သွေးမျိုးဆက်
Vol. 63 Ch. 860
"အထွတ်အထိပ်သူတော်စင်လား" ကျူးနန်ရှန်နဲ့ပင်လယ်ရွှေ့သားရဲအရှင်သခင်တို့က ထိတ်လန့်တုန်လှုပ်သွားကြတယ်။
အတူတူပူးပေါင်းတိုက်ခိုက်နေတာတောင်မှ သူတို့နှစ်ယောက်လုံးက သနားစဖွယ်အခြေအနေကို ကျရောက်နေတယ်။ တစ်ယောက်ယောက်က လီဖူချန်း အထွတ်အထိပ်သူတော်စင်မဟုတ်ဘူးလို့ ပြောရင် သူတို့က ဘယ်တော့မှ ယုံလိမ့်မှာမဟုတ်ဘူး။
"ပင်လယ်တိမ်းမှောက်ခြင်း"
ပင်လယ်ရွှေ့သားရဲအရှင်သခင်က မထွက်ပြေးဘဲ စွန့်စားချင်ခဲ့သေးတယ်။ အထွတ်အထိပ်သူတော်စင်တစ်ယောက်ဆိုရင်တောင် တိုက်ခိုက်ဖို့အခွင့်အရေးတစ်ခုရှိလိမ့်မယ်လို့ သူက ယုံကြည်ထားတယ်၊
လက်နှစ်ဖက်လုံးကို မြှောက်ထားလျက် ဧရာမရေစက်လုံးတစ်လုံးက ထွက်ပေါ်လာတယ်။ ရေစက်လုံးအတွင်းမှာ တိုးဝင်လာတဲ့လှိုင်းတွေ ရှိပြီး အတွင်းမှာ သမုဒ္ဒရာအစိတ်အပိုင်းတစ်ခု ရှိနေသလို ခံစားရတယ်။
ပြီးနောက်ချက်ချင်းပဲ ပင်လယ်ရွှေ့သားရဲအရှင်သခင်က လက်နှစ်ဖက်ကို ရှေ့သို့ဝှေ့ယမ်းကာ ဧရာမရေစက်လုံးကို လီဖူချန်းထံ ပစ်ထုတ်လိုက်တယ်။
"ပျောက်ကွယ်သွားစမ်း"
အခြားတစ်ဖက်မှာတော့ ကျူးနန်ရှန်က သူ့ရဲ့အသက်ကို အလေးမထားဘဲ သူ့ရဲ့မီးတာအိုချီအားလုံးကို သူတော်စင်မီးဆူးထဲသို့ လောင်းချလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူတော်စင်မီးဆူးက မီတာအနည်းငယ်ရှည်ထွက်လာပြီး ၎င်းကို ကြည့်ရတာ မီးလျှံလှံတစ်ခုနဲ့ တူနေတယ်။ ကျူးနန်ရှန်က အဲဒါကို ပစ်လွှတ်လိုက်ရာ မီးလျှံရေတံခွန်အဖြစ်သို့ ပြောင်းသွားကာ လီဖူချန်းထံ ကျရောက်လာတယ်။
သူတို့နှစ်ယောက်က ခွန်အားအပြည့်တိုက်ခိုက်နေပြီး သူတို့က သာမန်အထွတ်အထိပ်အဆင့်သူတော်စင်တ္နေဲ့တိုက်ခိုက်နိုင်တယ်လို့ ယုံကြည်ချက်ရှိတယ်။ တကယ်တော့ ဒီတိုက်ပွဲပြင်က အဆင့်၉အဆင့်မြင့်အစီအရင်အတွင်းမှာ ရှိပြီး ဒါက သူတို့ရဲ့အိမ်ကွင်းပဲလေ။
"အချိန်ကျပြီ"
သူတို့နှစ်ယောက်ရဲ့တိုက်ခိုက်မှုကို ခွန်အားပြည့်ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက လက်သီးတစ်ချက် ထုတ်ဖော်လိုက်တယ်။
ရေစက်လုံးက ပေါက်ကွဲသွားပြီး သူတော်စင်မီးဆူးက လွင့်ထွက်သွားတယ်။
နှစ်ဖက်ကြား ခွန်အားကွာခြားချက်က များလွန်းတယ်။
သူတို့နှစ်ယောက်ရဲ့ပေါင်းစပ်ခွန်အားက အထွတ်အထိပ်အဆင့်သူတော်စင်လို့တောင် သတ်မှတ်လို့မရပါဘူး။
ဒါပေမယ့် လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားခွန်အားက အနည်းဆုံးသာမန်အထွတ်အထိပ်အဆင့်သူတော်စင်အထက်မှာ ရှိတယ်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူ့ခွန်အားက ဒီလိုအဆင့်ကို ဘယ်လိုရောက်ရှိနိုင်မှာလဲ" ကျူးနန်ရှန်က သူ့ရဲ့မျက်လုံးတွေကို မယုံကြည်နိုင်ဘူးဖြစ်နေတယ်။
လီဖူချန်းက နှစ်အနည်းငယ်အတွင်း အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ဖြစ်လာခဲ့တယ်။ ဒါဆိုရင် နောက်ထပ်နှစ်အနည်းငငယ်အတွင်း သူက သူတော်စင်အရှင်တစ်ယောက် မဖြစ်လာနိုင်ဘူးလား။
အထွတ်အထိပ်အဆင့်သူတော်စင်နဲ့သူတော်စင်အရှင်တစ်ယောက်ဖြစ်လာဖို့က သူ့အတွက် ဘာလို့ဒီလောက်တောင်လွယ်ကူရတာလဲ။
"ပြေးတော့"
ပင်လယ်ရွှေ့သူတော်စင်က အရင်ပြေးတဲ့သူပါပဲ။ သူက သူ့ခန္ဓာကိုယ်ကို ရေစက်လုံးတစ်လုံးနဲ့ ပေါင်းစပ်လိုက်တယ်၊ တစ်ဆက်တည်းမှာပဲ ရေစက်လုံးက ရေတစ်စက်အဖြစ်သို့ ပြောင်းသွားပြီး ဟင်းလင်းပြင်ထဲသို့ ရွေ့လျားသွားတယ်။
"တောက်.....ဒီကောင်လေးက ကံကြမ္မာအခွင့်အလမ်းနောက်တစ်ခုကို ထပ်တွေ့ခဲ့တာပဲ ဖြစ်ရမယ်။ နောက်တစ်ကြိမ်ငါတို့ပြန်ဆုံမယ့်အချိန်က မင်းရဲ့ဈာပနာနေ့ရက်ပဲ ဖြစ်စေရမယ်"
ကျူးနန်ရှန်က အစီအရင်ကို ထိန်းချုပ်ပြီး လီဖူချန်းကို ကန့်သတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ကြီးမားတဲ့မီးတာအိုချီပမာဏကို သူ့ရဲ့ခါးရှိအနီရောင်ပုတီးစေ့ထဲသို့ လောင်းချလိုက်တယ်။ အနီရောင်ပုတီးစေ့မှ အလင်းတွေတောက်ပလာပြီး မီးမြွေတစ်ကောင်က လီဖူချန်းကို သယ်ဆောင်ကာ ဟင်းလင်းပြင်ထဲသို့ ကူးပြောင်းသွားတယ်။
"မင်းတို့အလိုရှိသလို သွားချင်တိုင်သွား၊ လာချင်တိုင်းလာလို့ရမယ်ထင်နေလား"
လီဖူချန်းက နှာခေါင်းရှုံ့ပြီး ကြောက်စရာကောင်းတဲ့နေလက်ချီစွမ်းအားကို ပျံ့နှံ့စေလိုက်တယ်။ ချီစွမ်းအားက ဟင်းလင်းပြင်အနက်ပိုင်းထဲသို့ ဝင်ရောက်ခဲ့တယ်။
ရုတ်တရက် ပင်လယ်ရွှေ့သားရဲအရှင်သခင်နဲ့ကျူးနန်ရှန်တို့ကို အားကောင်းတဲ့ကမ္ဘာဆွဲအားတစ်ခုက ဆွဲခေါ်သွားတယ်။
"မကောင်းတော့ဘူး"
ပင်လယ်ရွှေ့သားရဲအရှင်သခင်က အကန့်အသတ်မှ လွတ်မြောက်ဖို့ ရုန်းကန်ကြိုးစားနေတယ်။
"သေစမ်း"
ဒီတစ်ကြိမ်မှာတော့ လီဖူချန်းက သူ့ကိုယ်သူ မထိန်းချုပ်တော့ပါဘူး။ လက်သီးတစ်ချက် ထုတ်ဖော်လိုက်ရာ ပင်လယ်ရွှေ့သားရဲအရှင်သခင်က ပေါက်ကွဲထွက်ပြီး ပြာဖြစ်သွားတော့တယ်။
"လီဖူချန်း၊ မင်း ငါ့ကို သတ်လို့မရဘူး......" ကျူးနန်ရှန်က ကြောက်လန့်တကြား အော်လိုက်တယ်။
"ဘာလို့ ငါ မင်းကို သတ်လို့မရမှာလဲ"
လီဖူချန်းက ကျူးနန်ရှန်ထံ လက်သီးတစ်ချက် ပစ်ပေးလိုက်တယ်။
ဖြောက်.......
မီးမြွေက ပျက်စီးသွားပြီး ကျူးနန်ရှန်ရဲ့ခါးပေါ်ရှိအနီရောင်ပုတီးစေ့က မှေးမှိန်သွားတော့တယ်။
အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတွေမှာလည်း အကန့်အသတ် ရှိတယ်။ အကန့်အသတ်ကို ရောက်ရှိတာနဲ့ အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းက ၎င်းရဲ့ဝိညာဉ်စွမ်းရည်ကို ဆုံးရှုံးသွားရပါလိမ့်မယ်။ အဲဒါက ပြန်ကောင်းလာဖို့ အချိန်တစ်ခု လိုအပ်တယ်။တိုက်ခိုက်မှုက လုံလုံလောက်လောက်အားကောင်းရင်တော့ အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းက ထိခိုက်တာ ပုံမှန်ပါပဲ။
သွေးရောင်မြားတစ်ခုက ကျူးနန်ရှန်ရဲ့လက်ထဲမှာ ထွက်ပေါ်လာပြီး သူက ခြိမ်းခြောက်တဲ့လေသံနဲ့ ပြောလိုက်တယ်"ငါက သွေးလမ်းညွှန်မြားကို ကိုင်ထားတယ်။ အဲဒါက သတင်းအချက်အလက်အားလုံးကို ကျူးကလန်ဆီ ပို့ဆောင်ပေးနိုင်တယ်။ မင်း ငါ့ကို သတ်ရင် ငါတို့ကျူးကလန်ရဲ့နံပါတ်၁ဘိုးဘေးပြန်ရောက်လာတာနဲ့ မင်း သေရလိမ့်မယ်"
လီဖူချန်းက လှောင်ရယ်လိုက်တယ်"ကျူးဟိုင်ရုံတုန်းကလည်း ငါ့ကို အဲလိုပဲ ခြိမ်းခြောက်ခဲ့တာပဲ။ ဟဲဟဲ.......စိတ်မကောင်းစရာကတော့ ငါက ဘာခြိမ်းခြောက်မှုကိုမှ ကြောက်တဲ့သူ မဟုတ်ဘူး"
"မင်း.......မင်းက ငါ့ကို ဒီလိုလုပ်ဖို့ ဖိအားပေးခဲ့တာပဲ" ကျူးနန်ရှန်က သူ့ရဲ့သွေးအဆီအနှစ်ကို သွေးလမ်းညွှန်မြားပေါ် ပက်ဖြန်းလိုက်တယ်။
ရွှမ်းခနဲမြည်သံနဲ့အတူ သွေးလမ်းညွှန်မြားက ဟင်းလင်းပြင်ထဲ ပျောက်ကွယ်သွားတော့တယ်။
"ပြန်လာစမ်း" လီဖူချန်းက လက်ကို ဆန့်ထုတ်ကာ သွေးလမ်းညွှန်မြားကို ဖမ်းကိုင်ဖို့ ကြိုးစားလိုက်တယ်။
ဒါပေမယ့် သွေးလမ်းညွှန်မြားက သူထင်ထားတာထက် ပိုပြီးဉာဏ်များတယ်။ လီဖူချန်းက သွေးလမ်းညွှန်မြားအပေါ် ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ပါဘူး။
"ကျူးကလန်ကို အကြိုနတ်ဘုရားကလန်လို့ ခေါ်တာ အကြောင်းပြချက်တစ်ခု ရှိစမြဲပါပဲလေ" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်မိတယ်။
လီဖူချန်းက သွေးလမ်းညွှန်မြားမှ အကြီးမြင့်ဆုံးဖြစ်တဲ့သွေးမျိုးဆက်ချီတည်ရှိမှုတစ်ခုကို ခံစားရနိုင်တယ်။
ဒီသွေးမျိုးဆက်ချီတည်ရှိမှုက အကြိုနတ်ဘုရားသွေးမျိုးဆက်မှ မွေးဖွားလာတာ အလွန်သိသာပါတယ်။
ကျူးကလန်သားတိုင်းမှာ အကြိုနတ်ဘုရားသွေးမျိုးဆက် ရှိတယ်။ ပုံမှန်အားဖြင့် အကြိုနတ်ဘုရားသွေးမျိုးဆက်က ပါးလွှာတာကြောင့် အခြေခံအားဖြင့် သက်ရောက်မှုမရှိပါဘူး။ ဒါပေမယ့် ဒီသွေးလမ်းညွှန်မြားက ကျုးကလန်သားတွေရဲ့သွေးအဆီအနှစ်မှ အကြိုနတ်ဘုရားသွေးမျိုးဆက်ကို စုပ်ယူနိုင်တယ်။ လီဖူချန်းက သူတော်စင်အရှင်တစ်ယောက်ဆိုရင်တောင် သွေးလမ်ညွှန်မြားကို မရပ်တန့်နိုင်ပါဘူး။ ကောင်းကင်အရှင်တွေကသာ အဲဒါကို ရပ်တန့်နိုင်ပါလိမ့်မယ်။
ဒါပေမယ့် လီဖူချန်းက အဲဒါကို ရပ်တန့်နိုင်မရပ်တန့်နိုင် ကိစ္စမရှိပါဘူး။
သူက ကျူးဟိုင်ရုံကို သတ်ပြီးကတည်းက သူနဲ့ကျူးကလန်က ရန်သူတွေ ဖြစ်သွားပြီးပြီလေ။ ကျူးနန်ရှန်ကို သတ်တာက အများကြီးကွာခြားစေမှာ မဟုတ်ပါဘူး။
ဒါ့အပြင် သူက ကျူးကလန်ကို ကြောက်ရွံ့ဖို့ အကြောင်းပြချက်မရှိပါဘူး။
"သေစမ်း" လီဖူချန်းက ကျူးနန်ရှန်ထံ လက်သီးတစ်ချက် ပစ်လွှတ်လိုက်ပြန်တယ်။
တုံ့ပြန်တဲ့အနေနဲ့ ကျူးနန်ရှန်က ဒိုင်းတစ်ခုကို လျင်မြန်စွာ ထုတ်ယူလိုက်တယ်။ ဒါပေမယ့် ဒိုင်းက လီဖူချန်းရဲ့လက်သီးအား ထိမှန်ခံရပြီးနောက် ချက်ချင်း ယိုယွင်းသွားတော့တယ်။
ကျူးနန်ရှန်က ထိတ်လန့်သွားတော့တယ်"လီဖူချန်း၊ မင်းက အံ့ဖွယ်သဘာဝဓားသူတော်စင်ဘယ်နေရာမှာလဲကို သိချင်ရင် အခုချက်ချင်း ရပ်ရမယ်"
"မင်း ငါ့ကို အရင်ပြောမှ ငါယုံကြည်မယ်" လီဖူချန်းက သူ့ရဲ့လက်သီးကို ဆက်လက်ဝှေ့ယမ်းနေတယ်။
ဝုန်း........
ယိုယွင်းနေတဲ့ဒိုင်းက အပိုင်းအစများ စတင်ဖြစ်လာတယ်။
"အံ့ဖွယ်သဘာဝဓားသူတော်စင်ကို အရူးသားရဲနန်းတော်မှာ ဖမ်းဆီးထားတာ။ ငါက လမ်းမပြပေးဘူးဆိုရင် မင်း ဘယ်တော့မှ နန်းတော်ထဲကို ဝင်နိုင်မှာ မဟုတ်ဘူး" ကျူးနန်ရှန်က အော်လိုက်တယ်။
"အရမ်းကောင်းတယ်၊ မင်း အခု သေလို့ရပြီ"
လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။ သူ့ရဲ့လက်သီးအားက ကျူးနန်ရှန်ရဲ့ခန္ဓာကိုယ်ထဲကို ထိုးဖောက်သွားတော့တယ်။ ကျူးနန်ရှန်ရဲ့ခန္ဓာကိုယ်ပေါ်ရှိချပ်ဝတ်ကတောင် လက်သီးအားရဲ့တိုက်ခိုက်မှုကို မခုခံနိုင်ပါဘူး။
"ငါ ဒါကို လက်မခံနိုင်ဘူး" ကျူးနန်ရှန်က လီဖူချန်းကို စိုက်ကြည့်နေတယ်"မင်း အသေဆိုးနဲ့သေစေဖို့ ငါ့ကျူးကလန်ရဲ့အကြိုနတ်ဘုရားသွေးမျိုးဆက်ကို သုံးပြီး ငါ ကျိန်စာတိုက်တယ်......။ မင်းရဲ့သွေးမျိုးဆက်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေဖို့ ငါ ကျိန်စာတိုက်တယ်......."
"အဓိပ္ပါယ်မရှိတာတွေ"
လက်သီးအားကို ဖော်ထုတ်လိုက်ရာ ကျူးနန်ရှန်ရဲ့ဦးခေါင်းက ပေါက်ကွဲသွားတော့တယ်။
"ကျိန်စာလား။ မဟုတ်ဘူး......အဲဒါက သွေးမျိုးဆက်မကျေနပ်ချက်ချီ ဖြစ်သင့်တယ်"
ကျူးနန်ရှန်ကို သတ်ဖြတ်ပြီးနောက် လီဖူချန်းကို သွေးချီအလွှာတစ်ခုက စွန်းထင်သွားတော့တယ်။
သွေးချီက အလွန်ထူးဆန်းပြီး ချီစွမ်းအားဖြစ်စေ ဒါမှမဟုတ် ဓားစွမ်းအားဖြစ်စေ ဘာတစ်ခုမှ မသက် ရာက်နိုင်ပါဘူး။
မကြာမှီမှာပဲ သွေးချီက လီဖူချန်းရဲ့ကိုယ်ပိုင်သွေးချီနဲ့ ရောနှောသွားပြီး ခွဲခြားလို့မရနိုင်တော့ပါဘူး။
ဒါက သွေးမျိုးဆက်မကျေနပ်ချက်ချီ ဖြစ်လောက်တယ်လို့ လီဖူချန်းက ခန့်မှန်းထားခဲ့တယ်။
မကျေနပ်ချက်ချီက အတွေးစွမ်းအားတစ်မျိုးပါပဲ။
တစ်စုံတစ်ယောက်ကို သတ်တဲ့အခါ သတ်ဖြတ်သူကို ခံရသူရဲ့မကျေနပ်ချက်ချီက စွန်းထင်းသွားတယ်။ သားရဲတွေကို သတ်ဖြတ်ရင်လည်း သားရဲရဲ့မကျေနပ်ချက်ချီက စွန်းထင်းသွားပါလိမ့်မယ်။
ဒါပေမယ့် ထိုမကျေနပ်ချက်ချီက ပါးလွှာလွန်းပြီး အချိန်တစ်ခုကြာပြီးနောက် ပျောက်ကွယ်သွားပါလိမ့်မယ်။
အကြိုနတ်ဘုရားသွေးမျိုးဆက်တွေက ခြားနားတယ်၊ အကြိုနတ်ဘုရားသွေးမျိုးဆက်ရဲ့မကျေနပ်ချက်ချီက ကျိန်စာတစ်ခုမဟုတ်ပါဘူး၊ ဒါပေမယ့် ကျိန်စာထက် ပိုမြင့်တယ်။
"ကြည့်ရတာ ကျူးနန်ရှန်ရဲ့အကြိုနတ်ဘုရားသွေးမျိုးဆက်က ကျူးဟိုင်ရုံထက် အများကြီးပိုစုစည်းပုံရတယ်။ အဲဒါက သွေးမျိုးဆက်မကျေနပ်ချက်ချီကို တကယ် အသုံးပြုနိုင်တယ်"
လီဖူချန်းက ကျူးနန်ရှန်ရဲ့မကျေနပ်ချက်ချီအပေါ် အများကြီးမတွေးပါဘူး။
သူ့မှာ ခွန်အားအလုံအလောက် ရှိလာရင် သူတို့ရဲ့မကျေနပ်ချက်ချီကို အသာထား၊ အကြိုနတ်ဘုရားတွေကိုတောင် ကြောက်စရာမလိုပါဘူး။
လက်ကို ဝှေ့ယမ်းလိုက်ရာ လီဖူချန်းက ကျူးနန်ရှန်နဲ့ပင်လယ်ရွှေ့သူတော်စင်တို့ထံမှ နေရာလပ်လက်စွပ်နဲ့သိုလှောင်အိတ်တွေကို သိမ်းလိုက်တယ်။
"အရူးသားရဲနန်းတော်လား"
အရာအားလုံးကို ပြီးမြောက်စေပြီးနောက် လီဖူချန်ူက အဝေးတစ်နေရာကို ကြည့်လိုက်တယ်။
အံ့ဖွယ်သဘာဝဓားသူတော်စင်ကို ကယ်ဆယ်ရမယ်။ အခု လီဖူချန်းက သူ့ကိုယ်သူသာ အားကိုးရနိုင်တယ်။
ဓားအလင်းတစ်ခု လက်သွားပြီး လီဖူချန်းက ပင်လယ်ပြင်ဆီ ပျံသန်းသွားတော့တယ်။
…
ကျူးကလန်..........
မီးနတ်ဘုရားတောင်တန်းရှိမီးဝိညာဉ်နန်းတော်ပေါ်မှာ........
ဒုန်း.......
ကျူးနန်ရှန်ပိုင်ဆိုင်တဲ့ဝိညာဉ်ကျောက်စာတိုင်က သူ့ရာသူ အက်ကွဲသွားတယ်။
မီးဝိညာဉ်နန်းတော်ရဲ့အစောင့်တွေက ကြက်သေသေသွားကြတယ်။ ခဏကြာပြီးနောက် သူတို့က အော်ဟစ်ပြောဆိုရင်း မီးဝိညာဉ်နန်းတော်ထဲသို့ အပြေးလာကြတော့တယ်။
***