အခြေအနေ
Vol. 63 Ch. 857
ား......." စိတ်ဝိညာဥ်မီးသူတော်စင်က အံ့ဩလွန်းလို့ စကားမပြောနိုင်ဖြစ်နေရှာတယ်။
"ဒီနေရာက အန္တရာယ်များလွန်းတယ်။ မြန်မြန် ထွက်သွားတော့......." လီဖူချန်းက ပြောပြီးနောက် ဧကရာဇ်ကောင်းကင်တိုက်ကြီးဆီ ပျံသန်းသွားတော့တယ်။
"ကျေးဇူးအများကြီးတင်ပါတယ်"
စိတ်ဝိညာဉ်မီးသူတော်စင်က အဝေးကနေ လီဖူချန်းကို ငေးကြည့်နေမိတယ်၊ လီဖူချန်းက ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေလိမ့်မယ်လို့ သူက ကြိုသိနေခဲ့တယ်။ သူ့အနေနဲ့ကတော့ သူက သေးငယ်တဲ့ကျိုင်းကောင်တစ်ခုသာသာပါပဲ။ သူက ပါဝင်ရင် သူက ဘယ်အချိန်မဆို အစိတ်စိတ်အပိုင်းပိုင်းကြေမွသွားရမှာ သေချာတယ်။ သူ့အနေနဲ့ သူတော်စင်မီးခန်းမကို အမြန်ပြန်သွားတာ ပိုကောင်းပါတယ်။
ဧကရာဇ်ကောင်းကင်တိုက်ကြီးဆီ ပြန်ရောက်ပြီးနောက် သူ့မိသားစုနဲ့လွင့်မျောကောင်းကင်တောင်ကို အဆင်ပြေအောင် သေချာစီမံပေးပြီးနောက် လီဖူချန်းက အရှေ့ယူနီကွန်တိုက်ကြီးဆီ ဦးတည်ခဲ့တယ်။
လီဖူချန်း ထင်ထားသလိုပဲ၊ အရှေ့ယူနီကွန်တိုက်ကြီးရဲ့ကောင်းကင်မြေကြီးစွမ်းအင်က အဆက်မပြတ်တိုးလာနေတယ်။ အဲဒါက ဧကရာဇ်ကောင်းကင်တိုက်ကြီးကိုတောင် ကျော်ဖြတ်ခဲ့ပါပြီ။
"ကောင်းကင်ဘုံတာအိုက ဖြည့်စွက်ခြင်းထက် ဆုံးရှုံးခြင်းကို ပိုကြုံတွေ့နေရတယ်။ အခြားမျိုးနွယ်စုရဲ့ကျူးကျော်တာက နက်ပြာပလိန်းအတွက် ကောင်းတဲ့အရာတစ်ခု ဖြစ်နိုင်လောက်တယ်"
သိုင်းပညာရှင်တစ်ယောက်က ကျင့်ကြံတဲ့အခါ ကောင်းကင်နဲ့မြေကြီးအဆီအနှစ်ကို လုယက်တာနဲ့ အတူတူပါပဲ။ အဲဒါက သာမန်သိုင်းပညာရှင်တစ်ယောက်ဆိုရင်တော့ အဆင်ပြေပါတယ်၊ ဒါပေမယ့် ဘယ်သူတော်စင်မဆို ပလိန်းအတွက်တော့ ဝန်ထုတ်ဝန်ပိုးတစ်ခုပါပဲ။ သူတော်စင်က ဆက်လက်အသက်ရှင်သန်နေလေလေ၊ ပလိန်းအတွက် လိုအပ်ချက်များလေပါပဲ။ သေဆုံးပြီးနောက် သူတော်စင်တစ်ယောက်ရဲ့အဆီအနှစ်က ပလိန်းကို ပြန်လာနိုင်ပေမယ့် ဘယ်တော့မှသေလိမ့်မှာမဟုတ်တဲ့ကောင်းကင်ဆန့်ကျင်သူတော်စင်တွေ ရှိပါတယ်။ စကြာဝဠာထဲမှာ ပျောက်ကွယ်သွားတဲ့သူတော်စင်အချို့ ရှိတယ်၊ ဒါကြောင့် အဆီအနှစ်က ပလိန်းထဲကို ပြန်မလာနိုင်ပါဘူး။ ဒါက ပလိန်းကို တစ်ဖြည်းဖြည်း ပိုအားနည်းလာစေတယ်၊ ကောင်းကင်မြေကြီးစွမ်းအင်ကို ပိုပြီးတော့ရှားပါးလာစေတယ်။
အခြားမျိုးနွယ်စုရဲ့ကျူးကျော်မှုက လူသားတွေအတွက် ကပ်ဘေးတစ်ခုဖြစ်ပေမယ့် ပလိန်းအတွက်တော့ မတူပါဘူး။
စစ်ပွဲက သေဆုံးမှုတွေကို ယူဆောင်လာပေးပြီး သူတော်စင်များစွာကို ပျောက်ကွယ်သွားစေတယ်။ သူတို့ရဲ့အဆီအနှစ်တွေကလည်း အခြားမျိုးနွယ်စုသူတော်စင်တွေနဲ့အတူ ပလိန်းဆီ ပြန်လာတယ်။ အဲဒါက သေချာပေါက် ပလိန်းအတွက် ကြီးမားတဲ့အဟာရဖြည့်ပေးခြင်းတစ်ခု ပါပဲ။
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို နတ်ဆိုးသားရဲတွေက အုပ်ချုပ်နိုင်လုနီးပါးဖြစ်နေတယ်။
အတိတ်တုန်းက သားရဲအရှင်သခင်အနည်းငယ်ကသာ အဆင့်မြင့်တိုက်ကြီးတွေမှာ လှုပ်ရှားကြတယ်။ ဒါပေမယ့် အခုဆိုရင် ကုန်းမြေဒါမှမဟုတ်ပင်လယ်ပြင်မှာဖြစ်စေ၊ သူတို့အများစုက လူသားတွေနဲ့ အရင်းမြစ်အတွက် တိုက်ခိုက်ဖို့ အဆင့်မြင့်တိုက်ကြီးတွေဆီ တည်နေရာရွှေ့ပြောင်းလာကြတယ်။ သူတို့တွေက ပိုင်နက်နယ်မြေတွေကို သိမ်းပိုက်လာကြတယ်။
လူသားတွေက သူတို့ရဲ့ပိုင်နက်နယ်မြေတွေကို လျော့ချဖို့ ဆန္ဒမရှိပါဘူး၊ ဒါကြောင့် နတ်ဆိုးသားရဲတွေနဲ့ ပဋိပက္ခတွေ အဆက်မပြတ် ဖြစ်လာတယ်။ စစ်ပွဲက နေရာတိုင်းမှာပဲ။
ငြိမ်းချမ်းတဲ့နေရာတွေကတော့ အဓိကမြို့ကြီးတွေ၊ ကျူးကလန်နဲ့ ရှားပါးတဲ့နေရာအနည်းငယ်သာ ရှိတယ်။
"ကောင်းကင်မီးနေအက်ကွဲဓား"
"ပျက်စီးနေတဲ့အဆင့်နိမ့်မြို့တစ်မြို့အပြင်ဘက်မှာ လီကျန့်ရှင်းက နတ်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်နေတယ်။
လက်ရှိလီကျန့်ရှင်းက အရင်ကထက် အဆင့်ပိုမြင့်လာတယ်။ သူက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၂ကို တိုးမြှင့်နိုင်ခဲ့ရုံသာမက ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားတစ်လက်ဖြစ်တဲ့ကောင်းကင်မျဉ်းဓားကိုလည်း ကိုင်ဆောင်ထားခဲ့တယ်။ သူ့ရဲ့ခွန်အားက သာမန်အဆင့်မြင့်သူတော်စင်တွေနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။
ဒါပေမယ့် သူ့ရန်သူတွေက လျော့တွက်လို့မရပါဘူး။ အလယ်ဆင့်သားရဲအရှင်သခင်နှစ်ကောင်နဲ့အဆင့်မြင့်သားရဲအရှင်သခင်နှစ်ကောင်ပါပဲ။
ဝုန်း ဝုန်း ဝုန်း.......
အဆုံးမှာတော့ လီကျန့်ရှင်းက ထိုလေးကောင်အတွက် ပြိုင်ဘက်မဟုတ်ပါဘူး။ အကွက်ဒါဇင်ကျော်ပြီးနောက် သူက သွေးအန်ပြီး နောက်သို့ လွင့်ထွက်သွားရတယ်။
"လီကျန့်ရှင်း၊ ကောင်းကင်မျဉ်းဓားပညာက အဲဒီလို မဟုတ်ဘူး"
လမ်းတစ်လျှောက်မှာ လီဖူချန်းက နတ်ဆိုးသားရဲမရေမတွက်နိုင်လောက်အောင် သတ်ဖြတ်လာခဲ့တယ်။
ကောင်းကင်မှာ ဓားအလင်းတစ်ခု လင်းလက်လာပြီး လီဖူချန်းက လီကျန့်ရှင်းအထက်မှာ ထွက်ပေါ်လာတယ်။
"လီဖူချန်း" လီကျန့်ရှင်းရဲ့မျက်လုံးတွေက ပြူးကျယ်သွားတော့တယ်။
"နောက်ထပ်လူသားပါရမီရှင်သူတော်စင်ပဲ။ သူ့ကို သတ်ကြ......"
လီဖူချန်းက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၄သာ ရှိတာကို မြင်ပြီး နတ်ဆိုးအရှင်သခင်လေးယောက်က လီဖူချန်းနဲ့ ပတ်သက်ပြီး အများကြီး မစဉ်းစားပါဘူး။
" ဒီမှာကြည့်၊ ကောင်းကင်လေနတ်ဘုရားမြန်နှုန်းခုတ်ပိုင်းချက်"
လီဖူချန်းက သူ့ရဲ့ဓားကိုတောင် မထုတ်ခဲ့ပါဘူး။ သူက သူ့ရဲ့ဓားလက်ချောင်းနဲ့ ခုတ်ပိုင်းရုံသာဖြစ်ပြီး ဓားအလင်းစီးကြောင်းတွေက နေရာတစ်ခုလုံးကို ဖျက်ဆီးနေတယ်။ မြန်နှုန်းက အလင်းမြန်နှုန်းနဲ့ သိသိသာသာ နီးကပ်တယ်။ ဒါပေမယ့် အဲဒါက လီဖူချန်း နက်ပြာပလိန်းရဲ့အဆင့်မြင့်တိုက်ကြီးတစ်ခုထဲမှာ ရှိတဲ့အချက်ကြောင့်ပဲ။ သူက စကြာဝဠာထဲမှာ ဆိုရင် ဓားလက်ချောင်းမြန်နှုန်းက ဓားအလင်းမြန်နှုန်းထက်အဆများစွာ ပိုမြန်လိမ့်မယ်။
ဇွပ် ဇွပ် ဇွပ် ဇွပ်.......
သားရဲအရှင်သခင်လေးကောင်က ခုတောင်မခုခံနိုင်ဘူး၊ သူတို့က အကြိမ်မရေမတွက်နိုင်စွာ ထိုးဖောက်ခံခဲ့ရတယ်။ လေတစ်ချက်တိုက်လိုက်ရာ သူတို့က ဖုန်မှုန့်တွေပမာ ပြန့်ကျဲသွားတော့တယ်။
"ဒါက ကောင်းကင်မျဉ်းဓားပညာရဲ့အနှစ်သာရလား......." လီကျန့်ရှင်းက ထိတ်လန့်တုန်လှုပ်သွားတယ်။
လီဖူချန်းက ကောင်းကင်မျဉ်းဓားပညာကို ကျင့်ကြံခဲ့တာကို သူ သိတယ်။ တကယ်တော့ လီဖူချန်းက ကောင်းကင်မျဉ်းဓားကို ရှာတွေ့ခဲ့တဲ့သူပဲလေ။
ဒါပေမယ့် လီကျန့်ရှင်းရဲ့အမြင်အရ လီဖူချန်းက ကောင်းကင်မျဉ်းဓားပညာကို တတိယအဆင့်အထွတ်အထိပ်အထိသာ ကျင့်ကြံနိုင်မယ်ပေါ့။ လီကျန့်ရှင်းလည်း ကောင်းကင်မျဉ်းဓားကို အားကိုးပြီး ကောင်းကင်မျဉ်းဓားပညာကို တတိယအဆင့်အထွတ်အထိပ်ထိ ကျင့်ကြံနိုင်ခဲ့တယ်လေ။
ဒါပေမယ့် အခုကြည့်ရသလောက် လီဖူချန်းရဲ့ကောင်းကင်မျဉ်းဓားပညာက တတိယအဆင့်အထွတ်အထိပ်မဟုတ်ပါဘူး။ အဲဒါက အနည်းဆုံးဒုတိယအဆင့်အထွတ်အထိပ် ဒါမှမဟုတ် ပထမအဆင့်အထွတ်အထိပ် ဖြစ်နိုင်လောက်တယ်။
"သူက အဆုံးစွန်းအဆင့်ဓားတစ်လက်ရဲ့ပိုင်ရှင်ဖြစ်ဖို့ တကယ် ထိုက်တန်တာပဲ" ကောင်းကင်မျဉ်းဓားစိတ်ဝိညာဉ်က တိတ်တဆိတ် ညည်းလိုက်တယ်။
လီကျန့်ရှင်းက ထူးချွန်ပေမယ့် လီဖူချန်းနဲ့ နှိုင်းယှဉ်ရင် အဲဒါက မှေးမှိန်သွားတော့တယ်။
"အချိန်တော်တော်ကြာခဲ့ပြီပဲ" လီဖူချန်းက လီကျန့်ရှင်းထံ ကြည့်လိုက်တယ်။
"တကယ်ကို တော်တော်ကြာခဲ့ပြီ။ မင်းကို လိုက်မီနိုင်မယ်လို့ ငါ အစက တွေးထားတာ။ ကြည့်ရတာ ငါက ယုံကြည်မှုရှိလွန်းနေတာပဲ" အသက်တစ်ချက်ရှုပြီးနောက် လီဖူချန်းက ဖြည်းညင်းစွာ ပြောလိုက်တယ်။
လီဖူချန်းက ပြုံးကာ ပြောလိုက်တယ်"လူသားတွေက အခု အတော်အခြေအနေဆိုးနေတာပဲ။ ငါတို့တွေ ကြိုးစားအားထုတ်ဖို့လိုတယ်......."
ကြီးမားတဲ့လူသားမျိုးနွယ်က သူတစ်ယောက်တည်းကို မှီခိုလို့မရပါဘူး။ လီကျန့်ရှင်း၊ ဓားဧကရာဇ်၊ ဓားအာဏာရှင်နဲ့ ခံစားချက်မဲ့ဓားဧကရာဇ်တို့က လူသားမျိုးနွယ်အနာဂတ်အတွက် ကြီးမားတဲ့မျှော်လင့်ချက်တွေပါပဲ။ သူတို့က သူတော်စင်ဖြစ်သွားပြီးသလားကိုတော့ အခုထိ မသိသေးပါဘူး။
သူတို့နှစ်ယောက်က ကြီးမားတဲ့ဆက်ဆံရေးတစ်ခု မရှိပါဘူး၊ ဒါကြောင့် တစ်ချက်သာစကားစမြည်ပြီးနောက် လီဖူချန်းက ထွက်ခွာသွားတယ်။
"ငါက အားနည်းလွန်းနေသေးတယ်" လီဖူချန်းရဲ့နောက်ကျောကို ကြည့်နေရင်း လီကျန့်ရှင်းက လက်သီးကို တင်းကြပ်စွာ ဆုပ်ထားမိတယ်။
"ငါ့ရဲ့အကူအညီနဲ့ဆိုရင် မင်းက အနာဂတ်မှာ သူတော်စင်အရှင်တစ်ယောက်ဖြစ်လာဖို့ ခက်ခဲတဲ့အချိန်ရှိလိမ့်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူက ကောင်းကင်အရှင်တစ်ယောက်ဖြစ်ဖို့ ကံကြမ္မာက သတ်မှတ်ထားပြီးသားပဲ" ကောင်းကင်မျဉ်းဓားစိတ်ဝိညာဉ်က သက်ပြင်းချလိုက်တယ်။
ကောင်းကင်အရှင်တစ်ယောက်ဖြစ်လာဖို့က ခက်ခဲလွန်းပါတယ်။
အတိတ်ကို ပြန်ပြောင်းကြည့်ရင် လီကလန်ရဲ့ဘိုးဘေးဖြစ်တဲ့ဓားအရှင်က တိုက်ဆိုင်မှုတစ်ခုကြောင့် သူတော်စင်တစ်ယောက် ဖြစ်လာတယ်။ ပြီးနောက် သူက ကောင်းကင်မျဉ်းသွေးမျိုးဆက်ကို ဖြစ်ပေါ်စေခဲ့ပြီး အဲဒါကို အခြေခံအုတ်မြစ်တစ်ခုအဖြစ် အသုံးပြုကာ ထိပ်တန်းအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းဖြစ်တဲ့ကောင်းကင်မျဉ်းဓားနည်းလမ်းကို ဖန်တီးခဲ့တယ်။
ဒီလိုဆိုပေမယ့် ဓားအရှင်က ကောင်းကင်အရှင်တွေကြားမှာ အားနည်းတယ်လို့ ယူဆထားတုန်းပါပဲ။ အမှန်တကယ်အားကောင်းတဲ့ကောင်းကင်အရှင်တစ်ယောက်က အဆုံးစွန်းအဆင့်သိုင်းပညာတစ်ခုကို သေချာပေါက် နားလည်နိုင်လိမ့်မယ်။ အကြွင်းမဲ့ကောင်းကင်အရှင်တွေအတွက်ကတော့ သူတို့က အဆုံးစွန်းအဆင့်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ဖန်တီးရပါမယ်။ အဆုံးစွန်းအဆင့်သိုင်းပညာနဲ့အဆုံးစွန်းအဆင့်ကျင့်ကြံခြင်းနည်းလမ်းရှိမှသာ တစ်စုံတစ်ယောက်က အစစ်အမှန်ပြိုင်ဘက်ကင်းဖြစ်ပေလိမ့်မယ်။
ဒါပေမယ့် ကောင်းကင်အရှင်တွေအထက်မှာ အကြိုနတ်ဘုရားတွေ ရှိသေးတယ်။ သို့သော်လည်း အကြိုနတ်ဘုရားတစ်ယောက်က ပါရမီရှိရုံနဲ့ မဖြစ်နိုင်ပါဘူး။ ကံကြမ္မာကောင်းတွေကို တွေ့ရှိဖို့လိုအပ်တယ်။
ကံကြမ္မာကောင်းတွေနဲ့ မကြုံတွေရင် အလွန့်အလွန်ထူးကဲတဲ့ပါရမီရှိရင်တောင် အကြိုနတ်ဘုရား မဖြစ်နိုင်ပါဘူး။
"ဘိုးဘေးက အဲဒါကို လုပ်နိုင်ရင် ငါလည်း လုပ်နိုင်ရမယ်"
သူက ကောင်းကင်အရှင်တစ်ယောက်မဖြစ်နိုင်ဘူးဆိုတာကို လီကျန့်ရှင်းက မယုံကြည်ပါဘူး။ အတိတ်မှာတုန်းက သူ့မှာ ရည်မှန်းချက်တစ်ခုမှ မရှိဘူး၊ ပေါ့ပါးလွတ်လပ်တဲ့စိတ်တစ်ခုသာ ရှိတယ်။ ဒါပေမယ့် ဓားပြိုင်ပွဲမှာ ဝင်ပြိုင်ပြီးနောက် သူ့ကိုယ်သူ အားရကျေနပ်ခြင်း မရှိတော့ပါဘူး။
လေတိမ်မြို့၊ ဓားသမားအစည်းအရုံးဌာနချုပ်။
"လီဖူချန်း၊ နောက်ဆုံးတော့ မင်း ပြန်လာပြီပဲ။ မင်းက အပြင်မှာ ပျောက်ကွယ်သွားပြီလို့တောင် ငါ ထင်နေတာ" လီဖူချန်းကို မြင်ပြီး ဆန်းကြယ်နက်နဲဓားသူတော်စင်က စိတ်သက်သာရာရသွားတယ်။ ယခုက ခက်ခဲတဲ့အချိန်ကာလတစ်ခုပါပဲ။ အတိတ်မှာတုန်းက နှစ်ပေါင်းများစွာ ကြာတာတောင် သူတော်စင်တွေကြားသေဆုံးမှုတစ်ခုက မဖြစ်လာခဲ့ဖူးဘူး။ အခုတော့ နှစ်တိုင်းမှာ သူတော်စင်တွေများစွာက သေကျေပျက်စီးနေခဲ့ကြတယ်။
လီဖူချန်းက မေးလိုက်တယ်"ဆန်းကြယ်နက်နဲဓားသူတော်စင်၊ ဒီနှစ်တွေအတွင်း တစ်ခုခုဖြစ်ပျက်ခဲ့လို့လား"
ဆန်းကြယ်နက်နဲဓားသူတော်စင်က သက်ပြင်းချကာ ပြောလိုက်တယ်"အခြားအရာတွေက အဆင်ပြေပါသေးတယ်၊ ဒါပေမယ့် အံ့ဖွယ်သဘာဝဓားသူတော်စင်က ပျောက်ဆုံးနေတယ်"
"အံ့ဖွယ်သဘာဝဓားသူတော်စင်က ပျောက်ဆုံးနေတာလား" လီဖူချန်းက မျက်မှောင်ကြုတ်မိသွားတယ်။
အံ့ဖွယ်သဘာဝဓားသူတော်စင်ရဲ့ခွန်အားအရ ရန်သူက အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်မဟုတ်ရင် သူ့ကို သတ်ဖို့က မဖြစ်နိုင်ပါဘူး။
"အဲဒါဟုတ်တယ်၊ မင်းရဲ့အဖော်ရန်ချင်းဟူဆိုတဲ့တစ်ယောက်ကိုလည်း မြင့်မြတ်ဓားမော့ဂိုဏ်းရဲ့ရန်ကလန်က ခေါ်သွားပြီ" ဆန်းကြယ်နက်နဲဓားသူတော်စင်က တစ်ခုခုကို သတိရလာကာ ချက်ချင်း ပြောလိုက်တယ်။
"သူတို့က သူမကို လက်ခံလိုက်ပြီးလား" လီဖူချန်းက စိုးရိမ်သွားပြီး ရက်အနည်းငယ်ကြာပြီးနောက် မြင့်မြတ်ဓားမော့ဂိုဏ်းကို ကိုယ်တိုင် သွားရောက်ဖို့ ဆုံးဖြတ်လိုက်တယ်။
(မိစ္ဆာသားရဲ=နတ်ဆိုးသားရဲ၊ ကျွန်တော်စရေးတုန်းက demonic beastsကို မိစ္ဆာသားရဲအစား နတ်ဆိုးသားရဲလို့ သုံးနှုန်းခဲ့ပါတယ်။ အခု အပိုင်းရာကျော်နေပြီးဆိုတော့ ပြန်မပြောင်းတော့ပါဘူးနော်......လက်ရှိမြန်မာဘာသာပြန်သူ)
***