ချောင်းမြောင်းတိုက်ခိုက်ခြင်း
Vol. 63 Ch. 859
အဆုံးမဲ့လွင်ပြင်မိုးကုတ်စက်ဝိုင်းတစ်ခုအပေါ်မှာ ဓားအလင်းတစ်ခုက လင်းလက်လာတယ်။
"ထင်တဲ့အတိုင်းပဲ၊ အဆင့်မြင့်တိုက်ကြီးတစ်ခုအထဲမှာသာ ငါက အလင်းမြန်နှုန်းနဲ့ နီးကပ်နိုင်တယ်။ ရွေ့လျားရေးမြန်နှုန်းနဲ့တိုက်ခိုက်ရေးမြန်နှုန်းအတွက်လည်း အတူတူပါပဲ" လီဖူချန်းက စိတ်ထဲမှာ တွေးလိုက်တယ်။
သူ့ရဲ့လက်ရှိဓားပညာကျွမ်းကျင်မှုနဲ့ဆိုရင် ဓားနဲ့လူပေါင်းစပ်ခြင်းကို ဝင်ရောက်ပြီးနောက် သူ့ရဲ့မြန်နှုန်းက ထူးကဲလာရလိမ့်မယ်။ ဒါပေမယ့် အဆင့်မြင့်တိုက်ကြီးရဲ့ဥပဒေသကန့်သတ်မှုကြောင့် အလင်းမြန်နှုန်းကို မဖော်ထုတ်နိုင်ပါဘူး။
ဒါပေမယ့် လီဖူချန်းက အလင်းမြန်နှုန်းကို မကျော်လွန်နိုင်ရင်ပင် အလင်းမြန်နှုန်းနဲ့နီးကပ်နေတာကတောင် အလွန်မြန်တယ်။ တစ်နာရီအတွင်း လီဖူချန်းက မိုင်၂ဘီလီယံကို ခရီးနှင်ခဲ့ပြီး သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့အကြီးမားဆုံးလွင်ပြင်ဖြစ်တဲ့သူတော်စင်စိတ်ဝိညာဉ်လွင်ပြင်ကို ရောက်ရှိလာတယ်။
"မီးလျှံစိမ်းသူတော်စင်၊ ဟိုကောင်လေးက သူတော်စင်စိတ်ဝိညာဉ်လွင်ပြင်ကို ဖြတ်သန်းသွားမယ်ဆိုတာ မင်း သေချာလား"
မိုင်ဆယ်မီလီယံအထက်ရှိ ဟင်းလင်းပြင်ထဲမှာ ပုံရိပ်နှစ်ခုက ပုန်းနေတယ်။ သူတို့ထဲရှိတစ်ယောက်က ကျူးနန်ရှန်ဖြစ်ပြီး အခြားကတော့ ကြောက်စရာကောင်းတဲ့နတ်ဆိုးချီလှိုင်းတွေကို ထုတ်လွှတ်နေတဲ့သားရဲအရှင်သခင်တစ်ကောင်ပါပဲ။
"သူက သူတော်စင်စိတ်ဝိညာဉ်လွင်ပြင်ကို ဖြတ်ကျော်သွားမလားဆိုတာကို ငါတို့ မကြာခင် သိရမှာပါ။ ပြီးရင်တော့ မင်းရဲ့အလှည့်ပဲ၊ ပင်လယ်ရွှေ့သားရဲအရှင်သခင်......." ကျူးနန်ရှန်က ကြိုတင်အစီအစဉ်ချထားပြီးသားပါပဲ။
"ဟားဟား၊ သူက ဒီနေရာကို ဖြတ်ကျော်သွားသရွေ့ သူက သေချာပေါက် အသက်မဲ့သွားစေရမယ်" ပင်လယ်ရွှေ့သားရဲအရှင်သခင်က ပြုံးလိုက်တယ်။
ပင်လယ်ရွှေ့သားရဲအရှင်သခင်က အရူးသားရဲနန်းတော်ရဲ့အသန်မာဆုံးသားရဲအရှင်သခင်ရှစ်ကောင်ထဲကတစ်ကောင်ပါပဲ။ သူ့ရဲ့ခွန်အားက အထွတ်အထိပ်သူတော်စင်နဲ့ နီးကပ်တယ်။ ကျူးကလန်ရဲ့သန်မာတဲ့အခြေခံကြောင့် သူက ကျူးနန်ရှန်နဲ့ အလုပ်လုပ်နေတာပါ။ တစ်ချိန်တည်းမှာပဲ လီဖူချန်းမှာ အဆုံးစွန်းအဆင့်လက်နက်တစ်ခုနဲ့ အံ့မခန်းကြွယ်ဝမှုရှိတာကို သူက သိထားတယ်လေ။
"သူ ရောက်လာပြီ" ကျူးနန်ရှန်ရဲ့မျက်လုံးတွေက တင်းမာသွားတော့တယ်။
လီဖူချန်းရဲ့ကြီးထွားတဲ့အရှိန်က မြန်လွန်းတယ်။ ကျူးကျော်စစ်အတွင်း လီဖူချန်းထုတ်ဖော်ပြသခဲ့တဲ့ခွန်အားက ကျူးနန်ရှန်ကို စိုးရိမ်ကြောင့်ကြစေတယ်။ အချိန်တစ်ခုကြာပြီးနောက် လီဖူချန်းက နက်ပြာပလိန်းရဲ့ထိပ်တန်းကျွမ်းကျင်သူတွေထဲကတစ်ယောက်ဖြစ်လာမယ်ဆိုတာကို သူက သံသယမရှိပါဘူး။
ဒါကြောင့် သူ ကြီးထွားနေတုန်း ကျူးနန်ရှန်က လီဖူချန်းကို သေချာပေါက် သတ်ရပါမယ်။
လေပြင်းတစ်ခုက လွင်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာတယ်။ ဓားအလင်းတစ်ခု ပျံသန်းတဲ့အချိန်မှာ ဟင်းလင်းပြင်က ရုတ်တရက် တွန့်လိမ်သွားတယ်။
"ထောင်ချောက်အစီအရင်လား" လီဖူချန်းက သရော်ပြုံးပြုံးလိုက်တယ်။
ဒီထောင်ချောက်အစီရင်က အဆင့်၉အဆင့်မြင့်အစီအရင်တစ်ခုသာ ဖြစ်နိုင်ပေမယ့် အတိုင်းအတာအားဖြင့် အဲဒါက ပိုမြင့်လောက်တယ်။ ဝင်ရောက်တဲ့မည်သူမဆို အစီအရင်ကြောင့် ထောင်ချောက်မိသွားရပါလိမ့်မယ်။
အစီအရင်အမျိုးမျိုးရှိပြီး ချိုးဖြတ်တဲ့အခက်အခဲကလည်း ခြားနားတယ်။
ထောင်ချောက်က သတ်ဖြတ်ဖို့အတွက်တော့ အဓိက မဟုတ်ဘူး၊ ပစ်မှတ်ကို ထောင်ဖမ်းဖို့အတွက် အဓိကပါပဲ။
အလေးအနက်ထားပြောရရင် အဆင့်၉အဆင့်မြင့် ထောင်ချောက်အစီအရင်တစ်ခုက အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ကို တစ်ခဏတာ ပိတ်မိစေနိုင်တယ်။
ဓားအလင်းက ပြန့်ကျဲသွားပြီး လီဖူချန်းက ထွကပေါ်လာတယ်။
သူ့ရဲ့စွမ်းရည်အရ ဒီထောင်ချောက်အစီအရင်ကို ချိုးဖြတ်ဖို့က ဓားတစ်ချက်ဝှေ့ယမ်းရုံသာ ကြာတယ်။ အဲဒါက သူဆန္ဒရှိမရှိအပေါ်မှာပဲ မူတည်တယ်။
"လီဖူချန်း၊ ဒီနေ့က မင်းရဲ့သေနေ့ပဲ"
ဟင်းလင်းပြင်က အက်ကွဲသွားပြီး ကျူးနန်ရှန်နဲ့ပင်လယ်ရွေ့သားရဲအရှင်သခင်က ပျံသန်းလာတယ်။
"ကျူးနန်ရှန်....." လီဖူချန်းက ကျူးနန်ရှန်ကို ချက်ချင်း မှတ်မိလိုက်တယ်။
"အရင်က ဆန်းကြယ်နက်နဲဓားသူတော်စင်နဲ့အံ့ဖွယ်သဘာဝဓားသူတော်စင်တို့က မင်းကို ကာကွယ်ပေးခဲ့တယ်။ အခု ဘယ်သူက မင်းကို ကာကွယ်ပေးမလဲကို ငါ မြင်ချင်တယ်" သူက လူသေတစ်ယောက်ကို စိုက်ကြည့်နေတဲ့ပမာ ကျူးနန်ရှန်က လီဖူချန်းကို စိုက်ကြည့်နေတယ်။
"ဒီလိုလား" လီဖူချန်းက ကျူးနန်ရှန်နဲ့ပင်လယ်ရွှေ့ သားရဲအရှင်တို့ကို ရယ်စရာအလား ကြည့်လိုက်တယ်။
လီဖူချန်းက ကျူးနန်ရှန်ရဲ့ခွန်အားကို သိတယ်။ အသုံးအဆောင်ပစ္စည်းများစွာနဲ့အတူ ကျူးနန်ရှန်ရဲ့ခွန်အားက ဆန်းကြယ်နက်နဲဓားသူတော်စင်ထက် ပိုမြင့်ပြီး အံ့ဖွယ်သဘာဝဓားသူတော်စင်နဲ့ နှိုင်းယှဉ်နိုင်တယ်။
သားရဲအရှင်သခင်ရဲ့နတ်ဆိုးချီအရ သားရဲအရှင်သခင်က ဆန်းကြယ်ရေခဲသားရဲအရှင်သခင်နဲ့ နှိုင်းယှဉ်နိုင်ပြီး အံ့ဖွယ်သဘာဝဓားသူတော်စင်ထက် ပိုမြင့်ပုံပေါ်တယ်။
ဒီလိုသန်မာတဲ့ဝင်္ကပါတစ်ခုနဲ့ဆိုရင် အထွတ်အထိပ်အဆင့်သူတော်စင်အောက်ဘယ်သူမဆို အခွင့်မသာဖြစ်သွားရပေမယ်။
စိတ်မကောင်းစရာတစ်ခုကတော့ လက်ရှိလီဖူချန်းက အရင်ကနဲ့ မတူပါဘူး။
"ကျူးနန်ရှန်၊ ကျုးကျော်စစ်ပွဲအတွင်း မင်းရဲ့ကျူးကလန်က ပန်းတစ်ရာဓားသူတော်စင်ကို လုပ်ကြံခဲ့တယ်။ အခု အံ့ဖွယ်သဘာဝဓားသူတော်စင်က ပျောက်ဆုံးနေတယ်၊ အဲဒါလည်း မင်းတို့ရဲ့လက်ချက်ပဲ ဖြစ်လောက်တယ်။ ငါ အခုထိ မင်းကို မရှာရသေးဘူး၊ မင်းကိုယ်တိုင် ငါ့ကို လာတွေ့တာပဲ" လီဖူချန်းက သူ့ရဲ့သတ်ဖြတ်ခြင်းဆန္ဒကို မဖုံးကွယ်ထားပါဘူး၊ သူက ကျူးနန်ရှန်ကို တည်ငြိမ်တဲ့လေသံနဲ့ ပြောလိုက်တယ်။
"ငါ့ကို ရှာဖို့။ ဟားဟား......။ ဒါက ငါ ကြားဖူးသမျှအရယ်ရဆုံးဟာသပဲ" ကျူးနန်ရှန်က ရက်စက်စွာ ပြုံးလိုက်တယ်" လီဖူချန်း၊ မင်းက အလွန်လျင်မြန်စွာ တိုးတက်လာတာကို ငါ ဝန်ခံတယ်။ ငါ တစ်ယောက်တည်းနဲ့ မင်းကို ဘာမှမလုပ်နိုင်ဘူးဆိုပေမယ့် ပင်လယ်ရွှေ့သားရဲအရှင်သခင်နဲ့ဆိုရင် မင်းမှာ အတောင်ပံရှိရင်တောင် ဘယ်နေရာကိုမှ ပျံသန်းနိုင်တော့မှာ မဟုတ်ဘူး"
သူ့လက်မှ လီဖူချန်း လွတ်မြောက်သွားတာကို ဆန်းကြယ်ရေခဲသားရဲအရှင်သခင်က သူတို့နှစ်ယောက်ကို ပြောပြခဲ့တယ်။ ဒါကြောင့် ကျူးနန်ရှန်က သူ့ရဲ့အဆင့်၉အဆင့်မြင့်အစီအရင်ချပ်ပြားနဲ့ ထောင်ချောက်အစီအရင်တစ်ခုကို တည်ဆောက်ခဲ့တယ်။ လီဖူချန်းက ထောင်ချောက်ထဲကို တစ်ကြိမ်ကျရောက်သွားတာနဲ့ သူက ခွန်အားသိသိသာသာတိုးတက်လာရင်တောင် သူက ဘယ်တော့မှ လွတ်မြောက်နိုင်လိမ့်မှာ မဟုတ်ဘူး။ လီဖူချန်းက ခွန်အားအားဖြင့် သူတို့နှစ်ယောက်ကို လွှမ်းမိုးနိုင်လိမ့်မယ်လို့ ကျူးနန်ရှန်က ဘယ်တော့မှမတွေးထားခဲ့ဘူး။ အထွတ်အထိပ်သူတော်စင်တွေကသာ အဲဒါကို အောင်မြင်နိုင်တယ်။ နှစ်အနှည်းငယ်လောက်နဲ့ လီဖူချန်းက အထွတ်အထိပ်သူတော်စင်တစ်ယောက်ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
"ဘာလို့ သူနဲ့ စကားတွေ များနေတာလဲ။ သေစမ်း........"
ပင်လယ်ရွှေ့သားရဲအရှင်သခင်က သူ့ရဲ့လက်ကို ဝှေ့ယမ်းပြီး အဆုံးမဲ့ရေတာအိုဥပဒေသက စုစည်းလာတယ်။ သူတို့က ခက်ရင်းခွတွေအဖြစ် ပြောင်းသွားပြီး လီဖူချန်းထံ ပျံသန်းလာတယ်။
"စိတ်ဝိညာဉ်မီးကောင်းကင်......."
ကျူးနန်ရှန်က သူ့ရဲ့ဓားရှည်ကို ဝှေ့ယမ်းလိုက်တယ်။ အစိမ်းရောင်မီးအလင်းတွေက လီဖူချန်းကို ဝန်းရံလာတယ်။
"မင်းတို့တတ်နိုင်တာ ဒါ အကုန်ဘဲလား"
လက်ကို ဝှေ့ယမ်းလိုက်ရာ ခက်ရင်းခွတွေ၊ ဓားအလင်းတွေနဲ့ပြည့်နေတဲ့ကောင်းကင်က အားလုံးပြန့်ကျဲသွားတော့တယ်။
"ဘာလဲ......."
ပင်လယ်ရွှေ့သားရဲအရှင်သခင်က ထိတ်လန့်သွားရတယ်။ စောစောက သူ့ရဲ့တိုက်ခိုက်မှုက မွေးရာပါစွမ်းရည် မဟုတ်ပါဘူး၊ သာမန်တိုက်ခိုက်မှုတစ်ခုလေးပါပဲ။ ဒါပေမယ့် ထိုခွန်အားပမာဏက အဆင့်မြင့်သူတော်စင်တွေကတောင် မခုခံနိုင်တဲ့အရာမျိုးပါပဲ။
"မဖြစ်နိုင်ဘူး......." ကျူးနန်ရှန်က ရှက်ရွံ့သွားတယ်။
သူက ဒုတိယအဆင့်အထွတ်အထိပ်ဓားပညာတစ်ခုကို ဖော်ထုတ်ခဲ့ပေမယ့် လီဖူချန်းက အသာလေး ချိုးဖြတ်ခဲ့တယ်။ လီဖူချန်းရဲ့ခွန်အားက သူ့ထက်သာလွန်တယ်လို့ ဆိုလိုတာလား။
"မီးလျှံစိမ်းသူတော်စင်၊ မင်းရဲ့အစစ်အမှန်ခွန်အားကို ပြသဖို့ အချိန်ပဲ။ ဒီလူက ငါတို့ထင်ထားတာထက် ပိုသန်မာတယ်"
ပင်လယ်ရွှေ့သားရဲအရှင်သခင်က စိုးရိမ်လာတယ်။ ဆန်းကြယ်ရေခဲသားရဲအရှင်သခင်က လီဖူချန်းကို မဖမ်းမိနိုင်တုန်းက သူက ဆန်းကြယ်ရေခဲသားရဲအရှင်သခင်ကိုတောင် လှောင်ပြောင်ခဲ့မိတယ်။ အခု လီဖူချန်းက ရင်ဆိုင်ရတာ ပိုခက်ခဲပြီး သန်မာတာကို သူ သိပါပြီ။ လီဖူချန်းက နောက်ထပ်တိုးတက်လာတာလို့ သူက ခံစားချက်တစ်ခု ရှိတယ်။ ဆန်းကြယ်ရေခဲသားရဲအရှင်သခင်က လီဖူချန်းအကြောင်း တင်ပြတုန်းက လက်ရှိလီဖူချန်းလောက် မသန်မာသေးပါဘူး။
လက်ဝါးကို လှန်လိုက်ရာ ကျူးနန်ရှန်ရဲ့လက်ထဲမှာ ရှေးကျတဲ့မီးလျှံအင်းကွက်တွေနဲ့ပြည့်နေတဲ့ဆူးတစ်ခု ရှိလာတယ်။
သူတော်စင်မီးဆူး၊ ပထမအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်း။
ကျူးနန်ရှန်က အထွတ်အထိပ်အဆင့်သူတော်စင်အောက် တစ်ယောက်မှကို မကြောက်ရတဲ့အကြောင်းရင်းကတော့ ဒီအသုံးအဆောင်ပစ္စည်းကြောင့်ပါပဲ။
"သွားစမ်း"
ကျူးနန်းရှန်က သူတော်စင်မီးဆူးကို ဝှေ့ယမ်းလိုက်ပြီး ဆူးသဏ္ဍာန်မီးလျှံတွေက ဟင်းလင်းပြင်ကို ဖြတ်ကျော်လာကာ လီဖူချန်းရဲ့အရှေ့မှာ ချက်ချင်းထွက်ပေါ်လာတယ်။
"တောင်ရွေ့လျားခြင်းပင်လယ်ရွှေ့ပြောင်းခြင်း"
ပင်လယ်ရွှေ့သားရဲအရှင်သခင်က သူ့ရဲ့ကျော်ကြားတဲ့မွေးရာပါစွမ်းရည်ကို အသုံးပြုလိုက်တယ်။ ဟင်းလင်းပြင်က ရေတာအိုဥပဒေသနဲ့အတူ ထိုးတက်လာပြီး ကြောက်စရာကောင်းတဲ့လှိုင်းတွေအဖြစ်သို့ ပြောင်းသွားကာ လီဖူချန်းကို တိုက်ခိုက်လာတယ်။
"ချိုးဖြတ်စမ်း"
ညာလက်သီးက တောက်ပလာလျက် လီဖူချန်းက ဟင်းလင်းပြင်ကို ထိုးနှက်လိုက်တယ်။
ဝုန်း ဒုံး........
ဆူးသဏ္ဍာန်မီးလျှံတွေပဲဖြစ်ဖြစ် ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့လှိုင်းတွေပဲဖြစ်ဖြစ်၊ လီဖူချန်းရဲ့လက်သီးကြောင့် သူတို့က အသက်ရှုချိန်တစ်ခါစာတောင် မကြာလိုက်ပါဘူး။ သူတို့က ချက်ချင်း ပျံ့နှံ့သွားကြတော့တယ်။
တစ်ချိန်တည်းမှာပဲ ကျန်ရှိနေတဲ့လက်သီးအားက ကျူးနန်းရှန်နဲ့ပင်လယ်ရွှေ့သားရဲအရှင်သခင်တို့ထံ ကျရောက်လာတယ်။
"မကောင်းတော့ဘူး"
ကျူးနန်ရှန်က ထိတ်လန့်သွားပြီး ဒုတိယမြောက်အသုံးအဆောင်ပစ္စည်းကို လျင်မြန်စွာ ယူထုတ်လိုက်တယ်။ အနီရောင်ပုတီးစေ့တစ်ခုက အလင်းတန်းတွေ တောက်ပလာပြီး ကြက်သွေးနီရောင်အတားအဆီးတစ်ခုက သူ့ကို ကာကွယ်ခဲ့တယ်။
ဝုန်း ဝုန်း ဝုန်း........
လက်သီးအားက အနီရောင်အတားအဆီးအပေါ် ကျရောက်သွားပြီး အတားအဆီးရဲ့ပုံသဏ္ဍာန်ကိုသာ ပြောင်းလဲစေနိုင်ခဲ့တယ်။
အခြားတစ်ဖက်မှာတော့ ပင်လယ်ရွှေ့သားရဲအရှင်သခင်က သနားစဖွယ်ဖြစ်နေတယ်။ သူက လွင့်ထွက်သွားပြီး ဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေတော့တယ်။
"နောက်ထပ်ပထမအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုလား" လီဖူချန်းရဲ့မျက်လုံးများက လင်းလက်သွားရတယ်။
ကျူးနန်းရှန်က ရတနာတွေ ပိုပိုင်ဆိုင်လေလေ၊ လီဖူချန်းရရှိမယ့်ဆုလာဒ်က ပိုများလေလေပါပဲ။ ပထမအဆင့်အထွတ်အထိပ်ရတနာတွေက သူ့အတွက် အသုံးမဝင်ပေမယ့် သူ့ဘေးနားကလူတွေအတွက်တော့ အသုံးဝင်တယ်လေ။
***