အခန်း (၆၆၆)
Vol. 45 Ch. 666
ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၏တော်ဝင်နန်းတော်အတွင်းမှာ ရွှေရောင်ကွပ်လပ်၌ဖြစ်သည်။
မြင့်မားသောရွှေရောင်ပလ္လင်ထက်တွင် ရွှေရောင်အလင်းတန်းကြီးတစ်ခုက ကောင်းကင်ထဲသို့ထိုးတက်သွားသည်။ အောက်ဘက်ရှိ အဖြူရောင်နှင့်ပုံရိပ်လေးကရွှေရောင်အလန်းတန်းပျောက်ကွယ်သွားသည်အထိစိုက်ကြည့်
နေသည်။ ရွှေရောင်အလင်းတန်းက ပလ္လင်ထက်မှလုံးဝပျောက်ကွယ်သွားသောအခါတွင် ထိုလူသည်လည်းပျောက်ကွယ်သွားခဲ့သဉ်. ရွှေရာင်ပလ္လင်တစ်ခုလုံးရုတ်ခြည်း
ဘာမှရှိနေခြင်းမရှိတော့ချေ။
“ကျွန်မရှင်ပြန်လာမှာကိုစောင့်နေမယ်.. ရှင့်ကိုကျွန်မစောင့်နေမယ်. ဘယ်လောက်ပဲအချိန်တွေကြာပါစေ ကျွန်မရှင့်ကိုစောင့်နေမယ်.. “
ဘာမှရှိမနေတော့သော ရွှေရောင်ပလ္လင်ထက်သို့ကြည့်၍ သူမက တီးတိုးရေရွတ်လိုက်သည်။
ထျန်းဟန်တိုက်ကြီး၏မြောက်ပိုင်းဒေသကြီး
တွင်ဖြစ်သည်။
အရိုးထဲထိစိမ်းလောက်သောလေတို့က ကမ္ဘာအားဖြတ်သန်းတိုက်ခတ်နေပြီး ကမ္ဘာကြီးက တိတ်ဆိတ်ခြောက်ကပ်ညှို့မှိုင်း
အောင်ပြုနေသည်။
ရုတ်တရက် ညှို့မှိုင်းနေသော ဟင်းလင်းပြင်ထဲတွင် ကောင်းကင်ထဲမှ ရွှေရောင်အလင်းတန်းကြီးတစ်ခုက သက်ဆင်းလာပြီး ကျတ်တီးကုန်းမြေပေါ်သို့ကျဆင်းလာသည်။ ရွှေရောင်အလင်းတန်းကြီး မှေးမှိန်ပျောက်ကွယ်သွားသောအခါတွင် အဖြူရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ရှစ်ဖုန့်မှာ ဤနေရာသို့ရောက်လာသောအခါတွင် မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ သူက ရင်းနီးကျွမ်းဝင်မှုမရှိသော ကုန်းမြေအား ကြည့်ရှုစစ်ဆေးလိုက်ပြီး တီးတိုးရေရွတ်လိုက်၏။
“ဒါကဘယ်နေရာလဲ”
“သေခြင်းမဲ့တောင်တန်းနဲ့ ဒီနေရာနဲ့ကဘယ်လောက်ဝေးလဲဆိုတာကိုငါမသိဘူး. အနီးအနားမှာ မြို့ကြီးဒါမှမဟုတ် မြို့ငယ်တစ်ခုခုရှိမလားဆိုတာကို
ငါသိချင်မိတယ်”
ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်ပြီး ပတ်ဝန်းကျင်အား ဆက်လက်ကြည့်ရှုစစ်ဆေးလိုက်သည်။ သို့သော် ဤနေရာက စွန့်ပစ်ခံထားရသော ကုန်းမြေတစ်ခုဖြစ်ပုံရသည်။ အကန့်သတ်မဲ့ကျယ်ပြောသော ကုန်းမြေတစ်ခုမှလွဲပြီး အခြားမည်သည့်သက်ရှိမှရှိနေခြင်းမရှိပေ။
သက်ရှိသတ္တဝါတို့အားမဆိုထားဘိ အပင်များနှင့်ပေါင်းပင်မြက်ပင်များ
ပင်မြင်တွေ့ရခြင်းမရှိချေ။ ဤနေရာရှိ ကောင်းကင်နှင့်မြေကြီး၏ သန့်စင်သောချီမှာလည်း အလွန်နည်းပါးလှသည်ကို ရှစ်ဖုန့်အာရုံခံမိသည်။
ထို့နောက်ရှစ်ဖုန့်က ရွှေ့လျားလိုက်ပြီး ဟင်းလင်းပြင်ထဲသို့ထိုးခွင်းလိုက်သည်။ ဟင်းလင်းပြင်ထဲသို့သူရောက်သောအခါတွင် ဧရိယာအား စတင် စစ်ဆေးလိုက်၏။ သို့သော် အကွာအဝေးတစ်ခုအတွင်းထိပြန့်ကားနေသော ကျတ်တီးမြေတစ်ခုရှိနေသည်ကိုသာ သူမြင်တွေ့ရသည်။
ရှစ်ဖုန့်မှာ ယခင်ဘဝက မြောက်ပိုင်းဒေသကြီးသို့အကြိမ်များစွာရောက်ခဲ့ဖူးသော်လည်း မြောက်ပိုင်းဒေသကြီးက အရမ်းကိုကြီးမားသည်ဖြစ်သည်။ ဤနေရာကမည်သည့်နေရာဖြစ်သည်ကို ရှစ်ဖုန့်သိရှိခြင်းမရှိချေ။
“ဝုန်း..ဝုန်း..ဝုန်’..”
ရုတ်တရက် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုက ရှစ်ဖုန့်၏နောက်ဘက်ခြမ်းမှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်၏နောက်ဘက်ခြမ်းမှ စွမ်းအင်အတက်အကျများလည်းဖြစ်ပေါ်လာ၏။
“တစ်စုံတစ်ယောက်တိုက်ခိုက်နေတာများလား”
ရှစ်ဖုန့်တီးတိုးရေရွတ်လိုက်သည်။ သူကလှည့်လိုက်ပြီး သူ၏ရှေ့ရှိ အကန့်သတ်မဲ့ သော ဟင်းလင်းပြင်သို့ကြည့်လိုက်သည်။ ထို့နောက်သူအာရုံခံမိသော စွမ်းအင်အတက်အကျတို့ဖြစ်ပေါ်လာရာအရင်းအမြစ်ဆီသို့ လျှင်မြန်စွာ ပျံသန်းလိုက်သည်။
အကယ်၍ လူများတိုက်ခိုက်နေသည်ဆိုလျှင် ထိုနေရာ၌ သက်ရှိသတ္တဝါများ သေချာပေါက်ရှိလိမ့်မည်ဖြစ်သည်။ ထို့နောက် သူထိုနေရာသို့သွား၍ ဤနေရာကမည်သည့်နေရာဖြစ်သည်
ကိုမေးမြန်းနိုင်ပြီး သေခြင်းမဲ့တောင်တန်းနှင့်ဘယ်လောက်ဝေးကွာသည်ကိုပါသိနိုင်မည်ဖြစ်သည်။
အမည်မသိသော ဒေသတစ်ခု၏ ကျတ်တီးကုန်းမြေပေါ်တွင်ဖြစ်သည်။ အသက်နှစ်ဆယ်အစောပိုင်းဝန်းကျင်ရှိသောလူငယ်နှစ်ယာက်က ပြင်းထန်သောတိုက်ပွဲတစ်ခုအတွင်းရှိနေသည်။
သူတို့ထဲမှာ တစ်ယောက်က ဓားတစ်ချောင်းကို ကိုင်စွဲထားပြီး အခြားတစ်ဦးကလှံတစ်ချောင်း
ကိုကိုင်စွဲထားသည်။
ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာခြင်းနှင့်အတူ ဓားရှည်နှင့်လှံရှည်တို့က တစ်ခုနှင့်တစ်ခုပြင်းထန်စွာထိပ်
တိုက်တွေ့ကြသည်။ ထို့နောက်ရုတ်ခြည်း ပုံရိပ်နှစ်ခုက လှုပ်ခါသွားကာ တစ်ကြိမ်တည်းတွင်တစ်ယောက်
ကိုယ်တစ်ယောက်နောက်သို့
ဆုတ်ခွာစေလိုက်သည်။
နှစ်ယောက်သားဆယ်မီတာအ
ကွာအထိဆုတ်ခွာပြီးနောက် တစ်ချိန်တည်းတွင်ပြိုင်တူရပ်
တန့်လိုက်ကြသည်။ ထို့နောက်တွင် တစ်ဖက်ကိုတစ်ဖက် လေးနက်သောမျက်နှာထား
ဖြင့်ကြည့်နေကြသည်။
“ဟော့ကျွင့်ရှင်း.. မင်းကအရမ်းရက်စက်တယ်..ငါကမင်းနဲ့အတူ အရူးအမူးစွဲလန်းခဲ့ပေမဲ့. အခုမင်းက ငါ့ကိုထားပစ်ခဲ့ပြီး အဲ့ခွေးမနဲ့
အတူတူနေတယ်.. “
အပြာရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့်ဓားနှင့်လူငယ်မှဝါ နှင်းလွှာတစ်ခုဖုံးအုပ်ထားသကဲ့သို့ အေးစက်သော မျက်နှာထားတစ်ခုရှိနေသည်။
လှံရှည်နှင့်လူငယ်မှာ အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။ သူက လှံရှည်ကိုဘေးဖယ်ထားလိုက်ပြီး သူ့ရှေ့ရှိလူငယ်အားကြည့်လိုက်သည်။ သူ၏မျက်နှာထက်တွင် ကူကယ်ရာမဲ့မှုများဖြင့်ပြည့်နှက်နေသည်။ သူတို့ကတစ်ယောက်ကိုယ်
တစ်ယောက်သိကြပြီးသူ့အနေဖြင့် ဤကဲ့သို့အဆုံးသတ်မျိုးကိုအလိုရှိခြင်းမရှိပေ။
ထို့နောက်တွင် ဟောကျွင့်ရှင်း ဟူသောလူငယ်က ကူကယ်ရာမဲ့လှစွာဖြင့်ပြောလိုက်သည်။
“အိုယွင် ဒီလိုအရာမျိုးကို ငါလည်းလုပ်ချင်တာမဟုတ်ဘူး .ဒါပေမဲ့ ငါ့မှာ ရွေးချယ်စရာမရှိဘူး. ငါ့မှာလဲ ငါ့အခက်အခဲတွေနဲ့ငါရှိတယ်. မင်းငါ့ကိုမေ့လိုက်တာ ပိုကောင်းပါတယ်. ဒီဘဝမှာတော့ငါမင်းကိုလက်လွှတ်ရလိမ့်မယ်..အကယ်၍ နောင်ဘဝမျိုးရှိခဲ့ရင် ငါ့ဘဝတစ်လျှောက်လုံးမင်းကို
တုန်နေအောင်ချစ်သွားမှာပါ”
ဟင်းလင်းပြင်ထဲတွင် အဖြူရောင်ပုံရိပ်တစ်ခုက လေကိုထိုးခွင်းလာသည်။ မြေပြင်ထက်၌တိုက်ခိုက်နေကြသော လူနှစ်ဦးအားသူမြင်တွေ့ရသလို ဤလူနှစ်ယောက်၏ကြားထဲမှ
စကားများကလည်းသူ၏နားထဲသို့ ရုတ်ခြည်းဝင်ရောက်လာကာ သူ၏တစ်ကိုယ်လုံးရှိ ကြက်သီးများကိုပင်ထသွားစေသည်။
ဤလူနှစ်ယောက်ကြားမှစကား
များအားကြားလိုက်ရပြီးနောက် ရှစ်ဖုန့်ရုတ်ခြည်း နေထိုင်မကောင်းဖြစ်ချင်သလို
ပါခံစားလိုက်ရသည်။
သူ့အတွက် ကျတ်တီး ကုန်းမြေပေါ်၌ လူများအားတွေ့ရန်မလွယ်ကူလှသော်လည်း
၎င်းက တွင်းအောင်းသည့်ယုန်များဖြစ်နေသည်။ သူတို့၏စကားများက သူ့အားရုတ်ခြည်း စက်ဆုတ်မှုကိုဖြစ်စေ၏။
“ဟမ့် နောင်ဘဝတဲ့လား”
ဟော့ကျွင့်ရှင်း၏စကားများအား
ကြားလိုက်ရသောအခါတွင် အိုယွင်က အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး
ပြောလိုက်သည်။
“ဒီဘဝမှာတောင်မင်းဘာမှကောင်း
တာမလုပ်ခဲ့ဘဲနဲ့ ငါ့နဲ့နောက်ဘဝမှာပက်သက်မဲ့
အကြောင်းတွေကိုလာမပြောနဲ့… ဟော့ကျွင့်ရှင်း.ငါမင်းကိုအခုရွေးချယ်စရာတစ်ခုပေးမယ်…မင်းအဲ့မိန်းမကိုစွန့်ပစ်ပြီးတော့ ငါနဲ့နေမလား.ဒါမှမဟုတ် မင်းဒီနေ့သေမလား တစ်ခုခုကိုရွေးပါ”
အိုယွင်က “သေမလား”ဟူသောစကားအားပြောချိန်တွင် သူ၏ကိုယ်မှ အံ့ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအော်ရာတစ်ခုကို ထွက်ပေါ်လာသည်။ သူ၏သခင်ဖြစ်သူထံမှ သတ်ဖြတ်ခြင်းအော်ရာအားအာရုံခံမိသောအခါတွင် အိုယွင်၏လက်ထဲမှာ ဓားရှည်က စတင်တုန်ခါလာ၏။
“တိုက်ကြတာပေါ့”
ဟော့ကျွင့်ရှင်း က လှံရှည်အားအိုယွင်ထံထိုးညွှန်ရင်း ကူကယ်ရာမဲ့စွာပြောလိုက်သည်။ ထို့နောက် နှစ်ဦးသား ရှေ့သို့ဦးတည်လိုက်၏။ ကြွပ်ဆပ်သော “ထန်” ဟူသည့်အသံနှင့်အတူ သူတို့၏လက်ထဲရှိ ထက်ရှသောလက်နက်နှစ်ခုက ထပ်မံထိခတ်သွားသည်။
အချိန်အခိုက်အတန့်တစ်ခုအထိ လေထဲ၌ လှံရိပ်များ၊ ဓားချီများနှင့် ဓားရိပ်များက ပြည့်နှက်ရှုပ်ယှက်ခတ်နေပြီး စွမ်အားကြီးချီများက ဦးတည်ချက်ပေါင်းစုံသို့ ထွက်ပေါ်လာသည်။ ပေါက်ကွဲမှုများကလည်း အဆက်မပြတ်ဖြစ်ပေါ်နေ၏။
ရှစ်ဖုန့်က လေထဲ၌ဝင့်ကြွားစွာရပ်နေပြီး အောက်၌တိုက်နေသော ပုံရိပ်နှစ်ခုအားကြည့်နေသည်။ သူတို့နှစ်ဦးစလုံးကကြယ်ကိုးပွင့်
အင်ပါယာနယ်ပယ် များဖြစ်ကြသည်။ အကယ်၍သူတို့သာဤကဲ့သို့ဆက်တိုက်နေမည်ဆိုလျှင် အနိုင်ရရှိသူအားဆုံးဖြတ်ရန်
ခက်ခဲလိမ့်မည်ဖြစ်သည်။
၎င်းတို့၏တိုက်ပွဲအားကြားဝင်ကာ သူတို့ကို ဤနေရာကမည်သည့်နေရာဖြစ်သူဟုမေးခြင်းကပို၍ကောင်းသည်ဟု ရှစ်ဖုန့်ခံစားရသည်။
ထို့နောက်ရှစ်ဖုန့်က အောက်၌ရှိနေသည့်လူနှစ်ယောက်အား
ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်လုံးခဏလောက်ရပ်အုံး”
အောက်ဘက်ရှိမြေပြင်ထက်မှ တိုက်ခိုက်နေကြသောလူနှစ်ယောက်မှာ တစ်ချိန်တည်းတွင်ရင်းနီးမှုမရှိသော
အသံတစ်ခုကိုကြားလိုက်ရသည်။ ထို့နောက်နှစ်ယောက်သားပြင်းထန်စွာထိခတ်သွားပြီး သူတို့၏ပုံရိပ်များက ထပ်မံနောက်သို့လင့်ပျံသွားသည်။
နောက်သို့ဆုတ်ခွာနေခြင်းမှနှစ်ဦး
သာရပ်တန့်သွားချိန်တွင် သူတို့၏ခေါင်းများအားတစ်ချိန်တည်း
မော့လိုက်ကြပြီး ကောင်းကင်ထဲသို့ကြည့်လိုက်သည်။ မကြာခင်တွင် ကောင်းကင်ထဲမှ အဖြူရောင်ပုံရိပ်အားသူတို့တွေ့လိုက်ရသည်။
ဟော့ကျွင့်ရှင်းအမည်နှင့်လူငယ်မှာ အဖြူရောင်ပုံရိပ်အားတွေ့လိုက်ရသောအခါတွင်တုန်လှုပ်အံ့အားသင့်သွားသည်။ လေထဲ၌ရပ်နေသောသူ၏ ကျင့်ကြံမှုအဆင့်အား သူဖြတ်မြင်နိုင်ခြင်းမရှိပေ။ ယင်းမှာ ဤလူ၏ ကျင့်ကြံမှုအဆင့်က သူကဲ့သို့ ကြယ်ကိုးပွင်အင်ပါယာနယ်ပယ်လူတစ်ယောက်ထက် များစွာကျော်လွန်နေခြင်းဖြစ်သည်
ဟုဆိုလိုခြင်းဖြစ်သည်။
ဓားရှည်အားကိုင်ထားသောအိုယွင်မှာ ကောင်းကင်ထက်မှပုံရိပ်အားတွေ့လိုက်ရသောအခါတွင် သူ၏သုန်မှုန်နေသောမျက်နှာက ပို၍ အေးစက်လာသည်။ သူက ဓားရှည်အားကောင်းကင်ထဲသို့ ထိုးညွှန်၍ ထိုလူထံသို့အေးစက်စွာအော်ပြောလိုက်သည်။
“မင်းကဘာကောင်လဲ. ငါတို့တိုက်ခိုက်နေတာ .မင်းရဲ့သောက်လုပ်တပြားသားမှမပါဘူး”
“အိုယွင် အဓိပ္ပါယ်မရှိတာတွေလျှောက်ပြောမနေနဲ့”
ဟော့ကျွင့်ရှင်းမှာ အိုယွင်၏စကားများအားကြားလိုက်ရသောအခါတွင် တုန်လှုပ်သွားသည်။ သူ၏ခေါင်းကိုလှည့်ကာအိုယွင်ကိုကြည့်လိုက်ပြီး ကျယ်လောင်စွာအော်ပြောလိုက်သည်။
ဤလူ၏ကျင့်ကြံမှုကသူတို့ထက်များစွာသာလွန်သည်ဖြစ်၏။ အိုယွင်က ၎င်းအားအရမ်းရိုင်းပျခြင်းကြောင့် အိုယွင်က၎င်းအားစော်ကားမိပြီး မျှော်လင့်မထားသော ကပ်ဘေးတစ်ခု အားခေါ်ဆောင်လာမည်ကို ဟော့ကျွင့်ရှင်းကြောက်မိသည်။
“ဘာ”
အိုယွင်မှာ ဟော့ကျွင့်ရှင်းကသူ့အားအော်သည်
ကိုကြားရသောအ ခါတွင် သူ၏မျက်နှာထက်၌ စိတ်အလိုမကျမှုများဖြင့်ပြည့်နှက်နေ၏။ သူကလည်းဟော့ကျွင့်းရှင်းထံသို့ခေါင်းလှည့်လိုက်ပြီး ထပ်မံအေးစက်စွာအော်
ပြောလိုက်သည်။
“ဘာလဲ. အဲ့မိန်းမအပြင်ကိုမှ ဒီလူကလည်းမင်းရဲ့အချစ်သစ်ပဲလား. ငါသူ့ကိုအေးစက်စွာအော်ပြောလိုက်တာက မင်းရဲ့နှလုံးသားကိုနာကျင်သွားစေလား. ငါအဲ့လိုထင်ပြီးသားပါ. မင်းတို့အဝတ်အစားတွေကိုကြည့်လိုက်ပါအုံး. မင်းတို့နှစ်ယောက်လုံးက အရောင်တူကိုဝတ်ထားကြတာ.”
“ကောင်းတယ်..အရမ်းကောင်းတယ်ဟော့ကျွင့်ရှင်း. မင်းကငါ့အပေါ်အရမ်းနှလုံးသားမဲ့တာမလို့ တကယ်နှလုံးသားနာကျင်ရတာ
ကဘာလဲဆိုတာကိုငါမင်းကိုပြပေးမယ်.. မင်းရဲ့အချစ်သစ်ကိုဆုံးရှုံးရတဲ့ အရာသာကို မင်းကိုငါမြည်းစမ်းခွင့်ပေးမယ်..”
အိုယွင်ကပြောလိုက်ပြီးနောက် သူ၏ပုံရိပ်က သူ၏ဓားရှည်အားကောင်းကင်ထဲ
သို့ထိုးညွှန်ထားလျှက် ကျတ်တီးကုန်းမြေပေါ်မှလျှင်မြန်စွာ
ပျံသန်းထွက်လာကာ ကောင်းကင်ထဲရှိ အဖြူရောင်ပုံရိပ်ထံသို့ ဦးတည်ပျံသန်းလိုက်၏။