← Chapters

အခန်း (၆၇၅)

Vol. 45 Ch. 675

အခန်း (၆၇၅)

Vol. 45 Ch. 675

အမျိုးသမီးအလောင်းထံမှထွက်လာသောအဖြူရောင်ပုံရိပ် ဖြည်းဖြည်းချင်းရှင်းလင်းပီသလာပြီး အမျိုးသမီးအလောင်းဖြစ်သူ လီလင်းလန်၏ပုံဖြစ်ပေါ်လာသည်။ တစ်ဝက်ခန့်ပွင့်နေသော ဖြူဖျော့သောမျက်နှာထက်မှမျက်လုံးတို့က ရုတ်ခြည်းပြူးကျယ်စွာပွင့်လာပြီး သတ်ဖြတ်ခြင်းအော်ရာတို့ကလည်းကောင်းကင်ထဲသို့ထိုးတက်သွားသည်။

“ဟော့ကျွင့်ရှင်း…ဟော့ကျင့်ရှင်း .. ဟော့ကျွင့်ရှင်း..”

လီလင်းလန်၏မျက်လုံးတို့က ပြူးကျယ်နေသကဲ့သို့ သူမ၏ပါးစပ်မှ ခက်ထန်သော အော်သံတို့ကလည်းဆက်တိုက်ထွက်

ပေါ်လာသည်။ ဤအချိန်တွင် လီလင်းလန်၏အသံက စူးရှရှနဲ့နား စူးစေပြီး သူမ၏မျက်နှာကခက်ထန်ကြမ်းကြုတ်နေသည်။ သူမမှာတကယ်ကို အငြိုးကြီးသောစိတ်ဝိညာဉ်တစ်ခုကဲ့

သို့ဖြစ်နေသည်။

ဟော့ကျွင့်ရှင်းမှာ ကြမ်းကြုတ်ခက်ထန်သောလီလင်းလန်အားမြင်တွေ့ရပြီး လီလင်းလန်၏သူ့အားခေါ်သည့်အသံအားကြားရသောအခါတွင် သူ၏ခန္ဓာကိုယ်တုန်ယင်နေမှုတို့က ပို၍ပြင်းထန်လာသည်။သူ၏မျက်နှာထက်၌ တုန်လှုပ်မှုကြေက်ရွံ့မှုတို့ဖြင့်ပြည့်နှက်နေပြီး

ကြောက်ရွံ့မှုကြောင့်ဖြူဖျော့၍

ပင်နေပြီဖြစ်သည်။ ဤအချိန်၌သူ့အနေဖြင့်လီလင်းလန်

ထက်များစွာဆိုးရွားခြင်းမရှိချေ။

တုန်လှုပ်နေသောဟော့ကျွင့်ရှင်းမှာ ဤအချိန်၌သူ့၏ခန္ဓာကိုယ်က ပို၍ပင်လှုပ်မရဖြစ်နေ၏။

“လင်း..လင်းလန်”

ဟော့ကျွင့်ရှင်းမှာ တုန်ယင်နေသကဲ့သို့ လီလင်းလန်၏နမည်အားတုန်ယင်နေသောအသံဖြင့်ခေါ်လိုက်သည်။

ဤအချိန်၌ လီမိသားစုဝင်များမှာမည်မျှင်ပင်တုံး

အသည်ဖြစ်ပါစေ လီလင်းလန်အားဤတိရစ္ဆာန်ဟော့ကျွင့်ရှင်းကသတ်ခြင်းဖြစ်သည်ကို အားလုံးနားလည်သွားကြသည်ဖြစ်သည်။

“လင်း. လင်းလ်….လင်းလန်… …အဖေပါ..သမီးရဲ့အဖေပါ”

ဤအချိန်တွင်လီမိသားစုခေါင်းဆောင် လီယွမ်ယဲ့မှာလည်းစိတ်ခံစားချက်များဝမ်းနည်းပူဆွေးမှုများဖြင့်ပြည့်နှက်နေသည်။ သူ၏သမီးဖြစ်သူ ဝိညာဉ်တစ္ဆေကဤသို့ကြမ်းကြုတ်ခက်ထန်

သောအသွင်အပြင်အဖြစ်ပြောင်းလဲသွား

သည်အားတွေ့ရသောအခါတွင် နှလုံးသည်းကြေကွဲမတတ်ခံစားမှု

တို့ဖြည့်ပြည့်နှက်နေပြီးသူ၏ကိုယ်က အနည်းငယ်တုန်ယင်လာသည်။

လီလင်းလန်မှာဤအသံအားကြားသော

အခါတွင် သူမ၏ခက်ထန်မှုက ဖြည်းဖြည်းချင်းပြေလျော့လာပြီးခပ်တိုးတိုးရေရွတ်လိုက်သည်။

“အဖေ…”

ထို့နောက်တွင် လီလင်းလန်ကလေးထောင့်ကျသောမျက်နှာနှင့်သက်လတ်ပိုင်းအရွယ်လူထံသို့ သူမ၏ခေါင်းအားဖြည်းညှင်းစွာ

လှည့်လိုက်သည်။

“အဖေ..အဖေ…အဖေ…”

လီလင်းလန်၏စူးရှရှအသံထွက်ပေါ်လာပြီး ခံစားချက်များဖြင့်အော်ခေါ်လိုက်သည်။

ထို့နောက်လီလင်းလန်၏မျက်နှာက ရုတ်တရက်လေးနက်သွားပြီး သူမ၏ဖြူဖျော့သောမျက်နှာထက်ရှိ စိတ်လှုပ်ရှားမှုအမူအယာတို့က

ရုတ်ခြည်းပျောက်ကွယ်သွားသည်။ သူမ၏ခေါင်းအားဖြည်းညှင်းစွာလှည့်လိုက်ပြီး ဟော့ကျွင့်ရှင်းထံသို့ထပ်မံကြည့်လိုက်သည်။

“ဟေ့ကျွင့်ရှင်း. ဟော့ကျွင့်ရှင်း..ဟော့ကျွင့်ရှင်း..”

“ငါအရမ်းကို ဝမ်းနည်းဖို့ကောင်းအောင်သေခဲ့ရတယ်. ဟော့ကျွင့်ရှင်း”

ပြင်းထန်ရက်စက်သောအော်ရာတစ်ခုက လီလင်းလန်၏ကိုယ်မှ ထပ်မံမြင့်တက်ထွက်ပေါ်လာသည်။ ဤအချိန်တွင် လီလင်းလန်၏လက်တို့ကလက်သည်းအဖြစ်သို့ပြောင်းလဲသွားပြီး ဟော့ကျွင့်ရှင်း၏ ထိတ်လန့်နေသောမျက်နှာထံသို့ တအားလွှဲလိုက်သည်။

“အား”

ဟော့ကျွင့်ရှင်းက မချိမဆန့်ဟစ်အော်လိုက်သည်။လီလင်းလန်၏လက်သည်းတို့က ဟော့ကျွင့်ရှင်း၏မျက်နှာအားအသားစများဖြစ်သွားစေသည်။

“သေစမ်း. ဟော့ကျွင့်ရှင်း..သေစမ်း. ဟော့ကျွင့်ရှင်း”

လီလင်းလန်၏လက်သည်းများက ဟော့ကျွင့်ရှင်း၏မျက်နှာထံသို့

ကျရောက်လာသည်။

“အား.အား..အား.အား.”

နာကျင်မှုအပြည့်ဖြင့် စိတ်မချမ်းမြေ့ဖွယ်အော်သံများက ဤကမ္ဘာငယ်လေးအတွင်း၌ ပဲ့တင်ထပ်နေသည်။ ဤအသံအားကြားရသောပတ်ဝန်းကျင်ရှိ လီမိသားစုဝင်များမှာ ကျောရိုးတစ်လျှောက်အေးစိမ့်

တက်သွားမှုကိုခံစားလိုက်ကြရသည်။

လီကလန်မှအဖွဲ့ဝင်များနှင့် လီယွမ်ယဲ့တို့က ပင်ကိုယ်စရိုက်တို့ပြောင်းလဲသွားကာ ရူးသွပ်ပေါက်ကွဲနေသကဲ့သို့ ဟော့ကျွင့်ရှင်းအားအပိုင်းပိုင်းစုတ်ဖြဲပစ်နေသည့် လီလင်းလန်အားတွေတွေကြီး

ကြည့်နေမိကြသည်။

သူတို့ ဤအရာအားယုံကြည်ရန်ခက်ခဲနေသည်။ ယင်းကသူတို့သိသောလီလင်းလန်လော။

ဤသည်ကားသူ၏သမီးလီလင်းလန်လော။

သူမဤကဲ့သို့ဖြစ်လောက်ရအောင်

နာကြည်းချက်တွေမည်မျှတောင်များ

နေရပါသနည်း။၊

“ဟော့ကျွင့်ရှင်း. ဟော့ကလန်..”

လီယွမ်ယဲ့က ံကိုတင်းတင်းကြိတ်၍ ခက်ထန်စွာပြောလိုက်သည်။ သူ၏သမီးလီလင်းလန်က ဤကဲ့သို့ဖြစ်လာရသည်။ ယင်းမှာ သူမနေဖြင့် ဤသူတောင်းစားအားမည်မျှအထိ

မုန်းတီးနေကြောင်းသိသာစွာပြနေခြင်းပင်ဖြစ်သည်။ ယင်းမှာ ဤသူတောင်းစားက သူမအားမည်မျှအထိယုတ်မာခဲ့သည်ကို သိသာစွာပြနေခြင်းပင်ဖြစ်သည်။

သူကသူ၏အဖိုးတန်သမီးလေးအား

၎င်းနှင့်ပင်စေ့စပ်ပေးခဲ့မိ၏။

“ငါဟေ့ကလန်ကို အမြစ်ဖျက်သုတ်သင်ချင်တယ်.. သူတို့အားလုံးငါ့သမီး လင်းလန်ရဲ့ နောက်ကို လိုက်ရမယ်။. “

လီယွမ်ယဲ့က မုန်းတီးမှုအပြည့်ဖြင့်ပြောလိုက်သည်။

“အမ်..အဲ့လူဘယ်ရောက်သွားလဲ”

“ဟမ်..အဲ့လူ..အဲ့လူ ထွက်သွားပြီလား”

ဤအချိန်တွင် လီမိသားစုဝင်များမှာရုတ်တရက်

ကောင်းကင်ထဲသို့မော့၍ ပိန်းပေါက်အောင်နက်မှောင်နေသော

ကောင်းကင်ထဲသို့ ကြည့်လိုက်သည်။

လီမိသားစုဝင်များမှာသူတို့ဘာကြောင့်လီလင်းလန်၏ဝိညာဉ်အားမြင်တွေ့ရပြီး လီလင်းလန်ကဘာကြောင့် ဟော့ကျွင့်ရှင်းအားဆုတ်ဖြဲပစ်နိုင်စွမ်းရှိသည်ဆိုသည်အကြောင်းပြချက်က အစောပိုင်းကကောင်းကင်ထဲမှကျဆင်း

လာသည့်ထိုလူဖန်တီးခဲ့သောအဖြူ

ရောင်ရုန်းများကြောင့်ဖြစ်သည်ကို သိထားကြပြီးဖြစ်သည်။

သို့သော်ယခုကောင်းကင်က

ဗလာနတ္ထိဖြစ်နေသည်။ ထိုလူပျောက်ကွယ်သွားသည်

မှာကြာပြီဖြစ်သည်။

“သူသွားပြီ. အဲ့လူထွက်သွားပြီ. သူကအရမ်းငယ်သေးတယ်. သူ့ရဲ့ ကျင့်ကြံနယ်ပယ်ကတင်စိတ်ကူးလို့မရလောက်တာမဟုတ်ဘဲ . သူ့မှာလင်းလန်သေပြီးနောက် သူမရဲ့ဝိညာဉ်ကိုငါတို့မြင်အောင်လုပ်ပေး

နိုင်တဲ့စွမ်းရည်မျိုးပါရှိနေတယ်. သူကဘယ်သူလဲ”

ထိုစက်ဆုပ်ဖို့ကောင်းသော ယုန်စုတ် ဟော့ကျွင့်ရှင်းကသူ့အားစော်ကားရဲသည်။၎င်းကကံတရားက သေချာပေါက်လွန်စွာ ဝမ်းနည်းဖို့ကောင်းမည်ကို ရှစ်ဖုန့်သိသည်ဖြစ်သည်။

ထို့နောက်တွင် ရှစ်ဖုန့်စောင့်ကြည့်ရန်စိတ်ဝင်စားမှုပျောက်ဆုံးသွားပြီး ကောင်းကင်ထဲမှထွက်ခွာလာကာ မြောက်ပိုင်းမုန့်မြို့မှ နေရာကူးပြောင်းအစီအရင်ရှိရာသို့ဦးတည်လိုက်သည်။

မြောက်ပိုင်းမုန့်မြို့မှာ မြောက်ပိုင်းဒေသကြီးအတွင်း၌

တည်ရှိသည်ဆိုသော်လည်း ၎င်းကမြောက်ပိုင်းဒေသကြီး၏

နယ်စပ်၌တည်ရှိနေခြင်းဖြစ်ပြီး သူသွားချင်သောသေခြင်းမဲ့တောင်တန်းနှင့်များစွာဝေးကွာသေးသည်ဖြစ်သည်။ရှစ်ဖုန့်၏လက်ရှိအမြန်နှုန်းနှင့်ဆိုလျှင်တောင် သူသုံးနှစ်လောက်ပျံသန်းသွားခဲ့လျှင်ပင် သေခြင်းမဲ့တောင်တန်းသို့ ရောက်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

သူသေခြင်းမဲ့တောင်တန်းသို့ဖြစ်နိုင်

သမျှအမြန်ဆုံးရောက်လိုလျှင် သူနေရာကူးပြောင်းအစီအရင်အား

သုံးရလိမ့်မည်ဖြစ်သည်။

သို့သော် သူ၏အတိတ်မှတ်ဉာဏ်များထဲမှ မြောက်ပိုင်းမုန့်မြို့၏ နေရာကူးပြောင်းအစီအရင်ထံသို့

ရောက်လာသောအခါတွင် အစီအရင်က ပျောက်ကွယ်သွားသည်မှာကြာပြီဖြစ်သည်ကို သူ တွေ့လိုက်ရသည်။ မြောက်ပိုင်းမုန့်မြို့၏ အခြားဧရိယာများကပြောင်း

လဲခြင်းမရှိသော်လည်း လူများကတော့ပြောင်းလဲ

သွားကြသည်ဖြစ်သည်။

စုံစမ်းမေးမြန်းပြီးနောက် မြောက်ပိုင်းမုန့်မြို့ရှိ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်မှာ နှစ်ပေါင်းများစွာအကြာကထိခိုက်သွားခဲ့ပြီး ပြန်ပြင်ရခြင်းမရှိသည်ကို ရှစ်ဖုန့်သိလိုက်ရသည်။ နောက်ပိုင်း၌ ၎င်းအား ဖြိဖျက်ပစ်လိုက်သည်။

သူသာနေရာကူးပြောင်းအစီအရင်

အားသုံးချင်သည်ဆိုလျှင် ပိုင်ယု မြို့တော်ဟုခေါ်သောမြို့သို့သွားရမည်ဖြစ်သည်။

၎င်းကနောက်မြို့ဖြစ်သော်လည်း ၎င်းအားမြောက်ပိုင်းမုန့်မြို့တော်မှရောက်ရန် နှစ်ရက်နှင့်နှစ်ညကြာမြင့်လိမ့်မည်ဖြစ်သည်။

“ပိုင်ယုမြို့”

ရှစ်ဖုန့်ကမြောက်ပိုင်းမုန့်မြို့တော်မှထွက်ခွာလာပြီးနောက် ရွေ့လျားကာ ညကောင်းကင်ယံအားထိုးခွင်းပြီး ပိုင်ယုမြို့ထံသို့တစ်ဟုန်ထိုးဦးတည်လိုက်သည်။

ညကောင်းကင်ယံထဲတွင် ရှစ်ဖုန့်က ညလေအား ရင်ဆိုင်ကာသွားနေသည်။ သူ၏ဆံပင်ရှည်နှင့် အဖြူရောင်ဝတ်ရုံတို့က ညကောင်းကင်ယံထဲ၌ တဖျပ်ဖျပ်လူးလွန့်နေ၏။သူကခေါင်းကိုအနည်းငယ်မော့လိုက်ပြီး သူ၏ရှေ့မှ လခြမ်းကွေးသဏ္ဍန်လအားကြည့်လိုက်သည်။သူကစိတ်ထဲမှတီးတိုးရေရွတ်လိုက်သည်။

“သေခြင်းမဲ့တောင်တန်း လွန်ခဲ့တဲ့တစ်လလောက်က ရွှယ်ဝူဟန်ဆီကနေငါကြားထားတာ အဲ့မှာ ဝရုန်းသုန်းကားဖြစ်နေတယ်တဲ့. ငါထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်မှာတစ်လလောက်နေခဲ့တယ်.အခုဘယ်လိုဖြစ်နေလဲဆိုတာကိုငါမသိဘူး”

“လောချင်းချွမ်တစ်ယောက်အခုဘယ်လိုနေလဲဆိုတာလည်းငါမသိဘူး”

မြောက်ပိုင်းဒေသကြီး သေခြင်မဲ့တောင်တန်း၌ဖြစ်သည်။

လွန်ခဲ့သောအချိန်အချို့ကနှင့်နှိုင်း

ယှဉ်လိုက်လျှင် သေခြင်းမဲ့တောင်တန်းက ထုတ်လွှတ်သည့်စွမ်းအင်အတက်အကျများကပို၍ မကြာခဏဖြစ်လာပြီး ပို၍ပြင်းထန်လာသည်။ သုံးရက်တိုင်းသုံးရက်တိုင်းတွင် သေခြင်းမဲ့တောင်တန်း၌ ပြင်းထန်သောဝရုန်းသုန်းကား

တစ်ခုဖြစ်နေကျဖြစ်သည်။

အချို့အချိန်များတွင် တစ်နေ့တည်းနှင့်များစွာဖြစ်ပျက်

သည်ဖြစ်သည်။

သေခြင်းမဲ့တောင်တန်းအား မျိုးဆက်အဆက်ဆက်စောင့်ကြပ်ခဲ့

သောလောမိသားစုက သေခြင်းမဲ့တောင်တန်းအားဆီးလ်ခတ်

ထားဆဲဖြစ်ပြီး မည်သည့်သူစိမ်းသို့မဟုတ် မသိရသောဘယ်အင်အားစုကိုမှ

ချဉ်းကပ်ခွင့်ပြုခြင်းမရှိပေ။

သေခြင်းမဲ့တောင်တန်းနှင့်အနီးဆုံးမြို့အားကြွယ်ယန်မြို့တော်ဟုခေါ်၏။ယနေ့တွင် အကြွင်းမဲ့မီးကြွယ်ယန်မြို့၏ နေရာကူးပြောင်းအစီအရင်၌ အဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်။ မြောက်ပိုင်းဒေသကကြီးအတွင်းရှိ အခြားသောနေရာများမှ ကျင့်ကြံသူတစ်အုပ်က ကြွယ်ယန်မြို့ သို့ နေရာကူးပြောင်းလာကြသည်။

၎င်းတို့ကြားထဲတွင် နေရာကူးပြောင်းအစီအရင်ထက်ရှိ လူအုပ်ထဲ၌ အဖြူရောင်ပုံရိပ်တစ်ခုရပ်နေသည်။

ထို့နေ့က ပိုင်ယု မြို့သို့ရှစ်ဖုန့်ရောက်ရှိပြီးနောက်တွင် လုံးဝရပ်တန့်ခဲ့ခြင်းမရှိဘဲ မြို့တိုင်းမြို့တိုင်းမှ နေရာကူးပြောင်းအစီအရင်တို့ကို

အသုံးပြုခဲ့သည်။ မြို့ရာပေါင်းများစွာကိုဖြတ်သန်းခဲ့ပြီး

သည့်နောက် နောက်ဆုံး၌ ရှစ်ဖုန့်ဤကြွယ်ယန်မြို့သို့ရောက်ရှိလာသည်။

နောက်ဆုံးတွင်သူ၏ခရီးပန်းတိုင်ဖြစ်သော သေခြင်းမဲ့တောင်တန်းသို့ချဉ်းကပ်

ရောက်ရှိလာပြီဖြစ်သည်။

All Chapters