အခန်း (၆၇၀)
Vol. 45 Ch. 670
“ယိုမိသားစုကိုသတ်ခဲ့တဲ့ သူက ယိုချန်တဲ့လား”
ရှစ်ဖုန့်က ဤစကားအားပြောချိန်တွင်
သူ့ကိုယ်သူပင်မယုံနိုင်ဖြစ်နေသည်။
သူက ယိုကလန်၏သခင်လေးဖြစ်သည်။ ဘယ်လိုဖြစ်ပြီး သူက ယိုကလန်တစ်ခုလုံးအားသတ်နိုင်ပါမည်နည်း။
“အဲ့တာသခင်လေးပဲ… အမှန်ပဲ. .အဲ့တာကသခင်လေးလုပ်ခဲ့တာ”
ဦးလေးချင်မှာ ထိုညကဖြစ်ရပ်များအား ပြန်အမှတ်ရလိုက်သည်။ ဖြည်းဖြည်းချင်းသူ၏ စိတ်ခံစားချက်တို့က တစ်နည်းတစ်ဖုံလှုပ်ရှားလာသည်။
“ငါရှင်းရှင်းလင်းလင်းမြင်လိုက်တယ်. အဲ့ညက .. သခင်လေးပြန်လာခဲ့တယ်.. သခင်လေးလက်စားချေဖို့ပြန်လာခဲ့တယ်.. သူတို့အားလုံးသေကုန်တယ်. အားလုံးသေကုန်ကြတယ်.. သူတို့အားလုံးကိုသခင်လေးသတ်ပစ်ခဲ့တာ. ငါလည်းသေတော့မလို့ပဲ. ဒါပေမဲ့ သခင်လေးက ငါ့ကိုချမ်းသာပေးခဲ့တယ်.. သခင်လေးကငါ့ကို ချမ်းသာပေးခဲ့တယ်.. သခင်လေး ငါ့ကိုချမ်းသာပေးခဲ့တယ်”
ဦးလေးချင်တစ်ယောက် စိတ်ခံစားချက်တို့လွန်စွာပြင်းနေသည်။ စကားပြောနေရင်းသူ၏စကားတို့က ကမောက်ကမဖြစ်လာ၏။
“သခင်လေးကပြန်လာတယ်တဲ့လား. သခင်လေး က လက်စားချေဖို့ပြန်လာတာလား”
ဦးလေးချင်၏စကားများအားကြားရသောအခါတွင် ရှစ်ဖုန့်ပို၍ မျက်မှောင်ကြုတ်သွားသည်။ ဤအရာအားကြားလိုက်ပြီးနောက် သူတစ်စုံတစ်ခုအားနားလည်သွားသည်။ ထို့နောက်တွင် ရှစ်ဖုန့်က သူ၏လက်ချောင်းကိုတောက်လိုက်ပြီး အဖြူရောင်ဆီးလ်တစ်ခုက အဘိုးအို၏ နဖူးအတွင်းရွှတ်ခနဲဝင်သွား၏။
အဖြူရောင်ဆီးလ်က သူ၏နဖူးအတွင်းဝင်သွားသကဲ့သို့ ဦးလေးချင်မှာဖြည်းဖြည်းချင်း
တည်ငြိမ်လာသည်။
ဦးလေးချင်အားကြည့်ရင်း ရှစ်ဖုန့်ကထပ်မံမေးလိုက်သည်။
“အဲ့နှစ်က ယိုကလန်မှာဘာဖြစ်ခဲ့လဲ. ယိုချန်ရောဘာဖြစ်ခဲ့တာလဲ”
ဦးလေးချင်တည်ငြိမ်သွားပြီး ရှစ်ဖုန့်ကိုထပ်မံကြည့်လိုက်သည်။ သူကဖြည်းညှင်းစွာပြောလိုက်၏။
“လွန်ခဲ့တဲ့ဆယ့်သုံးနှစ်တုံးက ယိုကလန်ရဲ့ ဒုတိယအရှင်သခင်က သူတော်စင်နယ်ပယ်ကိုချိုးဖျက်ခဲ့ပြီးတော့ မြောက်ပိုင်းမုန့်မြို့မှာ အသန်မာဆုံး ကျွမ်းကျင်သူတစ်ဦးဖြစ်လာခဲ့တယ်”
“ဒါကြောင့်ဒုတိယအရှင်သခင်က ပထမသခင်၊သခင်မနဲ့ သခင်လေးယိုချန်တို့ကိုသတ်ပြီးတော့ ယိုကလန်ခေါင်းဆောင်နေရာကို သိမ်းပိုက်ခဲ့တယ်..အထူးသဖြင့် ဒုတိယသခင်ကို စော်ကားခဲ့တဲ သခင်လေးယိုချန်ပဲ သူမသေခင်မှာ သခင်လေးယိုချန်ကို ဒေါသထွက်နေတဲ့ ဒုတိယသခင်က သခင်လေးကိုအရေခွံစုတ်၊ အရွတ်တွေကိုဆွဲထုတ် အရိုးတွေကိုဖယ်ရှားပြီး နောက်ဆုံးမှသတ်ပစ်ဖို့သူ့လူတွေကို အမိန့်ပေးခဲ့တယ်”
ဦးလေးချင်၏ စကားများအားကြားရသောအခါတွင် ရှစ်ဖုန့်က သူ၏လက်သီးအားတင်းနေအောင် ဆုပ်လိုက်ပြီး သူ၏ကိုယ်က စတင်တုန်ယင်လာသည်။
သူ၏ညီအကိုကောင်းတစ်ဦးဖြစ်သူ ယိုချန် ။ဘယ်လိုဖြစ်ပြီးသူက ဤကဲ့သို့ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသောသေခြင်းမျို့ဖြင့် သေခဲ့ရပါသနည်း။
ဦးလေးချင်ကဆက်ပြောသည်။
“သခင်လေးကနာကြည်းချက်တစ်ခုနဲ့သေသွားရတာကြောင့်လည်းဖြစ်နိုင်တယ်.. ခုနှစ်ရက်နေပြီးတဲ့နောက်မှာ သခင်လေးရဲ့ဝိညာဉ်က ယိုမိသားစုဆီကိုပြန်လာခဲ့တယ်.. ငါအဲ့တာကိုငါ့မျက်လုံးတွေနဲ့ကိုယ်တိုင်
တွေ့ခဲ့တာ. သခင်လေးက ဒုတိယသခင်အပါအဝင် ယိုမိသားစု ကအားလုံးကိုသတ်ပစ်ခဲ့တယ်”
“အခု ဆယ့်သုံးနှစ်ကျော်လွန်သွားခဲ့ပေမဲ့. အဲ့ညကနေစပြီး ယိုအိမ်တော်နားကိုကပ်လာတဲ့လူတိုင်း ညဘက်ရောက်ရင် အထဲက နေပူဆွေးမှုနဲ့ အော်ဟစ်တဲ့အသံကိုကြားရတယ်. အဲ့အသံက တစ်စုံတစ်ယောက်နာကျင်မှုကြောင့်အော်တဲ့အသံလိုမျိုးပဲ. အဲ့အသံက သခင်လေးယိုချန် အော်ဟစ်ငိုတဲ့အသံလိုမျိုးပဲ. အဲ့အချိန်က ငါ့ရဲ့သခင်လေးဟာ တကယ်ပဲ ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းစွာနဲ့
သေသွားခဲ့ရတာ”
“အဲ့ကစပြီးတော့ ဘယ်သူက မြောက်ပိုင်းမုန့်မြိုထဲက ယိုအိမ်တော်နားကိုမကပ်ရဲကြတော့ဘူး. အရင်တုံးက အယူမှားဆိုပြီးတော့ မယံကြတဲ့သူတွေရှိတယ်.. သူတို့တွေက နံရံပေါ်ကနေတက်ပြီးတော့ ယိုမိသားစုအိမ်တော်ထဲကို ညဘက်ဝင်ခဲ့ကြတယ်. နောက်နေ့လည်းရောက်ရော .. အဲ့လူက ယိုမိသားစု အိမ်တော်ဝင်ပေါက်မှာသေနေတာကို တွေ့ခဲ့ကြရတယ်.. သူရဲ့မျက်လုံးတွေကပြူးကျယ်နေပြီးတော့ သူရဲ့မျက်နှာမှာလည်း ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေတယ်..သူ့ရဲ့ပုံစံကိုကြည့်လိုက်ရင် ကြောက်ကြောက်လန့်လန့်နဲ့ သေသွားရတဲ့ပုံပဲ”
“အဲ့နောက်မှာ ဘယ်သူက မှ မြောက်ပိုင်းမုန့်မြို့ထဲက ယိုအိမ်တော်နားကိုကပ်ဖို့မပြောတော့သလို ဘယ်သူကမှလည်း ယို အိမ်တော် နမည်ကိုမပြောရဲတော့ဘူး. သူတိုအပေါ်ကို ဘေးအန္တရာယ်တွေခေါ်ဆောင်လာမှာကို သူတို့ကြောက်ကြတယ်”
သူယိုမိသားစုအကြောင်းမေးမြန်းချိန်တွင် လမ်းသွားလမ်းလာများက တစ္ဆေတစ်ကောင်အားမြင်တွေ့ရသကဲ့သို့ ဘာကြောင့်ထွက်ပြေးကြသည်ကိုဆိုသည်ကို နောက်ဆုံး၌ရှစ်ဖုန့်နားလည်သွားသည်။
“ယိုချန်ရဲ့တစ္ဆေက ယိုအိမ်တော်ထဲမှာ မခွဲခွာနိုင်ရှိနေသေးတာကိုး”
ဦးလေးချင်၏ ဇတ်ကြောင်းအား ကြားပြီးနောက်တွင် ရှစ်ဖုန့်က တီးတိးရေရွတ်လိုက်သည်။
“ကျွန်တော် ယိုအိမ်တော် ဆီကိုတစ်ချက်သွားကြည့်အုံးမယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။ရုတ်ခြည်း သူ၏ ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး လမ်းကြားမှာ ပျောက်ကွယ်သွားသလို ဦးလေးချင်၏ မြင်ကွင်းမှလည်းပျောက်ကွယ်သွားသည်။
“ဒါ..ဒါက..”
အခုတင်သူ၏မျက်လုံးရှေ့၌ ရှင်းလင်းစွာမြင်တွေ့နေရသောလူငယ်က ရုတ်တရက်သူ၏မြင်ကွင်းမှပျောက်ကွယ်သွား
သောအခါတွင် ဦးလေးချင်တစ်ယောက် မျက်လုံးတို့ပြူးကျယ်လာပြီး သူ၏ အိုမင်းသောမျက်နှာထက် ၌ တုန်လှုပ်မှုတို့ဖြင့်ပြည့်နှက်နေသည်။
“ဝှစ်ရှ်”
ရုတ်တရက် လေပြင်းတစ်ချက်က သူ၏နောက်မှ ဝှေ့တိုက်သွားသည်။ ဦးလေးချင် ကျောရိုးထဲစိမ့်တက်နေအောင်
အေးတက်သွား၏။ သူက ဖြည်းညှင်းစွာစကားတစ်ခွန်း
ကိုပြောလိုက်သည်။
“သရဲ…”
ဤစကားအားပြောပြီးနောက် ဦးလေးချင်၏ ကိုယ်တစ်ခုလုံး တုန်ယင်လာသည်။ ပျက်စီးနေသော လမ်းကြားထဲမှထွက်လာခဲ့ပြီးနောက် ရှစ်ဖုန့်၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး ယိုအိမ်တော်ရှိရာသို့ပြန်လိုက်သည်။ သူ၏ ပုံရိပ်က ဖုန်ထူကာ ၊ပင့်ကူအိမ်များ၊ပေါင်းပင်များနှင့်ညှိုးနွမ်းသောသစ်ပင်များပြည့်နှက်နေသည့် ခြံဝန်းအတွင်းဆင်းသက်လိုက်သည်။
ရှစ်ဖုန့်က ဘေးပတ်လည်အားကြည့်လိုက်ပြီး သူ၏ နာမ်ဝိညာဉ်စွမ်းအား အားအသုံးပြု၍ ပတ်ဝန်းကျင်အားအာရုံခံလိုက်သည်။သို့သော် ခဏကြာပြီးနောက် ရှစ်ဖုန့်က သူ၏ ခေါင်းအားခါယမ်းလိုက်သည်။ ယင်ဝိညာဉ်တစ်ခု၏အော်ရာအား သူအာရုံခံမိခြင်းမရှိပေ။
“ယိုချန်.. ငါ့ရဲ့ညီအကို . မင်းဒီမှာရှိနေလား”
ရှစ်ဖုန့်က အော်ပြောလိုက်သည်။ ရှစ်ဖန့်က အသံက ယိုမိသားစု ၏ အိမ်တော်အတွင်း၌ လွတ်လပ်စွာပဲ့တင်ထပ်သွားသည်။ သို့သော် ခဏကြာမြင့်ပြီးသည်အထိ မည်သည့်တုန့်ပြန်မှုကိုမှ ရှစ်ဖုန့်ရရှိခြင်းမရှိချေ။
ထို့နောက် ရှစ်ဖုန့်က ယိုအိမ်တော်၏ ပင်မခန်းမဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
ရှစ်ဖုန့် ပင်မခန်းမအတွင်း လျှောက်လှမ်းလာသောအခါတွင် ရုတ်တရက် သူ၏ရှေ့မှလာနေသော ယင်ဝိညာဉ်တစ်ခု၏ စွမ်းအင်အတက်အကျလှိုင်းအား ရှစ်ဖုန့် အာရုံခံမိလိုက်သည်။ သို့သော် စွမ်းအင်အတက်အကျ က မကြာခင်၌ ပျောက်ကွယ်သွာသည်။
သို့သော် ရှစ်ဖုန့်၏နာမ်ဝိညာဉ်စွမ်းအားက အစောပိုင်းကစွမ်းအင်အတက်အကျအား ဖိမိလိုက်ဆဲဖြစ်၏။ သူ၏ခေါင်းအား အနည်းငယ်မော့လိုက်ပြီး ရှေသို့စိုက်ကြည့်လိုက်သည်။ ပင်မခန်မ၏နံရံထက်တွင် အဖြူရောင်ကျောက်စိမ်းဓားရှည်တစ်လက်အား ချိတ်ဆွဲထားသည်ကို သူတွေ့ရသည်။ အစောပိုင်းက ယင်ဝိညာဉ်စွမ်းအင်အတက်အကျလှိုင်းက ဤအဖြူရောင်ကျောက်စိမ်းဓား
ရှည်ထံမှလာခြင်းဖြစ်သည်။
“ယိုမိသားစုရဲ့ စိတ်ဝိညာဉ်ဓား”
ရှစ်ဖုန့်မှာ ဤဓားအား ယိုချန်ယခင်က မိတ်ဆက်ပေးဖူးသည်ကို ကြားဖူးသည်ဖြစ်သည်။ ဤဓားအားတိမ်တိုက်စိတ်ဝိညာဉ်ဓားဟုခေါ်၏။၎င်းက ယိုမိသားစု၏ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာခဲ့သော အမွေပစ္စည်းတစ်ခုဖြစ်သည်။
ထိုအချိန်က ယိုမင်မှာ ကျင့်ကြံသူငယ်လေးတစ်ဦးသာဖြစ်ပြီး ဤဓားနှင့်ပက်သက်သည့်ဘာထူးဆန်းမှုကိုမှ မခံစားမိခဲ့ချေ။ ယခုရှစ်ဖုန့်၏ နာမ်ဝိညာဉ်စွမ်းအားက ကြယ်နှစ်ပွင့် မဟာသူတော်စင်နယ်ပယ်ဖြစ်သည်။
ယိုမိသားစု ၏ဘိုးစဉ်ဘောင်ဆက်အမွေပစ္စည်းဖြစ်သော ဓားထံမှ အေးစက်မှုန်မှိုင်းသော စွမ်းအားတစ်ခုကို သူခံစားမိ၏။
ဤအချိန်တွင် ဤဓားနှင့်ရှစ်ဖုန့်အရမ်းနီးကပ်လာသည်။ မှုန်မှိုင်းသောစွမ်းအင်အပြင် ဤဓားအတွင်း၌ နေထိုင်သည့် သေးသွယ်ပါးလျသော ယင်ဝိညာဉ်တစ်ခုကိုလည်းရှစ်ဖုန့်ခံစားမိသည်။ ယင်းက ဤတိမ်တိုက်စိတ်ဝိညာဉ်ဓားကြောင့်ဖြစ်
ကောင်းဖြစ်နိုင်သော်လည်း အစောပိုင်းက ခြံဝန်းအတွင်း၌ ယင်ဝိညာဉ်အားရှစ်ဖုန့်အာရုံခံမိခဲ့ခြင်းမရှိပေ။
“ယိုချန်…ငါ့ညီအကို ….မင်းလား”
ရှစ်ဖုန့်က တိမ်တိုက်စိတ်ဝိညာဉ်ဓားအား စိုက်ကြည့်၍ ခေါ်လိုက်သည်။
ရှစ်ဖုန့် ဤသို့ပြောလိုက်သောအခါတွင် တိမ်တိုက်စိတ်ဝိညာဉ်ဓားက ရုတ်တရက်စတင်တုန်ခါလာသည်ကိုတွေ့
ရသည်။
“အား…ဘယ်သူလဲ ….ဘယ်သူလဲ.ဘယ်သူလဲ’
ရုတ်တရက် ပင်မခန်းမဆောင်အတွင်း စူးစူးဝါးဝါးအော်သံတစ်ခုထွက်ပေါ်လာသည်။
တိမ်တိုက်စိတ်ဝိညာဉ်ဓားထံမှထွက်ပေါ်လာ
သောရန်လိုမှု လှိုင်းတစ်ခုကိုလည်းရှစ်ဖုန့် ခံစားမိသည်။
“အား.အား..အား..အား.အား.အား.. ဘယ်သူငါ့ကိုခေါ်နေတာလဲ.. ဘယ်သူလဲ..သေစမ်း. မင်းတို့အားလုံးသေဖို့ထိုက်တန်တယ်. ငါဆိုးဆိုးရွားရွားသေခဲ့ရတယ်.. အရမ်းကိုဆိုးဆိုးရွားရွား.. အရမ်းကိုဆိုးဆိုးရွားရွားနဲ့ငါသေခဲ့ရတယ်”
ထို့နောက် ဝမ်းနည်းကြေကွဲဖွယ်အော်သံတစ်ခုက ထွက်ပေါ်လာသ်ည။ မှုန်မှိုင်းသောအော်ရာနှင့်လေးပြင်းတို့က ပင်မခန်းမအား ဖြတ်သန်းတိုက်ခတ်လာ၏။
အသံအားကြားရပြီး ပတ်ဝန်းကျင်၏ ပြောင်းလဲမှုအားအာရုံခံမိပြီးနောက် လွန်စွာအားကောင်းသော မကျေမချမ်းမှုတစ်ခုကို ရှစ်ဖုန့်အာရုံခံနိုင်သည်ဖြစ်သည်။
ယင်ဝိညာဉ်တစ်ခုက ဤကဲ့သို့အားကောင်းသောမကျေချမ်းမှုအား ထုတ်လွှတ်နိုင်ခြင်းက လွန်စွာဆိုးရွားသောသေခြင်းမျိုးဖြင့်
သေခဲ့ခြင်းကြောင့်သာဖြစ်ရမည်ဖြစ်သည်။
“ယိုချန်.. ငါ့..ငါ့ရဲ့ညီအကို. ငါမင်းကို ဒုက္ခတွေခံစားရအောင်လုပ်မိပြီ.. “
ပတ်ဝန်းကျင်အားအာရုံခံမိသကဲ့သို့ ရှစ်ဖုန့် ဝမ်းနည်းကြေကွဲစွာပြောလိုက်သည်။
ထို့နောက် အဖြူရောင်အရိပ်တစ်ခုက တိမ်တိုက်စိတ်ဝိညာဉ်ဓား၏ရှေ့၌ ပေါ်လာသည်ကိုရှစ်ဖုန့်တွေ့ရသည်။ အရိပ်၏ ဖြူဖျော့သောမျက်နှာ ကလွန်စွာခက်ထန်ကြမ်းကြုတ်နေကာ ရှုံ့မဲ့နေသည်။
ကြင်နာတတ်ပြီး ဖြူစင်ကာနှလုံသားနူးညံ့သည့် စာပေသမား ယိုချန်က ဤကဲ့သို့ဖြစ်ရ၏။
“သေစမ်း.. မင်းတို့အားလုံး မြုပ်စရာနေရာမရှိတဲ့အထိသေဖို့
ထိုက်တန်တယ်..”
ယိုချန်ကအော်ဟစ်လိုက်ပြီး သူ၏ကိုယ်မှာ မကျေမချမ်းမှုတို့ကမြင့်တက်လာသည်။ ရေခဲတိုက်တစ်ခုအတွင်းကျရောက်သွားကဲ့သို့ လေထုကကျစ်ခဲလာကာ ခန်းမတစ်ခုလုံးရှိအပူချိန်ကရုတ်ခြည်း
ကျဆင်းလာသည်။