← Chapters

အခန်း (၆၇၁)

Vol. 45 Ch. 671

အခန်း (၆၇၁)

Vol. 45 Ch. 671

မှုန်မှိုင်းအေးစက်နေသော နေရာအတွင်း၌ရပ်နေရင်း ရှစ်ဖုန့်က ယခင်ဘဝကသူ၏ညီအကိုဖြစ်သူ

တစ္ဆေထံသို့ စိုက်ကြည့်နေမိသည်။ ၎င်းအားဤအခြေအနေနှင့်တွေ့ရသောအခါတွင် ရှစ်ဖုန့်၏နှလုံးသားထဲ၌ နာကျင်မှုတို့ဖြင့်ပြည့်နှက်နေသည်။

ယိုချန်မှာ ကြမ်းကြုတ်ခက်ထန်သော

တစ္ဆေတစ်ကောင်ဖြစ်လာခဲ့ပြီး သူ၏ ပြင်းထန်လွန်းသော မကျေမချမ်းမှုများကြောင့်သူ၏

အသိကိုပင်ဆုံးရှုံးနေ၏။ ယခုသူ၏နှလုံးသားထဲ၌ ရက်စက်ကြမ်းကြုတ်မှုနှင့်သတ်ဖြတ်ချင်

မှုတို့သာရှိနေသည်။

ထို့နောက်တွင် အဖြူရောင်အရိပ်၏

လက်တို့က လက်သည်းများအဖြစ်ပြောင်းလဲသွားပြီးသူ့ထံသိုခုန်အုပ်လာသည်ကို ရှစ်ဖုန့်တွေ့ရသည်။ အရိပ်ကသူ့အား အပိုင်းပိုင်းဆုတ်ဖြဲတော့မည့်ပုံပင်ဖြစ်သည်။

အဖြူရောင်အရိပ်ရှစ်ဖုန့်အားသို့ချဉ်း

ကပ်လာသောအခါတွင် ရှစ်ဖုန့်၏မျက်နှာက ပုံမှန်ဂရုမထားသောမျက်နှာအသွင်အပြင်ပြန်ဖြစ်လာသည်။ ထို့နောက် သူ၏ပါးစပ်အားဖြည်းညှင်းစွာဖွင့်

ဟပြီးပြောလိုက်သည်။

“မင်းရဲ့မကျေမချမ်းမှုတွေက အရမ်းကိုပြင်းထန်ပြီး မင်းက ကြမ်းကြုတ်ခက်ထန်တဲ့ တစ္ဆေတစ်ကောင်ဖြစ်လာနေပြီ.. ငါ့ကိုမင်းရဲ့မကျေမချမ်းမှုတွေကို

သန့်စင်ခွင့်ပေးပြီး မင်းရဲ့ပင်ကိုယ်အသိပြန်ရလာ

အောင်လုပ်ခွင့်ပြုပါ”

ရှစ်ဖုန့်က စကားပြောနေသကဲ့သို့ သူ၏နာမ်ဝိညာဉ်စွမ်းအားအားအသက်သွင်းလိုက်သည်။ ထို့နောက် သူက မကျယ်သောအသံဖြင့် အော်ပြောလိုက်၏။

“ဆီးလ်ခတ်စမ်း”

ရုတ်ခြည်းထူးဆန်းသေ တွန့်လိမ်နေသည့် လူသားတစ်ယောက်အရွယ်ရှိသော အဖြူရောင် “ဆီးလ် “စာလုံးတစ်ခုက ရှစ်ဖု့န်ထံသို့ အစွယ်များကိုပြကာ လက်သည်းတို့ကိုဝင့်လျှက်ချဉ်းကပ်လာသည့် အဖြူရောင်ပုံရိပ်၏အပေါ်၌ ပေါ်လာသည်။

“အား”

ယိုချန်တစ္ဆေမှာ ရုတ်တရက်ကောင်းကင်ထဲသို့မော့လိုက်ပြီး ခက်ထန်သောသားရဲတစ်ကောင်

ကဲ့သို့ဟစ်အော်လိုက်သည်။ ထို့နောက်တွင် အရိပ်က ရှစ်ဖုန့်၏အထက်လေထဲ၌ ရပ်သွားပြီး ခံစားချက်မဲ့သွားသကဲ့သို့နေနေသည်။

ထို့နောက် ရှစ်ဖုန့်က သူ၏လက်တို့ဖြင့် ဆီးလ်တစ်ခုအားပြုလုပ်လိုက်သည်။ အဖြူရောင် ဖားလောင်းအသွင် အဆောင်စာလုံးများက ရှစ်ဖုန့်၏ ဆီးလ်ထံမှ လွင့်မျောထွက်လာပြီး ယိုချန်တစ္ဆေထံသို ဦးတည်ပျံသန်းသွားသည်။

ယိုချန်တစ္ဆေမှာ သိပ်သည်း

လှသောအဖြူရောင် အဆောင်စာလုံးများကြားထဲ၌ နစ်မြုပ်သွားသည်။ ထို့နောက်တွင် အဆောင်စာလုံးများက စတင်လှည့်ပတ်လာသည်။

“အား..အား..အား.အား.”

ယိုချန်၏ဒေါသတကြီး အော်ဟစ်သံများက ရုန်းမျာကြားထဲမှနေ၍ ကြားနိုင်ဆဲဖြစ်သည်။ သို့သော် ဟစ်အော်သံမျးမှာ ဖြည်းဖြည်းချင်းငြိမ်ကျလာသည်။ ခမ်းမအတွင်း၌ ပြည့်နှက်နေခဲ့သောမကျေမချမ်းမှုများပင် စတင် မှေးမှိန်ပျောက်ကွယ်လာပြီးအေးစက်နေသော အပူချိန်မှာလည်း စတင် ပြန်လည်မြင့်တက်လာသည်။

“ပျောက်ကွယ်စေ”

ခဏကြာပြီးနောက် ရှစ်ဖုန့်က သူ၏ဆီးလ်အားရုတ်သိမ်းလိုက်ပြီး မကျယ်သောအသံဖြင့် အော်ပြောလိုက်သည်။ ယိုချန်၏ဝန်းကျင်၌ လည်ပတ်နေသော အဖြူရောင် အဆောင်စာလုံးများက ရုတ်ခြည်းမှေးမှိန်ပျောက်ကွယ်သွားသည်။ ဖြည်းဖြည်းချင်း လေထဲ၌ အဖြူရောင်အရိပ်က ထပ်မံပေါ်လာသည်။

သို့သော် ဤအချိန်တွင် ယင်ဝိညာဉ်၏မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်ခက်ထန်ပြီး အာဃာတတရားတို့နှင့်အမူယာက ပျောက်ကွယ်သွားသည်။ သူ၏မျက်နှာကကွဲပြားသွား

သောသူတစ်ယောက်ကဲ့သို့ တည်ငြိမ်နေပြီး ငြိမ်သက်အေးချမ်းနေသည်။

ယိုချန်၏မျက်နှာထက်၌ သူ၏ဘေးပတ်လည်အားကြည့်ရင်း စိတ်ရှုပ်ထွေးမှုတို့ဖြစ်ပေါ်နေသည်။

ထို့နောက်တွင် ယိုချန်ကတီးတိုးရေရွတ်လိုက်သည်။

“ဒါ..ဒါက ယိုကလန်ပဲ..”

သူကစကားပြောရင်း သူ၏လက်များနှင့် သူ၏ထွင်းဖောက်မြင်နိုင်သောကိုယ်ကို ကြည့်လိုက်သည်။ သူကထပ်မံတီးတိုးရေရွတ်လိုက်သည်။

“ငါယိုချန် သေသွားခဲ့ပြီး.. ငါကသေသွားပြီပဲ”

ဤသို့ပြောနေရင်း ဝမ်းနည်းသောအမူအယာတစ်ခုက ယိုချန်၏တည်ငြိမ်နေသော မျက်နှာထက်တွင်တစ်ဖန်ပြန်

လည်ပေါ်လာသည်။

“သေခြင်းကကအခုမှ ခရီးလမ်းရဲ့အစဖြစ်နိုင်တယ် ငါ့ရဲညီအကို.. ယိုချန်”

ရှစ်ဖုန့်ကသူ၏ခေါင်းအားမော့၍ လေထဲ၌ရှိနေဆဲဖြစ်သော ယိုချန်အားကြည့်လိုက်သည်။

“သေဆုံးပြီးတဲ့နောက်မှာ ငါတို့တွေ အသစ်စတင်နိုင်လို့လား”

ယိုချန်က ဤစကားများကိုရေရွတ်လိုက်သည်။ ထို့နောက်သူက ဆက်ပြောသည်။

“ငါ့ရဲ့ညီအကို ယိုချန်”

ဖြည်းဖြည်းချင်း ယိုချန်က သူ၏ခေါင်းအားငုံ့လိုက်ပြီး ရှစ်ဖုန့်ကိုကြည့်လိုက်သည်။ ဗလာနတ္ထိအမူအယာဖြင့် သူကမေးလိုက်သည်။

“မင်းငါ့ကိုသိလား. မင်းကငါ့ရဲ့အမုန်းတရားကို ချေဖျက်ပေးတဲ့သူပဲ..မင်းကဘယ်သူလဲ”

ရှစ်ဖုန့်နှင့်ယိုချန်တို့က တစ်ယောက်ကိုယ်တစ်ယောက်ကြည့်နေသည်။ ထို့နောက်ရှစ်ဖုန့်က ထပ်မံပြောလိုက်သည်။

“ငါပါ. မင်းရဲ့သွေးသောက်ညီအကို ယိုမင်”

“ယိုမင်”

ဤစကားလုံးနှစ်လုံးအား ကြားလိုက််ရသောအခါတွင် သူ၏ထွင်းဖောက်မြင်နိုင်သောကိုယ်က ရုတ်ခြည်းတုန်ယင်သွားသည်။ သူ၏မျက်နှာထက်၌ မယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နှက်နေ၏။ သူက ပြောလိုက်သည်။

“ယိုမင်.. ငါ့ရဲ့ ဂုဏ်ယူရတဲ့ညီအကို. . ကမ္ဘာကြီးကိုနှိမ့်ချကြည့်ခဲ့တယ်. ငရဲဘုံကိုးခု ဧကရာဇ် ဧကရာဇ်ကျိုးယို.. ယိုမင်”

ရှစ်ဖုန့်က ခေါင်းညိမ့်ပြီး ယိုချန်ကိုပြောလိုက်သည်။

“ငါပါ.. မင်းနဲ့အတူ ဓားတောင်ရော မီးပင်လယ်ပါ အတူတူဖြတ်ခဲ့တဲ့ သူပါ. ငါတို့တွေအားကောင်းတဲ့ရန်သူတွေကို အတူတူသတ်ခဲ့ကြတဲ့. မင်းကို ယိုကလန်ရဲ့တားမြစ်ထားတဲ့ တိမ်တိုက်စိတ်ဝိညာဉ်ဓားကို

သုံးအောင်လုပ်ခဲ့မိခဲ့တဲ့ယိုမင်ပါ.. နှစ်ပေါင်းများစွာကြာခဲ့ပြီးတဲ့နောက် ငါမင်းကိုပြန်ပြီးတော့တွေ့ရပြီ”

“ယိုမင် ငါ့ရဲ့သွေးသောက်ညီအကို. ယိုမင်”

ရှစ်ဖုန့်က အတိတ်ကအကြောင်းများအား

ပြောသောအခါတွင် ယိုချန်၏ထွင်းဖောက်မြင်သောကိုယ်က ထပ်မံပြင်းထန်စွာတုန်ယင်လာသည်။ သူ၏မျက်နှာထက်၌ စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေ၏။

“မင်းပဲ..တကယ်ပဲမင်းပဲ.. ယိုမင်..မင်းမသေသေးဘူး.. ဟားဟားဟား. ငါ့ရဲ့သွေးသောက်ညီအကို.. ငါတို့ကလန်ရဲ့ အသန်မာဆုံးသူ ဧကရာဇ်ကျိုးယိုက မသေသေးဘူးကွ”

ထိုအချိန်က ယိုချန်လည်း ငရဲဘုံကိုးခု ဧကရာဇ် ဧကရာဇ်ကျိုးယို ယိုမင် ကျဆုံးသွားသည်ကိုကြားခဲ့သည်ဖြစ်သည်။ ယခု သူ၏သွေးသောက်ညီအကိုဖြစ်သူ က သူ၏ရှေ့၌ မတူညီသောမျက်နှာတစ်ခုနှင့်

ရပ်နေသည်ကိုသူတွေ့ရသည်။

သူ၏မျက်နှာကပြောင်းလဲသွားသော်လည်း ခံစားချက်ကတော့ မှားယွင်းခြင်းမရှိပေ။

“ဟုတ်တယ်.. သူပဲ. ယိုမင်..သူပြန်လာပြီ”

“မင်းကမသေသေးဘူး”

ယိုချန်ရုတ်တရက်ရပ်တန့်လိုက်သည်။ စိတ်ပျက်မှုနှင့် ကူကယ်ရာမဲ့မှုတို့က သူ၏မျက်နှာထက်တွင် ပေါ်လာသည်။ ထို့နောက်သူကဖြည်းညှင်းစွာပြောလိုက်သည်။

“ ဒါပေမဲ့ ငါကသေသွားခဲ့ပြီ”

ထို့နောက်တွင် ယိုချန်က သူ၏ ယင်ဝိညာဉ်ခန္ဓာကိုကြည့်လိုက်သည်။

“မင်းရဲ့ဝိညာဉ်က ဒီမှာရှိနေသေးတာပဲ. မင်းမသေသေးပါဘူး”

ရှစ်ဖုန့်၏မျက်နှာထက်၌ သေချာမှုတို့ဖြင့်ပြည့်နှက်နေသည်။ သူကပြောလိုက်သည်။

“ ငါ့ရဲ့လက်အောက်မှာ ယင် ဝိညာဉ်ခန္ဓာတွေနဲ့ တစ္ဆေစစ်သူကြီးရှစ်ယောက်ရှိတယ် .. အခုဆိုသူတို့က ကမ္ဘာကြီးကို အထက်ကနေကြည့်နေနိုင်ပြီ”

“တစ္ဆေစစ်သူကြီး ကိုးဦး”

ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ယိုချန်က စကားလေးလုံးကို ရေရွတ်လိုက်သည်။ ဧကရာဇ်ကျိုးယို

၏အောက် က တစ္ဆေစစ်သူကြီးရှစ်ဦးအားလက်ရှိထျန်းဟန်တိုက်ကြီးပေါ်၌ မသိသူမည်သူရှိပါသနည်း။

“တစ္ဆေစစ်သူကြီးကိုးဦး” ဟူသောစကားအားကြားလိုက်ရပြီး သူ၏ လက်ရှိ ယင်ဝိညာဉ်ခန္ဓာအကြောင်းအား တွေးမိသောအခါတွင် ယိုချန်၏မျက်နှာထက် ၌တောင့်တသော အမူယာတစ်ခုဖြစ်ပေါ်လာသည်။

ထိုရှစ်ဦးလုံး၌ ယင်ဝိညာဉ်ခန္ဓာများရှိကြသည်ဖြစ်သည်။

သူတို့အား လုံးက အထွတ်အထိတ်ဧကရာဇ်နယ်ပယ်

များဖြစ်ကြသည်။ သူတို့အားလုံးကသူ၏ ညီအကိုယိုမင်လက်အေက်မှ

စစ်သူကြီးများဖြစ်ကြသည်။

ရှစ်ဖုန့်က ယိုချန်အားထပ်မံပြောလိုက်သည်။

“ယိုချန်. ငါ့နဲ့အတူလိုက်ခဲ့ပါ.. ငါတို့ခရီးသစ်တစ်ခုကိုစတင်ကြမယ်.. ငါ့မှာ တစ္ဆေကျင့်ကြံခြင်းလျှို့ဝှက်ပညာ

ရပ်တစ်ခုရှိတယ်. အခုကစပြီး ငါတို့ညီအကိုတွေ ထျန်းဟန်တိုက်ကြီးကို အထက်စီးကနေအတူတူကြည့်ကြမယ်”

ရှစ်ဖုန့်၏ စကားမျးအားကြားပြီးနောက် ယိုချန်က ရုတ်တရက်ရယ်မောလိုက်သည်။ သူကရှစ်ဖုန့်အားပြောလိုက်သည်။

“ငါတို့ညီအကိုတွေထျန်းဟန်တိုက်ကြီးကို အထက်စီးကနေအတူတကွကြည့်ကြစို့.. ဟားဟား. ဟားဟားဟား ကောင်းလိုက်တာ ငါ့ရဲ့သွေးသောက်ညီအကို . ယိုမင် မင်းကငါ့ကိုမျှော်လင့်ချက်တစ်ဖန်

တွေ့စေခဲ့တယ်. ငါမင်းနဲ့အတူခရီးသစ်တစ်ခု

စတင်ဖို့ဆန္ဒရှိတယ်”

“အခုကစပြီးတော့ ငါယိုချန်ကိုမင်းရဲ့နောက်လိုက်ပြီး မင်းရဲ့အမိန့်အောက်မှာရှိတဲ့ ယင်ဝိညာဉ်တွေထဲကတစ်ခုဖြစ်ခွင့်ပေးပါ”

ယိုချန်၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်ကပြုံးလိုက်ပြီး သူ၏ခေါင်းကိုခါယမ်းလိုက်သည်။

“ငါ့ရဲ့ညီအကို. ဘယ်လိုလုပ်ပြီး မင်းကိုငါ့ရဲ့ ယင်ဝိညာဉ်စစ်သည် ဖြစ်ခွင့်ငါကပြုနိုင်မှာလဲ..သွားစို့ မင်းရဲ့စိတ်ကိုဖွင့်ထားလိုက်.. ငါမင်းအတွက်ကျင့်ကြံဖို့သင့်တော်တဲ့နေရာတစ်ခုကို စီခေါ်သွားပေးမယ်”

“အိုး”

ရှစ်ဖုန့်ကသူ့အတွက်ကျင့်ကြံဖို့

သင့်တော်သောနေရာတစ်ခုဆီသို့

ခေါ်သွားပေးမည်ဟုပြောသည်ကိုကြားရသောအခါတွင် ယိုချန်သိချင်စိတ်ဖြစ်သွားသည်။ သို့သော် သူ တုန့်ဆိုင်းခြင်းသို့မဟုတ် သံသယဖြစ်ခြင်းလုံးဝမရှိပေ။မကြာခင်တွင် သူ၏စိတ်အား ဖွင့်ထားလိုက်သည်။

ရှစ်ဖုန့်က သူ၏ဘယ်လက်အားဆန့်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သွေးနီရောင်အလင်းတစ်ခုက သူ၏ဘယ်လက်နှင့် ယိုချန်၏ယင်ဝိညာဉ်ခန္ဓာတို့၌

လင်းလာပြီးပျောက်ကွယ်သွားသည်။

ထို့နောက်အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်၏ဘယ်လက်မှာသေး

ငယ်သောသွေးနီရောင်ကျောက်ပြား

လေးကလွင့်မျောထွက်လာသည်။ ထို့နောက် ရှစ်ဖုန့်၏ကိုယ်ပေါ်၌သွေးနီရောင်အလင်းတစ်ခုလင်းလက်လာပြီးသူသည်လည်း

သွေးကျောက်ပြားကမ္ဘာအတွင်း

သို့ဝင်ရောက်သွားသည်။

အကန့်သတ်မဲ့မှောင်မိုက်နေသော

နေရာတွင်လက်သီးဆုပ်အရွယ် ရှိသောလရောင်ကျောက်တုံး

တစ်ခုကရုတ်တရက်ပေါ်လာသည်။ လရောင်ကျောက်တုံးက ဤနေရာအတွင်းမှ အမှောင်ထုအားအဝေးသို့ဖယ်ထုတ်လိုက်သည်။

လရောင်ကျောက်၏အောက်တွင် ပုံရိပ်နှစ်ခုပေါ်လာ၏။သူတို့က ရှစ်ဖုန့်နှင့်ယိုချန်ပင်ဖြစ်သည်။

ဤနေရာမှမှုန်မှိုင်းသောအော်ရာအား အာရုံခံမိသောအခါတွင် ယိုချန်ရုတ်တရက် အံ့အားသင့်စွာပြောလိုက်သည်။

“ဘယ်လိုတောင်သိပ်သည်း

တဲ့မှုန်မှိုင်းတဲ့အော်ရာလဲ. ဒါကငါ့ကိုယ်ကိုဖော်ပြလိုမရနိုင်လောက်အော်ကို သက်တော့်သက်သာဖြစ်တယ်လို့ခံစားရစေတယ်.. ငါ့သာဒီနေရာမှာရှိနေရင် ငါ့ကိုယ်ကပိုပြီးသန်မာလာနိုင်တယ်လို့ ငါခံစားရတယ်”

“ဟို.ဟို.ဟို.ဟို..ဟို”

ရုတ်ခြည်းသူ၏အောက်ဘက်၌ ပျံသန်းနေသော သိပ်သည်းများပြားလှသည့်ခန္ဓာကိုယ်များအား ယိုချန်မြင်တွေ့လိုက်ရသည်။

All Chapters