← Chapters

ကပ်ဆိုက်ခြင်းအသစ်

Vol. 63 Ch. 870

ကပ်ဆိုက်ခြင်းအသစ်

Vol. 63 Ch. 870

အနက်ရောင်စကြာဝဠာထဲမှာ အနက်ရောင်အလင်းစီးကြောင်းတစ်ခုက ‌ရွေ့လျားလာနေတယ်။

မကြာမီမှာပဲ အနက်ရောင်အလင်းစီးကြောင်းက နက်ပြာပလိန်းရဲ့အနီးဝန်းကျင်ထဲကို ရောက်ရှိလာတယ်။

"ငါပြန်မရောက်တာ နှစ်မီလီယံအနည်းငယ်လောက်ရှိပြီ။ နက်ပြာပလိန်းရဲ့လက်ရှိအနေအထားက ဘယ်လိုလဲကို ငါ သိချင်တယ်"

အနက်ရောင်အလင်းစီးကြောင်းကတော့ အနက်ရောင်မြွေတစ်ကောင်ပါပဲ။

ချီတည်ရှိမှုအရ အနက်ရောင်မြွေက ကျောက်တုံးနက်သားရဲအာဏာရှင်ထက် သိသိသာသာပိုသန်မာတယ်။

အမြီးကို လွှဲယမ်းရင်း အနက်ရောင်မြွေက နက်ပြာပလိန်းထဲသို့ ထိုးဆင်းသွားတော့တယ်။

ကျယ်ပြန့်တဲ့မိုးကုတ်စက်ဝိုင်းတည်ရှိရာသမုဒ္ဒရာပြင်ပေါ်မှာ ကောင်းကင်က ကြည်လင်နေလျက်ရှိတယ်။

"အိမ်ဆိုတာ အကောင်းဆုံးပါပဲလေ။ စိတ်ဝိညာဉ်တစ်သောင်းမြို့ရဲ့ယှဉ်ပြိုင်မှုတွေက ပြင်းထန်လွန်းတယ်။ ငါ နည်းနည်းလေးဂရုမစိုက်မိတာနဲ့ ငါ့အရိုးတွေတောင် ကျန်လိမ့်မှာ မဟုတ်ဘူး"

အနက်ရောင်မြွေက အနက်ရောင်အဝတ်အစားနဲ့သက်လတ်ပိုင်းလူတစ်ယောက်အဖြစ်သို့ ပြောင်းသွားတယ်။ သူ့မျက်နှာမှာ ကွက်ကွက်ကင်းကင်းထင်ရှားတဲ့အနက်ရောင်မြွေဆေးမင်ကြောင်တစ်ခု ရှိတယ်။

ကျောက်တုံးနက်ကျွန်းမှမိုင်ရာမီလီလီယံအနည်းငယ်မှာ ကျောက်တုံးနက်သားရဲအာဏာရှင်က အနက်ရောင်မြွေရောက်ရှိလာမှုကို ချက်ချင်းသတိပြုမိသွားတယ်။

ကျောက်တုံးနက်သားရဲအာဏာရှင်က အဝေးကနေ သတင်းပို့လိုက်တယ်"ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်လား.......'

"ဟုတ်တယ်၊  ငါပဲ"

ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က ကျောက်တုံးနက်ကျွန်းဆီ ပျံသန်းလာတယ်။

…

"လူသားတွေ ဒီလောက်တောင် ကျဆင်းသွားတာလား။ ဒါ မဟာအခွင့်အရေးတစ်ခုပဲ...."

ကျောက်တုံးသားရဲအာဏာရှင်ထံမှ အနေအထားကို သိပြီးနောက် ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်ရဲ့မျက်လုံးတွေက လင်းလက်သွားတော့တယ်။

လူသားတွေကို အမြစ်ဖြတ်သုတ်သင်ရှင်းလင်းဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် နတ်ဆိုးသားရဲတွေက နက်ပြာပလိန်းကို အုပ်ချုပ်နိုင်ရင် သူ၊ ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က အကန့်အသတ်မရှိအရင်းအမြစ်တွေကို လက်ဝါးကြီးအုပ်နိုင်လိမ့်မယ်။

ရှေးခေတ်ကတည်းက လူသားတွေနဲ့နတ်ဆိုးသားရဲတွေက ဘက်ညီမျှနေခဲ့တယ်။ အဲဒါက လူသားတွေက တိုက်ကြီးတွေကို သိမ်းပိုက်ထားပြီး အရင်းအမြစ်များစွာ ရှိတဲ့အတွက်ကြောင့်ပါပဲ။ ဒါပေမယ့် နတ်ဆိုးသားရဲတွေက တိုက်ကြီးတစ်ခုမှ မပိုင်ဆိုင်ဘူး၊ ဒါကြောင့် သူတို့က အရင်းအမြစ်တွေ ကင်းမဲ့နေတယ်၊ အထူးသဖြင့် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေပေါ့။

"ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်နဲ့ဆိုရင် အရာရာတိုင်းက လွယ်ကူလာလိမ့်မယ်"

ကျောက်တုံးနက်သားရဲအာဏာရှင်က ကောင်းကင်မြွေသားရဲအာဏာရှင်ရဲ့ခွန်အားကို အတိအကျသိတယ်။ သူက စစ်မှန်တဲ့အထွတ်အထိပ်အဆင့်သားရဲအာဏာရှင်တစ်ကောင်ပါပဲ။ တစ်ဦးချင်းတိုက်ပွဲမှာ သံတိမ်သူ‌တော်စင်အရှင်ကတောင် ပြိုင်ဘက်မဖြစ်နိုင်ပါဘူး။

…

လွင့်မျောကျွန်းက ကောင်းကင်တစ်လျှောက် ရွေ့လျားနေတယ်။ သံတိမ်သူတော်စင်အရှင်က ဝိုင်ကို သောက်ရင်း အောက်ဘက်ရှိသဘာဝရှုခင်းကို ခံစားနေတယ်။

သူ့ရဲ့ကျင့်ကြံခြင်းနယ်ပယ်ကို ရောက်ရှိပြီးနောက် သူ့ရဲ့သက်တမ်းက သာမန်လူတွေနဲ့နှိုင်းယှဉ်ရင် ထာဝရတည်ရှိတယ်လို့ ပြောလို့ရတယ်။ သူက တစ်ယောက်တည်းသာ အထီးကျန်နေရတယ်။ ဒါပေမယ့် တစ်ချိန်တုန်းကတော့ သူ့မှာ တာအိုလက်တွဲဖော်တစ်ယောက်ရှိခဲ့တယ်၊ သို့သော်လည်း သူမက သာမန်သူတော်စင်တစ်ယောက်သာ ဖြစ်နေခဲ့တာလေ။ ဒါ့အပြင် သူမ သူတော်စင်တစ်ယောက်ဖြစ်လာတာလည်း သူ့ရဲ့အကူအညီကြောင့်ပါပဲ၊ ဒီတော့ သူမရဲ့သက်တမ်းက အကန့်အသတ်ရှိနေခဲ့တာပေါ့။

ဟူး.........

အသက်ကို ပြင်းပြင်း‌လေးရှုထုတ်ပြီးနောက်  ကျောက်တုံးနက်သားရဲအာဏာရှင်က သူ့ရာသူ ပြောလိုက်တယ်" ငါ ဘာကြောင့်ကျင့်ကြံနေရတာလဲကို နားမလည်တဲ့အချိန်တွေ ရှိတယ်။ သာမန်လူပုဂ္ဂိုလ်တစ်ယောက်ရဲ့သက်တမ်းက အကန့်အသတ်ရှိပေမယ့် သူတို့က စိတ်ချမ်းသာတဲ့ဘဝကို ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် သိုင်းပညာရှင်တွေအတွက်ကတော့ ငါတို့က မရေမရတဲ့ပစ်မှတ်တွေနောက်ကို လိုက်နေရတယ်"

ခါးသီးစွာရယ်ပြီးနောက် သံတိမ်သူတော်စင်အရှင်က ခေါင်းခါလိုက်တော့တယ်" ဘယ်အချိန်တုန်းက ငါ ဒီလိုအတွေးများစိတ်ခံစားချက်များနေရတာလဲ"

ဝုန်း .......

ထိုအချိန်မှာ လွင့်မျောကျွန်းက ပြင်းထန်စွာတုန်ခါသွားတော့တယ်။

"ကျောက်တုံးနက်သားရဲအာဏာရှင်နဲ့.......ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်....." သံတိမ်သူတော်စင်အရှင်က အမူအရာမည်းမှောင်သွားတော့တယ်။

ကျောက်တုံးနက်သားရဲအာဏာရှင်ရဲ့ဘေးနားရှိကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က ကျော်ကြားနေခဲ့တာ အချိန်အလွန်ကြာပြီ။ သံတိမ်သူတော်စင်အရှင်က သူတော်စင်အရှင်မဖြစ်ခင်ကတည်းက ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က သားရဲအာဏာရှင်ဖြစ်နေပါပြီ။

လွင့်မျောကျွန်းက ပထမအဆင့်အထွတ်အထိပ်အစီအရင်ချပ်ပြားတစ်ခုဖြစ်တာကြောင့် ထိုနှစ်ယောက်က ချက်ချင်းမချိုးဖြတ်နိုင်ခဲ့ပါဘူး။

သံတိမ်သူတော်စင်အရှင်က ဆက်သွယ်ရေးတိုကင်ကို ထုတ်ယူကာ လီဖူချန်းထံ ချက်ချင်း သတင်းပို့လိုက်တယ်။

…

လေတိမ်မြို့........

ဆက်သွယ်ရေးတိုကင်မှ တုန်ခါမှုကို ခံစားမိပြီးနောက် လီဖူချန်းက ယူထုတ်လိုက်တယ်။

"လီဖူချန်း၊ ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်နဲ့ကျောက်တုံးနက်သားရဲအာဏာရှင်တို့က ငါ့ကို တိုက်ခိုက်နေတယ်။ မြန်မြန် ငါ့ကို လာကူညီ" သံတိမ်သူတော်စင်အရှင်ရဲ့အသံက ဆက်သွယ်ရေးတိုကင်မှ ပဲ့တင်ထပ်လာတယ်။

"ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်လား......" လီဖူချန်းက ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်ကို မသိဘူး၊ ဒါပေမယ့် ရန်သူက ပြောင်မြောက်တယ်ဆိုတာကို သူ သိခဲ့တယ်။

လီဖူချန်းရဲ့အမူအရာက အေးစက်သွားပြီး သူ့အရှေ့မှာ ဟင်းလင်းပြင်တွန့်လိမ်မှုတစ်ခုက ဖြစ်သွားတော့တယ်။ ထို့နောက် သူက ဟင်းလင်းပြင်တွန့်လိမ်မှုအတွင်း ခြေချလိုက်တော့တယ်။

…

ဝုန်းဒိုင်း.......

သံတိမ်သူတော်စင်အရှင်သတင်းပို့တဲ့အချိန်မှာပဲ အစီအရင်ချပ်ပြားကပြုလုပ်ထားတဲ့အစီအရင်က ရုတ်တရက် ပျက်စီးသွားပြီး လွင့်မျောကျွန်းက ကြေမွသွားတော့တယ်။

"သံတိမ်သူတော်စင်အရှင်၊ မြန်မြန်အညံ့ခံလိုက်တော့" ခြိမ်းခြောက်တဲ့အသံတစ်ခုက ပဲ့တင်ထပ်သွားတယ်။

"ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်၊ ဘာလို့ဒီလောက်တောင် ကြမ်းတမ်းနေရတာလဲ"

သံတိမ်သူတော်စင်အရှင်ရဲ့နှလုံးသားက နစ်မြုပ်သွားပြန်တယ်။ ကောင်းကင်ဘုံမြွေသားရဲအရှင်က  သူစိတ်ကူးယဉ်ထားတာထက် ပိုသန်မာတယ်။ ပထမအဆင့်အထွတ်အထိပ်အစီအရင်ချပ်ပြားက တစ်ခဏတာလောက်ခံမယ်လို့ သူ တွေးထားခဲ့တယ်။

"သတ်စမ်း"

ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က အချိန်ဖြုန်းမနေပါဘူး။ လီဖူချန်း မရောက်လာခင် သူက သံတိမ်သူတော်စင်အရှင်ကို ဖယ်ရှားဖို့ လိုတယ်။

လက်ဝါးရိုက်ချက်နဲ့အတူ အနက်ရောင်မြွေမုန်တိုင်းတစ်ခုက  ‌သံတိမ်သူတော်စင်အရှင်ထံ တိုးဝင်လာတယ်။

"မီးလျှံအဆီအနှစ်ဘီး၊ သွားစမ်း......"

သံတိမ်သူတော်စင်အရှင်က ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းဖြစ်တဲ့မီးလျှံအဆီအနှစ်ဘီးကို ဆင့်ခေါ်လိုက်တယ်။

ဝုန်း ဝုန်း ဝုန်း.......

ကောင်းကင်မှာ မုန်တိုင်းတစ်ခုက အဆက်မပြတ် ကြီးကြီးလာတယ်။

တစ်ယောက်က အထွတ်အထိပ်အဆင့်သားရဲအာဏာရှင်ဖြစ်ပြီး အခြားတစ်ယောက်က အထွတ်အထိပ်အဆင့်သူတော်စင်အရှင်ရဲ့ခွန်အားကို ရောက်ရှိဖို့ ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုကို အသုံးပြုခဲ့တယ်။

သူတို့နှစ်ယောက်ကြားတိုက်ပွဲက ကပ်ဆိုက်မှုတစ်ခုကို ဖြစ်ပေါ်စေပြီး စိတ်ကူးမယဉ်နိုင်လောက်အောင် အလွန်အံ့အားသင့်ဖွယ်ကောင်းနေတယ်။

အား.......

သွေးတွေ ပန်းထွက်သွားပြီး သံတိမ်သူတော်စင်အရှင်က လွင့်ထွက်သွားတယ်။ အဆုံးမဲ့မြွေများစွာက ဒဏ်ရာမှ ဝင်လိုက်ထွက်လိုက်ဖြစ်နေတယ်။

ပြင်ပအားက ပြင်ပအားပါပဲ၊ စစ်မှန်တဲ့အထွတ်အထိပ်အဆင့်သားရဲအာဏာရှင်နဲ့ နှိုင်းယှဉ်ရင် သံတိမ်သူတော်စင်အရှင်က သိသိသာသာ အားနည်းနေသေးတယ်။

သံတိမ်သူတော်စင်အရှင်က ကောင်းကင်ဘုံသားရဲအာဏာရှင်မှသားရဲချီကို ဖယ်ထုတ်ဖို့ သံတိမ်သူတော်စင်နည်းလမ်းကို လှည့်ပတ်ခဲ့တယ်။ ပြီးနောက် သူက အော်ဟစ်လိုက်တယ်"မီးလျှံအဆီအနှစ်ဘီး၊ ပြောင်းလဲစမ်း......"

ဂါး........

ဦးခေါင်းတစ်ရာရှိတဲ့မီးလျှံငှက်တစ်ကောင်က ကောင်းကင်ကို ထိုးတက်သွားတယ်။ အကန့်အသတ်မဲ့မီးလျှံချီက ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်ရဲ့အမူအရာကို ပြောင်းလဲသွားစေခဲ့တယ်။

"ခေါင်းတစ်ရာမီးလျှံငှက်လား"

ခေါင်းတစ်ရာမီးလျှံငှက်က တိုင်ယန်သားရဲတစ်ကောင်မဟုတ်ပါဘူး၊ အဲဒါက နက္ခက်တာရာသားရဲတစ်ကောင်ဖြစ်တယ်။ ဒါ့အပြင် အဲဒါက ကောင်းကင်အရှင်တစ်ယောက်ရဲ့ခွန်အား ရှိတယ်။

မီးလျှံအဆီအနှစ်ဘီးက ခေါင်းတစ်ရာမီးလျှံငှက်ရဲ့အဆီအနှစ်စွမ်းအင်နဲ့ ပေါင်းစပ်ထားမှန်း သိသာတယ်။ သို့မဟုတ်ရင် အဲဒါက ခေါင်းတစ်ရာမီးလျှံငှက်ကို မဖြစ်ပေါ်စေနိုင်ပါဘူး။

"ဒါက စွမ်းအင်တံလျှပ်တစ်ခုလေးပဲ၊ မင်းက အဲဒါနဲ့ ငါ့ကို ခြိမ်းခြောက်နိုင်မယ်ထင်နေတာလား"

ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က ပြင်းထန်စွာ အော်ဟစ်လိုက်တယ်။ သူ့ရဲ့ချီတည်ရှိမှုက ဧရာမအနက်ရောင်‌မြွေတစ်ကောင်ဖြစ်လာပြီးခေါင်းတစ်ရာမီးလျှံငှက်ထံ တိုးဝင်လာတော့တယ်။

မြွေနဲ့ငှက်က အပြင်းအထန်တိုက်ခိုက်ကြတော့တယ်။ ဧရာမမြွေက အသာရတဲ့အချိန်လည်း ရှိသလို ခေါင်းတစ်ရာမီးလျှံငှက်က အသာရတဲ့အချိန်တွေလည်း ရှိတယ်။

ဒါပေမယ့် တိုက်ပွဲကြာရှည်လာတာကြောင့် ခေါင်းတစ်ရာမီးလျှံငှက်က ပိုအားနည်းလာတယ်။

ဝုန်း.......

အနက်ရောင်အလင်းတစ်ခု ဖြာထွက်သွားပြီး ခေါင်းတစ်ရာမီးလျှံငှက်က ပေါက်ကွဲထွက်သွားတယ်။

စိတ်ချင်းဆက်နွယ်မှုကြောင့် သံတိမ်သူတော်စင်အရှင်က တစ်ခဏတာ မိန်းမောသွားတယ်။

"အမှောင်ထုနဂါးအသက်ရှုခြင်း"

ထိုအချိန်မှာ ကျောက်တုံးနက်သားရဲအာဏာရှင်က သံတိမ်သူတော်စင်အရှင်ရဲ့ဘေးနားကို ရောက်ရှိလာပြီး အမှောင်ထုနဂါးအသက်ရှုခြင်းကို ဖော်ထုတ်လိုက်တယ်။

ချက်ချင်းပါပဲ သံတိမ်သူတော်စင်အရှင်က လောင်ကျွမ်းတူးခြစ်သွားတော့တယ်။

"သံတိမ်သူတော်စင်အရှင်၊ ဒီနေ့က မင်းရဲ့သေနေ့ပဲ"

ကျောက်တုံးနက်သားရဲအာဏာရှင်က သံတိမ်သူတ်ောစင်အရှင်ကို ပြာအဖြစ် ပြောင်းလဲဖို့ လက်သည်းတိုက်ခိုက်မှုတစ်ခုကို ဆက်တိုက်ဖော်ထုတ်လိုက်ပြန်တယ်။

"ထွက်ပြေးဖို့ကြိုးစားနေတာလား......"

ပုံရိပ်တစ်ခုက အဝေးကို ရွေ့လျားသွားနေတာကို မြင်တော့ ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က နှာခေါင်းရှုံ့လိုက်တယ်။ သူ့ရဲ့ချီတည်ရှိမှုက ဧရာမမြွေနက်တစ်ကောင်ဖြစ်လာပြီး ပုံရိပ်ရဲ့နောက်ကျောအပေါ်  ရိုက်နှက်လိုက်တယ်။

အား.......

ပုံရိပ်က သွေးသံရဲရဲဖြစ်သွားပြီး ခန္ဓာကိုယ်မှအနက်ရောင်မြွေတွေအဆုံးမဲ့ထွက်လာနေတယ်။

"ငါ၊ သံတိမ်သူတော်စင်အရှင်က ဒီနေ့သေရတော့မှာလား" သံတိမ်သူတော်စင်အရှင်က ဒီကံကြမ္မာကို လက်မခံချင်ပါဘူး။

သူ့ရဲ့သက်တမ်းအတွင်း သူက ငြီးငွေ့တာတွေ ရှိခဲ့ပေမယ့် အချိန်အများစုမှာတော့ သူက တိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေနဲ့ ပြည့်နေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သိုင်းတာအိုရဲ့အထွတ်အထိပ်နယ်ပယ်ကို သိချင်ခဲ့တယ်၊ အထွတ်အထိပ်ကိုကျော်လွန်ပြီးဘာတည်ရှိသလဲကို သူက သိချင်နေခဲ့တယ်။

"သံတိမ်သူတော်စင်အရှင်၊ ငါ ရောက်လာပြီ"

လက်သီးတစ်လုံးက ဧရာမအနက်ရောင်မြွေအပါ် ကျဆင်းလာတယ်။ လက်သီးက အဆုံးမှာတော့ ပျောက်ပြယ်သွားပေမယ့် ဧရာမအနက်ရောင်မြွေရဲ့ဒုတိယမြောက်တိုက်ခိုက်မှုကို သံတိမ်သူတော်စင်အရှင်အား ရှောင်တိမ်းနိုင်စေခဲ့တယ်။

သံတိမ်သူတော်စင်အရှင်ရဲ့မျက်လုံးတွေက ကြည့်လိုက်တယ်၊ လီဖူချန်းကလွဲပြီး အခြားသူမဟုတ်ပါဘူး။

"မင်းက လီဖူချန်းလား' ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က မသေချာဘူးဖြစ်နေတယ်။

"လီဖူချန်းက အဆင့်နိမ့်ဒါမှမဟုတ်အလယ်ဆင့်သူတော်စင်အရှင်တစ်ယောက်သာ ဖြစ်တယ်လို့ ကျောက်တုံးနက်သားရဲအာဏာရှင်က ပြောခဲ့တယ်မလား။ ဒါပေမယ့် စောစောကလက်သီးက အဆင့်မြင့်သူတော်စင်အရှင်တစ်ယောက်နဲ့ နီးကပ်နေတာပဲ"

***

All Chapters