ရန်ကလန်ကို သွားရောက်ခြင်း
Vol. 63 Ch. 858
မြင့်မြတ်ဓားမော့ဂိုဏ်းက နက်ပြာပလိန်းရှိထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းထဲကတစ်ခုပါပဲ။
ဂိုဏ်းခေါင်းဆောင်က အဆုံးစွန်းယင်ဓားမော့သူတော်စင်ဖြစ်ပြီး အလွန်အားကောင်းတဲ့အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ဖြစ်တယ်။
မြင့်မြတ်ဓားမော့ဂိုဏ်းရဲ့အထွတ်အထိပ်တုန်းက သူတို့မှာ ကောင်းကင်အရှင်တစ်ယောက် ရှိခဲ့တယ်။ ကောင်းကင်အရှင်ကို မြင့်မြတ်ဓားမော့ကောင်းကင်အရှင်လို့ ခေါ်ပြီး သူ့ရဲ့ဓားမော့ပညာဖြစ်တဲ့မြင့်မြတ်ဓားမော့အပြစ်ဖြေခြင်းကိုးခုက ပလိန်းမှာ ပြိုင်ဘက်ကင်းတယ်။
ကျူးကျော်မှုကြောင့် မြင့်မြတ်ဓားမော့ဂိုဏ်းက ကြီးမားတဲ့ဆုံးရှုံးမှုကို ခံစားခဲ့ရတယ်။ သူတို့က စစ်ပွဲအတွင်း သူတော်စင်ရှစ်ယောက်ကို ဆုံးရှုံးခဲ့ပြီး သူတို့ထဲကတစ်ယောက်က ရန်ကလန်ကဖြစ်တယ်။
မြင့်မြတ်ဓားမော့ဂိုဏ်းရဲ့ပင်မကလန်ခုနှစ်ခုထဲကတစ်ခုဖြစ်တဲ့ရန်ကလန်ကို သူတော်စင်နှစ်ယောက်က အမြဲတမ်း ကြီးကြပ်ခဲ့တယ်။ ဒါကြောင့် သူတို့က မြင့်မြတ်ဓားမော့ဂိုဏ်းရဲ့နံပါတ်၃ကလန်အဖြစ် ခိုင်မာစွာ တည်ရှိနေတယ်။ ဒါပေမယ့် ကျူးကျော်မှုပြီးနောက် ရန်ကလန်က သူတော်စင်တစ်ယောက်ကို ဆုံးရှုံးခဲ့ပြီး သူက ရန်ကလန်ရဲ့အသန်မာဆုံးသူတော်စင် ဖြစ်တယ်။ ကျန်ရှိနေတဲ့သူတော်စင်ကို ဓားမော့ရှည်သူတော်စင်လို့ခေါ်ပြီး စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်အဆင့်၂သာ ရှိတယ်။ ဒီလိုနဲ့ မြင့်မြတ်ဓားမော့ဂိုဏ်းမှာ စကားပြောဆိုနိုင်တဲ့ရန်ကလန်ရဲ့အမိန့်အာဏာက အကြီးအကျယ် လျော့ကျသွားခဲ့တယ်။ ဒီအတိုင်းသာ ဆက်သွားရင် ရန်ကလန်က သေချာပေါက် နိမ့်ကျလာပါလိမ့်မယ်။
ဒါပေမယ့် ဓားမော့ရှည်သူတော်စင်က ရန်ကလန်ရဲ့သွေးမျိုးဆက်ရှိတဲ့ထိပ်တန်းအဆင့်ပါရမီရှင်တစ်ယောက်ကို ပြန်ခေါ်လာတယ်။ ဒီပါရမီရှင်က ဥပဒေသပြောင်းလဲခြင်းနယ်ပယ်မှာသာ ရှိပေမယ့် သူတော်စင်လိပ်ပြာကို သိပ်သည်းထားနိုင်ခဲ့ပြီး ထူးခြားတဲ့မွေးရာပါစွမ်းရည်နဲ့ထိုးထွင်းသိမြင်မှု ရှိတယ်။
ရန်ကလန်သားတစ်ယောက်က သူတော်စင်တစ်ယော်က်ဖြစ်လာရင် သူတော်စင်လိပ်ပြာက ပျံသန်းနေတဲ့ပျံလွှားတာအိုတည်ရှိမှုတစ်ခုအား ထုတ်လွှတ်တာကို တစ်ယောက်မှ မသိကြပါဘူး။ ရန်ကလန်ရဲ့သူတော်စင်တွေက တခြားပျံသန်းနေတဲ့ပျံလွှားတာအိုတည်ရှိမှုတစ်ခုကို ရှာဖွေတွေ့ရှိနိုင်တယ်။ ဒါပေမယ့် ဓားမော့ရှည်သူတော်စင်က တစ်ခုခုထူးဆန်းသလို ခံစားရတယ်။ ဘာလို့ သူက ဒီပါရမီရှင်ကို အရင်တုန်းက ရှာဖွေတွေ့ရှိမနိုင်ခဲ့တာလဲ။
(အင်္ဂလိပ်ဘာသာပြန်သူရဲ့မှတ်စု:ယန်ရဲ့တိုက်ရိုက်အဓိပ္ပါယ်က ပျံလွှားငှက်ကို ဆိုလိုပါတယ်)
(မြန်မာဘာသာပြန်သူ၏မှတ်စု:နာမည်အမှန်က ရန်ချင်းဟူအစား ယန်ချင်ယုဖြစ်ရမှာပါ)
ရန်ကလန်ရဲ့တောင်ထွတ်၁၈ခုထဲကတစ်ခုဖြစ်တဲ့ပျံသန်းပျံလွှားတောင်ထွတ်ပေါ်မှာ ရန်ချင်းဟူက သူမရဲ့ဓားမော့ပညာကို လေ့ကျင့်နေတယ်။
ဓားမော့ပညာက ပျံလွှားတစ်ကောင်ပမာ လျင်မြန်သွက်လက်ပြီး ပြိုင်ဘက်ကင်းဓားမော့တာအိုတည်ရှိမှုတစ်ခုကို ထုတ်လွှတ်နေတယ်။
အလင်းစီးကြောင်းတစ်ခုက မိုးကုတ်စက်ဝိုင်းကို ဖြတ်သန်းသွားပြီး ပျံသန်းပျံလွှားတောင်ထွတ်ပေါ် ကျရောက်သွားတယ်။
"ဘယ်လောက်အံ့ဩစရာကောင်းတဲ့ပျံသန်းပျံလွှားဓားမော့ပညာတစ်ခုလဲ၊ ကြည့်ရတာ မင်းက ပျံသန်းပျံလွှားဓားမော့ပညာကို အထွတ်အထိပ်အဆင့်သို့အကန့်အသတ်မဲ့နီးကပ်တဲ့အထိ လေ့ကျင့်ခဲ့ပြီးပုံရတယ်"
ဓားမော့ရှည်သူတော်စင်က မုတ်ဆိတ်ရှည်ရှည်နဲ့ လူလတ်ပိုင်းတစ်ယောက်ပါ။ သူက ခေါင်းညိတ်ကာ ချီးကျူးလိုက်တယ်။
မြင့်မြတ်ဓားမော့ဂိုဏ်းရဲ့အသန်မာဆုံးဓားမော့ပညာက မြင့်မြတ်ဓားမော့ကောင်းကင်အရှင်ရဲ့မြင့်မြတ်ဓားမော့အပြစ်ဖြေခြင်းကိုးခုပါပဲ။ ဒါပေမယ့် ရန်ကလန်ရဲ့အသန်မာဆုံးမြင့်မြတ်ဓားမော့ပညာက ရန်ကလန်ရဲ့ဘိုးဘေးက ဖန်တီးခဲ့တဲ့ ပျံသန်းပျံလွှားဓားမော့ပညာဖြစ်ပြီး အဲဒါက ပထမအဆင့်အထွတ်အထိပ်ဓားပညာတစ်ခုပါပဲ။
နှစ်၁၀၀၀အတွင်းမှာ ရန်ချင်းဟူက ပျံသန်းပျံလွှားဓားမော့ပညာကို အထွတ်အထိပ်အဆင့်သို့ အကန့်အသတ်မဲ့နီးကပ်တဲ့အထိ နှစ်အနည်းငယ်အတွင်း ကျင့်ကြံနိုင်ခဲ့တဲ့တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်တယ်။
"ဘိုးဘေးကို နှုတ်ဆက်ပါတယ်" ရန်ချင်းဟူက သူမရဲ့ဓားမော့ကို ဓားအိမ်ထဲ ထိုးသွင်းပြီး ဓားမော့ရှည်သူတော်စင်ကို ဂါဝရပြုလိုက်တယ်။
သူမက ရန်ကလန်ကို ပြန်ရောက်လာခဲ့ပေမယ့် သူမရဲ့မိဘတွေထံ သူမကိုယ်သူမ အသိမပေးရသေးပါဘူး။ သူမရဲ့အမြင်အရ အဲဒါက စောလွန်းနေပါသေးတယ်။
"ရန်ချင်းဟူ၊ မင်းက ငါတို့ရန်ကလန်ရဲ့အနာဂတ်ပဲ။ သံယောဇဉ်အနှောင်အဖွဲ့တွေကြောင့် မင်းရဲ့ဓားမော့တာအိုကျင့်ကြံခြင်းကို မနှောင့်နှေးစေနဲ့။ ဖြစ်နိုင်မယ်ဆိုရင် လီဖူချန်းနဲ့ ထပ်မတွေ့နဲ့တော့။ မင်းက လုံလုံလောက်လောက်သန်မာလာတဲ့အခါကျမှ အနှောင်အဖွဲ့ထားရှိရင်လည်း မနောက်ကျသေးပါဘူး" ဓားမော့ရှည်သူတော်စင်က ရုတ်တရက် ပြောလိုက်တယ်။
ရန်ချင်းဟူက ဓားသမားအစည်းအရုံးရဲ့ပင်မအကြီးအကဲလီဖူချန်းနဲ့ နက်ရှိုင်းတဲ့သံယောဇဉ်တစ်ခုရှိခဲ့တာကို သူက ကြားသိပြီးပါပြီ။ သူတို့ကြားဘာမှမရှိဘူးလို့ တစ်ယောက်ယောက် ပြောလာရင် သူက လုံးဝယုံလိမ့်မှာ မဟုတ်ပါဘူး။
လီဖူချန်းမှာ အံ့မခန်းပါရမီတွေရှိပြီး သူက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရှိလက်ရှိမျိုးဆက်ရဲ့နံပါတ်၁ပါရမီရှင်လို့ ပြောရင် မလွန်ပါဘူးလေ။
စိတမကောင်းစရာတစ်ခုကတော့ လီဖူချန်းက ကျူးကလန်ကို ရန်စခဲ့ပြီး ကျူးဟိုင်ရုံကို သတ်ဖြတ်ခဲ့တယ်။ ကျူးကလန်ရဲ့နံပါတ်၁ဘိုးဘေးပြန်ရောက်လာတာနဲ့ လီဖူချန်းက သေချာပေါက် အသတ်ခံရလိမ့်မယ်။
နေရာတကာပါဝင်ခြင်းက ဒုက္ခတွေကိုသာ ခေါဆောင်လာလိမ့်မယ်။ ရန်ကလန်က လီဖူချန်းအတွက်နဲ့ ကျူးကလန်ကို ဆန့်ကျင်ဖို့မလိုပါဘူး။
ရန်ချင်းဟူက ဓားမော့ရှည်သူတော်စင်ရဲ့ရည်ရွယ်ချက်ကို ချက်ချင်း နားလည်ခဲ့တယ်။ "ဘိုးဘေး၊ သင်က ရန်ကလန်ကို ငါ ပါဝင်ပတ်သက်စေမှာကို စိုးရိမ်ရင် ငါက အခုချက်ချင်း ထွက်သွားရလိမ့်မယ်"
"ဘာမှ မဟုတ်ပါဘူး" ဓားမော့ရှည်သူတော်စင်က ခါးသီးစွာရယ်လျက် ပြောလိုက်တယ်"ငါ အသက်ကြီးတော့ ဒီလိုပဲ ပြောချင်ရာပြောမိတယ်လို့ သဘောထားလိုက်ပါ"
"မြင့်မြတ်ဓားမော့ဂိုဏ်းရဲ့နံပါတ်၃ကလန်နဲ့ မင်းက ကျူးကလန်ကို ကြောက်ရွံ့နေရတာလား" အသံတစ်ခုက ဟင်းလင်းပြင်မှ ပဲ့တင်ထွက်လာတယ်။
"ဘယ်သူလဲ" ဓားမော့ရှည်သူတော်စင်က စူးရှတဲ့မျက်လုံးတွေရှိပြီး ဓားမော့အလင်းတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ဦးတည်ဘက်တိုင်းကို ခုတ်ပိုင်းလိုက်တယ်။
ဓားမော့အလင်းက ရပ်တန့်သွားပြီး လီဖူချန်းက ဟင်းလင်းပြင်မှ ထွက်လာတယ်။
"လီဖူချန်း....."
ဓားမော့ရှည်သူတော်စင်က အမူအရာပြောင်းသွားတော့တယ်။ သူက စောစောကပဲ လီဖူချန်းနဲ့ပတ်သက်ပြီး ပြောနေတာ၊ အခု လီဖူချန်းက ရုတ်တရက် ထွက်ပေါ်လာတယ်။ ဒါက တိုက်ဆိုင်လွန်းအားကြီးပါတယ်။
အရေကြီးဆုံးကတော့ ဒါက မြင့်မြတ်ဓားမော့ဂိုဏ်းရဲ့ရန်ကလန်ပါ။ အစီအရင်အလွှာတွေနဲ့ ဒီနေရာကို ကာကွယ်ထားတာ။ လီဖူချန်းက ဘယ်လိုလုပ်ပြီး ဝင်ခဲ့တာလဲ။
"မင်းက ငါ့ရဲ့ရန်ကလန်ကို ကျူးကျော်ရဲတာပေါ့လေ......ဒါ့အတွက် အပြစ်ဒဏ်က သေခြင်းတရားဆိုတာ မင်း သိလား" ဓားမော့ရှည်သူတော်စင်က တင်းမာစွာ အော်လိုက်တယ်။
"သေခြင်းအပြစ်ဒဏ်ပေါ့လေ။ ဘယ်သူက ငါ့ကို အဲလို လုပ်နိုင်မှာလဲ"
လီဖူချန်းက ပြောလိုက်တယ်၊ ဓားမော့ရှည်သူတော်စင်ပတ်ပတ်လည်ရှိဟင်းလင်းပြင်က ဟက်တက်ကွဲသွားတယ်။ ဟင်းလင်းပြင်ဓားများစွာက ဓားမော့ရှည်သူတော်စင်ရဲ့ခန္ဓာကိုယ်အပေါ် ရောက်ရှိလာပြီး သူ့ကို မလှုပ်ရှားနိုင်ဖြစ်စေခဲ့တယ်။
မြင့်မြတ်ဓားမော့ဂိုဏ်းက နက်ပြာပလိန်းရှိထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းထဲကတစ်ခုဖြစ်ပေမယ့် သူတို့မှာ သူတော်စင်အရှင်တစ်ယောက်မှ မရှိပါဘူး။ လီဖူချန်းရဲ့ခွန်အားအရ သူတော်စင်အရှင်မဟုတ်သရွေ့ တစ်ယောက်မှ သူ့ကို ဘာမှမလုပ်နိုင်ပါဘူး။
"နင် ပြန်လာပြီ....." ရန်ချင်းဟူရဲ့အနက်ရောင်မျက်လုံးတွေက ကြယ်နာယုယတဲ့ခံစားချက်တွေ ဖြစ်တည်လာတယ်။
"ငါ ပြန်လာပြီ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်" ငါ မင်းကို လာကြည့်တာ"
အနေအထားကို ကြည့်ရတာတော့ ရန်ချင်းဟူက အဆင်ပြေနေပုံပဲ။
သူမက အဆင်ပြေနေမှတော့ သူက သူမကို ပြန်ခေါ်သွားစရာမလိုဘူးပေါ့။ တကယ်တော့ ရန်ချင်းဟူက သူ့ဘေးမှာထက်စာရင် ရန်ကလန်မှာ ရှိနေတာက ပိုအန္တရာယ်ကင်းပါတယ်လေ။
ဓားမော့ရှည်သူတော်စင်က ဘေးမှာ ထားလျက် သူတို့နှစ်ယောက်က စကားပြောနေခဲ့တယ်။
ဓားမော့ရှည်သူတော်စင်က မကျေနပ်ချက်တစ်ခုကိုမှ ထုတ်မပြရဲပါဘူး။ သူ့ရဲ့ခန္ဓာကိုယ်ပေါ်ရှိဟင်းလင်းပြင်ဓားက အလွန်အမင်း ထက်ရှတယ်။ သူက ရွေ့လျားမှုတစ်ခုပြုခဲ့ရင် ဒီဟင်းလင်းပြင်ဓားအားလုံးက သူ့ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်ပြီး သူက ချက်ချင်းသေသွားလိမ့်မယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။
"ဒီကလေးက သူတော်စင်တစ်ယောက်ဖြစ်သွားပြီးပဲ" ဓားမော့ရှည်သူတော်စင်က စိတ်ထဲမှ ခန့်မှန်းလိုက်တယ်။
လီဖူချန်းက သူတော်စင်မဖြစ်ခင်ကတည်းက သူက ဓားသမားအစည်းအရုံးရဲ့အကြီးအကဲတစ်ယောက်ဖြစ်နေပြီ။ အခု သူက သူတော်စင်တစ်ယောက်ဖြစ်လာပြီးဆိုတော့ သူ့ခွန်အားအဆင့်က ဘာလဲကို မသိနိုင်ပါဘူး။
ဒါပေမယ့် သူ သေချာတာကတော့ အချိန်လုံလုံလောက်လောက်ရှိရင် လီဖူချန်းက နက်ပြာပလိန်းရဲ့လွှမ်းမိုးအုပ်စိုးသူအာဏာရှင်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။
ဒါပေမယ့် လီဖူချန်းက ထိုအချိန်အထိ အသက်ရှင်ဖို့ လိုတာပေါ့လေ။
လီဖူချန်းက ရန်ချင်းဟူနဲ့ စကားပြောဆိုပြီးနောက် ဟင်းလင်းပြင်ဓားတွေကို ဖယ်ထုတ်လိုက်တယ်။ သူက ဓားမော့ရှည်သူတော်စင်ကို ပြောလိုက်တယ်"ငါ တောင်းပန်ပါတယ်"
ဓားမော့ရှည်သူတော်စင်က ပြောလိုက်တယ်"လီဖူချန်း၊ မင်းက တကယ်အားကောင်းပြီး ငါက မင်းအတွက် ပြိုင်ဘက်တစ်ယောက်မဖြစ်နိုင်ဘူး။ ဒါပေမယ့် မင်း သိရမှာက ဒါက ရန်ကလန်ပဲ။ အတွေးတစ်ချက်နဲ့ ငါက အစီအရင်ကို ထိန်းချုပ်ပြီး မင်းကို သတ်နိုင်တယ်"
ရန်ကလန်ရဲ့အစီအရင်က အဆင့်၉အဆင့်မြင့်အစီအရင်တစ်ခု ဖြစ်ပြီး အဆင့်မြင့်သူတော်စင်တစ်ယောက်ကို ပိတ်မိစေနိုင်တယ်။ ဒါ့အပြင် မြင့်မြတ်ဓားမော့ဂိုဏ်းရဲ့အထွတ်အထိပ်အစီအရင်လည်း ရှိသေးတယ်။ ပိတ်မိပြီးနောက် အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်တောင် အေးအေးချမ်းချမ်း ထွက်သွားနိုင်မှာ မဟုတ်ဘူး။
"မင်း ကြိုးစားနိုင်တယ်" လီဖူချန်းက ပြုံးလိုက်တယ်။
လီဖူချန်းက မြင့်မြတ်ဓားမော့ဂိုဏ်းနဲ့ရန်ကလန်ကို လာရဲတာကြောင့် သူ့မှာ သေချာတဲ့အစီအစဉ်တစ်ခု ရှိမှာပါ။
ပထမကတော့ မြင့်မြတ်ဓားမော့ဂိုဏ်းက ကျူးကလန်လို နက်နဲတဲ့အခြေခံအုတ်မြစ်တစ်ခု မရှိဘူး။ ကျူးကလန်က သူတော်စင်အရှင်တစ်ယောက်ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်တယ်၊ ဒါပေမယ့် မြင့်မြတ်ဓားမော့ဂိုဏ်းကတော့ မတူပါဘူး။
ဒုတိယကတော့ သူ့ရဲ့အားကောင်းတဲ့စိတ်ဝိညာဉ်နဲ့ဆိုရင် သူက ချို့ယွင်းချက်အားလုံးကို မြင်နိုင်တယ်။ မြင့်မြတ်ဓားမော့ဂိုဏ်းရဲ့အစီအရင်ကို အသာထား၊ သူက ကျူးကလန်ရဲ့အစီအရင်မှာတောင် အားနည်းချက်ကို တွေ့ရှိနိုင်တယ်လို့ လီဖူချန်းက ယုံကြည်ချက်ရှိတယ်။
တတိယကတော့ လက်ရှိသူက အထွတ်အထိပ်သူတော်စင်တစ်ယောက်ဖြစ််နေပါပြီ။ အနည်းငယ်ကသာ သူ့ကို တားဆီးနိုင်ပြီး အဲထဲမှာတော့ မြင့်မြတ်ဓားမော့ဂိုဏ်းက မပါဝင်ပါဘူး။
ဓားမော့ရှည်သူတော်စင်က ထိတ်လန့်သွားတယ်။ သူက လီဖူချန်းရဲ့မျက်လုံးထဲရှိယုံကြည်ချက်ကို မြင်နိုင်တယ်။
လီဖူချန်းက ဘာလို့ဒီလောက်ယုံကြည်ချက်ရှိနေသလဲကို သူ မမြင်နိုင်ပါဘူး။
"ငါ သွားတော့မယ်။ ငါ လက်ဆောင်အချို့ ယူလာတယ်"
မသွားခင် လီဖူချန်းက ရန်ချင်းဟူထံ နေရာလပ်လက်စွပ်တစ်ကွင်းကို ပစ်ပေးလိုက်တယ်။ သူက ဓားအလင်းတစ်ခုအဖြစ် လျှပ်တစ်ပြက်ပြောင်းသွားပြီး ဟင်းလင်းပြင်ထဲသို့ ထိုးဆင်းသွားတော့တယ်။
"အံ့မခန်းပါလား"
ဓားမော့ရှည်သူတော်စင်က အသက်ရှုသွင်းလိုက်တယ်။ စောစောက သူက ဟင်းလင်းပြင်ကို ပိတ်ဆို့ဖို့အတွက် ရန်ကလန်ရဲ့အစီအရင်ကို ထိန်းချုပ်ခဲ့ပေမယ့် သူက လီဖူချန်းထွက်သွားတာကို မရပ်တန့်နိုင်ခဲ့ဘူး။
"သူက မကောင်းတဲ့ရည်ရွယ်ချက်မရှိမှတော့ ငါ သူ့ကို ရန်စလို့မရဘူး" ဓားမော့ရှည်သူတော်စင်က စိတ်ထဲမှာ ပြောလိုက်တယ်။
နေရာလပ်လက်စွပ်ကို လက်ခံပြီးနောက် ရန်ချင်းဟူက ဖွင့်ကြည့်လိုက်ရာ သူမအတွက် သင့်တော်တဲ့အရင်းအမြစ်အားလုံးကို မြင်လိုက်ရတယ်။ အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခု၊ အထွတ်အထိပ်ချပ်ဝတ်တစ်ခု၊ အထွတ်အထိပ်ဓားမော့တစ်လက်နဲ့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေ ရှိနေတယ်။ အကြမ်းဖျင်းကြည့်လိုက်ရာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးထောင်အနည်းငယ်ရှိပြီး စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အလယ်အဆင့်အထိ ကျင့်ကြံဖို့ သူမအတွက် လုံလောက်စေတယ်။
"ဒီလိုထက်ရှတဲ့ဓားမော့......"
လက်ကို ဝှေ့ယမ်းလိုက်ရာ အထွတ်အထိပ်ဓားမော့က ရန်ချင်းဟူရဲ့လက်ထဲကို ရောက်ရှိလာတယ်။
အဲဒါက ကျောက်စိမ်းရောင်ရှိပြီးသုံးပေရှည်တဲ့ ဓားမော့ကွေးတစ်လက်ပါပဲ။ ဓားမော့ကို ဓားအိမ်မှ မချွတ်ခင် ထက်ရှတဲ့ဓားမော့ချီတစ်ခုက ရန်ချင်းဟူကို လှည့်ပတ်နေပြီး ဓားမော့ချီအကာအကွယ်တစ်ခုကို ဖြစ်စေခဲ့တယ်။
ချွမ်း.......
ဓားမော့ကို ဓားအိမ်မှ ချွတ်လိုက်တာနဲ့ ကျောက်စိမ်းရောင်ဓားမော့အလင်းက ထွက်ပေါ်လာပြီး ရန်ချင်းဟူကို အစိမ်းရောင်ပြောင်းသွားစေတယ်။ ကောင်းကင်ရဲ့တိမ်တွေက ရုတ်တရက် ခွဲထွက်သွားကြတယ်။
"ပထမအဆင့်အထွတ်အထိပ်ဓားမော့လား" ဓားမော့ရှည်သူတော်စင်က မှင်တက်မိနေတယ်။
***