ခရမ်းရောင်ကြယ်
Vol. 64 Ch. 877
"ကျောက်စိမ်းကြယ်သူတော်စင်အရှင်၊ ဘာလို့ ငါတို့က စစ်ပွဲတစ်ခု မစတင်နိုင်တာလဲ"
နဂါးသွဲ့ပန်းသူတော်စင်အရှင်မက စစ်ပွဲတစ်ခုကို စတင်ဖို့လိုလားနေတယ်။ သူမက ကျောက်စိမ်းကြယ်သူတော်စင်အရှင်နဲ့ အတူတကွအလုပ်လုပ်ရင် သူတို့က ကောင်းကင်လှည့်သားရဲအာဏာရှင်ကို မသတ်နိုင်ရင်တောင် သူ့ရဲ့အရင်းမြစ်ကို အနည်းဆုံးအပြင်းအထန်ဒဏ်ရာရစေနိုင်ဖို့ သူမက ယုံကြည်ချက်ရှိတယ်။
ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ပြောလိုက်တယ်"အရှေ့ယူနီကွန်တိုက်ကြီးက သေးလွန်းတယ်။ စစ်ပွဲတစ်ခု ပေါ်ပေါက်လာတာနဲ့ အရှေ့ယူနီကွန်တိုက်ကြီးတစ်ခုလုံးက စစ်မီးလျှံတွေကြားမှာ ကျရောက်သွားလိမ့်မယ်။ ဒါ့အပြင် ငါ သိထားတာအရ ကောင်းကင်လှည့်သားရဲအာဏာရှင်က ထာဝရစစ်တပ်နဲ့ ချိတ်ဆက်ပြီးပြီ။ သူက ထာဝရလက္ခဏာကို ပိုင်ဆိုင်ထားပြီး သူ့ကို သတ်ဖြတ်ဖို့က မလွယ်ဘူး"
""ထာဝရစစ်တပ်လား" နဂါးသွဲ့ပန်းသူတော်စင်အရှင်မရဲ့မျက်လုံးတွေက ပြူးကျယ်သွားတော့တယ်။
ထာဝရစစ်တပ်က ဆန်းကြယ်ပြီးကြောက်စရာကောင်းတဲ့ဂိုဏ်းတစ်ခုဖြစ်တယ်။
ဆန်းကြယ်တယ်လို့ပြောရတဲ့အကြောင်းရင်းကတော့ ထာဝရစစ်တပ်ရဲ့ခေါင်းဆောင်က ဘယ်သူလဲဆိုတာ တစ်ယောက်မှမသိလို့ပါပဲ။ ထာဝရတံဆိပ်ကို ရရှိထားသရွေ့ အတွင်းရှိထာဝရစွမ်းအင်ကို အသက်သွင်းနိုင်ပြီး တစ်စုံတစ်ယောက်ကို ထာဝရစစ်တပ်ရဲ့အဖွဲ့ဝင်တစ်ယောက် ဖြစ်လာစေဖို့ အခွင့်အရေးတစ်ခု ရှိတယ်။
ကြောက်စရာကောင်းတယ်လို့ပြောရတာကတော့ ထာဝရစစ်တပ်ရဲ့အားအနည်းဆုံးအဖွဲ့ဝင်က အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ပါပဲ။
ဒါပေမယ့် ထာဝရစစ်တပ်ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လာဖို့ ပေးချေမှုတစ်ခုတော့ ရှိတယ်။ သာမန်အချိန်တွေအတွင်း သူတို့က အပူအပင်မဲ့ကာ ထာဝရလက္ခဏာကို အသုံးပြုနိုင်ပြီး သူတို့ကို သတ်ရတာ အလွန်ခက်ခဲစေတယ်။ ဒါပေမယ့် ထာဝရစစ်တပ်က မစ်ရှင်တစ်ခုကို ထုတ်ပြန်ပြီးတာနဲ့ သူတို့က မနာခံလို့မရဘဲ ထောင်ချောက်တွေဆီ တစ်ဟုန်ထိုးပြေးဖို့ လိုအပ်တယ်။
နှစ်ပေါင်းမရေမတွက်များစွာကြာအောင် ထာဝရစစ်တပ်က စကြာဝဠာထဲမှာ အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး အကြိမ်တိုင်းမှာ သွေးမုန်တိုင်းတစ်ခုကို ယူဆောင်လာခဲ့တယ်။
ကောင်းကင်လှည့်သားရဲအာဏာရှင်က ထာဝရစစ်တပ်ကို အမှန်တကယ်ချိတ်ဆက်ခဲ့ရင် အသေင်္ချပန်းအမျိုးသမီးကချီးမြှင့်ထားတဲ့ပန်းပွင့်ကတောင် ကောင်းကင်လှည့်သားရဲအာဏာရှင်ကို သတ်ဖို့မလုံလောက်ပါဘူး။ အဲဒါက ကောင်းကင်လှည့်သားရဲအာဏာရှင်ကို အပြင်းအထန်ဒဏ်ရာရစေဖို့တောင် မဖြစ်နိုင်ပါဘူး။
"မင်းတို့ကို အများကြီးကျေးဇူးတင်ပါတယ်" လီဖူချန်းက ကျောက်စိမ်းကြယ်သူတော်စင်အရှင်နဲ့နဂါးသွဲ့ပန်းသူတော်စင်အရှင်မတို့အား ခေါင်းညိတ်ပြလိုက်တယ်။
ကောင်းကင်လှည့်သားရဲအာဏာရှင်မှာ ထာဝရလက္ခဏာရှိပြီး ပိုသန်မာရင်တောင် လီဖူချန်းက မကြောက်ပါဘူး။ တကယ်တော့ သူ့မှာ ကြယ်မသေမျိုးခန္ဓာကိုယ်ရှိပြီး သူက တိုက်ခိုက်နိုင်မယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် သူက သူတို့ကို ကျေးဇူးတင်ရမှာပဲလေ၊ သူတို့နှစ်ယောက်သာ မရှိရင် သူနဲ့ကောင်းကင်လှည့်သားရဲအာဏာရှင်အကြားတိုက်ပွဲက ခက်ခဲကြမ်းတမ်းပါလိမ့်မယ်။ အဲဒါက ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်နဲ့တိုက်ခိုက်ရတာထက် ပိုကြမ်းတမ်းတယ်။
"ဓားသူတော်စင်အရှင်၊ မင်း ဂရုစိုက်ရမယ်။ ကောင်းကင်လှည့်သားရဲအာဏာရှင်အကြောင်းလည်း မင်း သိသားပဲ။ လုံးဝမလိုအပ်ဘူးဆိုရင် ထိပ်တိုက်မတွေ့တာက အကောင်းဆုံးပဲ"
ကျောက်စိမ်းကြယ်သူတော်စင်အရှင်က လီဖူချန်းကို တကယ်လေးစားတယ်။ ဒါပေမယ့် အဲဒါက သာမန်လေးစားရုံမျှသာဖြစ်ပြီး နတ်ဆိုးသားရဲတွေနဲ့လူသားတွေက တစ်ဖက်တည်းမှာရှိရင် သူက လီဖူချန်းကို ကူညီလိမ့်မှာမဟုတ်ပါဘူး။
"မင်းက အခက်အခဲတစ်ခုခုရှိရင် ငါ့ကို လာရှာနိုင်တယ်"
ကျောက်စိမ်းကြယ်သူတော်စင်အရှင်နဲ့နှိုင်းယှဉ်ရင် နဂါးသွဲ့ပန်းသူတော်စင်အရှင်မက လီဖူချန်းအပေါ် လေးစားရုံတင်မကဘူး၊ ခံယူချက်အရိပ်အယောင်တစ်ခုလည်း ရှိတယ်။ သူမက လီဖူချန်းလိုပါရမီရှင်တစ်ယောက်ကို မတော်တဆမှုတွေကြောင့် မပျောက်ကွယ်သွားစေချင်ပါဘူး။ သူမက ကူညီနိုင်ရင် သူမက လီဖူချန်းကို သေချာပေါက် ကူညီမှာပါ။
မကြာမီမှာပဲ သူတို့သုံးယောက်က ခွဲထွက်သွားကြတော့တယ်၊ သူတို့တွေက အရေးမပါတဲ့ကိစ္စတွေအတွက်နဲ့ အချိန်ဖြုန်းလိုစိတ်မရှိပါဘူး။ အရှေ့ယူနီကွန်တိုက်ကြီးက မကြီးမားပေမယ့် မမြင်နိုင်တဲ့စွမ်းအင်အနှောင့်အယှက်တစ်ခုရှိတဲ့နေရာများစွာ ရှိတယ်။ စစ်ဆေးဖို့အတွက် လိပ်ပြာအသိစိတ်အာရုံကို သုံးဖို့က ခက်ခဲတယ်၊ ဒါကြောင့် သူတို့က နေရာတွေကို ကိုယ်တိုင်ရှာဖွေဖို့လိုတယ်။
ရွာတစ်ရွာအထဲမှာ ခေါင်းသုံးလုံးခွေးတစ်ကောင်ရဲ့ရုပ်တုတစ်ခု ရှိတယ်။ မမြင်နိုင်တဲ့အရှိန်အဝါတစ်ခုက ခေါင်းသုံးလုံးခွေးရုပ်တုမှ မြင့်တက်လာနေပြီး အဲဒါက ဖြည်းဖြည်းချင်းလှည့်ပတ်နေတဲ့အနက်ရောင်ရေဝဲတစ်ခု ဖြစ်လာတယ်။
"ဒါက အခြားကြယ်ပိုင်နက်တွေနဲ့ချိတ်ဆက်ထားတဲ့အာကာသ-အချိန်လမ်းကြောင်းတစ်ခုများလား" လီဖူချန်းက အနက်ရောင်ရေဝဲကို လေ့လာခဲ့ပြီး အလွန်သိချင်စိတ်ပြင်းပျနေတယ်။
မတူညီတဲ့ကြယ်ပိုင်နက်တစ်ခုကို ခရီးသွားခြင်းက ပျော်စရာကိစ္စတစ်ခု မဟုတ်ပါဘူး။ တစ်ယောက်ယောက်က ဂရုမစိုက်မိရင် သူက ထိုနေရာမှာပဲ အမြဲတမ်း သောင်တင်နေပါလိမ့်မယ်။
လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို ရေဝဲနက်ထဲ အရင်ဝင်စေလိုက်တယ်။
ခရမ်းရောင်ကြယ်အလင်းတွေက စကြာဝဠာထဲမှာ တောက်ပနေတယ်။ ကြယ်အလင်းတွေက မမြင်နိုင်လုနီးပါးဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအားကသာ ဒီအာကာသရောင်ခြည်တွေ ကူးသန်းသွားလာနေတာကို အာရုံခံနိုင်တယ်။ အဲဒါက အန္တရာယ်များပေမယ့်လှပတဲ့ခံစားချက်ကို ပေးစွမ်းတယ်။
"ကြယ်ဥပဒေသ၊ ဒါပေမယ့် အနည်းငယ်မသိမသာကွဲပြားချက်တစ်ခုရှိတယ်" လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတော့တယ်။
လီဖူချန်းရဲ့နေလက်က ပြီးပြည်စုံခြင်းအဆင့်မှာ ရှိတယ်၊ လုံးဝပြီးပြည့်စုံခြင်းအဆင့်တော့ မရောက်ရှိသေးပါဘူး။
ပုံမှန်အားဖြင့် နှစ်ပေါင်းများစွာမကြာဘဲနဲ့ နေလက်က လုံးဝပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိဖို့က မဖြစ်နိုင်ပါဘူး။ တကယ်တော့ နေလက်မှာ အကိုးအကားအနေနဲ့အသုံးပြုစရာဘာစာအုပ်မှာမရှိဘူး၊ တစ်စုံတစ်ယောက်က ကြယ်ဥပဒေသကိုသာ နားလည်စေနိုင်ပြီး အသိဗဟုသုတကို ဖြည်းဖြည်းချင်းစုဆောင်းနိုင်တယ်။
"ကြည့်ရတာ မတူညီတဲ့ကြယ်ပိုင်နက်တွေက မတူညီတဲ့ကြယ်တွေကို ထုတ်လုပ်ပုံရတယ်။ အခြားကြယ်ပိုင်နက်တွေမှကြယ်ဥပဒေသကို သုံးပြီးတော့ ငါက နေလက်ရဲ့လုံးဝပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိနိုင်လောက်တယ်" လီဖူချန်းက သူ့ရာသူ တွေးလိုက်တယ်။
အများကြီးမစဉ်းစားတော့ဘဲ လီဖူချန်းက အသက်ရှုသွင်းပြီးနောက် သူ့ကိုယ်သူ ဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းကာ ရေဝဲနက်ထဲသို့ ထိုးဆင်းသွားတော့တယ်။
အာကာသ-အချိန်က စီးဆင်းနေတဲ့အနက်ရောင်ရေတစ်ခုပမာ ဓားအလင်းကို ဝန်းရံနေတယ်။
အချိန်ဘယ်လောက်ကုန်ဆုံးသွားသလဲကိုတောင် မသိဘူး၊ လီဖူချန်းက စီးဆင်းနေတဲ့အနက်ရောင်ရေကို ဖြတ်ကျော်ရင်း သူက ခရမ်းရောင်ကြယ်အလင်းတွေနဲ့လင်းထိန်နေတဲ့စကြာဝဠာကို ရောက်ရှိလာတယ်။
လီဖူချန်းက နောက်ပြန်လှည့်ပြီး မီတာအနည်းငယ်ရှိတဲ့ရေဝဲနက်က အပ်ပေါက်အရွယ်အစားရောက်တဲ့အထိ ကျုံ့သွားနေတာကို မြင်လိုက်ရတယ်။ အဲဒါမှာ ဘယ်လိပ်ပြာအသိစိတ်အာရုံတစ်ခုကိုမဆိုသီးခြားဖြစ်စေတဲ့ဆန်းကြယ်စွမ်းအင်တစ်ခုလည်း ရှိတယ်။ အချိန်တွေကုန်လွန်သွားတာနဲ့ ဒီအပ်အရွယ်အစားရေဝဲနက်က ရွေ့လျားလိမ့်မှာကို လီဖူချန်းက အာရုံခံစားနိုင်တယ်။
ကံကောင်းတာကတော့ လီဖူချန်းက အနက်ရောင်ရေဝဲရဲ့အခြားအစွန်းတစ်ဖက်မှာ စိတ်ဝိညာဉ်အမှတ်အသားကို ချန်ထားခဲ့တာပဲ။ ရေဝဲနက်က နေရာပြောင်းသွားရင်တောင် လီဖူချန်းက စိတ်ဝိညာဉ်အမှတ်အသားနဲ့ဆိုရင် အဲဒါကို လျင်မြန်စွာ ရှာတွေ့နိုင်လိမ့်မယ်။
ခရမ်းရောင်ကြယ်အလင်းတွေက ခရမ်းရောင်ကြယ်တစ်လုံးမှ လာတယ်။
ကြယ်မှာ ကျပ်တီးနယ်မြေမျက်နှာပြင်တစ်ခု ရှိပြီး သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့ လီဖူချန်းက စစ်ဆေးကြည့်လိုက်တဲ့အခါ ကြယ်ကို အများအားဖြင့် သတ္တုရိုင်းတွေနဲ့ပြုလုပ်ထားတာကို လီဖူချန်းက သိလိုက်တယ်။ အဲဒါကို သတ္တုကြယ်တစ်လုံးလို့ သတ်မှတ်လို့ရတယ်။
ခရမ်းရောင်ကြယ်မှာ အလွန်အမင်းအားကောင်းတဲ့ကမ္ဘာဆွဲအားရှိပြီး လီဖူချန်းကို ၎င်းထံ အလွယ်တကူဆွဲယူခဲ့တယ်။
ဒါပေမယ့် လီဖူချန်းကလည်း မခုခံလို့ပါပဲ။
လီဖူချန်းက မြေပြင်ပေါ်ကို ညင်သာစွာ ကျသွားပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားတဲ့ခရမ်းရောင်သတ္တုအပိုင်းအစတစ်ခုက လွင့်မျောလာတယ်။
အညစ်အကြေးတွေကို လျင်မြန်စွာ သန့်စင်သွားပြီး မကြာမီမှာပဲ ပဲစေ့အရွယ်ခရမ်းရောင်သတ္တုတစ်ခုက လီဖူချန်းရဲ့မြင်ကွင်းထဲမှာ ထွက်ပေါ်လာတယ်။
"ဘယ်လောက်တောင် လှလိုက်သလဲ" လီဖူချန်းက နှစ်သက်သဘောကျသွားတယ်။
ခရမ်းရောင်သတ္တုက ထွန်းတောက်တဲ့ခရမ်းရောင်စက်ဝန်းတစ်ခုကို ထုတ်လွှတ်နေတယ်။
ခရမ်းရောင်သတ္တုမှာ စွမ်းအင်ကို ဝါးမျိုနိုင်တဲ့စွမ်းရည်ရှိတာကို လီဖူချန်းက ချက်ချင်း မြင်နိုင်တယ်။
ချပ်ဝတ်ကိုပြုလုပ်ဖို့အတွက် ဒီသတ္တုကို အသုံးပြုရင် အဲဒါက ရန်သူရဲ့တိုက်ခိုက်မှုကို အလွယ်တကူ စုပ်ယူနိုင်လိမ့်မယ်။
ဒါပေမယ့် အရာအားလုံးမှာ အကန့်အသတ်ရှိတယ်၊ ခရမ်းရောင်သတ္တုလည်း အတူတူပါပဲ။
ပြန်လည်မွေးဖွားခြင်းနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ရဲ့တိုက်ခိုက်မှုက ခရမ်းရောင်သတ္တုရဲ့အကန့်အသတ်ကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။
"ဒီကြယ်ရဲ့ကြယ်ဥပဒေသကို အရင်နားလည်အောင် လုပ်ရမယ်"
ခရမ်းရောင်သတ္တုကို အဝေးကို ပစ်ထုတ်လိုက်ပြီးနောက် လီဖူချန်းက တင်ပျဉ်ခွေထိုင်ကာ စတင်အာရုံခံလိုက်တော့တယ်။
ရက်များစွာကြာပြီးနောက် လီဖူချန်းလည်း ကမ္ဘာဆွဲအားတစ်ခုကို ထုတ်ဖော်ခဲ့ပြီး မရေမတွက်နိုင်တဲ့သတ္တုတွေကို သူ့ဆီ စုရုံးစေခဲ့တယ်။ အဆုံးစွန်းအပူနဲ့ဆိုရင် သူက သတ္တုအညစ်အကြေးတွေကို အလွယ်တကူ သန့်စင်ခဲ့တယ်။
နောက်ဆုံးရလာဒ်ကတော့ အလွန်အမင်းသိပ်သည်းတဲ့ခရမ်းရောင်သတ္တုစက်လုံးတစ်ခုက လီဖူချန်းကို ဝန်းရံထားပြီး စက်လုံးရဲ့အရွယ်အစားက မီတာထောင်အနည်းငယ်ရှိတယ်။
ဖြောက်.......
ခရမ်းရောင်သတ္တုစက်လုံးက အက်ကွဲသွားပြီး လီဖူချန်းက ထွက်လာတယ်။
"နေလက်က တိုးတက်လာတယ်ဆိုပေမယ့် အဲဒါက ချိုးဖြတ်ဖို့အတွက်တော့ ဝေးကွာနေတုန်းပါပဲ"
ဒီကြယ်ပိုင်နက်ရဲ့ကြယ်ဥပဒေသနဲ့ကန့်လန်ဖြတ်မြစ်ကြယ်ပိုင်နက်ရဲ့ကြယ်ဥပဒေသတို့က ခြားနားချက်အရိပ်အယောင်မျှသာ ရှိတယ်။ ခြားနားချက်ကို မတွေ့ရှိဘဲ သိသိသာသာတိုးတက်မှုတစ်ခုကို ဖြစ်ပေါ်စေဖို့က မဖြစ်နိုင်ပါဘူး။
"အာ....ခရမ်းရောင်သတ္တုရဲ့အကန့်အသတ်တွေက တိုးသွားပြီးပဲ" လီဖူချန်းရဲ့မျက်လုံးတွေက အံ့အားသင့်တဲ့အရိပ်အယောင်တွေ ဖြစ်သွားတယ်။
သူထုတ်လွှတ်ခဲ့တဲ့ကမ္ဘာဆွဲအားက ခရမ်းရောင်သတ္တုကို ဖိနှိပ်ခဲ့ပြီး ခံနိုင်ရည်အကန့်အသတ်ကို ကြီးမားစွာတိုးစေခဲ့တယ်။ ယခု အဲဒါက ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တစ်ယောက်ရဲ့တိုက်ခိုက်မှုတစ်ခုကို ကာကွယ်နိုင်နေပါပြီ။ သူ ကြယ်ဥပဒေသကို နားလည်သဘောပေါက်စေတဲ့အချိန်မှာ ကမ္ဘာဆွဲအားကို အလိုအလျောက် ထုတ်လွှတ်ခဲ့ပြီး သူက အားထုတ်စရာတောင် မလိုခဲ့ပါဘူး။
"ငါ အဲဒါကို ဘယ်လောက်ထိ ဖိနှိပိနိုင်မလဲကို ငါ သိချင်တယ်"
သူက အပိုင်းပိုင်းအက်ကွဲသွားတဲ့ခရမ်းရောင်သတ္တုစက်လုံးဆီ လက်လှမ်းလိုက်တယ်။ ပြီးနောက် သူက စက်လုံးတစ်ခုအဖြစ် ချက်ချင်းပြန်စုစည်းခဲ့ပြီး ၎င်းရဲ့သိပ်သည်းဆက ထိန်းမနိုင်သိမ်းမနိုင်တိုးလာနေတယ်။
***