စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်
Vol. 63 Ch. 861
အရူးသားရဲနန်းတော်က နတ်ဆိုးသားရဲတွေကြားထိပ်တန်းဆယ်ဂိုဏ်းထဲကတစ်ခုပါပဲ။
နန်းတော်သခင်စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က ကျော်ကြားတဲ့အထွတ်အထိပ်အဆင့်သားရဲအရှင်သခင်တစ်ကောင်ဖြစ်တယ်။
ကျူးနန်ရှန်က အမှန်တရားကို ပြောခဲ့ပါတယ်၊ သူ့ရဲ့လမ်းပြမှုမရှိဘဲနဲ့ လီဖူချန်းက အရူးသားရဲနန်းတော်ကို ဝင်တဲ့အခါမှာ အခက်အခဲရှိမယ်ဆိုတာ တကယ်ပါပဲ။
အစစ်အမှန်အရူးသားရဲနန်းတော်က ပင်လယ်ပြင်အောက်လျှို့ဝှက်နယ်မြေတစ်ခုအထဲမှာ ရှိတယ်။ လျို့ဝှက်နယ်မြေနဲ့ ချိတ်ဆက်ထားတဲ့တွင်းနက်တစ်ခုရှိတယ်။ အရေကြီးဆုံးကတော့ လမ်းခွဲတွေအများကြီးရှိနေတာပဲ။ လမ်းမှားကို ရွေးချယ်မိတာနဲ့ ပြန်လမ်းမဲ့ကာ အောက်ခြေသို့ ရောက်ရှိသွားပါလိမ့်မယ်။
တွင်းနက်ထဲမှာ ပင်လယ်ရေက ပြင်းထန်ကြမ်းတမ်းစွာ ရစ်ခွေလှုပ်ရှားနေတယ်။
လိပ်ပြာအသိစိတ်အာရုံနဲ့ စစ်ဆေးမိတာနဲ့ အဲဒါက ဘာမှမရှိဖြစ်တဲ့အထိ ဆုတ်ပြဲသွားရပေလိမ့်မယ်။
"သူတော်စင်အရှင်တွေကသာ ဒီတွင်းနက်ထဲမှာ လွတ်လွတ်လပ်လပ် ဝင်နိုင်ထွက်နိုင်လိမ့်မယ်"
လီဖူချန်းက တိတ်တဆိတ် ချီးကျူးလိုက်တယ်။ အရူးသားရဲနန်းတော်က ဒီသဘာဝခံတပ်ကို ဘယ်လိုတွေ့ရှိခဲ့သလဲကို မသိနိုင်ဘူး။ ဒါနဲ့ဆိုရင် သူတော်စင်အရှင်အောက်ကသူတွေက သတိလက်လွတ် ဝင်ရဲလိမ့်မှာမဟုတ်ဘူး။
လိပ်ပြာအသိစိတ်အာရုံက အလုပ်မလုပ်တာကြောင့် လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို စတင်အသုံးပြုလိုက်တယ်။
သူ မျှော်လင့်ထားသလိုပဲ၊ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို မတားဆီးဘဲ တွင်းနက်ကို ဝင်ရောက်နိုင်ခဲ့တယ်။
"တကယ်ကို လမ်းခွဲတွေ အများကြီးရှိနေတာပဲ၊ သူတို့က အစကတော့ မှန်သလိုလိုနဲ့။ လမ်းခွဲတိုင်းမှာ လမ်းခွဲမျိုးစုံထပ်ရှိပြန်တယ်။ လမ်းပြမှုမရှိရင် အရူးသားရဲနန်းတော်ကို ရှာတွေ့ဖို့က မဖြစ်နိုင်ဘူး"
ဗွမ်း.......
လီဖူချန်းက တွင်းနက်ထဲသို့ ထိုးဆင်းသွားတယ်။
"ဒုတိယ"
"တတိယ"
"သတ္တမ"
…
စိတ်ဝိညာဉ်စွမ်းအားနဲ့အတူ လီဖူချန်းက အရူးသားရဲနန်းတော်သို့သွားရာလမ်းကြောင်းအမှန်ကို တွေ့ရှိခဲ့တယ်။
ဝုန်း........
နောက်ဆုံးမှာတော့ လီဖူချန်းက လှိုင်းဂယက်အတားအဆီးတစ်ခုကို ဖြတ်ကျော်ပြီး ဧရာမလျှို့ဝှက်နယ်မြေတစ်ခုသို့ ရောက်ရှိခဲ့တယ်။
ဒီလျှို့ဝှက်နယ်မြေမှာ တောင်တွေ၊ ရေတွေ၊ လွင်ပြင်တွေ၊ သစ်တောတွေ များစွာ ရှိတယ်။ ကောင်းကင်မြေကြီးစွမ်းအားကလည်း အလွန်အမင်း သိပ်သည်းလှတယ်။ ကျင့်ကြံဖို့အတွက် သေချာပေါက်နေရာကောင်းကြီးတစ်ခုပါပဲ။
"အဲ့နေရာမှာ ဘယ်သူလဲ"
လီဖူချန်း လျှိ့ဝှက်နယ်မြေကို ဝင်ရောက်လာတာနဲ့ အရူးသားရဲနန်းတော်မှသားရဲအရှင်သခင်နှစ်ယောက်က သူ့ကို တွေ့ရှိသွားတယ်။
လီဖူချန်းက သူတို့နဲ့ အချိန်မဖြုန်းခဲ့ပါဘူး။ သူက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို ပျံ့နှံ့စေပြီး အံ့ဖွယ်သဘာဝဓားသူတော်စင်ကို စတင်ရှာဖွေခဲ့တယ်။
မကြာမီမှာပဲ ကြီးမားတဲ့တောင်တန်းတစ်ခုအထဲမှာ ဧရာမအကျဥ်းထောင်တစ်ခုကို လီဖူချန်းက တွေ့ရှိခဲ့တယ်။ ထောင်ရဲ့အလယ်မှာ အံ့ဖွယ်သဘာဝဓားသူတော်စင်ကို ဖမ်းဆီးထားတယ်။
"သေချင်နေတာလား"
လီဖူချန်းက သူတို့ကို လစ်လျူရှုလိုက်တဲ့အခါ သားရဲအရှင်သခင်နှစ်ယောက်က ဘယ်နဲ့ညာမှ အတူပူပေါင်းတိုက်ခိုက်ခဲ့ကြတယ်။
သားရဲအရှင်သခင်နှစ်ကောင်ကို ကြိုဆိုတဲ့အရာကတော့ ကြီးမားတဲ့လက်သီးတစ်လုံးပါပဲ။
ဝုန်း.......
သားရဲအရှင်သခင်နှစ်ကောင်က အော်တောင်မအော်ရသေးဘဲ ပြာဖြစ်သွားချေတယ်။
အလင်းစီးကြောင်းတစ်ခုပမာ အသက်ရှုဆယ်ကြိမ်အတွင်း ကြီးမားတဲ့တောင်တန်းအပြင်ဘက်ကို လီဖူချန်း ရောက်ရှိလာတယ်။
"ပွင့်စမ်း"
လက်သီးကို သုံးလျက် လီဖူချန်းက ချေမှုန်းတိုက်ခိုက်လိုက်ရာ ထောင်တစ်ဝက်က ကြေမွသွားတော့တယ်။ အံ့ဖွယ်သဘာဝဓားသူတော်စင်ကို ဖမ်းဆီးထားတဲ့နေရာကိုတော့ အဝါရောင်စက်ဝန်းတစ်ခုက ဖုံးအုပ်ထားတယ်။ လက်သီးအားက အဲဒါကို မချိုးဖြတ်နိုင်ခဲ့ပါဘူး။
"အကြီးအကဲလီ"
အံ့ဖွယ်သဘာဝဓားသူတော်စင်ရဲ့ခြေလက်အင်္ဂါနဲ့အရိုးတွေကို သံကြိုးတွေနဲ့ ထိုးဖောက်ထားတယ်။ သူက ခေါင်းမော့လိုက်ရာ မယုံကြည်နိုင်တဲ့အမူအရာတွေ ပြည့်နှက်နေတယ်။
"စီနီယာအံ့ဖွယ်သဘာဝ၊ ငါ သင့်ကို လာကယ်တာ"
အဝါရောင်စက်ဝန်းကို ချိုးဖြတ်ရန် လက်သီးကို သုံးချက်ဆက်တိုက်ထုတ်ဖော်ပြီးနောက် လီဖူချန်းက သံကြိုးတွေကို အလွယ်တကူ ဖျက်ဆီးပစ်ခဲ့တယ်။
အကန့်အသတ်တွေ၊ ဖိနှိပ်မှုတွေမရှိတော့ အံ့ဖွယ်သဘာဝဓားသူတော်စင်က သူ့ရဲ့ရွေ့လျားနိုင်မှုနဲ့ကျင့်ကြံခြင်းကို ချက်ချင်း ပြန်ရလာတယ်။
"အကြီးအကဲလီ၊ ဘာလို့ ဒီနေရာကို ရောက်လာကတာလဲ။မြန်မြန်ထွက်သွားကြရအောင်။ စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က ဒီနေရာမှာ လျှို့ဝှက်ကျင့်ကြံနေတယ်" အံ့ဖွယ်သဘာဝဓားသူတော်စင်က စိုးရိမ်တကြီး ပြောလိုက်တယ်။
စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က အထွတ်အထိပ်အဆင့်သားရဲအရှင်သခင်တစ်ကောင်ပါပဲ။ လီဖူချန်းကို မဆိုနဲ့၊ ဓားသမားအစည်းအရုံးခေါင်းဆောင်ရောက်လာရင်တောင် သူက ပြိုင်ဘက်မဖြစ်နိုင်ပါဘူး။
"နောက်ကျသွားပြီ" လီဖူချန်းက အဝေးကို ကြည့်လိုက်တယ်။
မိုးကုတ်စက်ဝိုင်းမှ အလင်းစီးကြောင်းတစ်ခုက လျင်မြန်စွာ ချဉ်းကပ်လာနေတယ်။ အဝေးကနေ လီဖူချန်းက ကြောက်စရာကောင်းတဲ့သားရဲချီလှိုင်းကို ခံစားနိုင်တယ်။
"ဘယ်သူက ငါ့ရဲ့အရူးသားရဲနန်းတော်ကို ကျူးကျော်ရဲတာလဲ" စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က ထိတ်လန့်တုန်လှုပ်သွားတယ်။
မဖိတ်ခေါ်ဘဲနဲ့ သူတော်စင်အရှင်အောက်တစ်ယောက်ကမှ အရူးသားရဲနန်းတော်ကို မဝင်နိုင်ဘူးလေ။ လီဖူချန်းက ဘယ်လိုဝင်ခဲ့တာလဲ။ သစ္စာဖောက်များ ရှိနေတာလား။
စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က ခေါင်းပေါ်မှာ ဦးချိုရှည်တွေနဲ့ တုတ်ခိုင်သန်မာတဲ့လူတစ်ယောက်ပါပဲ။ အလင်းက ပြန့်ကျဲသွားပြီး စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က သူတို့နှစ်ယောက်အထက်လေထဲမှာ ရပ်နေလေတယ်။
"မင်း ဘယ်သူလဲ" စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က လီဖူချန်းကို ကြည့်လိုက်တယ်။
"ဓားသမားအစည်းအရုံးအကြီးအကဲလီဖူချန်း" လီဖူချန်းက သာမန်အတိုင်း ပြောလိုက်တယ်။
"ဓားသမားအစည်းအရုံးပြန်ပဲလား။ မင်းက ဒီနေရာကို ရောက်လာမှတော့ ထွက်သွားဖို့မစဉ်းစားနဲ့တော့" စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က အချိန်မဖြုန်းလိုပါဘူး၊ သူက လီဖူချန်းထံ လက်သီးတစ်ချက် ထိုးထည့်လိုက်တယ်။
လီဖူချန်းက အံ့ဖွယ်သဘာဝဓားသူတော်စင်ကို ဘေးသို့ တွန်းကာ ရှောင်တိမ်းခြင်းမရှိ၊ သူ့ရဲ့ကိုယ်ပိုင်လက်သီးနဲ့ တန်ပြန်တိုက်ခိုက်လိုက်ချေတယ်။
အုန်း.......
လက်သီးအားနှစ်ခု တွေ့ဆုံရာမှ ဖြစ်ပေါ်လာတဲ့ကြောက်စရာကောင်းတဲ့ချီစွမ်းအားတစ်ခုက ဟင်းလင်းပြင်ကို တုန်လှုပ်သွားစေတယ်။ စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က ခြေလှမ်းဝက်တောင် နောက်မဆုတ်ခဲ့ရပေမယ့် လီဖူချန်းက ခြေလှမ်းဒါဇင်ခန့်နောက်ဆုတ်သွားခဲ့ရတယ်။
"စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က တကယ်ကို ပြောင်မြောက်တယ်" လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်ရဲ့ခွန်အားက လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားခွန်အားထက် သိသိသာသာ ပိုသန်မာတယ်။ လီဖူချန်းမှာသာ ကြမ်းတမ်းတဲ့ခံစစ်မရှိရင် စောစောကလက်သီးက လီဖူချန်းကို ခြေလှမ်းဒါဇင်နောက်ဆုတ်စေရုံတင်မကပါဘူး။
"မင်းက ငါ့ရဲ့လက်သီးကို တကယ် ခုခံနိုင်တာပဲ။ ကြည့်ရတာ မင်းက အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ပဲ ဖြစ်ရမယ်"
စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က မျက်မှောင်ကြုတ်လိုက်တယ်။ ဘယ်အချိန်ကတည်းက အထွတ်အထိပ်အဆင့်သူတော်စင်တွေ ဒီလောက်အလွယ်တကူ ထွက်ပေါ်လာတာလဲ။ သူသိထားအရ လူသားတွေရဲ့အသက်အငယ်ဆုံးအထွတ်အထိပ်အဆင့်သူတော်စင်က အနည်းဆုံး အသက်တစ်ထောင်မှာ ရှိတယ်။
"အကြီးအကဲလီက အထွတ်အထိပ်အဆင့်သူတော်စင်လား" အံ့ဖွယ်သဘာဝဓားသူတော်စင်ရဲ့မျက်လုံးများက ပြူးကျယ်သွားရတယ်။
လွန်ခဲ့တဲ့နှစ်တွေအတွင်း လီဖူချန်းက ဘာအတွေ့အကြုံတွေရှိခဲ့သလဲကို အံဖွယ်သဘာဝဓားသူတော်စင်က မသိခဲ့ဘူး။ သူ့ရဲ့တိုးတက်မှုက မြန်လွန်းနေတယ်လေ။
"စစ်ပွဲကောင်းကင်ဘုံတိုက်ပွဲနယ်မြေ"
စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က ဟိန်းဟောက်လိုက်ပြီး သူ့ခန္ဓာကိုယ်က အဝါရောင်စက်ဝန်းတစ်ခုနဲ့အတူ ထွက်ပေါ်လာတယ်။
"သေစမ်း"
အဝါရောင်လက်သွားပြီး စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က လီဖူချန်းရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။ သူက အဝါရောင်အလင်းတွေတောက်ပနေတဲ့လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်တယ်။
ဖြောက်........
လီဖူချန်းရဲ့လက်ရိုးက ကျိုးသွားတော့တယ်။
စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်မှာ တိုးမြှင့်ခြင်းအမျိုးအစားမွေးရာပါစွမ်းရည်တစ်ခု ရှိတယ်။ အဲဒါက စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်ရဲ့ခွန်အားကို အဆများစွာ တိုးစေခဲ့တယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ခိုင်ခံမာကျောမှုကလည်း တိုးမြင့်လာတယ်။
"မင်းက ငါ့လက်သီးဘယ်နှစ်ချက်ကို လက်ခံနိုင်မလဲ ကြည့်ရတာပေါ့"
စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က အသက်ပြင်းပြင်းရှုလိုက်တယ်။ သူ့လက်သီးကို ဝှေ့ယမ်းလိုက်ရာ အဝါရောင်လက်သီးပေါင်းများစွာက လီဖူချန်းကို ဝန်းရံသွားတယ်။
ဖြောက်......ဖြောက်......
လီဖူချန်းရဲ့အရိုးပေါင်းစုံက ကျိုးပဲ့သွားပြီး သူက လွင့်ထွက်သွားရတယ်။
မတိုးမြှင့်ခင် စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က လီဖူချန်းထက် ပိုသန်မာပြီးသာပါပဲ။ အခု သူက တိုးမြင့်ထားပြီဆိုတော့ သူက လီဖူချန်းကို ဖိနှိပ်နိုင်နေတာပေါ့။
"ဂရုစိုက်အုံး"
အံ့ဖွယ်သဘာဝဓားသူတော်စင်က သူ့ရဲ့ဓားလက်ချောင်းကို ဆွဲထုတ်လိုက်တယ်။ ဓားချီအလွှာတွေက စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်ထံ ခုတ်ပိုင်းလာတယ်။
ကံမကောင်းတာကတော့ စုစည်းထားတဲ့ဓားချီက အဝါရောင်စက်ဝန်းကို မချိုးဖြတ်နိုင်ခင် အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့တယ်။
နောက်သို့ လွင့်ထွက်နေစဉ်အတွင်း လီဖူချန်းရဲ့အရိုးတွေက သက်သာလာပြီး သူ့ရဲ့ဒဏ်ရာတွေက ချက်ချင်း ပျောက်ကင်းသွားတော့တယ်။
အရှိန်အဟုန်ကို တန့်စေပြီးနောက် လီဖူချန်းက ပြောလိုက်တယ်"စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်၊ ငါ မင်းရဲ့ခွန်အားကို တွေ့ကြုံပြီးပြီ"
"ဘာလဲ။ မင်းမှာ ဝှက်ဖဲတွေ ရှိနေသေးတာလား။ ဒါဆိုလည်း ငါ့ကို ပြလေ" စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က မေးငေါ့ကာ အထင်သေးစွာ ပြောလိုက်တယ်။
"ငါ့ရဲ့အစစ်အမှန်ခွန်အားက ဓားတာအိုပဲ"
ပြောင်းလဲခြင်းအသစ်ဓားကို ဆွဲထုတ်ကာ လီဖူချန်းက ထက်ရှတဲ့ချီတည်ရှိမှုတစ်ခုကို ထုတ်လွှတ်လိုက်တယ်။
"ဓားသမားလား"
စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က အတိတ်နိမိတ်မကောင်းသလို ခံစားရပေမယ့် သူက အာရုံမထားခဲ့ပါဘူး။
လီဖူချန်းရဲ့ခွန်အားက ပိုသန်မာလာတော့ရော ဘာဖြစ်လဲ။ သူက သူတော်စင်အရှင်တစ်ယောက် မဟုတ်သရွေ့ စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က ဘာကိုမှ မကြောက်ရွံ့ပါဘူး။
"ငါ့ရဲ့ပထမဆုံးဓားကွက်ကြယ်ပျံကြွေဓားကွက်ကို မြည်းစမ်းလိုက်....."
ပြောင်းလဲခြင်းအသစ်ဓားကို ဝှေ့ယမ်းလိုက်တာနဲ့ ကြယ်ပျံနဲ့တူတဲ့ဓားအလင်းတစ်ခုက တလက်လက်တောက်ပလာပြီး စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်ရဲ့အရှေ့ကို ရောက်ရှိလာတယ်။
"ချိုးဖြတ်စမ်း"
စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က အံ့အားသင့်သွားတယ်။ ဓားက မြန်လွန်းပြီး သူက စစ်ပွဲကောင်းကင်ဘုံတိုက်ပွဲနယ်မြေအခြေအနေမှာမရှိရင် သူက တုံ့ပြန်နိုင်မှာမဟုတ်ဘူး။
ဖြောက်.........
ဒီတစ်ခါတော့ စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်ရဲ့လက်အရိုး ကျိုးကြေရမယ့်အလှည့်ပါပဲ။
ထွန်းတောက်ဓားပညာက အလွန်အမင်းတောက်ပပြီး ဓားအားက အဆုံးစွန်းကို ချက်ချင်း ရောက်ရှိနိုင်တယ်။
"ဒုတိယဓားကွက်၊ အကန့်အသတ်မဲ့အလင်းတောက်ပခြင်း"
လီဖူချန်းက နေတစ်စင်းအဖြစ် ပြောင်းသွားပြီး မရေမတွက်နိုင်တဲ့နေအလင်းရောင်တွေက စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်ထံ ကျရောက်လာတယ်။
စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်ရဲ့အဝါရောင်စက်ဝန်းက အပေါက်တွေနဲ့ပြည့်နေတော့တယ်။ အလားတူစွာ သူ့ခန္ဓာကိုယ်ကလည်း အပေါက်တွေနဲ့ ပြည့်သွားပြီး သွေးတွေက နေရာအနှံ့ပက်ဖျန်းသွားတော့တယ်။
"အမှိုက်ကောင်၊ သေမ်း......."
စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က ဟိန်းဟောက်လိုက်တယ်။ လျှို့ဝှက်နယ်မြေစွမ်းအားက သူ့ခန္ဓာကိုယ်ပေါ် ပေါင်းထည့်သွားပြီး အဝါရောင်စက်ဝန်းက ပိုတောက်ပလာတယ်။ နောက်ဆုံးမှာတော့ အဝါရောင်အလင်းချပ်ဝတ်တစ်ခု ဖြစ်လာတယ်။
ဂျိုင်း ဂျိုင်း ဂျိုင်း ဂျိုင်း.......
ဓားအလင်းမီလီယံအားလုံးကို အဝါရောင်အလင်းချပ်ဝတ်က အလွယ်တကူ တားဆီးခဲ့တယ်။
"လျှို့ဝှက်နယ်မြေရဲ့အထောက်အပံ့လား"
ဒီနေရာက ရန်သူရဲ့အိမ်ကွင်းဆိုတာကို လီဖူချန်းက သိတယ်၊ ဒါကြောင့် ရန်သူက အားသာချက်ရှိနေတာပေါ့။
***