အင်းဆက်ပုံဆောင်ခဲ
Vol. 63 Ch. 869
"ကောင်းကင်ပြောင်းလဲလှည့်လည်နဂါးထိုးဖောက်ခြင်း"
"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း"
"ဓားချီမူလပြန်သွားခြင်း"
သူ့ရဲ့ခွန်အားအပြည့်ကို သုံးပြီးတောင်မှ လီဖူချန်းက ကောင်းကင်ပြာအင်းဆက်ရဲ့အသက်စွမ်းရည်များစွာကို မလျော့ချစေနိုင်ပါဘူး။ အခုဆိုရင် သူက ကျောက်တုံးနက်သားရဲအာဏာရှင်ရဲ့ခံစားချက်တွေကို နားလည်သွားပါတော့တယ်။
ကျွိကျွိ......ကျွိကျွိ......
လီဖူချန်းက ကောင်းကင်ပြာအင်းဆက်ကို တိုက်ခိုက်ရင်း စိတ်ရှုပ်နေစဉ်မှာ ဒုတိယမြောက်သူတော်စင်အရှင်အဆင့်အင်းဆက်က ထွက်လာတယ်။
အင်းဆက်က ဦးချိုရှည်နွားချေးပိုးကောင်ရဲ့ပုံသဏ္ဍာန် ရှိတယ်။ ၎င်းရဲ့အခွံက ထူထဲပြီး ဦးခေါင်းမှာ ရှည်လျားတဲ့လက်နှစ်ဖက် ရှိတယ်။ ပါးစပ်ကို ကြည့်ရတာ ကြီးမားတဲ့ကတ်ကြေးတစ်ခုနဲ့ တူတယ်။
"ငါ ဖြစ်နိုင်ရင် ပြန်ဆုတ်တာ ပိုကောင်းတယ်"
သူတော်စင်အရှင်အဆင့်အင်းဆက်တွေ ဘယ်လောက်တောင် ရှိနေသလဲကို လီဖူချန်းက မသိဘူး။ ကောင်းကင်အရှင်အဆင့်အင်းဆက်တွေတောင် ရှိနေသလားကို သူ မသိဘူးလေ။ ဘာမှ မသိဘဲနဲ့ ဒီနေရာမှာနေတာက ကောင်းတဲ့အတွေးအခေါ်တစ်ခု မဟုတ်ပါဘူး။
ကံကောင်းတာကတော့ လီဖူချန်းက အပြင်ကမ္ဘာမှာ စိတ်ဝိညာဉ်အမှတ်အသားကို ချန်ထားခဲ့တယ်။ သို့မဟုတ်ရင် သူက ထွက်ခွာသွားရင်တောင် ထွက်ပေါက်ကို အလွယ်တကူရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။
ခွန်အားဒါမှမဟုတ်မြန်နှုန်းပဲဖြစ်ဖြစ်၊ လီဖူချန်းက သူတော်စင်အရှင်အဆင့်အင်းဆက်ထက် အများကြီးပိုသန်မာတယ်။
နောက်ထပ်နာရီအနည်းငယ်ကြာပြီးနောက် ဓားအလင်းတစ်ခုက လက်သွားပြီး လီဖူချန်းက တွင်းပေါက်မှ ထွက်လာခဲ့တယ်။
လီဖူချန်းက ချက်ချင်း မထွက်သွားသေးပါဘူး၊ သူတော်စင်အရှင်အဆင့်အင်းဆက်က အရှေ့ယူနီကွန်တိုက်ကြီးထဲ ဝင်နိုင်သလားကို ကြည့်ဖို့ သူက စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်တယ်။
လက်တွေ့မှာတော့ သူက အတွေးများနေတာပါပဲ။ သူတော်စင်အရှင်အဆင့်အင်းဆက်က ထွက်ပေါက်နဲ့နီးလာတာနဲ့ အခြားတစ်နေရာကို ပို့ဆောင်ခံလိုက်ရတယ်။
"နတ်ဆိုးတွေနဲ့ နှိုင်းယှဉ်ရင် အင်းဆက်တွေက ပိုကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုပါပဲ။ ကြည့်ရတာ အရှေ့ယူနီကွန်တိုက်ကြီးက နေထိုင်ဖို့အဆင်ပြေကောင်းမွန်တဲ့နေရာတစ်ခု မဟုတ်တော့ဘူး"
နတ်ဆိုးတွေက ကျိူကြောင်းဆင်ခြင်နိုင်ပေမယ့် ဒီအင်းဆက်တွေက ဆင်ခြင်နိုင်စွမ်းမရှိပါဘူး။ လီဖူချန်းက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်းနဲ့ရက်စက်ကြမ်းကြုတ်ခြင်းစတဲ့စက်ယန္တရားတွေလို့သာ မြင်နိုင်တယ်။
ဖော်ပြချက်တစ်ခုပေးရရင် အင်းဆက်တွေကို စစ်ပွဲလက်နက်တွေလို့ ညွှန်းဆိုနိုင်တယ်။
သူတို့က စစ်ပွဲအတွက် တည်ရှိနေတာပါပဲ။
"ဒီအတိုင်းဆိုရင် ငါက လိပ်ပြာအသိစိတ်အာရုံကိုယ်ပွားတစ်ခုကို ဒီနေရာမှာ ချန်ထားရလိမ့်မယ်"
အတွေးနဲ့အတူ ဖောက်ထွင်းမြင်နိုင်တဲ့လီဖူချန်းတစ်ယောက်က လီဖူချန်းရဲ့ခန္ဓာကိုယ်မှ ထွက်လာတယ်။
လိပ်ပြာအသိစိတ်အာရုံကိုယ်ပွားက စိတ်ဝိညာဉ်ကိုယ်ပွားနဲ့ မတူပါဘူး။ လိပ်ပြာအသိစိတ်အာရုံကိုယ်ပွားက အလွန်အားနည်းပြီး လေ့လာစောင့်ကြည့်ဖို့အတွက်သာ အသုံးပြုနိုင်တယ်။
အားလုံးကို စီမံပြီးနောက် လီဖူချန်းက အရှေ့ယူနီကွန်တိုက်ကြီးမှ ထွက်လာတယ်။
...
လေတိမ်မြို့ထဲရှိဧရာမအိမ်တော်အထဲမှာ ......
"အင်းဆက်တွေထဲမှာရှိတဲ့ဒီစွမ်းအင်ပုံဆောင်ခဲကို အင်းဆက်ပုံဆောင်ခဲလို့ ခေါ်ရလိမ့်မယ်"
လီဖူချန်းက ဖရိုဖရဲအမှောင်ထုနေရာလပ်ဇုန်အတွင်းမှာ ဆုလာဒ်တွေကို ရရှိခဲ့တယ်။ အင်းဆက်တွေက သူတော်စင်အဆင့်ခွန်အားကို ရောက်ရှိလာတာနဲ့ သူတို့ခန္ဓာကိုယ်မှာ အင်းဆက်ပုံဆောင်ခဲတွေ ရှိလာပါလိမ့်မယ်။ ဒီအင်းဆက်ပုံဆောင်ခဲတွေက သာမန်စွမ်းအင်ပုံဆောင်ခဲတွေ မဟုတ်ပါဘူး။ အင်းဆက်ပုံဆောင်ခဲတွေက အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေထက် စွမ်းအင်ဆယ်ဆပိုပါဝင်တယ်လို့ လီဖူချန်းက အကြမ်းဖျင်းခန့်မှန်းထားတယ်။
ဒါပေမယ့် အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေမှာ သန့်စင်တဲ့စိတ်ဝိညာဉ်ပါဝင်ပြီး အင်းဆက်ပုံဆောင်ခဲတွေမှာ ကြမ်းတမ်းတဲ့စိတ်ဝိညာဉ်ချီ ပါဝင်တယ်။ တစ်ချိန်တည်းမှာပဲ လီဖူချန်းကတောင်မသိနိုင်တဲ့အတွင်းထဲမှာရောနှောနေတဲ့နေရာလပ်စွမ်းအင်တစ်ခု ပါရှိတယ်။
"ငါ့ရဲ့ခန္ဓာကိုယ်အကန့်အသတ်ကို ချိုးဖျက်နိုင်မလားကို ငါ သိချင်တယ်"
အင်းဆက်ပုံဆောင်ခဲတွေအတွင်းမှာရှိတဲ့အထူးစွမ်းအင်က သူ့ရဲ့အကန့်အသတ်ကို ချိုးဖြတ်နိုင်လိမ့်မယ်လို့ လီဖူချန်းက မရေမရာခံစားချက် တစ်ခုရှိတယ်။
ခန္ဓာကိုယ်အကန့်အသတ်ဆိုတာက ခန္ဓာကိုယ်ရဲ့ခံနိုင်ရည်အကန့်အသတ်ကို ခေါ်တာပါ။ အခုဆိုရင် လီဖူချန်းရဲ့ခန္ဓာကိုယ်က သန့်စင်တဲ့ချီစွမ်းအားတွေ မဝင်ဆံတော့ပါဘူး။ ချီစွမ်းအားတွေ ထပ်မံဝင်ဆံဖို့ဆိုရင် လီဖူချန်းက သူ့ရဲ့အသက်စွမ်းအားအဆင့်ကို တိုးမြှင့်ရပါလိမ့်မယ်။
အင်းဆက်ပုံဆောင်ခဲတွေက အရောင်အမျိုးမျိုးရှိတယ်။ အရောင်တွေအပေါ် အခြေခံပြီး ဘယ်အင်းဆက်ပုံဆောင်ခဲတွေက အဆင့်ပိုမြင့်သလဲကို သိမြင်ဖို့က မဖြစ်နိုင်ပါဘူး။
အဝါဖျော့ရောင်အင်းဆက်ပုံဆောင်ခဲတစ်ခုကို ယူထုတ်ပြီးနောက် လီဖူချန်းက အတွင်းရှိစွမ်းအင်ကို စတင်စုပ်ယူလိုက်တယ်။
ကြမ်းတမ်းတဲ့စိတ်ဝိညာဉ်ချီက လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲကို တိုးဝင်လာပြီး နေရာတိုင်းကို ထိုးနှက်နေတယ်။ အဲဒါက ကြိုးမချည်ဘဲဒီအတိုင်းလွှတ်ထားတဲ့မြင်းရိုင်းတစ်ကောင်နဲ့ တူတယ်။ ပြီးနောက် သေးငယ်တဲ့နေရာလပ်စွမ်းအင်ပမာဏကလည်း လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာခဲ့တယ်။
"ဘယ်လောင်တောင် သက်သောင့်သက်သာရှိလိုက်သလဲ....."
လီဖူချန်းရဲ့မျက်လုံးတွေက တောက်ပနေတယ်။ သူ့ခန္ဓာကိုယ်က မဖြစ်ထွန်းတဲ့ကျတ်တီးမြေတစ်ခုသလို ခံစားရပြီး နေရာလပ်စွမ်းအင်ကတော့ သူ့ခန္ဓာကိုယ်ကို အဆက်မပြတ်အာဟာရဖြည့်ပေးနေတဲ့မိုးတစ်ခု ဖြစ်တယ်။
"နည်းသေးတယ်။ ငါ နောက်ထပ်နေရာလပ်စွမ်းအင်တွေ ပိုလိုအပ်တယ်"
လီဖူချန်းက အင်းဆက်ပုံဆောင်ခဲတွေကို တရစပ် စုပ်ယူခဲ့တယ်။
ဝုန်း........
အသားတွေက ကွဲအက်ထွက်သွားပြီး သွေးတွေက မြေပြင်ပေါ် ရွဲရွှဲစိုလာတယ်။
လီဖူချန်းက မျက်မှောင်တောင် မကြုတ်ခဲ့ပါဘူး။
အင်းဆက်ပုံဆောင်ခဲမှာပါဝင်တဲ့စိတ်ဝိညာဉ်ချီက များပြားလွန်းပြီး ခန္ဓာကိုယ်က အဲဒါကို မတောင့်ခံနိုင်ရင် အပိုင်းအစတွေအဖြစ်သို့ ပေါက်ကွဲထွက်သွားရပေလိမ့်မယ်။
ကံကောင်းတာကတော့ လီဖူချန်းက အဆင့်မြင့်ကြယ်မသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပါပဲ၊ ဒီလောက်ဒဏ်ရာတွေက သူ့အတွက် ဘာမှမဟုတ်ပါဘူး။
ဖြောက်.......
အက်ကွဲအသံတွေ ထွက်ပေါ်လာပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်အကန့်အသတ်က နောက်ဆုံးတော့ ချိုးဖြတ်နိုင်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကြမ်းတမ်းတဲ့စိတ်ဝိညာဉ်ချီက ဖောင်းပွလာပြီး နေလက်ချီစွမ်းအားအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့တယ်။
အချိန်ဘယ်လောက်ကုန်ဆုံးသွားသလဲကိုတောင် မသိလိုက်ပါဘူး။ ကြောက်စရာကောင်းတဲ့ကမ္ဘာဆွဲအား ပျံ့နှံ့လာတာကြောင့် လေတိမ်မြို့တစ်ခုလုံးက အနည်းငယ်တွန့်လိမ်ပုံပျက်သွားတယ်။
ဒီလိုကြမ်းတမ်းတဲ့အခြေအနေမှာ လီဖူချန်းက နေလက်ချီစွမ်းအားကို ဖိနှိပ်ခဲ့တယ်။ သို့မဟုတ်ရင် အစီအရင်အကာအကွယ်နဲ့ဆိုရင်တောင် လေတိမ်မြို့ရဲ့လူဦးရေက ပြင်းထန်တဲ့ထိုးနှက်မှုကို လက်ခံရလိမ့်မယ်။
"အင်းတက်ပုံဆောင်ခဲတွေတစ်ရာကျော်စုပ်ယူပြီးနောက် နောက်ဆုံးတော့ ငါက ငါ့ရဲ့ခန္ဓာကိုယ်အပြင်အားကို ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့ပြီးပြည့်စုံခြင်းနယ်ပယ်အထိ တိုးမြင့်နိုင်ခဲ့ပြီ"
သူက အလွန်ကံကောင်းတယ်လို့ လီဖူချန်းက ခံစားမိတယ်။ သူ့ရဲ့အမြင်အရ အင်းဆက်ပုံဆောင်ခဲစွမ်းအင်ကို စုပ်ယူဖို့အတွက် လိုအပ်ချက်သုံးခုကို ဖြည့်စွက်ဖို့လိုတယ်။
ပထမအချက်ကတော့ လုံလုံလောက်လောက်ကောင်းမွန်တဲ့ထိန်းချုပ်စွမ်းအား ရှိရမယ်။ ထိန်းချုပ်စွမ်းအားကို လိပ်ပြာအသိစိတ်အာရုံနဲ့စိတ်ဝိညာဉ်က ဆုံးဖြတ်တာပါပဲ၊ သို့မဟုတ်ရင် ဒီလိုကြမ်းတမ်းတဲ့စိတ်ဝိညာဉ်ချီတိုးဝင်လာမှုကို ညွှန်ကြားဖို့က မဖြစ်နိုင်ပါဘူး။ ပုံမှန်အင်းဆက်ပုံဆောင်ခဲတစ်ခုမှာပါဝင်တဲ့စိတ်ဝိညာဉ်ချီက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဆယ်တုံးလောက်ရှိတယ်။ အင်းဆက်ပုံဆောင်ခဲ၁၀၀က အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးထောင်အနည်းငယ်ရှိတယ်။ လမ်းညွှန်မှုမရှိဘဲနဲ့ ထိုစိတ်ဝိညာဉ်ချီတွေ ခန္ဓာကိုယ်ထဲမှာ ထကြွသောင်းကျန်းလာရင် စိတ်ကူးမယဉ်နိုင်တဲ့အကျိုးဆက်တွေ ဖြစ်လာပါလိမ့်မယ်။
ဒုတိယအချက်ကတော့ ခန္ဓာကိုယ်ကြံ့ခိုင်မာကျောမှုနဲ့သက်သာနိုင်စွမ်းက လုံလုံလောက်လောက်ကောင်းဖို့လိုအပ်တယ်။ သို့မဟုတ်ရင် ဒီလောက်ကြမ်းတမ်းတဲ့စိတ်ဝိညာဉ်ချီကို ထည့်သွင်းဖို့က မဖြစ်နိုင်ဘူးလေ၊ ပေါက်ကွဲထွက်သွားလိမ့်မှာပေါ့။ ဒါပေမယ့် ကြမ်းတမ်းတဲ့စိတ်ဝိညာဉ်ချီကိုထည့်သွင်းဖို့လိုအပ်တဲ့အချိန်ပမာဏက တိုတောင်းရပါမယ်။ အချိန်က ကြာရှည်လာရင် လီဖူချန်းနဲ့အဆင့်မြင့်ကြယ်မသေမျိုးခန္ဓာကိုယ်ကတောင် မတောင့်ခံနိုင်လောက်ပါဘူး။
တတိယအချက်ကတော့ စိတ်တန်ခိုးစွမ်းအားကလည်း လုံလုံလောက်လောက်အားကောင်းရပါမယ်။ အင်းဆက်ပုံဆောင်ခဲအတွင်းရှိစိတ်ဝိညာဉ်ချီက အထူးကြမ်းတမ်းပြီး လူတစ်ယောက်ကို ရူးသွပ်သွားအောင် အလွယ်တကူပြုလုပ်နိုင်တယ်။ သူတို့က အင်းဆက်ပုံဆောင်ခဲတွေကို စုပ်ယူရင် အားနည်းတဲ့စိတ်တန်ခိုးစွမ်းအားရှိတဲ့သူတွေက မိမိကိုယ်မိမိသတ်သေခြင်းကို ကျူးလွန်မိကြပါလိမ့်မယ်။
ဒါကြောင့် သူက အလွန်ကံကောင်းတယ်လို့ လီဖူချန်းက ခံစားမိနေရတာပါပဲ။ အင်းဆက်ပုံဆောင်ခဲတွေက သူ့အတွက် အထူးပြုလုပ်ထားသလိုပါပဲ။ အဲနေရာမှာ အခြားတစ်ယောက်ယောက်သာဆိုရင် သူတို့က အင်းဆက်ပုံဆောင်ခဲရဲ့အသုံးဝင်မှုကို သိရင်တောင် သူတို့က အဲဒါကို ဖြည်းဖြည်းလေးသာ အသုံးပြုနိုင်ပြီး ခန္ဓာကိုယ်အပြင်အားခွန်အားကို လျင်မြန်စွာမတိုးမြင့်နိုင်ပါဘူး။
ရွှမ်း.......
လီဖူချန်းက ပြောင်းလဲခြင်းအသစ်ဓားကို ဆွဲထုတ်ကာ သူ့လက်ကို ခုတ်ပိုင်းလိုက်တယ်။
ဂလောင်......
လီဖူချန်းရဲ့ခွန်အားအပြည့်ခုတ်ပိုင်းမှုက တကယ်ကို ဒဏ်ရာမရစေနိုင်ခဲ့ဘူး။ မီးပွားအချို့ကိုသာ ထုတ်လုပ်နိုင်ခဲ့တယ်။
"အဆုံးစွန်းအဆင့်ဓားကတော့ ငါ့ကို ဒဏ်ရာရစေနိုင်မှာပါ"
လီဖူချန်းက ကောင်းကင်ဆက်ဓားကို ဆွဲထုတ်ကာ ခုတ်ပိုင်းလိုက်တယ်။
သူ့လက်မောင်းပေါ်မှာ အရိုးထိနက်ရှိုင်းတဲ့သွေးဒဏ်ရာတစ်ခု ဖြစ်သွားတယ်။
"အဆုံးစွန်းအဆင့်ဓားတစ်လက်က တကယ်ကို မယုံနိုင်စရာပဲ"
အဆုံးစွန်းအဆင့်ဓားတစ်လက်နဲ့ရင်ဆိုင်ရတဲ့အခါ ကောင်းကင်အဆင့်အောက်ရှိမည်သူမဆို တိုက်ခိုက်မှုတွေကို သူတို့ရဲ့ခန္ဓာကိုယ်တွေနဲ့ မရင်ဆိုင်နိုင်ပါဘူး။ အချက်အလက်အားဖြင့် အဆုံးစွန်းအဆင့်ဓားရဲ့ပေါက်ကွဲမှုအပြည့်ကို လက်ခံမိရင် ကောင်းကင်အရှင်တွေကတောင် ဒဏ်ရာရသွားပါလိမ့်မယ်။
"ငါ ကျောက်တုံးနက်သားရဲအာဏာရှင်နဲ့ နောက်တစ်ကြိမ်ထပ်တွေ့ရင် သူက ငါ့ကို အနည်းငယ်သာ ဒဏ်ရာရစေနိုင်တော့မှာပါ။ တိုက်ပွဲက ကြည်ရှည်လာရင် အဆုံးမှာ ဘယ်သူ အနိုင်ရမလဲကို မသိနိုင်ဘူး"
အရင်ကတော့ သူက ကျောက်တုံးနက်သားရဲအာဏာရှင်နဲ့တိုက်ပွဲကို နေ့တွေညတွေသာ အချိန်ဆွဲထားနိုင်မယ်လို့ လီဖူချန်းက ယုံကြည်ထားခဲ့တယ်။ အခုဆိုရင် သူက လပေါင်းများစွာကြာတဲ့အထိ အချိန်ဆွဲထားနိုင်မယ်လို့ သူက ယုံကြည်ချက်ရှိတယ်။ အချိန်တွေကြာရှည်လာတာနဲ့အမျှ လီဖူချန်းက ကျောက်တုံးနက်သားရဲအာဏာရှင်ကို အားအင်းကုန်ခန်းကာသေစေနိုင်မှာပါ။ တကယ်တော့ ကောင်းကင်ဆက်ဓားနဲ့ဆိုရင် ကျောက်တုံးနက်သားရဲအာဏာရှင်ကို ဒဏ်ရာရစေဖို့က အတော်လေးလွယ်ကူတယ်။
***