လွင့်မျောကျွန်း
Vol. 63 Ch. 866
"နှင်းကိုက်သားရဲအာဏာရှင်၊ အရင်က မင်း ငါ့အပေါ်လုပ်ခဲ့တာတွေအတွက် လက်စားပြန်ချေမယ်"
သံတိမ်သူတော်စင်အရှင်က အခွင့်အရေးကို ဆုပ်ကိုင်ပြီး မီးလျှံအဆီအနှစ်ဘီးကို ပစ်လွှတ်လိုက်တယ်။ အဲဒါက နှင်းကိုက်သားရဲအာဏာရှင်ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားတယ်။
ရေခဲသားရဲမျိုးနွယ်က အားကောင်းပေမယ့် သူတို့ရဲ့ခန္ဓာကိုယ်က အတော်လေးအားနည်းတယ်။ ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုရဲ့တိုက်ခိုက်မှုကို ခုခံဖို့က နှင်းကိုက်သားရဲအာဏာရှင်အတွက် မဖြစ်နိုင်ဘူးလေ။
သံတိမ်သူတော်စင်အရှင်က ကျောက်တုံးနက်သားရဲအာဏာရှင်ကို တိုက်ခိုက်ဖို့ မရွေးချယ်တဲ့အကြောင်းရင်းကတော့ ထိုကောင်က မျက်လုံးနီနဂါးနက်တစ်ကောင်ဖြစ်နေလို့ပါပဲ။ ကျောက်တုံးနက်သားရဲအာဏာရှင်က အလွန်အားကောင်းတဲ့ခံစစ်ရှိပြီး မီးလျှံအဆီအနှစ်ဘီးက ပြင်းထန်တဲ့ဒဏ်ရာတွေအစား သာမန်ဒဏ်ရာတွေကိုသာ ရရှိစေနိုင်တာလေ။
ရေခဲခန္ဓာကိုယ်ကို အရည်ကျိုထားတဲ့အလားပူပြင်းတဲ့အပေါက်တစ်ခုနဲ့အတူ ထိုးဖောက်သွားတော့တယ်။ နှင်းကိုက်သားရဲအာဏာရှင်က ထိတ်လန့်တကြားပြန်ဆုတ်လိုက်ရပြီး သူ့ရဲ့အရှေ့မှာ ရေခဲအတားအဆီးအလွှာတွေကို ထုတ်လွှတ်လိုက်တယ်။
"တောက်......" ဒီမြင်ကွင်းကို မြင်ပြီး ကျောက်တုံးနက်သားရဲအာဏာရှင်ရဲ့အမူအရာက မည်းမှောင်သွားတော့တယ်။
လက်တွေ့မှာ တစ်ယောက်ချင်းစီဆိုရင် ကျောက်တုံးနက်သားရဲအာဏာရှင်နဲ့နှင်းကိုက်သားရဲအာဏာရှင်တို့က သံတိမ်သူတော်စင်အရှင်အတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်ဘူးလေ။
နှင်းကိုက်သားရဲအာဏာရှင်က အလယ်ဆင့်သားရဲသားရဲအာဏာရှင်တစ်ကောင် ဖြစ်ပြီး ကျောက်တုံးနက်သားရဲအာဏာရှင်က အဆင့်မြင့်သားရဲအာဏာရှင်တစ်ကောင်ပဲလေ။ သံတိမ်သူတော်စင်အရှင်အတွက်တော့ သူက အလယ်ဆင့် သူတော်စင်အရှင်တစ်ယောက်သာ ဖြစ်ပေမယ့် ထိပ်တန်းအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့မီးလျှံအဆီအနှစ်ဘီး ရှိတာကြောင့် အထွတ်အထိပ်အဆင့်သူတော်စင်အရှင်တစ်ယောက်ရဲ့ခွန်အားကို ပိုင်ဆိုင်နေခဲ့တာပေါ့။
နှင်းကိုက်သားရဲအာဏာရှင်က ဒဏ်ရာမရခဲ့ရင် သားရဲအာဏာရှင်နှစ်ကောင်က သံတိမ်သူတော်စင်အရှင်နဲ့လီဖူချန်းတို့ကို ဖိနှိပ်နိုင်ပါလိမ့်မယ်။ အခု နှင်းကိုက်သားရဲအာဏာရှင်က ဒဏ်ရာရသွားတာကြောင့် အနေအထားက ပြောင်းပြန်ဖြစ်သွားပြီပေါ့။
"ဓားချီမူလပြန်သွားခြင်း"
ဒဏ်ရာရနေတာကို အခွင့်ကောင်းယူလျက် လီဖူချန်းက နှင်းကိုက်သားရဲအာဏာရှင်အပေါ် ပျံသန်းကာ ခုတ်ပိုင်းလိုက်ချေတယ်။
နှင်းကိုက်သားရဲအာဏာရှင်ဖော်ထုတ်ထားတဲ့ရေခဲအတားအဆီးအလွှာတွေက လီဖူချန်းရဲ့ဓားအလင်းနဲ့ ထိတွေ့သွားတော့တယ်။
ရုတ်တရက် နှင်းကိုက်သားရဲအာဏာရှင်ရဲ့နှလုံးတည်နေရာမှာ သွေးထွက်ဒဏ်ရာတစ်ခု ဖြစ်တည်လာတယ်။ သူ့ရဲ့အသက်စွမ်းအားက တစ်ဖြည်းဖြည်းလျော့ကျလာနေတယ်။
"ကျောက်တုံးနက်၊ ငါ ပြန်ဆုတ်တော့မယ်' နှင်းကိုက်သားရဲအာဏာရှင်က ထိတ်လန့်သွားတယ်။ သူက ပြန်လှည့်ကာ ရေခဲမှန်တစ်ချပ်ထဲ ဝင်ရောက်ခဲ့တယ်။ ပြီးနောက် ရေခဲမှန်က ချက်ချင်း ကွဲကြေသွားတော့တယ်။
"ဒီနေ့၊ ငါ၊ ကျောက်တုံးနက်သားရဲအာဏာရှင်က ရှုံးနိမ့်တာ ဝန်ခံတယ်။ နောက်တစ်ကြိမ် ငါတို့ပြန်တွေ့တဲ့အခါကျရင် မင်းတို့တွေ ပြန်ပေးဆပ်ရမယ်"
နှင်းကိုက်သားရဲအာဏာရှင်ထွက်သွားတာနဲ့ ကျောက်တုံးနက်သားရဲအရှင်သခင်က ဆက်မနေရဲတော့ပါဘူး။ သူ့ရဲ့ကြီးမားတဲ့နဂါးခန္ဓာကိုယ်က ရွေ့လျားသွားပြီး ဟင်းလင်းပြင်အနက်ပိုင်းထဲ ချက်ချင်း ကူးပြောင်းသွားတော့တယ်။
"သူတို့က အချိန်တိုအတွင်း နောက်ထပ်ထွက်ပေါ်လာမှာ မဟုတ်တော့ဘူး" သံတိမ်သူတော်စင်အရှင်က အေးဆေးတဲ့လေသံနဲ့ ပြောလိုက်တယ်။
"စီနီယာသံတိမ်ကို နှုတ်ဆက်ပါတယ်" လီဖူချန်းက သံတိမ်သူတော်စင်အရှင်ကို ဦးညွှတ်လိုက်တယ်။
"လီဖူချန်း၊ ကောင်းတယ်။ ဒီတစ်ကြိမ်တော့ မင်းကို အများကြီးကျေးဇူးတင်တယ်။ မင်း မရှိရင် ငါ့အနေနဲ့ နှင်းကိုက်သားရဲအာဏာရှင်ကို ဒဏ်ရာအပြင်းအထန်ရစေဖို့ မဖြစ်နိုင်ဘူး"
မီးလျှံအဆီအနှစ်ဘီးက ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပေမယ့် အဲဒါက ပြင်ပအားတစ်ခုပဲလေ။ တိုက်ခိုက်ဖို့အတွက် အဲဒါကိုအသုံးပြုတဲ့အခါ အပြောင်းအလဲအများကြီးမရှိစေနိုင်ဘူး။ နှင်းကိုက်သားရဲအာဏာရှင်ရဲ့အာရုံက လီဖူချန်းပေါ်မှာသာ မရှိရင် သူ့အနေနဲ့ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ဖို့က မဖြစ်နိုင်လောက်ပါဘူး။
"စီနီယာက နိမ့်ချလွန်းပါတယ်။ စီနီယာက မကူညီရင် ငါက သေရေးရှင်ရေးအခြေအနေကို ရောက်ရှိသွားလောက်ပါပြီ" လီဖူချန်းက ပြောလိုက်တယ်။
"ဒီလိုလား။ ဒါဆို ငါတို့ အခု အတွဲညီနေတာပေါ့လေ" သံတိမ်သူတော်စင်အရှင်က ရယ်လိုက်လေတယ်။
သူက ဆက်ပြောလိုက်တယ် "မင်း စိတ်မရှိရင် ငါ့နေရာကို လာလည်လေ" သံတိမ်သူတော်စင်က ဖိတ်ခေါ်လိုက်တယ်။
"ကောင်းပြီ" လီဖူချန်းက မငြင်းပါဘူး။ သံတိမ်သူတော်စင်အရှင်ရဲ့အတွေ့အကြုံတွေက လီဖူချန်းထက် အများကြီးပိုကြွယ်ဝတယ်။ ပိုမိုသင်ယူခြင်းက သူ့အတွက် အကျိုးရှိတယ်လေ။
…
သံတိမ်သူတော်စင်အရှင်ရဲ့နေထိုင်ရာကတော့ ကောင်းကင်အထက်မှာ ပျံဝဲနေတဲ့ လွင့်မျောကျွန်းတစ်ခုအပေါ်မှာပဲ။
လွင့်မျောကျွန်းရဲ့နယ်နိမိတ်မှာ ရေတံခွန်ရှိပြီး အဲဒါက မိုးစက်လေးတွေအဖြစ် သေမျိုးနယ်ပယ်ထဲကို ဆင်းသက်နေလျက်ရှိတယ်။ ကျွန်းမှာ ပန်းရနံလေးတွေ၊ ကျည်ကျည်ကျာကျာမြည်သံတွေနဲ့ ပြည့်နှက်နေတယ်။ ထူးခြားဆန်းပြားတဲ့သားရဲမျိုးစုံလည်း ရှိတယ်။
"ဒီခုနှစ်ရောင်ခြယ်လက်ဖက်ရည်က ကြယ်တစ်လုံးပေါ်မှာ ငါရှာတွေ့ခဲ့တာပဲ။ မင်း အရသာခံကြည့်လိုက်......"
ရေတံခွန်ရဲ့အရှေ့မှာ အဆေက်အဦးတစ်ခုရှိပြီး သံတိမ်သူတော်စင်အရှင်က လီဖူချန်းကို ဧည့်ခံနေတယ်။
လီဖူချန်းက လက်ဖက်ရည်ခွက်ကို မလိုက်တယ်၊ လက်ဖက်ရည်က နေအလင်းရောင်အောက်မှာ သက်တံအလင်းတွေ ဖြာထွက်တောက်ပနေတယ်။ သေးငယ်တဲ့သက်တံတစ်ခုက အငွေ့ဖြစ်တည်နေလေတယ်။
"တော်တော်ကောင်းမယ့်ပုံပဲ" မသောက်ခင် လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
"အရသာက အသွင်အပြင်ထက် ပိုကောင်းတယ်" သံတိမ်သူတော်စင်အရှင်က အတော်လေးယုံကြည်ချက်ရှိနေတယ်။
"အဲဒီလိုလား" လီဖူချန်းက စတင်အရသာခံလိုက်တော့တယ်။
ရုတ်တရက် ပူပြင်းတဲ့အရသာတစ်ခု ဖြစ်လာတယ်။
လီဖူချန်း ပူပြင်းတဲ့အရသာကို မခံစားရခင် တက်ကြွလန်းဆန်းတဲ့အရသာ၊ နွေးထွေးတဲ့အနံ့အရသာတွေ ..........
စုစုပေါင်း အရသာခုနှစ်မျိုးပြောင်းသွားပြီး လီဖူချန်းရဲ့ခံတွင်းထဲမှာ ပျံ့နှံ့နေတယ်။
"အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း...."
အနံ့အရသာခုနှစ်မျိုးက အရောင်ခုနှစ်မျိုးနဲ့ လိုက်ဖက်ညီနေတာကို လီဖူချန်းက သိလိုက်ရတယ်။
"တကယ်ကောင်းတဲ့လက်ဖက်ရည်ပဲ" လက်ဖက်ရည်ခွက်ကို ချပြီးနောက် လီဖူချန်းက ချီးကျူးလိုက်တော့တယ်။
"လီဖူချန်း၊ ငါ ထင်တာ မမှားရင် စိတ်ဝိညာဉ်တစ်သောင်းမြို့ကို မင်း သွားရောက်ပြီးပြီမလား" သံတိမ်သူတော်စင်အရှင်က မေးလိုက်တယ်။
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်"ဟုတ်တယ်။ စကြာဝဠာမြို့တစ်ခုက တကယ်ကို အံ့အားသင့်စရာအပြည့်ပဲ"
သံတိမ်သူတော်စင်အရှင်က ရယ်ကာ ပြောလိုက်တယ်"စကြာဝဠာမြို့ရဲ့အခြေခံက ပလိန်းတစ်ခုနဲ့ မနှိုင်းယှဉ်နိုင်ပေမယ့် အဆင့်အတန်းမြင့်မားတဲ့အသွင်အပြင်လက္ခဏာတွေ အများကြီးရှိတယ်။ ငါကတော့ စကြာဝဠာမြို့ဆယ်မြို့ကို သွားရောက်ခဲ့ပြီးပြီ။ ဒီစာအုပ်က စကြာဝဠာထဲမှာ ငါ မြင်ခဲ့သမျှကြားခဲ့သမျှလျှို့ဝှက်ချက်အားလုံးကို မှတ်တမ်းတင်ထားတယ်။ ရော့၊ ငါ မင်းကို ဒါကို လက်ဆောင်အဖြစ် ပေးလိုက်မယ်"
ပြောနေရင်း သံတိမ်သူတော်စင်အရှင်က အထူးပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့စာအုပ်တစ်အုပ်ကို ကမ်းပေးလိုက်တယ်။
"ကျေးဇူးတင်ပါတယ် စီနီယာသံတိမ်......" လီဖူချန်းက စာအုပ်ကို ရိုသေစွာ လက်ခံလိုက်တယ်။
စကြာဝဠာရဲ့ဗဟုသုတတွေကို မှတ်တမ်းတင်ထားတဲ့စာအုပ်တွေက လီဖူချန်းအတွက် အများဆုံးအသုံးဝင်တယ်။ အဲဒါက လီဖူချန်းကို စကြာဝဠာကို လျင်မြန်စွာ နားလည်စေတယ်၊ မဟုတ်ရင် လီဖူချန်းရဲ့အသိဗဟုသုတက သံတိမ်သူတော်စင်အရှင်ရဲ့အဆင့်ကို ရောက်ရှိဖို့ နှစ်ပေါင်းမရေမတွက်များစွာ ကြာညောင်းပေလိမ့်မယ်။
"အထဲကို တစ်ချက်ကြည့်လိုက်ပါ။ ဒီစာအုပ်ကို ပြုလုပ်ဖို့အတွက် ငါ အများကြီးအားထုတ်ထားခဲ့တယ်" သံတိမ်သူတော်စင်အရှင်က ဆိုလိုက်တယ်။
တုံ့ပြန်တဲ့အနေနဲ့ လီဖူချန်းက သူ့ရဲ့သိလိုစိတ်ကို ဖိနှိပ်ကာ ပထမစာမျက်နှာကို ဖွင့်လိုက်တော့တယ်။
ဗွမ်း.......
ကမ္ဘာကြီးရဲ့အလင်းရောင်က ပြောင်းလဲသွားတော့တယ်။ သူက စကြာဝဠာကို ရောက်ရှိသလို လီဖူချန်းက ခံစားရပြီး ကြယ်တစ်လုံးချင်းစီက ဝင်းလက်တောက်ပနေတယ်။ ဒါ့အပြင် သူတို့က ဖျော့တော့တော့ကြယ်ဥပဒေသကို ထုတ်လွှတ်နေတော့တယ်။
ဒုတိယစာမျက်နှာ၊ တတိယစာမျက်နှာ......
ဒီစာအုပ်ရဲ့ဗဟုသုတက သံတိမ်သူတော်စင်အရှင်ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့ ပေါင်းစပ်ထားတယ်။ သူမြင်ခဲ့သမျှအရာအားလုံးကို အသေးစိတ်တင်ပြထားတယ်။
အရိုးသားဆုံးပြောရရင် ဒီစာအုပ်က သံတိမ်သူတော်စင်အရှင်ရဲ့မှတ်ဉာဏ်ကို ထုတ်ယူထားတာနဲ့ အတူတူပါပဲ။
သူတော်စင်တစ်ယောက်ရဲ့မှတ်ဉာဏ်က သာမန်လူတစ်ယောက်ထက် အဆများစွာ ပိုရှင်းလင်းတယ်လေ။
လီဖူချန်းက စာမျက်နှာတစ်ခုစီ ဖွင့်လှစ်ရင်း သူက ဈာန်ဝင်စားနေလျက်ရှိတယ်။
ခမ်းနားပြီးထူးခြားဆန်းကြယ်တဲ့မြို့တွေ၊ လှပပြီးအန္တရာယ်များတဲ့မြို့တွေ၊ စကြာဝဠာမျိုးနွယ်စုမျိုးစုံတွေ၊ ကြီးမားပြီးရက်စက်ကြမ်းကြုတ်တဲ့နက္ခက်တာရာသားရဲတွေ......
သူ့ရဲ့သွေးက ဆူပွက်လာသလို လီဖူချန်းက ခံစားရတယ်။
"လူတစ်ယောက် သိုင်းတာအိုကို ကျင့်ကြံနေရတဲ့အကြောင်းရင်းက ဘာလဲ။ ဘာကိုမှ ဂရုစိုက်စရမလို၊ ပူပင်ကြောင့်ကြမဲ့ဖို့ မဟုတ်လား"
ကမ္ဘာနဲ့စကြာဝဠာတစ်ခုလုံး လှည့်လည်ခြင်းက ပူပင်ကြောင့်ကြမဲ့ခြင်းရဲ့အကြီးမြတ်ဆုံးပုံစံပါပဲ။
***