← Chapters

သူတော်စင်အရှင်တွေစုဝေးခြင်း

Vol. 63 Ch. 874

သူတော်စင်အရှင်တွေစုဝေးခြင်း

Vol. 63 Ch. 874

သူတော်စင်ယန်တိုက်ကြီး၊ ကျောက်စိမ်းကြယ်တောင်။ ဒီနေရာမှာ ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ယာယီ နေထိုင်နေတယ်။

ဒီနေ့မှာတော့ သူတော်စင်အရှင်တွေက ကျောက်စိမ်းကြယ်တောင်ဆီ ရောက်ရှိလာကြတယ်။

ဒီနေရာကို လာ‌ရောက်ဖို့ သူတို့ကို ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ဖိတ်ခေါ်ထားတာကြောင့်ပါပဲ။

လူသားမဟာမိတ်ရဲ့ယခင်ဒုခေါင်းဆောင်အနေနဲ့ ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ဂုဏ်သတင်းကြီးမားတဲ့လူတစ်ယောက်ဖြစ်တယ်။ သူတော်စင်အရှင်တစ်ယောက်ယောက်က မတက်ရောက်ရင် အဲဒါက သူ့ကို မလေးစားသလိုပါပဲ။

"ကျောက်စိမ်းကြယ်သူတော်စင်အရှင်၊ နှစ်များစွာ ကြာပြီးတောင် မင်းက သွက်လက်နေတုန်းပဲလား......"

ဟင်းလင်းပြင်မှာ ပန်းပွင့်ချပ်တွေက ကခုန်နေတယ်။ နတ်သမီးလိုလှပတဲ့အမျိုးသမီးတစ်ယောက်က ဟင်းလင်းပြင်မှ ထွက်လာပြီး ကျောက်စိမ်းကြယ်တောင်ကို ရောက်ရှိလာတယ်။

"ကြိုဆိုပါတယ်၊ နဂါးသွဲ့(ကျောက်တစ်မျိုး)ပန်းသူတော်စင်အရှင်မ" ကျောက်စိမ်းကြယ်သူတော်စင်အရှင်က နှုတ်ဆက်လိုက်တယ်။

နဂါးသွဲ့ပန်းသူတော်စင်အရှင်မက သာမန်ခွန်အား ရှိပြီး အလယ်ဆင့်သူတော်စင်အရှင်တစ်ယောက်မျှသာပါပဲ။ ဒါပေမယ့် သူမရဲ့နောက်ခံက အလွန်သန်မာတယ်၊ သူမက အသေင်္ချပန်းအမျိုးသမီးလက်အောက်ရှိ ပန်းတစ်ရာကာကွယ်စောင့်ရှောက်သူတွေထဲကတစ်ယောက်ဖြစ်လို့ပါပဲ။ အသေင်္ချပန်းအမျိုးသမီးက စကြာဝဠာမြို့တစ်မြို့ဖြစ်တဲ့အသေင်္ချပန်းမြို့ရဲ့မြို့အရှင်မတစ်ယောက်လည်း ဖြစ်တယ်။ ဒါကြောင့် တစ်ယောက်မှ နဂါးသွဲ့ပန်းသူတော်စင်အရှင်မကို ရန်မစရဲပါဘူး။

"ဟိုပါရမီရှင်ဓားသူတော်စင်အရှင်လီဖူချန်းက အခုထိ မရောက်သေးဘူးလား"

နဂါးသွဲ့ပန်းသူတော်စင်အရှင်မက လီဖူချန်းနဲ့ပတ်သက်ပြီးအလွန်သိချင်စိတ်ပြင်းပျနေတယ်။ တကယ်တော့ သူတော်စင်အရှင်အားလုံးက လီဖူချန်းနဲ့ပတ်သက်ပြီးအလွန်သိချင်စိတ်ပြင်းပျနေကြတာပါပဲ။ ဒီလိုပါရမီရှင်တစ်ယောက်က ကြယ်ပိုင်နက်တစ်ခုလုံးမှာတောင် ထိပ်တန်းအဆင့်ပဲလေ။

""သူ မကြာမီ ရောက်လာမှာပါ"

ကျောက်စိမ်းသူတော်စင်အရှင်က ရယ်လိုက်တယ်။ သူက လီဖူချန်းကို ဖိတ်ခေါ်ခဲ့တယ်၊ လီဖူချန်းကလည်း လက်ခံခဲ့တယ်။ လီဖူချန်းလိုလူတစ်ယောက်က သူ့စကားတွေကိုပြန်မရုတ်သိမ်းလောက်ဘူးလို့ ကျောက်စိမ်းသူတော်စင်အရှင်က ယုံကြည်တယ်။

"ကျောက်စိမ်းသူတော်စင်အရှင်၊ နဂါးသွဲ့ပန်းသူတော်စင်အရှင်မ၊ ငါတို့မတွေ့တာ နှစ်ပေါင်းများစွာကြာပြီ။ ငါ မင်းတို့အားလုံးကို တကယ် သတိရနေတာ" ဟင်းလင်းပြင်တွန့်လိမ်သွားပြီး သံတိမ်သူတော်စင်အရှင်က ထွက်ပေါ်လာတယ်။

"သံတိမ်သူတော်စင်အရှင်၊ မင်းက ဒီတစ်ကြိမ်တော့ ငါတို့လူသားမျိုးနွယ်ရဲ့ကျေးဇူးရှင်ပဲ။ လာ၊ မင်းကို ဝိုင်တစ်ခွက်နဲ့ ချီးမြှင့်ပါရစေ......"

ကျောက်စိမ်းသူတော်စင်အရှင်က နက်ပြာပလိန်းပေါ်ရှိအရင်အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိခဲ့တယ်။ လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိုင်တစ်ခွက်က သံတိမ်သူတော်စင်အရှင်ရဲ့အရှေ့ကို ရောက်ရှိလာတယ်။

"ကျောက်စိမ်းသူတော်စင်အရှင်ရဲ့ချီးမြှင့်မှုကိုရတာ ငါ့အတွက် ဂုဏ်ယူစရာပါပဲ" သံတိမ်သူတော်စင်အရှင်က အားရပါးရရယ်လိုက်တယ်။

"သူ ရောက်လာပြီ"

ကျောက်စိမ်းသူတော်စင်အရှင်က ဟင်းလင်းပြင်ကို ကြည့်လိုက်တယ်၊ လှိုင်းဂယက်တစ်ခုကို မြင်လိုက်ရတယ်။ ‌ပုံရိပ်နှစ်ခုက အထဲမှ ထွက်လာတယ်။

သူတို့ထဲကတစ်ယောက်က နက်ပြာဓားသူ‌တော်စင်အရှင်ဖြစ်ပြီး အခြားကတော့ လီဖူချန်းကလွဲပြီး အခြားသူမဟုတ်ပါဘူး။

ထိုအချိန်မှာ ကျောက်စိမ်းသူတော်စင်အရှင်အပါအဝင် သူတော်စင်အရှင်ခြောက်ယောက်ရှိနေပါပြီ။ လီဖူချန်းသိထားပြီးသားသံတိမ်သူတော်စင်အရှင်ကလွဲပြီး ကျန်တဲ့သူတော်စင်တွေအားလုံးက လီဖူချန်းကို လေ့လာအကဲဖြတ်နေကြတယ်။

"ငယ်ရွယ်လွန်းတယ်" နဂါးသွဲ့ပန်းသူတော်စင်အရှင်မက ရေရွတ်လိုက်မိတယ်။

လီဖူချန်းက အရမ်းငယ်တာကို သူမက ကြားသိခဲ့ပေမယ့် ကိုင်တိုင်မြင်ရတာနဲ့တော့ မတူဘူးပေါ့လေ။ လက်တွေ့မြင်လိုက်ရတော့ သူမက တကယ်ကို အံ့ဩတုန်လှုပ်သွားရတယ်။

"နက်ပြာဓားသူတော်စင်အရှင်၊ ဓားသူတော်စင်အရှင်လီ၊ ဒီကို လာပါ....." ကျောက်စိမ်းသူတော်စင်အရှင်က ပြုံးကာ ကြိုဆိုလိုက်တယ်။

"ကျောက်စိမ်းသူတော်စင်အရှင်ကို နှုတ်ဆက်ပါတယ်" လီဖူချန်းက ခေါင်းညိတ်ကာ ကျောက်စိမ်းကြယ်တောင်အပေါ် ဆင်းသက်လိုက်တယ်။

မိတ်ဆက်မှုတွေပြုလုပ်ပြီးနောက် လီဖူချန်းက သူတော်စင်အရှင်အားလုံးရဲ့အကြောင်းကို သိလိုက်ရတယ်။

နတ်သမီးလိုလှပတဲ့အမျိုးသမီးကတော့ နဂါးသွဲ့ပန်းသူတော်စင်အရှင်မဖြစ်ပြီး အံ့အားသင့်စရာကောင်းတဲ့နောက်ခံတစ်ခုရှိတယ်။ သူမက ပန်းတစ်ရာကာကွယ်စောင့်ရှောက်သူတွေထဲကတစ်ယောက်ပါပဲ။ လီဖူချန်းက စိတ်ဝိညာဉ်တစ်သောင်းမြို့ကို သွားရောက်ဖူးတာကြောင့် အသေင်္ချပန်းအမျိုးသမီးရဲ့စွမ်းရည်နဲ့ပတ်သက်ပြီး သူက ရှင်းရှင်းလင်းလင်းသိတယ်။ အသေင်္ချပန်းအမျိုးသမီးက ကြယ်ပိုင်နက်တစ်ခုလုံးကိုလွှမ်းမိုးနိုင်တဲ့လူနည်းစုတွေထဲကတစ်ယောက်ပါပဲ။ သူမက စိတ်ဝိညာဉ်တစ်သောင်းကောင်းကင်အရှင်ထက်တောင် ပိုပြောင်မြောက်ပြီးအတွေ့အကြုံများတယ်။

ထောင့်မှာတော့ ပိန်ပိန်ပါးပါးနဲ့လူလတ်ပိုင်းတစ်ယောက် ရှိတယ်။ သူက အရိပ်သူတော်စင်အရှင်ဖြစ်ပြီး လုပ်ကြံသတ်ဖြတ်ရာမှာ အထူးကျွမ်းကျင်တယ်။ တစ်ချိန်တည်းမှာပဲ သူက ကောင်းကင်ဖောက်အဖွဲ့ခေါင်းဆောင်လည်း ဖြစ်တယ်။

အလှလေးတွေဝန်းရံနေတဲ့ခန့်ညားပြီးငယ်ရွယ်ဟန်ရှိတဲ့လူတစ်‌ယောက်ကိုတော့ ကောင်းကင်ဘုံမန့်သူတော်စင်အရှင်ဖြစ်တယ်။ သူက နက်ပြာပလိန်းရှိထိပ်တန်းဂိုဏ်းတယ်ဂိုဏ်းထဲကတစ်ခုဖြစ်တဲ့ကောင်းကင်ဘုံမန့်အိမ်တော်ရဲ့အိမ်တော်အရှင်ဖြစ်တယ်။ ငယ်ရွယ်ပုံပေါက်ပေမယ့် တကယ်တော့ သူက ကျောက်စိမ်းသူတော်စင်အရှင်ထက် မငယ်ပါဘူး။

နောက်ဆုံးသူတော်စင်အရှင်က ရင်အုပ်ကျယ်ကျယ်၊ တြိဂံပုံသဏ္ဍာန်မျက်လုံးတွေနဲ့တုတ်ခိုင်သန်မာတဲ့လူတစ်ယောက်ပါပဲ။ သူ့ကို အဆိပ်ဓားသွားသူတော်စင်အရှင်လို့ခေါ်ပြီး သွေးနက်ကျင့်စဉ်ဂိုဏ်းခေါင်းဆောင်ဖြစ်တယ်။ သွေးနက်ကျင့်စဉ်ဂိုဏ်းက နက်ပြာပလိန်းရှိထိပ်တန်းဆယ်ဂိုဏ်းထဲကတစ်ခုပါပဲ။

ချီတည်ရှိမှုအရ နဂါးသွဲ့ပန်းသူတော်စင်အရှင်မနဲ့အရိပ်သူတော်စင်အရှင်တို့က ချိီတည်ရှိမှုအားအနည်းဆုံးပါပဲ။ သူတို့က အလယ်ဆင့်သူတော်စင်အရှင်တွေ ဖြစ်ကြပြီး ကောင်းကင်ဘုံမန့်သူတော်စင်အရှင်က အဆင့်မြင့်သူတော်စင်အရှင်တစ်ယောက်ပါပဲ။ အဆိပ်ဓားသွားသူတော်စင်အရှင်ကတော့ ကျောက်စိမ်းသူတော်စင်အရှင်ထက် အနည်းငယ်နိမ့်ကျပြီး အထွတ်အထိပ်အဆင့်သူတော်စင်အရှင် ဖြစ်တယ်။

"ပြိီးခဲ့တဲ့ရက်‌တွေအတွင်း ငါက ဓားသူတော်စင်အရှင်လီရဲ့ဂုဏ်သတင်းကို ကြားနေခဲ့တယ်။ မင်း ငါ့ကို အကြံဉာဏ်အချို့ပေးနိုင်မလားကို ငါ သိချင်မိတယ်" အဆိပ်ဓားသွားသူတော်စင်အရှင်က ထရပ်ကာ ပြောလိုက်တယ်။

"အကြီးအကဲလီ၊ သူက မင်းရဲ့ခွန်အားကို စမ်းသပ််ချင်နေတာပဲ။ ကောင်းကင်ဘုံမီးသူတော်စင်အရှင်ကျူးစန်းချိုးက သူ့ကို အကျိုးအမြတ်အချို့ ပေးထားတာပဲဖြစ်မယ်" နက်ပြာဓားသူတော်စင်အရှင်လီက လီဖူချန်းကို သတိပေးလိုက်တယ်။

"ကျွန်တော် သိတယ်" လီဖူချန်းက ထရပ်ကာ ပြောလိုက်တယ်"အဆိပ်ဓားသွားသူတော်စင်အရှင်က စိတ်ဝင်စားမှတော့ ငါက မင်းရဲ့တောင်းဆိုချက်ကို လက်ခံပေးရမှာပေါ့"

သူ့ရဲ့ခွန်အားထုတ်ဖော်ခံရမှာကို လီဖူချန်းက မစိုးရိမ်ပါဘူး။ သူ့ရဲ့အကြီးမားဆုံးအားကိုးရာက ခွန်အားမဟုတ်ပါဘူး၊ ကြယ်မသေမျိုးခန္ဓာကိုယ်ပါပဲ။ ဒါပေမယ့် အဆိပ်ဓားသွားသူတော်စင်အရှင်ကလည်း လီဖူချန်းရဲ့အကန့်အသတ်ကို မစမ်းသပ်နိုင်ပါဘူးလေ။

"တိုက်ခိုက်ရာမှာ အကန့်အသတ်အတွင်း ထိန်းကြပါ၊ ပြဿနာမဖြစ်ပါစေနဲ့" ကျောက်စိမ်းကြယ်သူတော်စင်အရှင်က သူတို့ကို တားဆီးဖို့ ရည်ရွယ်ချက်မရှိပါဘူး။

တကယ်‌တော့ ကျောက်စိမ်းသူတော်စင်အရှင်အပါအဝင်ရှိနေတဲ့သူတော်စင်အရှင်အားလုံးက လီဖူချန်းရဲ့ခွန်အားကို နားလည်ချင်နေကြပါတယ်။

ဟူး.........

သူတို့နှစ်ယောက်က ကျောက်စိမ်းကြယ်တောင်ရဲ့အထက်ကောင်းကင်ကို ရောက်ရှိသွားတယ်။

"ဓားသူတော်စင်အရှင်လီ၊ ဂရုစိုက်ပါ"

.

အဆိပ်ဓားသွားသူတော်စင်အရှင်ရဲ့လက်ထဲမှာ အနက်ရောင်ဓားသွားတစ်ခု ရှိတယ်။ အနက်ရောင်ဓားသွားက အရောင်စုံတစ်လက်လက်ဖြစ်နေတယ်။ အဲဒါက သေစေနိုင်တဲ့အဆိပ်တွေနဲ့ပြည့်နေတာ သိသာပါတယ်။

"အဆိပ်အရိပ်....."

အနက်ရောင်ဓားသွားကို ခုတ်ပိုင်းလိုက်ရာ အနက်ရောင်အက်ကွဲကြောင်းတစ်ခုက ဟင်းလင်းပြင်ထဲမှာ ဟက်တက်ခွဲသွားတယ်။ အရိပ်နဲ့တူတဲ့အနက်ရောင်ဓားသွားအလင်းတစ်ခုက လီဖူချန်းရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။

အနက်ရောင်ဓားသွားအလင်းထဲမှာ လွှမ်းမိုးတဲ့အဆိပ်တွေ ပါဝင်ပြီး လီဖူချန်းရဲ့ဓားစွမ်းအင်အကာအကွယ်ကို ရှူးရှူးရှဲရှဲမြည်သံတွေ ထွက်ပေါ်လာစေတယ်။ အလွှာတစ်ခုကို ချက်ချင်းတိုက်စားသွားတယ်။

ကျောက်စိမ်းသူတော်စင်အရှင်က သူ့ရာသူတွေးလိုက်တယ်"အဆိပ်ဓားသွားသူတော်စင်အရှင်ရဲ့အဆိပ်နည်းလမ်းက တကယ်ကို ကြီးစိုးခြယ်လှယ်နိုင်တာပဲ။ သူ့ကို ဆန့်ကျင်တိုက်ခိုက်ရတဲ့အခါ သူ့ရဲ့ဓားသွားပညာနဲ့အဆိပ်ရဲ့တိုက်စားမှုကိုလည်း သတိထားဖို့ လိုအပ်တယ်။ မထိခိုက်အနာတရမဖြစ်ဘဲ လွတ်မြောက်ဖို့ဆိုတာ မလွယ်ကူဘူး"

အနေအထားကို ကြည့်ရင်း လီဖူချန်းက အလျင်စလိုပြန်ဆုတ်လိုက်တယ်၊ ပြန်ဆုတ်နေစဉ်အတွင်း သူက ကောင်းကင်ဆက်ဓားကို ဓားအိမ်မှ ချွတ်ရင်း ဓားသွားအလင်းကို ပြန့်ကြဲစေလိုက်တယ်။

"အဆုံးစွန်းအဆင့်ဓား၊ စိတ်ဝင်စားစရာပဲ........" အဆိပ်ဓားသွားသူတော်စင်အရှင်ရဲ့မျက်လုံးတွေက လင်းလက်သွားပြီး တပ်မက်တဲ့အရိပ်အယောင်တွေ ထွက်ပေါ်လာတယ်။

အဆုံးစွန်းအဆင့်ဓားမရှိရင် လီဖူချန်းက သူ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူးလို့ အဆိပ်ဓားသွားသူတော်စင်အရှင်က ယုံကြည်ထားတယ်။ သူကသာ လီဖူချန်းရဲ့အဆုံးစွန်းအဆင့်ဓားကို ရရင် အဆင့်အမြင့်ဆုံးလေလံပွဲကို သွားပြီး အဆိပ်အမျိုးအစားအဆုံးစွန်းအဆင့်လက်နက်နဲ့ ဖလှယ်နိုင်တယ်။ ပြီးရင်တော့ သူ့ခွန်အားက အဆများစွာတိုးလာပါလိမ့်မယ်။

"အဆိပ်မိုး......"

အနက်ရောင်ဓားသွားအလင်းက မိုးမုန်တိုင်းတစ်ခုနဲ့ တူပြီး လီဖူချန်းကို ဦးတည်ဘက်တိုင်းမှ တိုက်ခိုက်လာတယ်။

"ကောင်းကင်မီးနေအက်ကွဲဓား"

အလင်းတစ်ခု ပေါက်ကွဲထွက်သွားပြီး လီဖူချန်းက ကောင်းကင်မျဉ်းဓားပညာရဲ့ပဉ္စမကွက်ကို ထုတ်ဖော်လိုက်တယ်။

ဒေါင် ဂလောင် ဂျိုင်း ........

တစ်ခဏအတွင်းမှာ သူတို့နှစ်ယောက်က အကြိမ်မရေမတွက်များစွာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြတယ်။ သူတို့ရဲ့ပုံရိပ်တွေက နေရာတိုင်းနဲ့ဟင်းလင်းပြင်အလွှာအမျိုးမျိုးမှာ ထွက်ပေါ်လာနေတယ်။ ကြည့်ရတာ တကယ်ကို မျက်စိရှုပ်စရာပဲ။

"အဆိပ်နဂါး........"

အနက်ရောင်ဓားသွားအလင်းမှ အတိပ်နဂါးတစ်ကောင်ဖြစ်တည်သွားတယ်။ အချိန်နဲ့အမျှ အဆိပ်ရေဓားအလင်းတွေက ပက်ဖျန်းနေရာ ခုခံဖို့အလွန်ခက်ခဲလှတယ်။

"ကောင်းကင်‌ပြောင်းလဲလှည့်လည်နဂါးထိုးဖောက်ခြင်း"

အဆိပ်ဓားသွားသူတော်စင်အရှင်ရဲ့အဆုံးသတ်ကွက်နဲ့ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက လှည့်လည်နေတဲ့နဂါးနဲ့တူတဲ့ထွင်းဖောက်ဓားအလင်းပုံစံပေါက်နေတဲ့ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်တယ်။

ဝုန်း ဒုန်း.......

.

အဆိပ်ရေတွေက နေရာတိုင်းကို စင်ထွက်သွားပြီး ဓားချီက လျှံကျလာတယ်။ အဆိပ်ဓားသွားသူတော်စင်အရှင်က နောက်သို့ ခြေလှမ်းဒါဇင် ဆုတ်လိုက်ရတယ်။ သူ့ခန္ဓာကိုယ်မှာ အသေးစားဓားဒဏ်ရာအချို့ရှိနေတယ်။

"အဆုံးသတ်စမ်း"

မျက်လုံးထဲမှာ ဆိုးဝါးတဲ့အလင်းတွေ ထွက်ပေါ်လာပြီး အဆိပ်ဓားသွားသူတော်စင်အရှင်က သူ့ရဲ့သတ်ဖြတ်ကွက်ကို ဒေါသနဲ့ ထုတ်ဖော်လိုက်တယ်။

"ကောင်းကင်ကမ္ဘာငါသာရှိအတ္တဓား"

ပူပင်ကြောင့်ကြမဲ့တဲ့ဓားဆန္ဒတစ်ခုက လီဖူချန်းရဲ့်န္ဓာကိုယ်ပေါ်မှာ စုစည်းလာပြီး ထွက်‌ပေါ်လာဖို့ ပြင်ဆင်နေတယ်။

"ရပြီ၊ ဒီလောက်နဲ့ ရပ်လိုက်တော့"

ကျောက်စိမ်းသူတော်စင်အရှင်က သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကြယ်ချီအားအစု‌အဝေးနှစ်ခုက အဆိပ်ဓားသွားသူတော်စင်အရှင်နဲ့လီဖူချန်းကို ခွဲခြားလိုက်တယ်။ အချိန်အာကာသတောင် ရပ်တန့်သွားသလို ချီအားက သူတို့နှစ်ယောက်ကို ခံစားရစေတယ်။ ဒါပေမယ့် သူတို့က အဲဒါကို ဖယ်ရှားနိုင်ပေမယ့် အဲလိုလုပ်တာက ကျောက်စိမ်းကြယ်သူတော်စင်အရှင်ကို မလေးစားသလိုဖြစ်သွားပါလိမ့်မယ်။

***

All Chapters