အခန်း (၆၇၂)
Vol. 45 Ch. 672
ရှစ်ဖုန့်နှင့် ယိုချန်တို့၏အောက်တွင် တီရှာအပါအဝင် ယင်အလောင်းကောင် နှစ်ထောင့်ခြောက်ရာရှိနေပြီး ပျံသန်းနေကြကာ ဟစ်နေသည်။
ဤနေရာလွတ်ထဲ၌ ယင်အလောင်းကောင်နှစ်ထောင့်
ခြောက်ရာနေထိုင်ခြင်းကြောင့် ၎င်းတို့က ယင်ချီများကိုအဆက်မပြတ်ထုတ်
လွှတ်နေကြသည်။ရှစ်ဖုန့်၏ထိန်းချုပ်မှုအောက်တွင် ဤနေရာငယ်လေးအတွင်း၌ ယင်ချီများ စုစည်းမိနေပြီဖြစ်သည်။
သို့သော် ရှစ်ဖုန့်ကဲ့သို့ ငရဲဘုံကိုးခုပညာရပ်အားကျင့်ကြံသူနှင့် ယိုချန်ကဲ့သို့ တစ္ဆေခန္ဓာကိုပိုင်ဆိုင်ထားသူတို့အတွက် ဤယင်ချီများ သိပ်သည်းနေသောနေရာငယ်လေးက ကျင့်ကြံခြင်းကိုပြုလုပ်ရန်မှန်ကန်
သောနေရာတစ်ခုဖြစ်သည်။
ဤနေရာ၌ ယင်ချီများပြည့်နှက်နေခြင်းကြောင့် သူတို့ဘာသက်တောင့်သက်သာမဖြစ်မှု
ကိုမှမခံစားရပေ။ထိုအစား သူတို့များစွာနှစ်ခြိုက်သည်ဖြစ်သည်။
“ဒါကဘယ်သတ္တဝါတွေလဲ. သူတို့ကလည်း လူသားနဲ့လည်းမတူတော့ဘူး”
ယိုချန်ကအောက်၌ပျံသန်းနေသော ယင်အလောင်းကောင်များကိုကြည့်ရင်း ရှစ်ဖုန့်ကိုမေးလိုက်သည်။
“သူတို့အားလုံးက ယင်အလောင်းကောင်တွေ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ယင်အလောင်းကောင်တွေလား”
ယိုချန်က ရှစ်ဖုန့်၏စကားကိုရေရွတ်လိုက်သည်။
ထို့နောက်သူက ခေါင်းဆတ်လိုက်ပြီးပြောလိုက်သည်။
“ငါယင်အလောင်းကောင်တွေကို
အရင်ကကြားဖူးတယ်.. သူတို့ကလူတစ်ယောက်သေဆုံးသွားပြီး
တဲ့နောက်မှ မွေးဖွားလာကြတဲ့သက်ရှိတွေပဲ. သူတို့တွေက ကမ္ဘာပေါ်မှာထူးဆန်းတဲ့မျိုးစိတ်
တွေလည်းဖြစ်တယ်. ဒါကငါ့ပထမဆုံးအကြိမ်သူတို့ကိုမြင်ဖူးတာပဲ”
“မင်းဒီမှာအခုကစပြီးအေးအေးချမ်းချမ်းနေနိုင်တယ်.. ဒီယင်အလောင်းကောင်တွေကနေထုတ်လွှတ်တဲ့ယင်ချီတွေကိုမင်းကျင့်ကြံဖို့အတွက်အသုံးပြုနိုင်တယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ကောင်းပြီ”
ယိုချန်က ခေါင်းညိမ့်လိုက်သည်။
ထို့နောက် ရှစ်ဖုန့်ကပြောသည်။
“အခုမင်းရဲ့ကိုယ်က ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်ဖြစ်တာကြောင့် လွန်ခဲတဲ့နှစ်များစွာက ငါဖန်တီးခဲ့တဲ့ငရဲဘုံကိုးခု ကျင့်ကြံနည်းပညာရပ်ထဲမှာ မင်းရဲ့ တစ္ဆေခန္ဓာအတွက်အရမ်းသင့်တော်တဲ့ နည်းစနစ်တစ်စုံရှိတယ်. အခု ငါမင်းဆီကိုလွှဲပေးမယ်”
ရှစ်ဖုန့်က ပြောရင်း သူ၏လက်တို့ဖြင့်ဆီးလ်တစ်ခုအားပုံဖော်ကာရွတ်ဆိုမှုကိုလုပ်လိုက်သည်။ ထို့နောက် ဖားလောင်းကဲ့သို့ အဖြူရောင်ရုန်းများက ရှစ်ဖုန့်၏ ပါးစပ်မှ ပျံသန်းထွက်လာပြီး ယိုချန်၏ မျက်ခုံးနှစ်ခုကြားထဲသို့လွင့်မျောသွားသည်။
လွင့်မျောထွက်လာသည့်များပြားလှသောအဖြူရောင်ရုန်းများက ယိုချန်၏ မျက်ခုံးနှစ်ခုကြားနေရာနှင့်ထိမိသောအခိုက်အတန့်တွင် ပျောက်ကွယ်သွားသည်။
ထို့နောက် ယိုချန်က သူ၏လက်တို့ဖြင့်ဆီးလ်များကို
စတင်ပုံဖော်လိုက်ပြီး ဤနေရာလွတ်၏ ဟင်းလင်းပြင်ထဲ၌ တင်ပျဉ်ခွေထိုင်ကာ ရှစ်ဖုန့်သူ့ဆီပို့လွှတ်သည့်ရုန်းအစီအရင်အား ချေဖျက်လိုက်၏။
ရှစ်ဖုန့်က သူ၏လက်သင်္ကေတဆီးလ်တို့ကိုရုတ်သိမ်းပြီး ရွတ်ဆိုမှုအားရပ်တန့်လိုက်သည့်တိုင် ယိုချန်ကတော့ ဟင်းလင်းပြင်ထဲ၌ တင်ပျဉ်ခွေထိုင်နေတဲဖြစ်ပြီး ရှစ်ဖုန့်သူ့ဆီလွှဲပေးသော ကျင့်ကြံခြင်းပညာရပ်အားနား
လည်သဘောပေါက်အောင်ပြုလုပ်နေသည်။
ရှစ်ဖုန့်က သူ့အားဘာဝင်စွတ်ဖတ်မှုမှလုပ်ခြင်းမပြုချေ။ သွေးနီရောင်အလင်းတစ်ခုက
သူ၏ကိုယ်ပေါ်၌ လင်းလာပြီး ဤနေရာလွတ်အတွင်းမှသူ
ပျောက်ကွယ်သွားသည်။ယင်မိသားစု ပင်မခန်းမအတွင်းတွင် နောက်ထပ် သွေးနီရောင်အလင်းတစ်ခုလင်းလက်လာပြီး ရှစ်ဖုန့်ပြန်ရောက်လာသည်။
ရှစ်ဖုန့်ရောက်ရှိလာခြင်းကြောင့် ရှစ်ဖုန့်၏ရှေ့၌လွင့်မျောနေသောသေးငယ်သည့်သွေးကျောက်ပြားက ရှစ်ဖုန့်လက်ဖဝါးအတွင်းပြန်ဝင်လာကာ အမှတ်အသားတစ်ခုအဖြစ်ပြောင်းလဲသွားသည်။
ထို့နောက်ရှစ်ဖုန့်၏အကြည့်တို့က ပျက်စီးယိုယွင်းနေသော ခန်းမအလယ်မှနံရံပေါ်သို့ရောက်ရှိသွား၏။ နံရံပေါ်၌ချိတ်ဆွဲထားသည်မှာယိုမိသားစု၏ ဘိုးစဉ်ဘောင်ဆက်အမွေပစ္စည်းဖြစ်သည့် အဖြူရောင်ကျောက်စိမ်း တိမ်တိုက်စိတ်ဝိညာဉ်ဓားဖြစ်သည်။
သူ၏ညာလက်ဖဝါးအားဆန့်ထုတ်လိုက်ပြီး ရှစ်ဖုန့်ရုတ်တရက်စုပ်ယူလိုက်သည်။ တိမ်တိုက်စိတ်ဝိညာဉ်ဓားက နံရံပေါ်မှထွက်ခွာလာပြီး ရှစ်ဖုန့်၏လက်ဖဝါးထံပျံသန်းလာသည်။ ထို့နောက်မကြာခင် ၎င်းက ရှစ်ဖုန့်၏ လက်ဖဝါးအတွင်းစုပ်ယူခံလိုက်ရသည်။
သူ၏လက်ထဲမှ တိမ်တိုက်စိတ်ဝိညာဉ်ဓားအားစုပ်ကိုင်ရင် ရှစ်ဖုန့်ဓားကိုဂရုတစိုက်အာရုံခံကြည့်
လိုက်သည်။ သို့သော် အေးစက်သောစွမ်းအင်မှလွဲပြီး ပုံမှန်မဟုတ်သည့်မည်သည့်အရာကိုမှ ရှစ်ဖုန့်မခံစားရပေ။
ဤဓားအားပြုလုပ်ထားသော
အဖြူရောင်ကျောက်စိမ်းကမည်ကဲ့သို့ အထူးသတ္ထုတစ်မျိုးမှန်းကိုသူမသိချေ။ယိုချန်၏ဝိညာဉ်က၎င်းအတွင်းရှိနေချိန်တွင် ၎င်းက သူ၏ဝိညာဉ်စွမ်းအားဖြင့်အသိ
အာရုံကိုဖုံးကွယ်ပေးထားသည်။
ထို့နောက်တွင် ရှစ်ဖုန့်လက်အတွင်းမှ တိမ်တိုက်စိတ်ဝိညာဉ်ဓားက
သွေးနီရောင်အလင်းအဖြစ်ပြောင်းလဲသွားသည်။ ရှစ်ဖုန့်ကတိမ်တိုက်စိတ်ဝိညာဉ်ဓားကိုလည်း သွေးကျောက်ပြားနေရာလွတ်ထဲသို့ထည့်ကာ ယိုချန်ထံပို့လွှတ်လိုက်သည်။
ဤအရာများအားပြုလုပ်ပြီးနောက် သူ၏အိမ်ဟောင်းတစ်ခုဖြစ်ခဲ့သော ယိုမိသားစုခန်းမအား ရှစ်ဖုန့်စစ်ဆေးလိုက်သည်။ ထို့နောက်သူကခေါင်းကိုအနည်း
ငယ်ခါယမ်းလိုက်ပြီးခန်းမအပြင်
သို့လျှောက်လှမ်းထွက်လာသည်။ မကြာခင် ယိုမိသားစုခြံဝန်းသို့ သူပြန်လည်ရောက်ရှိလာ၏။
ဤအချိန်တွင် ကောင်းကင်က မှောင်နေပြီဖြစ်သည်။
“ဟမ်”
ရှစ်ဖုန့်ခြံဝန်းအတွင်းရောက်ရှိလာသောအခါ၌ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ ယိုမိသားစု အိမ်တော်၏ရှေ့တံခါးမှဖြတ်သန်း၍ ယိုမိသားစုအိမ်တော်နှင့်သိပ်မဝေးသောနေရာမှ ဒါဇင်နှင့်ချီသော အော်ရာတို့ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။
ထို့နောက် ရှစ်ဖုန့်၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး ခြံဝန်းအတွင်းမှ ပျောက်ကွယ်သွားသည်။
ယိုမိသားစုအိမ်တော်နှင့်သိပ်မဝေးလှသော နေရာရှိ အိမ်တန်းတစ်ခု၏ခေါင်မိုးပေါ်တွင် နှစ်ဆယ်ခန့်ရှိသောပုံရိပ်တို့က ဝင့်ကြွားစွာရပ်နေသည်။သူတို့ကခေါင်းငုံ့ပြီး ယိုမိသားစုအိမ်တော်ထံသို့ကြည့်နေကြသည်။
လူအုပ်၏အလယ်၌ သတ်လ်ပိုင်းအရွယ်လူတစ်ဦးက အတန်အသင့်ကြီးမားသော အဆောက်အဦးတစ်ခုအပေါ်တွင်ရပ်နေသည်။ သူ၏ ဖောင်းကြွဝတ်ရုံတစ်ခုကိုဝတ်ဆင်ထားပြီး လေးထောင့်ကျသောမျက်နှာထားရှိသည်။
သို့သော် ဤအချိန်တွင် သက်လတ်ပိုင်းအရွယ်လူ၏လေး
ထောင့်ကျသောမျက်နှာပေါ်၌ ကြမ်းကြုတ်ရက်စက်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူက ယိုမိသားစုအိမ်တော်ရှိရာသို့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့နှင့်အတူ စိန်းစိန်းဝါးဝါးကြည့်နေသည်။
လေးထောင့်ကျသောမျက်နှာနှင့် သက်လတ်ပိုင်းအရွယ်လူ၏ဘေးတွင် အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ဦးရှိနေသည်။ လူငယ်၏လက်မောင်းထဲတွင် ခရမ်းရောင်ဝတ်ရုံနှင့်ပုံရိပ်တစ်ခုရှိနေသည်။
ခရမ်း ရောင်ဝတ်စုံအားဝတ်ဆင်ထားပြီး နုနယ်သောကိုယ်နှင့်လှပသော
မျက်နှာလေးမှာဖြူဖျော့နေသည်။ သူမက အဖြူရောင်နှင့်လူ၏ လက်မောင်းထဲ၌ ခံစားချက်မဲ့စွာရှိနေသည်။ ဤသည်ကား မိန်းမပျိုတစ်ဦး ၏အလောင်းပင်ဖြစ်သည်။
အကယ်၍ ရှစ်ဖုန့်သာရှိနေလျှင် အဖြူရောင်ဝတ်ရုံနှင့်လူငယ်နှင့် သူ့လက်ထဲမှအလောင်းတို့အား သေချာပေါက်မှတ်မိလိမ့်မည်ဖြစ်သည်။
ဤလူငယ်ကသူယနေ့တွေ့ဆုံခဲ့သော ယုန်စုတ်ဖြစ်သည့် ဟော့ကျွင့်ရှင်းဖြစ်သည်။
အမျိုးသမီးအလောင်းမှာ ဟော့ကျွင့်ရှင်းနှင်အိုယန်တို့ကြားထဲမှ ကိစ္စအားသိရှိသွားသည့်လီလင်းလန်ဖြစ်သည်။
ဤအချိန်တွင် ဟော့ကျွင့်ရှင်းက သူ၏ခေါင်းအားလှည့်လိုက်ပြီး သူ့ဘေးရှိ လေးထောင့်ကျသောမျက်နှာနှင့် သက်လတ်ပိုင်းအရွယ်လူအားကြည့်လိုက်သည်။သူကလေးနက်သောအသံဖြင့်ပြောလိုက်သည်။
“ဦးလေး. ကျွန်တော့်လူတွေသတင်းပို့မှုအရတော့. လင်းလန်ကိုသတ်သွားတဲ့လူသတ်သမားက တကယ့်ကိုယိုမိသားစု အိမ်တော်ထဲဝင်သွားတာတဲ့. ကျွန်တော်တို့အခုဝင်သင့်လား. ဒီလူကိုဖမ်းပြီးတော့ အပိုင်းတစ်ထောင်လောက် ပိုင်းပစ်ရအောင်”
ဟော့ကျွင့်ရှင်းက နောက်ဆုံးစကားအားပြောချိန်တွင်သူ၏ မျက်နှာထက်၌ ခက်ထန်မှုတို့ဖြစ်ပေါ်လာသည်။ဒေါသကြောင့် တုန်ယင်သကဲ့သို့သူ၏ကိုယ်က တုန်ခါလာသည်။
ဟော့ကျွင့်ရှင်း၏ စကားများအားကြားရသောအခါတွင့် လေးထောင့်ကျသောမျက်နှာနှင့်သက်လတ်ပိုင်းအရွယ်လူမှာ သူ၏ပါးစပ်အားဖြည်းညှင်းစွာဟ၍ အံကိုတင်းတင်းကြိတ်ကာ ခက်ထန်စွာဖြင့်ပြောဆိုလိုက်သည်။
“အခုအဲ့လိုလုပ်ဖို့မလိုဘူး…”
ဤလူက ဟော့ကျွင့်ရှင်း၏လက်မောင်းထဲမှ အမျိုးသမီးအလောင်းနှင့်သက်ဆိုင်သောသူဖြစ်သည်။ သူက လီလင်းလန်၏ဖခင်ဖြစ်ပြီး မြောက်ပိုင်းမုန့်မြို့ရှိအင်အားအကြီးဆုံးမိသားစုများထဲမှတစ်ခုဖြစ်သော လီမိသားစု၏ခေါင်းဆေင် လီယွမ်ယဲ့ဖြစ်သည်။
ထို့နောက်လီယွမ်ယဲ့ သူ၏ ပါးစပ်အားထပ်မံဖွင့်ဟကာ ပြောလိုက်သည်။
“အဲ့သောက်ယိုမိသားစုရဲ့တစ္ဆေနမည်က မြောက်ပိုင်းမုန့်မြို့မှာပျံ့နှံ့နေခဲ့တာ
တော်တော်ကြာနေပြီ. ဆယ်နှစ်ကျော်ကြာပြီးတဲ့အထိ သူ့ကိုစော်ကားတဲ့သူမှန်သမျှ အားလုံးသေသွားကြတာကြီးပဲ. သူတော်စင်နယ်ပယ်တွေတောင်
မှချွင်းချက်မရှိဘူး”
လီယွမ်ယဲ့၏ စကားများအားကြားရသောအခါတွင် ဟော့ကျွင့်ရှင်းကလက်သင့်မခံနိုင်စွာပြောလိုက်သည်။
“ဒါဆို .. ကျွန်တော်တို့ကဒီနေရာမှာပဲစောင့်နေကြ
တော့မှာလား. အဲ့လူသာ အဲ့သောက်ယိုမိသားစုတစ္ဆေသတ်တာကိုခံလိုက်ရရင် ….. သူ့ကိုအလွယ်လေးလွှတ်ပေးလိုက်သ
လိုဖြစ်နေမယ်. ဒီလူ ကျွန်တော်ဘဝနဲ့ရင်းပြီးချစ်ရတဲ့
သူကိုသတ်ခဲ့တာ. သူ့ရဲ့အရေပြားကိုစုတ်၊အရွတ်တွေကိုဆွဲထုတ်ပြီး အပိုင်းတစ်ထောင်လောက်ဖြတ်ပစ်ဖို့ကို ကျွန်တော်မစောင့်နိုင်ဘူး”
နောက်ဆုံးစကားများအားပြောချိန်တွင် ဟော့ကျွင့်ရှင်း၏မျက်နှာထက်၌ ပူဆွေးသောကရောက်မှုတို့ဖြင့်ပြည့်
နှက်နေသည်။ ထို့နောက်သူ၏အမူအယာက ခက်ထန်မှုအဖြစ်ပြောင်းလဲသွားသည်။
“မင်းတို့အများကြီးဒီမှာရပ်နေကြတာက ဒီသခင်လေးကိုစောင့်နေကြတာလား”
ဤအချိန်တွင် ငယ်ရွယ်ပြီး ကြည်လင်သောအသံတစ်ခုက လူနှစ်ဆယ်သို့မဟုတ် ကျော်လွန်သောလူတို့၏ ခေါင်းထက် မှောင်မိုက်သောကောင်းကင်ယံထဲမှ
ထွက်ပေါ်လာသည်။
ဤအချိန်တွင် အဖြူရောင်ပုံရိပ်တစ်ခုက ကောင်းကင်ထဲ၌ဝင့်ကြွားစွာရပ်နေသည်။
“သူပဲ. .. မင်းပဲ. ဦးလေး လင်းလန်ကို သတ်ခဲ့တာအဲ့လူယုတ်မာပဲ. အဲ့သူတောင်းစားပဲ”
ဟော့ကျွင့်ရှင်းက ကောင်းကင်ထဲမှ အဖြူရောင်ပုံရိပ်အားတွေ့လိုက်ရသောအခါတွင် ကောင်းကင်ထဲသို့အလျှင်အမြန်ထိုးညွှန်ပြီး သူ၏ဘေးရှိ လီယွမ်ယဲ့ထံသို့ဒေါသတကြီး
အော်ပြောလိုက်သည်။
လီယွမ်ယဲ့က ကောင်းကင်ထဲမှ အဖြူရောင်ပုံရိပ်အားတွေ့ရသောအခါတွင် သူ၏လက်သီးတို့ကို တင်းနေအောင်ဆုပ်လိုက်သည်။
သူ၏မျက်နှာထက်ရှိခက်ထန်သော
အမူအယာကပို၍ ပီပြင်လာသည်။ သူ၏တစ်ကိုယ်လုံးကနတ်ပူးသလိုတုန်ယင်နေ၏။သူ့၌ ဤတစ်ဦးတည်သောအဖိုးတန်သမီးလေးသာရှိသည်ဖြစ်သည်။ သူကသူမအားအမြဲတမ်းပုလဲလေး
လိုဆက်ဆံခဲ့ပြီး သူ၏လက်ဖဝါးထဲ၌ ဂရုတစိုက်ကိုင်တွယ်ခဲ့သည်သာဖြစ်သည်။ သူမက ဤသူတောင်းစား၏ သတ်ဖြတ်ခြင်းကိုတကယ်ကြီးခံခဲ့ရ၏။
သူမအားဤသူတောင်းစားကသတ်ပစ်ခဲ့သည်။