← Chapters

ကျောက်တုံးနက်သားရဲအာဏာရှင်

Vol. 63 Ch. 862

ကျောက်တုံးနက်သားရဲအာဏာရှင်

Vol. 63 Ch. 862

လျှို့ဝှက်နယ်မြေစွမ်းအားရဲ့အထောက်အပံ့ကို ရတဲ့အခါ စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်ရဲ့ခွန်အားက နောက်တစ်ဆင့်တိုးလာတယခ။ ဒါပေမယ့် လီဖူချန်းက သူ့ကို ဖိနှိပ်နိုင်နေတုန်းပါပဲ။

အကြောင်းကတော့ လီဖူချန်းက အခု ကောင်းကင်မျဉ်းဓားပညာကို သုံးစွဲနေလို့ပါပဲ။

ဓားအရှင်ဖန်တီးခဲ့တဲ့ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားပညာအနေနဲ့ ကောင်းကင်မျဉ်းဓားပညာက ထွန်းတောက်ဓားပညာထက် ပိုသန်မာတယ်။ ပဉ္စမကွက်မှ စတင်ကာ ထွန်းတောက်ဓားပညာထက် ပိုမြင့်လာတယ်။

"ကောင်းကင်‌ပြောင်းလဲလှည့်လည်နဂါးထိုးဖောက်ခြင်း"

နဂါးနဲ့တူတဲ့ဓားအလင်းတစ်ခုက လင်းလက်လာတယ်။

ဖြောက်.........

စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်ရဲ့အဝါရောင်အလင်းချပ်ဝတ်က လုံးဝ ကြေမွသွားတယ်။ သူ့ရင်ဘက်မှာ အပေါက်ကြီးတစ်ခု ရှိနေတယ်။

"မကောင်းတော့ဘူး"

စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က တုန်လှုပ်ချောက်ချားသွားတယ်။ အလယ်ဆင့်တိုင်ယန်သားရဲတစ်ကောင်ရဲ့ခန္ဓာကိုယ်ရှိတဲ့အထွတ်အထိပ်အဆင့်သားရဲအရှင်သခင်တစ်ကောင်အနေနဲ့ သူ့ရဲ့အသက်စွမ်းအားက လူသားအထွတ်အထိပ်သူတော်စင်တွေထက် ပိုမြင့်တယ်။ ဒါပေမယ့် ဒီဓားကွက်နဲ့ရင်ဆိုင်ရတဲ့အခါ သူ့ရဲ့အသက်စွမ်းအား၅ရာခိုင်နှုန်းနီးပါးက ကုန်ဆုံးသွားတယ်။ ဆိုလိုတာကတော့ နောက်ထပ်အကွက်၂၀ဒါမှမဟုတ်၃၀အတွင်းမှာ သူက မသေရင်တောင် သူ့ရဲ့တိုက်ပွဲခွန်အားအများစုကို ဆုံးရှုံးရပါလိမ့်မယ်။

"ဟိန်း......"

သူ့ရဲ့လူသားပုံစံက လီဖူချန်းကို မဆန့်ကျင်နိုင်တာကြောင့် စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က သူ့ရဲ့မူလပုံစံကို ပြန်ရောက်သွားတယ်။

အုန်း........

ကြောက်စရာကောင်းတဲ့ချီပေါက်ကွဲမှုတစ်ခုဖြစ်လာပြီး ဧရာမအဝါရောင်နွားထီးတစ်ကောင်က ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာတယ်။ အဲဒါက အရွယ်အစားအားဖြင့် မိုင်တစ်ထာင်ကျော် ရှိတယ်။

"စစ်ပွဲနင်းခြေခြင်း"

အဝါရောင်နွားထီက ဟင်းလင်းပြင်ထဲမှာ တင်းကြပ်စွာ ဆောင့်နင်းထားပြီး အဝါရောင်လှိုင်းဂယက်တွေက ကြီးမားတိုးချဲ့လာတယ်။ နင်းခြေထားတဲ့လှိုင်းဂယက်တွေက အရွယ်အစားအားဖြင့် မိုင်ဒါဇင်အနည်းငယ် ရှိတယ်။ သူတို့က တစ်ခုနဲ့တစ်ခုဆင့်ပုံပြီးတာနဲ့ အဲဒါက အတုမရှိလှိုင်းတစ်ခုကို ထုတ်ဖော်လာတယ်။

"အချိန်ကျပြီ၊ ဓားပင်လယ်မိုးကုတ်စက်ဝိုင်း"

လီဖူချန်းရဲ့ဓားက လှိုင်းဂယက်ကို ထိုးဖောက်သွားပြီး ဓားချီက ကြီးမားလာကာ ပုံရိပ်ယောင်ပင်လယ်တစ်ခုက အဝါရောင်နွားထီကို ဝိုင်းရံသွားတယ်။

ဒါပေမယ့် လီဖူချန်းက စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်ကို ဓားပင်လယ်မိုးကုတ်စက်ဝိုင်းနဲ့ မသတ်နိုင်သေးပါဘူး။ ဒါကြောင့် လီဖူချန်းက မူလဘူတဓားကို နောက်မှအမြန်ထုတ်ဖော်လိုက်တယ်။

"အား....."

စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က အော်ဟစ်လိုက်ရပြီး သူ့ရဲ့ခန္ဓာကိုယ်မှ ဓားချီလှိုင်းလေးတွေ ပေါ်ထွက်လာတယ်။ သူ့ကို ကြည့်ရတာ ဖြူ‌တစ်ကောင်နဲ့ တူနေတယ်။

"လီဖူချန်း၊ ငါ ဒီဓားကွက်ကို မှတ်ထားမယ်။ အရိပ်သဏ္ဍာန်ဖလှယ်ခြင်း"

အရိပ်တစ်ခုက စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်ရဲ့ခန္ဓာကိုယ်မှ ပေါ်ထွက်လာပြီးနောက် သူက ‌ပျောက်ကွယ်သွားတော့တယ်။

လီဖူချန်းက မလိုက်သွားခဲ့ဘူး၊ ဒီနေရာက ရန်သူရဲ့ပိုင်နက်ဖြစ်ပြီး သူက လိုက်သွားရင်တောင် မဖမ်းမိနိုင်ပါဘူး။

"စီနီယာအံ့ဖွယ်သဘာဝ၊ သွားကြစို့"

အရူးသားရဲနန်းတော်က ဝင်ဖို့ခက်ပေမယ့် ထွက်ဖို့လွယ်တယ်။ လီဖူချန်းက လျှို့ဝှက်နယ်မြေရဲ့နေရာလပ်အတားအဆီးကို ချိုးဖြတ်ပြီးနောက် သူတို့နှစ်ယောက်က ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အရူးသားရဲနန်းတော်အပြင်ဘက်ရှိပင်လယ်နက်ထဲကို ရောက်ရှိလာတယ်။

…

လိီဖူချန်း အံ့ဖွယ်သဘာဝဓားသူတော်စင်ကို ပြန်ခေါ်လာခြင်းက ဆန်းကြယ်နက်နဲဓားသူတော်စင်ကို အမှန်တကယ် အံ့အားသင့်စေခဲ့တယ်။

လီဖူချန်းက အရူးသားရဲနန်းတော်ထဲကို ဝင်ရောက်ပြီး စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်ကို အနိုင်ယူခဲ့တာကို သိသွားတဲ့အခါ ဆန်းကြယ်နက်နဲဓားသူတော်စင်က ထိတ်လန့်မှုအပြည့်ဖြစ်သွားတော့တယ်။

ထိတ်လန့်မှုကို သတိပြန်ဝင်လာပြီးနောက် ဆန်းကြယ်နက်နဲဓားသူတော်စင်က သတိပေးလိုက်တယ်",မင်း စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်ကို အနိုင်ယူခဲ့တဲ့သတင်းက မပျံ့နှံ့နိုင်ပေမယ့် သားရဲအာဏာရှင်နှစ်ကောင်က သေချာပေါက် ရှာတွေ့သွားမှာပဲ။ မင်း အနာဂတ်မှာ သတိထားရမယ်"

သားရဲအာဏာရှင်တွေရဲ့ပစ်မှတ်ထားခြင်းက သေးငယ်တဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။

သူတော်စင်အရှင်နဲ့သားရဲအာဏာရှင်တွေက လုံးဝကိုခြားနားတဲ့အဆင့်တွေပါပဲ။ သူတို့က အလွယ်တကူ မပါဝင်ကြပေမယ့် သူတို့တွေ ပါဝင်လာတာနဲ့ နက်ပြာပလိန်းကို သေချာပေါက် သက်ရောက်စေလိမ့်မယ်။

"ငါ သိပါတယ်" ခေါင်းညိတ်လိုက်တယ်။

လက်ရှိအခြေအနေမှာ သူက သားရဲအာဏာရှင်တွေ၊ သူ‌တော်စင်အရှင်တွေအတွက် တကယ်ကို ပြိုင်ဘက်တစ်ယောက်မဟုတ်သေးပါဘူး။

သို့သော်လည်း သူက သူတို့နဲ့ရင်ဆိုင်ရာမှာ ခိုကိုးရာမဲ့တော့ မဖြစ်နိုင်ပါဘူးလေ။ ကောင်းကင်ဆက်ဓားနဲ့ဆိုရင် သူက ခုခံနိုင်မယ်လို့ လီဖူချန်းက ယုံကြည်ချက် ရှိတယ်။

…

ကျောက်တုံးနက်ကျွန်း။

နေရာတစ်ခုလုံးကို အလွန်ရှားပါးတဲ့အနက်ရောင်နဂါးကြေးခွံကျောက်တုံးတွေနဲ့ ဖုံးလွှမ်းထားတယ်။

ဒီအနက်ရောင်နဂါးကြေးခွံကျောက်တုံးတွေက ခန္ဓာကိုယ်ကို တိုးမြင့်စေနိုင်တဲ့စွမ်းအင်ရှိတယ်။ လုံလောက်တဲ့ပမာဏနဲ့ဆိုရင် သူတော်စင်တွေအတွက်တောင် အသုံးဝင်တယ်။

ဒါပေမယ့် နှစ်ပေါင်းမရေမတွက်များစွာ ကြာတာတောင် လူသားသူတော်စင်တစ်ယောက်မှ ကျောက်တုံးနက်ကျွန်းကို ခြေမချရဲပါဘူး။ ဒီကျောက်တုံးနက်ကျွန်းက ကျောက်တုံးနက်သားရဲအာဏာရှင်ရဲ့ပိုင်နက်ဖြစ်နေတယ်လေ။

ကျောက်တုံးနက်သားရဲအာဏာရှင်ရဲ့အစစ်အမှန်ခန္ဓာကိုယ်က အဆင့်မြင့်တိုင်ယန်သားရဲဖြစ်တဲ့မျက်လုံးနီနဂါးနက်ဖြစ်ပြီး အလွန်အမင်းအားကောင်းတယ်။ ကျူးကျော်စစ်အတွင်း ကျောက်တုံးနက်သားရဲအာဏာရှင်က လှုပ်ရှားမှုပြုခဲ့ရင် သံတိမ်သူ‌တော်စင်အရှင်က ပြန်မလာရင်တောင် နတ်ဆိုးရှင်ဘုရင်တွေက အခွင့်ကောင်းယူနိုင်လိမ့်မှာ မဟုတ်ဘူး။

အရူးသားရဲနန်းတော်အရှင်သခင်ဖြစ်တဲ့စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်က အလယ်ဆင့်တိုင်ယန်သားရဲတစ်ကောင်မျှသာပါပဲ။ အဆင့်မြင့်တိုင်ယန်သားရဲနဲ့ယှဥ်ရင် ခွန်အားခြားနားချက်က အတော်လေးသိသာတယ်။

ကျောက်တုံးနက်ကျွန်းက ကြီးမားပြီး အလယ်မှာ မိုင်ထောင်ပေါင်းများစွာကျယ်ပြန့်တဲ့အနက်ရောင်တောင်တန်းတစ်ခု ရှိတယ်။ အဲဒါက ကျောရိုးနဲ့တူတဲ့တောင်တန်းတစ်ခု ဖြစ်ပြီး ‌တောင်တန်းရဲ့အရှေ့မှာ ဧရာမတောင်ထွတ်နှစ်ခု ရှိတယ်။

"သားရဲအာဏာရှင်၊ အကြွင်းမဲ့ပါရမီရှင်တစ်ယောက်က လူသားတွေကြားမှာ မကြာသေးမီက ထွက်ပေါ်လာတယ်။ သူက စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်ကို အနိုင်ယူခဲ့တယ်"

ဧရာမတောင်ထွတ်နှစ်ခုရဲ့အရှေ့မှာ လူသားပုံရိပ်တစ်ခုက ရပ်နေပြီး အဲဒါက အဆင့်မြင့်သားရဲအရှင်သခင်တစ်ကောင်ပါပဲ။

"စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်ကို အနိုင်ယူခဲ့တာလား"

ရွှမ်း........

ဧရာမအနီရောင်မျက်လုံးနှစ်လုံးက ပွင့်သွားပြီး သူတို့အသီးသီးကအနီရောင်ရေကန်တစ်ခုနဲ့ တူတယ်။အလယ်မှာတော့ အေးစက်တဲ့သူငယ်အိမ်တွေ ရှိတယ်။

တစ်ယောက်ယောက်က ကောင်းကင်ကို ခပ်မြင့်မြင့်ပျံသန်းရင် ဒီအနက်ရောင်တောင်တန်းက မိုင်၁၀၀၀၀ကျော်ရှိတဲ့နဂါးနက်တစ်ကောင်နဒ့ခန္ဓာကိုယ်ဆိုတာ မြင်နိုင်လိမ့်မှာပါ။ တကယ်တော့ ဧရာမတောင်ထွတ်နှစ်ခုက နဂါးဦးချိုတွေဖြစ်ပြီး အနီရောင်မျက်လုံးနှစ်လုံးက နဂါးမျက်လုံးတွေပါပဲ။

"ဟုတ်တယ်၊ ထိုလူကို လီဖူချန်းလို့ ခေါ်တယ်။ သူက ဓားသမားအစည်းအရုံးရဲ့ပင်မအကြီးအကဲပဲ"

"ဒီကလေးက စစ်ပွဲကောင်းကင်ဘုံမဟာအရှင်သခင်ကို အနိုင်ယူနိုင်ရင် သူ့ခွန်အားက သူ‌တော်စင်အရှင်နဲ့နီးကပ်တယ်လို့ ဆိုလိုတယ်။ အခွင့်အရေးရှိရင် သူ့ကို ဖယ်ရှားဖို့ သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်ကို ပြောလိုက်ပါ" ကျောက်တုံးနက်သားရဲအာဏာရှင်ရဲ့အသံက ကျွန်းတစ်ခုလုံးကို တုန်လှုပ်သွားစေတယ်။

သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က နတ်ဆိုးသားရဲတွေကြားမှာ နံပါတ်၁သားရဲအရှင်သခင် ဖြစ်တယ်။ ကျောက်တုံးနက်မဟာအရှင်သခင်လိုပဲ သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က အဆင့်မြင့်တိုင်ယန်သားရဲတစ်ကောင်ရဲ့ခန္ဓာကိုယ် ရှိတယ်။ သူ့ခွန်အားက သာမန်သူတော်စင်အရှင်တစ်ယောက်နဲ့ နီးကပ်တယ်။ အသက်ငယ်ရွယ်တာကြောင့် မဟုတ်ရင် သူက သားရဲအာဏာရှင်တစ်ကောင်ဖြစ်နေလောက်ပါပြီ။

…

"အထွတ်အထိပ်သူတော်စင်တစ်ယောက်လေးပဲလား။ သူ့ကို သတ်ရတာ ငါ့လက်ဝါးလှန်ရသလို လွယ်ကူတယ်"

သေခြင်းမှတ်တမ်းတိမ်ကျွန်း၊ ရွှေရောင်တိမ်လိုဏ်ဂူ၊ ရွှေရောင်မျက်လုံးနဲ့လူတစ်ယောက်က အထင်သေးစွာ ရယ်မောလိုက်တယ်။

"အရှင်သေခြင်းမှတ်တမ်းတိမ်က လှုပ်ရှားရင် အောင်မြင်မှာ အသေအချာပဲ" အဆင့်မြင့်သားရဲအရှင်သခင်တစ်ကောင်က လေးစားစွာ ပြောနေတယ်။

သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်ရဲ့ခန္ဓာကိုယ်က အဆင့်မြင့်တိုင်ယန်သားရဲတစ်ကောင်ဖြစ်တဲ့ရွှေတောင်ပံမဟာငဠုန်ငှက်ပါပဲ။ နက်ပြာပလိန်းထဲမှာ သူတော်စင်အရှင်ဖြစ်စေ၊ သားရဲအာဏာရှင်ဖြစ်စေ၊ မြန်နှုန်းအကန့်အသတ်က အလင်းမြန်နှုန်းအနီးနားမှာပါပဲ။ အလင်းမြန်နှုန်းကို ရောက်ရှိဖို့ ဒါမှမဟုတ် ကျော်လွန်ဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က အလင်းမြန်နှုန်းကို အလွယ်တကူ ‌ကျော်ဖြတ်နိုင်တယ်။

ဒါပေမယ့် သူတော်စင်အရှင်နဲ့သားရဲအာဏာရှင်တွေက သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်နဲ့ ရင်ဆိုင်ရာမှာ အကူအညီမဲ့တယ်လို့တော့ မဆိုလိုပါဘူး။ သူတော်စင်အရှင်နဲ့သားရဲအာဏာရှင်တွေက အလင်းမြန်နှုန်းကို မကျော်ဖြတ်နိုင်ပေမယ့် သူတို့မှာ လေကိုဖြတ်သန်းတိုက်ခိုက်နိုင်တဲ့စွမ်းအား ရှိတယ်။ မိုင်မီလီယံအတွင်းရှိဘယ်အရာမဆို သူတို့ရဲ့တိုက်ခိုက်‌ရေးအကွာအဝေးအတွင်းမှာ ရှိတယ်။

"ငါ့ရဲ့သတင်းကောင်းကို စောင့်နေပါ" သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က ရွှေရောင်အလင်းစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းကာ ပျောက်ကွယ်သွားတော့တယ်။

အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေ ကြီးမားတဲ့ပမာဏရှိနေတာကြောင့် လီဖူချန်းက စေးမနှဲနေပါဘူး၊ သူက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၅၀၀၀ကို အံ့ဖွယ်သဘာဝဓားသူတော်စင်နဲ့ဆန်းကြယ်နက်နဲဓားသူ‌‌တော်စင်တို့ထံ ပေးလိုက်တယ်။

သူတို့နှစ်ယောက်လုံးက လီဖူချန်းကို အကြွေးမတင်လိုပါဘူး၊ သူတို့ရဲ့အစည်းအရုံးမှတ်အားလုံးကို လီဖူချန်းထံ ပေးခဲ့တယ်။  အစည်းအရုံးအမှတ်၁၀မီလီယံက လီဖူချန်းထံ ထပ်မံပေါင်းထည့်လာတော့တယ်။

ဒီ‌လောက်များပြားတဲ့အစည်းအရုံးမှတ်တွေနဲ့ဆိုရင် လီဖူချန်းက ဓားတာအိုနည်းလမ်းအချို့ကို ဖတ်ဖို့ ဆုံးဖြတ်ပြီး မူလအဆုံးစွန်းဓားနည်းလမ်းကို ဒုတိယအဆင့်အထွတ်အထိပ်သို့ တွန်းပို့ဖို့ကြိုးစားခဲ့တယ်။

လီဖူချန်းရဲ့လက်ရှိခွန်အားအရ တတိယအဆင့်အထွတ်အထိပ်ဓားတာအိုနည်းလမ်းက နိမ့်ကျလွန်းတယ်။ သူတော်စင်အရှင်တစ်ယောက်ရဲ့ကျင့်ကြံခြင်းနည်းလမ်းက ဒုတိယအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတွေသာ ဖြစ်လိမ့်မယ်။ ပြောင်မြောက်တဲ့သူတော်စင်အရှင်မှာ ပထမအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတွေ ရှိတယ်။

မူလအဆုံးစွန်းဓားနည်းလမ်းက  ဒုတိယအဆင့်အထွတ်အထိပ်သို့ ရောက်ရှိသွားရင် သူက အဆုံးစွန်းအဆင့်ဓားဖြစ်တဲ့ကောင်းကင်ဆက်ဓားကို ကိုင်ဆွဲပြီး ဘယ်သူတော်စင်အရှင်မဆို ယှဉ်ပြိုင်နိုင်ပါတယ်။

အချိန်တွေ ကုန်ဆုံးနေသလို လီဖူချန်းကလည်း အဆက်မပြတ် လျင်မြန်စွာ တိုးတက်နေတယ်။ သူက အခုဆိုရင် မူလအဆုံးစွန်းဓားနည်းလမ်းရဲ့နဝမအဆင့်ကို ဖန်တီးနိုင်ဖို့ ခြေတစ်လှမ်းသာ ကွာဟတော့တယ်။

ဒါပေမယ့် ဒီလောက်လျင်မြန်စွာတိုးတက်လာတာက ပုံမှန်လို့ပဲ ပြောရမယ်။

စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်အဆင့်၄ရှိကျင့်ကြံခြင်းနဲ့ကြယ်ကိုးလုံးအထွတ်အထိပ်ရှိအရိုးတည်ဆောက်ပုံနဲ့ဆိုရင် လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက သူ ရေဝဲနက်သစ်သီးကိုသုံးစွဲတုန်းကထက် ပိုကောင်းနေတယ်။ အခု သူက အစည်းအရုံးအမှတ်လုံလုံလောက်လောက်ရှိနေတာကြောင့် ဘယ်ဓားတာအိုနည်းလမ်းကိုမဆို ဖတ်နိုင်တယ်လေ၊ အဲဒီတော့ သူ့ရဲ့တိုးတက်မှုမြန်ဆန်တာ သဘာဝပါပဲ။

***

All Chapters