← Chapters

အင်းဆက်

Vol. 63 Ch. 868

အင်းဆက်

Vol. 63 Ch. 868

ကောင်းကင်မြေကြီးစွမ်းအင်က အဆင့်မြင့်တိုက်ကြီးတစ်ခုနဲ့ နီးကပ်လာနေတာပဲ"

လီဖူချန်းက အရှေ့ယူနီကွန်တိုက်ကြီးအထက်မှာ ရပ်နေရင်း ပြောင်းလဲလာတဲ့အရှေ့ယူနီကွန်တိုက်ကြီးကို အနီးကပ်လေ့လာခဲ့တယ်။

ကောင်းကင်မြေကြီးစွမ်းအင်က ပိုပိုစုစည်းလာတာကြောင့် အရှေ့ယူနီကွန်တိုက်ကြီးက ကြီးကျယ်ခမ်းနားတဲ့စွမ်းပကားကို စတင်ပြသလာတယ်။ အဲဒါက အကြွင်းမဲ့ကျွမ်းကျင်သူတစ်ယောက်အဖြစ်ကို တဖြည်းဖြည်းပြောင်းလဲလာနေတဲ့သာမန်လူတစ်ယောက်နဲ့  တူတယ်။

"ဆန်းကြယ်သိုင်းလျှို့ဝှက်နယ်မြေ၊ ကြယ်လမ်းလျှို့ဝှက်နယ်မြေ၊ ဒီနေရာအားလုံးက ဘယ်ကစတင်‌ပေါ်ပေါက်လာသလဲကို တစ်ယောက်မှ မသိကြဘူး။ တစ်နေ့ကျရင် အရှေ့ယူနီကွန်တိုက်ကြီးက နက်ပြာပလိန်းရှိအကျော်ကြားဆုံးနေရာဖြစ်လာနိုင်တယ်"

သူက ပိုသန်မာလာသလို အရှေ့ယူနီကွန်တိုက်ကြီးကလည်း ပိုထူးခြားလာတာကို လီဖူချန်းက ခံစားမိနေတယ်။

သူ့ရဲ့လက်ရှိကျင့်ကြံခြင်းနဲ့ခွန်အားအရ သူက ဆန်းကြယ်လျှို့ဝှက်နယ်မြေကို မဝင်နိုင်သေးပါဘူး။ ဒါ့အပြင် လျှို့ဝှက်နယ်မြေစိတ်‌ဝိညာဉ်တစ်ခုရှိတဲ့လျှို့ဝှက်နယ်မြေတစ်ခုကို သူ တစ်ခါမှ မကြာဖူးပါဘူး။ ဆန်းကြယ်လျှို့ဝှက်နယ်မြေကို အနည်းဆုံးကောင်းကင်အရှင်ဖြစ်တဲ့တစ်ယောက်ယောက်က ဖန်တီးထားတာလို့ လီဖူချန်းက ယူဆထားတယ်။

လီဖူချန်းက ကောင်းကင်ဆက်ဓားကိုလည်း ကြယ်လမ်းလျှို့ဝှက်နယ်မြေမှ ရရှိခဲ့တယ်။ ယခုထိတိုင် ကြယ်လမ်းလျှို့ဝှက်နယ်မြေက ဘာလဲကို လီဖူချန်းက မရှင်းလင်းသေးပါဘူး။

အရှေ့ယူနီကွန်တိုက်ကြီးက အလွန်အံ့အားသင့်ဖွယ်ကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုကို သေချာပေါက် ဖုံးကွယ်ထားမယ်လို့ လီဖူချန်းက ထင်မြင်မိတယ်။ ဒီလျှို့ဝှက်ချက် ပေါ်ထွက်လာတာနဲ့ ရုတ်ရုတ်သဲသဲဖြစ်လာမှာ အသေအချာပါပဲ။

ဒါပေမယ့် ဒါတွေအားလုံးက လီဖူချန်းအတွက် အဝေးကြီးလိုပါသေးတယ်။ လက်ရှိအချိန်မှာ လီဖူချန်းက သူ့ခွန်အားကို အဆက်မပြတ်တိုးမြှင့်ဖို့သာ လိုအပ်တယ်။ အလေးအနက်‌ပြောရရင် သူ့ခွန်အားက အဆင့်နိမ့်သူ‌‌တော်စင်တစ်ယောက်လို့သာ သတ်မှတ်နိုင်တယ်။ တစ်ယောက်ချင်းတိုက်ပွဲမှာ သူက ကျောက်တုံးနက်သားရဲအာဏာရှင်ကို မဆိုထားနဲ့၊ နှင်းကိုက်သားရဲအာဏာရှင်အတွက်တောင် ပြိုင်ဘက်မဖြစ်နိုင်ပါဘူး။ သူ့ခွန်အားက အလယ်ဆင့်သူတော်စင်အရှင်အဆင့်ကို ရောက်ရှိလာရင်၊ ကြယ်မသေမျိုးခန္ဓာကိုယ်ရဲ့အကူအညီနဲ့ဆိုရင် သူက ကျောက်တုံးနက်သားရဲအာဏာရှင်ကို တွန်းလှန်နိုင်လိမ့်မယ်လို့ ယုံကြည်ချက် ရှိတယ်။ သူက အဆင့်မြင့်သူတော်စင်အရှင်တစ်ယောက်ဖြစ်လာရင် သူက ကျောက်တုံးနက်သားရဲအာဏာရှင်ကို အသာအယာရှင်းလင်းနိုင်ပါလိမ့်မယ်။

"အမ်။ ဒါ ဘာကြီးလဲ......"

ရုတ်တရက် မြူခိုးကုန်းမြေရဲ့အလယ်ဗဟိုမှာ မြေအောက်လိုဏ်ဂူတစ်ခုရှိနေတာကို လီဖူချန်းက သတိပြုမိသွားတယ်။ ထူးခြားဆန်းကြယ်တဲ့ချီတည်ရှိမှုအရိပ်အယောင်တွေက လိုဏ်ဂူမှ ထွက်လာနေတယ်။

ပြိုးပြိုးပြက်ပြက်အလင်းတစ်ချက်နဲ့အတူ လီဖူချန်းက လိုဏ်ဂူအပြင်ဘက်ကို ရောက်ရှိသွားတယ်။

"နေရာလပ်လှိုင်းတစ်ခုနဲ့ အထူးချီတည်ရှိမှုလှိုင်းတစ်ခု ရှိနေတာပဲ......"

လီဖူချန်းက လိုဏ်ဂူထဲသို့ ဝင်ရောက်သွားတယ်။

လိုဏ်ဂူက မနက်ပါဘူး။ အသက်ရှုချိန်အနည်းငယ်အတွင်း သူက အဆုံးကို ရောက်ရှိသွားတယ်၊ ဒါပေမယ့် အဆုံးရှိနံရံမှာ အနက်ရောင်တွင်းပေါက်တစ်ခု ရှိနေတာကို သူက တွေ့ရှိခဲ့တယ်။ သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့ အထဲကို စစ်ဆေးကြည့်လိုက်ရာ သူက ပရမ်းပတာဖြစ်နေတဲ့အမှောင်ထုကိုသာ မြင်နိုင်ပြီး ဘာတစ်ခုကိုမှ အာရုံမခံမိပါဘူး။

သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို ပြန်ရုတ်သိမ်းပြီးနောက် လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်တယ်။

ဒီတစ်ကြိမ်မှာ‌တော့ သူက တွင်းပေါက်ထဲရှိအရာအားလုံးကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်ခဲ့တယ်။

"ဒါက တိုက်ပွဲကွင်းပြင်တစ်ခုလား" လီဖူချန်းက ‌ဦးနှောက်ခြောက်သွားတယ်။

ဖရိုဖဲရဲအမှောင်ထုထဲမှာ ထိခိုက်ပျက်စီးနေတဲ့လက်နက်တွေနဲ့အင်းဆက်အစိတ်အပိုင်းတွေ ရှိတယ်။ ထိုအင်းဆက်အစိတ်အပိုင်းတွေက ကြီးမားလွန်းပြီး အသေးဆုံးက တောင်တစ်လုံးရဲ့အရွယ်အစားလောက် ရှိတယ်။ အကြီးမားဆုံးက ကြယ်လေးတစ်လုံးရဲ့အရွယ်အစား ရှိလိမ့်မယ်။ အင်းဆက်အစိတ်အပိုင်းတွေက အသက်စွမ်းအားအားလုံးကို ဆုံးရှုံးခဲ့ရပေမယ့် ချီတည်ရှိမှုကို ထုတ်လွှတ်နေသေးတယ်။ စစ်ဆေးမှုအချို့ပြုပြီးနောက် အင်းဆက်အစိတ်အပိုင်းအချို့ထုတ်လွှတ်နေတဲ့ချီတည်ရှိမှုက သူ့ရဲ့ချီတည်ရှိမှုထက် ပိုသန်မာတယ်။ အင်းဆက် အသက်ရှိနေချိန်တုန်းက လီဖူချန်းထက် ပိုအဆင့်မြင့်တယ်လို့ ဆိုလိုတယ်။

"မယုံနိုင်စရာပဲ။ ဒါက ဘာမျိုးနွယ်လဲဆိုတာ ငါ သိချင်တယ်" လီဖူချန်းက အလွန်စိတ်ဝင်စားနေတယ်။

အဲဒါကို စဉ်းစားပြီးနောက် လီဖူချန်းက သူ့လက်ကို တွင်းပေါက်ထဲသို့ ထိုးထည့်လိုက်တယ်။

သူ့ရဲ့ဓားစွမ်းအင်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တယ်၊ ဒါပေမယ့် ကံကောင်းတာကတော့ လီဖူချန်းက ဒီလိုကုန်ဆုံးတဲ့အရှိန်ကို ရပ်တည်နိုင်တုန်းပါပဲ။

တုံ့ဆိုင်းခြင်းမရှိဘဲ လီဖူချန်းက ဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းသွားကာ တွင်းပေါက်ထဲသို့ ဒိုင်ပင်ထိုးဝင်လိုက်တယ်။

ဖရိုဖရဲအမှောင်ထုနေရာလပ်ဇုန်အတွင်းမှာ ဦးတည်ဘက်တိုင်းမှဖိနှိပ်နေတဲ့မွန်းကျပ်စရာကောင်းတဲ့ချီတည်ရှိမှုတစ်ခု ရှိတယ်။ ဝင်ပြီးနောက် သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက ပတ်ဝန်းကျင်ကို အာရုံခံနိုင်တာကို လီဖူချန်းက သိလိုက်တယ်။

စုပ်အားတစ်ခုကို ထုတ်ဖော်လျက် လီဖူချန်းရဲ့လက်က လက်နက်အစအနတစ်ခုကို ဆုတ်ကိုင်လိုက်တယ်။

ဒီလက်နက်အစအနက သတ္တုအပိုင်းအစတစ်ခုနဲ့ တူပြီး စွမ်းအင်လှိုင်းတစ်ခုမှ မရှိပါဘူး။ ဒါပေမယ့် လိပ်ပြာအသိစိတ်အာရုံနဲ့ အတွင်းကို စစ်ဆေးကြည့်လိုက်တဲ့အခါ အံ့အားသင့်စရာလက်နက်အင်းကွက်တွေ ထွင်းထုထားတာကို လီဖူချန်းက သိသိသာသာ မြင်နိုင်တယ်။

"ဒါက ထိပ်တန်းအဆင့်အထွတ်အထိပ်လက်နက်အစအနတစ်ခု ဖြစ်ရမယ်" လီဖူချန်းက လက်နက်အင်းကွက်ရဲ့အဆင့်ကို ချက်ချင်း သိလိုက်တယ်။

သေးငယ်တဲ့ကြယ်အရွယ်အစားအင်းဆက်အစိတ်အပိုင်းရဲ့အရှေ့မှာ ရပ်နေတဲ့အခါ လီဖူချန်းရဲ့အမွေးတွေက ထောင်တက်နေတယ်။ သူက အန္တရာယ်ကို ခံစားမိပြီး သူ့ခန္ဓာကိုယ်က မသိစိတ်အရ ကြောက်ရွံ့မိသွားတယ်။ အဲဒါက လီဖူချန်းရဲ့ကိုယ်ပိုင်စိတ်တန်ခိုးစွမ်းအားနဲ့ မဆက်စပ်ပါဘူး။

အင်းဆက်အစိတ်အပိုင်းရဲ့အရှေ့မှာ ငါးမန်းနီတစ်ကောင်ရဲ့တစ်ဝက်သာရှိတဲ့တူတစ်လက် ရှိတယ်။

"ဒါက အဆုံးစွန်းအဆင့်လက်နက်တစ်ခုပဲ....." ဓားစိတ်ဝိညာဉ်ရဲ့အသံက ပဲ့တင်ထပ်သွားတယ်။

"အဆုံးစွန်းအဆင့်လက်နက်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တာလား" လီဖူချန်းက မေးလိုက်မိတယ်။

"တကယ်ကိုပဲ။ အကြွင်းမဲ့စွမ်းအားနဲ့ ရင်ဆိုင်ရတဲ့အခါ ဖျက်ဆီးလို့မရနိုင်တာ မရှိတော့ဘူးပဲ" ဓားစိတ်ဝိညာဉ်က ရှင်းပြလိုက်တယ်။

"ဒါက ဘာနေရာလဲ။ ဒီအင်းဆက်တွေက ဘာမျိုးနွယ်လဲ" လီဖူချန်းက မေးလိုက်တယ်။

ဓားစိတ်ဝိညာဉ်က ခေါင်းခါလိုက်တယ်"ငါက ငါ့ရဲ့ပိုင်ရှင်နောက်ကို လိုက်ခဲ့တာ နှစ်ပေါင်းမရေမတွက်နိုင်စွာရှိပြီ၊ ဒါပေမယ့် ဒီလိုမျိုးနွယ်တစ်ခုကို ငါ ဘယ်တုန်းကမှ မကြားခဲ့ဘူး။ ဒါပေမယ့် ငါ သေချာတာကတော့ ဒီမျိုးနွယ်က အလွန်အမင်း အားကောင်းပြီး နတ်ဆိုးတွေထက်တောင် ပိုအားကောင်း‌တယ်"

လီဖူချန်းက ဓားစိတ်ဝိညာဉ်ရဲ့ထင်မြင်ချက်ကို သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်တယ်။

ဒိီမျိုးနွယ်က လုံလုံလောက်လောက်အားမကောင်းရင် အဆုံးစွန်းအဆင့်လက်နက်တစ်ခုကို ဖျက်ဆီးဖို့က မဖြစ်နိုင်ပါဘူး။

ဖရိုဖရဲအမှောင်ထုနေရာလပ်ဇုန်က ကြီးမားလွန်းပြီး လီဖူချန်းက ရှာဖွေဖော်ထုတ်နေတုန်းပါပဲ။

ထိပ်တန်းအဆင့်အထွတ်အထိပ်လက်နက်အပိုင်းအစတွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်၊ အဆုံးစွန်းလက်နက်အပိုင်းအစတွေလည်း များစွာရှိတယ်။

ရုတ်တရက် လီဖူချန်းက ဧရာမနာကျယ်ကောင်အသိုက်တစ်ခုကို မြင်လိုက်တယ်။

ဒီအသိုက်က လီဖူချန်းကြုံတွေဖူးတဲ့ဘယ်ကြယ်ထက်မဆို ပိုကြီးမားတာကြောင့် နကျယ်ကောင်အသိုက်တစ်ခုလို့ ပြောတာ မသင့်လျော်လှပါဘူး။ ၎င်းအပေါ်ရှိအပေါက်တွေက မရေတွက်နိုင်ဖြစ်ပြီး တစ်ချက်ကြည့်ရုံမျှနဲ့ လီဖူချန်းက အေးစိမ့်စိမ့်ခံစားရတယ်။

ဝီဝီ.........

အနက်ရောင်တောင်ပံခြောက်ခုနဲ့သေးငယ်တဲ့တောင်အရွယ်အစားအင်းဆက်တစ်ကောင်က အပေါက်တစ်ခုမှ ထွက်လာတယ်။ ပြီးနောက် ၎င်းက လီဖူချန်းထံ လျှပ်စီးပမာ တစ်ဟုန်ထိုးပြေးဝင်လာတယ်။

ဓားအလင်းလက်သွားပြီး အင်းဆက်က နှစ်ပိုင်းခွဲခဲ့လိုက်ရတယ်။ ခန္ဓာကိုယ်အတွင်းရှိအသက်စွမ်းအားအားလုံးကို ဓားချီက ဖျက်ဆီးသွားခဲ့တယ်။

ဝီ ဝီ ဝီ ဝီ ဝီ ဝီ........

အပြင်ဘက်ရှိရုတ်ရုတ်သဲသဲဖြစ်ရပ်ကို အာရုံခံမိသွားပုံရတယ်၊ အင်းဆက်အရေအတွက်များစွာက အသိုက်ထဲမှ ပြေးထွက်လာကြတယ်။

ဧရာမဓားအလင်းတစ်ခုလက်သွားပြီး အင်းဆက်အားလုံးက ပြာဖြစ်သွားတော့တယ်။

လီဖူချန်းရဲ့ကျင့်ကြံခြင်းနယ်ပယ်ကို ရောက်ရှိပြီးနောက် သူတော်စင်မဟုတ်တဲ့ဘယ်အရာမဆို သူ့ကို အရေအတွက်နဲ့ အနိုင်ယူဖို့က မဖြစ်နိုင်‌တော့ဘူးလေ။

ဒါပေမယ့် နောက်ထပ်မြင်ကွင်းက လီဖူချန်းရဲ့အမူအရာကို မည်းမှောင်သွားစေတယ်။ သူတော်စင်အဆင့်အင်းဆက်တွေ ထွက်လာပါပြီ။

အဆင့်နိမ့်၊ အလယ်ဆင့်၊ အဆင့်မြင့်၊ အထွတ်အထိပ်အဆင့်သူတော်စင်အဆင့်အင်းဆက်တွေ.........

တိုက်ပွဲ ကြာရှည်လာတာနဲ့အမျှ အင်းဆက်တွေက ပိုသန်မာလာတယ်။ အင်းဆက်တွေက အထွတ်အထိပ်အဆင့်သူတော်စင်ခွန်အားကို ရောက်ရှိလာတဲ့အခါ လီဖူချန်းကတောင် သူတို့ကို သတ်ဖို့ ခက်ခဲလာတယ်။

ဒီအင်းဆက်တွေမှာ နတ်ဆိုးတွေထက် ပိုသန်မာတဲ့ အသက်စွမ်းအားရှိပြီး အချိူ့က ပိုင်းဖြတ်ခံရပြီးနောက် မရေမတွက်နိုင်လောက်တဲ့အင်းဆက်လေးတွေအဖြစ်သို့ ခွဲထွက်သွားကြတယ်။

ကျွိ ကျွိ ကျွိ.........

ကြောက်စရာကောင်းတဲ့အသံလှိုင်းတစ်ခု ဖြစ်လာပြီး ဟင်းလင်းပြင်ဇုန်ကိုတောင် တုန်ခါသွားစေတယ်။ အင်းဆက်အစိတ်အပိုင်းများစွာနဲ့လက်နက်အစအနများစွာက ပြာဖြစ်သွားကြတယ်။

"သူတော်စင်အရှင်အဆင့်အင်းဆက်လား" လီဖူချန်းရဲ့အမူအရာက လေးနက်သွားတယ်။

အသံနဲ့ချီတည်ရှိမှူထွက်ပေါ်လာခြင်းမရှိဘဲ ဧရာမအရိပ်တစ်ခုက လီဖူချန်းရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။

အဲဒါက ကောင်းကင်ပြာရောင်ရှိတဲ့လှံပုံသဏ္ဍာန်အင်းဆက်တစ်ကောင်ပါပဲ။ ခြေလက်တစ်ရာလောက် ရှိပြီး သွားအတန်းရာ‌ကျော်ရှိတဲ့ပါးစပ်တစ်ခုလည်း ရှိတယ်။

အင်းဆက်က အရွယ်အစားအားဖြင့် မီတာ၁၀၀၀သာ ရှိပေမယ့် ထုတ်လွှတ်တဲ့ချီတည်ရှိမှုက အလွန်အမင်းအန္တရာယ်များတယ်။

ဝုန်း .....

ဒုန်း ဂျုန်း.......

ဝုန်း ဒုန်း အုန်း........

မီးပွားတွေက ပွင့်ထွက်လာတယ်။ လီဖူချန်းရဲ့ဓားက ဥဒေါင်းတစ်ကောင်ပမာ ဖြာထွက်သွားပြီး အဆုံးမဲ့ဓားအလင်းတွေကို ထုတ်လွှတ်လိုက်တယ်။ ကောင်းကင်ပြာအင်းဆက်ရဲ့ခြေလက်တွေက လှည့်ပတ်နေတဲ့ဓာတ်ပြားတစ်ခုနဲ့ တူပြီး လီဖူချန်းကို ခုတ်ဖြတ်လိုက်တယ်။ မျက်စိတစ်မှိတ်အတွင်း လူသားနဲ့အင်းဆက်တွေက အနည်းဆုံးအကွက်၁၀၀၀အထိ ဖလှယ်ခဲ့ကြတယ်။

တကယ်တော့ ကောင်းကင်ပြာအင်းဆက်မှာ အားကောင်းတဲ့တိုက်ခိုက်ရေးစွမ်းအားမရှိသလို လီဖူချန်းထက် အဆပေါင်းများစွာ ပိုအားနည်းတယ်။ ဒါပေမယ့် ကောင်းကင်ပြာအင်းဆက်ရဲ့ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် ကြမ်းတမ်းတယ်။ လီဖူချန်းရဲ့ကောင်းကင်ဆက်ဓားကတောင် ‌ ခြေလက်တွေအပေါ်မှာ ဓားရာသာ ချန်ထားနိုင်ပြီး ဒဏ်ရာမရစေနိုင်ခဲ့ပါဘူး။

"မူလဘူတဓား......"

ဓားတစ်သောင်းက ဓားတစ်လက်ဖြစ်သွားပြီးနောက် လီဖူချန်းရဲ့ဓားက ကောင်းကင်ပြာအင်းဆက်ရဲ့ဦးခေါင်းကို ထိုးဖောက်သွားခဲ့တယ်။

ဝုန်း......

ကောင်းကင်ပြာအင်းဆက်ရဲ့ခြေလက်တစ်ခုက လီဖူချန်းကို ရိုက်မိပြီး သူက လွင့်ထွက်သွားတော့တယ်။

"သူ့ရဲ့ခန္ဓာကိုယ်မှာ သေစေနိုင်တဲ့အစိတ်အပိုင်းတွေတစ်ခုမှ မရှိဘူးပဲ" လီဖူချန်းက မျက်မှောင်ကြုတ်မိသွားတယ်။

ဘယ်သက်ရှိပုံစံမဆို သေစေနိုင်တဲ့အစိတ်အပိုင်းတစ်ခု ရှိတယ်၊ အဲဒါက ချက်ချင်းမသေစေရင်တောင်မှ အသက်စွမ်းအားရဲ့ကြီးမားတဲ့ပမာဏကို လျော့ကျစေလိမ့်မယ်။ မျိုးနွယ်အများစုရဲ့သေစေနိုင်တဲ့အစိတ်အပိုင်းက သူတို့ရဲ့ဦးခေါင်း တွေသာ ဖြစ်ကြလိမ့်မယ်။

ဒါပေမယ့် ကောင်းကင်ပြာအင်းဆက်ကတော့ ချွင်းချက်ပါပဲ။ လီဖူချန်းက မူလဘူတဓားကို သုံးပြီး ဦးခေါင်းကို ထိုးဖောက်ခဲ့ပေမယ့် အသက်စွမ်းအားရဲ့သေးငယ်တဲ့အပိုင်းအစတစ်ခုကိုသာ ဖယ်ရှားနိုင်ခဲ့တယ်။

***

All Chapters