← Chapters

အခန်း (၆၇၃)

Vol. 45 Ch. 673

အခန်း (၆၇၃)

Vol. 45 Ch. 673

“အား”

လီယွမ်ယဲ့ ကောင်းကင်ထဲသို့မော့ကာ

အော်ဟစ်လိုက်ပြီး သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုက တိမ်တိုက်များထဲသို့ထိုးတက်သွားသည်။

လီယွမ်ယဲ့က ကောင်းကင်ထဲရှိအဖြူရောင်ပုံရိပ်

ထံသို့တစ်ဟုန်ထိုးဦတည်သွား၏။

“သူတောင်းစား. ငါ့ရဲသမီးအသက်ကိုပြန်ပေးစမ်း….အား”

လီယွမ်ယဲ့မှာ အဖြူရောင်ပုံရိပ်နှင့်နီးကပ်သည်ထက်နီး

ကပ်လာသကဲ့သို့ သူ၏မိုးခြိမ်းသံကဲ့သို့သော အော်သံကလည်းထပ်မံထွက်ပေါ်လာသည်။ လီယွမ်ယဲ့၏လက်ဖဝါးတို့ထက်တွင် ပြင်းထန်စွာတောက်လောင်နေသော မီးလုံးနှစ်ခုကထွက်ပေါ်လာသည်။

ထို့နောက်ရုတ်ခြည်း လီယွမ်ယဲ့ကသူ၏လက်ဖဝါးတို့အား အတူတကွရိုက်လိုက်ပြီး ပြင်းထန်စွာတောက်လောင်နေသော မီးလုံးနှစ်ခုအားတစ်ခုတည်းအဖြစ်

သို့ပေါင်းစည်းလိုက်၏။ မီးတောက်များက ပို၍ပြင်းထန်လာပြီး မီးတန်းကြီးအဖြစ်သို့ပြောင်းသွားကာ ကောင်းကင်ထဲသို့ထိုးတက်သွား၍ ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးဝင်ရောက်သွားသည်။

“အရူး”

လီယွမ်ယဲ့၏ စကားများအားကြားရသောအခါတွင် ရှစ်ဖုန့်က သရော်လိုက်သည်။ ယုန်စုတ်ဟော့ကျွင်းရှင်းနှင့်သူ၏လက်ထဲမှ အမျိုးသမီးအလောင်းတို့ကိုတွေ့စဉ်ကတည်းက ဘာဖြစ်ခဲ့သည်ကို ရှစ်ဖုန့်နားလည်လိုက်သည်။

ထိုယုန်စုတ်က အမျိုးသမီးအလောင်းအားသတ်ပစ်ခဲ့ပြီး သူသတ်သည်ဟုပြောနေသည်။ ရူးမိုက်သောသက်လတ်ပိုင်းအရွယ်

လူမှာယုန်စုတ်၏ အရူးလုပ်ခြင်းကိုခံခဲ့ရသည်။

ထို့နောက်တွင် အတွေးတစ်ချက်ဖြင့်

ရှစ်ဖုန့်က သူ၏ နာမ်ဝိညာဉ်စွမ်းအားအား

ထုတ်လွှတ်လိုက်ပြီး ဟင်းလင်းပြင်ထဲ၌ မမြင်နိုင်သောစွမ်းအား

တစ်ခုကိုဖြစ်ပေါ်စေလိုက်သည်။ သူ့ထံသို့တစ်ဟုန်ထိုးလာနေ

သောမီးတန်းကြီးက မမြင်နိုင်သောစွမ်းအား၏အောက်တွင် ရုတ်ခြည်းပျောက်ကွယ်သွားသည်။

ထို့နောက်ချက်ချင်း ရှစ်ဖုန့်က နာမ်ဝိညာဉ်စွမ်းအားကို လီယွမ်ယဲ့ထံသို့ ပစ်လွှတ်လိုက်၏။

အမျက်ဒေါသမီးတို့တောက်လောင်နေသောလီယွမ်ယဲ့တစ်ယောက် သူ၏လက်ဖဝါးအတွင်းမှ မီးတောက်တို့ကို ဆုံးရှုံးလိုက်ရသည်။ ရုတ်တရက် သူ၏ကိုယ်က တုန်ခါသွားပြီး နာကျင်စွာဖြင့် ဟစ်အော်လိုက်သည်။

“အား”

ထို့နောက် လီယွမ်ယဲ့မှာ မြေပြင်သို့ဝိညာဉ်ဆုံးရှုံးသွားရသော ငှက်တစ်ကောင်ကဲ့သို့ ပြုတ်ကျသွားသည်။

“မိ..မိသားစုခေါင်းဆောင်”

“မိသားစုခေါင်းဆောင်”

ခေါင်မိုးပေါ်၌ရပ်နေကြသည့် လီမိသားစုမှကျင့်ကြံသူများမှာ တုန်လှုပ်အံ့အားသင့်စွာဖြင့် စိုးရိမ်တကြီးအော်ဟစ်လိုက်ကြသည်။ မြောက်ပိုင်းမုန့်မြို့၌ စွမ်းအားအကြီးဆုံးလူများထဲမှတစ်ယောက်ဖြစ်သူ သူတို့၏ မိသားစုခေါင်းဆောင် ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ် လီယွမ်ယဲ့က ကောင်းကင်ထဲမှလူနားသို့မကပ်နိုင်ခင်မှာ

ပင်ဖျက်ဆီးခံရလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။

ထို့နောက်တွင် မသိနိုင်သော အကြောင်းပြချက်တစ်ခုကြောင့် စွမ်းအားကြီးမိသားစုခေါင်းဆောင်က နာကျင်မှုအပြည့်ဖြင့်ဟစ်အော်ပြီး ကောင်းကင်ထဲမှာပြုတ်ကျလာသည်။

၎င်းတို့ကြားထဲတွင် တု်နလှုပ်မှုအဖြစ်ဆုံးသူက အမျိုးသမီးအလောင်းအားကိုင်ထားသော ယုန်စုတ် ဟော့ကျွင့်ရှင်းပင်ဖြစ်သည်။

ဤလူကအရမ်းစွမ်းအားကြီးနေလိမ့်မည်ဟု ဟော့ကျွင့်ရှင်း မမျှော်လင့်ထားခဲ့ပေ။ သူကလေထဲ၌လွင့်မျောရပ်တည်နေပြီး လုံးဝမလှုပ်ရှားခဲ့ပေ။ သို့သော် ကြယ်တစ်ပွင့် သူတော်စင်နယ်ပယ် လီယွမ်ယဲ့ပင် သူ့အား ရှုံးနိမ့်သွားခဲ့သည်။

တစ်စုံတစ်ခုမှားယွင်းသွားမှန်း ဟော့ကျွင့်ရှင်းသိလိုက်သည်။ သူမစော်ကားသင့်သောတစ်စုံတစ်ဦး

အားစော်ကားမိမှန်းသူသိလိုက်၏။ ဤလူက လီမိသားစုထက်အဆပေါင်းများစွာပို၍ ကြောက်ဖို့ကောင်းသည်ဖြစ်သည်။

လီယွမ်ယဲ့ ကျဆင်းလာသည်။ ချက်ချင်းပဲ လီကလန်အဖွဲ့ဝင်တစ်ဦးက ပျံသန်းထွက်လာပြီး ကျဆင်းလာသော လီယွမ်ယဲ့ကို ဖမ်းလိုက်သည်။ ထို့နောက်သူက လီယွမ်ယဲ့အားသယ်ဆောင်ပြီး ခေါင်မိုးဆီသို့ ပြန်လာသည်။

“ဦးလေး. အဆင်ပြေရဲ့လား. ဦးလေး”

လီယွမ်ယဲ့ဖြည်းဖြည်းချင်းအသိပြန်ဝင်လာပြီးသူ့ရှေ့ရှိမိသားစုဝင်အား တွေတွေကြီးစိုက်ကြည့်နေ၏။

ထို့နောက် လီယွမ်ယဲ့ရုတ်ခြည်း တစ်စုံတစ်ခုအားတွေးမိလိုက်ကာ လီမိသားစုဝင်လူငယ်၏ဖက်ထား

မှုမှရုန်းထွက်ပြီး ဟင်းလင်းပြင်ထဲမှ လူကိုကြည့်လိုက်သည်။

ပြီးခဲ့သောဖြစ်ရပ်အရ ကောင်းကင်ထဲမှလူကမည်မျှကြောက်ဖို့ကောင်းသည်ကိုလီယွမ်ယဲ့သိလိုက်သည်။ သူလီယွမ်ယဲ့နှင့် လီမိသားစုတစ်ခုလုံးပင် ဤလူအားယှဉ်နိုင်ခြင်းမရှိပေ။

သို့သော်၎င်းကသူ၏သမီးဖြစ်သူ

အားသတ်သွားခဲ့သည်ဖြစ်သည်။လီယွမ်ယဲ့ လုံးဝကြောက်နေခြင်းမရှိပေ။ သူက အဆုတ်ကွဲမတတ်အော်ကာပြောလိုက်သည်။

“မင်း.. မင်းကဘယ်သူလဲ. ဘာလို့မြောက်ပိုင်းမုန့်မြို့ကိုလာရတာလဲ . ဘာလို့ငါ့ရဲ့လင်းလေးကို သတ်ရတာလဲ”

“ဟား… ခင်ဗျားက အရမ်း ဉာဏ်တိမ်နေတုံးပဲကို..”

လီယွမ်ယဲ့၏စကားများအားကြားပြီးနောက် ရှစ်ဖုန့်က ထေ့ငေါ့မှုအပြည့်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ထို့နောက် ပုံရိပ်တစ်ခုကခေါင်းမိုးထက်မှ ခိုးကြောင်ခိုးဝှက်ဆုတ်ခွာနေသည်ကို ရှစ်ဖုန့်တွေ့လိုက်သည်။

“မင်းကဒီသခင်လေးကို လုပ်ကြံအသရေဖျက်ပြီးမှ ထွက်ပြေးချင်နေတာလား”

ရှစ်ဖုန့်ကအထင်သေးမှုအပြည့်ဖြင့် ရေရွတ်ပြောဆိုလိုက်သည်။ ထို့နောက်သူ၏လက်ချောင်းအား

တောက်လိုက်ပြီး အဖြူရောင်ရုန်းနှစ်ခုက ရှစ်ဖုန့်၏လက်ချောင်းထိပ်မှ ရွှတ်ခနဲထွက်သွားသည်။ ၎င်းတို့က အောက်ဘက်ရှိ ခေါင်မိုးသို့တစ်ဟုန်ထိုး ပျံသန်းသွားပြီး ခေါင်မိုးပေါ်ရှိ ခိုးကြောင်ခိုးဝှက်အဖြူရောင်ပုံရိပ်ထံသို့ ဦးတည်သွားသည်။

“အား”

ရုတ်ခြည်း လီမိသားစုဝင်များရပ်နေသောခေါင်မိုးထက်တွင် နာကျင်မှုအပြည့်ဖြင့်စူးစူးဝါးဝါး

အော်ဟစ်သောအသံက

ထွက်ပေါ်လာသည်။ ၎င်းက လူများစွာ၏အကြည့်အား

ဆွဲဆောင်သွားသည်။

ဤအော်သံက အဖြူရောင်ဝတ်ရုံနှင့် ဟော့ကျွင့်ရှင်းထံမှလာခြင်းဖြစ်သည်။ လီမိသားစုကျင့်ကြံသူများမှာ ဟော့ကျွင့်ရှင်းဘာဖြစ်သည်အား မသိကြချေ။ သူတို့အားလုံးတွေ့ရသည်ကား ၎င်း၏ဒူးတို့ခေါင်မိုးပေါ်၌ ရုတ်တရက်ထောက်ချလိုက်ခြင်းဖြစ်သည်။ သူ၏ဒူးတို့၌ လက်ချောင်းတစ်ချောင်းအရွယ် သွေးရောင်အပေါက်တစ်ခုပေါ်လာပြီး သွေးများကမရပ်မနားစီးထွက်နေသည်။

“မင်း..မင်းဘာလိုချင်လို့လဲ”

ဟော့ကျွင့်ရှင်းကသူ၏ခေါင်းအားမော့လိုက်ပြီး ကောင်းကင်ထဲမှအဖြူရောင်ပုံရိပ်ထံသို့ အော်ဟစ်လိုက်သည်။

“ဟမ့်. ဒီသခင်လေး ဘာလိုချင်လဲတဲ့လား”

ဤယုန်စုတ်၏ စကားများအားကြားရသော

အခါတွင်ရှစ်ဖုန့်၏မျက်နှာထက်၌ ထေ့ငေါ့မှုတို့ဖြစ်ပေါ်လာသည်။

“ယုန်စုတ်ကောင်.. မင်းတစ်ယောက်ယောက်ကိုသတ်ချင်ရင် မင်းလုပ်လို့တယ်.. ဘယ်လိုလုပ်ပြီးဒီသခင်လေးကို ကွက်ကျော်ရိုက်ရဲပြီး ဒီသခင်လေးဘာလိုချင်လဲလို့မေးရဲတာလဲ”

“ဘ..ဘာ”

“ဘာ”

“ဘာ”

ရှစ်ဖုန့်၏စကားများက ခေါင်းမိုးထက်၌ အံ့အားသင့်မှုလှိုင်းများဖြစ်သွားစေသည်။ သူ၏စကားများအရ လင်းလန်မှာ ဟော့ကျွင့်ရှင်းသတ်ခြင်းကိုခံခဲ့ရသည်လော။

သို့သော် မည်ကဲ့သို့ဖြစ်နိုင်ပါမည်နည်း။ ဟော့ကျွင့်ရှင်းက လင်းလန်နှင့်စေ့စပ်ထားပြီးသားဖြစ်သည်။ သူက လင်းလန်၏ စေ့စပ်ထားသောယောကျ်ားဖြစ်သည်။

“မင်း.. ..ဟော့ကျွင့်ရှင်းက ငါ့တို့လင်းလန်ကိုသတ်တာလို့ပြောနေတာလား”

လီယွမ်ယဲ့၏ မျက်နှာထက်၌ မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေပြီး ကောင်းကင်ထဲမှလူအားမေးလိုက်သည်။

“မဟုတ်ဘူး. မင်းလိမ်နေတာ.. ဦးလေး. သူပြောတဲ့ အဓိပ္ပါယ်မရှိတာကိုနားမထောင်နဲ့”

ဤအချိန်တွင် ဟော့ကျွင့်ရှင်းက ရူးသွပ်သွားသကဲ့သို့အော်ဟစ်လိုက်သည်။

“လင်းလန်က ငါအသက်တမျှချစ်ရတဲ့သူပဲ. သူမက ငါ့ရဲ့နောင်ဖြစ်လာမဲ့ဇနီးပဲ. ငါသူ့ကို အရမ်းချစ်တာ ဘာလို့ငါကသူ့ကိုသတ်ရမှာလဲ. ဒါက.. အဓိပ္ပါယ်မရှိတဲ့ဟာပဲ”

“ဟုတ်တယ်.ဘာလို့ဟော့ကျွင့်ရှင်းက လင်းလန်ကိုသတ်ရမှာလဲ”

လီမိသားစုမှ ကျင့်ကြံသူတစ်ဦးက ဟော့ကျွင့်ရှင်း ၏ စကားများအားကြားပြီးနောက် မယုံကြည်နိုင်စွာဖြင့်ပြောလိုက်သည်။

“သူတို့က စေ့စပ်ကြောင်းလမ်းပြီးနေပြီ. ဘာလို့ ဟော့ကျွင့်ရှင်းက လင်းလန်ကိုသတ်မှဝါလဲ. ဒါကအဓိပ္ပါယ်မရှိဘူး”

အခြားလီမိသားစုဝင်တစ်ဦးကလည်း ခေါင်းညိမ့်၍ပြောလိုက်သည်။

ဤအချိန်တွင် ဟော့ကျွင့်ရှင်းက ဒေါသထွက်မှု ၊စိတ်မကောင်းဖြစ်မှုတို့နှင့်အတူ ကောင်းကင်ထဲသို့ အော်ဟစ်လိုက်သည်။

“သူတောင်းစားလေး. မင်းကငါချစ်ရတဲ့ လင်းလန်ကိုသတ်ခဲ့တာ.. အဓိပ္ပါယ်မရှိတာတွေပြောပြီး ငါ့ကို ချောက်ချမနေနဲ့. လင်းလန်သေသွားရင် ငါလည်းထပ်ပြီးအသက်ဆက်မရှင်ချင်တော့ဘူး. သူတောင်းစား. မင်းမှာ အစွမ်းအစရှိရင် ငါ့ကို လည်းသတ်ပစ်လိုက်.. ငါ့ကို လင်းလန်နောက်လိုက်ပြီး ငါတို့အတူတူထာဝရရှိခွင့်ပြုလိုက်စမ်း”

ဟော့ကျွင့်ရှင်းက အချွန်နဲ့မလိုက်သည်။ ယနေ့သူသေခြင်းတရားမှလွတ်မြောက်နိုင်မည်မဟုတ်သည်ကိုသူသိသည်ဖြစ်သည်။ သို့သော် အကယ်၍ လီယွမ်ယဲ့သာ သူကလင်းလန်အားသတ်လိုက်သည်ကို

သိရှိသွားလျှင် သူတစ်ယောက်တည်းသေသည်သာမကဘဲ ဟော့မိသားစုတစ်ခုလုံးပါ ပက်သတ်ငြိစွန်းလိမ့်မည်ဖြစ်သည်။

လီမိသားစု၏အမျက်ဒေါသအောက်တွင်ဟော့မိသားစု ရပ်တည်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။ ဟော့မိသားစုအနေနဲ့ ချမ်းသာရာရလိမ့်မည်လည်းမဟုတ်ပေ။

သူ့ကြောင့်ဟော့မိသားစုတစ်ခုလုံးငြိစွန်းရခြင်းကိုကာကွယ်ရန်အတွက် သူက လင်းလန်းအားနက်ရှိုင်းစွာချစ်မြတ်နိုးသကဲ့သို့ ဟော့ကျွင့်ရှင်းဟန်ဆောင်လိုက်သည်။ သူက လင်းလန်နှင့်အတူတူသေလိုပြီး ထိုမှသာ လီမိသားစုကထိုအရာကိုတွေ့၍ သူ လီလင်းလန်အား နက်ရှိုင်းစွာချစ်မြတ်နိုးသည်ဟုယုံကြည်

လိမ့်မည်ဖြစ်သည်။

ထို့နောက် သူကကောင်းကင်ထဲမှလူအား

ဒေါသထွက်စေပြီး သူ့အား သတ်စေမည်ဖြစ်သည်။ လီမိသားစုအား သူ၏သေခြင်းတရားကိုအသုံးချကာ လီလင်းလန်က သူ၏အချစ်စစ်

ဖြစ်ကြောင်းနှင့် သူမအားသူမသတ်ကြောင်း

ကိုပြောမည်ဖြစ်သည်။

ထို့နောက် ဟော့ကျွင်ရှင်းက လီယွမ်ယဲ့အားပြတ်သားသော

မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဦးလေး. လင်းလန်ကသေသွားပြီ.. အဲ့တာကြောင့်ကျွန်တော့်နှလုံးသားလဲသေသွားခဲ့ပြီ..ဘာပဲဖြစ်ဖြစ် ကျုပ် ဟော့ကျွင့်ရှင်း ဘဝမှာထပ်ပြီးရှင်သန်ရလို့ဘာ

အဓိပ္ပါယ်မှမရှိတော့ဘူး. ကျွန်တော်အခုပဲလင်းလန်နောက်

ကိုအတူတူလိုက်သွားတော့မယ်”

ဤအချိန်တွင် ဟော့ကျွင့်ရှင်းမှာ မိမိကိုယ်မိမိအဆုံးစီရင်ရန်အတွက် တွေးထားပြီးဖြစ်သည်။

All Chapters