သားရဲအာဏာရှင်တစ်ယောက်နဲ့ ကြီးကျယ်တဲ့တိုက်ပွဲတစ်ခု
Vol. 63 Ch. 864
"နောက်ဆုံးတော့ တိုက်ခိုက်ရတော့မှာပါပဲလား"
လီဖူချန်းက သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်ကို အနိုင်ယူခဲ့တာကြောင့် သူက သားရဲအာဏာရှင်တစ်ယောက်နဲ့ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါပြီ။ ဒါပေမယ့် ဒီလောက်မြန်လိမ့်မယ်လို့တော့ သူ မမျှော်လင့်ထားခဲ့ဘူး။
ဟင်းလင်းပြင်ထဲမှာ တွန့်လိမ်မှုတစ်ခု ဖြစ်သွားပြီး နဂါးအကြေးခွံချပ်ဝတ်ကိုဝင်ဆင်ထားတဲ့ကြွက်သားတုတ်တုတ်ခိုင်ခိုင်နဲ့လူတစ်ယောက်က လီဖူချန်းရဲ့မြင်ကွင်းမှာ ထွက်ပေါ်လာတယ်။
"အဆုံးစွန်းအဆင့်ဓားတစ်လက်က ဒီလိုတောင် စွမ်းဆောင်နိုင်တာလား" ကြွက်သားတုတ်တုတ်ခိုင်ခိုင်နဲ့လူရဲ့မျက်လုံးတွေက လီဖူချန်းရဲ့ကောင်းကင်ဆက်ဓားအပေါ် ကျရောက်နေတယ်။
အဆုံးစွန်းအဆင့်ဓားက ကြယ်ပိုင်နက်မှာတောင် ရှားပါးတယ်။ အဲဒါကို ရောင်းချနိုင်မယ်ဆိုရင် ကြွယ်ဝမှုနဲ့အရင်းမြစ်တွေကြီးမားတဲ့ပမာဏကို သေချာပေါက် ထောက်ပံ့ပေးနိုင်လိမ့်မယ်။
"အဲဒါကို ပေးစမ်း" ကြွက်သားတုတ်တုတ်ခိုင်ခိုင်နဲ့လူက လီဖူချန်းရဲ့ကောင်းကင်ဆက်ဓားကို ဆုတ်ကိုင်ဖို့ လက်ကိုဆန့်ထုတ်လိုက်တယ်။
လီဖူချန်းကိုတော့ သူက လုံးဝအာရုံမထားပါဘူး။
"ကျောက်တုံးနက်သားရဲအရှင်သခင်၊ မင်းက နည်းနည်းတရားမလွန်နေဘူးလား"
လီဖူချန်းက ကောင်းကင်ဆက်ဓားနဲ့ ခုတ်ပိုင်းလိုက်ရာ ဓားအလင်းအကာအကွယ်အလွှာတစ်ခုက ထွက်ပေါ်လာတယ်။
ဝုန်း........
ဓားအလင်းအကာအကွယ်က အပိုင်းပိုင်းဖြစ်သွားပြီး ကျောက်တုံးနက်သားရဲအရှင်သခင်က သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်တယ်။
"စိတ်ဝင်စားစရာပဲ" ကျောက်တုံးနက်သားရဲအာဏာရှင်က ပြုံးလိုက်ပေမယ့် သူ့မျက်လုံးတွေက ပိုအေးစက်လာတယ်။
အဝေးမှ သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က ပြေးနေတာကို ရပ်လိုက်တယ်။ ကျောက်တုံးနက်သားရဲအာဏာရှင် ကြားဝင်လာတာနဲ့ အရာအားလုံးက ပြီးဆုံးသွားပြီလေ။
တကယ်တော့ ကျောက်တုံးနက်သားရဲအာဏာရှင်က သာမန်သားရဲအာဏာရှင်တစ်ယောက်မဟုတ်ဘူး။ သူက အလွန်အမင်းအားကောင်းတဲ့သားရဲအာဏာရှင်တစ်ကောင်ပါပဲ။
"သူတော်စင်အရှင်အဆင့်ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ရတာ တကယ်ကို စိတ်လှုပ်ရှားစရာပဲ" လီဖူချန်းက အားကောင်းတဲ့တိုက်ခိုက်ရေးဆန္ဒကို ဖော်ထုတ်လိုက်တယ်။
ရန်သူက သားရဲအာဏာရှင်ဆိုတော့ရော ဘာဖြစ်လဲ။ လက်ရှိလီဖူချန်းက သားရဲအာဏာရှင်တစ်ကောင်ကို အနိုင်မယူနိုင်ရင်တောင် သူ့ကိုလည်း အလွယ်တကူဖိနှိပ်ဖို့က မဖြစ်နိုင်ဘူးလေ။
"မင်းက ငါရင်ဆိုင်ခဲ့သမျှ စိတ်ကြီးအဝင်ဆုံးလူသားပဲ။ မင်းက ငါနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့များ ထင်နေတာလား" ကျောက်တုံးနက်သားရဲအာဏာရှင်ရဲ့မျက်လုံးတွေက ပိုအေးစက်သွားတယ်။ ကြောက်စရာကောင်းတဲ့စွမ်းအင်တစ်ခုက ရုတ်တရက် ပျံ့နှံ့လာတယ်။ ကောင်းကင်မြေကြီးဥပဒေသ လှည့်ပတ်နေတာတောင် ရပ်သွားရတယ်။
နဂါးမျိုးနွယ်က အခြားနတ်ဆိုးသားရဲမျိုးနွယ်တွေနဲ့ မတူပါဘူး၊ သူတို့မှာ သဘာဝနဂါးစွမ်းပကား ရှိတယ်။ ခွန်အားတိုးလာသလို နဂါးစွမ်းပကားကလည်း တိုးမြင့်လာတယ်။ သားရဲအာဏာရှင်တစ်ယောက်အနေနဲ့ ကျောက်တုံးနက်သားရဲအာဏာရှင်ရဲ့စွမ်းပကားက သူတော်စင်အရှင်အောက်ဘယ်သူကိုမဆို မလှုပ်ရှားနိုင်စေဖို့ လုံလောက်တယ်။
"နဂါးစွမ်းပကားလား"
လီဖူချန်းက ဂရုတစိုက် အာရုံခံလိုက်ရာ နဂါးစွမ်းပကားမှာ အလွန်သန်မာတဲ့စိတ်တန်ခိုးစွမ်းအားခြိမ်းခြောက်မှု ပါရှိတာကို သဘောပေါက်သွားတယ်။ ဒါကြောင့် နဂါးစွမ်းပကားနဲ့ ရင်ဆိုင်ရတဲ့အခါ ခွန်အားလုံလုံလောက်လောက်ရှိဖို့တင်မကဘူး၊ စိတ်တန်ခိုးစွမ်းအားလည်း အားကောင်းဖို့လိုအပ်တယ်။
လီဖူချန်းက အခြားအထွတ်အထိပ်သူတော်စင်တစ်ယောက်ဆိုရင် သူက အခု လှုပ်ရှားရင်တောင် သူ့ရဲ့တိုက်ပွဲစွမ်းအားက ၈၀မှ၉၀ရာခိုင်နှုန်းထိ လျော့ကျသွားပေလိမ့်မယ်။ သူက တိုက်ခိုက်ဖို့စွမ်းရည်အားလုံးကိုတောင် ဆုံးရှုံးသွားနိုင်တယ်။
စိတ်မကောင်းစရာတစ်ခုကတော့ အခြားစွမ်းရည်အားလုံးကို အသာထား၊ လီဖူချန်းရဲ့စိတ်တန်ခိုးစွမ်းအားကတောင် သေချာပေါက် ကောင်းကင်ကို ဆန့်ကျင်န်ိုင်တယ်။ ကျောက်တုံးနက်သားရဲအာဏာရှင်ရဲ့နဂါးစွမ်းပကားမှစိတ်တန်ခိုးခြိမ်းခြောက်မှုက လေပြေလေညင်းတစ်ခုမျှသာပါပဲ။ နဂါးစွမ်းပကားမှစွမ်းအားဖိနှိပ်မှုကသာ သူ့အပေါ်သက်ရောက်နိုင်တယ်။ လီဖူချန်းက ရင်ဆိုင်ဖို့ စက်ကွင်းကို မချဲ့ထွင်ခဲ့ဘူးဆိုရင် သူ့ရဲ့တိုက်ပွဲစွမ်းအားက ၅၀ရာခိုင်နှုန်းနီးပါး လျော့ကျသွားပါလိမ့်မယ်။
မူလအဆုံးစွန်းစက်ကွင်းကို ချဲ့ထွင်ကြီးမားစေပြီးနောက် ဟင်းလင်းပြင်မှအက်ကွဲသံတစ်ခု ထွက်လာတယ်။ ကျောက်တုံးနက်သားရဲအာဏာရှင်ရဲ့နဂါးစွမ်းပကားအားလုံးနီးပါးက ပျောက်ကွယ်သွားတယ်။ ကျန်ရှိနေတဲ့နဂါးစွမ်းပကားက လီဖူချန်းအပေါ် မပြောပလောက်တဲ့သက်ရောက်မှုသာ ကျန်ရှိတော့တယ်။
"ဒုတိယအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်း........" ကျောက်တုံးနက်သားရဲအာဏာရှင်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။
လီဖူချန်းရဲ့ကျင့်ကြံခြင်းနည်းလမ်းက သူတော်စင်အဆင့်ကို ရောက်ရှိနေပြီးပဲ။
ကျောက်တုံးနက်သားရဲအာဏာရှင်က ပြောင်မြောက်နိုင်ပေမယ့် သူ့ရဲ့နဂါးစွမ်းပကားနဲ့သူတော်စင်အရှင်တွေကို ဖိနှိပ်နိုင်လောက်တဲ့အထိ လုံလုံလောက်လောက်အားမကောင်းပါဘူး။
"မင်းက ဒီလောက်စိတ်ကြီးဝင်နေတာ အဲ့ဩစရာမရှိဘူးပဲ။ မင်းက အတော်လေးကျွမ်းကျင်သားပဲ"
ကျောက်တုံးနက်သားရဲအာဏာရှင်က လီဖူချန်းကို အထင်မသေးတော့ပါဘူး။ ထိပ်တိုက်ရင်ဆိုင်ပြီးနောက် လီဖူချန်းရဲ့အလုံးစုံခွန်အားက သာမန်သူတော်စင်အရှင်နဲ့နှိုင်းယှဉ်နိုင်တာကို သူ သဘောပေါက်ခဲ့တယ်။ ကျောက်တုံးနက်သားရဲအာဏာရှင်အနေနဲ့ သာမန်သူတော်စင်အရှင်တစ် ယောက်ကို သတ်ဖို့က လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ပါဘူး။
"မင်း ထပ်လှုပ်ရှားလို့ရပြီ" လီဖူချန်းက ကျောက်တုံးနက်သားရဲအာဏာရှင်ရဲ့ခွန်အားကို စမ်းသပ်ချင်သေးတယ်။
"မင်းက သေချင်နေမှတော့ ငါက မင်းရဲ့ဆန္ဒကို အပြည့်အဝဖြည့်ဆည်းပေးရမှာပေါ့" ကျောက်တုံးနက်သားရဲအာဏာရှင်က လီဖူချန်းကို သူ့ရဲ့လက်သည်းတွေနဲ့ ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့တယ်။
လက်သည်းတိုက်ခိုက်မှုကို ဖော်ထုတ်တဲ့အချိန်မှာ ဧရာမအနက်ရောင်နဂါးလက်သည်းတစ်ခုက ထွက်ပေါ်လာတယ်။ အနက်ရောင်နဂါးလက်သည်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ဥပဒေသကတောင် ဆုတ်ဖြဲခံလိုက်ရတယ်။ ဖျက်ဆီးခြင်းချီအရှိန်အဝါက နေရာတိုင်းကို ပျံ့နှံ့လာပြီး ဟင်းလင်းပြင်မှာ ပြည့်သွားတယ်။
"ချိုးဖြတ်စမ်း"
လီဖူချန်းက အနက်ရောင်နဂါးလက်သည်းကို လခြမ်းသဏ္ဍာန်ဓားအလင်းနဲ့ ခုတ်ပိုင်းလိုက်တယ်။
ဖြောက်.......
ကျောက်တုံးနက်သားရဲအာဏာရှင်က အားကောင်းလွန်းတာကြောင့် ဓားအလင်းက မျက်စိတစ်မှိတ်တောင်မခံပါဘူး။ အဲဒါက ချက်ချင်း စုတ်ပြဲသွားပြီး မှိန်ဖျော့တဲ့အနက်ရောင်နဂါးလက်သည်းတစ်ခုက လီဖူချန်းရဲ့ခန္ဓာကိုယ်အပေါ် ကျရောက်လာတယ်။
သွေးတွေ ပန်းထွက်ပြီး လီူဖချန်းက လီဖူချန်းက လွင့်ထွက်သွားတယ်။ သူ့ရဲ့အရိုးတွေက အပြည့်အဝကြေမွလုနီးပါးဖြစ်ပြီး သူ့ရဲ့အသားက သွေးသံရဲရဲဖြစ်နေတယ်။ သူက မသေမရှင်ညှင်းပန်းနှိပ်စက်ခံနေရတဲ့အလားပါပဲ။
ဒါပေမယ့် အသက်တစ်ရှိုက်အတွင်း ကြောက်မက်ဖွယ်ရာဒဏ်ရာတွေက အပြည့်အဝကုသသွားပြီး သူ့ကို ကြည့်ရတာ ဘာဒဏ်ရာတစ်ခုမှ မခံစားရသလို ဖြစ်နေတယ်။
လီဖူချန်း ကျောက်တုံးနက်အာဏာရှင်နဲ့ တိုက်ခိုက်ရဲတာက ကောင်းကင်ဆက်ဓားကြောင့်ပဲ မဟုတ်ဘူး။ ကြယ်အင်မော်တယ်ခန္ဓာကိုယ်က သူ့ရဲ့အကြီးမားဆုံးအားကိုရာပါပဲ။
အဆင့်မြင့်ကြယ်အင်မော်တယ်ခန္ဓာကိုယ်နဲ့ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်အကြမ်းခံမှုနဲ့ကုသနိုင်တဲ့စွမ်းရည်က တူညီတဲ့ကျင့်ကြံခြင်းမှာရှိတဲ့အခြားမျိုးနွယ်စုများစွာထက် ပိုမြင့်မားတယ်။ စကြာဝဠာထဲမှာ နက္ခက်တာရာသားရဲတွေနဲ့ကောင်းကင်ဆန့်ကျင်မျိုးနွယ်စုတွေကသာ သူနဲ့နှိုင်းယှဉ်နိုင်တယ်။ နတ်ဆိုးတွေကတောင် သူနဲ့မနီးကပ်နိုင်ပါဘူး။
ကျောက်တုံးနက်သားရဲအာဏာရှင်က ထိတ်လန့်သွားတယ်။ သူက အဆင့်မြင့်တိုင်ယန်သားရဲတစ်ကောင်ပါပဲ။ သူ့ခွန်အားက သူတော်စင်အရှင်နဲ့သားရဲအာဏာရှင်တွေကြားမှာ ထိပ်တန်းအဆင့်ရှိတယ်။ သူ့ရဲ့ခွန်အားအပြည့်လက်သည်းကုတ်ချက်က လီဖူချန်းကို ဒဏ်ရာမရစေနိုင်ခဲ့ဘူးပဲ။
"သေစမ်း"
ကျောက်တုံးနက်သားရဲအာဏာရှင်က လက်သည်းတိုက်ခိုက်မှုတွေကို လီဖူချန်းထံ တရစပ် ဖော်ထုတ်ခဲ့တယ်။
ကြောက်စရာကောင်းတဲ့စွမ်းအားက နေရာလပ်အကွာအဝေးကို နောက်ကျိသွားစေတယ်။ လီဖူချန်းက ကြိုးစားရင်တောင် မရှောင်တိမ်းနိုင်တော့ဘူး၊ ရွေးချယ်စရာမရှိဘဲ သူက အပြည့်အဝ ခုခံခဲ့ရတယ်။
သူ့ခန္ဓာကိုယ်ရှိအရိုးတွေက တစ်ကြိမ်ပြီးတစ်ကြိမ်ကြေမွသွားတယ်။ ဒါပေမယ့် နေလက်ချီစွမ်းအားရဲ့အားဖြည့်ပေးမှုနဲ့အတူ ကြေမွသွားတဲ့အရိုးတွေက တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်လည်ပြုပြင်တိုးတက်ကောင်းမွန်လာတယ်။ ပြန်လည်ပြုပြင်ပေးတဲ့အခါတိုင်း သူ့အရိုးတွေက ပိုပိုသန်မာလာတယ်၊ မာကျောလာတာကြောင့် လီဖူချန်းက ကျေနပ်အားရနေမိတယ်။
"အမှောင်ထုနဂါးအသက်ရှုခြင်း"
သူက လီဖူချန်းကို ဒဏ်ရာမရစေနိုင်တာကို မြင်ပြီး ကျောက်တုံးနက်သားရဲအာဏာရှင်က ဒေါသထွက်သွားတယ်။ သူ့ဦးခေါင်းက နဂါးဦးခေါင်းဖြစ်သွားပြီး အမှောင်မီးလျှံတွေကို မှုတ်ထုတ်လိုက်ချေတယ်။
အမှောင်ထုနဂါးအသက်ရှုခြင်းက မျက်လုံးနီနဂါးနက်ရဲ့အခြေခံအကျဆုံးနဲ့အသန်မာဆုံးမွေးရာပါစွမ်းရည်ပါပဲ။ အဲဒါက အရာအားလုံးကို ပြာအဖြစ်လောင်ကျွမ်းစေနိုင်တဲ့စွမ်းအား ရှိတယ်။
"ကောင်းကင်မြေကြီးလှည့်လည်ခြင်း" လီဖူချန်းက ဓားအလင်းအဖြစ် ပြောင်းသွားပြီး အမှောင်မီးလျှံတွေကို ရှောင်တိမ်းလိုက်တယ်။
လီဖူချန်းက အမှောင်မီးလျှံတွေကို မကြောက်ရွံ့ပေမယ့် သူက လက်ခံလိုခြင်းလဲ မရှိပါဘူး။ တကယ်တော့ အဲဒါက သူ့ရဲ့နေလက်ချီစွမ်းအားကို ကုန်ဆုံးစေနိုင်တယ်လေ။
ကောင်းကင်ဆက်ဓားကို သုံးပြီး ကောင်းကင်မြေကြီးလှည့်လည်ခြင်းကို ဖော်ထုတ်တဲ့အခါ သူ့ရဲ့မြန်နှုန်းက အလင်းမြန်နှုန်းကို ကျော်ဖြတ်သွားတယ်။ လီဖူချန်းက အမှောင်မီးလျှံတွေကို ရှောင်တိမ်းရုံတင်မက သူက ကျောက်တုံးနက်သားရဲအာဏာရှင်ကိုတောင် ခုတ်ပိုင်းလိုက်တယ်။
"ထွက်သွားစမ်း" ကျောက်တုံးနက်သားရဲအာဏာရှင်က ဓားအလင်းကို လက်သည်းတိုက်ကွက်နဲ့ တန်ပြန်တိုက်ခိုက်လိုက်တယ်။
အကွက်၁၀၀၊ အကွက်၂၀၀၊ အကွက် ၃၀၀......
မသိလိုက်မသိဘာသာနဲ့ သူတို့နှစ်ယောက်က အကွယ်ငါးရာအထိ ဖလှယ်ခဲ့တယ်။ ကြောက်စရာကောင်းတဲ့အရေးအခင်းက သူတော်စင်နဲ့သားရဲအရှင်သခင်များစွာကို ဆွဲဆောင်ခဲ့တယ်။ လီဖူချန်းက ကျောက်တုံးနက်သားရဲအာဏာရှင်နဲ့တိုက်ခိုက်နေတာကို သိလိုက်ရတဲ့အခါ သူတို့က လျှာကို အလိုအလျောက်ကိုက်လိုက်မိကြတယ်။
ကျောက်တုံးနက်သားရဲအာဏာရှင်က နက်ပြာပလိန်းရဲ့လွှမ်းမိုးအုပ်စိုးသူအာဏာရှင်တစ်ယောက်ဖြစ်ပြီး ကောင်းကင်အရှင်တွေပျောက်ကွယ်နေတဲ့ခေတ်အတွင်း သူက ပြိုင်ဘက်ကင်းတယ်။ လီဖူချန်းက ကျောက်တုံးနက်သားရဲအာဏာရှင်အတွက်ပြိုင်ဘက်တစ်ယောက်မဖြစ်နိုင်ပေမယ့် သူက တိုက်ခိုက်မှုတွေကို ခုခံနိုင်တာကတင် မယုံနိုင်စရာဖြစ်နေပါပြီ။
"လီဖူချန်းက ကျောက်တုံးနက်သားရဲအာဏာရှင်ကိုတောင် တိုက်ခိုက်နိုင်တာလား"
လေတိမ်မြို့ထဲမှာ အံ့ဖွယ်သဘာဝဓားသူတော်စင်နဲ့ဆန်းကြယ်နက်နဲဓားသူတော်စင်တို့က ပင့်သက်ရှိုက်မိနေတယ်။
"နက်ပြာပလိန်းကတော့ အပြောင်းအလဲကြီးတစ်ခု ဖြစ်လာတော့မှာပဲ"
သူတော်စင်နဲ့သားရဲအရှင်သခင်အားလုံးက တိတ်တဆိတ် ရေရွတ်လိုက်ကြတော့တယ်။
***