← Chapters

အရှေ့ယူနီကွန်တိုက်ကြီးရဲ့လျှို့ဝှက်ချက်

Vol. 63 Ch. 873

အရှေ့ယူနီကွန်တိုက်ကြီးရဲ့လျှို့ဝှက်ချက်

Vol. 63 Ch. 873

စကြာဝဠာထဲမှာ ကြယ်အလင်းတစ်ခုက အရှိန်နဲ့ရွေ့လျားနေတယ်။ ၎င်းရဲ့မြန်နှုန်းက အလင်းမြန်နှုန်းထက် အဆရာ‌အနည်းငယ် ပိုမြန်တယ်။ အာကာသနဲ့အချိန်ကတောင် ကြယ်အလင်းနဲ့ရင်ဆိုင်ရတဲ့အခါ မတည်ရှိသလိုဖြစ်နေရတယ်။

ရွှမ်း.........

ရပ်တန့်ခြင်းမရှိဘဲ ကြယ်အလင်းက နက်ပြာပလိန်းကို ဝင်ရောက်လာခဲ့ပြီး ကျယ်ပြောတဲ့သမုဒ္ဒရာပြင်အထက်ကို ရောက်ရှိလာတယ်။

"မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းတစ်သိန်းကျော်ရှိသွားပြီပဲ။ အရာအားလုံးက တူညီနေတုန်းပဲ၊ ဒါပေမယ့် လူတွေက‌တော့ ပြောင်းလဲသွားပြီ"

ပင်လယ်လေကို နှစ်သက်ခံစားနေရင်း ကျောက်စိမ်းကြယ်သူတော်စင်အရှင်က သူ့ရဲ့အစောပိုင်းနေ့ရက်တွေအပေါ် အောက်မေ့သတိရမိသွားတယ်။

"မိတ်ဆွေဟောင်းတွေရော ဒီအနီးအနားမှာ ရှိနေသလားကို ငါ သိချင်တယ်"

လှုပ်ယမ်းလိုက်ရာ ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ဟင်းလင်းပြင်ကို ချိုးဖြတ်ပြီး အရှေ့ယူနီကွန်တိုက်ကြီးရဲ့အနီးဝန်းကျင်ကို ချက်ချင်း ရောက်ရှိသွားတယ်။

"ကြည့်ရတာ အဲဒါက နောက်နှစ်ဝက်လောက်မှ အပြည့်အဝနိုးထမယ့်ပုံပဲ"

အရှေ့ယူနီကွန်တိုက်ကြီးထဲမှာဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်က ကျောက်စိမ်းသူတော်စင်အရှင်ကတောင် သိချင်နေတဲ့အရာပါပဲ။

ဒါပေမယ့် ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ဇွတ်မဝင်ရဲပါဘူး။

သူ သိထားတာအရ ကောင်းကင်အရှင်တွေကတောင် အရှေ့ယူနီကွန်တိုက်ကြီးကို ဇွတ်မဝင်ရဲပါဘူး။ သူက သူ့အသက်ကို မစွန့်စားချင်သေးပါဘူး။

ဘယ်လိုပဲပြောပြော၊ နှစ်ဝက်က လျင်မြန်စွာ ကုန်ဆုံးသွားမှာပါ၊ ပြီးမှ အရှေ့ယူနီကွန်တိုက်ကြီးကို သွား‌ရောက်ရင်လည်း နောက်မကျသေးပါဘူး။

"ကျောက်စိမ်းကြယ်သူတော်စင်အရှင်......"

အနီရောင်သားရဲဦးခေါင်းနဲ့အတူဧရာမသင်္ဘောတစ်စင်းက အရှေ့ယူနီကွန်တိုက်ကြီးရဲ့အနီးဝန်းကျင်မှာ ထွက်ပေါ်လာတယ်။ သင်္ဘောဦးပိုင်းမှာ ကြွက်သားအပြည့်နဲ့လူတစ်ယောက်က ကျောက်စိမ်းကြယ်သူတော်စင်အရှင်ကို ဝေ့ကြည့်လိုက်တယ်။

"ကောင်းကင်မီးသူတော်စင်ပဲ၊ မဟုတ်ဘူး၊ အခု ငါ မင်းကို လို့ ကောင်းကင်မီးသူတော်စင်အရှင်ခေါ်သင့်တယ်"

ကောင်းကင်မီးသူတော်စင်အရှင်၊ ကျူးစန်းချိုး၊ ကျူးကလန်ရဲ့နံပါတ်၁ဘိုးဘေး။

ချီတည်ရှိမှုအ‌ပေါ် ‌အ‌ခြေခံပြီး ကျူးစန်းချိုးက သူတော်စင်အရှင်တစ်ယောက်ဖြစ်နေတာကို ကျောက်စိမ်းကြယ်သူတော််စင်အရှင်က ချက်ချင်း မြင်နိုင်တယ်။

အရင် ကျူးစန်းချိုးက အထွတ်အထိပ်အဆင့်သူတော်စင်ဖြစ်ချိန်တုန်းက လက်နက်နဲ့အသုံးအဆောင်ပစ္စည်းတွေကို မှီခိုပြီး သူက သူတော်စင်အရှင်အချို့နဲ့ နှိုင်းယှဉ်နိုင်ခဲ့တယ်။ အခု သူက သူတော်စင်အရှင်တစ်ယောက်ဖြစ်လာတာကြောင့် သူက အနည်းဆုံး အထွတ်အထိပ်အဆင့်သူတော်စင်အရှင်တစ်‌ယောက် ဖြစ်နေမှာပါ။

"ကျောက်စိမ်းကြယ်သူတော်စင်အရှင်နဲ့ နှိုင်းယှဉ်ရင် ငါက နိမ့်ကျနေပါသေးတယ်"

ကျူးစန်းချိုးက ကျောက်စိမ်းကြယ်သူတော်စင်အရှင်ကို အထင်မသေးရဲပါဘူး။ အချက်အလက်ရ နက်ပြာပလိန်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သိန်းကျော်ကတည်းက တစ်ယောက်ကမှ ကျောက်စိမ်းကြယ်သူတော်စင်အရှင်ကို အထင်အမြင်မသေးရဲကြပါဘူး။

သူတော်စင်အရှင်တွေကြားမှာ ကြီးမားတဲ့ခွန်အားကွာခြားချက်တွေ ရှိတယ်။

ထိပ်တန်းအဆင့်အထွတ်အထိပ်သိုင်းပညာနဲ့ဒုတိယအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတွေကိုပိုင်ဆိုင်ထားတဲ့သူတွေက သာမန်သူတော်စင်အရှင်တွေပါပဲ။ သူတို့ရဲ့ခွန်အားက အဆင့်နိမ့်သူတော်စင်အရှင်နဲ့အဆင့်မြင့်သူတော်စင်အရှင်တွေအကြားမှာ ရှိပါလိမ့်မယ်။

ထိပ်တန်းအဆင့်အထွတ်အထိပ်သိုင်းပညာနဲ့ပထမအဆင့်ကျင့်ကြံခြင်းနည်းလမ်းတွေကိုပိုင်ဆိုင်ထားတဲ့သူတွေက စစ်မှန်တဲ့အထွတ်အထိပ်အဆင့်သူတော်စင်အရှင်တွေ ဖြစ်ပါလိမ့်မယ်။

ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ထိပ်တန်းအဆင့်အထွတ်အထိပ်သိုင်းပညာနဲ့ပထမအဆင့်ကျင့်ကြံခြင်းနည်းလမ်းတွေကို ပိုင်ဆိုင်ထားတဲ့သူတော်စင်အရှင်တစ်‌ယောက်ပါပဲ။ သူ့ရဲ့ခွန်အားက မတိုင်းတာနိုင်ပါဘူး။

လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သိန်းကျော်က လူသားတွေနဲ့နတ်ဆိုးသားရဲတွေကြားတိုက်ပွဲက အထွတ်အထိပ်ရောက်နေချိန်မှာ ကျောက်စိမ်းကြယ်သူတော်စင်အရှင်က လူသားမျိုးနွယ်မဟာမိတ်ရဲ့ဒုတိယမဟာမိတ်ခေါင်းဆောင်ဖြစ်ခဲ့တယ်။

ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ရယ်လိုက်တယ်"အတိတ်က ကျန်ခဲ့ပါပြီလေ။ မီးနတ်ဘုရားပုဆိန်နဲ့ဆိုရင် နက်ပြာပလိန်းမှာ မင်းထက်ပိုသန်မာတဲ့သူအနည်းငယ်သာ ရှိတော့မှာပါ"

ကျူးကလန်ရဲ့အဆုံးစွန်းအဆင့်လက်နက်ဖြစ်တဲ့မီးနတ်ဘုရားပုဆိန်က သူတော်စင်အဆင့်လက်နက်တွေကြားမှာတောင် အဆင့်မြင့်မားတယ်။

ကျောက်စိမ်းကြယ်သူတော်စင်အရှင်ကတောင် မီးနတ်ဘုရားပုဆိန်မှတိုက်ခိုက်မှုကို လက်မခံလိုပါဘူး။

သူတို့နှစ်ယောက်က စကားအနည်းငယ်ပြောဆိုပြီးနောက် ခွဲထွက်သွားကြတော့တယ်။

နောက်လအနည်းငယ်အတွင်း သူတော်စင်အရှင်နဲ့သားရဲအာဏာရှင်တွေက ရောက်ရှိလာကြလိမ့်မယ်။ လူသားနဲ့နတ်ဆိုးသားရဲတွေကြားငြိမ်းချမ်းရေးအတုအယောင်က သူတော်စင်အရှင်နဲ့သားရဲအာဏာရှင်တွေရောက်ရှိလာမှုနဲ့အတူ အထိမခံဖြစ်လာပါလိမ့်မယ်။

"ကြည့်ရတာ သူတော်စင်အရှင်တွေနဲ့သားရဲအာဏာရှင်တွေက အရှေ့ယူနီကွန်တိုက်ကြီးနဲ့ပတ်သက်ပြီးတစ်ခုခုကို သိထားကြပုံပဲ"

to be unrelated to the East Unicorn Continent.

လီဖူချန်းက အရူးမဟုတ်ပါဘူး။ အရှေ့ယူနီကွန်တိုက်ကြီး အဆင့်မြှင့်တက်လာတာနဲ့ ဒီသူတော်စင်အရှင်တွေနဲ့သားရဲအာဏာရှင်တွေအားလုံးက ပြန်ရောက်လာကြတယ်။ အဲဒါတွေက အရှေ့ယူနီကွန်တိုက်ကြီးနဲ့မဆက်စပ်ဖို့က မဖြစ်နိုင်မှန်း သိသာပါတယ်။

ဒါပေမယ့် နက်ပြာပလိန်းပေါ်မှာ ဒီလောက်များတဲ့သူတော်စင်အရှင်နဲ့သားရဲအာဏာရှင်တွေ ရောက်ရှိနေပေမယ့် လီဖူချန်းက လုံးဝစိုးရိမ်ခြင်းမရှိပါဘူး။

လက်ရှိလီဖူချန်းက အရင်ကနဲ့ မတူတော့ဘူးလေ။

ကောင်းကင်အရှင်တွေက လွဲပြီး သူ့ကိုရင်ဆိုင်နိုင်တဲ့သူ‌တွေက အနည်းငယ်သာ ရှိတယ်။

လီဖူချန်း ပိုသိချင်နေတဲ့အရာကတော့ ဒီလောက်ရက်တွေများစွာကြာတာတောင် ကျူးကလန်ရဲ့နံပါတ်၁ဘိုးဘေးကျူးစန်းချိုးက သူ့ကို ဘာလို့လာမရှာတာပါလိမ့်။ ကျူးကလန်ရဲ့နံပါတ်၁ဘိုးဘေးကျူးစန်းချိုးက ကြောက်ရွံ့နေတယ်လို့တော့ လီဖူချန်းက မယုံကြည်ပါဘူး။ လီဖူချန်းမှာ ကောင်းကင်ဆက်ဓားရှိသလို ကျူးကလန်မှာလည်း မီးနတ်ဘုရားပုဆိန်ရှိတယ်။ ဒါ့အပြင် ကျူးကလန်ရဲ့နံပါတ်၁ဘိုးဘေးမှာ ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခု ရှိတယ်။ အခြေခံအုတ်မြစ်အရ ကျူးကလန်က လီဖူချန်းထက် အများကြီးပိုမြင့်ပါတယ်။

တစ်ခုတည်းသောရှင်းပြချက်ကတော့ ကျူးစန်းချိုးက လီဖူချန်းကို သတ်နိုင်ဖို့ ယုံကြည်ချက်မရှိလို့ပဲ၊ ဒါကြောင့် သူက ကမူရှူးထိုးမဆောင်ရွက်‌‌သေးတာပေါ့။

"အကြီးအကဲလီ၊ အစည်းအရုံးခေါင်းဆောင်က ပြန်ရောက်လာပြီး ဌာနချုပ်မှာ ရှိနေတယ်" ဆန်းကြယ်နက်နဲဓားသူတော်စင်ရဲ့အသံက အကြီးအကဲတုံကင်မှ ထွက်လာတယ်။

“

"အစည်းအရုံးခေါင်းဆောင်လား......" အစည်းအရုံးခေါင်းဆောင်လည်း ပြန်ရောက်လာမယ်လို့ လီဖူချန်းက မမျှော်လင့်ထားပါဘူး။

ဓားသမားအစည်းအရုံးဌာနချုပ်ရဲ့ဆွေးနွေးခန်းမမှာ........

အံ့ဖွယ်သဘာဝဓားသူတော်စင်နဲ့ဆန်းကြယ်နက်နဲဓားသူတော်စင်တို့လည်း ရှိတယ်။ သူတို့အပြင် သုံးလက်မမုတ်ဆိတ်နဲ့လူလတ်ပိုင်းတစ်ယောက် ရှိနေတယ်။

အဲဒါက ဓားသမားအစည်းအရုံးခေါင်းဆောင်က နက်ပြာဓားသူတော်စင်က လွဲပြီး အခြားသူမဟုတ်ပါဘူး။

မဟုတ်ဘူး၊ အတိအကျပြောရရင် နက်ပြာဓားသူတော်စင်အရှင်လို့ ဆိုရမယ်။ သူ့ရဲ့ချီတည်ရှိမှုက ကျောက်တုံးနက်သားရဲအာဏာရှင်ထက် မနိမ့်ကျပါဘူး။ အဆင့်မြင့်သူတော်စင်အရှင်နဲ့ အဆင့်တူမှာ ရှိနေလောက်တယ်။

"အကြီးအကဲလီ၊ ဒါက ငါတို့ပထမဆုံးအကြိမ်တွေ့ဆုံတာပဲ" နက်ပြာဓားသူတော်စင်အရှင်က ပြုံးလိုက်တယ်။

"နှုတ်ဆက်ပါတယ် အစည်းအရုံးခေါင်းဆောင်" လီဖူချန်းက ဂါဝရပြုလိုက်တယ်။

လီဖူချန်းရဲ့ခွန်အားက နက်ပြာဓားသူတော်စင်အရှင်ထက် သာလွန်နေရင်တောင် ကိစ္စမရှိပါဘူး။ ဓားသမားအစည်းအရုံးရဲ့အကြီးအကဲတစ်ယောက်အနေနဲ့ သူက အစည်းအရုံးခေါင်းဆောင်ကို တွေ့တဲ့အခါ လေးစားမှုကို ပြသရမှာပါ။

နက်ပြာသူတော်စင်အရှင်က လက်ခါကာ ခါးသီးစွာ ပြုံးလိုက်မိချေတယ်"အစကတော့ အကြီးအကဲလီက အသက်၁၀၀အောက်သာ ရှိ‌သေးတာကို ငါ မယုံခဲ့ဘူး။ အခု ငါ အဲဒါကို လက်ခံရတော့မှာပေါ့"

သူတော်စင်အရှင်တစ်ယောက်ရဲ့အဆင့်မှာ သူတို့ရဲ့အသက်စွမ်းအားအရှိန်အဝါအရ တစ်စုံတစ်ယောက်ရဲ့ခန့်မှန်းအသက်ကို မြင်နိုင်ကြတယ်။ လီဖူချန်းရဲ့အသက်စွမ်းအားအရှိန်အဝါက ငယ်ရွယ်လွန်း‌နေတယ်။

ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူတော်စင်အရှင်တစ်ယောက်ဖြစ်လာတာက တကယ်ကို မယုံနိုင်စရာပဲလို့ နက်ပြာဓားသူတော်စင်အရှင်က ခံစားမိတယ်။

နက်ပြာဓားသူတော်စင်အရှင်က စကြာဝဠာမြို့များစွာကို သွားရောက်ခဲ့ဖူးတယ်၊ ဒါပေမယ့် လီဖူချန်းလိုပါရမီရှင်တစ်ယောက်ကို သူ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။ နတ်ဘုရားမျိုးနွယ်မှာတောင် ဒီလိုကြောက်စရာကောင်းတဲ့ပါရမီရှင်တစ်ယောက် မရှိနိုင်ပါဘူး။

လီဖူချန်းက အနာဂတ်မှာ ကောင်းကင်အရှင်တစ်ယောက် သေချာပေါက် ဖြစ်လာမယ်လို့ သူက အလွယ်တကူစဥ်းစားနိုင်တယ်။

ဒါပေမယ့် အဲဒါက အဝေးကြီးလိုပါသေးတယ်။ လီဖူချန်းက အဆုံးစွန်းအထိ ကြီးထွားလာချင်တယ်ဆိုရင် သူက ဆက်လက်အသက်ရှင်နေဖို့ လိုအပ်တယ်။

"အကြီးအကဲလီ၊ မင်းက ငယ်ရွယ်လွန်းတယ်။ အဲဒါက ကောင်းတဲ့အရာလဲဟုတ်သလို ဆိုးတဲ့အရာလဲဟုတ်တယ်။ သတိရပါ၊ မင်းက နတ်ဘုရားမျိုးနွယ်နဲ့ ဆုံတွေ့ရင် မင်းရဲ့အသက်စွမ်းအားအရှိန်အဝါကို ဖုံးကွယ်ထားရမယ်"

အသက်စွမ်းအားအရှိန်အဝါကို ဖုံးကွယ်နိုင်ပေမယ့် အချိန်အတိုလေးအတွက်ပါပဲ။ အဲဒါက စကြာဝဠာဥပဒေသကို ချိုးဖောက်သလိုဖြစ်တာကြောင့် အသက်စွမ်းအားအရှိန်အဝါကို အချိန်အကြာကြီးဖုံးကွယ်ဖို့က မဖြစ်နိုင်ပါဘူး။

"နတ်ဘုရားမျိုးနွယ်လား"

ဒါက နတ်ဘုရားမျိုးနွယ်နဲ့ပတ်သက်ပြီး လီဖူချန်းကြားဖူးတဲ့ပထမဆုံးအကြိမ်ပါပဲ။ ဒါပေမယ့် နတ်ဘုရားမျိုးနွယ်က နတ်ဆိုးမျိုးနွယ်ထက် ပိုကြောက်ဖို့ကောင်းတာကို သူ့ရဲ့မသိစိတ်က ပြောပြခဲ့တယ်။

နက်ပြာဓားသူတော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်"နတ်ဘုရားမျိုးနွယ်ကို စကြာဝဠာရှိနံပါတ်၁မျိုးနွယ်လို့ အသိအမှတ်ပြုထားကြတယ်။ မျိုးနွယ်စုအဖွဲ့ဝင်အားလုံးက ပါရမီရှင်တွေပဲ။ ကံကောင်းတာက‌တော့ သူတို့မှာ အဖွဲ့ဝင်အနည်းငယ်ပဲ ရှိပြီး မွေးဖွားနှုန်းက နိမ့်ကျတယ်။ သို့မဟုတ်ရင် စကြာဝဠာတစ်ခုလုံးကို နတ်ဘုရားမျိုးနွယ်က အုပ်ချုပ်နေလောက်ပြီပေါ့"

ဒါက တကယ်ကို ကြောက်စရာကောင်းတဲ့မျိုးနွယ်ပဲ။ မျိုးနွယ်တစ်ခုလုံးမှာ ပါရမီရှင်တွေပဲရှိနေခြင်းဆိုတဲ့အဓိပ္ပါယ်ကို စိတ်ကူး‌တောင်မယဉ်နိုင်ပါဘူး။ လူသားတွေအားလုံးက ပါရမီရှင်တွေဆိုရင် သူတော်စင်တွေက မြက်ပင်တွေအလား နေရာတိုင်းမှာ တွေ့ရလောက်တယ်။ နက်ပြာပလိန်းကိုအသာထား၊ စကြာဝဠာမှာတောင် သူတော်စင်တွေနဲ့ပဲ ပြည့်နေနိုင်တယ်။

ကံကောင်းတာကတော့ နတ်ဘုရားမျိုးနွယ်က အဖွဲ့ဝင်နည်းနည်းပဲ ရှိတယ်၊ ဒါကလည်း စကြာဝဠာက နတ်ဘုရားမျိုးနွယ်ကို တည်ရှိစေတဲ့အကြောင်းပြချက် ဖြစ်လောက်တယ်။

"အစည်းအရုံးခေါင်းဆောင်၊ မင်းတို့အားလုံး အရှေ့ယူနီကွန်တိုက်ကြီးအတွက် ပြန်လာကြတာမလား" လီဖူချန်းက သူသိချင်တဲ့အချက်ကို မေးလိုက်တယ်။

"ဟုတ်တယ်။ အရှေ့ယူနီကွန်တိုက်ကြီးမှာ လျှို့ဝှက်ချက်တစ်ခု ရှိတယ်။ ရှေးခေတ်ကတည်းက လူတိုင်းက လျှို့ဝှက်ချက်ကို သိချင်ခဲ့ကြတယ်။ ဒါပေမယ့် ကောင်းကင်အရှင်အနည်းငယ်ကလွဲပြီး တစ်ယောက်မှ အရှေ့ယူနီကွန်တိုက်ကြီးကို အမှန်တကယ် နားမလည်ခဲ့ဘူး။ အခုက အခွင့်အ‌ရေးကောင်းတစ်ခုပဲ"

ပြောနေရင်း နက်ပြာသူတော်စင်အရှင်က ရုတ်တရက် ပြောလိုက်တယ်"မင်းက ကျူးကလန်ရဲ့နံပါတ်၁ဘိုးဘေးကျူးချိုးစန်းကို သတိထားရမယ်။ သူက မင်းကို အခုထိလာမရှာသေးတာကြောင့် သူက မင်းကို အပိုင်သတ်ဖြတ်နိုင်မယ့်အစီအစဉ်တစ်ခုကို ကြံစဉ်နေတယ်လို့ ဆိုလိုတယ်"

"ငါ သူ့ကို စောင့်နေမှာပါ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

***

All Chapters