← Chapters

အခန်း (၆၆၇)

Vol. 45 Ch. 667

အခန်း (၆၆၇)

Vol. 45 Ch. 667

ဤအချိန်တွင် အိုယွင်မှာ အချစ်ကြောင့် မျက်ကန်းတစ္ဆေဖြစ်နေပုံရသည်။ ၎င်းမှာ မြင်မြင်သမျှကို ကိုက်မည့် ခွေးရူးတစ်ကောင်နှင့်ခြားနားခြင်းရှိပုံမရပေ။

ထိုထက်ပိုသည်ကား ဟင်းလင်းပြင်ထဲ၌ထွက်ပေါ်လာသော ပုဂ္ဂိုလ်မှာ သူချစ်ရပါသော ဟော့ကျွင့်ရှင်းနှင့်တူညီနေခြင်းဖြစ်သည်။

အိုယွင်က ဟင်းလင်းပြင်ထဲမှာ ပုဂ္ဂိုလ်ထံသို့ တစ်ဟုန်ထိုးဦးတည်သွားသည်ကို

တွေ့ရသောအခါတွင် ဟော့ကျွင့်ရှင်းက စိုးရိမ်ပူပန်စွာဖြင့်အမောအတကော အော်ပြောလိုက်သည်။

“အိုယွင် မြန်မြန်ပြန်လာခဲ့”

“ပြန်လာခဲ့ဟုတ်လား”

အောက်မှ ဟော့ကျွင့်ရှင်း၏အော်သံအားကြား

လိုက်ရသောအခါတွင် အိုယွင်၏မျက်နှာထက်၌ ကိုယ့်ကိုယ်ကိုယ်လှောင်ပြောင်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူကခေါင်းငုံ့လိုက်ပြီး ဟော့ကျွင့်ရှင်းထံသို့ပြုံးပြလိုက်သည်။

“ဟော့ကျွင့်ရှင်း. မင်းကငါ့ကိုနောက်ပြန်ဆုတ်ဖို့တောင်း

ဆိုနေတာလား. မင်းကငါ့ကိုမင်းဘက်ခြမ်းကိုပြန်လာဖို့တောင်းဆိုတာလား..ဒါမှမဟုတ်ဒီလူကိုမထိခိုက်စေချင်လို့ငါ့ကိုပြန်ဆုတ်စေချင်တာလား. ဟားဟား.. ဒါကိုနောက်မှပဲငါတွေးတော့မယ်...

ငါ့ချစ်သူထွက်သွားတဲ့ နာကျင်မှုက ငါတစ်ယောက်တည်းမခံစားချင်ဘူး. ဟော့ကျွင့်ရှင်း ဒီနေ့ မင်းကိုငါ မင်းရဲ့အချစ်ဆုံသူကိုဆုံးရှုံးရတဲ့ နာကျင်မှုအရသာကိုမြည်းစမ်းခိုင်းမယ်.. အဲ့ခံစားချက်က သေတာထက်ကိုပိုပြီးဆိုးရွားတယ်ကွ”

အိုယွင်ကနောက်ဆုံးစကားအားပြောချိန်တွင် အသားကုန်ကျယ်လောင်စွာအော်ဟစ်၍ ပြောလိုက်သည်။ သူ၏မျက်နှာထက်မှအပြုံးက လုံးဝပျောက်ကွယ်သွားသည်။ သူကရုတ်တရက်လှည့်လိုက်ပြီး အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော ဟင်းလင်းပြင်ထဲမှ လူအား ကြည့်လိုက်သည်။

သူ၏ကိုယ်ပေါ်မှသတ်ဖြတ်ခြင်းအရှိန်အဝါက ထိုလူအား လွှမ်းခြုံပြီးဖြစ်သည်။

“သေစမ်း. ဒီစက်ဆုတ်ဖို့ကောင်းတဲ့ ယုန်သေတွေကတော့. အထူးသဖြင့်ဒီကောင်ပဲ. လုံးဝကိုလက်လန်အောင်စက်ဆုတ်

ဖို့ကောင်းတာ. “

ရှစ်ဖုန့်ကသူ့ထံသို့ တစ်ဟုန်ထိုးဦးတည်လာနေသော အပြာရောင်ပုံရိပ်အားကြည့်ရင်း ၎င်းတို့ကြားထဲမှစကားများအား နားထောင်နေရသည်။ သူ၏ကိုယ်ပေါ်၌ပို၍ ကြက်သီးမွှေးညှင်းများထာလာသလိုသူခံစားရ၏။ ပို၍ဆိုးရွားစွာသည်ဟုပင်ခံစားရသည်။

ရုတ်ခြည်း ရှစ်ဖုန့်၏စိတ်ကလှုပ်ရှားသွားသည်။ အိုယွင်၏ ခေါင်းထက်တွင် တံခါးအရွယ်ရှိသော အဖြူရောင်လက်ဝါးကြီးတစ်ခုပေါ်လာပြီး ၎င်း၏တစ်ကိုယ်လုံးအားလွှမ်းခြုံသွားသည်။

အဖြူရောင်လက်ဝါးပုံရိပ်အားတွေ့လိုက်ရသောအခါတွင် မူလက ဒေါသတရားတို့ဖြင့်သတ်ဖြတ်ချင်စိတ်

တို့ပြည့်နှက်နေခဲ့သောအိုယွင်တစ်ယောက် ရုတ်တရက်သူ၏အမူအယာက ပြောင်းလဲသွားသည်။ သူ၏နှလုံးသားထဲ၌ ကူကယ်ရာမဲ့မှုတို့ပြည့်နှက်နေပြီး သူ၏ကိုယ်က အလိုအလျောက် တင်တုန်ယင်လာသည်။

သူက ကြယ်ကိုးပွင့်အင်ပါယာနယ်၌ပယ်ကျင့်ကြံ

သူတစ်ဦးသာဖြစ်သည်။ ရှစ်ဖုန့်၏ စွမ်းအားအောက်၌မည်ကဲ့သို့မတုန်ယင်ပဲနေနိုင်ပါမည်နည်း။

ထို့နောက် အဖြူရောင်လက်ဝါးပုံရိပ်ကြီးက အိုယွင်ထံသို့ပြင်းထန်စွာရိုက်ချလာသည်။

“မဟုတ်ဘူး”

အိုယွင်၏မျက်လုံးများပြူးကျယ်နေသည်။ သူ၏စိတ်နှင့်ခန္ဓာအား တုန်ယင်အောင်ပြုလုပ်သည့် သူလုံးဝခုခံနိုင်ခြင်းမရှိသော စွမ်းအားကိုကြည့်ရင်း ထိတ်လန့်စွာဖြင့်ရုတ်ခြည်းကျယ်လောင်စွာ

အော်ဟစ်လိုက်သည်။

“အိုး.မဟုတ်သေးဘူး.အိုယွင်”

တစ်ချိန်တည်းမှာပင် လက်ဖဝါးကြီး အိုယွင်ထံသို့ကျဆင်းလာသည်ကိုတွေ့ရသောအခါတွင် ဟော့ကျွင့်ရှင်းက နှလုံးသည်းခြေပျက်မတတ် ကျယ်လောင်စွာဟစ်အော်လိုက်သည်။

“ဘန်း”

အဖြူရောင်လက်ဝါးရိပ်ကြီးက အိုယွင်၏ကိုယ်ပေါ်သို့ကျရောက်လာ

ပြီးဖြစ်သည်။ ထို့နောက်တွင် ၎င်းကအိုယွင်၏ တစ်ကိုယ်လုံးအားဝါးမျိုသွားပြီး ၎င်းအားမြေပြင်ပေါ်သို့ရိုက်ချလိုက်၏။

“ဝုန်း” ဆိုသောအသံနှင့်အတူ လက်ဝါးက ကျတ်တီးမြေကိုထိမှန်သွားပြီး မြေပြင်တစ်ခုလုံးတုန်ခါကာ လေထဲ၌ ဖုန်တို့ပြည့်နှက်သွားစေသည်။

“အိုး..အိုယွင်”

ဟော့ကျွင့်ရှင်းက ဖုန်မှုန်တို့ပြည့်နှက်နေသော ဧရိယာသို့တစ်ဟုန်ထိုးဦးတည်လိုက်သည်။ သူ၏မျက်နှာထက်၌ စိတ်ပူပန်မှု၊ စိုးရိမ်သောကရောက်မှု၊ နာကျင်မှုတို့ဖြင့်ပြည့်နှက်နေသည်။ ဖုန်မှုန်တို့ပြည့်နှက်နေသော ဧရိယာသို့ နီးကပ်လာသောအခါတွင် တုန့်ဆိုင်းခြင်းမရှိဘဲ တိုးဝင်လိုက်သည်။

“အိုယွင်…အိုယွင်..ငါ့ကိုခြောက်လန့်ပါနဲ့ကွာ. အိုယွင်”

မကြာခင်ဟော့ကျွင့်ရှင်း၏ အမောတကောအော်သံက ဖုန်မှုန်များထဲမှထွက်ပေါ်လာသည်။

လေးအေးတစ်ခုက အပေါ်မှတိုက်ခတ်သွားပြီး ဖုန်မှုန်များလျှင်မြန်စွာလွင့်ပြယ်သွားကာ ဖုန်မှုန်တို့အတွင်းမှ ပုံရိပ်နှစ်ခုဖြည်းဖြည်းချင်းပေါ်လာသည်။ ဟော့ကျင့်ရှင်းက မြေပြင်၌ဆောင့်ကြောင့်ထိုင်ကာ အဝတ်အစားများဆုတ်ပြဲနေကာ ဆံပင်များရှုပ်ပွနေပြီး စိုးရိမ်ဖွယ်အခြေအနေတစ်ခုဖြစ်နေသည်ံ အိုယွင်အား ပွေ့ဖက်ပြီး ရင်ခွင်ထဲ၌ ထွေးပိုက်ထားသည်။

အိုယွင်၏မျက်လုံးတို့ကတင်းနေအောင်

ပိတ်နေပြီး လုံးဝလှုပ်ရှားခြင်းမရှိချေ ။ သူသေပြီလား ရှင်သေးလားဆိုသည်ကို မသိနိုင်ပေ။

“အိုယွင်..ငါ့ကိုမခြောက်ပါနဲ့ကွာ .. အိုယွင်..ငါ့ကိုမထားခဲ့ပါနဲ့..ငါ့ကိုမထားခဲ့ပါနဲ့ကွာ.. အားလုံးကငါ့အမှားတွေပါ… ငါမှားတာကိုငါသိပါပြီ. ပြန်လာခဲ့ပါကွာ အိုယွင်”

“အိုယွင်.. ငါ့မင်းကိုမထားခဲ့ချင်ပါဘူး. ငါ့မင်းနဲ့မခွဲနိုင်ဘူး.. ဒါပေမဲ့..ဒါပေမဲ့.. ငါသာမင်းနဲ့လမ်းမခွဲရင် ငါ့မိဘတွေကသူတို့ရဲ့အသက်နဲ့ ငါ့ကိုခြိမ်းခြောက်လိမ့်မယ်.. ငါ့မှာ ရွေးချယ်စရာမရှိဘဲ သူတို့အတွက်လုပ်ရတာပါ. အိုယွင် ..မင်းသိလားအိုယွင်. ငါ့အတွက် မင်းကငါ့နှလုံးသားထဲက အချစ်စစ်ပါကွာ”

ဟော့ကျွင့်ရှင်းက သူ၏ရင်ခွင်ထဲမှသူအားတင်းကျပ်စွာ

ထွေးဖက်ထားပြီး နှလုံးသည်းခြေပျက်မတက်ငိုကြွေးနေသည်။ ဖြည်းဖြည်းချင်းသူအမှန်တရားကိုပြသလာသည်။ သူ၏မျက်လုံးတို့မှ မျက်ရည်စီးကြောင်းနှစ်ခုက အလိုလိုစီးကျလာသည်။ အစောပိုင်းကသူစစ်ဆေးခဲ့ပြီး သူ၏ရင်ခွင်ထဲမှသူမှာ အသက်ရှူခြင်းမရှိတော့ချေ။

မြေပြင်ထက်ရှိလူနှစ်ယောက်အားကြည့်နေရင်း ၎င်းတို့၏ငိုကြွေးသံများအားကြား

ရသောအခါတွင် ရှစ်ဖုန့်မနေနိုင်ဘဲ သက်ပြင်းချမိသည်။

“ဟူး.. ဒါကလည်းအချစ်စစ်ပါပဲလား”

ထို့နောက်ချက်ချင်းရှစ်ဖုန့်၏ကိုယ်က တုန်ခါသွားကာ ပြစ်ပြစ်နှစ်နှစ်ကိုကျိန်ဆဲလိုက်သည်။

“ချီးပဲ. ခုဏကဒီသခင်လေးဘာကိုတွေးလိုက်တာလဲ. ဒီသောက် ယုန်နှစ်ကောင်ကတော့”

“မင်း.မင်းပဲ.. မင်းကငါရဲ့အချစ်စစ်ကို သတ်ပစ်ခဲ့တာ”

ဤအချိန်တွင် ဟော့ကျွင့်ရှင်းက သူ၏ခေါင်းအား ရုတ်တရက်မော့လိုက်သည်။ သူ၏မျက်နှာထက်က ဝမ်းနည်းပူဆွေးမှုတို့က ပျောက်ကွယ်သွားပြီး ခက်ထန်သော အမူအယာတစ်ခုကရုတ်ခြည်းအစား

ထိုးလာသည်။ ကောင်းကင်ထဲရှိရှစ်ဖုန့် အားသတ်ဖြတ်ချင်စိတ်များဖြင့်ဒေါတကြီးစိန်းစိန်းဝါးဝါးစိုက်ကြည့်နေသည်။ သူ၏ဘယ်လက်ဖြင့်သူချစ်ရသူအား တင်းကျပ်စွာပွေ့ဖက်ထားပြီး သူ၏ညာလက်ဖြင့်သူ၏လှံရှည်အား တင်းကျပ်စွာဆုပ်ကိုင်ထားသည်။သူ၏ပုံစံကရှစ်ဖုန့်အား သေသည်အထိတိုက်ခိုက်မည့်ပုံဖြစ်နေသည်။

“ကောင်းပြီး ရွံဖို့ကောင်းတာတွေလုပ်မနေနဲတော့ . သောက်ယုန်စုတ်တွေ”

ရှစ်ဖုန့်ကငုံ့ကြည့်ကာပြောလိုက်သည်။

“ဒီသခင်လေး အဲ့သောက်ယုန်စုတ်ကို မသတ်ခဲ့ဘူး. အဲ့သောက်ယုန်စုတ်က အရမ်း စက်ဆုတ်ဖို့ကောင်းလွန်းလို့ သာ ဒီသခင်လေး သူရဲ့အသက်ရှုခြင်းကိုဆီးလ်ခတ်ပြီးတော့ သူ့ကို သက်ဝင်မှုဆိုင်းငံ့တဲ့အခြေအနေမှာထား

ထားတာ.. သူနာရီအနည်းငယ်နေရင် နိုးလာလိမ့်မယ်”

“ခင်..ခင်ဗျားတကယ်ပြောနေတာလား”

ရှစ်ဖုန့်က အိုယွင်မသေသေးဟုပြောလိုက်သောအခါတွင် ဟော့ကျွင့်ရှင်းတစ်ယောက် ဦးဆုံးတုန်လှုပ်အံ့အားသင့်သွားသည်။ ထို့နောက် စိတ်လှုပ်ရှားပျော်ရွှင်မှုတို့က သူ၏မျက်နှာထက်၌ဖြည်းညှင်းစွာပေါ်လာ၏။ လုံးဝဖျက်ဆီးခံလိုက်ရသောပစ္စည်းတစ်ခုကသူ၏လက်ထဲပြန်လည်ရောက်ရှိလာသကဲ့သို့ သူရုတ်တရက်ခံစားရသည်။

ထို့နောက် ဟော့ကျွင့်ရှင်းတစ်ယောက်ရှစ်ဖုန့်၏စကားတို့မှအသိဝင်လာပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ကျေးဇူးပြုပြီးလေးလေးစားစားပြောပါ.. ခင်ဗျားကျုပ်ထက်သန်မာတယ်ဆိုပေမဲ့. ခင်ဗျားကျုပ်တို့ကိုနားမလည်ပါဘူး. ကျေးဇူးပြုပြီးကျုပ်တို့ကို မစော်ကားပါနဲ့”

ဟော့ကျွင့်ရှင်း၏ စော်ကားသည်ဟုပြောသည်မှာ ရှစ်ဖုန့်ကသူတိုအား ယုန်စုတ်များဟုခေါ်ခြင်းကိုဆိုလိုခြင်းဖြစ်သည်။

ရှစ်ဖုန့်ကတော့ ဤယုန်စုတ်ဖြင့် ထပ်ပြီးအချိန်ဖြုန်းလိုခြင်းမရှိသောကြောင့် တိုက်ရိုက်ပင်မေးလိုက်သည်။

“ ဒီသခင်လေးမေးတာကိုဖြေ. ဒါကမြောက်ပိုင်းဒေသကြီးရဲ့ ဘယ်နေရာလဲ’

“ဒီနေရာလား”

ဟော့ကျွင့်ရှင်းကပြောလိုက်သည်။

“ဒီနေရာကို မြောက်ပိုင်းမုန့် မြက်ခင်းပြင်လို့ခေါ်ခဲ့ပေမဲ့. အခုတော့ ကျတ်တီးကုန်းမြေလို့ပဲခေါ်တော့တယ်”

“မြောက်ပိုင်း မုန့်မြက်ခင်းပြင်.ကျတ်တီးကုန်းမြေ”

ဤနမည်များအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့် တုန်လှုပ်အံ့အားသင့်သွားရသည်။

မြောက်ပိုင်းမုန့်မြက်ခင်းပြင်။ လွန်ခဲ့သော နှစ်များစွာကသူဤနေရာသို့ရောက်ဖူးသည်ကို မှတ်မိသည်ဖြစ်သည်။

ထိုအချိန်က ၎င်းမှာ စိမ်းလမ်းစိုပြည်သော မြက်ခင်းပြင်ကြီးဖြစ်ခဲ့သည်။ တစ်ချက်ကြည့်ရုံဖြင့်ကို ၎င်းက အသက်ဝင်လွန်းသည်ဖြစ်၏။ သို့သော်ယခုအခါတွင် ဤနေရာ မြက်တစ်ပင်ကိုမှမြင်တွေ့ရခြင်းမရှိပေ။ ဤနေရာတွင်ဘာတွေများဖြစ်ပျက်ခဲ့ပါသနည်း။

“မြောက်ပိုင်းမုန့်မြက်ခင်းပြင်မှာ

ဘာတွေဖြစ်ပျက်ခဲ့တာလဲ. ဘယ်လိုဖြစ်ပြီးတော့ ဒီလိုမျိုးဖြစ်လာရတာလဲ”

ရှစ်ဖုန့်က ဟော့ကျွင့်ရင်းအား ထပ်မံမေးလိုက်သည်။

“ဘာဖြစ်ခဲ့တယ်ဆိုတာကို ဘယ်သူမှမသိကြဘူး.”

ဟော့ကျွင့်ရှင်းက ပြောသည်။

“လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်တုံးက ဒီနေရာမှာ မြေငလျှင်ကြီးလှုပ်ခတ်ခဲ့တယ်ဆိုတဲ့ကောလဟာလတစ်ခုတော့ရှိတယ်….ဒီနေရာမှာ

နေထိုင်ခဲ့ကြတဲ့လူတွေပြီးတော့ ဒီနေရာနဲ့နီးကပ်တဲ့သူတွေ အားလုံးပျောက်ကွယ်သွားတယ်.. နောက်ဆုံးမြေငလျှင်တည်ညိမ်သွားတဲ့အခါ ဒီလိုကြီးပဲကျန်ရစ်ခဲ့တယ်”

“ဒီနေရာမှာ မြေငလျှင်ကြီးတစ်ခုလှုပ်ခဲ့တယ်”

ဟော့ကျွင့်ရှင်း၏စကားတို့အားကြားလိုက်

ရသောအခါတွင် ရှစ်ဖုန့်မျက်မှောင်ကြုတ်လိုက်သည်။ အထွတ်အထိပ်ကျွမ်းကျင်သူတစ်ဦးကဤနေရာတွင်တိုက်ခိုက်ခဲ့ပြီး ဤနေရာအား ကုန်းသေတစ်ခုအဖြစ်ပြောင်းလဲ

စေခဲ့သည်လော။

ထို့နောက်ရှစ်ဖုန့် ဤနေရာသို့ရောက်လာခဲ့တုံးကအချိန်ကို အမှတ်ရသွားသည်။ ထိုအချိန်က မိတ်ဆွေဟောင်းတစ်ဦးနှင့်သူ

တွေ့ဆုံခဲ့သည်ဖြစ်၏။

All Chapters