← Chapters

ကောင်းကင်လှည့်သားရဲအာဏာရှင်

Vol. 64 Ch. 876

ကောင်းကင်လှည့်သားရဲအာဏာရှင်

Vol. 64 Ch. 876

မိုးကုတ်စက်ဝိုင်းပေါ်မှာ အလင်းစီးကြောင်းတွေက အရှေ့ယူနီကွန်တိုက်ကြီးဆီ ဦးတည်ပျံသန်းနေတယ်။

ပထမဆုံးရောက်ရှိလာတဲ့အလင်းစီးကြောင်းက အဆင့်နိမ့်သူတော်စင်တစ်ယောက်ဖြစ်တယ်။ သူက အရှေ့ယူနီကွန်တိုက်ကြီးကို ဂရုတစိုက်ချဉ်းကပ်ပြီး ငြင်းပင်ခြင်းမရှိတာကို တွေ့ရှိပြီးနောက် တိုက်ကြီးထဲသို့ လျင်မြန်စွာ ဝင်ရောက်ခဲ့တယ်။

ရွှမ်း ရွှမ်း ရွှမ်း........

ပြီးနောက် အလင်းစီးကြောင်းမြောက်များစွာက တိုက်ကြီးထဲ ဝင်ရောက်လာခဲ့ကြတယ်။

လူသားသူတော်စင်တွေနဲ့သားရဲအရှင်သခင်တွေလည်း ရှိတယ်။

"ဒီအရှေ့ယူနီကွန်တိုက်ကြီးက ဘယ်နေရာကလာသလဲကို မသိသေးဘူး။ သေးငယ်တဲ့တိုက်ကြီးတစ်ခုဆိုပေမယ့် အဲဒါက အဆင့်မြင့်တိုက်ကြီးတစ်ခုနဲ့တောင် နှိုင်းယှဉ်နိုင်တယ်"

အရှေ့ယူနီကွန်တိုက်ကြီးကို ဝင်ရောက်ပြီးနောက် လူတိုင်းက အလွန်ပြီးပြည့်စုံတဲ့ကောင်းကင်မြေကြီးဥပဒေသကို ခံစားနိုင်တယ်။ အဲဒါက ဘယ်အဆင့်မြင့်တိုက်ကြီးထက်မှ မနိမ့်ကျဘူး၊ အဲဒါမှာ အလွန်စုစည်းနေတဲ့ကောင်းကင်မြေကြီးစွမ်းအင်လည်း ရှိတယ်။

အဆင့်မြင့်တိုက်ကြီးတွေနဲ့နှိုင်းယှဉ်ရင် အရှေ့ယူနီကွန်တိုက်ကြီးက သေးလွန်းတယ်။

သာမန်အခြေအနေမှာ သေးငယ်တဲ့တိုက်ကြီးတစ်ခုက ဒီလိုပြီးပြည့်စုံတဲ့ကောင်းကင်မြေကြီးဥပဒေသကို ထုတ်လုပ်ဖို့က အလွန်အမင်းခက်ခဲပါတယ်။

"အားလုံးပဲ၊ ငါက လီဖူချန်းပါ။ ငါက ဓားသူတော်စင်အရှင်ဆိုတဲ့ဘွဲ့နဲ့ထိုက်တန်တယ်လို့ထင်တဲ့လူတွေကို ကျေးဇူးတင်ပါတယ်။ လူတိုင်းက အရှေ့ယူနီကွန်တိုက်ကြီးကို ရှာဖွေဖော်ထုတ်တဲ့အခါ အပြစ်မဲ့တဲ့သူတွေမသတ်ဖို့၊ ဘေးဒုက္ခတွေ မပေးဖို့ ငါ မျှော်လင့်တယ်။ သို့မဟုတ်ရင်၊ ငါ လီဖူချန်းက သင်တို့အားလုံးကို အပြစ်ပေးရမယ်"

အသံတစ်ခုက ပဲ့တင်ထပ်သွားပြီး အဲဒါကို သာမန်လူတွေကတော့ မကြားနိုင်ပါဘူး။

"အဲဒါ ဓားသူတော်စင်အရှင်လီဖူချန်းပဲ"

"သူက သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ။ သူက ငါတို့ကို ဘယ်လိုအမိန့်ပေးရဲတာလဲ"

"သူ ငါတို့ကို အမိန့်ပေးရဲမရဲတော့ ငါ မသိဘူး၊ ဒါပေမယ့် မင်းတို့က အရှေ့ယူနီကွန်တိုက်ကြီးမှာ ဒုက္ခတွေ မဖန်တီးရဲတော့ဘူးဆိုတာကိုတော့ ငါ သေချာတယ်"

သူတော်စင်အများစုနဲ့သားရဲအရှင်သခင်အများစုက လီဖူချန်းကို စိုးရိမ်ကြောက်လန့်နေကြတယ်၊ တကယ်‌‌တော့ လီဖူချန်းရဲ့ခွန်အားက နက်ပြာပလိန်းမှာ အနည်းဆုံးထိပ်ဆုံးငါးယောက်ထဲ ဝင်တယ်လေ။ သူက တစ်ယောက်ယောက်ကို သတ်ချင်ရင် ကောင်းကင်လှည့်သားရဲအာဏာရှင်ဒါမှမဟုတ်ကျောက်စိမ်းကြယ်သူတော်စင်အရှင်ကတောင် သူ့ကိုမရပ်တန့်နိုင်ပါဘူး။ တကယ်တော့ သူတို့နှစ်ယောက်က လူတိုင်းကို မကာကွယ်ပေးနိုင်ဘူးလေ၊ အများဆုံး သူတို့က လီဖူချန်းကို သတိပေးရုံသာ တတ်နိုင်မှာပါ။

…

အခု အရှေ့ယူနီကွန်တိုက်ကြီးက အဆင့်မြင့်တိုက်ကြီးတစ်ခုဖြစ်လာတာကြောင့် အရင်ကနဲ့နှိုင်းယှဉ်ရင် ခြားနားချက်ကြီးကြီးမားမားတွေ ရှိတယ်။ ခြားနားချက်တွေက ကောင်းကင်မြေကြီးစွမ်းအင်သာမကပါဘူး၊ ကုန်းမြေပုံစံတွေကလည်း ခြားနားလာတယ်။

အချို့နေရာတွေက စိတ်ဝင်စားစရာကောင်းတဲ့ကြီးကျယ်ခမ်းနားတဲ့နေရာတွေ ရုတ်တရက် ဖြစ်လာတယ်။

ကန္တာရတွေထဲကတစ်ခုက လူသားဦးခေါင်း၊ သားရဲခန္ဓာကိုယ်ရှိတဲ့ရုပ်တုတစ်ခုနဲ့အတူ ထွက်ပေါ်လာတယ်။ ရေကန်တွေထဲကတစ်ခုက ‌ကျောက တုံးလိပ်ရုပ်တုတစ်ခုနဲ့အတူ ထွက်ပေါ်လာတယ်.......

"တွင်းပေါက်က ပျောက်ကွယ်သွားပြီ....."

ဒါပေမယ့် အရှေ့ယူနီကွန်တိုက်ကြီးကလည်း အချို့အရာတွေကို ဆုံးရှုံးခဲ့ရတယ်။ ဖရိုဖရဲအမှောင်ထုနေရာလပ်ဇုန်ကို ဦးတည်နေတဲ့တွင်းပေါက်လိုမျိုးပေါ့။

စောစောတုန်းက အရင်ကဘယ်တုန်းမှမထွက်ပေါ်လာသလို တွင်းပေါက်က ပိတ်သွားနေတာကို လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံကိုယ်ပွားက မြင်ခဲ့တယ်။

"ဒါလည်း ကောင်းတာပဲ။ ဖရိုဖရဲအမှောင်ထုနေရာလပ်ဇုန်က အန္တရာယ်များလွန်းတယ်။ အင်းဆက်အသိုက်တစ်ခုထက် ပိုတာတွေ ရှိနိုင်မှာပါ"

နတ်ဘုရားမျိုးနွယ်က ဘယ်လောက်တောင် အန္တရာယ်များသလိုကို လီဖူချန်းက မသိဘူး၊ ဒါပေမယ့် ဖရိုဖရဲအမှောင်ထုနေရာလပ်ဇုန်အတွင်းရှ်အင်းဆက်မျိုးနွယ်က သူ့အသိတွေအရ အန္တရာယ်အများဆုံးမျိုးနွယ်ပါပဲ။ နက်ပြာပလိန်းနဲ့ဖရိုဖရဲအမှောင်ထုနေရာလပ်ဇုန်အကြားလမ်းကြောင်းက ပွင့်လာတာနဲ့ နက်ပြာပလိန်းက ချက်ချင်း ပျက်စီးသွားလိမ့်မည်ဖြစ်ကာ အရင်လိုပြန်ဖြစ်နိုင်မှာမဟုတ်ပါဘူး။

…

ဝုန်း......

သူတော်စင်တစ်ယောက်ရဲ့ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး ကြောက်စရာကောင်းတဲ့တုန်ခါမှုလှိုင်းတစ်ခုက မြို့လေးတစ်မြို့ကို ချက်ချင်း ဖျက်ဆီးခဲ့တယ်။

မြို့လေးကိုဖျက်ဆီးခဲ့တဲ့သူက အထွတ်အထိပ်အဆင့်သားရဲအရှင်သခင်တစ်ကောင်ပါပဲ။ သူက ‌မြို့လေးကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့တာမဟုတ်ပေမယ့် တိုက်ပွဲအတွင်း အပြစ်မဲ့လူသားတွေက ငြိစွန်းစမြဲပါပဲ။

"သံချိုင်းထောက်သူတော်စင်၊ မင်းက ငါပင်လယ်ဝံပုလွေမဟာအရှင်သခင်ကို လာရန်စရင်သေရမယ်လို့ ငါ ပြောခဲ့တာပဲ။ ဒါပေမယ့် မင်းက ခေါင်းမာလွန်းတယ်"

ပျက်စီးသွားတဲ့မြို့လေးကို တစ်ချက်ကြည့်ပြီးနောက် ပင်လယ်ဝံပုလွေမဟာအရှင်သခင်က ရယ်လိုက်လေတယ်။

ကောင်းကင်လှည့်သားရဲအာဏာရှင်ပြန်မရောက်ခင်တော့ သူက လီဖူချန်းကို တကယ်ထိတ်လန့်နေရမှာပါ။ ဒါပေမယ့် ကောင်းကင်လှည့်သားရဲအာဏာရှင်ပြန်ရောက်လာပြီးနောက် သူရဲ့ ထိတ်လန့်နေတဲ့နှလုံးသားက သက်သာရာရသွားပါပြီ။

ပင်လယ်ဝံပုလွေမဟာအရှင်သခင်နဲ့ကောင်းကင်လှည့်သားရဲအာဏာရှင်က နီးကပ်တဲ့ဆက်ဆံရေးရှိတာကို လူတိုင်းက သိကြပါတယ်။ လီဖူချန်းက ပြောင်မြောက်နိုင်ပေမယ့် သူက ကောင်းကင်လှည့်သားရဲအာဏာရှင်ထက်တော့ အားနည်းနေသေးတယ်။

ပင်လယ်ဝံပုလွေမဟာအရှင်သခင်က ထွက်သွားခါနီးပေါ့လေ။

"ဒီလိုထွက်သွားလို့ရမလား" ဟင်းလင်းပြင်တွန့်လိမ်သွားပြီး လီဖူချန်းက ထွက်ပေါ်လာတယ်။

"ဓားသူတော်စင်အရှင်၊ ဒါက နားလည်မှုလွဲရုံမျှသာပဲ။ နောက်တစ်ကြိမ်ကျရင် ငါ ဂရုစိုက်မှာပါ" ပင်လယ်ဝံပုလွေမဟာအရှင်သခင်က ရယ်ကာ ပြောလိုက်တယ်။

"နောက်တစ်ကြိမ်ဆိုတာ မရှိတော့ဘူး" ဓားအလင်းတစ်ခုက ပင်လယ်ဝံပုလွေမဟာအရှင်သခင်ကို ဝါးမျိုသွားတယ်။

ပင်လယ်ဝံပုလွေမဟာအရှင်သခင်က အမှန်တကယ်ထိတ်လန့်သွားတယ်။ လီဖူချန်းက ဘာသတိမှမပေးဘဲ တိုက်ခိုက်လိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။

ဝုန်း.....

ဝံပုလွေအမှတ်အသားတစ်ခုက ပင်လယ်ဝံပုလွေမဟာအရှင်သခင်ရဲ့နောက်ကျောမှာ လင်းလက်သွားတယ်။ ပင်လယ်ဝံပုလွေမဟာအရှင်သခင်နဲ့မသက်ဆိုင်တဲ့စွမ်းအားတစ်ခုက လီဖူချန်းရဲ့ဓားကို တားဆီးလိုက်တယ်။

"လီဖူချန်း၊ မင်း နောက်ဆုတ်ရင် ပိုကောင်းမယ်။ မင်းက ငါ့ကို သတ်ရင် ကောင်းကင်လှည့်သားရဲအာဏာရှင်က မင်းကို အသက်ရှင်ခွင့်ပေးမှာ မဟုတ်ဘူး။ မင်း မြင်တဲ့အတိုင်းပဲ သူက ကောင်းကင်လှည့်အမှတ်အသားကို ချန်ထားတယ်" ပင်လယ်ဝံပုလွေမဟာအရှင်သခင်က အော်လိုက်တယ်။

နားငြီးလွန်းတယ်"

ကောင်းကင်ဆက်ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းဒါဇင်ကျော်က ပင်လယ်ဝံပုလွေမဟာအရှင်သခင်ထံ ဝင်ရောက်သွားတယ်။

ဝုန်း ဝုန်း ဝုန်း....

ပင်လယ်ဝံပုလွေမဟာအရှင်သခင်အပေါ်ရှိကောင်းကင်လှည့်အမှတ်အသားက အားနည်းလာနေပြီး မကြာခင်မှာပဲ ‌ပျက်စီးတော့မှာပါ။

"ဓားသူတော်စင်အရှင်၊ မင်း တရားလွန်နေပြီ" ဟင်းလင်းပြင်က ပေါက်ကွဲသွားပြီး ဧရာမဝံပုလွေလက်သည်းတစ်ခုက ဓားအလင်းအားလုံးကို ကြေမွစေလိုက်တယ်။

ပြီးနောက် အလွန်အမင်းအန္တရာယ်များတဲ့မျက်လုံးတွေနဲ့လူလတ်ပိုင်းတစ်ယောက်က လီဖူချန်းရဲ့မြင်ကွင်းမှာ ထွက်ပေါ်လာတယ်။

"ကောင်းကင်လှည့်သားရဲအာဏာရှင်......"

ဒီသက်လတ်ပိုင်းလူက ကောင်းကင်လှည့်သားရဲအာဏာရှင်ဆိုတာကို လီဖူချန်းက ခန့်မှန်းစရာ‌တောင် မလိုပါဘူး။

အဲတော့ရောဘာဖြစ်လဲ။

လီဖူချန်းက ကောင်းကင်ကို တစ်ဟုန်ထိုးပြေးသွားပြီး ကောင်းကင်လှည့်သားရဲအာဏာရှင်နဲ့ပင်လယ်ဝံပုလွေမဟာအရှင်သခင်ထံ အကြိမ်ထောင်ပေါင်းများစွာ ဝှေ့ယမ်းလိုက်တယ်။ ဓားကွက်အသီးသီးက အာကာသ-အချိန်အကန့်အသတ်ကို ကျော်လွန်နေသလို ခံစား‌ရတယ်။

"ရိုင်းစိုင်းလွန်းတယ်......"

သားရဲချီက ပေါက်ကွဲထွက်လာတယ်။ ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့အနောက်မှာ ကြောက်စရာကောင်းတဲ့ဧရာမဝံပုလွေပုံရိပ်တစ်ခုက ထွက်ပေါ်လာတယ်။ ဧရာမဝံပုလွေပုံရိပ်က ကောင်းကင်ဆီ အူလိုက်ရာ ဓားအလင်းအားလုံးက ရပ်တန့်ပြီးနောက် ပေါက်ကွဲပျက်ဆီးသွားတော့တယ်။

"ဓားသူတော်စင်အရှင်၊ မင်းက မင်းကိုယ်မင်း အထင်ကြီးနေတာပဲ။ နက်ပြာပလိန်းမှာ မင်းအနေနဲ့ ဘာမှပြောစရာအကြောင်းမရှိဘူး"

လက်သည်းကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ဧရာမဝံပုလွေပုံရိပ်က  လီဖူချန်းဆီ ပြေးဝင်သွားတယ်။

"ကောင်းကင်လှည့်သားရဲအာဏာရှင်၊ မင်း အဆင်ပြေလိမ့်မယ်လို့ ငါ ယုံကြည်တယ်"

ကြယ်အလင်းစက်တွေပါရှိတဲ့ချီအားတစ်ခုက ထွက်ပေါ်လာပြီး ဧရာမဝံပုလွေပုံရိပ်နဲ့ ရင်ဆိုင်လိုက်တယ်။

"ကျောက်စိမ်းကြယ်သူတော်စင်အရှင်၊ မင်းက အခုပဲ စစ်ပွဲတစ်ခု ဖြစ်ချင်နေတာများလား"

ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့မျက်လုံးတွေက ချီအားရဲ့အနောက်ဘက်ရှိကျောက်စိမ်းကြယ်သူတော်စင်အရှင်ထံ ကျရောက်လာတယ်။

"စစ်ပွဲတစ်ခု ဖြစ်မလားကို မင်းက ဆုံးဖြတ်ရမယ့်သူမဟုတ်ဘူး။ မင်းတို့နတ်ဆိုးသားရဲတွေက ငါတို့လူသားပိုင်နက်တွေမှာ ရှိနေသရွေ့ အေးအေးဆေးဆေးနေတာ ပိုကောင်းမယ်။ မင်းတို့က အဲလိုမနေတတ်ရင်လည်း ငါက မင်းတို့ကို သင်ကြားပေးရတာပေါ့" ကျောက်စိမ်းကြယ်သူတော်စင်အရှင်က တည်ငြိမ်တဲ့လေသံနဲ့ ပြောလိုက်တယ်။

"ဟားဟား၊ လူငယ်တစ်ယောက်က ငါ့ကို ဒီလိုအမူအရာနဲ့ ပြောရဲတယ်လား။ နှစ်ပေါင်းမြောက်များစွာ ပြန်မလာတာ‌ကြာတော့ နက်ပြာပလိန်းကငါနဲ့ပတ်သက်ပြီး မေ့နေပြီးထင်တယ်" ပြင်းထန်တဲ့သတ်ဖြတ်ခြင်းဆန္ဒက ကောင်းကင်လှည့်သားရဲအာဏာရှင်မှ ဖြည်းညှင်းစွာ ပျံ့နှံ့လာတယ်။

"ငါ ပါဝင်မယ်ဆိုရင်ရော ဘယ်လိုလဲ။ ကောင်းကင်လှည့်သားရဲအာဏာရှင်"  ပန်းပွင့်တစ်ပွင့်ကို ကိုင်ထားလျက် နဂါးသွဲ့ပန်းသူတော်စင်အရှင်မက ကျောက်စိမ်းကြယ်သူတော်စင်အရှင်ရဲ့ဘေးနားမှာ ထွက်ပေါ်လာတယ်။

"နဂါးသွဲ့ပန်းသူတော်စင်အရှင်မ....."

ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်၊ အထူးသဖြင့် ပန်းပွင့်ကို မြင်ပြီးနောက်ပေါ့။

နဂါးသွဲ့ပန်းသူတော်စင်အရှင်မက အသေင်္ချပန်းအမျိုးသမီးရဲ့ပန်းတစ်ရာကာကွယ်စောင့်ရှောက်သူတွေထဲကတစ်ယောက်ဆိုတာကို မသိတဲ့သူ ဘယ်သူရှိမလဲ။ ပန်းတစ်ရာကာကွယ်စောင့်ရှောက်သူတစ်ယောက်ချင်းစီမှာ ပန်းပွင့်တစ်ပွင့်ပေးအပ်ထားတယ်။ ပန်းပွင့်မှာ အသေင်္ချပန်းအမျိုးသမီးရဲ့စွမ်းအားအရိပ်အယောင်တစ်ခု ပါဝင်တယ်။

အဲဒါက အသေင်္ချပန်းအမျိုးသမီးရဲ့စွမ်းအားအရိပ်အယောင်တစ်ခုသာ ဖြစ်ပေမယ့် ပေါက်ကွဲထွက်လာရင် ကောင်းကင်ဘုံအရှင်အောက်အနည်းငယ်ကသာ လွတ်မြောက်နိုင်လိမ့်မယ်။

ကောင်းကင်လှည့်သားရဲအာဏာရှင်ကိုယ်တိုင်ကလည်း အဲဒါကို မစမ်းသပ်ရဲပါဘူး။

"နဂါးသွဲ့ပန်းသူတော်စင်အရှင်မ၊ ငါ မင်းနဲ့အသေင်္ချပန်းအမျိုးသမီးကို မျက်နှာသာပေးလိုက်ပါ့မယ်။ ဓားသူတော်စင်အရှင်၊ မင်းက အတော်လေးကံကောင်းတယ်။ နောက်တစ်ကြိမ်ဆိုရင်တော့ မင်းက အခုလိုကံကောင်းတော့မှာ မဟုတ်ဘူး" ကောင်းကင်လှည့်သားရဲအာဏာရှင်က ပြုံးဖြဲဖြဲလုပ်ကာရယ်လိုက်‌လေတယ်။ ပြီးနောက် သူက ပင်လယ်ဝံပုလွေမဟာအရှင်သခင်နဲ့အတူ ထွက်သွားလိုက်တော့တယ်။

***

All Chapters