← Chapters

အခန်း (၆၆၈)

Vol. 45 Ch. 668

အခန်း (၆၆၈)

Vol. 45 Ch. 668

ဤသည်ကား ယခင်က မြောက်ပိုင်းမုန့် မြက်ခင်းပြင်ဆိုသည်အားသိရှိပီးသည့်

နောက်တွင် ယခင်ဘဝက သူနှင့်တွေ့ဆုံခဲ့သော မိတ်ဆွေဟောင်း

တစ်ဦးကို ရှစ်ဖုန့်အမှတ်ရလိုက်သည်။

နောက်ဆက်တွဲအနေဖြင့် ရှစ်ဖုန့်က ဟော့ကျွင့်ရှင်းအား မေးလိုက်သည်။

“အဲ့ကြိုတင်မမြင်နိုင်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပွား

ပြီးတဲ့နောက်မှာ မြောက်ပိုင်းမုန့်မြို့ ရှိသေးလားဆိုတာကိုမင်းသိလား”

“ခင်ဗျားက မြောက်ပိုင်းမုန့်မြို့ကိုသွားမလို့လား”

ရှစ်ဖုန့်၏ စကားများအားကြားလိုက်ရသောအခါတွင် အရင်ဆုံးဟော့ကျွင့်ရှင်းတစ်ယောက်

အံ့အားသင့်သွားသည်။ထို့နောက်သူက ပြော၏။

“မြောက်ပိုင်းမုန့်မြို့က ရှိသေးတယ်. ကျုပ်က မြောက်ပိုင်းမုန့်မြို့ရဲ့ဟော့ကလန်က အဖွဲ့ဝင်တစ်ဦးပဲ”

“ဟော့ကျွင့်ရှင်း. “

ဤအချိန်တွင် အေးစက်သော ကြင်လင်သည့် အော်သံတစ်ခုက ကောင်းကင်နှင့်မြေပြင်ကြားထဲမှထွက်ပေါ်လာသည်။ ရုတ်ခြည်း နှစ်လိုဖွယ်ကောင်းပြီးလှပသောမျက်နှာလေးနှင့်ခရမ်းရောင်ဝတ်ရုံအားဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးက အနီးအနားကောင်ကင်ထဲတွင်ပေါ်လာသည်။

ဤအမျိုးသမီး၏မျက်နှာတွင် နှင်းလွာဖုံးထားသကဲ့သို့ဖြစ်နေပြီး သူမ၏အေးစက်မှုဒီဂရီက အစောပိုင်းက ခွေးရူး အိုယွင်နှင့်နှိုင်းယှဉ်၍ရသည်ဖြစ်သည်။

“လင်းလန်”

နှစ်လိုဖွယ်ကောင်းသောအော်သံအားကြားရပြီး ခရမ်းရောင်ပုံရိပ်အားမြင်တွေ့လိုက်ရသောအခါတွင် ဟော့ကျွင့်ရှင်း၏အမူအယာက ကြီးစွာပြောင်းလဲသွားသလို အံ့အားသင့်စွာနှင့်အလန့်တကြားလည်းဖြစ်သွားရသည်။

လင်းလန်ဟုခေါ်သော အမျိုးသမီးက ဟော့ကျွင့်ရှင်းအား အေးစက်စွာအော်ပြောလိုက်သည်။

“ဟော့ကျွင့်ရှင်း…ရှင်က တကယ်ကိုစက်ဆုတ်ဖို့ကောင်းတဲ့ လူလိမ်ပဲ..ရှင်.ရှင်.. ရှင်ကကျွန်မရဲ့လင်ကလန်နဲ့လက်ဆက်

ချင်တယ်.. ရယ်ဖို့ကောင်းလိုက်တာ..

တကယ်ရယ်ဖို့ကောင်းလိုက်တာ.. ရှင့်လိုယောက်ျားရောမိန်းမရောကိုကြိုက်တဲ့ ယုန်စုတ်ကိုမှ ကျွန်မတကယ်ကြီးချစ်မိခဲ့တယ်”

“မဟုတ်ဘူးလင်းလန်..ငါ..”

အမျိုးသမီးကသူ၏လက်ရှိအ

ခြေအနေအားမြင်သွားသောအခါတွင် ဟော့ကျွင့်ရှင်းတစ်ယောက်ရှင်းပြလိုသော်လည်း ယာယီပြောစရာစကားပျောက်သွားခဲ့ပြီး ဘယ်လိုရှင်းပြရမည်မသိဖြစ်နေသည်။

“ဟော့ကျွင့်ရှင်း.ရှင်ကျွန်မကို ဒီလိုမျိုး ကစားခဲတ့ယ်. ရှင့်ရဲ့ဟော့ကလန် လုံးဝဖျက်ဆီးခံရပြီး မြောက်ပိုင်းမုန့်မြို့ကနေ အပြီးပျောက်ကွယ်သွားတာကို စောင့်နေလိုက်စမ်းပါ”

အမျိုးသမီးကအေးစက်စွာပြောနေဆဲဖြစ်သည်။ ထို့နောက် သူမ၏ပုံရိပ်ကရွေ့လျားသွားပြီး လှည့်လိုက်ကာ ကောင်းကင်အားထိုးခွင်း၍ မြောက်ပိုင်းသို့ဦးတည်လိုက်သည်။

“မဟုတ်ဘူး..လင်းလန်..”

အမျိုးသမီး၏ စကားများအားကြားရပြီး ခရမ်းရောင်ပုံရိပ်က အကွာအဝေးတစ်ခုအတွင်း တစ်ဟုန်ထိုးပျောက်ကွယ်သွားသည်ကို

တွေ့ရသောအခါတွင် ဟော့ကျွင့်ရှင်းက စိုးရိမ်တကြီးအော်လိုက်သည်။

မြောက်ပိုင်းမုန့်မြို့အတွင်းလီကလန်၏

အင်အားနှင့် လီကလန်မှ ကျင့်ကြံသူများ၏အဆင့်က သူ၏ဟော့ကလန်ထက် များစွာ သာလွန်သည်ဖြစ်သည်။ ၎င်းက သူ၏ဟော့ကလန်အနေဖြင့် စော်ကားခြင်းငှာတက်နိုင်ခြင်းမရှိသော တည်ရှိမှုတစ်ခုဖြစ်သည်။

ထိုအမျိုးသမီးလီလင်းလန်မှာ လီကလန်ခေါင်းဆောင် လီယွမ်၏ ချစ်လှစွာသောသမီးဖြစ်သူဖြစ်သည်။ ဤအကယ်၍ ဤကိစ္စသာ လီကလန်သို့ သတင်းပျံ့သွားလျှင် သူတို့ ဟော့ကလန်တစ်ခုလုံး ပျက်ကိန်းဆိုက်ရလိမ့်မည်ဖြစ်သည်။

“မဟုတ်ဘူး. ငါတို့တွေ သူ့ကို လီကလန်ကိုအသက်ရှင်လျှက်ပြန်သွား

စေလို့မဖြစ်ဘူး. မဟုတ်ရင် . အားလုံးပြီးဆုံးသွားလိမ့်မယ်”

ဤအရာအားတွေးမိပြီး ဟော့ကလန် ၏သေခြင်းရှင်ခြင်းအားတွေးမိလိုက်

သောအခါတွင် ဟော့ကျွင့်ရှင်းနှလုံးသားထဲ၌လျှင်မြန်စွာတင်းကျပ်လာသည်။ သူ၏ဘယ်လက်က သူတင်းကျပ်စွာဖက်ထားသော အိုယွင်အားဖြည်းညှင်းစွာလွှတ်ပေးလိုက်ပြီး သူ၏ညာလက်က သူ၏လှံကိုနောက်တစ်ကြိမ်ဆုပ်ကိုင်

လိုက်သည်။

ထို့နောက်မကြာခင် ဟော့ကျွင့်ရှင်းက လေကိုထိုးခွင်းပြီးခရမ်းရောင်ပုံရိပ်

နောက်သို့လိုက်ဖမ်းသ်ည။ သူကလိုက်ဖမ်းနေရင်း အော်ပြောလိုက်သည်။

“ လင်းလန်…ကိုယ့်ကိုစောင့်ပါအုံး.. ကိုယ်ပြောတာနားထောင်ပါအုံး ဒါက မင်းထင်သလိုမဟုတ်ပါဘူး”

ဟော့ကျွင့်ရှင်းက စိုးရိမ်ပူပန်စွာဖြင့်လေကိုထိုးခွင်း၍နောက်မှကောက်ကောက်ပါအောင်လိုက်လိုက်သည်။ ဤအချိန်တွင် အဖြူရောင်ပုံရိပ်က သူ့အား ဖြတ်ခနဲကျော်သွားပြီး သူ၏ရှေ့သို့ပျံသန်းလိုက်သည်။

ရှစ်ဖုန့်ကလှည့်လိုက်ပြီး ဟော့ကျွင့်ရှင်းအားကြည့်၍ ဂရုမစိုက်စွာပြောလိုက်သည်။

“လွှတ်ပေးလိုက် ယုတ်စုတ်ကောင်”

“မင်း”

ရှစ်ဖုန့်၏ စော်ကားပြောဆိုမှုအား ထပ်မံကြားရသောအခါတွင် ဟောကျွင့်ရှင်းက လှံပေါ်ရှိ သူ၏ညာလက်ကိုတင်းနေအောင်ဆုပ်ပြီး ရှစ်ဖုန့်ကိုအော်ပြောလိုက်သည်။

“ငါအရင်ကတည်းကပြောခဲ့ပြီးသား . မင်းငါတို့ကိုနားမလည်ပါဘူး. ကျေးဇူးပြုပြီးမစော်ကားပါနဲ့”

ထို့နောက် ဟော့ကျွင့်ရှင်း က ထိုပျံသန်းနေသော ပုဂ္ဂိုလ်၏

အမြန်နှုန်းအား သူ မယှဉ်နိုင်သည်ကို သဘောပေါက်လိုက်သည်။ သူကရုတ်ခြည်း သူ၏ ရည်ရွယ်ချက်တို့ဖြင့် သူ့ရှေ့ရှိ ရှစ်ဖုန့်အား အော်ပြောလိုက်၏။

“ခင်ဗျား. ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါအုံး”

ဤအချိန်တွင် ဟော့ကျွင့်ရှင်းက ရှစ်ဖုန့်အား “မင်း”အစား “ခင်ဗျား”ဟုသုံးနှုန်းလိုက်သည်။

“ဟမ်”

ဤသောက်ယုန်စုတ်က သူ့အား ထပ်မံပြောသည်ကိုကြားရသောအခါတွင် ရှစ်ဖုန့်၏ပုံရိပ်က တန့်သွားသည်။ သူကလှည့်လိုက်ပြီး ထိုသောက်ယုန်စုတ်အားကြည့်၍ မေးလိုက်သည်။

“ဘာကိစ္စလဲ”

“ခင်..ခင်ဗျား ကျုပ်ကိုကူပြီးတော့ သူ့ကို ဖမ်းပေးနိုင်မလား.. ကျုပ်တို့ဟော့မိသားစုက ဒီအကူအညီကိုဘယ်တော့မှမမေ့ပါဘူး. “

ဟော့ကျွင့်ရှင်းက ရှစ်ဖုန့်အား အသနားခံသော မျက်နှာထားဖြင့်ကြည့်လိုက်သည်။

ဟော့ကျွင်ရှင်း၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်က ယခင်ကသူတို့ပြောသောစကားများ

ကိုအမှတ်ရလိုက်သည်။ သူ၏မျက်နှာထားက အေးစက်မှုအဖြစ်ပြောင်းသွားပြီး ဟော့ကျွင့်ရှင်းအားအထင်သေးစွာ

ဖြင့်ကြည့်လိုက်သည်။

“မင်း..သူ့ကိုသတ်ချင်တာလား”

ရှစ်ဖုန့်၏အေးစက်သောအကြည့်အောက်တွင် ဟော့ကျွင့်ရှင်းတစ်ယောက် ရုတ်ခြည်းသူ၏တစ်ကိုယ်လုံးအရိုးထဲအထိအေးစိမ့်တက်သွားသလိုခံစားလိုက်ရသည်။ ရှစ်ဖုန့်က ဟော့ကျွင့်ရှင်းအားဆက်လက်အေး

စက်စွာစိုက်ကြည့်နေသည်။ အတွေးတစ်ချက်ဖြင် အဖြူရောင်တစ္ဆေလက်ဝါးတစ်ခုက ရုတ်ခြည်းဟော့ကျွင့်ရှင်း၏ ဘယ်ဘက်မျက်နှာဘက်ခြမ်းတွင် ပေါ်လာသည်။ ထို့နောက် ၎င်းက ဟော့ကျွင့်ရှင်း၏ ဘယ်ဘက်ပါးပြင်အားဖြန်းခနဲ

ရိုက်ချလိုက်သည်။

“ဖြန်း”

“အား”

ကြွပ်ဆပ်သောအသံနှင့်အတူ နာကျင်မှုဖြင့်ဟစ်အော်သောအသံက ကမ္ဘာပေါ်၌ထွက်ပေါ်လာသ်ည။ အဖြူရောင်လက်ဖဝါးဖြင့် ဟော့ကျွင့်ရှင်းမှာ မြေပြင်ထိရောက်အောင်ပါး

ရိုက်ခံလိုက်ရသည်။

“ဘန်း”

သူ၏ကိုယ်က ကျတ်တီးမြေပြင်နှင့်ပြင်း

ထန်စွာထိမှန်သွားသည်။

ဟော့ကျွင့်ရှင်းမှာ မြေပြင်ထက်၌ ခွေးသေတစ်ကောင်ကဲ့သို့ ခြေကားယားလက်ကားယားဖြစ်နေသည်။ ထို့နောက်တွင် သူက ခေါင်းကိုမော့လိုက်ပြီး သူ၏ ဘယ်ဘက်မျက်နှာခြမးအား သူ၏လက်ဖြင့် ဖုံးကာထားသည်။ ထိုနေရာ၌အနီရောင်လက်ဝါး

ရာကြီးရှိနေသည်ဖြစ်သည်။

ဤအချိန်တွင် ဟော့ကျွင့်ရှင်းမှာ သူအားပါးရိုက်ခဲ့သောအဖြူရောင်ပုံရိပ်က အဝေးသို့ရောက်ရှိသွားပြီဖြစ်သည်ကို တွေ့လိုက်ရသည်။သူလိုက်ဖမ်း

နေသောခရမ်းရောင်ပုံရိပ်ကလည်း

ပျောက်ကွယ်သွားပြီဖြစ်သည်။

“မဟုတ်ဘူး ငါလင်းလန်ကို မြောက်ပိုင်းမုန့်မြို့ဆီကို ပြန်ရောက်ခွင့်ပြုလို့မဖြစ်ဘူး ….အဲ့လူ..သူက ငါနဲ့အိုယွင်ကိုစော်ကားရုံတင်မကဘူး ..ငါ့ကိုလည်းရိုက်ခဲ့တယ်. သူကရက်စက်တဲ့သူပဲ..ဒါကြောင့်မ

တရားခံရတဲ့အခါကြမှ ငါ့ကိုလာပြီးအပြစ်မတင်နဲ့”

ဟော့ကျွင့်ရှင်းက စိတ်ထဲမှ ခက်ထန်စွာတွေးလိုက်သ်ည။ သူ၏မျက်နှာနှင့်ခန္ဓာကိုယ်ထက်မှနာကျင်မှုတို့အားလျစ်လျူရှုလိုက်ပြီး လေးကိုထိုးခွင်းလိုက်၏။

မြောက်ပိုင်းမုန့်မြက်ခင်းပြင်က ဖျက်ဆီးခံရကာ ကျတ်တီးစွန့်ပစ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သော်လည်း ရှစ်ဖုန့်က အတိတ်ဘဝမှသူ၏မှတ်ဉာဏ်များအပေါ်၌အားထားကာ မြောက်ဘက်သို့ ပျံသန်းလာသည်။ ဖြည်းဖြည်းချင်း ရှေးကျသောမြို့တစ်ခုက ရှစ်ဖုန့်၏မြင်ကွင်းအတွင်းဝင်ရောက်လာ၏။

“မြောက်ပိုင်းမုန့်မြို့”

ရှေးကျသောမြို့အားကြည့်ရင်း ၎င်းက သူ၏အတိတ်ကမှတ်ဉာဏ်များထဲမှ မြောက်ပိုင်းမုန့်မြို့နှင့်များစွာခြား

နားသွားခြင်းမရှိသည်ကို တွေ့ရသည်။နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် မြောက်ပို်ငးမုန့်မြက်ခင်းပြင်က ဖျက်ဆီးခံလိုက်ရသော်လည်း မြောက်ပိုင်းမုန့်မြို့ကတော့ ယခင်အတိတ်တုံးကမြောက်ပိုင်းမုန့်မြို့အတိုင်းတည်ရှိဆဲဖြစ်သည်။

ထိုနှစ်က သူကောင်းကင်နှင့်မြေပြင်အား

အမိန့်ပေးနိုင်သောဧကရာဇ်ကျိုးယိုဖြစ်မလာခင် သူဤနေရာသို့လေ့ကျင်ရန်လာရောက်ခဲ့သည်။ ဤမြောက်ပိုင်းမုန့်မြို့၌ မမေ့နိုင်စရာအထင်ကြီးမှုတစ်ခု

ကိုသူ့အပေါ်၌ချန်ရစ်ထားခဲ့သည့်ထိုလူနှင့်သူတွေ့ဆုံခဲ့ရသည်။ ထိုလူက ဤမြောက်ပိုင်မုန့်မြို့၌ရှိနေသေးသည်လားဆိုသည်ကိုသူမသိသလို ထိုလူကောင်းမွန်စွာနေထိုင်နေ

သည်လားဆိုသည်ကိုလည်းသူမသိချေ။

ရှစ်ဖုန့်မြောက်ပိုင်းမုန့်မြို့တော်သို့ လာရသည့်ရည်ရွယ်ချက်က သူ၏ သူငယ်ချင်းဟောင်းကြီးဆီအ

လည်လာခြင်းဖြစ်သည်။ မလိုလားအပ်သောပြဿနားများ

အားသူမဖြစ်ချင်သောကြောင့် သူ၏အော်ရာအားရုတ်သိမ်းလိုက်ပြီး မြို့ဂိတ်သို့ဆင်းသက်လိုက်သည်။

မြောက်ပိုင်းမုန့်မြို့၏ဂိတ်၌ လူအနည်းငယ်ရှိနေသည်။ ဝင်ထွက်သွားလာနေသာလူနှစ်

ယောက်သုံးယောက်ခန့်နှင့် အစိမ်းရောင်ချပ်ဝတ်အားဝတ်ဆင်ထားသောအစောင့်အချို့ရှိနေ၏။မြောက်ပိုင်း

မုန့်မြက်ခင်းပြင်ကြောင့် လက်ရှိမြောက်ပိုင်းမုန့်မြို့မစည်ကားတော့ခြင်းလဲဖြစ်ကောင်းဖြစ်နိုင်သည်။

မြို့အစောင့်များအား ဝင်ကြေးအဖြစ် ကမ္ဘာဦးကျောက်တုံးဆယ်တုံး

ပေးပြီးသည့်နောက် ရှစ်ဖုန့်က မြောက်ပိုင်းမုန့်မြို့ထံသို့လျှောက်လှမ်းသွား

လိုက်သည်။

မြောက်ပိုင်းမုန့်မြို့သို့ဝင်ရောက်လာပြီးနောက်လူအချို့ရှိနေသည်ကို သာရှစ်ဖုန့် တွေ့ရသည်။ သူအတိတ်က မြောက်ပိုင်းမုန့်မြို့ဆီသို့လာစဉ်တုံးက ၎င်းက လူများဖြင့်စည်ကားလှသည်ဖြစ်သည်။၎င်းကပွက်လောရိုက်သံများဖြင့် လူထောင်ပေါင်းများစွာ ပြည့်ကျပ်စည်ကားခဲ့သည်ဖြစ်သည်။

သို့သော်ယခုအခါတွင် လမ်းမများပေါ်၌ လူများရှိသော်လည်း ယခင်ကနှင့်တော့နှိုင်းယှဉ်၍ မရတော့ပေ။ အတိတ်တုံးကစည်ကားခဲ့သောမြို့က မရှိတောပြီဖြစ်သည်။

သို့သော် သူ၏ရှေ့၌ရှိနေသောအဆောက်အဦးများက သူ၏မှတ်ဉာဏ်များထဲမှ မြောက်ပိုင်းမုန့်မြို့နှင့်တူညီနေဆဲဖြစ်သည်။

သူ၏ မှတ်ဉာဏ်များထဲမှ လမ်းအတိုင်းလိုက်ပါပြီး ဤရှည်လျားသည့် ရှေးကျသော လမ်းအားရှစ်ဖုန့်လျှောက်လှမ်း

ဖြတ်ကျော်ကာ ဘယ်သို့ချိုး၍ အခြားချုံးချုံးကျနေသော လမ်းကြားတစ်ခုဆီသို့ ဦးတည်လိုက်သည်။ ထို့နောက် မြင့်မားသော အိမ်တော်တစ်ခုက ရှစ်ဖုန့်၏မြင်ကွင်းအတွင်း၌ပေါ်လာသည်။

All Chapters