← Chapters

အခန်း (၆၇၄)

Vol. 45 Ch. 674

အခန်း (၆၇၄)

Vol. 45 Ch. 674

ဟော့ကျွင့်ရှင်းက သူ၏ သေခြင်းတရားကိုအသုံးချကာ လီမိသားစုအားသူလင်းလန်ကို

အမှန်တကယ်ချစ်ကြောင်းပြသချင်နေသည်။

ထို့နောက်တွင် ဟော့ကျွင့်ရှင်း ၏ ညာလက်ဖဝါး၌ စွမ်းအားကြီး ယွမ်ချီတို့ လှည့်ပတ်စီးဆင်းလာပြီး ဟော့ကျွင့်ရှင်းက ကိုယ့်ဦးခေါင်းအားကိုယ့်လက်ဖဝါးဖြင့်ပြန်ရိုက်လိုက်သည်။

“ဟမ့်. မင်းကသေချင်နေတာလား.. ဒီသခင်လေးရှေ့မှာသေဖို့ဆိုတာက လွယ်တာမဟုတ်ဘူး. “

ရှစ်ဖုန့်က ဟော့ကျွင့်ရှင်း၏ လှုပ်ရှားမှုများအားကောင်းကင်ထဲမှ

စောင့်ကြည့်ရင်း အထင်သေးမှုအပြည့်ဖြင့် သရော်လိုက်သည်။

ထို့နောက်မကြာခင်တွင် ကိုယ့်ဦးခေါင်းကိုယ်ပြန်ရွယ်ထားသော ဟော့ကျွင့်ရှင်း၏လက်ဖဝါးက ရုတ်ခြည်းပေါက်ကွဲသွားသည်။ သွေးများကသူ၏မျက်နှာအား

ဗြန်းခနဲစင်သွား၏။

“အား. လက်…ငါ့ရဲ့လက်. ရပ်လိုက်”

ထို့နောက်တွင် နာကျင်မှုအပြည့်ဖြင့်တစ္ဆေတစ်ကောင်ကဲ့သို့ အော်ဟစ်သံက ကောင်းကင်ထဲ၌ပဲ့တင်ထပ်သွားသည်။ ဟော့ကျွင့်ရှင်း၏ ညလက်ဖဝါးကပျောက်ကွယ်သွားပြီဖြစ်သည်။ ၎င်း၌ သွေးများပန်းထွက်နေဆဲဖြစ်သော လုံးဝန်းသည့်လက်မောင်းတစ်ခုကလွဲပြီး အခြားရှိမနေတော့ချေ။

“အား.အား.. သူတောင်းစား.. သောက်သူတောင်းစား. မင်း ..မင်းသတ်နိုင်ရင်ငါ့ကိုသတ်လိုက်စမ်း”

ဟော့ကျွင့်ရှင်းက သူ၏ခေါင်းအားမော့ကာ မလိုမုန်းထားမှုတို့ဖြင့်ရှုံ့မဲ့နေသော

မျက်နှာနှင့်အော်ဟစ်ပြောဆိုလိုက်သည်။

သို့သော် ဟော့ကျွင့်ရှင်း သူ၏ အသက်အားအဆုံးသတ်ပစ်တော့

မည့်အချိန်တွင် သူ၏ကိုယ်အားမမြင်နိုင်သောစွမ်းအားတစ်ခုက ဖိနှိပ်ထားသည်ကို ဟော့ကျွင့်ရှင်းသဘောပေါက်လိုက်၏။ သူလုံးဝလှုပ်ရှားနိုင်ခြင်းမရှိသလို သူ၏ဒန်တန်ကလည်းဆီးလ်ခတ်ခံထားရသ်။ သူ့ကိုယ်သူသတ်သေခြင်းအားပြု

လုပ်နိုင်ခြင်းမရှိပေ။

“ငါ့ကိုသတ်. ငါ့ကိုသတ်စမ်းပါ. ငါ့ကိုသတ်လိုက်စမ်းပါ. ငါ့ကို ငါ့ရဲ့လင်းလန်နဲ့ထာဝရ ..ထာဝနေခွင့်ပေးစမ်းပါ”

ဟော့ကျွင့်ရှင်း၏နှလုံးသားထဲ၌ နာကျင့်မှုတို့ဖြင့်ပြည့်နှက်နေကာ ဖြည်မဆည်နိုင်အောင်ပူဆွေးသောကရောက်ရသောလေသံဖြင့် ဟစ်ကြွေးလိုက်သည်။

ရှစ်ဖုန့်က ဟော့ကျွင့်ရှင်းအားငုံ့ကြည့်လိုက်သည်။ ဟော့ကျွင့်ရှင်း၏ အော်သံအားကြားသောအခါတွင် သူကအေးစက်စွာပြောလိုက်၏။

“နှလုံးသားမဲ့တဲ့သူတောင်းစား. မင်းကသူမနဲ့ထာဝရအတူရှိချင်တယ်တဲ့လား..

အဲ့တာက သူမအလိုရှိလားမရှိဘူးလားဆို

တဲ့ပေါ်မူတည်တယ်”

ရှစ်ဖုန့်၏အကြည့် က လီမိသားစု အကြည့်ကလီမိသားစု၏ ခေါင်းဆောင်လီယွမ်ယဲ့ထံသို့ ပြောင်းရွေ့သွားသည်။

“လေ့ထောင့်မျက်နှာနဲ့ ငတုံး.. ဒီသခင်လေးခင်ဗျားနဲ့ ခင်ဗျားရဲ့ သမီးကိုပြန်ပေါင်းထုတ်ပြမယ်. ခင်ဗျားရဲ့ခွေးလိုမျက်လုံးတွေဖွင့်ထားပြီး ခင်ဗျားသမီးကို ဒီသခင်လေးသတ်လားလို့မေး”

“မင်း.. မင်းဘာကိုပြောတာလဲ”

ရှစ်ဖုန့်၏စကားတို့အားကြားလိုက်ရသောအခါတွင် လီယွမ်ယဲ့က တုန်လှုပ်အံ့အားသင့်သွားသည်။ ဤလူကသူနှင့်သူ၏သမီးအား

ပြန်ပေါင်းထုတ်ပေးပြီး သူ့အား လင်းလန်ကိုမေးစေချင်နေသည်။ ဤသည်ကားဘာကိုဆိုလိုခြင်းဖြစ်သနည်း။

၎င်းကသူ့အားသတ်ချင်နေခြင်း

များဖြစ်နိုင်မည်လော။

“မိ..မိသားစုခေါင်းဆောင်. ဒီလူက ကျွန်တော်တို့အနိုင်ယူနိုင်တဲ့သူမျိုးမဟုတ်ဘူး. မြန်မြန်ထွက်သွားကြရအောင်. “

ရှစ်ဖုန့်ကလီယွမ်ယဲ့နှင့် လီလင်းလန်တို့အားပြန်ပေါင်းထုတ်ပေးချင်နေသည်ဟုပြောသည်ကိုကြားသောအခါတွင် လီမိသားစုဝင်များက ရှစ်ဖုန့်က တစ်စုံတစ်ယောက်အားသတ်ဖြတ်ချင်နေသည်ဟုသိလိုက်ကြသည်။

“ဟုတ်တယ် မိသားစုခေါင်းဆောင်. သွားကြရအောင်. ကျွန်တော်တို့သာအသက်ရှင်နေရင် အနာဂတ်မှာ လင်းလန်အတွက်လက်စားချေလို့ရတယ်”

ထို့နောက်တွင် အခြားလီမိသားစုဝင်တစ်ဦးကလည်း လီမိသားစုခေါင်းဆောင်ဖြစ်သူ လီယွမ်ယဲ့အား တိုက်တွန်းလိုက်သည်။

ထို့နောက်တွင် ရှစ်ဖုန့်က လီမိသားစုမှအခြားလူများအား

ထပ်မံအာရုံစိုက်ခြင်းမရှိတော့ချေ။ သူ၏လက်နှစ်ဖက်လုံးဖြင့် ဆီးလ်တစ်ခုအားစတင်ပုံဖော်လိုက်သည်။

သိပ်မကြာခင်တွင် လီယွမ်ယဲ့ကတုန့်ဆိုင်းနေသကဲ့သို့ အဖြူရောင်ရုန်းများက ကောင်းကင်ထဲမှနှင်းကဲ့သို့ ဝေ့ဝိုက်ကျဆင်းလာသည်။

ကောင်းကင်နှင့်မြေပြင်ကြားထဲရှိ အပူချိန်ပင် ရုတ်ခြည်းအုံ့ဆိုင်းအေးစက်လာသည်။

“ဒါ..ဒါက”

လီမိသားစုဝင်များကကောင်းကင်ထဲသို့ စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်ကြသည်။ သူတို့အားလုံး သတိဝီရိယရှိစွာဖြင်ခုခံမှုအားပြုလုပ်ရန် ပြင်ဆင်လိုက်ကြသည်။ သူ့တို့အတွက် ဤရုန်းများက ထိုလူသူတို့အားသတ်ရန်အသုံးပြုသည့် အန္တိမပညာရပ်တစ်ခုဟုယူဆကြသည်။

သို့သော် အဖြူရောင်ရုန်းများ၏အောက်တွင် သူတို့အားလုံးသူတို့၏ကိုယ်များအား

ထိန်းချုပ်နိုင်စွမ်းဆုံးရှံးသွားသည်ကို တွေ့လိုက်ရသည်။ ယင်းမှာသူတို့၏ခန္ဓာကိုယ်များကသူတို့နှင့်မသ်ကဆိုင်တော့သကဲသို့ဖြစ်သည်။ ယင်းမှာလက်ချောင်းတစ်ချောင်းလှုပ်ရှားရန်ပင်ခက်ခဲလှသည်ဖြစ်သည်။

“အား.အား..အား.အား”

လီမိသားစုဝင်မှကျင့်ကြံသူများက လွန်စွာတုန်လှုပ်နေကြသည်။သူတို့၏ခန္ဓာကိုယ်များအားထိန်းချုပ်နိုင်မှု ဆုံးရှုံးနေပြီး ကျားသနားမှနွားချမ်းသာရမည်ဖြစ်သကဲ့သို့ လုံးဝလှုပ်ရှားနိုင်ခြင်းမရှိပေ။

သူတို့ထဲကအချို့မှာ အစောပိုင်းကထွက်မပြေးခဲ့ခြင်းကြောင့် နောင်တရနေကြသည်။ ယခု သူတို့အားလုံးထိုလူ၏အစုလိုက်

အပြုံလိုက်သတ်ခြင်းကိုခံရတော့မည်ဖြစ်သည်။

ပြောရလျှင် ထိုလူကသူတို့အားဂရုစိုက်ခြင်းပင်မရှိသည်ကိုသူတို့မသိကြချေ။ သူတို့၏အသက်များကတန်ဖိုးရှိသည်ဟု

သူတို့ဖာသာသူတို့တွေးနေကြခြင်းဖြစ်သည်။ ထိုလူကတော့ ၎င်းတို့အးသတ်ရသည်မှာအဓိပ္ပါယ်မဲ့လှသည်ဟုခံစားရသည်ဖြစ်သည်။

သိပ်သည်းသောအဖြူရောင်ရုန်းများကအလင်းကဲ့သို့အမြန်နှုန်းဖြင့် မိုးကဲ့သို့ရွာသွန်းကျလာပြီး လီမိသားစုကျင့်ကြံသူများ၏ ကိုယ်ပေါ်သို့ လျှင်မြန်စွာကျဆင်းလာသည်။

အေးစက်မှုန်မှိုင်းသောအဖြူရောင်ရုန်းများက သူတို့၏ကိုယ်ပေါ်သို့ကျဆင်းလာသည့်အခိုက်အတန့်တွင်သူတို့၏အသက်များအဆုံးသတ်သွားပြီဟုအစကတွေးခဲ့ကြသည်။ သို့သော် အဖြူရောင်ရုန်းများသူတို့၏

ကိုယ်ပေါ်သို့ကျဆင်းလာပြီးသည့်နောက်တွင် သူတို့၏ခန္ဓာကိုယ်များအေး

စိမ့်တက်သွားခြင်းတစ်ခုမှလွဲပြီး အနည်းငယ်သောနာကျင်မှုမှသူ

တို့မခံစားရသည်ကိုတွေ့ရသည်။

မကြာခင်တွင်များပြားလှသော အဖြူရောင်ရုန်းများက ဤကမ္ဘာငယ်လေးအတွင်းမှပျောက်ကွယ်သွား

ပြီးနောက် လီမိသားစုဝင်များ သူတို့၏လွတ်လပ်မှုကိုပြန်လည်

ရရှိလာကြသည်။သူတို့အားလုံးဟင်းလင်းပြင်ထဲရှိပုဂ္ဂိုလ်အားတွေတွေကြီးကြည့်နေမိကြသည်။

သူတို့နားလည်ခြင်းမရှိပေ။ အစောပိုင်းကထိုလူအနေဖြင့် သူတို့အား လေဖြင့်တစ်ချက်မှုတ်ရုံဖြင့်ပင် အလွယ်တကူ သတ်နိုင်စွမ်းရှိသည်ဖြစ်သည်။ အဘယ်ကြောင့်သူတို့အားမသတ်ပါသနည်း။

ဖြစ်နိုင်သည်မှာ ဤလူအနေဖြင့် ကောင်းဆိုးကျိုးပြစ်ကို ခွဲခြားလာနိုင်ခြင်းများလော။

ရှစ်ဖုန့်ကသူ၏လက်သင်္ကေတတို့

အားရုတ်သိမ်းလိုက်သည်။ထို့နောက်တွင် သူက အောက်ရှိလူများအား ထူးမခြားနားစွာပြောဆိုလိုက်သည်။

“နိုးထလော့ မင်းကအငြိုးကြီးတဲ့ဝိညာဉ်တစ်ခုဖြစ်တာ

ကြောင့် မင်းမှာနာကြည်းချက်တွေရှိပြီး မင်းရဲ့လက်စားချေမှုကို မင်းပြုလုပ်ရမယ်”

ရှစ်ဖုန့်၏အသံက နတ်ဆိုးတစ်ကောင်၏အသံကဲ့သို့ ဤကမ္ဘာငယ်လေးအတွင်း၌ ပဲ့တင်ထွက်ပေါ်လာသည်။

“နိုးထလော့.. မင်းကအငြိုးကြီးတဲ့ဝိညာဉ်

တစ်ခုဖြစ်တာကြောင့် မင်းမှာနာကြည်းချက်တွေရှိပြီး မင်းရဲ့လက်စားချေမှုကို မင်းပြုလုပ်ရမယ်”

“နိုးထလော့. မင်းကအငြိုးကြီးတဲ့ဝိညာဉ်တစ်ခုဖြစ်တာ

ကြောင့် မင်းမှာနာကြည်းချက်တွေရှိပြီး မင်းရဲ့လက်စားချေမှုကို မင်းပြုလုပ်ရမယ်”

ရှစ်ဖုန့်၏စကားများအားကြားရသောအခါတွင်လီမိသားစုဝင်များမှာပို၍ စိတ်ရှုပ်ထွေးသွားကြသည်။ ရှစ်ဖုန့်ဤသို့ပြောလိုက်သည်နှင့် ဒူးထောက်နေသောဟော့ကျွင့်ရှင်း

၏လက်မောင်းထဲရှိ အမျိုးမသီးအလောင်းထံမှ အဖြူရောင်ပုံရိပ်တစ်ခုလွင့်မျောထွက်လာသည်ကို လီမိသားစုဝင်များမြင်တွေ့လိုက်ရသည်။

“ဒါက…ဘာတွေဖြစ်နေတာလဲ”

“ဒါ..ဒါက..”

“ဒါက..”

လီမိသားစုဝင်များမှာ အဖြူရောင်ပုံရိပ်အားတွေ့လိုက်ရသောအခါတွင် အံ့အားသင့်သွားကြသည်။

“ဒါ..ဒါက လင်းလန်ရဲ့ဝိညာဉ်ပဲ”

လီမိသားစုခေါင်းဆောင်လီယွမ်ယဲ့နှင့် ဟော့ကျွင့်ရှင်းတို့၏မျက်နှာများကသိသိသာသာကိုပြောင်းလဲသွားကြသည်။

ဟော့ကျွင့်ရှင်း၏ သွေးများညစ်ထွေးနေသောမျက်နှာထက်တွင် တုန်လှုပ်မှုမယုံကြည်နိုင်မှုတို့ဖြင့်မျက်လုံးများပြူးကျယ်နေသည်။

“ဒါ.ဒါကဘယ်လိုဖြစ်နိုင်မှာလဲ. ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

ဟော့ကျွင့်ရှင်း၏ ကိုယ်က ထိန်းချုပ်၍မရနိုင်ဘဲတုန်ယင်လာသည်။

“လင်း..လင်းလန်.တကယ်ပဲသမီးလား”

လီယွမ်ယဲ့က အဖြူရောင်ပုံရိပ်အားခေါ်လိုက်သည်။

ဖြည်းဖြည်းချင်းအဖြူရောင်ပုံရိပ်က အားလုံး၏မြင်ကွင်းအောက်၌ ပီပြင်လာသည်။ အဖြူရောင်ပုံရိပ်မှတစ်ဆင့် သူတို့အားလုံး၎င်းက အမျိုးသမီးတစ်ဦး၏ ပုံရိပ်ဖြစ်သည်ကို မြင်နိုင်ကြသည်ဖြစ်သည်။

ပုံရိပ်က ပို၍ရှင်းလင်းသည်ထက်ရှင်းလင်းလာသည်။ ၎င်းကပိုပီပြင်လာသကဲ့သို့ ဟော့ကျွင့်ရှင်း၏မျက်နှာထက်ရှိတုန်လှုပ်မှုက ပို၍ ပြင်းထန်လာ၏။ သူကဆက်လက်ရေရွတ်နေသည်။

“ဒါ.ဒါကဘယ်လိုဖြစ်နိုင်မှာလဲ. ဒါကဘယ်လိုဖြစ်နိုင်မှာလဲ.. ဒါကဘယ်လိုဖြစ်နိုင်မှာလဲ. ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

“လင်းလန်….ဒါကလင်းလန်ပဲ. ဒါကတကယ်လင်းလန်ပဲ.”

အားလုံးမှာဖြူဖျော့သောမျက်နှာနှင့်အဖြူရောင်ပုံရိပ်အားတွေ့လိုက်ကြပြီး လီမိသားစုဝင်များမှာတုန်လှုပ်

အံ့အားသင့်နေကြ၏။

ထို့နောက်တွင် ဖြူဖျော့သောမျက်နှာထက်ရှိ အနည်းငယ်ပိတ်နေသောမျက်လုံးတို့က ဖြည်းညှင်စွာပွင့်လာသည်။ သူမ၏ကိုယ်မှ မှုန်မှိုင်းပြီးမွန်းကျပ်သော အော်ရာတစ်ခု မြှင့်တက်လာသည်။

သူမ၏မျက်လုံးတို့ကပွင့်လာသည်နှင့်

ရုတ်ခြည်းပြူးကျယ်သွားပြီး ပြင်းထန်ပြီး မိစ္ဆာဆန်သော အော်ရာတို့က သူမ၏ကိုယ်မှ ဟုန်းခနဲထွက်ပေါ်လာသည်။

All Chapters