နောက်ထပ်ကပ်ဆိုက်တဲ့ကာလ
Vol. 63 Ch. 863
လဝက်ကြာပြီးနောက် လီဖူချန်းက မူလအဆုံးစွန်းဓားနည်းလမ်းရဲ့နဝမအဆင့်ကို ဖန်တီးခဲ့တယ်။
မူလအဆုံးစွန်းဓားနည်းလမ်းရဲ့နဝမအဆင့်မှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှု၄၂ခု ပါဝင်တယ်။ အဲဒါကို တစ်ကြိမ်လှည့်ပတ်ပြီးတာနဲ့ ခန္ဓာကိုယ်က ကမ္ဘာထဲရှိဓားတာအိုဥပဒေသနဲ့ တင်းကြပ်စွာ ချိတ်ဆက်မိပြီး အလွန်အမင်းကြောက်စရာကောင်းတဲ့ခွန်အားကို ထုတ်ဖော်ပါလိမ့်မယ်။
"ကျင့်ကြံခြင်းနည်းလမ်းအားဖြင့် ငါက သာမန်သူတော်စင်အရှင်တွေနဲ့ နှိုင်းယှဉ်နိုင်တယ်"
အခြားမျိုးနွယ်သူတော်စင်တွေကို အသာထား၊ လူသားသူတော်စင်တွေရဲ့ခွန်အားအဆင့်ကို အလွယ်တကူခွဲခြားနိုင်တယ်။ ပထမအဆင့်အထွတ်အထိပ်သိုင်းပညာနဲ့တတိယအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတွေရှိသူများက အထွတ်အထိပ်အဆင့်သူတော်စင်တွေ ဖြစ်ပါလိမ့်မယ်။ ထိပ်တန်းအဆင့်အထွတ်အထိပ်သိုင်းပညာနုဲဒုတိယအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတွေရှိသူများက သူတော်စင်အရှင်တွေ ဖြစ်ပါလိမ့်မယ်။ အဆုံးစွန်းအဆင့်အထွတ်အထိပ်သိုင်းပညာနဲ့ပထမအဆင့်အထွတ််အထိပ်ကျင့်ကြံခြင်းနည်းလမ်းတွေရှိသူများက ကောင်းကင်အရှင်တွေဖြစ်ပါလိမ့်မယ်။
လီဖူချန်းက သူတော်စင်တွေထက် သိုင်းပညာမှာသာ နိမ့်ကျတယ်။ ဒါပေမယ့် သူက အဆုံးစွန်းအဆင့်ဓားဖြစ်တဲ့ကောင်းကင်ဆက်ဓားကို အသုံးပြုခဲ့ရင် သာမန်သူတော်စင်အရှင်တွေက လီဖူချန်းအတွက် ပြိုင်ဘက်တစ်ယောက် မဖြစ်နိုင်ဘူး။
ဒါပေမယ့် ကောင်းကင်ဆက်ဓားမရှိရင် လီဖူချန်းက ပြောင်မြောက်တဲ့အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်သာ ဖြစ်ပေလိမ့်မယ်။
"သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က ငါ့ကို စောင့်ကြည့်နေတာ တစ်လကျော်ရှိပြီ။ အခုက သူ့ကို ဖယ်ရှားဖို့ အချိန်ပဲ"
လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ရင်ဆိုင်ရတဲ့အခါ သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်မဆိုနဲ့၊ သူတော်စင်အရှင်တစ်ယောက်ကတောင် သူတို့ရဲ့တည်နေရာကို မဖုံးကွယ်နိုင်ပါဘူး။
ပြိုးပြိုးပြက်ပြက်အလင်းနဲ့အတူ လီဖူချန်းက လေတိမ်မြို့မှ ပျံသန်းကာထွက်သွားတယ်။
"သူက ဒီလိုပဲ ထွက်လာတာလား" သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က စဦးစွာ မှင်တက်နေရာမှ လှောင်ပြောင်လိုက်တော့တယ်။
လီဖူချန်း မထွက်လာခဲ့ရင် သူ့အတွက် ခက်ခဲလှတဲ့ အချိန်တွေ ရှိနေပါလိမ့်မယ်။ တကယ်တော့ လေတိမ်မြို့မှာ အစီအရင်အကာအကွယ်ရှိပြီး အစီအရင်ရဲ့ဖိနှိပ်မှုအောက်မှာ သူက လီဖူချန်းကို အနိုင်ယူဖို့ ယုံကြည်ချက်မရှိပါဘူး။
မြို့အပြင်ဘက်မှာ သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က အရှိန်နဲ့ပြေးလာပြီး လီဖူချန်းကို လျင်မြန်စွာ တားဆီးလိုက်တယ်။
"သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်၊ မင်း ငါ့ကို ဘာလို့တားသလဲကို ငါ သိချင်တယ်" လီဖူချန်းက ရွှေရောင်မျက်လုံးနဲ့လူကို စိုက်ကြည့်လိုက်တယ်။
သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က မဲ့ပြုံးပြုံးကာ ပြောလိုက်တယ်"ကြည့်ရတာ မင်းက ငါ့ကို အရင်ကတည်းက သတိပြုမိခဲ့ပုံပဲ။ မင်းမှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိသလဲကို ငါ ကြည့်ရအောင်....."
သူက လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ချီတည်ရှိမှုနှစ်ခုကို မြင်လိုက်ရတာကြောင့် သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်ရဲ့မျက်လုံးတွေထဲမှာ ရွှေရောင်အလင်းတစ်ခုက လက်သွားတယ်။ ကြယ်နဲ့တူတဲ့ချီတည်ရှိမှုတစ်ခုရယ်၊ နောက်တစ်ခုကတော့ ဓားတာအိုချီတည်ရှိမှုတစ်ခုပေါ့။ ချီတည်ရှိမှုနှစ်ခုလုံးကတော့ မယုံနိုင်လောက်အောင်အားကောင်းပြီး အထွတ်အထိပ်အဆင့်သူတော်စင်ကို ရောက်ရှိနေတယ်။
"ငါ မင်းကို လျော့တွက်မိသွားတာပဲ" သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က စိတ်ထဲမှာ ရေရွတ်လိုက်တယ်၊ သူက အလွန်စိတ်လှုပ်ရှားနေသေးတယ်။
လီဖူချန်းမှာ ထိတ်လန့်တုန်လှုပ်စရာဓားတာအိုခွန်အားသာ ရှိရင် သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က ဂရုမစိုက်ပါဘူး။ ဒါပေမယ့် လီဖူချန်းက ကြောက်စရာကောင်းတဲ့ခန္ဓာကိုယ်အပြင်အားသူတော်စင်တစ်ယောက်ပါ ဖြစ်နေသေးတယ်ဆိုရင်တော့ ရင်ဆိုင်ရခက်ခဲပါလိမ့်မယ်။
နတ်ဆိုးသားရဲတွေမှာ မှင်တက်စရာအသက်စွမ်းအားတွေ ရှိပေမယ့် ခန္ဓာကိုယ်အပြင်အားသူတော်စင်တွေနဲ့နှိုင်းယှဉ်ရင် သူတို့က အတူတူပါပဲ။ အရေကြီးဆုံးကတော့ ခန္ဓာကိုယ်အပြင်အားသူတော်စင်တွေက နတ်ဆိုးသားရဲတွေထက် ပိုအားကောင်းတဲ့ခန္ဓာကိုယ်ကြံ့ခိုင်မာကျောမှု ရှိတယ်။ နတ်ဆိုးအရှင်သခင်တွေကတောင် ခန္ဓာကိုယ်အပြင်အားသူတော်စင်တွေရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မာကျောမှုကို မယှဉ်နိုင်ပါဘူး။ အဆင့်မြင့်တိုင်ယန်သားရဲခန္ဓာကိုယ်တွေရှိတဲ့သားရဲအရှင်သခင်တွေ ဒါမှမဟုတ် မြင့်မြတ်တဲ့သွေးမျိုးဆက်ရှိတဲ့နတ်ဆိုးအရှင်သခင်တွေကသာ ခန္ဓာကိုယ်အပြင်အားသူတော်စင်တွေနဲ့ ယှဉ်ပြိုင်နိုင်မှာပါ။
"မင်း ကြည့်လို့ဝပြီးလား" သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်ရဲ့မျက်လုံးတွေက အလွန်စူးရှပြီး အခြားသူတွေမမြင်နိုင်တဲ့အရာတွေကို မြင်နိုင်စွမ်းရှိတာကို လီဖူချန်းက သိတယ်။
"ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ မင်းရဲ့အဆုံးစွန်းအဆင့်ဓားကို ငါ့ကို ပေးလိုက်၊ အဲဒါဆိုရင် ငါ မင်းအသက်ကို ချမ်းသာပေးမယ်"
သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က စိတ်ပြောင်းသွားတယ်။ သူက လီဖူချန်းကို မသတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ အထွတ်အထိပ်အဆင့်ခန္ဓာကိုယ်အပြင်အားသူတော်စင်တစ်ယောက်ကို သတ်ဖို့က သူ့အနေနဲ့ မခက်ခဲပါဘူး၊ ဒါပေမယ့် သူက လီဖူချန်းရဲ့ကြွယ်ဝမှုကိုသာ သေချာပေါက် လိုချင်တာလေ။
"ဒါဆိုရင် မင်း ငါ့အသက်ကို ချမ်းသာမပေးဖို့ ငါ မျှော်လင့်တယ်" လီဖူချန်းက လှောင်လိုက်ချေတယ်။
"သေချင်နေတာပဲ" ရွှေရောင်ပြိုးပြိုးပြက်ပြက်လက်သွားပြီး သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က လီဖူချန်းအနောက် မိုင်အနည်းငယ်အကွာကို ရောက်ရှိလာတယ်။
"ဒီလိုမြန်ဆန်တဲ့အရှိန်"
လီဖူချန်းရဲ့လက်ထဲရှိဓားတောက်ပအလင်းက ကြေမွကွဲထွက်သွားတယ်။
"သူ ငါ့ရဲ့တိုက်ခိုက်မှုကို တကယ်တားဆီးခဲ့တာလား" သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က စိတ်ရှုပ်ထွေးသွားတယ်။
အလင်းမြန်နှုန်းကိုကျော်လွန်နေတဲ့သူ့ရဲ့မြန်နှုန်းနဲ့ဆိုရင် သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်ရဲ့တိုက်ခိုက်မှုမြန်နှုန်းက သူတော်စင်အရှင်နဲ့သားရဲအာဏာရှင်တွေထက်တောင် သာလွန်နေပါပြီ။ လုံလုံလောက်လောက်အကွာအဝေးမှာဆိုရင်တော့ သူတော်စင်အရှင်နဲ့သားရဲအာဏာရှင်တွေက လေထဲမှတစ်ဆင့် တိုက်ခိုက်နိုင်ပြီး သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်ရဲ့မြန်နှုန်းအားသာချက်ကို အကျိုးမရှိဖြစ်သွားစေနိုင်တယ်။ ဒါပေမယ့် အနီးကပ်တိုက်ပွဲမှာဆိုရင် သူတော်စင်အရှင်နဲ့သားရဲအာဏာရှင်တွေက ဘယ်လိုနည်းလမ်းတွေပဲရှိရှိ သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်လောက် မထိရောက်နိုင်ပါဘူး။
စောစောတုန်းက သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်နဲ့လီဖူချန်းတို့ကြားအကွာအဝေးက နီးကပ်တယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် လီဖူချန်းက မတားဆီးနိုင်သင့်ပါဘူး။
"သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်ရဲ့ခန္ဓာကိုယ်က ရွှေတောင်ပံမဟာဂဠုန်ငှက်ပဲ။ အဲဒါက နက်ပြာပလိန်းမှာ အလင်းမြန်နှုန်းကိုကျော်ဖြတ်နိုင်တဲ့ရှားပါးမျိုးစိတ်တွေက တစ်ခုပဲ"
လီဖူချန်းရဲ့အမြင်အရ ရွှေတောင်ပံမဟာဂဠုန်ငှက်ရဲ့သွေးမျိုးဆက်က နက်ပြာပလိန်းရဲ့ဥပဒေသရှိ မြန်နှုန်းကန့်သတ်ချက်တွေကို ဖွင့်နိုင်တဲ့ သော့ချက်တစ်ခုပါပဲ။
စိတ်မကောင်းစရာတစ်ခုကတော့ ရွှေတောင်ပံမဟာဂဠုန်ငှက်က ဘယ်လောက်ပဲမြန်မြန် သူက လီဖူချန်းရဲ့တုံ့ပြန်မှုလောက်တော့ မမြန်ပါဘူး။
စကြာဝဠာမှ နက်ပြာပလိန်းကိုလာရောက်တဲ့ဘယ်သူမဆို အားနည်းစေနိုင်တဲ့ကန့်သတ်ချက်တွေကို တွေ့ကြုံရပါလိမ့်မယ်။ ဒါပေမယ့် အဲဒါက လီဖူချန်းအတွက်တော့ မတူပါဘူး၊ သူ့ရဲ့စိတ်ဝိညာဉ်က အားကောင်းလွန်းပြီး နက်ပြာပလိန်းက သူ့ရဲ့တုံ့ပြန်မှုကို အားမနည်းစေနိုင်ပါဘူး။ ဆိုလိုတာကတော့ သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်ရဲ့မြန်နှုန်းက အလင်းမြန်နှုန်းထက် အဆများစွာပိုရောက်ရှိနိုင်ပေမယ့် လီဖူချန်းက အချိန်မီတုံ့ပြန်နိုင်ပါသေးတယ်။
ဒါပေမယ့် လီဖူချန်းက တုံ့ပြန်နိုင်ရင်တောင် သူ့ရဲ့ခန္ဓာကိုယ်မြန်နှုန်းက နက်ပြာပလိန်းက ကန့်သတ်ထားတာကြောင့် သူက အချိန်မီမတားဆီးနိုင်ပါဘူး။ ဒါကြောင့် သူက အလင်းမြန်နှုန်းထက် နှစ်ဆသုံးဆသာပိုတဲ့တိုက်ခိုက်မှုတွေကိုသာ အပြည့်အဝ တားဆီးနိုင်တယ်။ အဲထက်ပိုတာတွေကိုတော့ တားဆီးနိုင်ရုံမျှသာပါပဲ။
"ငါ့ရဲ့ဓားကွက်ကိုလည်း လက်ခံလိုက်အုံး" လီဖူချန်းက ကြယ်ပျံကြွေဓားကွက်ကို သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်အပေါ် ထုတ်ဖော်လိုက်တယ်။
"နှေးလွန်းတယ်"
သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က နောက်ဆုတ်လိုက်ပြီး လီဖူချန်းရဲ့ဓားအလင်းက သူ့ကို မဖမ်းမိနိုင်ခဲ့ပါဘူး။
"ငါ့ရဲ့ဓားမြန်နှုန်းက အလင်းမြန်နှုန်းအောက်မှာ ရှိတာကို ငါ မေ့သွားတယ်" လီဖူချန်းက ရယ်မောကာ ဓားကို ဓားအိမ်ထဲ သွင်းလိုက်တယ်။
"ဘာလို့လဲ။ အရှုံးပေးလိုက်ပြီလား" သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်ရဲ့အမူအရာက တည်ငြိမ်သွားတော့တယ်။
လီဖူချန်းက သူ့တိုက်ခိုက်မှုကို လက်ခံနိုင်တော့ရော ဘာဖြစ်လဲ။ အလင်းမြန်နှုန်းကိုကျော်လွန်တအရှိန်နဲ့ဆိုရင် သူ၊ သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က သူတော်စင်အရှင်နဲ့သားရဲအာဏာရှင်တွေအောက် ပြိုင်ဘက်ကင်းတယ်။ တစ်ယောက်မှတိုက်ခိုက်မှုတွေက သူ့ထံ မရောက်ရှိနိုင်ပါဘူး။
"အရှုံးပေးဖို့က စောလွန်းပါသေးတယ်။ ငါ့မှာ အဆုံးစွန်းအဆင့်ဓားတစ်လက်ရှိတာ မင်းသိပြီးသားပဲမလား။ အဆုံးစွန်းအဆင့်ဓားတွေက အလင်းမြန်နှုန်းမှာရှိတဲ့တိုက်ခိုက်မှုတွေကို ထုတ်ဖော်နိုင်မလားကို ငါ သိချင်တယ်" ပြောနေရင်း လီဖူချန်းက ကောင်းကင်ဆက်ဓားကို ဆွဲထုတ်ပြီး သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်ထံ ခုတ်ပိုင်းလိုက်တယ်။
ဓားအလင်းတစ်ခုက သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်ရဲ့ခန္ဓာကိုယ်ကို ခွဲဖြတ်သွားတယ်။
ဓားက မဖော်ပြနိုင်လောက်အောင်ထက်တယ်။ ဒီဓားနဲ့ရင်ဆိုင်ရတဲ့အခါ အရာတိုင်းက သူတို့ရဲ့ရည်ရွယ်ချက်တွေဆုံးရှုံးသွားသလို ခံစားရတယ်။
သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က ဓားအလင်းကို မြင်တယ်၊ ဒါပေမယ့် သူက အချိန်မီမရှောင်တိမ်းနိုင်ခဲ့ဘူး။
"မင်းက အဆုံးစွန်းအဆင့်ဓားကို လိုချင်တာမလား။ လာယူလေ"
လီဖူချန်းက ခုတ်ပိုင်းတယ်၊ ခုတ်ပိုင်းတယ်၊ သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ မဖျောက်ဖျက်နိုင်တဲ့အမှတ်အသားတွေကို ချန်ထားခဲ့တယ်။
အဆုံးစွန်းအဆင့်ဓားတစ်လက်ထံမှရရှိလာတဲ့ဒဏ်ရာက မရိုးရှင်းပါဘူး။ အဲဒါက အရင်းအမြစ်မှာ ဒဏ်ရာရခြင်း ဖြစ်ပြီး ဒီလိုဒဏ်ရာကို အသက်စွမ်းအားက မဖာထေးနိုင်ပါဘူး။
"မကောင်းတော့ဘူး"
အဆုံးစွန်းအဆင့်ဓားက ဒီလောက်အားကောင်းလိမ့်မယ်လို့ သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က မသိနိုင်ခဲ့ဘူး။ သူ သိရင် သူက လှုပ်ရှားလိမ့်မှာ မဟုတ်ပါဘူး။
အဆုံးစွန်းအဆင့်လက်နက်တွေကို အသာထား၊ သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က ထိပ်တန်းအဆင့်လက်နက်အနည်းငယ်ကိုသာ မြင်ခဲ့ဖူးတာပါ။
သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်မှာ သူအသုံးမပြုရသေးတဲ့ဝှက်ဖဲတွေ အများကြီးရှိသေးပေမယ့် သူက အဲဒါတွေကို အသုံးပြုမယ်ဆိုရင်တောင် လီဖူချန်းကို အနိုင်မယူနိုင်ဘူးဆိုတာကို သူ သိပါတယ်။ အဆုံးစွန်းအဆင့်ဓားနဲ့ရင်ဆိုင်ရတဲ့အခါ အရာအားလုံးက အချည်းနှီးပါပဲ။
"ပြေးတော့" ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲပြီးနောက် သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က ကမန်းကတန်း ထွက်ပြေးခဲ့တယ်။
သူ ဘယ်လောက်မြန်မြန်ကိစ္စမရှိဘူး၊ သူက ကောင်းကင်ဆက်ဓားထက် ပိုမမြန်ပါဘူး။
သူ့ရဲ့ချီသွေးအရင်းအမြစ်က ဖြည်းဖြည်းချင်း လျော့ကျလာတာကြောင့် သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က ထိတ်လန့်နေတယ်။ ဒိအတိုင်းသာ ဆက်သွားရင် သူ့ကို လီဖူချန်းက သတ်သွားမှာကို သူသိတယ်။
"သေစမ်း"
ဧရာမဓားအလင်းတစ်ခုက သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်ကို ဝန်းရံသွားတယ်။
"အဆုံးစွန်းအဆင့်လက်နက်က တကယ်ကို မယုံနိုင်စရာပဲ။ ငါ၊ ကျောက်တုံးနက်သားရဲအရှင်သခင်က အဲဒါကို အရယူရမယ်"
ဟင်းလင်းပြင်က တွန့်လိမ်သွားပြီး ဓားအလင်းထက် အဆများစွာပိုကြီးတဲ့အနက်ရောင်လက်သည်းတစ်ခုက ထွက်ပေါ်လာကာ ဓားအလင်းကို ဆုတ်ကိုင်လိုက်တယ်။
ဖြောက်........
ဓားအလင်းက ကြေမွသွားပြီး နဂါးကြေးခွံအနည်းငယ်က နဂါးလက်သည်းမှ ကြွေကျလာတယ်။
***