အခန်း (၆၆၉)
Vol. 45 Ch. 669
ရှစ်ဖုန့်က ချုံးချုံးကျနေသော လမ်းနှစ်ခုကိုကျော်ဖြတ်ခဲ့သည်။ သူ၏ရှေ့ရှိ အိမ်တော်၏ ကြီးမားသော ဂိတ်အားတွေ့လိုက်ရသောအခါတွင် သူ၏ကိုယ်ကရုတ်တရက်တုန်ယင်သွားသည်။
အိမ်တော်၏ဂိတ်က ပျက်စီးနေသည်။ သူ၏မှတ်ဉာဏ်ထဲကသစ်လွင်သော ဟင်္သာပဒါး ဂိတ်ဝက ၎င်း၏ အရောင်တို့လွင့်ပြယ်နေပြီး ပင့်ကူအိမ်များဖုံးလွှမ်းနေသည်။
ဂိတ်၏အထက် ခပ်မြင့်မြင့်၌ ချိတ်ဆွဲထားသော ကမ္ဗည်းမှာလည်း မြေပြင်ပေါ်သို့ပြုတ်ကျနေပြီး နှစ်ပိုင်းကျိုးနေကာ ဖုန်များပေရေညစ်ထွေးနေသည်။
နှစ်ပေါင်းများစွာအကြာကတည်းက ဤအိမ်တော်ဖျက်ဆီးခံလိုက်ရသည်မှာ
သိသာသည်။
မြောက်ပိုင်းမုန့်မြို့အရင်အတိုင်း
မပြောင်းလဲသော်လည်း ဤနေရာကတော့ ယခင်ကအတိုင်းမတူညီတော့သည်ဖြစ်သည်။
“ယိုချန်”
ရှစ်ဖုန့်သူငယ်ချင်းဟောင်းဖြစ်သူ၏
နမည်အားတီးတိုးရေရွတ်လိုက်သည်။ အတိတ်ကမှတ်ဉာဏ်များစွာက
သူ၏စိတ်ထဲ၌ ပုံရိပ်ထင်ပေါ်လာသည်။
ထိုအချိန်က သူက ကမ္ဘာကြီးအားအထက်စီးမှကြည့်နိုင်သော ဧကရာဇ်ကျိုးယိုမဟုတ်သေးပေ။ သူက ဤနေရာသို့ အတွေ့အကြုံရရန်အတွကလာ
ရောက်ခဲ့သောကျင့်ကြံသူငယ်လေး
တစ်ဦးသာဖြစ်သည်။
“ငါကယိုချန်ပါ.. မင်းကိုရောင်ငါဘယ်လိုခေါ်ရမလဲ”
သူတို့စတွေ့ချိန်တွင် အဖြူရောင်နှင့်စာပေသမားပုံစံလူငယ်က မြောက်ပိုင်းမုန့်မြက်ခင်းပြင်ထဲ၌ ရပ်နေခဲ့သည်။ သူ၏ဆံပင်နှင့်အဝတ်တို့က လေနှင့်အတူတဖျပ်ဖျပ်လူးလွန့်နေပြီး သူ၏ပုံစံက ယောက်ျားပီသချောမောကာ တားဆီး၍မရနိုင်သောသူတစ်ဦး
ဟန်ပန်ရှိသည်ဖြစ်သည်။
“ယိုမင်.. ညီအကို. မင်းနဲ့ငါနဲ့က ညီအကိုတွေဖြစ်တာကြောင့်မလို့ ဒီတိုက်ပွဲမှာ အတူတူတက်ပြီးအတူတူဆုတ်ခွာကြတာပေါ့”
ထိုအချိန်က အင်အားကြီးရန်သူအားရင်ဆိုင်ရင်း စာပေသမားလူငယ်က သူ၏ ခါးမ ဓားကိုဆွဲထုတ်လိုက်သည်။
“ငါ့ရဲ့အသွေးနဲ့အသားကို နတ်ဘုရားဓားကိုဆက်သပါတယ်.. ငါ့ရဲ့ဝိညာဉ်အားနတ်ဘုရားဓားကိုဆက်သပါတယ်.. ယိုမိသားစုရဲ့တားမြစ် ပညာရပ် ကောင်းကင် လမ်းလွှဲ စိတ်ဝိညာဉ်ဓား”
သူ့အားကူညီ၍စွမ်းအားကြီးရန်သူအားသတ်နိုင်ရန်အတွက် ၎င်းက သူ၏ ယိုမိသားစုတားမြစ်ပညာရပ်ဖြစ်သော ကောင်းကင်လမ်းလွှဲ စိတ်ဝိညာဉ်ဓား နည်းစနစ်အား အသုံးပြုရန် တုန့်ဆိုင်းနေခဲ့ခြင်းမရှိခဲ့ပေ။စွမ်းအားကြီးတိုက်ချက်တစ်ခုအား ထုတ်ဖော်နိုင်ရန်အတွက် သူ၏အသွေးအသားနှင့် ဝိညာည်ကိုပါထိခိုက်ခံခဲ့လေသည်။
ကောင်းကင်လမ်းလွှဲ စိတ်ဝိညာဉ်ဓားနှင့်အတူ ရန်သူထိခိုက်ဒဏ်ရာရသွားခဲ့သော်လည်း သူသည်လည်းနောက်ဆုံး
ထွက်သက်ကိုရှူရကာနီးဖြစ်သွားခဲ့သည်။
“ယိုချန်”
အရင်အတိုင်းရှိနေဆဲဖြစ်သော်လည်း
လူများပြောင်းလဲသွားသည့် အိမ်တော်ကိုကြည့်နေမိသည်။ ယိုမိသားစု အိမ်ရှေ့ရှိဂိတ်တွင် လူများစည်ကားနေကြဖြစ်သည်။ သို့သော် ယခုအခါ၌ ၎င်းက တိတ်ဆိတ်ခြောက်ကပ် နေ၏။ ညှိုးနွမ်းသောအဝါရောင်သစ်ရွက်များက လေနှင့်အတူလွင့်မျောနေပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှမြင်
တွေ့ရခြင်းမရှိပေ။
ရှစ်ဖုန့်ကသူ၏ကိုယ်အားလှုပ်ရှားလိုက်ပြီး ဒေါင်လိုက်အတိုင်းအပေါ်သို့ထိုးတက်လိုက်သည်။ ထို့နောက် သူ၏ လွင့်မျောကျဆင်းလာကာ မျက်စိတ်တစ်မှိတ်အတွင်း ယိုမိသားစု အိမ်တော်အတွင်းဆင်းသက်လိုက်သည်။
မျက်စိနှင့်မြင်တွေ့ရသမျှအရာအားလုံးက အပျက်စီးများဖြစ်သည်။ ၎င်းကလုံးဝကိုရှုပ်ပွနေ၏။ ပင့်ကူအိမ်များ၊ပေါင်းပင်များ၊ ညှိုးနွမ်းနေသောသစ်ပင်များ၊ဖုန်များဖြင့်ပြည့်နှက်နေသည်။
ပတ်ဝန်းကျင်အားကြည့်၍ ရှစ်ဖုန့် မျက်မှောင်ကြုတ်လိုက်သည်။ သူ့၌ ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခုရနေသည်။
ထို့နောက်ရှစ်ဖုန့်ထပ်မံရွေ့လျားလိုက်သည်။ သူယိုအိမ်တော်ထဲမှ ပျံသန်းထွက်လာပြီးသူလာခဲ့ရာ လမ်းဆီသို့ပြန်လည်ရောက်ရှိလာသည်။ ထို့နာက်တွင် လမ်းပေါ်မှထွက်ခွာကာ သူလာရာလမ်းအတိုင်းပြန်သွားလိုက်သည်။
သူ့ရှေ့၌လူတစ်စုအားတွေ့လိုက်ရသောအခါတွင် သူကလူငယ်တစ်ယောက်အားတားလိုက်ပြီး မေးလိုက်သည်။
“တဆိတ်လောက်. ယိုမိသားစုမှာဘာတွေဖြစ်ပျက်ခဲ့လဲ
ဆိုတာကိုများသိလား”
“ယိုကလန်”
မူလကမျက်နှာထက်၌ ဘာအမူအယာမှရှိမနေသော လူငယ်မှာ “ယိုမိသားစု” ဟူသောစကားကိုကြားသည်နှင့် သူ၏မျက်နှာကရုတ်တရက်ပြောင်းလဲသွားသည်။ ထို့နောက် ရှစ်ဖုန့်အားလျစ်လျူရှုကာ လက်ကိုဝေ့ယမ်းပြပြီး သူ၏အရှိန်ကိုမြှင့်၍ လူအုပ်အတွင်းရောဝင်သွားသည်။
ဤလူက ယိုမိသားစု ဟုကြားလိုက်ရချိန်တွင် သူ၏ပုံစံ က တစ္ဆေတစ်ကောင်အားမြင်လိုက်ရ
သကဲ့သို့ဖြစ်နေသည်။ ဤအရာနှင့်ပက်သက်၍ တစ်ခုခု မသင်္ကာစရာကောင်းနေသည်ဟု ရှစ်ဖုန့်ခံစားရသည်။
ထို့နောက်ရှစ်ဖုန့်လူများစွာအားတစ်ဆက်တည်းမေးခဲ့သည်။ သို့သော် ဤလူများမှာလည်း လူငယ်ကဲ့သို့သူမေးလိုက်သည့်အခါတွင် ယခင်ကကဲ့သို့ပင်တုန့်ပြန်ကြသည်ဖြစ်သည်။ ယိုမိသားစုဟုကြားလိုက်ရချိန်တွင် တစ္ဆေတစ်ကောင်အားမြင်ရသကဲ့သို့ထွက်ပြေးသွားကြသည်။
နောက်ဆံးလူအဝေးသို့ထွက်ပြေးသွားသည်အားကြည့်ရင်း ရှစ်ဖုန့် မျက်မှောင်ကိုလေးနက်စွာကြုတ်လိုက်သည်။ သူကတီးတိုးရေရွတ်လိုက်၏။
“ယိုမိသားစုမှာဘာတွေဖြစ်ခဲ့တာလဲ.. ငါ့ရဲ့ညီအကို ယိုချန် သူအခုဘာဖြစ်နေပြီလဲ”
“လူငယ်လေး. မင်း ယိုမိသားစုအကြောင်းကိုမေးနေတာလား”
ဤအခိုက်အတန့်တွင် အိုမင်းသောအသံတစ်ခုက ရှစ်ဖုန့်၏နောက်မှထွက်ပေါ်လာသည်။
ဤအသံနှင့်ဤစကားလုံးများအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့် လျှင်မြန်စွာသူ၏ခေါင်းကိုလှည့်လိုက်သည်။ သူ့ရှေ့ရှိလမ်းကြားတစ်ခု၏အဝင်တွင် ပိန်သွယ်သောမျက်နှာနှင့် အဘိုးအိုတစ်ဦးရှိနေသည်။ သူကအရမ်းပိန်ပြီး အရိုးပေါ်အရေတင်သာရှိသည်။ သူ၏မျက်နှာထက်၌ အရေးအကြောင်းအတွန့်များ
ဖြင့်ပြည့်နှက်နေသည်။
ဤအဘိုးအိုအားကြည့်နေရင်း ရင်းနီးသော ခံစားချက်တစ်ခုက ရှစ်ဖုန့် စိတ်ထဲ၌ဖြစ်ပေါ်လာသည်။ ထို့နောက် ဤအဘိုးအို၏မျက်နှာနှင့် သက်လက်ပိုင်းအရွယ်လူ
တစ်ယောက်၏မျက်နှာကို ရှစ်ဖုန့် တိုက်ကြည့်လိုက်သည်။သူက မပီမသ ရေရွတ်လိုက်၏။
“ဦးလေးချင်”
ဤအဘိုးအိုက ယိုမိသားစု၏ ဘဏ္ဍာစိုးဖြစ်သည်ကို ရှစ်ဖုန့်မှတ်မိသည်ဖြစ်သည်။ ယိုချန်က သူ့အားဦးလေးချင်ဟုခေါ်ခဲ့သည်။ ရှစ်ဖုန့် သူ့အား ယိုမိသားစု၌ရှိနေခဲ့စဉ်က မြင်ခဲ့ ဖူးခြင်းဖြစ်သည်။ ထိုအချိန်က သူ၏ အရွယ်ကောင်းအချိန်တွင် သာရှိသေးသည်ဖြစ်သည်။
ဤအဘိုးအိုအားတွေ့ရသောအခါတွင် ရှစ်ဖုန့်က လမ်းကြားအဝင်သို့ လျှင်မြန်စွာလျှောက်သွားလိုက်ပြီး သူ၏ရှေ့၌ရပ်တန့်လိုက်သည်။
“ဟမ်”
ဤလူကသူ၏နမည်ဟောင်းအားခေါ်သည်ကို တွေ့ရသောအခါတွင် အဘိုး အို ကြက်သေသေသွားသည်။ သူကသူ့ရှေ့ရှိလူငယ်အား ဂရုတစိုက်ကြည့်၍ ပြောလိုက်သည်။
“မင်.. မင်းငါ့ကိုသိတယ်လား”
သူ၏မှတ်ဉာဏ်များထဲတွင် သူ့အား ဤနမည်ခေါ်သောအသက်ဆယ့်
ငါးဆယ့်ခြောက်အရွယ်လူငယ်တစ်ယောက်ကိုတစ်ခါမှမတွေ့ဘူးချေ။ သူ့အားဤနမည်ကိုမည်သူကမှမခေါ်ခဲ့သည်မှာ ဆယ်နှစ်ကျော်ပင်ရှိခဲ့ပြီဖြစ်သည်။
“မင်း.မင်းကဘယ်သူလဲ”
ဦးလေးချင်ကမေးလိုက်သည်။
ဦးလေးချင်၏စကားများအားကြားရသောအခါတွင် ရှစ်ဖုန့်က သူက ဤလူမှတ်မိသောလူတစ်ဦးမဟုတ်တော့သည်ကို ရှစ်ဖုန့်သတိရလိုက်သည်။ ထို့နောက်သူကပြောလိုက်သည်။
“ကျွန်တော်ငယ်ငယ်တုံးက မြောက်ပိုင်းမုန့်မြို့ကို မိဘတွေနဲ့အတူတူလာခဲ့တယ်. ကျွန်တော် ယိုမိသားစုကိုအလည်လာခဲ့တုံးက ဦးလေးကို မြင်ဘူးတာပါ.အဲ့အချိန်က ကျွန်တော်အရမ်းငယ်သေးတယ်. ဦးလေးကျွန်တော့်ကိုမမှတ်မိတာ မထူးဆန်းပါဘူ..ဒါပေမဲ့ ကျွန်တော်ကတော့ဦးလေးကိုမှတ်မိပါတယ်”
“ငါသိပြီ”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် ဦးလေးချင်က ခေါင်းညိမ့်ပြီး ပြန်ဖြေသည်။
ထို့နောက်ရှစ်ဖုန့်ကသူ့အား
ထပ်မံမေးလိုက်သည်။
“ဦးလေးချင် . ယိုမိသားစုမှ ဘယ်လိုကြိုမမြင်နိုင်တဲ့ဖြစ်ရပ်
တွေဖြစ်ခဲ့တာလဲ”
ရှစ်ဖုန့်၏စကားများအားကြားရသောအခါတွင် ဦးလေးချင်၏မျက်နှာကြီးစွာပြောင်းလဲသွးသည်။ဝမ်းနည်းပူဆွေးမှုတို့က သူ၏မျက်နှာထက်၌ပေါ်လာသကဲ့သို့ သူကပြောလိုက်သည်။
“ယိုမိသားစု …ယိုမိသားစု.. ယိုမိသားစုဝင်တွေအားလုံးသေသွားပြီ. သူတို့အားလုံးသေသွားကြပြီ”
“ဘာ..အားလုံးသေသွားတယ်”
ဦးလေးချင်၏စကားများအားကြားရသောအခါတွင် ရှစ်ဖုန့်ကြီးစွာတုန်လှုပ်သွားသည်။သူ၏မူလကတည်ငြိမ်နေသောမျက်နှာတွင် ခက်ထန်မှုတစ်ခုဖြစ်ပေါ်လာပြီး ချက်ချင်းပဲထပ်မံမေးလိုက်သည်။
“ဘယ်သူလဲ.ဘယ်သူဒါကိုလုပ်ခဲ့တာလဲ”
ရှစ်ဖုန့်၏အသံကအေးစက်လာသည်။ သူ၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်များဖြင့်ပြည့်နှက်နေ၏။
လူငယ်အားကြည့်ရင်း ဦးလေးချင်၏ စိတ်ကကြီးစွာပြောင်းလဲသွားရသည်။လူငယ်၏မျက်လုံးတို့ကသူ့အားထိုးနှက်နေသော ထက်ရှသည့်ဓားနှစ်လက်ကဲ့သို့ပင်ဖြစ်သည်။ မမြင်နိုင်သောသတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်ဖိအားအောက်တွင် ဦးလေးချင်၏မျက်နှာထက်၌ ကြောက်လန့်မှုတို့နှင့်ပြည့်နှက်နေသည်။သူ၏ ခြေထောက်တို့က ထိန်းချုပ်၍မရဘဲ ရွေ့လျားသွားပြီး လမ်းကြားအတွင်းသို့ဆုတ်လိုက်သ်ည။
ဦးလေးချင်အားကြည့်၍ သူ၏ အခြေအနေကို ရှစ်ဖုန့်ချက်ချင်းသဘောပေါက်လိုက်သည်။ သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့အား
ရုတ်သိမ်းလိုက်ပြီး သူ၏မျက်နှာက ထပ်မံတည်ငြိမ်လာသည်။ သူကဦးလေးချင်အားတောင်းပန်၍ ပြောလိုက်သည်။
“ကျွန်တော်တောင်းပန်ပါတယ်..
ခုဏကကျွန်တော်စိတ်တည်ငြိမ်
မှုပျောက်သွားခဲ့တယ်”
“ရပါတယ်”
တည်ငြိမ်သွားသောဦးလေးချင်က ရှစ်ဖုန့်အားခေါင်းကိုဖြည်းညှင်းစွာခါယမ်းပြ၍ပြောလိုက်သည်။
“ယိုမိသားစုမှာဘာတွေဖြစ်ပျက်ခဲ့တာလဲ”
ရှစ်ဖုန့်က ထပ်မံမေးလိုက်သည်။
ယိုမိသားစု မှသူနှင့်သေခြင်းရှင်ခြင်းကိုအတူတူဖြတ်ကျော်ခဲ့သောသူ၏ ညီကိုဖြစ်သူယိုချန်၏ မိသားစု ဘာဖြစ်သွားသည်ကိုသူသိရမှဖြစ်မည်ဖြစ်သည်။
ယိုမိသားစုနှင့်သူ၏ညီအကိုယိုချန်အားမည်သူသတ်ခဲ့သည်ဖြစ်စေ ၎င်းတို့ဘယ်နေရာရောက်ရောက်
သူအလွတ်ပေးလိမ့်မည်မဟုတ််ပေ။
“အဲ့တာကသခင်လေး ပဲ. သခင်လေးက အဲ့ညကပြန်လာပြီး ယိုမိသားစုဝင်အားလုံးကိုသတ်သွားတာ. “
ဦးလေးချင်ကပြောလိုက်သည်။ သူ၏မျက်နှာထားမှတဆင့် စကားပြောရင်း အတိတ်မှတ်ဉာဏ်များ၌နစ်မြောနေသည်ကို ပြောနိုင်သည်ဖြစ်သည်။ ယခုချိန်ထိတိုင် ထိုညကဖြစ်ပျက်ခဲ့သောအဖြစ်အပျက်အားအမှတ်ရသကဲ့သို့ သူ၏နှလုံးသားထဲ၌အကြောက်
တရားတို့ကလည်းစွဲကျန်နေဆဲဖြစ်သည်။
ထိုနေ့ညကဖြစ်ပျက်ခဲ့မှုများကသူ့အတွက် အိမ်မက်ဆိုးတစ်ခုကဲ့သို့ဖြစ်သည်။ နှစ်ပေါင်းများစွာကြာမြင့်ပြီးသည့်တိုင် သူ ၎င်းအားမမေ့နိုင်သေးချေ။
“သခင်လေး. သခင်လေးဟုတ်လား. ယိုချန်လး”
ဦးလေးချင်၏စကားများအားကြားရသောအခါတွင် ရှစ်ဖုန်ပို၍ တုန်လှုပ်အံ့အားသင့်သွားရသည်။ယိုချန်မှာယိုမိသားစုခေါင်းဆောင်၏ တစ်ဦးတည်းသောသားဖြစ်သည်။ သူကယိုမိသားစု၏တစ်ယောက်တည်းသော သခင်လေးလည်းဖြစ်သည်။
ယခုဦးလေးချင်က ယိုမိသားစုတစ်ခုလုံးအားယိုချန်
ကတကယ်သတ်ဖြတ်ခဲ့သည်ဟုပြောနေ၏။