှေရောင်ပလ္လင်၏ ဦးတည်ချက်ရှစ်ဖက်၌ သက်ဆင်းလိုက်သည်။ ထို့နောက်သူတို့၏လက်များဖြင့်ဆီးလ်များကိုစတင်ပုံဖော်ကြ၏ ။ ရွှေရောင်ရုန်းများက ရွှေရောင်ချပ်ဝတ်ဗိုလ်ချုပ်ရှစ်ဦး၏ ဆီးလ်တို့မှ ပျံသန်းထွက်လာပြီး နေရာကူးပြောင်းအစီအရင်ပလ္လင်ထံသို့ စီးမျောသွားသည်။
“တည်နေရာဆုံမှတ်တွေကိုချိန်ညှိပြီးတော့ မြောက်ပိုင်းဒေသကြီးဆီကိုဦးတည်လိုက်”
လန်ယွမ်ကထပ်မံအော်ပြောလိုက်သည်။ ဤနေရာကူးပြောင်းအစီအရင်မှာ အခြား ဒေသကြီးမှ နေရာကူးပြောင်းအစီအအရင်နှင့်ချိတ်ဆက်ချိန်ညှိထားခြင်းမရှိပေ။ နေရာကူးပြောင်းအစီအရင်အား
အသက်သွင်းပါက မြောက်ပိုင်းဒေသကြီးဆီသို့သာကူး
ပြောင်းနိုင်သည်ဖြစ်ပြီး မြောက်ပိုင်းဒေသကြီး၏မည်သည့်နေရာသို့ ပို့ဆောင်ပေးမည်ဆိုသည်ကိုက မည်သူမျှမသိကြချေ။
“ဟုတ်ကဲ့”
လန်ယွမ်အော်ပြောလိုက်ပြီးနောက် ရွှေရောင်ချပ်ဝတ်ဗိုလ်ချုပ်ရှစ်ဦးကလည်းပြိုင်တူအော်လိုက်ကြသည်။ ထို့နောက်တွင် နေရာကူးပြောင်းအစီအရင် ၌ရွှေရောင်အလင်းတို့လင်း
လက်တောက်ပလာသည်။ ရွှေရောင်အလင်းက လျှန်မြန်စွာဖြင့်တောက်ပသည်
ထက်တောက်ပလာ၏။
ပလ္လင်ထက်၌ဝင့်ကြွားစွာရပ်နေသော အဖြူရောင်ပုံရိပ်ပင် မျက်စိကျိန်းလောက်စရာ ရွှေရောင်အလင်း၏အောက်၌ တဖြည်းဖြည်းမှုန်ဝါးသည်
ထက်မှုန်ဝါးလာသည်။
သို့သော် အဖြူရောင်အဝတ်တို့အား ဝတ်ဆင်ထားသည့် အောက်၌ရှိနေသော မိန်းမလှလေးကတော့ မော့ကြည့်နေဆဲဖြစ်သည်။ မှုန်ဝါးသွားသောပုံရိပ်က သူမအားကြည့်နေဆဲဖြစ်သည်ကိုသူမ မြင်နိုင်သေးသည်ဖြစ်၏။
ထို့နောက်ရုတ်ခြည်း လွန်စွာအားကောင်းသောရွှေရောင်အ
လင်းတန်းကြီးက နေရာကူးပြောင်းအစီအရင်ထက်မှ အကန့်သတ်မဲ့သောကောင်းကင်ထဲသို့ တစ်ဟုန်ထိုးတည့်တည့်ထိုးတက်သွားသည်။