← Chapters

အုပ်စိုးသူအာဏာရှင်အသစ်

Vol. 63 Ch. 865

အုပ်စိုးသူအာဏာရှင်အသစ်

Vol. 63 Ch. 865

"ကျောက်တုံးနက်သားရဲအာဏာရှင်၊ ငါ့ရဲ့ဓားတစ်ကွက်ကို လက်ခံလိုက်ပါ။ ဓားချီမူလပြန်သွားခြင်း"

အကွက်တစ်ထောင်နီးပါးရှိလာပြီးနောက် လီဖူချန်းရဲ့ခန္ဓာကိုယ်မှ လေးနက်တည်ငြိမ်တဲ့ချီတည်ရှိမှုတစ်ခုကို ထုတ်လွှတ်ခဲ့တယ်။ ဓားတစ်လက်က ကျောက်တုံးနက်သားရဲအာဏာရှင်ကို တိုက်ခိုက်လိုက်တယ်၊ ဓားမြန်နှုန်းက နှေးကွေးတယ်လို့ထင်ရပေမယ့် တကယ်တော့ အလွန်မြန်ပါတယ်။

"ဘာလဲ။ ဒီဓားကွက်က........"

ကျောက်တုံးနက်ဓားအာဏာရှင်က ထိတ်လန့်သွားတယ်။ ဒိီဓားကွက်က အခြားကမ္ဘာမှာလာသလို  ခံစားရတယ်။ သူ့မျက်လုံးတွေကတောင် ဓားလမ်းကြောင်းကို မခွဲခြားနိုင်ဘူး။

အာ.......

ကျောက်တုံးနက်သားရဲအာဏာရှင်က ဒဏ်ရာရသွားပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ သွေးထွက်ဒဏ်ရာတစ်ခု ပေါ်လာတယ်။

အရင်ကတော့ သူ့လိုအဆင့်မြင့်နဂါးမျိုးနွယ်ဝင်ကို သာမန်သူတော်စင်အရှင်တစ်ယောက်က ဒဏ်ရာရစေဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် လီဖူချန်းကတော့ မတူပါဘူး၊ ကောင်းကင်ဆက်ဓားက ထက်ရှလွန်းတယ်။ ကောင်းကင်အရှင်တွေကလွဲပြီး တစ်ယောက်ကမှ ဒီဓားရဲ့ဒဏ်ချက်ကို မလက်ခံနိုင်လောက်ဘူး။

"ငါ နောက်ဆူံးတော့ သူ့ကို ဒဏ်ရာရ‌စေခဲ့ပြီ" လီဖူချန်းက ပြုံးလိုက်တယ်။

အဆုံးစွန်းအဆင့်ဓားတစ်လက်အနေနဲ့ သာမန်ဓားကွက်တွေကို ဖော်ထုတ်တာက ကောင်းကင်ဆက်ဓားအတွက် ဘာမှမသိသာဘူး။ ဓားကွက် ဘယ်လောက်ပဲအားကောင်းကောင်းဓားချီတစ်ခုကို ထုတ်လွှတ်ရတာတော့ အတူတူပါပဲ။ အခု လီဖူချန်းက 'ကောင်း‌ကင်မြေကြီးလှည့်လည်ခြင်းနဲ့ဓားချီမူလပြန်သွား'ဆိုတဲ့ဓားနှစ်ကွက်ကို ဖော်ထုတ်ခဲ့တယ်လေ။

ကောင်းကင်မြေကြီးလှည့်လည်ခြင်းက ဓားနဲ့လူပေါင်းစပ်ခြင်းရဲ့သန့်စင်တဲ့အခြေအနေမှာ ရှိနေတာလေ။ အဲဒါက မြန်နှုန်းကို အပြင်းအထန် တိုးစေနိုင်တယ်၊ ကောင်းကင်ဆက်ဓားနဲ့အသုံးပြုလိုက်တဲ့အခါကျတော့ ပိုပြီးမြန်လာရတာပေါ့။ ၎င်းရဲ့စွမ်းအားကိုတော့ လီဖူချန်းအနေနဲ့ စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။

ဓားချီမူလပြန်သွားခြင်းကတော့ လီဖူချန်းရဲ့ဓားကွက်အားလုံးထဲမှာ အဆန်းကြယ်ဆုံး၊ အနက်နဲဆုံးဓားကွက်ပါပဲ။ အဲဒါက လီဖူချန်းရဲ့ဓားတာအိုအနှစ်သာရ ဖြစ်တယ်။

ကောင်းကက်ဆက်ဓားနဲ့ဖော်ထုတ်တဲ့ဓားကွက်ရဲ့စွမ်းအားက ဓားချီတစ်ခုကို ဖော်ထုတ်တာနဲ့ အတူတူ‌ဖြစ်ပေမယ့် ဆန်းကြယ်တဲ့သွင်ပြင်လက္ခဏ္ဍာကတော့ အများကြီးပိုမြင့်တယ်လေ။

ဓားချီတစ်ခုကို ဖော်ထုတ်ရုံမျှဆိုရင် ကျောက်တုံးနက်သားရဲအာဏာရှင်က လွယ်ကူစွာရှောင်တိမ်းနိုင်မှာပေါ့ ဒါမှမဟုတ် အလွယ်တကူ တန်ပြန်တိုက်ခိုက်နိုင်မှာပေါ့။

"ကျောက်တုံးနက်သားရဲအာဏာရှင်က ဒဏ်ရာရသွားတာလား" သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်က အံ့ဩလွန်းလို့ပါးစပ်မဟနိုင်ဖြစ်သွားရှာတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်တိုက်ပွဲအတွင်း သံတိမ်သူ‌တော်စင်အရှင်ကတောင် ကျောက်တုံးနက်သားရဲအာဏာရှင်ကို ဒဏ်ရာမရစေနိုင်ခဲ့ဘူးလေ။

"နက်ပြာပလိန်းရဲ့အနေအထားက ပြောင်းလဲ‌တော့မှာပါလား" သေခြင်းမှတ်တမ်းတိမ်မဟာအရှင်သခင်ရဲ့နှလုံးသားထဲမှာ မချိတင်ကဲခံစားခဲ့ရတယ်။

လူသားတွေက သံတိမ်သူတော်စင်အရှင်ပေါ်မှာသာ မှီခိုအားထားခဲ့ရပြီး ပျက်စီးဖို့လက်တစ်ကမ်းအလိုမှာ ရှိနေခဲ့တယ်။ ဒါပေမယ့် အခု လီဖူချန်းနဲ့ဆိုရင် လူသားတွေက နတ်ဆိုးသားရဲတွေနဲ့ ယှဉ်နိုင်နေပါပြီ။

သွေးထွက်ဒဏ်ရာက ပိတ်သွားပြီး ကျောက်တုံးနက်သားရဲအာဏာရှင်က ဒေါသတကြီးဟိန်း‌လိုက်တယ်"မင်းက သေချင်နေတာပဲ......."

ဒီဒဏ်ရာက သူ့အတွက် အပေါ်ယံဒဏ်ရာလေးပါပဲ၊ အန္တရာယ်မရှိလှပါဘူး။ ဒါပေမယ့် သူ‌‌တော်စင်တွေ၊ သားရဲအရှင်သခင်အားလုံးရဲ့အရှေ့မှာ ဒဏ်ရာရသွားတာ‌ကတော့ သူ့အတွက် လုံးဝကိုရှက်ဖွယ်ရာအတိပါပဲ။

ဒေါသတကြီးဟိန်းနေစဉ်အတွင်း ကျောက်တုံးနက်သားရဲအာဏာရှင်က သူ့ရဲ့မူလပုံစံကို ပြောင်းလိုက်တယ်။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ဥပဒေသ‌ကန့်သတ်မှုကြောင့် သူ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်က ကျောက်တုံးနက်ကျွန်းလောက်တော့ မကြီးပါဘူး။ အရွယ်အစားက မိုင်တစ်ရာအထက်မှာတော့ ရှိမှာပါ။ ခန္ဓာကိုယ်တစ်ခုလုံးကို အရွယ်အစားအားဖြင့် မိုင်မီတာရာအနည်းငယ်ရှိတဲ့အနက်ရောင်နဂါးကြေးခွံတွေနဲ့ ဖုံးအုပ်ထားတယ်။ ကြေးခွံ တွေမှာ မဖျက်ဆီးနိုင်တဲ့မဟာတာအိုကိုထုတ်လွှတ်နေတဲ့ဆန်းကြယ်ပြီးရှေးကျတဲ့အင်းကွက်တစ်ခု ရှိတယ်။

နဂါးမျိုးနွယ်က နတ်ဆိုးသားရဲအထဲမှာ ပါပေမယ့် နတ်ဆိုးသားရဲတွေထက်လည်း ကျော်လွန်နေတယ်။ နက်ပြာပလိန်းထဲမှာ အားအနည်းဆုံးနဂါးမျိုးနွယ်ကလည်း အဆင့်နိမ့်တိုင်ယန်သားရဲတစ်ကောင်ပဲလေ။

သူတို့မှာ မွေးရာပါနဂါးစွမ်းပကားရှိတာကြောင့် ပျှမ်းမျှတိုက်ပွဲစွမ်းအားအရဆိုရင် နဂါးမျိုးနွယ်က နတ်ဆိုးသားရဲတွေကြားမှာ မငြင်းကွယ်နိုင်တဲ့နံပါတ်တစ်မျိုးနွယ်ပါပဲ။

"ဒီလိုကြောက်စရာကောင်းချီစိတ်ဝိညာဉ်......."

ကျောက်တုံးနက်သားရဲအာဏာရှင်က သူ့ရဲ့အစစ်အမှန်ပုံစံကို ပြောင်းလိုက်တဲ့အချိန်မှာ ကောင်းကင်မြေကြီးဥပဒေသက ရပ်တန့်နေသလို လီဖူချန်းက ခံစားခဲ့ရတယ်။

အခုဆိုရင် အရာအားလုံးက ရပ်တန့်နေတယ်၊ လီဖူချန်းက ပယင်းထဲမှာရှိတဲ့အင်းဆက်တစ်ကောင်လေးလိုပဲ။ သူက လှုပ်ရှားဖို့ခက်ခဲနေတယ်။

"သေစမ်း......."

ကျောက်တုံးနက်သားရဲအာဏာရှင်က သူ့ရဲ့ဧရာမနဂါးလက်သည်းကို ဆန့်ထုတ်ကာ လီဖူချန်းကို တိုက်ခိုက်လိုက်တယ်။

"ဓားချီမူလပြန်သွားခြင်း"

အတိမ်းအရှောင်မခံနိုင်တဲ့အခြေအနေမျိုးမှာ လီဖူချန်းက ဓားချီမူလပြန်သွားခြင်းကို ဖော်ထုတ်ပြီး ကျောက်တုံးနက်သားရဲအာဏာရှင်ရဲ့ချီစိတ်ဝိညာဉ်ကို ထိုးဖောက်ခဲ့တယ်။

ဝုန်း......ဒုန်း.......ဂျုန်း.......

ကျောက်တုံးနက်သားရဲအာဏာရှင်မှာ ဧရာမခန္ဓာကိုယ်ရှိတယ်၊ သူ နဂါးလက်သည်းကို လွှဲယမ်းလိုက်တဲ့အချိန်တိုင်းမှာ နေရာလပ်ဇုန်ရဲ့ကြီးမားတဲ့အကွက်အစိတ်အပိုင်းတစ်ခုက ပျက်ဆီးနေရတယ်။ အဲဒါကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့သလားကိုတော့ မသိပေမယ့် ကျောက်တုံးနက်သားရဲအာဏာရှင်က သူ့လက်သည်းကို အရမ်းမဲ့ လွှဲရမ်းလိုက်တာကြောင့် အနီးနားဝန်းကျင်ရှိသားရဲအာဏာရှင်တစ်ကောင်နဲ့သူတော်စင်နှစ်ယောက်က ဖုန်မှုန့်ဖြစ်သွားတယ်။ ကျန်ရှိနေတဲ့သူတော်စင်တွေ၊သားရဲအရှင်သခင်တွေက ကမန်းကတန်းနောက်ဆုတ်လိုက်ကြတယ်။

အကွက်၂၀၀၀၊ အကွက်၃၀၀၀........

ကျောက်တုံးနက်သားရဲအရှင်သခင်နဲ့လီဖူချန်းတို့ရဲ့တိုက်ပွဲက နေ့တွေညတွေ ကြာရှည်နေခဲ့တယ်။ လေတိမ်မြို့ရဲ့မိုင်တစ်မီလီယံအတွင်းမှာ အရာတိုင်းက တားမြစ်ဇုန်တစ်ခု ဖြစ်လာတယ်။ မိုင်ထောင်အနည်းငယ်အတ္ငင်းမှာ ဥပဒေသတွေက ပရမ်းပတာဖြစ်နေပြီး သဘာဝဘေးအန္တရာယ်တွေက အချိန်နဲ့အမျှ ထွက်ပေါ်လာနေတယ်။ မြို့အချို့က ဘယ်နေရာကထွက်ပေါ်လာမှန်းမသိတဲ့တွင်းချိုင့်‌ကြီးတွေထဲ ကျဆင်းသွားရတယ်။ မြို့အချို့ကတော့ ဟင်းလင်းပြင်မုန်တိုင်းကြောင့် ပြာအဖြစ် လွင့်ပါသွားကြတယ်။ မိုးသက်မုန်တိုင်းတွေ၊ မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်နေတဲ့ အခြားနေရာတွေများစွာ ရှိတယ်။

သူတော်စင်အရှင်တွေနဲ့သားရဲအာဏာရှင်တွေအကြားတိုက်ပွဲက အဆင့်မြင့်တိုက်ကြီးတွေကို အဖျက်အဆီး‌တွေ ဖြစ်ပေါ်စေဖို့ လုံလောက်တယ်။

ဒါပေမယ့် အပေါ်ယံမျက်နှာပြင်အပျက်အဆီးတွေသာ ဖြစ်ပြီး အဆင့်မြင့်တိုက်ကြီးတစ်ခုအတွက် ယားယံစေခြင်းတစ်ခုလို့တောင် သတ်မှတ်လို့မရပါဘူး။

"ထာဝရရေခဲကြယ်မြစ်......"

ရွန်းရွှန်းစိုနေတဲ့ကြယ်မြစ်တစ်စင်းက ဟင်းလင်းပြင်မှ ရုတ်တရက် ထွက်ပေါ်လာတယ်။ လှည့်ပတ်တာကိုရပ်တန့်ထားတဲ့ကောင်းကင်မြေကြီးဥပဒေသက အခုဆိုရင် သေဆုံးနေတဲ့အလား ဆိတ်ငြိမ်သွားပါပြီ။

"မကောင်းတော့ဘူး"

ဓားအလင်းကို ပိုပိုနှေးကွေးလာတာကို မြင်ပြီး ဒါက မကောင်းတော့ဘူးဆိုတာ လီဖူချန်းက သိလိုက်တယ်။

နှင်းကိုက်သားရဲအာဏာရှင်က ဒိီနေရာမှာ ရှိနေတာကို သူ သိလိုက်ပါပြီ။

နှင်းကိုက်သားရဲအာဏာရှင်ရဲ့ခန္ဓာကိုယ်က ရေခဲသားရဲတစ်ကောင်ပါပဲ။ ရေခဲသားရဲမျိုးနွယ်က အရေအတွက်အလွန်ရှားပါးပေမယ့် ထူးကဲစွာ အားကောင်းလှတယ်။

"နှင်းကိုက်သားရဲအာဏာရှင်......မင်းရဲ့ပြိုင်ဘက်က ငါပဲ...."

နဖူးပေါ်မှာတြိဂံပုံအမှတ်အသား၊ မီးခိုးရောင်ဆံပင်နဲ့လူလတ်ပိုင်းတစ်ယောက်က ဟင်းလင်းပြင်မှ ထွက်လာတယ်။ သူက လက်ဖဝါးကို မြှောက်ကာ စစ်းဆင်းနေတဲ့ကြယ်မြစ်ကို ရပ်တန့်လိုက်တယ်။

"သံတိမ်သူတော်စင်အရှင်.......မင်းက အားအင်မပြည့်ဝသေးဘဲနဲ့ ဘာလို့ ဝင်ပါလာရတာလဲ"

‌နှင်းကိုက်သားရဲအာဏာရှင်က ထွက်ပေါ်လာတယ်။ အဲဒါက ရေခဲလိုအေးစက်တဲ့မျက်လုံးတွေနဲ့နက်ပြာရောင်ဆံပင်ရှိတဲ့လူတစ်ယောက်ပါပဲ။ သူ့ရဲ့အရေပြားအရောင်က အပြာရောင်လက်နေပြီး အရေပြားပေါ်မှာ နက်ပြာရောင်အင်းကွက်တွေ တည်ရှိနေတယ်။

ဝှီး......ဝှီး.....ဝှီး....

နှင်းကိုက်သားရဲအာဏာရှင်ထွက်ပေါ်လာတာနဲ့ မိုင်သိန်းအနည်းငယ်အချင်းဝက်အတွင်းမှာ နှင်းမုန်တိုင်းတစ်ခုက ဖြစ်ပေါ်လာတယ်။ တစ်ခဏအတွင်း မြေပြင်မှာ အဖြူရောင်နှင်းအလွှာတစ်ခုနဲ့ ဖုံးလွှမ်းသွားတော့တယ်။

"အရင်တုန်းက မင်းတို့တွေ အရေအတွက် အသာရထားတယ်။ ဒီတစ်ကြိမ်မှာတော့ အရာအားလုံးက ခြားနားသွားပြီ"

လီဖူချန်းကို အကဲဖြတ်ပြီးနောက် သံတိမ်သူ‌တော်စင်အရှင်က ပျော်ရွှင်မှုအပြည့်ဖြစ်သွားလေတယ်။

လီဖူချန်းက ကျောက်တုံးနက်အာဏာရှင်အတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်တာကို သူက သေချာပေါက် မြင်ရပေမယ့် ဒီလီဖူချန်းက ကြမ်းတမ်းလွန်းပါတယ်။ ဒီလောက်အကြာကြီးတိုက်ခိုက်ပြီးတာတောင် လီဖူချန်းရဲ့ချီတည်ရှိမှုက လုံးဝအားမနည်းသေးဘဲ ပိုပိုပြီးတော့တောင် အားကောင်းလာတယ်။

"ဒီကလေးကို အားကိုးရုံနဲ့ မင်းတို့က အနေအထားကို ပြောင်းလဲနိုင်မယ်လို့ ထင်နေတာလား.....မင်းက အိမ်မက်မက်နေတာပဲ"

ပြောနေရင်း ‌‌နှင်းကိုက်သားရဲအာဏာရှင်က သူ့ရဲ့ညာဘက်လက်ကို ဆန့်ထုတ်လိုက်ရာ အဆုံးမဲ့ရေခဲစီးကြောင်းတွေက သံတိမ်သူတော်စင်အပေါ် ကျဆင်းလာတယ်။

နှင်းကိုက်ကြယ်။ အဲဒါက ရေခဲသားရဲမျိုးနွယ်ရဲ့မွေးရာပါစွမ်းရည်ပါပဲ။

"မီးလျှံအဆီအနှစ်ဘီး၊သွားစမ်း....."

လက်ကို လှည့်ချလိုက်ရာ ရဲရဲနီနေတဲ့ဘီးတစ်ခုက ရေခဲစီးကြောင်းတွေဆီ လှည့်လည်လာတယ်။

ဝုန်း....ဒုန်း.....ဂျုန်း.....အုံး...

ကမ္ဘာက အဖြူရောင်ဖြစ်နေပြီး လိပ်ပြာအသိစိတ်အာရုံနဲ့တောင် မြင်နိုင်စွမ်းမရှိတော့ပါဘူး။

ဒါက ရေခဲနဲ့မီးထိပ်တိုက်တွေ့ပြီးနောက် ဖြစ်ပေါ်လာတဲ့စွမ်းအားပါပဲ။

"သတိထား....."

ရုတ်တရက် သံတိမ်သူတော်စင်အရှင်က လီဖူချန်းကို သတိပေးလိုက်တယ်။

သံတိမ်သူတော်စင်အရှင်က သတိပေးစရာမလိုပါဘူး။ နှင်းကိုက်သားရဲအာဏာရှင်က သူ့ကို ချောင်းမြောင်းတိုက်ခိုက်လာမှာကို လီဖူချန်းက သိနေပြီးသားပဲ။

ဒါပေမယ့် သိတာက သိတာပေါ့လေ၊ လီဖူချန်းက အဲဒါကို မရှောင်တိမ်နိုင်သေးပါဘူး။

"အေးခဲစမ်း....."

နှင်းကိုက်သားရဲအာဏာရှင်ရဲ့ပုံရိပ်ယောင်က လီဖူချန်းအနောက်မှာ ထွက်ပေါ်လာတယ်။ လီဖူချန်းနဲ့ဟင်းလင်းပြင်က ရေခဲတုံးကြီးတစ်ခုအဖြစ် အေးခဲသွားတော့တယ်။

"‌သေစမ်း" ကျောက်တုံးနက်သားရဲအာဏာရှင်က ရေခဲတုံးကို သူ့ရဲ့နဂါးလက်သည်းနဲ့ ဖမ်းကိုင်လိုက်တယ်။

အရင်ကလည်း ကျောက်တုံးနက်သားရဲအာဏာရှင်နဲ့နှင်းကိုက်သားရဲအာဏာရှင်တို့က ဒီနည်းလမ်းကိုပဲ သုံးပြီး သံတိမ်သူ‌တော်စင်အရှင်ကို အပြင်းအထန်ဒဏ်ရာရစေခဲ့တယ်လေ။ မဟုတ်ရင် နှစ်ယောက်တစ်ယောက်ဖြစ်နေရင်တောင် သူတို့က သံတိမ်သူတော်စင်အရှင်ကို ဒဏ်ရာရစေဖို့ မလွယ်ကူပါဘူး။

တကယ်တော့ သံတိမ်သူတော်စင်အရှင်က သာမန်သူတော်စင်တစ်ယောက် မဟုတ်ဘူးလေ၊ သူက လူသားတွေရဲ့ထိပ်တန်းအဆင့်သူတော်စင်အရှင်တစ်ယောက်ပါပဲ။

ဖြောက်......ဖြောက်.......

ရေခဲတုံးကြီးက ကြေမွသွားတယ်။

ကျောက်တုံးနက်သားရဲအာဏာရှင်ရဲ့အမြင်အရ လီဖူချန်းက သေချာပေါက် အပိုင်းအစတွေအဖြစ် ကြေမွသွားပြီပေါ့။ နှင်းကိုက်အေးခဲလေထုက ကျူးကျော်လာရင် ထိုအပိုင်းအစတွေက အသက်စွမ်းအားကို ချက်ချင်း ဆုံးရှုံးသွားရမှာပဲ။

အရင်တုန်းက သံတိမ်သူတော်စင်အရှင်က သူ့ရဲ့ခံစစ်အသားပေးသံတိမ်သူတော်စင်နည်းလမ်းကို မှီခိုပြီးခုခံခဲ့ရသေးတယ်။ လီဖူချန်းအတွက်လည်း ရလာဒ်က သိသာနေပါတယ်......

"အားလုံးကို စိတ်ပျက်စေမိသွားပြီးလား"

ရေခဲတုံးကြီးက ကြေမွသွားပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်မှာ နှင်းကိုက်နာအမာရွတ်တွေ ရှိနေခဲ့တယ်။ သူ့ကို ကြည့်ရတာ ကျိုးပဲ့နေတဲ့ရုပ်တုတစ်ခုနဲ့ တူနေတယ်။

သူက ကြယ်မသေမျိုးခန္ဓာကိုယ်ကြောင့် သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းသိမ်းနိုင်ခဲ့တယ်။

(အင်မော်တယ်=မသေမျိုး၊ မသေမျိုးလို့ ပြောင်းသုံးမယ်နော်.....မြန်မာဘာသာပြန်သူ)

ကြယ်မသေမျိုးခန္ဓာကိုယ်က လီဖူချန်းရဲ့ခန္ဓာကိုယ်ကို သိပ်သည်းကျစ်လျစ်စေခဲ့တယ်။ မြင့်မားတဲ့အပူချိန်ကိုလည်း ထိန်းညှိပေးခဲ့တယ်လေ။

ကျောက်တုံးနက်သားရဲအာဏာရှင်အနေနဲ့ အပေါ်ယံမျက်နှာပြင်ကို ချိုးဖြတ်နိုင်ရုံနဲ့တင် ဂုဏ်ပြုထိုက်နေပါပြီ။ လီဖူချန်းရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကို ချိုးဖြတ်ချင်ရင်တော့ အကြွင်းမဲ့သားရဲအာဏာရှင်တွေကသာ ပြုလုပ်နိုင်မှာပါ။

"အုပ်စိုးသူအာဏာရှင်အသစ်တစ်ယောက် မွေးဖွားလာပြီးပဲ"

ဒီမြင်ကွင်းကို မြင်ပြီး သူတော်စင်နဲ့သားရဲအာဏာရှင်တွေအားလုံးက မှင်တက်သွားကြရတယ်။

သူတို့လက်ခံမခံ ကိစ္စမရှိတော့ဘူး။ လီဖူချန်းက အခုဆိုရင် နက်ပြာပလိန်းရဲ့အုပ်စိုးသူအာဏာရှင်တစ်ယောက် ဖြစ်နေပါပြီ။ သူ့ရဲ့အပြုအမူတိုင်းက နက်ပြာပလိန်းကို သက်ရောက်စေပါလိမ့်မယ်။

***

All Chapters