← Chapters

ကောင်းကင်ကမ္ဘာငါသာရှိအတ္တဓား

Vol. 63 Ch. 871

ကောင်းကင်ကမ္ဘာငါသာရှိအတ္တဓား

Vol. 63 Ch. 871

"လီဖူချန်း၊ ဂရုစိုက်၊ ဒီသားရဲက အထွတ်အထိပ်အဆင့်သားရဲအာဏာရှင်တစ်ယောက်ရဲ့ခွန်အား ရှိတယ်"

လီဖူချန်းက ခွန်အားအကြီးအကျယ်တိုးတက်လာတာကို သံတိမ်သူတော်စင်အရှင်က မြင်နိုင်ခဲ့တယ်။ ဒါပေမယ့် ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်နဲ့ နှိုင်းယှဉ်ရင် လီဖူချန်းက အားနည်းနေသေးတယ်။ လီဖူချန်းက ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်ပါစေလို့ သံတိမ်သူတော်စင်က ဆုတောင်းနေမိတယ်။

"အထွတ်အထိပ်အဆင့်သားရဲအာဏာရှင်လား" လီဖူချန်းရဲ့အမူအရာက တင်းမာသွားတယ်။

"မင်းက ဒီကို‌ ရောက်လာမှတော့ မင်းတို့နှစ်ယောက်လုံး အတူတူသေလိုက်ကြပေါ့"

ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က အလွန်ယုံကြည်ချက်ရှိတယ်။ အစကတော့ သူက သူတို့ကို တစ်ယောက်ချင်းဆီ သတ်ချင်ခဲ့တာ၊ အဲဒါက အလွယ်ဆုံးနဲ့အန္တရာယ်အကင်းဆုံးနည်းလမ်းပဲလေ။ ဒါပေမယ့် ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က သေရေးရှင်ရေးအခြေအနေများစွာကို ကြုံတွေ့ဖူးတယ်။ တစ်ချိန်က သူက အခြားမျိုးနွယ်အထွတ်အထိပ်အဆင့်သူတော်စင်အရှင်တစ်ယောက်နဲ့ တစ်လကြာ တိုက်ခိုက်ခဲ့ပြီး ရန်သူကို တစ်ဖြည်းဖြည်းအားအင်းကုန်ခမ်းစေပြီးနောက် သတ်ဖြတ်နိုင်ခဲ့တယ်။ သူ့ရဲ့ယုံကြည်မှုက ဒီလိုအတွေ့အကြုံမှ လာတယ်။

သူ့ရဲ့ချီတည်ရှိမှုက ဧရာမ‌မြွေတစ်ကောင်အဖြစ်သို့ ပြောင်းသွားပြီး လီဖူချန်းနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်တယ်။ မကြာမီမှာပဲ လီဖူချန်းကို ဧရာမမြွေက ရိုက်နှက်ခဲ့ပြီး သူ့ခန္ဓာကိုယ်က အက်ကွဲသွားတော့တယ်။

အထွတ်အထိပ်အဆင့်သားရဲအာဏာရှင်တစ်ကောင်က တကယ်ကို ပြောင်မြောက်တယ်။ လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားက အဆင့်မြင့်သူတော်စင်အရှင်နဲ့ နီးကပ်ရုံသာ ရှိတယ်၊ ဒါကြောင့် သူက တစ်ဆင့်အားနည်းနေသေးတယ်။

"သေစမ်း သေစမ်း သေစမ်း"

ဧရာမအနက်ရောင်မြွေက ခေါင်းကိုးလုံးကို ထုတ်ဖော်ပြီး လီဖူချန်းကို ရိုက်နှက်လိုက်တယ်။

ဝုန်း ဝုန်း ဝုန်း.......

လီဖူချန်းရဲ့ခန္ဓာကိုယ်က အက်ကွဲရာတွေနဲ့ ပြည့်နေပြီး သွေးတွေက နေရာအနှံ့ပန်းထွက်လာတယ်။

"ဒီလိုကြမ်းတမ်းတဲ့ခံစစ်......" ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က ရှက်ရွံ့သွားတယ်။

သူက အထွတ်အထိပ်အဆင့်သားရဲအာဏာရှင်တစ်ယောက်ဖြစ်ပေမယ့် အလယ်ဆင့်သူတော်စင်အရှင်တစ်ယောက်ကို ဒဏ်ရာအသေးအမွှားသာ ရစေခဲ့တယ်။

"အယ်......"

သံတိမ်သူတော်စင်အရှင်နဲ့ကျောက်တုံးနက်သားရဲအာဏာရှင်တို့က အံ့သြလွန်းလို့ လေကို ဆုပ်ကိုင်မိသွားကြတယ်။ သူတို့က သူတို့ရဲ့မျက်လုံးကို မယုံကြည်နိုင်ဘူး ဖြစ်နေတယ်။

အထူးသဖြင့် ကျောက်တုံးနက်သားရဲအာဏာရှင်ပါပဲ၊ သူ့မျက်လုံးတွေက ပြူးထွက်လာနေတယ်။

ဒီတိုက်ပွဲမတိုင်ခင် သူက လီဖူချန်းနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့တယ်၊ ထိုအချိန်တုန်းက လီဖူချန်းရဲ့ခံစစ်က လက်ရှိလီဖူချန်းရဲ့၁၀ရာခိုင်နှုန်းလောက်တောင် မရှိပါဘူ။

"အနေအထားက ငါ ထင်ထားတာထက်ပိုကောင်းနေတယ်။ အခြားလူရဲ့တိုက်ခိုက်ရေးစွမ်းအားအရ သူက အနည်းဆုံးလက်ဝက်‌လောက်သာ ခံနိုင်ရည်ရှိလိမ့်မယ်" လီဖူချန်းက စိတ်အေးလက်အေးဖြစ်သွားတယ်။

သူက သူ့ရဲ့လက်ရှိခံစစ်စွမ်းရည်ကို အထင်သေးမိခဲ့တာပဲ။ အခုဆိုရင် ကျောက်တုံးနက်သားရဲအာဏာရှင်က သူ့ရဲ့ခံစစ်ကို ချိုးဖြတ်နိုင်ရုံမျှသာပဲ ရှိနိုင်လိမ့်မယ်။ အထွတ်အထိပ်အဆင့်သူတော်စင်အရှင်အဆင့်ရန်သူတစ်ယောက်ကသာ သူ့ကို အမှန်တကယ်ဒဏ်ရာရစေနိုင်လိမ့်မယ်။

"ကောင်းကင်ဘုံမြွေဝါးမျိုခြင်း"

ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က ဒေါသထွက်သွားတယ်။ ဧရာမအနက်ရောင်မြွေက လီဖူချန်းကို ဝါးမျိုပြီး သူ့ကို ခြေဖျက်ချင်ခဲ့တယ်။

"ချိုးဖြတ်စမ်း"

ဓားအလင်းတစ်ခု လက်သွားပြီး လီဖူချန်းက ဧရာမအနက်ရောင်မြွေရဲ့ဝမ်းဗိုက်ကို ထိုးဖောက်ခဲ့တယ်။

အဆုံးစွန်းအဆင့်ဓားဖြစ်တဲ့ကောင်းကင်ဆက်ဓားနဲ့ဆိုရင် လီဖူချန်းက အထွတ်အထိပ်အဆင့်သားရဲအာဏာရှင်ကို တိုက်ခိုက်ဖို့ ခွန်အားရှိတယ်။

"တောက်၊ ကောင်းကင်မြွေနယ်နိမိတ်"

ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က နယ်နိမိတ်ကို သုံးပြီး လီဖူချန်းကို ‌ဖြည်းဖြည်းချင်းခွန်အားကုန်ခန်းစေပြီးမှ သတ်ပစ်ဖို့ စီစဉ်ခဲ့တယ်။

ဖောက်.........

နယ်နိမိတ်ထဲမှာ ကြီးမားတဲ့အပေါက်တစ်ခုကို  ခုတ်ဖြတ်သွားပြီး လိီဖူချန်းက ထပ်မံထွက်ပေါ်လာဆယ်။

ပြောင်မြောက်တဲ့သူ‌တော်စင်စိတ်ဝိညာဉ်နဲ့ဆိုရင် နယ်နိမိတ်က သူ့ကို ထောင်ဖမ်းဖို့ မဖြစ်နိုင်ပါဘူး။

"မဖြစ်နိုင်တာ......"

ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်ရဲ့အမူအရာက မည်းမှောင်သွားတော့တယ်။

"ဓားချီမူလပြန်သွားခြင်း"

တိုက်ခိုက်မှုတွေကိုအဆုံးအထိလက်ခံခြင်းက လီဖူချန်းရဲ့ပုံစံမဟုတ်ပါဘူ။ ဓားအလင်းလက်သွားပြီး သူက ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်ကို ခုတ်ပိုင်းလိုက်တယ်။

ဒီဓားကွက်က ပထမအဆင့်အထွတ်အထိပ်အခြေ‌အနေသာ ရှိနိုင်ပေမယ့် အဆုံးစွန်းဓားတာအိုတစ်ခုရဲ့အလားအလာရှိသေးတယ်။ ဓားတာအိုအနှစ်သာရအချို့က ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို ရောက်ရှိပြီဖြစ်တယ်။

ဓားကွက်လာရလမ်းကြောင်းကို သိရှိနိုင်ဖို့ ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က သူ့ရဲ့အားထုတ်မှုအားလုံးကို အသုံးပြုခဲ့ရတယ်။

"ငါ မင်းကို မသတ်နိုင်ဘူးလို့ မယုံဘူး" ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က ဆက်လက်တိုက်ခိုက်နေလေတယ်။

သူက လီဖူချန်းရဲ့အသက်စွမ်းအားကို မသိပေမယ့် အဲဒါက ကိစ္စမရှိပါဘူး။ တိုက်ပွဲက တစ်လဒါမှမဟုတ်လပေါင်းများစွာကြာရင်တောင် သူက လီဖူချန်းကို သတ်ဖို့ဆုံးဖြတ်ထားတယ်။

ဝုန်း ဝုန်း ဝုန်း........

ဧရာမအနက်ရောင်မြွေရဲ့ဒေါသကြောင့် လီဖူချန်းက ပြန်မတိုက်ခိုက်နိုင်တော့ပါဘူး။ သူက ရံဖန်ရံခါမှာ ဓားတစ်ကွက်ကို ထုတ်လွှတ်ရင်တောင် ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က အလွယ်တကူတန်ပြန်တိုက်ခိုက်ခဲ့တယ်။

အခြားတစ်ဖက်မှာလည်း ‌ကျောက်တုံးနက်သားရဲအာဏာရှင်နဲ့သံတိမ်သူတော်စင်အရှင်တို့က အကြီးအကျယ်တိုက်ခိုက်နေကြတယ်။

ကျောက်တုံးနက်သားရဲအာဏာရှင်မှာ တိုက်ပွဲစွမ်းအားတွေအများစုတည်ရှိနေသေးပြီး ကြမ်းတမ်းတဲ့ခံစစ်နဲ့ဆိုရင် သူက သံတိမ်သူတော်စင်အရှင်ရဲ့မီးလျှံအဆီအနှစ်ဘီးကို မကြောက်ခဲ့ပါဘူး။ ဒါ့ပြင် သံတိမ်သူတော်စင်အရှင်က ဒဏ်ရာအပြင်းအထန်ရထားတယ်။ အခုဆိုရင် သူက မီးလျှံအဆီအနှစ်ဘီးကို အရင်ကလို ကျွမ်းကျင်စွာ မကိုင်တွယ်နိုင်တော့ဘူး။

ဒါကြောင့် သံတိမ်သူတော်စင်အရှင်နဲ့ကျောက်တုံးနက်သားရဲအာဏာရှင်တို့က လက်ရည်ညီမျှနေလျက် ရှိတယ်။

မသိလိုက်မသိဘာသာနဲ့ သုံးရက်သုံးည ရှိသွားပါပြီ။ လီဖူချန်းအသက်စွမ်းအားရဲ့၂၀ရာခိုင်နှုန်းသာ ကုန်ဆုံးသေးတယ်။

"ကြည့်ရတာ ငါ မင်းကို အထင်သေးမိပုံပဲ" ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က လှောင်ပြုံးပြုံးလိုက်တယ်။

လီဖူချန်းရဲ့အသက်စွမ်းအားအရှိန်အဝါပြောင်းလဲမှုအရ လီဖူချန်းရဲ့အသက်စွမ်းအားကို ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က ခန့်မှန်းနိုင်တယ်။

"မင်းရဲ့အသက်စွမ်းအားလည်း လျော့ကျနေတာပဲ" လီဖူချန်းက ပြောလိုက်တယ်။

"သုံးရက်နဲ့သုံးညမှာ မင်းက ငါ့ကို ၄၉ကြိမ်သာ ခုတ်ပိုင်းခဲ့တယ်။ခုတ်ချက်၄၉ခုကို ပြုလုပ်ဖို့ မင်းရဲ့အသက်စွမ်းအား ဘယ်လောက်လျော့ကျသွားမယ်လို့ မင်း ထင်လဲ" ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က အထင်သေးစွာ ပြုံးလိုက်တယ်။

"အဲဒါတွေ ပြောဖို့စောလွန်းနေပါသေးတယ်၊ လာ......ဆက်တိုက်ခိုက်ကြရအောင်"

ဒီအတိုင်းသာ ဆက်သွားနေရင် သူက အကျိုးမရှိမှာကို လီဖူချန်းက အလိုအလျောက်သိတယ်။

ဒါပေမယ့် ဒါက သူ့ရဲ့ကြောက်ရွံ့မှုကို မေ့ထားရမယ့်အချိန်ပဲ။ သူက တစ်ကြိမ် ကြောက်ရွံ့မိတာနဲ့ စားပွဲကိုပြန်လှန်နိုင်ဖို့ အခွင့်အရေးရှိလိမ့်မှာ မဟုတ်တော့ဘူ။

‌"ကောင်းကင်မြေကြီးလှည့်လည်ခြင်း"

"ကောင်းကင်အလင်းပျံဓား"

"ကောင်းကင်လေနတ်ဘုရားခုတ်ချက်"

"ကောာင်းကင်မိုးကြိုးပုံရိပ်ယောင်ဖျက်ဆီးခြင်းဓား"

"ကောင်းကင်မီးနေအက်ကွဲဓား"

"ကောင်းကင်လူ့ဆန္ဒခုတ်ချက်"

"ကောင်းကင်‌ပြောင်းလဲလှည့်လည်နဂါးထိုးဖောက်ခြင်း"

လီဖူချန်းက ဓားချီမူလပြန်သွားခြင်းကို ထပ်မသုံးတော့ပါဘူး။ ဓားချီမူလပြန်သွားခြင်းက ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်ရဲ့အသက်စွမ်းအားကို အများကြီးမလျော့ကျစေနိုင်ပါဘူး။ အခုဆိုရင် လီဖူချန်းရဲ့မျှော်လင့်ချက်ကတော့ ကောင်းကင်မျဉ်းဓားပညာရဲ့အဌမကွက်ကို နားလည်ဖို့ဖြစ်တယ်။ သူက တစ်ကြိမ်နားလည်တာနဲ့ သူ့ရဲ့တိုက်ပွဲခွန်အားက ဆယ်ဆဒါမှမဟုတ်အဆများစွာ တိုးမြင့်သွားစေလိမ့်မယ်။

ဓားအလင်းစီးကြောင်းများစွာ ဖြစ်တည်နေတယ်။ တစ်ခါတစ်ရံမှာ စီးဆင်းနေတဲ့ရေတံခွန်တစ်ခု ဖြစ်လိမ့်မယ်၊ တစ်ခါတစ်လေကျတော့ လေပုံရိပ်ယောင်တစ်ခု ဖြစ်နေတယ်။ တစ်ခါတစ်ရံကျတော့ အဖျက်အဆီးမိုးကြိုးတစ်ခု ဖြစ်လိမ့်မယ်၊ တစ်ခါတစ်လေကျတော့ ပေါက်ကွဲထွက်နေတဲ့အလင်းတစ်ခု ဖြစ်နေတယ်.......

အချိန်ကြာလာတာနဲ့အမျှ လီဖူချန်းရဲ့ကောင်းကင်မျဉ်းဓားပညာက တိုးမြှင့်လာတယ်။ ဓားအရှိန်အဝါတစ်ခုက ဖြည်းညင်းစွာ စုစည်းလာတယ်။

"ချိုးဖြတ်ဖို့စဉ်းစားနေတာလား။ အိမ်မက်ပဲ မက်နေတော့......"

ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က လီဖူချန်းရဲ့အစီစဉ်ကို သဘောပေါက်သွားကာ ဒေါသချက်ချင်း ထွက်သွားတယ်။ သူ့ရဲ့တိုက်ခိုက်မှုတွေက ပိုကြမ်းကြုတ်လာတယ်။

ဝုန်း ဝုန်း ဝုန်း .......

လီဖူချန်းက မျက်ရည်အိတ်တစ်ခုအလား ဦးတည်ဘက်တိုင်းမှ တိုက်ခိုက်ခံနေရတယ်။

နောက်ထပ်ဆယ်ရက်ကြာပြီးနောက်......

လီဖူချန်းက အသက်စွမ်းအား၁၅ရာခိုင်နှုန်းသာ ကျန်ရှိတော့တယ်။ အနေအထားက သူမျှော်မှန်းထားတာထက် ပိုကြမ်းတမ်းနေတယ်။

"နောက်ထပ်နှစ်ရက်ဆိုရင် ငါ သူ့ကို သတ်နိုင်လိမ့်မယ်" ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က နှုတ်ခမ်းသပ်လိုက်မိတယ်၊ သူ့မျက်လုံးတွေက ရက်စက်ခြင်းတွေ ပြည့်နေတယ်။

"ကောင်းကင်မျဉ်းဓားက ပူပင်ကြောင့်ကြမဲ့ခြင်းကို အလေးထားတယ်။ သေချာတဲ့အတိုင်းအတာတစ်ခုမှာ ပူပင်ကြောင့်ကြမဲ့ခြင်းက အတ္တဆန်တဲ့ငါသာရှိဝါဒကိုလည်း ဆိုလိုတယ်"

ဓားအရှိန်အဝါ စုစည်းလာတာကြောင့် လီဖူချန်းရဲ့ဓားတာအိုဈာန်ဝင်စားခြင်းက အဆက်မပြတ်ပွင့်ထွက်လာနေတယ်။

ဒြပ်ဝတ္ထု၊ အာကာသနဲ့အရာအားလုံး.......ကို ထိုးဖောက်နေတဲ့ဓားအလင်းတစ်ခုကို လီဖူချန်းက ရေးတေးတေးမြင်နိုင်တယ်။

နောက်တစ်ရက်ကြာပြီးနောက် လီဖူချန်းရဲ့အသက်စွမ်းအားက ၅ရာခိုင်နှုန်းသာ ကျန်တော့တယ်။

အသက်စွမ်းအားကြီးမားစွာလျော့ကျလာတာနဲ့အတူ သူ့စိတ်ဝိညာဉ်မှသူ့ခန္ဓာကိုယ်အထိ သေရေးရှင်ရေးအာရုံခံစားမှုတစ်ခုက လီဖူချန်းမှာ ရှိလာတယ်။

ဒိီသေရေးရှင်ရေးအခြေအနေက ပူပင်ကြောင့်ကြမဲ့တဲ့ကောင်းကင်မျဉ်းဓားပညာနဲ့ ထိပ်တိုက်တွေ့သွားတယ်။ ထိုအစိတ်အပိုင်းနှစ်ခုက ဈာဝင်စားခြင်းတစ်ခုကို ထုတ်လွှတ်ခဲ့တယ်။

တစ်ဆက်တည်းမှာပဲ လီဖူချန်းက သူ့ရဲ့ဓားကို ဝှေ့ယမ်းလိုက်တယ်။

ဒါက မျှော်လင့်ချက်ဓား၊ ပူပင်ကြောင့်ကြမဲ့ဓား၊ ငါသာရှိအတ္တဓား ဖြစ်တယ်။

ဓားကို ဝှေ့ယမ်းလိုက်တဲ့အခါ အလင်းတန်းတစ်ခုက အမှောင်ထုထဲမှာ ထွက်ပေါ်လာသလို ခံစားရတယ်။

"ဒါက......."

ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားတော့တယ်။ ဒါပေမယ့် သူ ဒီဓားကွက်ကို တားဆီးတော့မယ့်အချိန်မှာ သူက နောက်ကျနေပါပြီ။

ဓားအလင်းက ‌ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်ကာ အနောက်မှ ထွက်သွား‌တော့တယ်။

ကောင်းကင်မျဉ်းဓားပညာအဌမဓားကွက်......ကောင်းကင်ကမ္ဘာငါသာရှိအတ္တဓား။

***

All Chapters