← Chapters

ဘာကြောင့် ဤသို့ဖြစ်ရသနည်း

Vol. 44 Ch. 594

ဘာကြောင့် ဤသို့ဖြစ်ရသနည်း

Vol. 44 Ch. 594

“သန်မာအားကောင်းလိုက်တဲ့ ကောင်းကင်နတ်သိုင်း”

ချင်မူ စိတ်လှုပ်ရှားမှုအား မချုပ်တည်းနိုင်အောင် ဖြစ်နေသည်။‌ ခေါင်းကိုးလုံးမီးငှက် ရောက်ပင်မရောက်လာခင် မဟာကောင်းကင်နတ်သိုင်း၏ စွမ်းအားကြောင့် တိုက်ခတ်လာသော လေပြင်းများက သူ့ဆံပင်စည်းထားသည့် ခေါင်းစည်းကြိုးကို ကျွတ်ထွက်သွားစေ၏။ နက်မှောင်သော ချင်မူ၏ဆံပင်များမှာ အလျားလိုက်လှုပ်ခတ်နေတော့သည်။

မျက်နှာပေါ်ရှိ အရေပြားသည်လည်း တွန့်လိပ်တက်ကုန်ပြီး တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် ပူပြင်းသော မီးအရှိန်ကြောင့် အသက်ရှူ၍ပင် မရတော့ပေ။

ကျဲ့ဟွလီနှင့် ချင်မူက လက်ရည်တူနီးပါး ရှိသည်။ ချီကျုံရီက သူတို့နှစ်ယောက်လုံးကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်သည့်အတွက် မည်မျှယုံကြည်ချက်ရှိနေကြောင်း ပေါ်လွင်လာ၏။

ချီကျုံရီကား လူငယ်သိုင်းပညာရှင် ကျဲ့ဟွလီနှင့် ချင်မူတို့နှစ်ယောက်လုံးကို အနိုင်ယူရန် ယုံကြည်ချက် ရှိနေချေသည်။

ကောင်းကင်နတ်ဘုံမှ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ တပည့်ဖြစ်သည့်အလျောက် ချီကျုံရီသည် အထက်ဘုံ၌ ထူးချွန်ကျော်ကြား၏။ တာဝန်အရ အောက်ဘုံသို့ ဆင်းလာခဲ့ပြီးနောက်တွင် သူ၏အပြုအမူ၊ အပြောအဆိုအားလုံးက ယဉ်ကျေးသိမ်မွေ့ပြီး ရန်သူနှင့်ဖြစ်စေ၊ မိတ်ဆွေနှင့်ဖြစ်စေ ရင်ဆိုင်ရသည့်အခါတွင်လည်း ထုံးစံများနှင့်အညီ လေးစားသမှုဖြင့် ဆက်ဆံတတ်သည်။ သို့သော် အထက်ဘုံသား ဖြစ်သောကြောင့် သူ၏စိတ်ထဲတွင် အောက်ဘုံ၏ အဆင်မြင့်သိုင်းပညာရှင်များကို အထင်သေးဆဲဖြစ်ပြီး အနူတောထဲမှ လူချောများဟု တွေးနေ၏။

သူ၏ကောင်းကင်နတ်သိုင်းက အစပျိုးနေခဲ့သည်မှာ ကြာချေပြီ။ သူနှင့် ကျဲ့ဟွလီတစ်ယောက်ကိုတစ်ယောက် အကဲစမ်းလိုက်သည့်အချိန်ကတည်းက မဟာမကောင်းကင်နတ်သိုင်း၊ ရှေးဟောင်းသစ်ပင်ထက်၌ နားသော မီးငှက်ကိုးကောင်သိုင်းကွက်ကို ဖြည်းဖြည်းချင်း ထုတ်ဖော်နေခဲ့ခြင်းဖြစ်သည်။

ရှေးဟောင်းသစ်ပင်ထက်၌ နားသော မီးငှက်ကိုးကောင်သိုင်းကွက်သည် ဧကရာဇ်ပလ္လင်ကျင့်စဉ်ထဲမှ မဟာကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်၍ စွမ်းအားပြည့်ဝသွားသည်နှင့် အဆင့်တူ ရန်သူတိုင်းအား သူ နင်းခြေပစ်နိုင်သည်။ ဤသိုင်းကွက်က ပြိုင်ဘက်ကင်း၏။

သူ့အနေဖြင့် ချင်မူနှင့် ကျဲ့ဟွလီအား တစ်ပြိုင်တည်း အနိုင်ယူကာ ကောင်းကင်နတ်ဘုံ၏ ကြီးမြတ်ခမ်းနားမှုကို ကြွားဝါပြချင်သည်။ အောက်ဘုံ၏ အနူတော လူချောများအား ကောင်းကင်ဘုံ၏ တန်ခိုးအင်အားကို နားလည်သွားအောင် လုပ်ပြချင်သည်။

ချင်မူ့သွေးများ ဆူပွက်လာသည်။ ချီကျုံရီက လူနှစ်ယောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်နေသော်လည်း ချီကျုံရီ၏ တိုက်ကွက်အား သူတစ်ယောက်တည်း ရင်ဆိုင်နေရသကဲ့သို့ ခံစားရသည်။ ကောင်းကင်နတ်ဘုံမှ လူငယ်သည် သူ တစ်ခါမှ မဆုံတွေ့ခဲ့ဖူးသော ကြောက်မက်ဖွယ်ရာ ပြိုင်ဘက်တစ်ယောက် ဖြစ်ကြောင်း ထင်ရှား၏။

ချီကျုံရီ၏ ကောင်းကင်နတ်သိုင်းအတွက် ရုပ်လုံးပေါ်လာရန် အချိန်များစွာ ယူခဲ့ရသော်လည်း စွမ်းအားက ချင်မူ့ကို စိတ်လှုပ်ရှားလာစေသည်။

ယခုလို ကြောက်မက်ဖွယ်ရာ ပြိုင်ဘက်မျိုးအား သူ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။

ချင်မူ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နဂါးတွန်သံများ သူ့ခန္ဓာကိုယ်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ တခဏအတွင်း ရှေးဟောင်းနဂါးသံရှစ်ချက်က ရှစ်ကြိမ် မြည်ဟည်းလာကာ လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်သည် တစ်ပတ်အပြည့် လှည့်ပတ်သွား၏။

ခေါင်းကိုးလုံးမီးငှက်က ရောင်စုံအလင်းတန်းများ ဖြန့်ကျက်လျက် ခံ့ညားလှပစွာ ပျံသန်းလာသည်။ အံ့ဩတုန်လှုပ်ဖွယ်စွမ်းအားကိုလည်း ထုတ်လွှတ်နေသည်။

ခေါင်းကိုးလုံးမီးငှက်သည် တမုဟုတ်ချင်း ချင်မူ့ခန္ဓာကိုယ်အနား ရောက်လာ၏။ သစ်ပင်ပေါ်တွင် နားနေတုန်းက ၎င်း၏အသွင်မှာ မယှဉ်နိုင်လောက်အောင် ကြီးမားပုံရသော်လည်း ချင်မူ့မျက်နှာအနား ရောက်လာသည့်အခါ ခြေတစ်ဖဝါးစာပင် မရှိတော့ပေ။

သို့သော် သေးငယ်လာလေလေ၊ စွမ်းအားက ပြင်းထန်အားကောင်းလာလေလေ ဖြစ်သည့်အတွက် ပို၍ကြောက်စရာကောင်းလာသည်။

ချီကျုံရီက မုဒြာလက်ကွက်တစ်ကွက် သုံးလိုက်ပြီး ရှေးဟောင်းသစ်ပင်သည် မိစ္ဆာဓားမအပေါ် လဲကျသွား၏။ ဓားမနှင့်သစ်ပင် ဝင်တိုက်တော့မည့်အချိန်တွင် အားလှိုင်းများက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားပြီး မီးတောက်မီးလျှံများနှင့် ဓားမရောင်တို့ နောက်မှလိုက်ပါလာ၏။ လေပြင်းများက တဝေါဝေါ အော်မြည်လျက် သိမ်းကျုံးတိုက်ခတ်သွားသည်။

မီးလှိုင်းတို့ကြောင့် မြေပြင်မှာ အရည်ပျော်သွားပြီး ချော်ရည်ပြင် ဖြစ်လာသည်။ နီစွေးနေသော ချော်ရည်ပြင်ထက်၌ ဓားမရိပ်တို့ ကခုန်နေ၏ ။ ကောင်းကင်နတ်သိုင်းနှစ်ခု ထိသွားသည့်အခါ မိစ္ဆာဓားမများက ချော်ရည်ထဲမှ ခုန်ထွက်လာပြီး ထုတ်လွှတ်နေသော ဓားမကွက်များက တစ်ခုနှင့်တစ်ခု မတူညီပေ။ မိစ္ဆာဓားမတိုင်း၏ လက်ကိုင်ရိုးပေါ်တွင်လည်း ထူးဆန်းသော မိစ္ဆာမျက်လုံးတစ်လုံးစီ ရှိနေသည်။ မိစ္ဆာအကြည့်များက ချီကျုံရီ၏အပေါ် ကျရောက်လာပြီး မိစ္ဆာဓားမ သွားရာလမ်းကြောင်းတို့က မိစ္ဆာမျက်လုံး၏အကြည့်အပေါ် မူတည်နေဟန်တူသည်။

သို့သော် ချော်ရည်ပြင်ထဲ၌ ရှေးဟောင်းသစ်ပင်အသေးလေးများ ပေါ်လာကာ မိစ္ဆာဓားမများအား ကာဆီးလိုက်၏။ သစ်ပင်များအပေါ်၌ မီးငှက်အသိုက်များ ရှိပြီး အရောင်အလင်းတန်းများ ဖြန့်ကျက်လိုက်သည့်အခါ ချော်ရည်ပြင်ထဲမှ ပျံထွက်လာသော မိစ္ဆာဓားမအားလုံး ကြေမွသွားတော့သည်။

တစ်ချိန်တည်းမှာပင် ချင်မူ၏ဓားစက်လုံးက ပျံထွက်လာပြီး မျက်ခုံးနှစ်ဖက်ရှေ့၌ လွင့်မျောနေသည်။ ချင်မူ လက်နှစ်ချောင်းကို ဓားသဖွယ် အသုံးပြု၍ မျက်ခုံးနှစ်ဖက်ကြားသို့ ဖိလိုက်သည်နှင့် ဓားအလက်ရှစ်ထောင်မှ ဖွဲ့တည်နေသော ဓားစက်လုံးသည် တမုဟုတ်ချင်း ပုံသဏ္ဍာန် ပြောင်းလဲသွား၏။

ဓားအလက်ရှစ်ထောင်က ဓားရောင်တစ်ခု ဖြစ်လာသည်။  သူက ဓားလက်ချောင်းနှစ်ချောင်းဖြင့် ရှေ့သို့ ညွှန်လိုက်ပြီး ဓားရောင်သည် အလွန်တရာ စူးရှ‌တောက်ပလာသည်။ ချင်မူသည် ခွန်အားနှင့် စွမ်းအင်အားလုံးကို စုစည်း၍ ဓားလက်ချောင်းအား ခေါင်းကိုးလုံးမီးငှက် ရှိရာဘက်သို့ ထိုးစိုက်လိုက်၏။

ရွှစ်

ဓားရောင်က မီးငှက်ဖြင့် ဝင်တိုက်သွားသည်။ ဓားရောင်သည် ဖြာထွက်လာခဲ့တုန်းက တိုင်လုံးကြီးသဖွယ် ကြီးမားခဲ့သော်လည်း သူ့ဓားလက်ချောင်းမှ ထွက်လာသည့်အချိန်တွင် အပ်ချည်မျှင်ပမာ သေးမျှင်နေ၏။

သို့သော် အနားကပ် ကြည့်လျှင်မူ မရေမတွက်နိုင်သော ဓားရိပ်များ ကိန်းဝပ်နေသယောင် ထင်ရသည်။

ကပ်ဘေးဓား၏ ပထမဓားကွက်သည် ကပ်ဘေးဖွင့်ဓားဟု ခေါ်ပြီး ရွှင်ပျော်ပျော်ဓားက အခရာ ဖြစ်သည်။ ရွှင်ပျော်ပျော်ဓားတွင် ဓားသွားမျက်နှာပြင် ရှစ်ဖက်ရှိပြီး မျက်နှာပြင်ရှစ်ဖက်က လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်၏ သင်္ကေတအမှတ်အသားများကို ထင်ဟပ်ပြသသည်။

အမေဓား၏ ဓားရောင်က သင်္ကေတအမှတ်အသားများကို ကလေးဓားတစ်လက်အပေါ် ထင်ဟပ်စေလိုက်ကာ ကလေးဓား၏ စွမ်းအင်အား အသက်သွင်းပေးလိုက်သည်။ ဤသို့ဖြင့် ကလေးဓားတစ်လက်ပြီးတစ်လက် ရောင်ပြန်ဟပ်သွားသည်။ ဓားတစ်လက်စီတိုင်း၏ ဓားသွားကား အဋ္ဌဂံမှန်တစ်ချပ်သဏ္ဍာန် ရှိနေပြီး တခဏအတွင်း ဓားအလက်ရှစ်ထောင်လုံး စွမ်းအင်အလုံးစုံ ထုတ်လွှတ်ရင်း လင်းထိန်လာ၏။

ဓားအလက်ရှစ်ထောင်က အဆက်မပြတ် ရွေ့လျားနေပြီး ဓားတစ်လက်စီ၏ လမ်းကြောင်းက မတူညီပေ။ များစွာမကြာလိုက်ဘဲ ရွှင်ပျော်ပျော်ဓား၏အတွင်း၌ ဓားအလက်ရှစ်ထောင်၏ စွမ်းအားအလုံးစုံ စုဝေးနေချေပြီ။

ဤသည်မှာ ကပ်ဘေးဖွင့်ဓားကွက်၏ အနှစ်သာရဖြစ်သည်။

အပြင်ပန်းမှ ကြည့်လျှင် ချင်မူက မျက်ခုံးနှစ်ဖက်ကြားအပေါ်သို့ ဖိလိုက်ရုံသာ ထင်ရ‌သော်လည်း ဤအပြုအမူက သူ့တစ်ဘဝလုံး စုဆောင်းထားခဲ့သည့် ကျင့်စဉ်စွမ်းအင်၊ အတွေးအခေါ်များနှင့် သူ၏ရုပ်ခန္ဓာ၊ မူလဝိညာဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအတွင်းရှိ ခွန်အားအလုံးစုံကို ထုတ်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ရှုပ်ထွေးမှုမှ ရိုးရှင်းမှုဆီ ချဉ်းကပ်သော သဘောတရားအကြောင်း သားသတ်သမားနှင့် ဖုရွေ့လော် ပြောနေခဲ့စဉ်က ချင်မူ များစွာအထင်ကြီးမိခဲ့သည်မှာ သူကိုယ်တိုင်က ထိုအဆင့်ကို ကျော်ဖြတ်ခဲ့ပြီး၍ ဖြစ်သည်။

အချိန်ယူ၍ အသက်သွင်းရသော ချီကျုံရီ၏ မဟာကောင်းကင်နတ်သိုင်းနှင့် ယှဉ်လျှင် သူ၏ကပ်ဘေးဓားသည် လွန်စွာမြန်၏။

ဤသည်မှာ ဖန်တီးခြင်းနှင့် သင်ယူခြင်း၏ ခြားနားမှုပင် ဖြစ်သည်။ ချင်မူက ကျင့်စဉ်ကို လမ်းစဉ်အဆင့်သို့ တွန်းပို့၍ ကိုယ်ပိုင်ကပ်ဘေးဓားသိုင်းကို ဖန်တီးနိုင်ခဲ့သောကြောင့် တုံ့ပြန်နှုန်းက မယှဉ်နိုင်အောင် မြန်သည်။

ကျဲ့ဟွလီကမူ လမ်းစဉ်အဆင့် ရောက်ရှိပြီးထားသော ဓားမသိုင်းကို သင်ယူခဲ့ရ၏။ ဓားမကွက်က သူ၏အပိုင်သိုင်းကွက် ဖြစ်ပါသော်လည်း ကျင့်စဉ်ကတော့ သူများဆီမှ ဖြစ်သည်။ သူသည် လော့ဝူရွှမ်၏ ကျင့်စဉ်ကိုသာမက ဖုရွေ့လော်၏ ကျင့်စဉ်ကိုလည်း သင်ယူခဲ့သည့်အတွက် ကျင့်စဉ်မှ လမ်းစဉ်အဆင့်သို့ မိမိဘာသာ ဝင်ရောက်သွားသော ချင်မူ့အောက် အနည်းငယ် နိမ့်ကျ၏။

အနည်းငယ် နိမ့်ကျနေသော်လည်း ချီကျုံရီ မဟာကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်ရန် အချိန်ယူရသလောက် ကျဲ့ဟွလီက မကြာပေ။

သို့ရာတွင် ချီကျုံရီက ကောင်းကင်နတ်ဘုံ၏ ဧကရာဇ်ပလ္လင်ကျင့်စဉ်ကို ကျင့်ထား၍ မဟာကောင်းကင်နတ်သိုင်း၏စွမ်းအားသည် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းအောင် ကြီးမား၏။ ကမ္ဘာ‌ပေါ်တွင် မြင်ရခဲသည့်အပြင် စွမ်းအားတစ်ခုတည်းဖြင့်ပင် အစစ်အမှန်နတ်ဘုရားကျင့်စဉ်ထက် များစွာသာလွန်သည်။

သို့စေကာမူ... မဟာကောင်းကင်နတ်သိုင်း နှစ်ခြမ်း ခုတ်ပိုင်းခံလိုက်ရ၏။ ခေါင်းကိုးလုံးမီးငှက်က ချင်မူ့ဆီသို့ ဦးတည်နေခဲ့ပြီး ရှေးဟောင်းသစ်ပင်က ကျဲ့ဟွလီအပေါ် လဲကျနေခဲ့သည်။

ဝှစ်

ချင်မူ၏ဓားရောင်က ခေါင်းကိုးလုံးမီးငှက်၏ ခေါင်းများကို ထိုးဖောက်သွားသည်။ မီးငှက်သည် သေးငယ်ပါသော်လည်း မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများမှ ဖွဲ့တည်ထားခြင်း ဖြစ်၏။ ထိလိုက်သည်နှင့် တမုဟုတ်ချင်း ပေါက်ကွဲကုန်တော့သည်။

ချင်မူ့ဓားထဲ ပုန်းအောင်းနေသော ဓားအလက်ရှစ်ထောင်၏ စွမ်းအားလည်း ပေါက်ကွဲထွက်လာသည်။ ပကတိမျက်စိဖြင့် မမြင်နိုင်‌အောင် အလွန်သေးမျှင်ကျစ်လစ်လှသည့် ဓားလေးများက ခုန်ထွက်လာကာ မတူညီသော ဓားကွက်များကို ထုတ်ဖော်လျက် ခေါင်းကိုးလုံးမီးငှက်၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နတ်သိုင်းတို့အား ခုတ်ထစ်နေသည်။

သွက်လက်သော ခုတ်ချက်များဖြင့် ခေါင်းကိုးလုံး မီးငှက်မှာ ပြိုကွဲသွားပြီး ဓားရောင်များသည် ချီကျုံရီဆီသို့ ဆက်လက်ဦးတည်သွား၏။

မဟာကောင်းကင်နတ်သိုင်း ပြိုကွဲသွားသည့်အခါ ချီကျုံရီ အင့်ခနဲ ညည်းတွားလိုက်ရသည်။ ရုတ်တရက် သူ့အနောက်၌ မီးတောက်များ ဟုန်းဟုန်းတောက်လာပြီး သူ၏လည်တိုင်က တွန့်လိမ်ကွေး‌ကောက်သွားကာ ခေါင်းရှစ်ခေါင်း ထွက်လာနိုင်အောင် နေရာဖယ်ပေးလိုက်သည်။ ခေါင်းရှစ်ခေါင်းသည် တင့်တယ်လှပသော ခုနစ်ရောင်ခြယ် မီးငှက်မွှေးအတောင်များဖြင့် လွှမ်းခြုံလျက် ထွက်လာကြ၏။

ချီကျုံရီကား ငှက်တို့၏ ဧကရာဇ်တစ်ပါးပမာ ခံ့ညားနေပြီး မီးငှက်ခေါင်းများက ချင်မူ၏ ဓား‌‌ရောင်ထံသို့ လှမ်းထိုးဆိတ်ကြသည်။

ချီကျုံရီ ချင်မူ့အပေါ် အာရုံရောက်သွားသည်နှင့် ကျဲ့ဟွလီအပေါ် သက်ရောက်နေသော ဖိအားမှာ အားနည်းသွားပြီး မိစ္ဆာဓားမများက ချော်ရည်ထဲမှ ခုန်ထွက်လာသည်။ ၎င်းတို့က ဓားမတစ်လက်တည်းအဖြစ် စုစည်းကာ ချီကျုံရီဆီသို့ ခုတ်ချလိုက်၏။

ချီကျုံရီ၏ နောက်ကျောရှိ ကြော့ရှင်းတင့်တယ်သော တောင်ပံများက ဖြန့်ကားလိုက်သည်။ ဓားသဏ္ဍာန် ငှက်မွှေးအတောင်များက လာနေသော မိစ္ဆာဓားမဆီသို့ ပြေးထွက်သွားသည်။

ချင်မူက ချီကျုံရီဆီ ဦးတည်သွားသည့် ဓားရောင်အနောက်မှ လျင်မြန်စွာ လိုက်သွားသည်။ သူ၏ခြေထောက် ချလိုက်တိုင်း မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းနေ၏။ သူက လက်သီးတစ်လုံးအား ချီကျုံရီဆီသို့ ပစ်သွင်းလိုက်သည်။

လက်သီးသည် ပတ်ဝန်းကျင်ရှိ လေအားလုံးကို စုပ်ယူလိုက်ပြီး မိုးကြိုးတန်းများ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ဖျတ်ဖျတ်လူးလျက် တရှိန်ထိုး ထွက်သွား၏။

ချီကျုံရီက လက်သီးကို လက်ဖြင့် ခုခံလိုက်သော်လည်း တစ်ဖက်မှ ကျဲ့ဟွလီက ဒေါသူပုန်ထနေသော မိစ္ဆာနတ်ဘုရားတစ်ပါးသဖွယ် ခြေလှမ်းကြဲကြဲများဖြင့် ပြေးလာသည်။ သူ့ပါးစပ်မှ မိစ္ဆာသံ ထွက်လာပြီး သူ၏ချီနှင့်သွေးတို့ ပြင်းထန်ဆူပွက်လာသည့်အချိန်တွင် သူ့လက်က မုဒြာလက်ဟန်တစ်ခု ဖွဲ့တည်လိုက်သည်။

ချီကျုံရီ၏ ကျန်လက်တစ်ဖက်က မုဒြာလက်ကို ဖမ်းဆုပ်ကာ နှစ်ယောက်လုံးကို ပြိုင်တူခုခံလိုက်သည်။ ကြောက်မက်ဖွယ်ရာအားလှိုင်းများ လိမ့်ထွက်လာကာ အလွန်ကျယ်လောင်သော မိုးခြိမ်းသံနှစ်ချက် ထွက်လာ၏။

ချီကျုံရီ အင့်ခနဲ ညည်းတွားပြီး သူ၏ခေါင်းရှစ်ခေါင်းမှ တစ်ပြိုင်တည်း သွေးအန်လိုက်ရသည်။

ချင်မူက ကျန်လက်တစ်ဖက်ကို ဖြန့်ကားလိုက်သည့်အခါ လွင့်ထွက်သွားသည့် ဓားပျံများက ဓားစက်လုံးအဖြစ် ပြန်လည်စုစည်းကာ သူ့လက်ဝါးအပေါ် ကျလာသည်။ သူ တင်းတင်းဆုပ်လိုက်သည်နှင့် ဓားအလက်ရှစ်ထောင်မှ ဖွဲ့တည်ထားသော နှင်းဖြူရောင်ဓားတိုင်လုံးကြီးက ချီကျုံရီ၏ လည်ပင်းဆီသို့ ဝိုက်ချလာကာ ခေါင်းကိုးလုံးအား ဖြတ်ပစ်ရန် အသင့်ဖြစ်နေသည်။

ဓားရောင်က လေဒလက်ပမာ လည်လျက် ဝိုက်ကျလာနေသည်။ ချီကျုံရီသာ ၎င်းအနားရောက်သွားလျှင် အစိတ်အစိတ်အမြွှာမြွှာ ပိုင်းဖြတ်ခံလိုက်ရလိမ့်မည်။

ကျဲ့ဟွလီက ဓားမကို ဝိုက်ဆွဲလိုက်ရာ ဓားမသည် ချင်မူ့ဓားအား ချွင်ခနဲ ဟန့်တားလိုက်၏။ ဓားမရောင်များ ဖြာထွက်သွားပြီး ချင်မူ့ဓားရောင်ကို ဖြိုခွင်းလိုက်သည်။ လူငယ်လေးက သရော်တော်တော် ပြောသည်။ “သူက ငါ့အပိုင်ပဲ.. ဂိုဏ်းသခင်ချင် ဝင်မပါတာ အကောင်းဆုံးဖြစ်လိမ့်မယ်”

ဓားမနှင့် ဓား ထိတိုက်သွားမှုကြောင့် သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များ ပြင်းပြင်းထန်ထန် တုန်ခါနေသလို၊ လက်မောင်းများလည်း ထုံကျင်လာသည်။ မိစ္ဆာဓားမနှင့် ဓားစက်လုံးသည် တုန်ခါလှိုင်းတို့ကြောင့် သူတို့လက်ထဲမှ လွတ်ထွက်သွား၏။ ချင်မူက ကျန်လက်တစ်ဖက်ဖြင့် မိစ္ဆာဓားမကို လှမ်းဆွဲ၍ ခုတ်ချလိုက်သည်။ သူကလည်း သရော်သလို ပြောလိုက်သည်။ “ကျဲ့ဟွလီ မင်းက ဦးနှောက်မရှိဘူး... ဒီလူက ငါတို့ရန်သူပဲ... သူ့ကို သတ်ပစ်မှ ငါတို့ စိတ်အေးအေးထားနိုင်လိမ့်မယ်”

ချင်မူ၏ဓားမသည် အရှိန်အဝါအပြည့်ဖြင့် လွှမ်းမိုးနေသည်။ သားသတ်သမား၏ ခက်ထန်ကြမ်းတမ်းသော အကျင့်စရိုက်က ဓားမသိုင်းထဲ၌ ကိန်းဝပ်နေသည့်အတွက် ချင်မူကလည်း ကျဲ့ဟွလီအောက် မနိမ့်ကျပေ။

ရုတ်တရက် သူ့လက် စူးခနဲ နာသွားသည်။ ငုံ့ကြည့်လိုက်သည့်အခါ လက်ကိုင်ရိုးရှိ မိစ္ဆာမျက်လုံးက ပါးစပ်ပေါက်လာခဲ့ပြီး ချွန်မြနေသော သွားများဖြင့် သူ့လက်ဝါးကို ကိုက်ချလိုက်ခြင်းဖြစ်၏။ သွေးများပင် စီးကျလာသည်။

ချင်မူ မိစ္ဆာမျက်လုံးဖြင့် အလုပ်ရှုပ်နေစဉ် ကျဲ့ဟွလီက ဓားစက်လုံးကို ဖမ်းဆုပ်လိုက်သည်။ သူ့မှာ ဖမ်းဆုပ်လိုက်လျှင် မှင်သက်သွား၏။ ဓားစက်လုံးက အလွန်လေးလံလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့လက်ထဲမှပင် လွတ်ကျလုနီးနီး ဖြစ်သွားသည်။

သို့သော် သူက အလျင်အမြန် ဟန်ချက်ထိန်းလိုက်ပြီး ဓားစက်လုံးမှ ဓားရောင်များ ဖြာထွက်သွားသည်။ ကျဲ့ဟွလီမှာ ဓားသိုင်းကို နက်နက်နဲနဲ မလိုက်စားဖူးသည့်အပြင် ဓားစက်လုံးထဲ၌ ဓားအလက်ရှစ်ထောင် ရှိနေသောကြောင့် ထိန်းချုပ်ရခက်နေသည်။ သို့ရာတွင် သူက ဓားရောင်ထုတ်လွှတ်၍ ချင်မူ့မိစ္ဆာဓားမအား ဟန့်တားလိုက်နိုင်သေး၏။ သူက အေးစက်စက် ပြောလိုက်သည်။ “သူနဲ့မင်းက အတူတူပဲ... မင်းတို့နှစ်ယောက်လုံး ငါ့လက်ချက်နဲ့ သေစေရမယ်... မင်းရဲ့ကံတရားက ငါ့ဓားမအောက်မှာ လည်စင်းခံပေးဖို့ပဲ”

ဓားနှင့်ဓားမ ထိသွားသည့်အခိုက်အတန့်တွင် ကျဲ့ဟွလီ ညည်းတွားလိုက်ရကာ နောက်သို့ ယိမ်းယိုင်သွားသည်။ ချင်မူက ဓားမသိုင်းတွင် ကျွမ်းကျင်သည့်အတွက် မိစ္ဆာဓားမ၏ အကိုက်ခံလိုက်ရသော်လည်း သူ့စွမ်းအားက လျော့ကျမသွားပေ။ ထို့အပြင် သူ၏မှော်စွမ်းအင်သည် ကျဲ့ဟွလီထက် ပိုမိုသိပ်သည်းသည် မဟုတ်ပါ‌၏လော။ ကျဲ့ဟွလီအတွက် သူ့ကို တွန်းလှန်ရန် မလွယ်ကူပေ။

ဓားနှင့်ဓားမ သူတို့လက်ထဲမှ လွတ်ထွက်သွားကြသည့်အချိန် မိစ္ဆာဓားမက လေလယ်တွင် လှုပ်ခါလိုက်၏။ မရေမတွက်နိုင်သော ဓားမရောင်များက လူငယ်သုံးယောက်ကို ဝိုင်း၍ ကောင်းကင်ယံတွင် လင်းလက်ကခုန်နေသည်။

ချင်မူက မှော်စွမ်းအင်ဖြင့် ဓားစက်လုံးကို ထိန်းချုပ်လိုက်သည်။ ဓားရောင်သည် တရှိန်ထိုး ဖြာထွက်သွားပြီး တောင်တန်းမြစ်ပြင်ပန်းချီကားတစ်ချပ်အသွင် ဖွဲ့တည်ကာ သူတို့အပေါ် ကျလာ၏။ ပန်းချီကား လူသုံးယောက်ကို လွှမ်းခြုံသွားချေပြီ။

တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓား

“ရိုင်းပျချက်ပဲ.... ငါ့ကို အထင်သေးရဲတယ်ပေါ့”

ချီကျုံရီမှာ ဒေါသလည်းထွက်၊ အံ့လည်း အံ့ဩနေသည်။ သူက ခန္ဓာကိုယ်ကို ထပ်မံလှုပ်ခါလိုက်သည့်အခါ သူ၏ရုပ်သွင်သည် လူသားခန္ဓာ၊ ငှက်လက်သည်းများနှင့် တောင်ပံများရှိသော ငှက်ခေါင်းကိုးလုံး သတ္တဝါဆန်းသဖွယ် ဖြစ်လာ၏။ သူ စွမ်းအားအပြည့် ထုတ်ဖော်၍ နှစ်ယောက်လုံးကို သတ်ရန် ပြင်နေစဉ် ချင်မူနှင့် ကျဲ့ဟွလိက ရုတ်တရက် နှစ်ယောက်ပေါင်း တိုက်ခိုက်ပြီး သူ့ကို ဒဏ်ရာအပြင်းအထန် ရသွားစေ၏။

ချီကျုံရီ သွေးအန်လိုက်ရသည်။ ချင်မူနှင့် ကျဲ့ဟွလီက သူ့ကို ဝန်းရံလျက် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေကြ၏။ သူ ပြန်တိုက်ခိုက်ရန် ပြင်လိုက်တိုင်း သူတို့နှစ်ယောက်က ပူးပေါင်း၍ သူ့ကို တိုက်ခိုက်တတ်သည်။ ချင်မူ သူ့ကို တိုက်ခိုက်တိုင်း ကျဲ့ဟွလီက ခုခံပေးပြီး ကျဲ့ဟွလီ သူ့ကို တိုက်ခိုက်တိုင်းလည်း ချင်မူက ခုခံပေးသည်။

နောက်ဆုံးတော့ ချီကျုံရီမှာ သွေးအလိမ်းလိမ်းဖြင့် ကြောက်လန့်မှုကို ခံစားလာရသည်။ ရှုံးနိမ့်သွားသော ခံစားချက်က သူ့စိတ်ထဲတွင် ဖြစ်တည်လာ၏။ သူသာ ချင်မူနှင့် ကျဲ့ဟွလီကို တစ်ယောက်ချင်း ရင်ဆိုင်ခဲ့လျှင် အနိုင်ရလိမ့်မည်။ သို့သော် နှစ်ယောက်လုံးကို ရင်ဆိုင်ခဲ့သည့်အတွက် သူတို့နှစ်ယောက်၏ ရိုက်နှက်မှုကိုသာ သူ ခံနေရတော့သည်။

‘ဘာကြောင့် ဒီလိုဖြစ်ရတာလဲ’ သူ နားမလည်နိုင်တော့ပေ။

၎

င

၎

၎

All Chapters